လေနှင်သောမိုး

Par Graygrass1

258 52 3

မိုးတွေဘယ်လောက်သည်းသည်း လေပြင်းတွေလာရင်တော့ မိုးစက်ကလေးတွေ လွင့်ပြယ်ရစမြဲမဟုတ်လား... Plus

#1
#2
#4
#5
#6
#7
#8
#9
#10
#11
#12
#13
#14
#15
#16
#17

#3

21 5 0
Par Graygrass1

'ဟေ့ကောင် မိုးည ဖဲသွားရိုက်ရအောင်'
FMနားထောင်နေတဲ့ သူ့ကို သီဟက ဖြန်းခနဲရိုက်ရင်း ဘေးအခန်းကိုမျက်စပစ်ပြနေသည်။

'အာ...အဆောင်မှူးသိရင် အဆူခံနေရပါဦးမယ်ကွာ'

'မဆူပါဘူးဟ ဒီအချိန်ဆို အဖိုးကြီးအိပ်နေလောက်ပြီ၊ လာစမ်းပါကွာ ဟိုကောင် ချမ်းငြိမ်းတောင် တော်တော်ထောနေပြီ၊ 3000လောက်နိုင်နေပြီလို့ ငါ့ကိုပြောသွားသေးတယ်'

'ချမ်းငြိမ်းကအ​ဆောင်ကျော်ပြီး ဖဲလာရိုက်တာလား'

'ချမ်းငြိမ်းက ဖဲအနံ့ပဲလိုက်ခံနေတာ၊ ဘယ်အဆောင်မှာ ဖဲဝိုင်းရှိလဲပဲ စုံစမ်းနေတဲ့ကောင်'

သီဟက သူ့ကိုမသိရန်ကောဆိုသည့် အကြည့်ပါကြည့်ပေးလိုက်သည်မို့ ဇက်လေးပုလိုက်ရသည်။
'2000/3000လောက်နိုင်လည်းမဆိုးပါဘူး'

စိတ်ကမတောင့်ခံနိုင်တော့ဘူး။ ဒီတပတ် မုန့်ဖိုးကလည်း အကုန်သုံးလိုက်မိပြီမလား။

'အေး သွားမယ်လာ'
ကုတင်ပေါ်ကနေ ဝုန်းခနဲဆင်း ပုဆိုးပြင်ဝတ်လိုက်ပြီး ဘေးအခန်းက ဝိုင်းထဲ ခြေဖော့ပြီး ရောက်သွားလိုက်သည်။

ဝိုင်းက လူများသား။
၆ယောက်တော့ ရှိသည်။ ကြေးကလည်း ၂၀၀ကြေးဆိုတော့ မဆိုးပါဘူး။
ကိုယ့်လက်ဆလည်း ကိုယ်ယုံတာမို့
အနည်းဆုံး ၂ထောင်၃ထောင်လောက်တော့ နိုင်လောက်ပါတယ်။
'ဟေ့ကောင်တွေ မင်းတို့ မနက်ဖြန် သင်္ချာ tutorial ရှိတယ်ဆို'
သူ့ကို မြင်မြင်ချင်း အခန်းပိုင်ရှင် မြင့်ဇော်ဦးက လှမ်းမေးတာမို့ အသာအယာပြုံးရင်း ဘေးက ကောင်ကို ဟိုဘက်နည်းနည်းတိုးခိုင်းပြီး ဝင်ထိုင်လိုက်သည်။

'အေ ရှိတယ်လေ၊ ဘာလို့တုန်း'
'စာမကျက်ဘူးလားဟ၊ သင်္ချာဆရာမ ဒေါ်နှင်းဝတ်ရည် ဘယ်လောက်ကြမ်းလဲ မသိတာလည်းမဟုတ်ဘဲ၊ စာလည်းခိုးကူးလို့မရဘူး၊​ ခေါင်းတောင်စောင်းလို့မရတာကို'

ဝေထားတဲ့ ဖဲကို လက်ထဲ အသာအယာပွတ်ရင်း...မျက်လုံးလေးမှေးလိုက်သည်။

'tutorial အတွက် စိတ်မပူနဲ့ ငါစာလုပ်ပြီးသား၊ ကဲ လက်ရှောင်တော့ ငါ့ကောင်တို့'

ပါးစပ်ကလည်းပြော လက်ကလည်း ဖဲချပ်ကိုအောက်ချရင်း ဝိုင်းထဲက ၂၀၀တန်တွေကိုသိမ်းလိုက်သည်။
မဆိုးပါဘူး... မနက်စာတော့ကောင်းကောင်းစားလို့ရပြီ။

'ဖိုးကောက်..မင်း ဖဲလည်းရိုက်တတ်တာဘဲလား'

ဟမ်..သူဘဲ အကြားမှားတာလား။
အစောက ဝင်လာတုန်းက လူ၆ယောက်ဘဲ မြင်တာပါ။
ဘာလို့ ကင်းကောင်အသံကြီးကြားလိုက်ရတာတုန်း။

ဘယ်ဟုတ်မလဲ...သကောင့်သားက နံရံမှာမှီပြီးခွေခေါက်မှေးနေတာကိုး။

သူ့အဆောင်လည်းမဟုတ်ဘဲ ဒီကောင်က နယ်ကျော်ပြီး ဘယ်လိုရောက်လာပါလိမ့်။
သူ့အရပ်ကလန်ကလားကြီးကို ဘယ်လိုများခွေခေါက်ပြီး နေနိုင်သလဲမသိ။

'ဘာ ဖိုးကောက်လဲ၊ နာမည်မဖျက်နဲ့ ကင်းကောင်၊ နေပါဦး မင်းက သူများအဆောင်ကို ဘယ်လိုများကျူးကျူးကျော်ကျော် ရောက်လာရတာတုန်း၊ အဆောင်မှူးရော...'
'အ​ဆောင်မှူးကိုပြောပြီးသား.. ဒီနေ့ ချမ်းငြိမ်းနဲ့ဆွေးနွေးစရာရှိလို့ ဒီအဆောင်မှာလာအိပ်တာ'

သူ့စကားတောင်မဆုံးသေး လန်ဘားက ဖြတ်ပြောပြန်ပြီ။
အေးလေ အဆောင်မှူးသိရင်ပြီးတာဘဲ။

ကျန်တာ သူ့အလုပ်မှမဟုတ်ဘဲ။
ဒီကောင့်ကိုတွေ့ရင် စိတ်ထဲ ဘယ်လိုမှ ကြည့်မရ။
'မိုးည မင်းဆက်ဆော့ဦးမှာလား'
မျိုးဇော်ဝင်းနဲ့ သီဟက မေးဆတ်ပြသည်မို့ ပွဲပြန်စလိုက်သည်။

အဟွတ် အဟွတ်....
အခန်းက ကျဥ်းပြီး လူ၇ယောက်လောက်ဝိုင်းထိုင်နေတာမို့ လှောင်ပိတ်ရတဲ့အထဲ ကင်းကောင်က ဆေးလိပ်မီးခိုးတွေသူ့ဆီမှုတ်ထုတ်နေတာမို့ ချောင်းပါဆိုးသွားရသည်။

ပေစောင်းစောင်းအကြည့်တစ်ချက်ပို့လိုက်တာမို့ ကင်းကောင်အခန်းထဲက ထွက်သွားတော့သည်။
ပွဲထဲ အာရုံစိုက်နေတုန်း ချမ်းငြိမ်းက တစခန်းထလာပြန်ပြီ။

'ဒီနှစ် EC က queenရမယ့်ကောင်မလေးက ပက်ပက်စက်စက်ချောတာ မင်းတို့ မြင်ပြီးပြီလား'
သီဟက ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း
စကားဝိုင်းထဲပါလာပြန်သည်။

'ငါတောင် ညနေက အသန်းရဲ့စာအုပ်ဆိုင်မှာတွေ့လိုက်သေးတယ်။ တော်တော်လှတာ ကောင်မလေးက ဖူးဖူးစင်စင်လေးကွာ။ သွားတက်လေးနဲ့ လူလေးကလည်းသွယ်သွယ်လေးကွာ'

အဲ့ဒီလိုနဲ့ဘဲ ကောင်မလေး အလှဘွဲ့တွေဖွဲ့ရင်း ဖဲဝိုင်းကနေ အချစ်စကားဝိုင်းသို့ တမဟုတ်ချင်း ကူးပြောင်းသွားတော့သည်။

'မိုးည.. မင်းရောတွေ့ဖူးလား'
မျိုးဇော်ဝင်းစကားကို အသာအယာပြုံးရင်းခေါင်းခါပြလိုက်သည်။

'မတွေ့ဖူးပါဘူးကွာ၊ ငါက ဇွန်ဖူးဝေဘဲ မပြောင်းလဲဘူး၊ မနှစ်ကရော ဒီနှစ်ရော
ဘယ်သူတွေ ဘယ်လောက်လှလှ ဇွန်ဖူးအလှကို မီမယ့်သူမရှိဘူး'

သူ့စကားအဆုံးမှာ ဆေးလိပ်သောက်ပြီး ပြန်လာတဲ့ ကင်းကောင်က မျက်ခုံးတွန့်ချိုးလိုက်ရင်း သူ့ဘေးနားဝင်ထိုင်လိုက်တာမို့  ဘေးကို အမြန်ရွှေ့ပေးလိုက်ရသည်။

ဒီကောင့်ဆီက စီးကရတ်သောက်ပြီးကျန်တဲ့အနံ့က သူ့ရင်ထဲ တမျိုးတမည်ဖြစ်စေသည်။
ဘယ်လိုမျိုးလဲဆိုတာတော့သူကိုယ်တိုင်လည်းမသိသေး။

'ဟေ့ကောင် ဉဩ၊ မင်းရော  အခု queenရမယ့်ကောင်မလေးနဲ့ အရင် queen ဇွန်ဖူးဝေ၊ ဘယ်သူပိုလှမယ်ထင်လဲ'

ချမ်းငြိမ်းက ခပ်သော့သော့လေး မေးခွန်းထုတ်လိုက်သည်မို့ မိုးည အလိုလိုနားစွင့်မိလိုက်သည်။
အကြိုက်ချင်းတူရင် ဒီကောင်နဲ့ ရန်သူဖြစ်မှာပင်။

'အခု queenလေးက ပိုချောတာပေါ့ကွာ၊ ချောဆို ငါတို့မြို့ကလေ တစ်မျိုးမူတဲ့ပဲခူးသူလေး'
အော့.. ဒီကောင် ကိုယ့်ငါးချဥ်ကိုယ်ချဥ်တဲ့ကောင်။

'မဟုတ်တာ ဇွန်ဖူးဝေနဲ့ ယှဥ်ကြည့်လိုက်ပါဦး၊ ဇွန်ဖူးအလှက တော်ဝင်အလှကွာ..တော်ရုံမိန်းကလေးတွေယှဥ်လို့တောင်မရဘူး ၊အသားအရည်ကြည့်မလား ဝင်းလို့ဝါလို့၊ အလှဆုံးက မျက်လုံးဝိုင်းဝိုင်းလေးတွေဘဲ အဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေ တစ်ခါလောက်ပင့်ကြည့်လိုက်စမ်းပါ၊ အကြည့်ခံရတဲ့ကောင် ကြွေကျမြေမခရင် ငါ့ကိုကြိုက်သလိုပြော'

ဒါမျိုး​တော့ လာမစမ်းနဲ့။ ဇွန်မိုးညတို့က ဇွန်ဖူးဝေအလှကို တစ်နှစ်လုံးရှုစားလာတာ။ ဇွန်ဖူးသည်သာ တလောကလုံးမှာအလှဆုံး။

'ညွှန်းသလောက်လည်းမဟုတ်ပါဘူးကွာ'
ကင်းကောင်က သူ့မူပိုင်သွားစွယ်လေးတွေမြင်ရသည်အထိ နှစ်နှစ်ခြိုက်ခြိုက်ပြုံးရင်း ခနဲ့သည်မို့ ဒေါသက ထွက်လာရပြန်ပြီ။
ဒီကောင်က သူ့ကို ဒေါသမထွက်ထွက်အောင် လုပ်နိုင်သည့်ကောင်။

'မိုးည မင်း ဇွန်ဖူးကို တကယ်ကြိုက်ရင်လိုက်လေကွာ၊ မင်းဟာက အခန်းရှေ့ချောင်းကြည့် ခြေအေးဝမ်းရောင်လုပ်နေတာ၊ မင်းမလိုက်ဘဲ သူက မင်းကိုဘယ်လိုသိပါ့မလဲ'
သီဟစကားကို ချမ်းငြိမ်းကပါ ခေါင်းညိတ်ထောက်ခံသည်။

' ဖိုးကောက် မင်းမမလေးအဆောင်ရှေ့ သီချင်းသွားဆိုကြမလား၊ အနည်းဆုံး​တော့ မင်း သူ့ကိုကြိုက်နေကြောင်း သူသိသွားတာပေါ့'

ကင်းကောင်က ဘာစိတ်ကူးပေါက်လို့ ဒီစကားပြောလဲမသိပေမယ့် သူလည်း သတ္တိလေး တစ်ခါတော့ ရှိချင်လာပြီ။

ဘေးကကောင်တွေကပါ အားပေးအားမြှောက်ပြောလာတာဆိုတော့ သူအားတက်သွားသည်မို့ guitarသွားတီးဖို့ ပထမဆုံးအကြိမ် အားမွေးလိုက်ရသည်။
'အေး အဲ့ဒါဆို ၁၂လမ်းက သီရိမေအဆောင်ကို ဒိုးမယ်ကွာ'
စက်ဘီးကို အဆောင်မှူးမသိအောင်အသာအယာထုတ်ရင်း လမ်းမပေါ်တွန်းလာခဲ့သည်။
လူက ၅ယောက် စက်ဘီးက ၃စီး။

'ငါက တစ်ယောက်တည်းဘဲ စီးတတ်တာနော်၊ ပြီးတော့ ငါ့ဝိတ်ကလည်း သိတဲ့အတိုင်းရယ် စက်ဘီးက လေလည်းသိပ်မရှိဘူး၊၂ယောက်စီးလို့မရဘူး'
မျိုးဇော်ဝင်းက ပြာပြာသလဲပြောရင်း guitarအိတ်ကိုလွယ်ပြီး အမြန်နင်းသွားတော့သည်။

ချမ်းငြိမ်းက ကင်းကောင်နဲ့ တစ်စီး၊ သီဟက သူနဲ့ တစ်စီးသွားမယ်လို့ ထင်ခဲ့ပေမယ့်....
'လာ တက် ဖိုးကောက်၊ ငါနင်းမယ်'
​ပြောပြောဆိုဆို သူ့လက်က စက်ဘီးကို အတင်းလုသွားသူက ကင်းကောင်။
သူလည်း ပျာပျာသလဲ guitarကို သိုင်းလွယ်ရင်း နောက်ခုံပေါ် ခြေလွှဲထိုင်လိုက်သည်။
သူ့အရပ်ကလည်း ခြောက်ပေနီးနီးမို့ ကတ္တရာလမ်းနဲ့ ခြေထောက်က သိပ်မလွတ်ချင်။

ကို့ရိုးကားယားဖြစ်နေသည်မို့..ရှေ့ကကင်းကောင်အင်္ကျီကို လက်တစ်ဖက်နဲ့ဆွဲဆုပ်ထားလိုက်ရသည်။
ဆုပ်ကိုင်ထားသည့် အင်္ကျီစလေးကို ကြည့်မိတော့ mint greenအရောင်လေး...
ဒီကောင်က အစိမ်း​ရောင်ကြိုက်သည့်ပုံပင်။
သူ့အင်္ကျီလေးတွေကြည့်ရင် စိမ်းဖျော့ရောင် အစိမ်းရင့်ရောင် စိမ်းပုပ်ရောင် အစိမ်းကိုစုံလို့။

ည၁၀နာရီဝန်းကျင်မို့ လေကလည်း ဖြည်းဖြည်းလေးသာတိုက်ခတ်နေသည်။
ရှေ့က စက်ဘီးနင်းနေတဲ့ ကင်းကောင်ဆီက စီးကရတ်အနံ့ခပ်သင်းသင်းလေးရမိတာကြောင့် ဒီကောင် တစ်နေ့ကို ဘယ်နှလိပ်များသောက်လဲတွေးမိသွားသည်။

ဆေးလိပ်အနံ့ကို ​မကြိုက်ပေမယ့် ဒီကောင်သောက်တဲ့ စီးကရတ်အနံ့ကိုတော့ စိတ်က စွဲစွဲထင်ထင်သဘောကျမိနေတာ ထူးတော့ထူးဆန်းသား။

'ကဲ..ရောက်ပြီ၊ ဆင်းတော့ မင်းခန္ဓာကိုယ်ကြီးကို သယ်ပြီးနင်းလာရတာ လေးလိုက်တာကွာ'

မျက်နှာပေါ် ချွေးစတို့တွဲလဲခိုနေသည့် ကင်းကောင်မျက်နှာက မာကျူရီမီးရောင်ကြောင့် ပိုပြီး ဆွဲဆောင်မှုရှိနေပြန်သည်။
လုပ်နေကြ မျက်ခုံးကိုတွန့်ချိုးလိုက်တာကလည်း ဒီနေ့မှ ပိုကြည့်ကောင်းနေသလိုပင်။
ဆုတောင်းကောင်းလိုက်တဲ့ကောင်။

စိတ်က မနာလိုစွာတွေးမိပေမယ့် လက်ကတော့ လွယ်လာတဲ့ guitarကို ကင်းကောင်လက်ထဲ ထည့်ပေးရင်း ဘေးဘက်မှာ ဝင်ထိုင်လိုက်သည်။
ဘေးမှာထိုင်မိတာနဲ့ စီးကရတ်အနံ့ခပ်သင်းသင်းရလိုက်သည်မို့ သူမသိအောင် အသက်အောင့်ထားလိုက်မိသေးသည်။
ကိုယ့်ကိုကိုယ်တောင် စီးကရတ်များ စွဲလန်းနေလေသလား သံသယတောင်ဝင်ချင်လာသည်။
အုတ်ခုံမှာထိုင်ပြီး ကြိုးညှိနေသည့် လက်ချောင်းရှည်သွယ်သွယ်တွေကိုငေးရင်း ဒီလက်တွေရဲ့အထိအတွေ့က နွေးထွေးနေမလား အေးစက်နေမလား
မဆီမဆိုင် အတွေးကဝင်လာရပြန်ပြီ။

'နေမင်းကွယ်...ညှိုးရင် မိုးညအမှောင်ရိပ်ဝယ် မေရယ် အနမ်းဝေဖြာမယ်..
ကြယ်လေးတွေကို ရှက်ရင် ထွေးပိုက်လို့ထားမယ်..ကြောက်စိတ်တွေ ဖယ်ထားကွယ်...
ရင်ခွင်မှာ နွဲ့ကာ အားကိုးတဲ့သူရယ်
နွေးနွေးထွေးထွေး..ရင်ခုန်တယ်..
မှေးစက်နော်အသည်းဝယ် မောပန်းလို့နွမ်းရင် မောင်လေချော့ကာ သိပ်ပါ့မယ်..အေး..အေ..အေး..အို..
အို..မေရယ် အိပ်တော့ကွယ်...'

'2G Mechanical က ဇွန်မိုးညက ဇွန်ဖူးဝေအတွက် သီချင်းလက်ဆောင်ပေးတာပါဗျို့'
မပြန်ခင် ချမ်းငြိမ်းတို့သီဟတို့ အော်လိုက်တာကြောင့် စက်ဘီးကိုလမ်းမပေါ် တွန်းနေတဲ့ လက်တစ်စုံက စက်ဘီး လက်ကိုင်ကို သတိမဲ့စွာခပ်တင်းတင်းဆုပ်ကိုင်လိုက်မိသည်။

ဒီညမှာ လေပြည်လည်းညှင်းလို့
ပန်းတွေလည်း မွှေးလို့ပေါ့...

Continuer la Lecture

Vous Aimerez Aussi

793K 81.8K 29
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
7K 724 12
main cp - gyujin mini story
495K 27K 18
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
15M 459K 32
"We can't do this." I whisper as our lips re-connect, a tingling fire surging through my body as his hands ravage unexplored lands; my innocence di...