Last Twilight : MM Translatio...

By ___nf___

965 120 40

MhokDay More

Let's talk !!
ဇာတ်လမ်းမိတ်ဆက်
Introduction
Chapter 01
Chapter 02
Chapter 03
Chapter 04
Chapter 05
Chapter 07
Chapter 08
Chapter 09
Chapter 10
Chapter 11

Chapter 06

41 8 2
By ___nf___

" Phi Mhok !!! "

ရှုပ်ထွေးနေတဲ့ပတ်ဝန်းကျင်ကြားထဲမှာ Day ထိုနာမည်ကို အော်ခေါ်ဖို့ကြိုးစားနေမိသည်။ သူ့ဘေးမှာရှိတဲ့အရာတွေအားလုံးက ဝေးဝါးလျက်။ သူအကူအညီတောင်းဖို့ကြိုးစားပေမယ့်လည်း လူတွေက သူ့ကို အနားအကပ်မခံသင့်တဲ့ ရာဇဝတ်သားတစ်ယောက်လိုမျိုး ရှောင်ဖယ်သွားကြသည်။  Day က အဲ့ဒီလူရဲ့နာမည်ကို ထပ်ကာထပ်ကာအော်ခေါ်နေခဲ့သည်။

တုန်ရီနေတဲ့သူ့ခြေထောက်တွေကို ထိန်းရင်း မရင်းနှီးတဲ့ပတ်ဝန်းကျင်မှာ အဆုံးသတ်ကို မရောက်နိုင်ဘဲ လျှောက်လှမ်းနေရသည်။ သူ့စိတ်အာရုံတစ်ခုလုံးဟာ လုံးဝဗလာဖြစ်နေပြီး ဦးတည်ရာတွေကိုတောင် မတွေးတောနိုင်တော့။ သူ့အမြင်အာရုံမှောင်လာတာနဲ့အမျှ သူ့စိတ်ထဲမှာ အကြောက်တရားကို ခံစားလာရသည်။ ဒီလိုနဲ့ သူ အိမ်ကို ပြန်နိုင်ပါတော့မလား ? သူ ဘယ်လိုလုပ်ရပါ့မလဲ ?

" Day !!! "

သူ့နားထဲမှာ တစ်ယောပ်ယောက်သူ့နာမည်ကို ခေါ်လိုက်တာ ကြားလိုက်ရသည်။ အသံက ရင်းနှီးနေပေမဲ့ အသံရဲ့လားရာကို သူရှာလို့မတတ်။ ပတ်ဝန်းကျင်မှာရှိတဲ့ဆူညံမှုတွေက သူ့အာရုံခံစိတ်ကို ရှုပ်ထွေးအောင်လုပ်နေသည်။ Day ခြေတစ်လှမ်းနောက်ဆုတ်လိုက်ကာ သူလာခဲ့တဲ့ဘက်ကို ကြည့်ရန် ကြိုးစားလိုက်သည်။ သူက သူ့စိတ်ထဲ မှန်တယ်လို့ထင်တဲ့ဘက်ကို ပြေးသွားလိုက်ပေမဲ့လည်း အဲ့ဒီဘက်ဟာ လမ်းမှန်မဟုတ်ခဲ့။

အသံပျောက်သွားပြီးနောက်မှာ သူဟာ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး လာရာလမ်းကို ပြန်လှည့်ဖို့လုပ်လိုက်သည်။ သူတွေ့ရသမျှကတော့ အမူအရာမဲ့နေတဲ့ လမ်းသွားလမ်းလာတွေဖြစ်ပြီး ဘယ်သူ့ကိုမှ သူ့အပေါ် အာရုံရှိမနေခဲ့ဘူး။

အခုချိန်မှာ သူ့ကိုယ်သူ မျက်စိမှိတ်ကာ အပြေးပြိုင်ရသည့်ပွဲ၌ဝင်ပြိုင်ရန် မျက်လုံးကိုပိတ်စည်းခံထားရသည့်လူပမာ ခံစားနေရသည်။ အခိုက်အတန့်လေးတစ်ခုစာလောက် စိတ်သက်သာရရစေသည့် တစ်ခုတည်းသောအသံလေးကိုလည်း အဆုံးသတ်မှာ သူမရှာနိုင်ခဲ့။

" Day !  "

အသံကို နောက်တစ်ကြိမ်ထပ်ကြားရပေမယ့် ဒီတစ်ခါမှာလည်း Day က အသံရဲ့ဦးတည်ရာကို မရှာနိုင်ခဲ့ပြန်ပါဘူး။ သူ စိတ်ပျက်အားငယ်စွာနဲ့ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်မိသည်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ တစ်စုံတစ်ခုဟာ ထူးခြားနေခဲ့သည်။

သူကြည့်လိုက်တဲ့တစ်နေရာမှာ အစိမ်းနဲ့လိမ္မော်ရောင်ကြားထားသည့် အရာတစ်ခုရှိနေခဲ့သည်။

သူ အမြန် လှမ်းသွားဖို့လုပ်လိုက်သည်။ အရောင်တောက်လွန်းတဲ့အစိမ်းနဲ့လိမ္မော်ရောင်စပ်ကြားကို ဝတ်ထားတဲ့သူနားသို့ နီးလာလေ၊ အသံဟာ ပိုပြီး ကြည်လင်လာလေပါပဲ။

ထိူလူဟာ သူ့ကို ရှာတွေ့ပြီးတဲ့နောက်မှာတော့
သူ့လက်မောင်းတွေနဲ့ သူ့ကို ရစ်ပတ်ကာ အရမ်းကိုမှ တင်းကြပ်စွာ၊ အရာအားလုံးထက်ပိုပြီး တင်းတင်းကြပ်ကြပ်ကို ပွေ့ဖက်ထားခဲ့သည်။

" တောင်းပန်ပါတယ်ကွာ Day ~
အစ်ကို တကယ်ကို တောင်းပန်ပါတယ်။ "

ပျော်ရွှင်မှုနဲ့ကြောက်ရွံ့မှုတွေကြားက ထိုလူရဲ့တင်းကြပ်လွန်းတဲ့ပွေ့ဖက်မှုအောက်မှာ Day မျက်ရည်ကျမိရသည်။ သူဟာ ထိုလူ့ရဲ့ကျယ်ပြန့်တဲ့ရင်ခွင်ထဲမှာ မျက်နှာကို အတင်းဖိကပ်ထားရင်း သူ့ရဲ့အားနည်းနေတဲ့ပုံစံကို ဖုံးကွယ်ထားချင်ခဲ့သည်။

သူ့အမေပြောဖူးတဲ့စကားသံက သူ့နားထဲတွင် တဝဲလည်လည်။ 'သူ့လိုလူတစ်ယောက်က  ပြင်ပပလူဆီက အကူအညီမပါဘဲ ဘယ်လိုရှင်သန်နေထိုင်နိုင်မှာတဲ့လဲ' ။တစ်ဖက်လူက သူ့ကို လွှတ်ပေးလာတဲ့အထိ Day ဘာစကားမှမဆိုမိ။

Day သူ့ကို ဒီလိုလမ်းပျောက်အောင် လွှတ်ထားတဲ့အတွက်လည််း Mhok ကို အပြစ်မတင်ချင်တော့ပါ။ ထိုသူ၏ တောင်းပန်တိုးလျှိုသံက Day ရဲ့စိတ်မလုံခြုံမှုတွေနဲ့ အလိုမကျမှုတွေကို လွှင့်ပျယ်သွားစေသည်။ သူ့အတွက် ဒီအခြေအနေက မလွယ်ကူခဲ့သလို Mhok အတွက်လည်း ခက်ခဲတဲ့အချိန်ဖြစ်ခဲ့ဟန်တူပါသည်။ သူတို့နှစ်ယောက်လုံးရဲ့အခြေအနေဟာ မထူးမခြားနားပင်။

" အိမ်ပြန်ကြရအောင် ~ "

Mhok ဘက်က ထိုသို့ ပြောလာသည့်အချိန်မှာတော့ Day က ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။

" အွန်း အိမ်ပြန်ကြတာပေါ့။ "

နှစ်ယောက်သားက မတ်တပ်ထရပ်လိုက်ကာ အင်္ကျီတွေကို သပ်ရပ်အောင်ပြုပြင်လိုက်ပြီးနောက် လမ်းကျဉ်းလေးတွေထဲကို ဖြတ်လျှောက်ရပြန်သည်။ ဒီနေ့က အလကားအချိန်ကုန်လိုက်ရသလိုမဖြစ်သွားတဲ့အတွက် Day မှာ သက်ပြင်းချမိရသည်။ အနည်းဆုံးတော့ သူလိုချင်တဲ့စာအုပ်ကိုရလာခဲ့တာပဲလေ။ ခနကြာလို့ သူတို့ အိမ်ပြန်ရောက်တဲ့အခါ Mhok ကို ဒီစာအုအ်ဖတ်ပြပေးဖို့ပြောရမည်။ ဒါဆို ဒီနေ့ကြုံလိုက်ရတဲ့ စိတ်ပင်ပန်းစရာလေးတွေကို သူအကုန်မေ့နိုင်သွားမည်ထင်သည်။

သူတို့နှစ်ယောက်သား app ကနေ Mhok ခေါ်ထားတဲ့ကားထဲကို ဝင်လိုက်ပြီးပြီးချင်းမှာပဲ Mhok ရဲ့ဖုန်းဟာ ကျယ်လောင်စွာမြည်လာတော့သည်။ ကားထဲကအခြေအနေက တိတ်ဆိတ်လွန်းနေတာကြောင့် သူ့ဘေးကလူရဲ့ဖုန်းတစ်ဖက်က အသံကိုတောင် Day ကြားနေရသည်။

[ ငါ သူနဲ့လမ်းခွဲလိုက်ပြီ ]

Porjai ရဲ့အသံကို Day မှတ်မိပါသည်။

" လမ်းခွဲလိုက်ပြီလား ? နင် သေချာစဉ်းစားဦးနော်။ ငါ နင့်ကို ဒီကိစ္စပြောပြတယ်ဆိုတာလည်း လမ်းခွဲစေချင်တဲ့စိတ်နဲ့မဟုတ်ဘူး။ ငါက နင်အခြေအနေကို သိရအောင် သတိပေးရုံပဲ။ ဒါပေမယ့် နင် ဘယ်လိုပဲဆုံးဖြတ် ဆုံးဖြတ် ငါ နင့်ဘက်မှာရှိနေမှာပါ။ "

Mhok က အတတ်နိုင်ဆုံး လေသံကို တိုးအောင် ထိန်းပြောနေသည်။ Day ကိုယ်တိုင်လည်း တစ်ဖက်လူအနေရမခက်အောင် အိပ်ပျော်ချင်ယောင်ဆောင်နေမိသည်။

[ တကယ်တော့ ငါ သူ့ကို သည်းခံပေးနေတာ ကြာလှပြီ။ သူ အရက်မူးလာတဲ့အခါလည်း ငါ့ကို ရိုက်သေးတယ်။ ငါ သူ့ကို တစ်ခါခွင့်လွှတ်ပေးပြီးပြီ။ ဒီတစ်ခေါက်တော့ တကယ်မရတော့ဘူး။ ငါလည်း ဒီလိုကြီးမနေချင်ဘူး။ သူကလည်း သူ့ရဲ့အကျင့်ဆိုးတွေကို ရပ်မှာမဟုတ်ဘူး။ ]

" သူက နင့်ကို ရိုက်တယ်ပေါ့လေ !!  "

Mhok ရဲ့အသံကို နားထောင်တာနဲ့ ဒေါသကို ထိန်းထားရမှန်း သိသာလှသည်။ ဖုန်းတစ်ဖက်ကတော့ ဘာဖြေသံမှ ပြန်မကြားရ။

သူက သက်ပြင်းလေးကန်စွာ ချလိုက်ပြီး စိတ်လျှော့ကာ ‌ဆက်မေးလိုက်သည်။

" နင့်ကလေးအတွက်ရော ဘယ်လိုလုပ်မှာလဲ ? ကိုယ်ဝန်က နှစ်လတောင်ရှိနေပြီမလား ? "

[ ငါ့ကလေးကို ငါစောင့်ရှောက်နိုင်ပါတယ်။ အဲ့အတွက် နင် စိတ်မပူပါနဲ့။ ]

Day က အခြေအနေတစ်ခုလုံးကို အံ့ဩဆွံ့အစွာနဲ့ နားထောင်နေမိသည်။

[ ဒီညတော့ ငါတို့အလုပ်နားက ဟော်တယ်တစ်ခုမှာပဲ ငါ သွားနေလိုက်မလို့။ သူမရှိတဲ့အချိန်မှပဲ ငါ့အထုပ်အပိုးတွေ သွားသိမ်းလိုက်မယ်။ သူစိတ်ရူးဖောက်ပြီး တစ်ခုခုလုပ်ဖို့ကြိုးစားလာရင် ငါ တစ်ခါတည်းသာ အသေသတ်ပေးခဲ့လိုက်မယ်။ "

" ငါ့အိမ်မှာ အရင်ဆုံး လာနေလည်း ရပါတယ်။ ငါ့အစ်မအခန်းလည်း လွတ်နေပဲဟာ။ သော့ကတော့ ထားနေကျနေရာမှာပဲ။ "

[ ဒါပေမယ့် ....]

" ငါ့အိမ်မှာ နေလိုက်ပါ။ ငါ့အိမ်ဆိုရင်တော့ သူလိုက်မလာရဲလောက်ဘူး။ သူ ငါ့ဆီကနေတော့ ထပ်အထိုးမခံချင်လောက်ပါဘူး။ အခြေအနေတွေတည်ငြိမ်တဲ့အထိ ငါ နင့်ကို စောင့်ရှောက်ပေးလို့ရတာပေါ့။  စိတ်အေးအေးထား ! ငါပြန်လာမှပဲ စကားပြောကြတာပေါ့။"

ဒီလိုနဲ့ Mhok က စကားဝိုင်းကို အဆုံးသတ်လိုက်သည်။ Porjai က သူအကြံပေးတာကို လက်ခံပြီး ဒီညပြောင်းလာမယ်ဟု ပြောသည်။

" ခနနေမှ တွေ့မယ်။ "

Day က အခုထိ အိပ်ချင်‌ယောင်ဆောင်နေတုန်း။ တကယ်အိပ်ပျော်နေတယ်လို့ ထင်ရအောင်လည်း ဝင်သွက်ထွက်သက်ကို ဖြည်းဖြည်း မှန်မှန် ရှူနေမိသည်။ Mhok က ခပ်ဖွဖွရယ်လိုက်ပေမဲ့ ဘာမှတော့ ထုတ်မပြောလာ။ အဆုံးမှာတော့ Day အတည်ကြီး အိပ်ပျော်သွားတော့သည်။

Mohk က သူ့ကို လှုပ်နှိုးပြီး အိပ်ရောက်ပြီလို့ပြောလာချိန်မှသာ သူပြန်နိုးတော့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း မီးခိုးရောင်သန်းနေပြီး လမ်းမီးရောင်တွေလည်းရှိနေတာကြောင့် ညဘက်ရောက်နေပြီဆိုတာ မေးစရာတောင်မလိုတော့ဘူး။ Mhok က တံခါးဖွင့်လိုက်ပြီးနောက် Day ကို တွဲခေါ်ကာ အိမ်ထဲသို့ ဝင်ခဲ့သည်။

Day စိတ်ထဲမှာတော့ အခုမှရှာလာတဲ့ စာအုပ်အသစ်လေးကို ဖတ်ခိုင်းချင်တာကြောင့် သူနဲ့ ကြာကြာလေးနေပေးရန် Mhok ကို ပြောဖို့ တွန့်ဆုတ်နေမိသည်။ ကြည့်ရတာ ‌Mhok လည်း ပင်ပန်းနေလောက်ပြီမို့လေ။

" Day ကို အပြင်ခေါ်ထုတ်သွားဖို့ မင်းကို ဘယ်သူက ခွင့်ပြုချက်ပေးလိုက်လို့လဲ !! "

သူတို့နှစ်ဦး အိမ်ထဲကို လှမ်းဝင်လိုက်တဲ့အခိုက်အတန့်မှာတင် အေးစက်တဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။

/ အမေက ဘယ်လိုပြန်ရောက်လာရတာလဲ ? အမေက မီလန်မှာပဲ ရှိနေသင့်တာလေ။ အဲ့ဒီက နောက်လဖွင့်မယ့်ဟိုတယ်တွေအတွက် စာဖိုးဆောင်အသစ်တွေကို စီမံပေးဖို့ အဲ့ဒီမှာပဲရှိနေရမှာ။ ဒီမှာမဟုတ်ဘူး။ /

Day အတင်းကို ပြူးပြဲကြည့်လိုက်မိသည်။ တစ်ခုခုတော့ လွဲနေပြီ။

" ကျွန်တော့်ဘက်က Mhok ကို လိုက်ပို့ပေးဖို့
တောင်းဆိုခဲ့တာ။ "

Mhok ကို တစ်ခွန်းတောင်မှ ဝင်ပြောခွင့်မပေးဘဲ Day က အခိုင်အမာပြန်ဖြေလိုက်သည်။

" တကယ်လို့ အမေအပြစ်တင်ချင်တယ်ဆို ကျွန်တော့်ကို အပြစ်တင်။ သူနဲ့ ဘာမှ မဆိုင်ဘူး။ "

Day ကရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ရင်း ဖြစ်ခဲ့သမျှအတွက် အကျိုးဆက်မှန်သမျှကို သူပဲခေါင်းခံဖို့ပြင်လိုက်သည်။

" အဲ့တာက Day ရဲ့တောင်းဆိုချက်ဖြစ်နေရင်တောင် သူ့လုပ်ရပ်ကမှန်နေတယ်လို့မဆိုလိုဘူး။ ငါမင်းကို အစောကြီးကတည်းက ပြောပြီးသားမဟုတ်ဘူးလာ။ ငါ ဒါမှမဟုတ် Night ရဲ့ခွင့်ပြုချက်မရပဲ မင်း Day ကို အပြင်ခေါ်သွားခွင့်မရှိဘူးလို့။ တစ်ခုခုဖြစ်သွားရင် မင်း တာဝန်ယူနိုင်မှာမလို့လား? "

Day ရဲ့အမေက Mhok ကို ပြင်းပြင်းထန်ထန်
ဆူပူနေတော့သည်။

" အမေ..."

Day က သူ့အမေကို တားချင်ခဲ့သည်။

" မင်းကိုယ်မင်း အခုကြည့်ဦး။ ဘာလို့ ဒီလောက် ဗရမ်းဗတာဖြစ်နေရတာလဲ။ မင်း ဘယ်သူတွေနဲ့ ဆက်ဆံနေရတယ်လို့ မင်းထင်နေတာလဲ။ အရင်က မင်းအကြောင်းတွေကိုရော မင်းလုပ်ခဲ့တာတွေကိုရော ငါက မသိနိုင်ဘူးလို့များ မင်းထင်နေတာလား။ "

အမေရဲ့အသံက တဖြည်းဖြည်းနှေးသွားသည်။

" ပြီးတော့ မင်း
အချုပ်ကျဖူးတဲ့အကြောင်းကိုရောပဲ။ "

သူ့အမေရဲ့ပြင်းထန်တဲ့စွဲချက်တွေအောက်မှာ တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ တိတ်ဆိတ်လွန်းလို့ တစ်ဦးချင်းစီရဲ့အသက်ရှူသံတွေကိုတောင် ကြားနိုင်သည်။ လေတစ်ချက်အဝေ့မှာ Night သုံးနေကျ ရေမွှေးနံ့ကိုရလိုက်တာမို့ သူလည်း ဒီမှာအတူရှိနေတာကို Day သိလိုက်သည်။ ရှိနေပေမဲ့ စကားတစ်ခွန်းမှဝင်မပြောရုံသာ။

သူ့အမေဆီကနေ ကြားလိုက်ရတဲ့ Mhok ရဲ့အတိတ်အကြောင်းက Day ကိာ အံ့ဩသွားစေတာတော့ မှန်ပါသည်။ အချုပ်ခန်းဆိုတဲ့စကားကို သူ့ဘဝမှာ စိတ်ကူးတောင်မယှဉ်ကြည့်ဖူးခဲ့ပါ။ Porjai ပြောဖူးတဲ့ ပြစ်မှုမှတ်တမ်းဆိုတာကိုလည်း Day စိတ်ထဲမှာတော့ အသေးအဖွဲလောက်ပဲထင်ခဲ့တာ။ ရန်ဖြစ်ပြီး ထိန်းသိမ်းခံရ၊ ဒဏ်ကြေးအနည်းငယ်ပေးဆောင်ပြီးနောက် အိမ်ပြန်လိုက်ရတာမျိုးလောက်ပဲဟုထင်ခဲ့တာ ဖြစ်သည်။

" ကျွန်တော် ဒါကို တမင်တကာရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ခဲ့တာမျိုးမဟုတ်ဘူး။ အင်တာဗျူးလုပ်တုန်းကတော့ ဒီလိုအကြောင်းအရာတွေနဲ့ပက်သတ်ပြီး ဘာမှမမေးခဲ့လို့လေ။ တကယ်လို့ ကျွန်တော် အချုပ်ကျဖူးတာက ခွင့်လွှတ်လို့မရတဲ့ပြစ်ချက်လို့ တွေးတယ်ဆိုရင်လည်း ကျွန်တော်အလုပ်ထွက်လိုက်ပါ့မယ်။ "

Mhok က ခေါင်းငိုက်စိုက်ချထားသည်။ သူရဲ့အသံမှာ ဝမ်းနည်းမှုတွေနဲ့စိတ်ပျက်အားငယ်မှုတွေပါနေတာကို ဖုံးကွယ်လို့မရ။

Mhok ရဲ့ဒီလိုပုံစံကို Day တစ်ခါမှ မမြင်ဖူးခဲ့သလို တစ်ဖက်လူက ဒီလို စိတ်မလုံခြုံမှု‌တွေကိုကြုံနေရမှန်းလည်း  သူမသိခဲ့။

ဘယ်နှစ်ကြိမ်တောင်မှ ကြုံခဲ့ရပြီးပြီလဲ။ လူ့ပတ်ဝန်းကျင်ရဲ့  ကဲ့ရဲ့ရှုံ့ချခြင်းတွေကို ဒီအတောအတွင်း Mhok ဘယ်လောက်တောင်များ ကြုံခဲ့ရသလဲဆိုတာ သူတွေးတောင်မကြည့်ရဲ။

" မရဘူး။ အစ်ကို အလုပ်မထွက်ရဘူး။
ကျွန်တော် အစ်ကို့ကို အလုပ်ထွက်ခွင့်မပြုနိုင်ဘူး။ "

" Day ! "

သူဒီလိုပြောလိုက်တာနဲ့တစ်ပြိုင်နက် သူ့အမေက သူ့ရဲ့နာမည်ကို ဒေါသထွက်ကာ စိတ်ပျက်လက်ပျက်ဖြင့် အော်ခေါ်လာသည်။  Night က သူ့အမေကို စိတ်လျှော့ဖို့နဲ့ စိတ်အေးအေးထားဖို့ပြောနေသံကို Day ကြားရသည်။

အဲ့ဒီအခိုက်အတန့်မှာတော့ အခန်းထဲရှိ လူလေးယောက်စလုံး စိတ်ရှုပ်နေကြပြီး တစ်ယောက်ချင်းစီမှာလည်း ကိုယ်ပိုင်ပြဿနာတွေနဲ့ဝန်ထုပ်ဝန်ပိုးတွေ ရှိနေမှန်း သိသာလှသည်။

" အစ်ကိုက အချုပ်ကျဖူးတယ်ဆိုတာနဲ့ပဲ ကျွန်တော့်ကို စောင့်ရှောက်နိုင်တဲ့အရည်အချင်း မရှိဘူးလို့ ကျွန်တော်တော့ မထင်ဘူး။

အမေခေါ်လာတဲ့အဲ့ဒီတော်လှပါတယ်ဆိုတဲ့ စောင့်ရှောက်သူတွေထက် Phi Mhok က ကျွန်တော့်ကို ပိုဂရုစိုက်ပေးနိုင်ပြီး နားလည်ပေးနိုင်တယ်။

လူတိုင်းမှာ သူတို့ရဲ့အမှားတွေအတွက် ခွင့်လွှတ်ဖို့အတွက် ထိုက်တန်‌တယ်လို့ အမေပဲ ကျွန်တော့်ကို သင်ပေးခဲ့ဖူးတာလေ အမေရဲ့ ~ မဟုတ်ဘူးလား။

စိတ်မပူပါနဲ့။ သူသာ ကျွန်တော့်နဲ့ပက်သတ်ပြီး မကောင်းတဲ့စိတ်ရှိရင် ကျွန်တော်အရင်ဆုံးသူ့ကို အလုပ်ထုတ်ပစ်မှာပါ။ "

Day က ပြတ်ပြတ်သားသားဆိုလိုက်ပြီးနောက် သူအိပ်ဖို့ရာ အပေါ်ထပ်အခန်းထဲသို့ ခေါ်သွားပေးရန် Mhok ကို ပြော လိုက်သည်။

" ထားလိုက်ပါ အမေရယ်။ ကျွန်တော်လည်း သူ့ကို စောင့်ကြည့်နေမှာပါ။ ပြဿနာ ကြီးကြီးမားမားမရှိလောက်ပါဘူး။ Mhok အချုပ်ကျဖူးတယ်ဆိုတာကလည်း သူ့မှာ ခံဝန်ထိုးပေးမယ့်သူမရှိလို့။ ပြဿနာကလည်း တစ်ခြားသူဆီက လုယက်လို့ ဖြစ်ခဲ့တာမျိုးမှမဟုတ်တာ။ "

Night က ပထမဆုံးအကြိမ်အဖြစ် စကားပြောလာသည်။ သူက အားလုံးကို တစ်ထစ်လျှော့ပေးပြီး အလံဖြူပြလိုက်ကြဖို့ ညှိနှိုင်းချင်ဟန်တူသည်။

_____

Mhok က Day ကို အိပ်ခန်းဆီ စကားတစ်ခွန်းမှမပြောဘဲ ခေါ်သွားပေးလိုက်သည်။ Day က အိပ်ရာပေါ်မှာထိုင်နေရင်း ခေါင်းထဲကရှုပ်ယှက်ခတ်နေတဲ့အတွေးတွေကို ဖြေရှင်းဖို့ကြိုးစားနေမိသည်။

Mhok ကတော့ အခန်းထဲရောက်တာနဲ့ လိုက်ကာတွေကို ဖွင့်ပေးသည်။ ကောင်းကင်ကြီးက အခုချိန်မှာ မှောင်မဲနေပြီး လိုက်ကာဖွင့်ဖွင့်၊ မဖွင့်ဖွင့် ပတ်ဝန်းကျင်ရဲ့အခြေအနေကတော့ အတူတူပါပဲ။

" ‌Day အနီးနားကိုကပ်ပြီး သေချာကြည့်မယ်ဆို မြင်ရတယ်၊ ဟုတ်တယ်မလား ? "

လက်ထဲမှာ ဘာမှန်းမသိတဲ့ ပလက်စတစ်အိတ်ကလေးကိုကိုင်ကာ သူ့ဆီလှမ်းလျှောက်လာရင်း Mhok က မေးသည်။ သူက Day လက်ကို ဆွဲယူလိုက်ကာ ထိုပစ္စည်းကို Day လက်ထဲသို့ ထည့်ပေးသည်။ Day လည်း ယူလိုက်ပြီး နှာခေါင်းနဲ့ထိသည့်အထိ တတ်နိုင်သမျှ အနီးဆုံး ကပ်ကာ ကြည့်လိုက်သည်။

အဲ့တာက ရွှေငါးလေးကို ရေအိတ်လေးနဲ့ ထည့်ထားတာပဲ။ ဒါလေးကို Chatuchak ဈေးမှာတုန်းက ဝယ်လာခဲ့သည်ဟု Mhok က ပြောပြလာသည်။

" သူ့ကို Jinsei နဲ့
သူငယ်ချင်းလုပ်ဖို့ ခေါ်လာခဲ့တာ။ "

" Jinsei ကို အမြဲတစ်ကောင်တည်းတွေ့နေရတာ။ အထီးကျန်နေမှာလို့ တွေးမိလို့။ "

သူ့အသံထဲမှာ ဝမ်းနည်းမှုအနည်းငယ် ကပ်ပါနေသည်။

" သူ့နာမည်ကို ဘယ်လိုခေါ်မလဲ ? "

Day က မေးလိုက်သည်။

" Nozomi လို့ခေါ်မယ်။ "

Mhok က ပြန်ဖြေသည်။

" မျှော်လင့်ချက်လို့ အဓိပ္ပာယ်ရတဲ့ Nozomi ~ "

Jinsei ရဲ့ပိုင်ရှင်က ခွင့်ပြုချက်ရပြီးနောက်မှာတော့ Mhok က Nozomi ကို ကန်ထဲထည့်ပေးလိုက်ပြီး သူငယ်ချင်းလေးအသစ်လေးနဲ့ Jinsei ကို ပေးတွေ့လိုက်တော့သည်။ ကံကောင်းထောက်မစွာနဲ့ ပလက်စတစ်အိတ်ထဲက ရေရဲ့အပူချိန်နဲ့ ငါးကန်ထဲက ရေအပူချိန်က အများကြီးမကွာတာမို့ နေရာရွှေ့ပြောင်းခြင်းကိစ္စက သိပ်တော့ မခက်ခဲ။

Day က ထိုလူ ငါးလေးကို အိမ်အသစ်မှာနေရာချပေးနေတာကို တိတ်တဆိတ်ပဲရပ်ကြည့်နေလိုက်သည်။ Day အတွက်တော့ အဲ့ဒီမြင်ကွင်းက ရေလွှာတစ်ထပ်ခြားထားတဲ့ ရေဆေးပန်းချီကားတစ်ချပ်လိုပင်။

" ဒါဆို အစ်ကို အရင် ပြန်လိုက်တော့မယ်လေ။ "

အစိမ်းရောင်တောက်တောက် အင်္ကျီကိုဝတ်ထားတဲ့ အဲ့ဒီလူက ပြောပြီးတာနဲ့ အခန်းထဲက ထွက်သွားဖို့ပြင်သည်။

" အစ်ကို မနက်ဖြန် အလုပ်လာမဆင်းရင် ကျွန်တော်လိုက်လာပြီး အစ်ကိုပြန်လာတဲ့အထိ ရိုက်ပစ်မှာနော် !! ကျွန်တော် အစ်ကို့အိမ်ကို သိပြီးနေပြီ။ ကျွန်တော် မလာရဲဘူးလို့ ထင်မနေနဲ့။ "

Day က တစ်ဖက်လူရဲ့အတွေးတွေကို သိနှင့်နေသည့်အလား ပြောလိုက်သည်။

" Day ~ "

" ဒီနေ့က ကျွန်တော် ပထမဆုံးအပြင်ထွက်တဲ့နေ့။ စိတ်လည်းလှုပ်ရှားပြီး စိုးလည်းစိုးရိမ်ခဲ့တယ်။ ကျွန်တော့်ကို တစ်ခြားသူတွေ ဘယ်လိုမြင်ကြမလဲဆိုတာ ကြောက်တယ်။ လူတွေ ကျွန်တော့်ကို လှောင်ကြမှာကိုလည်း ကြောက်တယ်။ ဒါပေမယ့် အစ်ကို သိရဲ့လား ? တကယ်တမ်းကျ‌တော့ ကျွန်တော့်ကို ဘယ်သူကမှ ဂရုစိုက်မနေဘူး။ ကျွန်တော်တစ်ယောက်ပဲ အဲ့လိုတွေလိုက်တွေးနေတာ။ ကျွန်တော့်ရဲ့ အကြောက်လွန်နေတဲ့စိတ်ကပဲ ကျွန်တော့်ကို ပိတ်မိစေခဲ့တာ။ "

Day ရဲ့စကားတွေကို ကြားပြီးနောက် Mohk က အတော်ကြာတဲ့အထိ မလှုပ်မယှက် ရပ်နေခဲ့သည်။

Day က သူ့ကိုယ်သူ ခံစားချက်ကို ကောင်းကောင်းမထိန်းချုပ်နိုင်ဘူးဟု ထင်မိသည်။ အဲ့ဒီခံစားချက်တွေကို ဘယ်လို ကောင်းကောင်း ဖော်ပြရမလဲဆိုတာကိုလည်း သူမသိ။

" တစ်ခြားသူတွေ ကိုယ့်အကြောင်းကို လာဝေဖန်တာ မကြိုက်ရင် ကိုယ့်ကိုယ်ကို ဝေဖန်ပြီး စိတ်ဒုက္ခရောက်နေတာတွေကို အရင်ရပ်ရမှာ။ "

Day က သူ့ရဲ့စကားကို ဆုံးအောင်ပြောလိုက်သည်။

အဲ့တော့မှ Mhok က ခေါင်းကို အသာအယာငြိမ့်ပြလာခဲ့ပြီး Day လည်း ပြုံးလိုက်မိသည်။

သူက လက်ရှိအကြောင်းအရာကို ပြောင်းလဲရန် သူဖတ်ခိုင်းဖို့ယူလာတဲ့စာအုပ်ကို ကောက်ကိုင်လိုက်သည်။

" Phi Porjai ဆီ ပြန်သွားဖို့ အလျင်လိုနေလား ? " လို့ သူက မေးလိုက်သည်။

" အိုး ဒါဆို ခုနတုန်းက အိပ်ချင်ယောင်ဆောင်နေခဲ့တယ်ဆိုတာကို ဝန်ခံလိုက်တာပေါ့လေ။ အစ်ကိုကတော့ Day တကယ်အိပ်ပျော်သွားတယ်ထင်နေတာ။ "

Mhok က ရယ်‌မောရင်းနဲ့မှ ပြောလာသည်။

တစ်ချိန်တည်းမှာပဲ ရှက်ရွံ့စရာအခြေအနေတစ်ခုက ရုတ်တရက်ဖြစ်လာတော့သည်။ သူ မတော်တဆနဲ့ အလွဲလုပ်လိုက်မိပြီမှန်း Day သတိထားမိချိန်မှာတော့ နောက်ကျသွားလေပြီ။

" သိတယ်ဆိုလည်း ရယ်မနေတော့နဲ့။
အဲ့တော့ ပြန်ဖို့ အလျင်လိုနေလားလို့ ? "

" စိတ်ပူစရာမရှိပါဘူး။
အစ်ကိုမပြန်လို့လည်း ဘာမှမဖြစ်ဘူး။
Day က အစ်ကို့ကို ဘာလုပ်ခိုင်းမလို့လဲ ? "

" ကျွန်တော့်ကို စာအုပ်လေး ဖတ်ပြပေး။ "

အဲ့ဒီလိုနဲ့ ကလေးတစ်ယောက်ရဲ့ဇာတ်လမ်းလေးကို သူ စဖတ်ပြရတော့သည်။ စာအုပ်ရဲ့ပထမပိုင်းမှာတော့ တဖြည်းဖြည်း မှိန်ဖျော့ပျောက်ကွယ်သွားတဲ့ကလေးလေးအကြောင်းကို ရေးပြထားသည်။ ဒါပေမယ့် နေရောင်နဲ့ထိလိုက်တဲ့အချိန်မှာ ကလေးလေးက သူ့ရဲ့ခန္ဓာကိုယ်ကို ပြန်မြင်နိုင်သည်။ အဲ့တာကြောင့် ကလေးလေးက သူ့ခန္ဓာကိုယ် ဆက်တည်ရှိနေနိုင်ဖို့အတွက် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို ရှာဖွေဖို့ကြိုးစားတော့သည်။ သူ့ရဲ့ခရီးလမ်းမှာ အခက်အခဲတွေနဲ့ စိတ်ပျက်အားငယ်စရာတွေကြုံရပေမယ့်လည်း မျှော်လင့်ချက်လေးတစ်ခုကို သူက မလွှတ်တမ်း ဆုပ်ကိုင်ထားခဲ့သည်။

" ကျွန်တော်ရော တစ်နေ့ကျရင် ပျောက်ကွယ်သွားမယ်လို့ အစ်ကိုထင်လား ? "

Day က Mhok ကို မေးလိုက်ပေမယ့် ပြန်ဖြေသံတော့ မရှိခဲ့ပါဘူး။

______________

[ nf 's notes ]

Series ထဲမှာ ပထမငါးလေးရဲ့နာမည်က Little Day ဖြစ်ပြီး ဒုတိယငါးလေးရဲ့နာမည်ကတော့ Big Mhok ပါ။ သူတို့နှစ်ယောက်ရဲ့ကိုယ်ပွားလေးတွေလိုမျိုးပေါ့။

Novel ထဲမှာတော့ ပထမတစ်ကောင်ရဲ့နာမည်က 
人生 ( Jinsei ) ဖြစ်ပြီး ဂျပန်လိုဆို 'ဘဝ' လို့ အဓိပ္ပာယ်ရပါတယ်။ Phi Mhok ဝယ်လာတဲ့ငါးလေးရဲ့နာမည်ကိုတော့ 'မျှော်လင့်ချက်' လို့အဓိပ္ပာယ်ရတဲ့ のぞみ ( Nozomi ) လို့ ပေးခဲ့ပါတယ်။

ဘဝနဲ့မျှော်လင့်ချက်ဆိုတာလည်း ခွဲလို့မရတဲ့ အရာတွေပါပဲ။

ရှေ့အပိုင်းမှာ ဘာသာပြန်တုန်းက ငါးလေးရဲ့နာမည်ကို series ထဲကအတိုင်း Little Day လို့ပဲ ရေးလိုက်မိလို့ ဆောရီးပါဗျ။ ပြီးရင် Jinsei လို့ ပြန်ပြင်ပေးထားပါ့မယ်နော်။

Continue Reading

You'll Also Like

10.3K 306 12
When Maverick was just a baby, he was found by Rip Wheeler who brought him back to the ranch. Now years later, the Dutton ranch has their hands full...
1.2M 63K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
98.6K 10K 15
Ahh ကြောင်ပေါက်! မင်းကသိပ်ချွဲလွန်းတယ်... (warning:Chanyeol uke only!) baekyeol yaoi sorry for bad writings 90°bow #Yoohyunee