BLANK-ကွက်လပ်

Per MaMa99547

121K 2K 101

ခင်ဗျားကိုမြင်မြင်းချင်းထဲက..လုပ်ချင်တာ Més

ep1⚠🔞
part-2 ( uni) ⚠🔞
part-2 (zawgyi) ⚠🔞
part-3 (uni)
part-3 ( zawgyi)
part-4 (uni) 🔞⚠
part-4 (zawgyi)🔞⚠
Part-5(uni)⚠
part-5 (zawgyi)⚠
part-6 (uni)⚠
part-6(zawgyi)⚠
part-7(uni)🔞
part-7 (zawgyi)🔞
Part-8 (uni) ⚠
part-8(zawgyi)⚠
Part_9(uni)
part-9(zawgyi)
part-10(uni)
part-10 (zawgyi)
part-11(uni)🔞
part-11(zawgyi)🔞
part-12 (uni) 🔞💖
part-12(zawgyi) 🔞💖
part-13(uni)🔞🔥
part-13(zawgyi)🔞🔥
part-14(uni)
part-14(zawgyi)
part-15(uni)
part-15(zawgyi)
part-16(uni)🔞🔥
part-16(zawgyi)🔞🔥
part-17(uni)
part-17(zawgyi)
part-18(zawgyi)
part-19 (uni)
part-19(zawgyi)
part-20(uni)♥🔞
part-20(zawgyi)

part-18 (uni)

1.6K 78 9
Per MaMa99547

''  မင်းမှားနေပြီ ညီညီရဲ့... ''

စိုင်းဝေယံကို သူ့အရှေ့၌ခေါင်းငိုက်စိုက်နှင့်
ထိုင်နေသော ညီဖြစ်သူကိုကြည့်ပြီးညီးညီး
ငြူငြူပြောလိုက်ခြင်းဖြစ်သည် ။ 

'' မသိဘူး ကိုကိုကြီးရာ... ကျွန်တော်လည်း
ရုတ်တရက်သွေးပူနေတော့.. ''

'' အေးနေစမ်းပါအုံး မင်းနဲ့ ရှင်းလေးက ဘယ်
လိုသိကြတာလဲ ဘယ်လိုတွေဖြစ်နေကြတာလဲ
ငါ့ကိုလဲရှင်းပြအုံး ''

ကိုကိုကြီး၏ ရှင်းလေးဆိုသောစကားက လင်းရှိန်
နားထဲ ကန့်လန့်ကြီး ဝင်လာလေသည် ။

'' သူ့ကို အဝေးပြေးလမ်းပေါ်မှာသတိမေ့နေတုန်း
တွေ့ခဲ့တာ အဲ့ဒါနဲ့ကျွန်တော်လဲ ကျတော်ဆီပဲခေါ်
သွားရင်းနဲ့ စခဲ့တာ... ''

'' ချစ်သူတွေဖြစ်နေပြီလား ''

'' အဲ့လိုဆက်ဆံရေးမျိုးမဟုတ်ပါဘူး''

လင်းရှိန်က မျက်မှောင်ကြီးကြုတ်ပြီးငြင်းလေ
သည် ။

''ဒါဆို sex partner လား... ''

'' ကျွန်တော်ပဲ ဇွတ်ယူခဲ့တာ.. ''

''ဟေ... ''

ဒီအဖြေကို ညီညီက မျက်တောင်ပင်မခတ်ပဲရူ့
တည်တည်နှင့်ဖြေလေသည် ။

'' ညီညီက gay လား... ''

'' မဟုတ်ဘူး ''

''ဒါဆိုဘာလို့ရှင်းကို အဲ့လိုလုပ်တာလဲကွ..ဟင်''

'' ကျွန်တော် ဘယ်ယောက်ကျားကိုမှစိတ်မပါဖူး
ဘူး... သူ့ကိုကျထိန်းမရတာ... ''

'' အိပ်ယာပေါ်ကအထိအတွေ့ကိုပဲ ကြိုက်တာ
လား.. ရှင်းကို ''

'' သူ့ကို အနားမှာရှိနေစေချင်တာ..အဲ့လိုမလုပ်
နေရဘူးဆိုရင်တောင်... ဒါမဲ့သူနဲ့၂ယောက်ထဲ
ရှိရင်ထိန်းမရဘူး...  ''

'' ခဏက ကိုကိုကြီးတို့၂ယောက်ကိုတွေ့တော့
သဝန်တိုသွားတယ်ပေါ့...  ''

''အွန်း '

အင်းလား အွန်းလား မသဲကွဲသောအသံဖြင့်ပဲ
ဖြေလေသည် ။

'' ဒါဆို မင်း ရှင်းလေးကို ချစ်နေတာပဲ... ''

'' အဲ့ဒါတွေ ကျွန်တော်မသိဘူး ဘာဖြစ်ဖြစ်သူ
က ကျွန်တော်လူ... ကျွန်တော်နားမှာပဲရှိရမှာ ''

'' မင်းက အဲ့လိုစိတ်မျိုးရှိရင် သူ့မှာလဲရှိနေနိုင်
တယ်လေ ညီညီရ ဘာလို့ကောင်မလေးတစ်
ယောက်နဲ့ အိပ်တာလဲ... ''

အဲ့လူက ကိုကိုကြိးကိုအဲ့အကြောင်းပါပြောပြ
လိုက်တယ်ပေါ့... ။

''ကျစ်! ကိုကိုကြီးကလဲ ဒီကိစ္စပဲလာပြန်ပြီအဲ့ဒါ
က ဒါဒါလေ... အဲ့ကလေးမက သူဖြစ်ချင်ရင်ဇွတ်
လုပ်တာကို ဒီယံရှင်းကို ပြန်လိုက်ပို့ရင်းနဲ့ဒါဒါနဲ့
ပြန်တွေ့တာ.. အဲ့ကလေးမက ပြန်တွဲမယ်ဆိုပြီး
အတင်းလာပြောလို့ကျွန်တော်ရှငိးပြတယ်သူ့ကို
မကြိုက်ဘူးဆိုတာ... အဲ့ဒါကိုသူက သူနဲ့အိပ်ပြီး
လို့ သူ့ကိုမကြိုက်ဘူးဆိုရင် လက်လျော့ပေးမယ်
ဆိုလို့... ရူပ်လို့အိပ်ပေးလိုက်တာ.. အဲ့အချိန်မှာ
ဟိုလူကတွေ့သွားတာ.. ဘာမှလည်းမမေးဘူး
သူ့ဘာသာဇွတ်ကောက်နေတာ... ''

'' ကဲ...ညီညီရာ.. မင်းတောင် ကိုကိုကြီးနဲ့ဒီတိုင်း
လေးကိုတွေ့တာတောင် သဝန်တိုတယ်ဆိုသူဆို
ရင်ရော... ''

'' ဒါပေမဲ့ ကျွန်တော်က သူ့ကိုကြိုက်နေလို့လေ... ''

''ညီညီကလဲ.. တုံးစရာမရှိရှာကြံပြီးတုံးပြန်ပြီ
သူသဝန်တိုတာလဲ မင်းလိုခံစားချက်ရှိလို့လို့မ
ထင်ဘူးလား.... ''

'' ဟို.... ''

'' ဘယ်အရာရာနေနေအတိုင်းအတာဆိုတာရှိ
တယ် ညီညီ... ကိုယ့်ဘက်ကပဲအလွန်မဖြစ်စေ
နဲ့ပေါ့ ယောက်ကျားပဲကွ ချစ်ရင်ချစ်တယ် ဝန်
ခံရဲရမှာပေါ့ ဟုတ်လား... ''

လင်းရှိန်အပြင်ထွက်ဖို့လုပ်ပြီးမှ..

'' ကိုကိုကြီးနဲ့ သူကရောဘာတွေလဲ... ''

'' ဟားဟား မင်းကတော့ကွာ... သူက ကိုကို
ကြီး crush လေးလေ..''

'' ဟာဗျာ... ''

'' ရှင်းက ရိုးရှင်းပြီး တကယ်နှစ်လိုဖွယ်ကောင်း
တဲ့ကလေးပါ... ကိုကိုကြီးနဲ့ ရင်းနှီးကြတုန်းကလဲ
သူ့မှာ ဒဏ်ရာတွေပဲရတာ...မင်းနဲ့လဲအဲ့လိုပဲမဖြစ်
စေချင်ဘူး ''

'' သူကရော ကိုကိုကြီး ကိုကြိုက်လား ''

.'' ဟ! ငါကမိန်းမရှိပြီးသားလူလေ ဘယ်လိုပြန်
ကြိုက်မလဲကွ... ''

'' ပြီးရော.... ''

'' ရှင်းကိုတွေ့အောင်ရှာပီးသေချာရှင်းပြလိုက်
ပြီးရင် မင်းလည်း အိမ်ပြန်လာတော့ ''

သူမေးချင်ရာသာမေးပြီး အိမ်ပြန်လာတော့ဆို
တဲ့စကားကိုတော့ မကြားသလိုလိုနဲ့ထွက်သွား
လေသည် ။ တကယ့်ကောင်...! ။

.....................................................

'' ရှင်းလေး သားငယ်လေးရောက်နေတယ် ခ
ဏဆင်းလာတွေ့လိုက်ပါအုံး ''

'' ပြန်ခိုင်းလိုက်မေမေ''

အဲ့ဒါပဲပြောပြီး ရှင်းစောင်ကိုခေါင်းမှီးခြုံပစ်
လိုက်သည် ။ သူ့လိုလူကိုဘာကိစ္စနှင့်မှမတွေ့
ချင်ပါ ။ ရင်ထဲမှာတင်းကြပ်ပြီးတကယ်ကိုခံ
စားရခက်နေပါသည် ။ သူ့အကျင့်အတိုင်းပြော
ချင်တာပြောတယ်ဆိုပေမဲ့ တစ်ဖက်လူအပေါ်
ကိုတစက်လေးမှအားမနာတတ် ။ သူကျလုပ်
ချင်ရာလုပ်ပြီး ဖြစ်ချင်သလိုဖြစ်နေပြီး ဘာ
တစ်ခုမှမရှင်းပြပဲ လူကိုတောင်တက်လုပ်လိုက်
သေးသည် ။

ရှင်း ငိုလို့ ကိုစိုင်း နှစ်သိမ့်ပေးနေတာကိုကျအ
ထင်သေးအမြင်သေး ကဲ့ရဲ့တဲ့အကောင် ။ မုန်း
တယ်ဟုသာ အော်ပြောခဲ့ပေမဲ့ သူ့ကိုမုန်းတယ်
ပြောတာနဲ့ ရှင်းရင်ထဲက အကုန်ကွဲကြေရသည်
သူလည်း မိန်းမ ယူပါစေ ၊ ရှင်းလဲ သူနဲ့တကယ်
မပက်သက်တော့ဘူး ။ အကြိမ်ကြိမ်နာကျင်
အောင်လုပ်တဲ့သူအနားကို နောက်တစ်ကြိမ်ပြန်
မသွားတော့ပါ...... ။

'' မင်းအကိုက ဆင်းမလာပါဘူးကွယ်...  သား
ငယ်က အခုဘယ်မှာတည်းနေတာလဲ... ''

'' ကျွန်တော်က ဒီဇာတိပါပဲအမေ အိမ်မှာမနေချင်
လို့ ခြံသွားစိုက်တာ အခု ကိုကို့ကိုလာချော့ရင်းဒီ
မှာပဲ နေရအုံးမှာ... ''

'' ဟော်တော်....  ဒီညီအကိုတွေအေ ဘာတွေအဲ့
လောက်စိတ်ကောက်နေကြတာလဲ... ဟင်.. ''

'' သူ့ကိုအရင်ရအောင်ချော့လိုက်ပါအုံးမယ်အ
မေ့ကိုနောက်မှ ရှင်းပြတော့မယ်...  ''

'' အေးပါကွယ် အေးပါ. သားငယ်လေးထမင်း
စားပြီးမှပြန်လေ မေမေထမင်းဝိုင်းပြင်လိုက်
မယ်... ''

'' နေပါစေတော့ အမေ ကျွန်တော်မစားတော​့
ဘူး ကိုကို့ကိုပဲပြောပေးပါ သူထင်နေသလိုမ
ဟုတ်ပါဘူးလို့.... ''

''အော့...အေးအေးသား ''

လင်းရှိန် အမေ့ကိုနူတ်ဆက်ပြီးပြန်ခဲ့လိုက်ရ
တော့သည် ။ ခြံဝင်းထဲကမထွက်ခင် အပေါ်ထပ်
ကဟိုလူ့အခန်းကိုကြည့်မိတော့ ခန်းစီးစလေးက
ရွေ့လျားသွားသည်ကိုမြင်လိုက်ရသဖြင့် နူတ်ခမ်း
တဖက်တွန့်ရုံသာပြုံးလိုက်မိပါသည် ။

ကျုပ်ခင်ဗျားကိုဘယ်တော့မှလွတ်မပေးဘူးကို
ကို... တစ်ခါပိုင်ဖူးရင်အဲ့လူက တစ်သက်လုံးကျုပ်အပိုင်ပဲ..... ။

..........................................................

ရှင်းခေါင်းများထဲမှ ရီဝေမူးရစ်လာမူနှင့်အတူ
ခြေတောက်များသည်လည်း ကောင်းကောင်းမ
ရပ်တည်နိုင်တော့ ။ ကြော်ငှာတစ်ခုအတွက်စာ
ချုပ်လာချုပ်ရင်း အသောက်လွန်သွားတာဖြစ်
သည် ။ မသောက်တာကြာနေတာရော နာကျင်
နေတာပျောက်အောင် လှိမ့်ပိန့်သောက်ပစ်လိုက်
တာကြောင့်ရောပေါင်းကာ လူကလစ်မစ်ကျော်
ကာ လစ်သွားလေပြီဖြစ်သည် ။

အပြင်ကိုဘယ်လိုရောက်အောင်ထွက်ပြီးကား
ကို ဘယ်လိုမောင်းရပါ့မလဲ.... ။

'' တယောက်ထဲလား.... အကူအညီလိုရင်လိုက်
ပို့ပေးမယ်လေ... ''

ရှင်းလူတွေကြားဖြတ်လျှောက်လာရင်းမှ လူ
တယောက်ကပြောလာခြင်း ။ ရှင်းခေါင်းညိတ်
မိသလား ခေါင်းခါမိသလားမသိပေမဲ့ လူကထို့
လူ့လက်ထဲပါသွားရ၏ ။ ရှင်းမှာရုန်းကန်နိုင်မဲ့
အားအင်လဲမရှိနေတော့ပါ.... ။ထိုစဥ်......ရှင်း
ခန္ဓာကိုယ်က လေထဲဝဲသွားသလိုမျိုးလွင့်သွား
ပြီးမှ ရင်ခွင်တစ်ခုထဲရောက်သွားတော့၏ ။

'' ကျစ်! ခင်ဗျားကတော့....ရိုက်သတ်ခံရမယ်''

ရင်းနှီးနေသော ကြိမ်းဝါးသံကြောင့် ဘယ်သူလဲ
သိသွားကာ ရှင်းအတင်းကော့လန်ပြီးချမိတော့
လင်းရှိန်က သူ့လက်မောင်းများနှင့်သေချာပြန်
ထိန်းလိုက်ရင်း

'' ဒီယံရှင်း ကျုပ်ကသိပ်စိတ်ရှည်တဲ့ကောင်မ
ဟုတ်ဘူးနော် ငြိမ်ငြိမ်နေ! ''

ရှင်းဆိုသည်မှာလည်း ဘယ်လောက်နာကျဥ်း''
ဒီကောင့်လက်ထဲရောက်ရင် သူ့ကိုနိုင်တယ်ဟူ
၍မရှိ ။

'' လူဆိုးကောင်!''

ဘုန်း!

အဲ့လိုသာပြောပြီး သူ့ရင်ဘက်ကိုထုချပစ်လိုက်
ကာ ရင်ခွင်ထဲသို့ပွေ့ထားသည့်အတိုင်းငြိမ်ငြိမ်
လေးမှီပြီးလိုက်ခဲ့လိုက်တော့သည် ။ ခနနေတော့
ရှင်းကိုကားတစ်စီးထဲပွေ့ပြီးထည့်ပေးလိုက်တာ
သိသည် ။ သူက driver seat မှာဝင်ထိုင်ရင်းရှင်းကိုခါးပတ်ပတ်ပေးကာ

'' ခင်ဗျားအဲ့လောက်မူးအောင် သောက်ရလား
ကျုပ်မလာရင်ဘယ်လိုလုပ်မလဲ... ''

ရှင်း သူ့အသံကြားတော့ မျက်လုံးကိုရအောင်
ဖွင့်လိုက်ရင်း

'' ငါ့ပါးစပ်နဲ့ငါသောက်တာ ဘာဖြစ်လဲ... ''

''ဟ ခင်ဗျားပါးစပ်နဲ့သောက်တာကဘာမှမဖြစ်
ဘူးလေ ခင်ဗျားသောက်ထားလို​​့ မထနိုင်ရင်
သူများကတက်လုပ်သွားမှာ ဘာမှတ်နေလဲ လူ
ကပိန်ခြောက်ခြောက်နဲ့... ''

'' မင်းကရော မင်းကောင်မလေး နဲ့သွားမအိပ်ပဲ
နဲ့ ဒီကိုဘာလာလုပ်တာလဲ... ''

ကျစ်! ဒီလူက မူးသာမူးတာ သူ့ကိုတော့ ခနဲ့ပိး
ပြောနေနိုင်သေးသည် ။

'' ကျုပ်မှာ ဘာကောင်မလေးမှ မရှိဘူး ''

''လူလိမ်! ''

ပြောပြီး လင်းရှိန် နှဖူးကိုလက်ညိုးနှင့်တွန်းထုတ်
လေသည် ။ မူးနေသောကြောင့် ဒီယံရှင်းက မျက်
လုံးတောင်ကောင်းကောင်းမဖွင့်နိုင်ပဲ ရီဝေဝေ
လေးဖြစ်နေလေသည် ။ အင်း ဒီပုံစံလေးကတစ်
မျိုးချစ်ဖို့ကောင်းတယ်......

'' ခင်ဗျား အခုလိုလုပ်နေတာ ဘယ်လောက်ချစ်
ဖို့ကောင်းလဲသိလား... ''

''မသိချင်ပါဘူး ငါဘယ်လောက်ချစ်ဖို့ကောင်း''
မင်းမှမချစ်တာ... ''

''အဟားးးး.... ''

ဒီလူကတော့လေ ၊ ထန်းရည်မူးရင်ကျွဲခိုးပေါ်ဆို
သလိုပဲ မူးမှလာချွဲပြနေသည် ။ မမူးရင်ကျလူကို
အတွေ့မခံပဲပတ်ပြေးနေပြီးတော့ ။

'' ခင်ဗျားကတော့လေ....  ကျုပ်အူယားလွန်းလို့
ဘယ်လိုလုပ်ရပါ့မလဲ... ''

'' အပိုတွေမပြောစမ်းနဲ့... မင်းက...ဟင့်...ငါ့ကို
လဲ မင်းဟာနဲ့ထိုးတယ်... ဒါဒါဆိုတဲ့ကောင်မလေး
ကိုလဲ ထိုးတယ်... ငါကျ မင်းထိုးတာပဲခ​ံရပြီး
တော့....''

လက်တကားကားနှင့် ပြောနေသောရှင်းကိုလင်း
ရှိန်မထိန်းချုပ်နိုင်တော့ပဲ ဆွဲပြတင်းတင်းကြပ်
ကြပ်ဖက်ထားပစ်လိုက်တော့သည် ။

'' ရှင်းရာ..... ကျုပ်တောင်းပန်ပါတယ် ခင်ဗျား
နားလည်အောင် ဘယ်လိူရှင်းပြရမှန်းလဲကျုပ်
မသိဘူး ဒါပေမဲ့ ခင်ဗျားကို ကျူပ်ချစ်မိနေပြီ
သိရဲ့လား... ဟင် ''

ပါးကိုလက်နှစ်ဖက်ဖက်ဖြင့်ပြီး ညှစ်ပြီးမေးမိ
တော့ထိုလူကမျက်လုံးမှိတ်ကာ အိပ်ပျော်နေ
လေပြီ ။

အဟက်!  ကောင်းရောကွာ.......

......................................................

grassရဲ့အလိမ်မာတုံးလေးတွေအတွက်up
ပေးလိုက်ပါပြီခင်ဗျာ.... လင်းရှိန်ကိုအမြင်
ကပ်နေကြတယ်ဟုတ်...? see you again
အချစ်တို့😘🖤

Continua llegint

You'll Also Like

604K 63.6K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
1.6M 97.3K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
421K 25.5K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
Royally yours Per Srinidhi Chava

Literatura romàntica

1.7M 95K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...