ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ...

By Puddin524

20K 2.2K 29

This is not my own story. More

Description
Chapter 1 Arc 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Paid Gp
Chapter 7
Chapter 8
Chapter 9 Arc 1 End.
Chapter 10 Arc 2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25 Arc 2 End.
Chapter 26 Arc 3
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43 Arc 3 End.
Chapter 44 Arc 4

Chapter 20

301 35 1
By Puddin524

🦊Chapter 20
Arc 2 - လူမှားလက်ထပ်မိခြင်း

2.11

ရှုယုံယီ၏ရုံးခန်းက တန်ဖိုးကြီးဇိမ်ခံပစ္စည်းများနှင့် အလှဆင်ထားသောကြောင့် ပုံမှန်အားဖြင့် ချမ်းသာခြင်းဟူသောစကားလုံးကို နေရာတိုင်းတွင် ကမ္ဗည်းထိုးရေးသားထားသလိုပင်။

ရွှယ်လင်က မိမိကိုယ်ကို ဧည့်သည်တစ်ဦးအဖြစ်မသတ်မှတ်ပေ။

ကိုးလ်အား ဆိုဖာပေါ်တွင်ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး သောက်စရာ ဗူးနှစ်ဘူးကိုရေခဲသေတ္တာထဲမှထုတ်လိုက်သည်။

ရွှယ်လင်၏ အပြုအမူက ကော်ပိုရေးရှင်းကြီးမှ သူဌေးကြီးတစ်ဦး၏ ပုံစံမျိုးနှင့်မည်သို့ဆက်စပ်မှုမျှမရှိသည့်အပြင် ပို၍ကလေးဆန်စွာ ပြုမူနေသေးသည်။

သူ့ကို ကြည့်နေသော ကိုးလ်၏မျက်ဝန်းများက နူးညံ့နေသည်။

“ ဘာလို့ပြန်လာတာလဲ…မင်းဘာလုပ်ချင်လို့လဲ…"

ရှုယုံယီသည် တစ်ဖက်လူ၏ သူ့ပိုင်နက်လိုပြုမူနေသောလုပ်ရပ်မျိုးကို လက်မခံနိုင်ပေ။

သူ လွန်ခဲ့သောနှစ်အနည်းငယ်က ဝမ်အဖွဲ့အစည်းထံသို့ရောက်လာပြီး သူ့ဦးခေါင်းကို ငုံ့ချထားကာ သားမက်ကောင်းတစ်ဦးကဲ့သို့ပြုမူခဲ့စဉ်ကလိုမျိုး သူ့ကိုခံစားမိစေသည်။

“ ဘာမှမရှိဘူးဆိုရင်ထွက်သွားတော့…. ရှုအဖွဲ့အစည်းကမင်းကိုမကြိုဆိုဘူး…"

ရွှယ်လင်က နောက်ပြန်လှည့်လိုက်ပြီး မျက်ခုံးများပင့်ကာသူ့ကိုကြည့်လိုက်သည်။

“ရှု အဖွဲ့အစည်းဆိုတဲ့ စကားလုံးကိုအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပြောနိုင်ဖို့ဆို ယောက်ဖရဲ့ မျက်နှာက နံရံလိုမျိုး ပိုပြီးထူနေရမယ်…အမှန်တကယ်လေးစားဖို့ကောင်းတာပေါ့ …”

ပုံမှန်အားဖြင့် ရှုယုံယီက သူ၏ထေ့ငေါ့သောစကားများနောက်ကွယ်မှ ရည်ရွယ်ချက်ကိုနားလည်နိုင်သည်။ သူအသိစိတ်ပြန်ကပ်သွားသောအခါ သူ့မျက်နှာ အေးတိအေးစက်ဖြစ်သွားသည်။

“ မင်းက အစုရှယ်ယာတွေကို အဲ့အချိန်တုန်းကငါ့ဆီရောင်းချခဲ့တယ်လေ… အခုအဲ့ဒါကို ရှုအဖွဲ့အစည်းလို့ပဲခေါ်ခေါ် တခြားဘယ်လိုပဲ ခေါ်ခေါ် မင်းနဲ့လုံးဝမဆိုင်ဘူး…”

“ ဟုတ်ပါတယ်… ”

ရွှယ်လင်က ယနေ့သူ့ ရည်ရွယ်ချက်မှာ အလွန်ရိုးရှင်းသောကြောင့် ထိုစကားပြောခန်းကိုဆက်လက်ထိန်းသွားရန် အစီစဉ်မရှိပေ။ သူက သူ့လက်ဆွဲအိတ်မှ စာရွက်စာတမ်းတစ်ခုကို ဆွဲထုတ်ယူလိုက်ပြီး ရိုးရိုးရှင်းရှင်းပင်ပြောလိုက်သည်။

“ အကယ်၍ မင်းဒီမှာ လက်မှတ်ထိုးရင် လူတိုင်းအတွက် အကျိုးရှိမယ်…ငါတို့လည်း ငါတို့တခြားနည်းလမ်းနဲ့ခွဲပြီးသွားမယ်…ကျန်တဲ့ဘ၀တစ်လျှောက်လုံး မင်းရှေ့ငါလုံးဝကို ပေါ်မလာတော့ဘူး…”

ရှုယုံယီက သူ့စကားများကိုမယုံဘဲ မျက်မှောင်ကြုတ်လိုက်သည်။ သူ လျှောက်သွားလိုက်ပြီး ထို စာရွက်ကိုကောက်ယူကြည့်လိုက်သောအခါ သူ့မျက်မှောင်ကြုတ်ထားခြင်းက ပိုဆိုးလာသည်။ စာချုပ်ပေါ်တွင် ပြောင်ပြောင်တင်းတင်းပင် စကားလုံးသုံးလုံးကိုရှင်းလင်းစွာပုံနှိပ်ထားသည်။

ကွာရှင်းပြတ်ဆဲခြင်း စာချုပ်…

ရှုယုံယီ က ရွှယ်လင်ကစားနေသည့်လှည့်ကွက်များကိုသိလိုသောကြောင့် အတော်ပင် သည်းခံကာဖတ်လိုက်သည်။ ထို့နောက်သူကစာရွက်စာတမ်းများကိုဆုတ်ဖြဲလိုက်သည်။

ရွှယ်လင်က သူ့စိတ်နေစိတ်ထား ကောင်းမွန်လိမ့်မည်မဟုတ်ဟု ကြိုတင်မျှော်လင့်ထားသည်။ သူက ဆိုဖာပေါ်တွင် အေးအေးလူလူမှီထိုင်နေကာ သူ့မျက်နှာပေါ်တွင်ပြုံးရိပ်တစ်ခု သန်းနေသည်။

“ ဖြဲပစ်လိုက်လည်းအဆင်ပြေပါတယ်…ဒီမှာ မိတ္တူတွေအများကြီး ငါ့ဆီရှိနေသေးတယ်…"

ရှုယုံယီ ကဒေါသတကြီးနှင့်ရယ်မောလိုက်သည်။

“ မင်းကိုယ်မင်း ဘာထင်နေတာလဲ…ငါ့ပိုင်ဆိုင်သမျှနဲ့လျော်ကြေးပေးစေချင်တာလား…အရမ်းရယ်ရတယ်. မင်းက ဘာမှမလုပ်ဘဲနဲ့ မင်းလိုချင်တာကို ယူချင်တယ်….ကမ္ဘာပေါ်မှာ ဒီလိုမျိုး ကောင်းတဲ့အရာမရှိတော့ဘူးပေါ့…”

“ ငါတို့လိုချင်တာကို ယူနိုင်လို့သာ ဘာမှလုပ်စရာမလိုတာပါ …”

ရွှယ်လင်ကသူ့လက်ကိုဆွဲကိုင်လှုပ်လိုက်သည်။

“ မင်းနဲ့ငါ့အစ်မခွဲနေတာ ၂နှစ်ရှိပြီ…ကွာရှင်းမှုအတွက်တရားရုံးကို ဦးတိုက်လျှောက်လို့ရတယ်…. ငါ့ယောက်ဖကိုအခွင့်အရေးပေးချင်တဲ့အတွက် ဒီသဘောတူညီချက်ကို ငါပြင်ဆင်ခဲ့တာ… ယောက်ဖက ငါ လုပ်ပေးထားတဲ့ အခြေအနေတွေကို သဘောမကျတဲ့ပုံပဲ…"

ရှုယုံယီကသူတို့ကိုကန်ထုတ်ရန်ဆုံးဖြတ်ပြီးဖြစ်သည်။

“ ရှုအဖွဲ့အစည်းက ငါ့ရဲ့ နှစ်ပေါင်းများစွာကြိုးစားအားထုတ်မှုရလဒ်ပဲ… မင်းက ငါပိုင်ဆိုင်သမျှအရာအားလုံးကို လွှဲယူပြီး ရှင်းလင်းချင်ရင်  အိပ်မက်ပဲ ဆက်မက်နေလိုက်တော့ …”

သူကသရော်ပြောလိုက်သည်။

“ ဝမ်ရှို့ယွမ် ဒီကမ္ဘာကြီးက မင်းရဲ့ဝမ်မိသားစု အာဏာရှိတုန်းကနဲ့တူညီနေတုန်းပဲလို့ထင်နေတာလား…မင်းရဲ့စကားလုံးတိုင်း ဥပဒေဖြစ်တာမျိုးလား…မင်းနဲ့မင်းရဲ့အစ်မက ငါ့ကိုငွေအများကြီးလိမ်ပြီး ပြည်ပကိုထွက်သွားတယ်…မင်းရဲ့အစ်မကသူ့ခင်ပွန်းနဲ့သားကိုတောင်စွန့်ပစ်ခဲ့တာ…. X မြို့ ထဲက ကြိုက်တဲ့လူကိုမေးကြည့် …အဲ့လောက်ရှက်စရာအရှုပ်တော်ပုံကိုမသိတဲ့လူ ရှိပါ့မလား…အခုမင်းက အဲ့ဒါကိုအသုံးချပြီးကွာရှင်းချင်တာပေါ့လေ… မင်းမရှက်ဘူးလား…မင်းကိုဘယ်သူကမြှောက်ပေးပေးနေတာလဲ… ”

လွန်ခဲ့သော ၂ နှစ်ကထွက်သွားချိန်တွင် ရှုယုံယီက 'ရွှယ်လင်တို့မောင်နှမသည် သူ့ ပိုက်ဆံများခိုးကာ ပြည်ပသို့ထွက်ခွာသွားကြပြီး ဝမ်ရှို့ထင်ကလည်း သူမခင်ပွန်းနှင့်သားကိုစွန့်ပစ်ခဲ့သည်' ဟု လူသိရှင်ကြားထုတ်ပြန်ခဲ့သည်။

ရှုယုံယီ ကသတင်းစာများနှင့်ရုပ်မြင်သံကြားများတွင် ကြေငြာချက်တစောင်တင်ထားပြီး ဝမ်ရှို့ထင် ကသူ့ရင်းနှီးမြှုပ်နှံမှုငွေအမြောက်အများကို ထုတ်ယူထားသော်လည်းပြီးခဲ့သည်များကို သင်ပုန်းချေနိုင်ကြောင်း ပြောခဲ့သည်။ ခင်ပွန်းနှင့်ဇနီးတို့အကြား မဖြေရှင်းနိုင်သည့်ကိစ္စမရှိကြောင်းနှင့် သူတို့အငယ်ဆုံးသားလေးက အိမ်တွင်စောင့်နေဆဲဖြစ်ကြောင်းပြောထားသည်။ ဝမ်ရှို့ထင်က သူမ စိတ်ကိုပြောင်းလဲပြီးပြန်လာလိမ့်မည်ဟု သူကမျှော်လင့်နေသည်။

ကြေငြာချက်ကိုထုတ်လွှင့်ပြီးနောက် လူတိုင်းက သူဌေးရှုကစစ်မှန်သော ရင်ခုန်ဖွယ်ရှားပါးသော ခင်ပွန်းကောင်းတစ်ဦး ဖြစ်ပြီး ဝမ်ရှို့ထင်က ရက်စက်ကြမ်းကြုတ်ပြီ သွေးအေးသူ ဟု သဘောတူလက်ခံထားကြသည်။ သူက မိသားစုကုမ္ပဏီအတွက် ကြိုးစားလုပ်ကိုင်ရန်အစွမ်းကုန်ကြိုးပမ်းခဲ့သော်လည်း သူမက မကူညီရုံပေးသာမက သူ့ကိုပါ ဆွဲချကာ သူ့အကြီးဆုံးသားနှင့်မောင်ငယ်ကိုခေါ်၍ အတူထွက်ပြေးခဲ့ပြီး အငယ်ဆုံးသားကိုထားရစ်ခဲ့သည်။

ကမ္ဘာပေါ်မှာ အဲ့လောက် ရက်စက်ကြမ်းကြုတ်တဲ့ မိန်းမနဲ့ အမေမျိုး ဘယ်လိုတောင် ရှိနိုင်ရတာလဲ…

ကိစ္စတစ်ခုလုံးက အလွန်ကြီးမားသောဂယက်ဖြစ်ခဲ့ပြီး ရှုအဖွဲ့အစည်းမှ လူတိုင်း ထိုအကြောင်းကိုသိထားကြသည်။

မြို့တွင်းရှိလူများကရံဖန်ရံခါထိုအကြောင်းကို ပြောဆိုနေကြဆဲဖြစ်ပြီး ဝမ်မိသားစုအား သူတို့သားမက်ကို အသုံးချ၍ အကျိုးအမြတ်ယူပြီးနောက် စွန့်ပစ်သွားကြသည့်အတွက် ဆဲဆိုနေကြသည်။ ဝမ် မိသားစုမှ မောင်နှမဆက်ဆံရေးအကြား ပါဝင်ပတ်သက်မှုများကလည်း သူတို့မှာ လူမဟုတ်ကြောင်းအထင်အရှားဖော်ပြနေသည်။

ရွှယ်လင် ကထိုအကြောင်းများကိုသိပြီးသားပင်။ ပြည်ပသို့သွားပြီးနောက်  သူကHနိုင်ငံရှိအခြေအနေများကိုစောင့်ကြည့်နေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုကိစ္စအားလုံးက မူလဇာတ်ကြောင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက် သူပြန်လာပြီးရှင်းပြရန် အလွန်ပျင်းရိနေသည်။

ထို့အပြင် ဝမ်မော့နှင့်ဝမ်ရှို့ထင်တို့သည် ထိုအချိန်က စိတ်ပိုင်းဆိုင်ရာအခြေအနေမကောင်းကြပေ။ ထိုသတင်းများကြောင့် သူတို့ထိခိုက်ခံရမည်ကို ရွှယ်လင်စိုးရိမ်နေခဲ့သည်။ ထို့ကြောင့်သူက သူတို့အား ထိုအတိုင်းလွှတ်ထားလိုက်ကာ စိတ်အချဉ်ပေါက်စေခဲ့ခြင်းပင်။

ယခုအခါ ရှုယုံယီက သူ့ကိုလှောင်ပြောင်ရန်ကြိုးစားနေသောအခါ ရွှယ်လင် ရယ်ချင်လာမိသည်။

"အဲ့ဒီအချိန်တုန်းကဖြစ်ပျက်ခဲ့တဲ့ အမှန်တရားကို မင်းနှလုံးသားထဲမှာ သေသေချာချာသိပါတယ်… ငါကြမ်းကြမ်းတမ်းတမ်းတွေဘာမှမစခင် မင်းကို အရင်ဆုံး ယဉ်ယဉ်ကျေးကျေပြောချင်တယ်…
ဒီသဘောတူညီချက်ကို မင်းလက်မှတ် မရေးထိုးချင်ရင် ငါတို့ မင်းကို တရားရုံးမှာတွေ့မယ်… ဒီကိစ္စကို ငါ့အစ်မက ငါ့ဆီအပ်ထားပြီးသား…ငါလည်း အနာဂတ်မှာ ငါတို့တွေ အဲ့အကြောင်းပြောဖို့ အခွင့်အရေး  ရှိလာမယ်လို့ထင်တယ်…"

ရှုယုံယီက ရွှယ်လင့်အသံတွင် ယုံကြည်မှုအပြည့်ရှိနေသည်ကိုကြားခဲ့ရပြီးနောက် သူ့စိတ်နှလုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုခံစားနေရသည်။ သူကသူတို့အား ဒေါသတကြီးနှင့်ရုံးခန်းထဲမှ မောင်းထုတ်လိုက်ပြီး ပိုင်လုဇီကိုမြန်မြန်ခေါ်လိုက်သည်။

သူနှင့် ပိုင်လုဇီ ကိစ္စမှာ လူများစွာသိပြီးသားဖြစ်သည်။ ထိုကိစ္စမှာ X မြို့အထက်တန်းအလွှာတွင် လျှို့ဝှက်ချက်မဟုတ်တော့ပေ။ သို့သော်သူတို့ဆက်ဆံရေးမှာ သူငယ်ချင်းများသာဖြစ်သည်ဟု အမြဲပြောခဲ့ကြသည်။ ထိုအယောင်ဆောင်နှစ်ယောက်က ရှုယုံယီသည် ကွာရှင်းပြတ်စဲထားခြင်းမရှိသေးသောကြောင့် သူတို့ဆက်ဆံရေးကို အဆင့်တက်ရန်မသင့်တော်ကြောင်း လူများစွာ၏စကားများက ပိုင်လုဇီ ကိုစိတ်သောကရောက်စေကြောင်းပင် ပြောခဲ့သေးသည်။

ထို အသိုက်အဝန်းရှိ အမျိုးသမီးများစုရုံးကြသောအခါ ဝမ်ရှို့ထင် နှင့် ပတ်သက်၍ မကောင်းသောအရာများကိုမကြာခဏပြောလေ့ရှိပြီး သူမအား နွားစားခွက်ထဲမှခွေးဖြစ်သည်ဟုစွပ်စွဲကြလေသည်။

🦊

ပိုင်လုဇီက အမျိုးသမီးတစ်ဦး၏ ကိုယ်အတိုင်းများကို ယူပြီးသွားသောအခါ လိုက်ဖက်သော ပုံစံများကို ဆွေးနွေးပေးနေချိန်တွင် သူမမိုဘိုင်းဖုန်းရုတ်တရက်မြည်လာသည်။ သူမက အပြုံးနှင့် တောင်းပန်ပြီး ဖုန်းကိုင်ရန်အခန်းထဲမှထွက်လာသည်။

“ ဟယ်လို…"

သူမအသံက သူမရဲ့အသွင်အပြင်အတိုင်း နူးညံ့သိမ်မွေ့ပြီး နားဝင်ချိုသာစေသည်။

“ ဇီလေး…ဝမ်ရှို့ယွမ်ပြန်လာပြီ …”

ရှုယုံယီအသံက အတော်ပင် လေးနက်နေကာ စကားလုံးတိုင်း ရှင်းရှင်းလင်းလင်း ပြောပြနေသည်။ သူ့စိတ်အခြေအနေ အတော် ဆိုးရွားနေသည်ဟုထင်ရသည်။

ပြီးခဲ့သည့်ညကမူ ပိုင်လုဇီက သူ့တွင် ယနေ့ဆွေးနွေးရန် အရေးကြီးသောစာချုပ်ရှိကြောင်းသာ ကြားသိရပြီး ထိုသို့သော ဖုန်းခေါ်ဆိုမှုကိုရရှိလိုက်ရသည့်အတွက် အံ့အားသင့်နေသည်။ သူမ အလျင်စလိုပြန်မပြောမီခဏတာမျှ တောင့်ကာရပ်နေသည်။

"မပူနဲ့ သူ့မှာ အခုဘာမှမရှိဘူး…သူကငါတို့ကိုဘာလို့ တိုက်ခိုက်နိုင်ရမှာလဲ… သူဘာအတွက်ပြန်လာခဲ့တာတဲ့လဲ…"

ရှုယုံယီ ကသူ့လည်စည်းကိုစိတ်အနှောင့်အယှက်ဖြစ်စွာ ဆွဲလိုက်ပြီး သူ့ရုံးခန်းမှ ကုလားထိုင်ကိုကန်လိုက်သည်။

"သူက ဝမ်ရှို့ထင်ကွာရှင်းပြတ်စဲတာကို ကူညီဖို့ပြန်လာခဲ့တာ…"

ပိုင်လုဇီ ရုတ်တရက်ဝမ်းမြောက်သွားသည်။

“ ဒါကအဆင်ပြေတယ်မဟုတ်လား…ကွာရှင်းတာ မလုပ်ရဘဲ လက်ထပ်နိုင်မှာမဟုတ်ဘူးဆိုပြီး ရှင်ပဲစိုးရိမ်နေခဲ့တာမလား …”

“ အဲ့ကောင်လေးက ကွာရှင်းပြတ်စဲမှု ကျေးအေးလွှာ စာချုပ် လုပ်လာခဲ့တာ… စာရွက်စာတမ်တွေအရငါကအိမ်ထောင်ရေးကို လိမ်လည်လှည့်စားခဲ့တာကြောင့် ငါပိုင်သမျှအရာအားလုံးကိုလျော်ကြေးပေးရလိမ့်မယ်လို့ ပြောထားတယ်…”

ရှုယုံယီအနည်းငယ်စိတ်တိုသွားသည်။ ဤနှစ်များအတွင်း ဝမ်ရှို့ယွမ်က သူ့စိတ်နှလုံးထဲတွင် အမြဲတစေအရိပ်သဖွယ်ရှိနေပြီး သူ့အားပြန်လည်လှည့်စားနိုင်ရန် သေချာ စီစဉ်ခဲ့သေးသည်။

သူရှေ့တွင် သူ မပေါ်လာသရွေ့အဆင်ပြေသေးသည်။သို့သော်ယခု ဝမ်ရှို့ယွမ် ပေါ်လာပြီဆိုလျှင် ရှုယုံယီက စိုးရိမ်ရသော စိတ်အခြေအနေတွင်ရှိနေသည်။ သူ့နှလုံးသားမှာ ဖော်မပြနိုင်လောက်အောင်ပင် အဆင်မပြေဖြစ်နေသည်။

“ ဘာ..လျော်ကြေးအနေနဲ့ အရာအားလုံးကိုလွှဲပြောင်းပေးရမယ် …”

ပိုင်လုဇီကအံ့ဩစွာပြောသည်။

“ ဒါကဘယ်လိုဟာသလဲ…သူအတော်ကို လိုချင်နေတာပဲ… သူ့ကိုယ်သူ ဘယ်သူလို့ထင်နေတာလဲ… အခုမှ ၂နှစ်ပဲရှိသေးတယ်…ဒီလိုငယ်ရွယ်တဲ့သခင်လေးတစ်ယောက်ရဲ့ အတွေးက ဘာလို့ အဲ့လောက် ယုံမှားလွန်နေရတာလဲ…"

“ သူ့မှာ ရပ်တည်စရာမရှိတာမျိုး မဟုတ်ဘူး..သူက ဒီနေ့ မော့အန်း အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်အနေနဲ့  စီးပွါးရေးမိတ်ဖက်ပြုမှုနဲ့ပတ်သက်ပြီး ငါတို့နဲ့စကားပြောဆွေးနွေးဖို့လာခဲ့တာ… ဒါပေမယ့် ငါသူ့ကိုနှင်ထုတ်ခဲ့တယ် …”

“ သူကပူးပေါင်းဆောင်ရွက်မှုဆွေးနွေးမှုတွေကို H နိုင်ငံမှာ ကျင်းပတာကိုကြားပြီး မော့အန်းအဖွဲ့အစည်းနဲ့ သူ့ကုမ္ပဏီကို ချိတ်ဆက်ထားတာနေမယ်…မော့အန်းအဖွဲ့စည်းရဲ့ နာမည်ကိုဟန်ဆောင်အသုံးချတာလည်းဟုတ်မှာပေါ့…”

ထိုအချိန်တွင် ပိုင်လုဇီ က အခြေအနေကိုရှင်းရှင်းလင်းလင်းနားလည်သလို ခံစားလိုက်ရသည်။

“ခြိမ်းခြောက်မခံပါနဲ့…ကျွန်မတို့ရဲ့အဲ့တုန်းက ဆက်ဆံရေးက ကောင်းကောင်းဖုံးကွယ်ထားတာပဲဟာ… သူ့မှာသက်သေအထောက်အထားမရှိဘူး…သူ့ဘာသာ တရားရုံးကိုသွားလည်း ဘာသက်သေအထောက်အထားမှမရှိဘဲနဲ့ အဓိပ္ပာယ်မဲ့နေလိမ့်မယ်.. ပြီးတော့ သူနဲ့ ဝမ်ရှိ့ထင်ရဲ့ဂုဏ်သတင်းကလည်း ပျက်စီးနေပြီးသားလေ… သူခေါင်းမော့ရင်ကော့ပြီး ပြန်လာလည်း သူ့ရဲ့ လက်ရှိအခြေအနေကို အရင်ဦးဆုံးနားလည်သင့်တယ် …”

“ ဝမ်ရှို့ထင် နဲ့ ဝမ်ရှို့ယွမ် တို့ရဲ့ ဂုဏ်သတင်း ... ”

ရှုယုံယီ က ထိုစကားကိုအသံနိမ့်ဖြင့် ထပ်ခါတလဲလရေရွတ်နေသည်။ ရုတ်တရက် သူတစ်ခုခုသဘောပေါက်သွားသည်။

“ လွန်ခဲ့တဲ့ ၂ နှစ်ကဖြစ်ပွါးခဲ့တဲ့ ကောလာဟလေတွကလည်း အသုံးဝင်သင့်တယ်လေ… ဒီနေ့ခေတ်က အွန်လိုင်းလူထုအမြင်က အရမ်းအရေးကြီးတယ်… သူက သူ့နာမည်ကိုနိုင်ငံတကာမှာကျော်ကြားတဲ့စန္ဒယားပညာရှင်တစ်ယောက်အနေနဲ့ အွန်လိုင်းပရိသတ်တွေအများကြီးရဖို့သုံးခဲ့တယ်ဆိုတာမှတ်မိသေးတယ်…. ငါတို့က အဲဒီမှာသူ့ကိုတိုက်ခိုက်လို့ရနိုင်တယ်…ဒီလူငယ်အကြီးအကဲရဲ့ဇာတ်ကောင်အပေါ်အခြေခံပြီး..အမုန်းသမားတွေဆီက မကောင်းသဘောဆောင်တဲ့ အမြင် တစ်ခု နှစ်ခု လောက်နဲ့တင် သူ့ကိုဖျက်ဆီးဖို့ လုံလောက်ပြီးသား…”

ပိုင်လုဇီသည် ဝမ်ရှို့ယွမ်ကို ရိုးရိုးရှင်းရှင်းအနိုင်ရရန်နည်းလမ်းမရှိဟုခံစားနေရသော်လည်း  သူမကကွာရှင်းမှုချောချောမွေ့မွေ့သွားစေရန်အတွက် ဝမ်ရှို့ယွမ်ဂုဏ်သိက္ခာကျဆင်းသွားခြင်းက အဆင်ပြေလောက်မည်ဟုထင်နေဆဲဖြစ်သည်။

သူ့ကို ဝမ်ရှို့ထင်ရဲ့မောင်ဖြစ်ဖို့ ဘယ်သူကပြောလို့လဲ…

မောင်နှမနှစ်ဦးက  မွေးဖွားလာကတည်းကပင် ချမ်းသာကြွယ်ဝသောမိသားစုတွင်ကြီးပြင်းလာသည်။ ရှုယုံယီနှင့် ပိုင်လုဇီတို့ ကလေးဘဝပတ်ဝန်းကျင်နှင့်လုံးဝကွဲပြားခြားနားသည်။ များစွာသောအခက်အခဲများအား ကြုံဆုံရပြီနောက်ဆုံးတွင် သူတို့(ပိုင်လုဇီ)က လူ့အဖွဲ့အစည်း၏အထက်ပိုင်းသိုရောက်လာခဲ့ကြသည်။ သူတို့၏ ပျော်ရွှင်ဖွယ်ကောင်းသောဘဝကို ဝမ်မိသားစုအား လုံးဝဖျက်ဆီးလာမည်ခွင့်မပြုနိုင်ပေ။

ပိုင်လုဇီသည် ထို ဘယ်နေရာက ထွက်လာမှန်း မသိရသော အကြံပြုချက်ကိုသဘောတူလိုက်သည်။ ပိုင်လုဇီက ဖျော်ဖြေရေးအသိုက်အဝန်းရှိသူငယ်ချင်းများနှင့်ဆက်သွယ်ခဲ့ပြီးကျော်ကြားသောစတူဒီယိုများစွာကိုရှာတွေ့ခဲ့ကာ ဝမ်ရှို့ယွမ်ဂုဏ်သတင်းကိုဖျက်ဆီးရန်အတွက် အွန်လိုင်းပေါ်မှ ရေတပ်အုပ်စုကိုငှါးရမ်းလိုက်သည်။

သူမက ဝမ်ရှို့ယွမ်တစ်ယောက် တရားရုံးတွင် မတ်တပ်ရပ်ကာ သူတို့နှင့်တိုက်ခိုက်ရန်သတ္တိရှိ ဦးမည်လားဆိုသည်ကို ကြည့်ချင်သေးသည်။

🦊

ရွှယ်လင် နှင့် ကိုးလ်တို့က ရှုအဖွဲ့အစည်း ၏အဆောက်အအုံထဲမှ နောက်ပြောင်ရယ်မောရင်း ထွက်လာကြသည်။သူတို့က စိတ်အခြေအနေကောင်းနေသည်။ အမှန်တကယ်မှာ ရွှယ်လင်က စကားအပြောဆုံးသူဖြစ်သည်။

သူ့ထံမှကျေနပ်ပြုံးရရန်အတွက် ကိုးလ်က အခါအားလျော်စွာပင် တောင်စဉ်ရေမရလိုက်ပြောပေးနေခဲ့သည်။ ထိရောက်သော လုပ်ဆောင်ချက်ဖြစ်ပြီး သူလည်း အမှန်တကယ်သဘောကျသည်။

ရွှယ်လင် က  ရှုယုံယီ၏ သဘောထားကြောင့်စိတ်အနှောင့်အယှက်မဖြစ်ပေ။ ယခုသူက တစ်ဖက်လူနှင့်စကားပြောသောအခါ အရိပ်အမြွက်အနည်းငယ် ချပေးပြီး ထိုကိစ္စကိုအွန်လိုင်းတွင်တင်စေကာ လူသိရှင်ကြားဖြစ်စေရန် သူ့ကိုလှုံ့ဆော်လိုက်သည်။  ပို၍ ပြဿနာကြီးလေလေ ပိုကောင်းလေလေပင်။ သူ့(ရွှယ်လင်)ဂုဏ်သတင်းကိုလုံးဝဖျက်ဆီးရန် ကြိုးစားလျှင်အကောင်းဆုံးဖြစ်၏။

ရွှယ်လင် လိုချင်သည်မှာ သူတို့အနေနှင့် အရင်ဘဝတွင် ဝမ်ရှို့ယွမ်ခံစားခဲ့ရလို ဆင်းရဲဒုက္ခများ ခံစားစေရဖို့ပင်။ ကလေးသူငယ်များထံမှလိင်အမြတ်ထုတ်သောသူများအဖြစ် နာမည်တပ်ခံရပြီး လူတိုင်း၏ စက်ဆုပ်ရွံရှာမှုများနှင့် လမ်းပေါ်တွင် တံတွေးထွေးခံရခြင်းမျိုး ခံစားရစေချင်သည်။ သူက သူတို့အား အလင်း တစ်စက်မှပင် မရှိသော အမှောင်ကမ္ဘာထဲတွင် နေရခြင်းက မည်သို့ခံစားရကြောင်း သိစေချင်သည်။

ထိုအချိန်တွင် သူက သူတို့၏ တစ်ခုတည်းသောမျှော်လင့်ချက်ကိုဖျက်ဆီးပစ်မည်။ သူ့လက်များကိုပွတ်သပ်ရင်း တရားရုံးမှ သူတို့အားထိုက်သင့်သောစီရင်ချက်များ ချပေးစေရန် စောင့်ဆိုင်းနေမည်။

လက်စားချေခြင်းက အလွန်ရိုးရှင်းနေလျှင် မည်သည့် အလှအပရသမျှ ခံစားရမည်မဟုတ်ပေ။

ဝမ်ရှို့ယွမ် စိတ်မချမ်းမြေ့ဖွယ် ကွယ်လွန်သွားသောကြောင့် ရွှယ်လင်ကသူ့အစီအစဉ်များပတ်သက်၍ အလွန်ရက်စက်ကြမ်းကြုတ်နေသည်။

ကိုးလ် က သူ မည်သို့သော လူမျိုးပင်ဖြစ်စေ ရွှယ်လင်ကို ဆက်၍ သဘောကျနေမည်သာဖြစ်သည်။အထူးသဖြင့် သူ ဂုဏ်ယူစွာကြွားပြနေသည့်အခါမျိုး ရယ်မောနေသည့်အခါမျိုးနှင့် သူအမြီးအားမြှောက်ထားကာ မြေခွေးလေးကဲ့သို့ချီးမွမ်းရန်တောင်းဆိုနေသည့်အခါမျိုးဆိုလျှင်  ကိုးလ်က အမြဲလက်ကမ်း၍ သူ့ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်ပေးချင်မိသည်။

သို့သော် ကံမကောင်းသည်က နှစ်ဦးကြားကဆက်ဆံရေးမှာ ပူသည်မဟုတ် အေးသည်လည်းမဟုတ်ပေ။

ကိုးလ် က သူအရင် ခြေလှမ်းစမိမည်ကို စိုးရိမ်နေသည်။ သူက ရွှယ်လင်အား ခြောက်လှန့်၍ အဝေးရောက်စေမိလိမ့်မည်။

တကယ်တမ်းပြောရလျှင် ရွှယ်လင်က သူထင်သလောက် သိပ်မကြောက်တတ်ပေ။

လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူ ကိုးလ်စဉ်းစားနေသည့်အရာကို အနည်းနှင့်အများခန့်မှန်းနိုင်သည်။ အမှန်တကယ်မှာ ထို တင်းခံထားသော စိတ်အောက်တွင် စိတ်ခံစားမှုများရှိနေဆဲပင်။သို့သော် အပြင်ပန်း၌မူ မိုးကြိုးထိခံရလျှင်ပင် မရွေ့နိုင် ဆိုသည့် မျက်နှာထားမျိုးဖြစ်သည်။ တစ်ယောက်ယောက်က ထိုစိတ်ခံစားချက်များကိုရှာတွေ့ရန် အားစိုက်ထုတ်မှုတချို့သုံးရန်လိုအပ်သည်။

သို့သော် ရွှယ်လင်က အမှန်တကယ်ပင် စိတ်အပြောင်းအလဲ လုပ်နိုင်သော သူစစ်စစ်ဖြစ်သည်။

"အကယ်၍ မင်းမပြောရင် ငါအဲ့အကြောင်းမမေးဘူး.. မင်းဟန်ဆောင်ချင်ရင်  ငါပါအတူ ဟန်ဆောင်ပေးမယ်..." ဆိုသည့် စိတ်မျိုးနှင့် သူဖြစ်သည်။ သူက ခေါင်းမာစွာလည်း ဥပေက္ခာပြုတတ်သေးသည်။ထို့အပြင် ကိုးလ်အား အံ့ဩသင့်ပြီး စိတ်မရှည်အောင်လည်းလုပ်တတ်သေးသည်။

ထိုနှစ်ချက်ကိုကြည့်လိုက်သည်နှင့် သူတို့အတူတူစကားပြော၍ အတူရှိနေဖို့ဆိုသည်မှာ တကယ့်အံ့ဖွယ်ရာတစ်ခုပင်ဖြစ်နေကြောင်း သိနိုင်ပေလိမ့်မည်။

❤️❤️❤️❤️❤️

ရွှယ်လင်တို့က Paid gpမှာ Arc 6ရောက်နေပါပြီရှင့် ငွေလွှဲ 4000/ ဘေ5000နဲ့ လာဝင်လို့ရပါတယ်❤️

Continue Reading

You'll Also Like

1.6K 83 5
ပိုင်ဆိုင်လိုစိတ်ကြီးတဲ့ gong နဲ့ strong တဲ့ shou Author - ကြက်ဖြူ translator - hitoripann (ဟီတိုရီပန်း) Start - 18.6.2023 End -???? Part - 122
3.7M 158K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
89.8K 878 28
Cover picture by art_i_choked_ on Instagram!!! !!!!!not updating this anymore!!!! : I hope you enjoy this book!! : I do not own any of the characters...