TROUBLE MAKER

By yu_nabi7

6.4K 932 444

"မင်းအမနဲ့ငါ့ကိုမတွဲစေချင်ရင်အပေးအယူလုပ်ရမယ် ချွမ်းရွေ့" "ဘာအပေးအယူလဲ" "မင်းငါနဲ့တွဲပေး" Start Date - 25.3.20... More

🍰💋
💌💘
💫🍓
⚡💤
💋💞
🍓🚬
😽👊
💞🌹
🥭🍓
🎂🍑

😾💭

833 101 9
By yu_nabi7

နိုးလာတာနဲ့တစ်ရိပ်ရိပ်ကိုက်ခဲလာတဲ့ခေါင်းနဲ့အတူလေးလံနေတဲ့မျက်လုံးကိုမဖွင့်ချင်ဘဲဖွင့်လိုက်ရတယ်။‌ညကဝိုင်လေးနည်းနည်းလောက်ကိုမြည်စမ်းချင်ရုံလောက်ပဲသောက်လိုက်ပေမယ့် နဂိုတည်းကသောက်လေ့သိပ်ထမရှိတာမို့ဘယ်လောက်တောင်မူးသွားမှန်းမသိ။

ခေါင်းကိုက်ပေမယ့်လည်းကျောင်းကတော့သွားရအုံးမှာမို့ ချွမ်းရွေ့မှာရေမိုးချိုးဖို့ပြင်ဆင်ရတယ်။အားလုံးပြီးစီးလို့အောက်ထပ်ကိုဆင်းလာတော့ မမကမနက်စားစာဖို့ပေါင်မုန့်ကိုယိုသုတ်နေတာမို့ ချွမ်းရွေ့လည်းထမင်းစားဝိုင်းမှာ၀င်ထိုင်လိုက်သည်။

"Morning ချွမ်းရွေ့ ... မသောက်တတ်ဘဲသောက်ပြီးငါ့မောင်လေးခေါင်းကိုက်နေမယ်မှန်းသိလို့ မမကအမူးပြေဟင်းရည်ပြင်ပေးထားတယ် သောက်လိုက်အုံး"

"ကျေးဇူးမမ ... ညက ကျွန်တော်အခန်းထဲကိုဘယ်လိုပြန်ရောက်တာလဲ မမလိုက်ပို့ပေးတာလား"

"မောင်...အယ်...ဂယူဗင်းကလိုက်ပို့ပေးတာလေ မမကမင်းခန္ဓာကိုယ်ကိုမတွဲနိုင်ပါဘူး"

"အော် ... ဒါနဲ့ ကျွန်တော်ချော်တွေ,ဘာတွေလဲသေးလားဟင်"

"မြက်ခင်းပြင်ပေါ်လဲကျတာဘဲရှိတာပါ...ဘာဖြစ်လို့လဲ"

"ဟမ်...ဘာမှမဖြစ်ပါဘူး"

ချွမ်းရွေ့ဘာမှဆက်မပြောတော့ဘဲ ဟင်းရည်ကိုတစ်ဇွန်းချင်း‌ခပ်သောက်ရင်း ညကအဖြစ်ပျက်တွေကိုပြန်တွေးကြည့်နေရတယ်။ခက်တာက ချွမ်းရွေ့ရဲ့ဦးနှောက်လေးကဘာမှကိုမမှတ်မိဘူး။

မနက်ကအိပ်ယာနိုးလို့ရေချိုးခန်း၀င်တော့ နှုတ်ခမ်းကစပ်ဖျဉ်းဖျဉ်းဖြစ်နေလို့ကြည့်လိုက်မှ ထောင့်နားမှာသွေးခြေဥပြီးနှုတ်ခမ်းပေါက်ထားတဲ့ဒဏ်ရာကိုတွေ့တယ်။သူညကမူးမူးရူးရူးနဲ့စားပွဲတွေ၊နံရံတွေနဲ့များဆောင့်မိခဲ့လားမသိ။

မှတ်မိတာကတော့ မမကသူ့ရည်းစားကင်ဂယူဗင်းဆိုတဲ့သူနဲ့ ချွမ်း‌ရွေ့ကိုမိတ်ဆက်ပေးတယ်။နောက်ကျတော့မမရဲ့သူငယ်ချင်းအမကြီးတွေကချွမ်း‌ရွေ့ကိုဝိုင်းမြှောက်ပေးတာနဲ့ ဝိုင်နှစ်ခွက်လောက်သောက်လိုက်တယ်။အဲ့နောက်ပိုင်းကစပြီး ခုအိပ်ယာနိုးတဲ့ထိသူဘာမှမမှတ်မိတော့ဘူး။

"သွားတော့မယ်...busကားနောက်ကျနေမှာဆိုးလို့"

"ဖြည်းဖြည်းလည်းသွားအုံး...မုန့်ဖိုးယူအုံးမလား ချွမ်းရွေ့အကောင့်ထဲမမလွှဲပေးလိုက်မယ်"

"ရတယ်မမ ပိုက်ဆံကျန်သေးလို့မယူတော့ဘူး"

"ဟုတ်ပြီ...ဟုတ်ပြီ ညနေတော့စောစောပြန်ခဲ့နော် ပါးနဲ့မားကလည်းမရှိတော့ ညမိုးချုပ်ထိမနေနဲ့"

"‌ပါးနဲ့မားကဘယ်တော့မှပြန်လာမှာလဲ"

"ဘိုးဘိုးကဆေးရုံတင်ထားရတာဆိုတော့ သူနေပြန်ကောင်းတဲ့ထိရှန်ဟိုင်းမှာဘဲနေရအုံးမယ်ပြောတယ်"

ချွမ်းရွေ့ မမအ‌ပြောကိုခေါင်းပြန်ညိမ့်ပြီး busကားမှီဖို့အတွက်ကားဂိတ်ကိုအမြန်ပြေးရသည်။အိမ်ကကျောင်းသွားရင်မောင်းဖို့ကားစီစဉ်ပေးထားပေမယ့် ခုမှဒီနိုင်ငံကိုပြန်ရောက်လာတဲ့ချွမ်းရွေ့ကလမ်းတွေကိုမကျွမ်းကျင်သေးသလို လိုင်စင်လည်းမရှိတာမို့‌‌မောင်းလို့မရ။

//

"‌ကျေးဇူးပါကွာငါ့ဆီပစ္စည်းလာပို့ပေးတာ...မဟုတ်ရင်ဒီနေ့မှဆရာ့ကိုမတင်ပြနိုင်ရင်ငါတကယ်တိုင်ပတ်တော့မှာ"

လမ်းကြုံစာအုပ်လေး၀င်ပို့ပေးလို့ရမလားဆိုပြီးဖုန်းဆက်လာတဲ့ချွဲယွန်‌ဆောကြောင့် ဂယူဗင်းကကျောင်းမသွားခင် ခုတော့အဲ့ကောင်ကျောင်းကိုအရင်ရောက်လာရတယ်။

"မလိုဘူးပုံမှန်တိုင်းဘဲဆက်ဆံ မင်းသာနောက်တစ်ခါ‌သောက်တလွဲတွေထပ်မလုပ်နဲ့ ကြားလား"

သူပြောတော့လည်း အဲ့ကောင်ကခေါင်းတညိမ့်ညိမ့်နဲ့။ဂယူဗင်းကဒယ်ဒီ့ဘက်ကအမျိုးတွေနဲ့သိပ်ပြီးမတည့်ပေမယ့် ဒီကောင်ယွန်‌ဆောကတော့အားလုံးထဲမှာသူနဲ့ရွယ်တူဖြစ်ပြီးငယ်ငယ်ထဲကကစားဖော်,ကစားဖက်မို့လို့ပေါင်းရတာတော်တော်လေးအဆင်ပြေတယ်။

"ချက်ချင်းပြန်တော့မို့လား ငါကန်တင်းမှာမင်းကိုမုန့်၀ယ်ကျွေးမယ်လေ"

"တော်ပါကွာ...ငါကအားနေတာမဟုတ်ဘူး အတန်းမစခင်အမြန်သွားရမှာ"

ဂယူဗင်းကဟိုကောင့်ကိုပြောပြီးလှည့်အထွက် လှေကားထစ်ပေါ်ကိုတက်လာတဲ့ကျောင်းသားတစ်ယောက်နဲ့ပုခုံးချင်းတိုက်မိတယ်။

ဘာလား...။ဒီလောက်လှေကားထစ်ကအကျယ်ကြီးကို လူတစ်ယောက်လုံးကိုတောင်မမြင်ဖူးလား။သူများကျောင်းလာပြီးပြဿနာမဖြစ်ချင်တာမို့ ဘာမှအပြောဘဲဆက်လျှောက်ဖို့လုပ်တယ်။

"Oh! Sorry"

ထွက်လာတဲ့အသံကြောင့် ဂယူဗင်းကမဟုတ်မှလွဲ‌ရောဆိုပြီးပြန်လှည့်ကြည့်မိတော့ တကယ်သူ့ရဲ့ကြောင်ဝါကလေး။

"ချွမ်းရွေ့!"

"ဘယ်သူ ... အာ... ဂယူဗင်းမလား မမရဲ့ရည်းစား"

ချွမ်းရွေ့ကိုမျက်လုံးပြူးပြီးအံ့ဩသလိုကြည့်နေတဲ့သူကိုပထမတော့ သူရုတ်တရက်မမှတ်မိပေမယ့် ပြီးမှမမရည်းစားဂယူဗင်းဆိုတာကိုသိတော့တယ်။

"မင်းတို့ကသိနေတာလား"

"မင်းနဲ့‌ချွမ်းရွေ့ကရောသိလို့လား"

"ချွမ်းရွေ့နဲ့ငါကမေဂျာတူတစ်ခန်းထဲဘဲလေ"

"ယွန်ဆော ဂယူဗင်းကငါ့မမရဲ့ရည်းစားလေ "

"ဟမ် ဟုတ်လား"

ချွမ်းရွေ့က တကယ်ဘာမှမသိတဲ့ဖြူစင်သူလေးလိုမျိုး သူ့ကိုသာမန်သာဆက်ဆံတော့ ဂယူဗင်းရင်ထဲအောင့်သက်သက်။တကယ်ဆိုကြောင်ဝါလေးကမှတ်မိသင့်တာမဟုတ်ဘူးလား။

ညကအရက်မူးနေလို့ဘာမှမမှတ်မိဘူးဆိုပေမယ့်လည်း နှုတ်ခမ်းထောင့်ကဒဏ်ရာမြင်ပြီးနည်းနည်းလေးတောင်သတိမထားမိဘူးလား။ကြည့်ရတာ ဂယူဗင်းကိုသူ့နဲ့တွဲမယ်ဆိုပြီးပြောခဲ့တာလည်းမှတ်မိပုံမရဘူး။

ဒါပေမယ့်ဘာအရေးကြီးတာမို့လို့လဲ။ဂယူ‌ဗင်းကကြိုက်တယ်ဆို ချွမ်းရွေ့ကဂယူဗင်းရည်းစားပဲလို့ညကတည်းကသတ်မှတ်ထားပြီးသား။ခုတရား၀င်မဖြစ်ရင်တောင်နောက်ဖြစ်မှာဘဲ။

"ဂယူဗင်းက ဒီကျောင်းကလား"

"မဟုတ်ဘူး သူကစီးပွား‌ရေးကျောင်းက ... ငါ့စာအုပ်ကျန်ခဲ့လို့လာပို့ပေးတာ"

"အော်"

ဂယူဗင်းကဖြေဖို့လုပ်ပေမယ့်ကြားထဲကနေ၀င်ဖြေနေတဲ့အလိုက်ကမ်းဆိုးမသိတဲ့ ဟိုကောင်ချွဲယွန်ဆောကိုပိတ်ရိုက်ချင်တာထိန်းထားရတယ်။ကြောင်ဝါလေးရှေ့မှာတော့သူကအတတ်နိုင်ဆုံးယဉ်ကျေးရမယ်မလား။

"မင်းပြန်တော့မယ်ဆို သွားတော့လေ...ငါတို့လည်းသွားပြီ"

"နေဦး...မင်းငါ့ကိုမုန့်ကျွေးမယ်ဆို"

"မင်းဘဲခုနကမအားဘူးအတန်းရှိတယ်ပြောပြီး"

"‌တွေးကြည့်ရင်အတန်းချိန်ကခုသွားလည်းမှီမှာမှမဟုတ်တာ...တစ်ချိန်လေးလွတ်လို့လဲငါစာမေးပွဲမကျဘူးလေ"

*အမျိုးမျိုးဘဲ*ဆိုပြီးပြောတဲ့ ယွန်ဆောစကားကိုသူအဖက်မလုပ်တော့ဘူး။သူတို့စကား၀ိုင်းထဲ၀င်မပါဘဲတောင့်တောင့်လေးရပ်နေတဲ့ ချွမ်းရွေ့ရဲ့ပုခုံးကိုသူ့ပုခုံးနဲ့လှမ်းတိုက်လိုက်တော့ ဂယူဗင်းကိုမျက်လုံးတောက်တောက်လေးတွေနဲ့ပြန်ကြည့်လာတယ်။

ဂယူဗင်းခုန်ဆင်းချင်မိတာကဒီကြယ်အစုအဝေးလေးတွေလိုတလတ်လတ်တောက်ပနေတဲ့ မျက်၀န်းအိမ်ငယ်လေးထဲကို။

"ချွမ်းရွေ့လည်းလိုက်ခဲ့မယ်မလား မနက်စာစားပြီးရင်တောင်တစ်ခုခုသောက်လေ"

"မင်းပြောမှသတိရတယ် ငါလည်းမနက်စာမစားခဲ့ရသေးဘူး လိုက်ခဲ့မယ်လေဂယူဗင်း"

ချွမ်းရွေ့နဲ့ရှေ့ကနေထွက်သွားတဲ့ ဂယူဗင်းကို
ယွန်ဆော‌နောက်ကနေပြေးခေါက်ချင်မိတယ်။သူများပိုက်ဆံနဲ့မျက်နှာလုပ်တယ်ဆိုတာဒါမျိုး။တစ်ဆက်တည်း ဒီကောင်ဘယ်လိုအကွက်တွေရွေ့ပြန်ပြီလဲလို့ပါတွေးမိတယ်။

ညီအစ်ကို‌တွေမို့ဂယူဗင်းအကြောင်းသူအသိဆုံး။ဘယ်အရာမဆို သူ့အတွက်အကျိုးအမြတ်မရှိရင်လုပ်မယ့်ကောင်မဟုတ်ဘူး။

//

"ဂယူဗင်းက မင်းအစ်ကိုလား...ငါကမင်းသူငယ်ချင်းထင်နေတာ"

"၀မ်းကွဲတော်တာလေ ငါ့ထက်၃လဘဲကြီးတာပါကွာ အဲ့တာကိုအတင်းအစ်ကိုဖြစ်ချင်နေတာ"

ယွန်ဆော‌ပြောတော့ စကားပြောနေရင်းကနေချွမ်းရွေ့ကသူနဲ့မျက်နှာချင်းဆိုင်မှာထိုင်‌နေတဲ့ဂယူဗင်းကိုလှမ်းကြည့်တယ်။

"ဒါဆိုဂယူ‌ဗင်းကငါနဲ့ရွယ်တူဘဲထင်တယ်"

"ဟုတ်တာပေါ့ ငါတို့ကရွယ်တူဘဲလေ...နောက်ဆိုဒီထပ်ပိုပြီးရင်းရင်းနှီးနှီးနေကြရအောင်"

"Okay"

ချွမ်းရွေ့က ဂယူဗင်းကိုအဲ့တစ်လုံးသာပြန်ဖြေပြီး သူမှာထားတဲ့စတော်ဘယ်ရီကိတ်ကိုအေးအေးဆေးဆေးတစ်ဇွန်းချင်းခပ်စားနေတယ်။ညကတော့ကြောင်ဆိုးလေးလိုမျိုးအတင့်ရဲနေတဲ့ချွမ်းရွေ့က ခုကျတော့လည်းကြောင်ပေါက်လေးလိုမျိုးငြိမ်ကုတ်ကုတ်‌လေးဖြစ်နေပြန်တယ်။

တကယ်ဘဲညကကိစ္စနဲ့ပတ်သတ်ပြီးဘာမှကိုမမှတ်မိတာလား ဒါမှမဟုတ် မမှတ်မိချင်ယောင်ဘဲဆောင်နေတာလား။

"မေ့နေတာ ငါအတန်းထဲအရင်သွားနှင့်မှဖြစ်မယ်စာအုပ်ထပ်စရာရှိလို့ ငါပိုက်ဆံရှင်းပေးခဲ့မယ်ဒီ‌၀ိုင်းကို ... ချွမ်းရွေ့မင်းဂယူဗင်းနဲ့မုန့်စားပြီးမှလိုက်ခဲ့လေ"

"ရတယ်လေ ကျေးဇူးနော်ငါ့ကိုမုန့်၀ယ်ကျွေးတာ"

ယွန်ဆောထွက်သွားတော့ ဂယူဗင်းနဲ့ချွမ်းရွေ့နှစ်ယောက်သာကျန်ခဲ့ပြီးလေထုကတိတ်ဆိတ်လျက်။

"အာ...ဟုတ်သား ငါမေ့နေတာ...မမကပြောတယ်မနေ့ညကငါ့ကိုအခန်းထဲတွဲပြီးလိုက်ပို့ပေးတာမင်းတဲ့...ကျေးဇူးနော် ဂယူဗင်း"

"ရပါတယ် အဲ့တာတွက်ဆိုငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး"

သူပြောတော့ချွမ်းရွေ့က‌ခေါင်းတညိမ့်ညိမ့်နဲ့။

"ညကဘာတွေဖြစ်လဲမင်းမမှတ်မိဘူးလား ချွမ်းရွေ့"

"ဟမ်...ငါကသောက်ပြီးလို့နိုးလာရင်ဘာမှမမှတ်မိတော့ဘူး ညကငါတစ်ခုခုဆိုးဆိုးရွားရွားဖြစ်လို့လား"

သိချင်စိတ်အပြည့်နဲ့ဂယူဗင်းရဲ့အဖြေကိုစောင့်နေတဲ့ချွမ်းရွေ့ကမသိချင်ယောင်ဆောင်နေတဲ့ပုံတော့မပေါ်ဘူး။တကယ်မမှတ်မိတာကြိမ်းသေတယ်။

"ဂယူဗင်း"

"ဟမ်...အော် ဘာမှမဖြစ်ပါဘူး ဒီတိုင်းနည်းနည်း...နည်းနည်းလေးဘဲ မင်းချော်လဲတာလောက်ပါဘဲ"

"ထင်တယ် အဲ့တာကြောင့်ငါနှုတ်ခမ်းပေါက်သွားတာဘဲ ... မမကပြောတော့မြက်ခင်းပြင်မှာဘဲငါချော်လဲတာတဲ့ဆိုပြီး"

"မမကျန်းယွီကို ငါမင်းကိုလိုက်ပို့တော့ထပ်ချော်လဲတဲ့အကြောင်းမပြောပြနဲ့နော်"

"ငါနားလည်ပါတယ်ဆို သွားပြောရင်မမကမင်းကိုစိတ်ဆိုးသွားမှာပေါ့"

"အွန်း ဟုတ်တယ်"

ချွမ်းရွေ့စကားကို ဂယူဗင်းကချော်လဲ,ရောထိုင် လုပ်ပြီးပြန်ဖြေလိုက်ရတယ်။ပထမတော့ မမကျန်းယွီကိုမွေးနေ့ပြီးတာနဲ့ဖြတ်ဖို့တွေးထားပေမယ့် အခြေနေတွေက,ကမောက်ကမတွေဖြစ်ကုန်တယ်။

ချွမ်းရွေ့နဲ့ရင်းနှီးနိုင်ဖို့က ရှန်ကျန်းယွီနဲ့ဆက်ပြီးအဆက်သွယ်ရှိနေမှရမယ်။သူ့လုပ်ရပ်က မမအပေါ်မှာမတရားဘူးဆိုတာသိပေမယ့်လို့ ဘယ်တတ်နိုင်ပါ့မလဲ။

သူတို့စကားပြောနေတုန်းချွမ်းရွေ့ကဖုန်းမြည်လာလို့စကားပြန်ဖြေနေချိန် ဂယူဗင်းကတော့ ချွမ်းရွေ့ရဲ့ဖုန်းနံပါတ်ကိုတောင်းဖို့သတိရသွားတယ်။

"ယွန်ဆောဆက်တာ အတန်းစတော့မယ်တဲ့...ငါသွားတော့မယ်ဂယူဗင်း"

"တူတူသွားမယ်လေ မင်းအတန်းရှေ့ထိငါလိုက်ပို့ပေးမယ်"

ဂယူဗင်းကဘာလို့သူ့ကိုအဲ့လောက်ထိဂရုစိုက်နေမှန်းနားမလည်ဘူး။ကြည့်ရတာတော့ အမကိုလိုချင်လို့ယောက်ဖကိုကောင်းပေးတာမျိုးထင်တယ်။ဒါပေမယ့် ချွမ်းရွေ့ကဒီလိုတွေမလုပ်ပေးလည်းဂယူဗင်းနဲ့မမကိုသဘောတူပြီးသားဟာ။

"ငါ့ကိုဖုန်းနံပါတ်ပေးပါလား ချွမ်းရွေ့ ... တစ်ခါတစ်လေမင်းမမကိုလွမ်းလို့ဖုန်းဆက်ရင်သူ့ဖုန်းကဆက်မရတာရှိလို့ အဲ့တာမင်းဆီဆက်မယ်လေ...ရတယ်မလားဟင်"

"အာ Okay "

ဂယူဗင်းကသနားစရာဖြူစင်သူလေးလိုမျိုးလုပ်ပြီး ချွမ်းရွေ့ရဲ့ဖုန်းနံပါတ်ကိုညာတောင်းလို့ရခဲ့တယ်။ချွမ်းရွေ့အခန်းထဲ၀င်သွားပြီဆိုမှ သူ့ရဲ့ခွေးပေါက်လေးမျက်နှာဖုံးကိုခွာချပြီး အောင်နိုင်သူတစ်ယောက်လိုပြုံးပစ်လိုက်တယ်။

ဂယူဗင်းရဲ့ကြောင်ဝါလေးက အရမ်းဖြူစင်လွန်းလို့လှည့်စားဖို့သိပ်လွယ်တာဘဲ။

///////

Continue Reading

You'll Also Like

10.5M 321K 62
❝WOAH, WOAH, WOAH, THERE'S NO WAY IN HELL IM GOING TO DATE YOU❞ in which a two enemies agree to fake date one another. [draco malfoy...
4.2M 236K 57
"This photo is from seven months ago and you heart reacted yesterday" "..." "You're a stalker aren't you?" When a girl finally gets noticed by her...
545K 11.5K 31
"and then she does the simplest thing in the world. she leans over and kisses him. and the sky cracks open." || the walking dead | season1-8| daryl d...
14.4M 410K 90
Kallista Zenia Emrys is born in the world of high society pure bloods. Being one of the last remaining descendants of Merlin- the Greatest Wizard of...