BLANK-ကွက်လပ်

Av MaMa99547

122K 2K 101

ခင်ဗျားကိုမြင်မြင်းချင်းထဲက..လုပ်ချင်တာ Mer

ep1⚠🔞
part-2 ( uni) ⚠🔞
part-2 (zawgyi) ⚠🔞
part-3 (uni)
part-3 ( zawgyi)
part-4 (uni) 🔞⚠
part-4 (zawgyi)🔞⚠
Part-5(uni)⚠
part-5 (zawgyi)⚠
part-6 (uni)⚠
part-6(zawgyi)⚠
part-7(uni)🔞
part-7 (zawgyi)🔞
Part-8 (uni) ⚠
part-8(zawgyi)⚠
Part_9(uni)
part-9(zawgyi)
part-10(uni)
part-10 (zawgyi)
part-11(uni)🔞
part-11(zawgyi)🔞
part-12 (uni) 🔞💖
part-12(zawgyi) 🔞💖
part-13(uni)🔞🔥
part-13(zawgyi)🔞🔥
part-14(uni)
part-14(zawgyi)
part-15(uni)
part-15(zawgyi)
part-16(uni)🔞🔥
part-16(zawgyi)🔞🔥
part-17(zawgyi)
part-18 (uni)
part-18(zawgyi)
part-19 (uni)
part-19(zawgyi)
part-20(uni)♥🔞
part-20(zawgyi)

part-17(uni)

1.6K 84 8
Av MaMa99547

'' လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာစက်
ပိတ်ထားပါတယ်ရှင်.. ''

ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသောဖုန်းထဲမှထို
အဖြေကြောင့်လင်းရှိန်မျက်ခုံးများစုကြုံ့လာရ
တော့၏ ။ မကျေနပ်ရင်ပြောလို့ရတာကို ဒီလူက
။ လင်းရှိန်ဖုန်းကိုခပ်တင်းတင်းဆုပ်ကိုင်ရင်းဘ
ယ်မှာ သွားရှာရမလဲစဥ်းစားရခက်နေသည် ။ သူ
တို့သိခဲ့ကြတဲ့အချိန်က လင်းရှိန်ထိုလူ့အကြောင်း
တွေသိဖို့မလုံလောက်ခဲ့... ။

သူ့အိမ်ကိုလဲသွားရှာပေမဲ့ အမေက သူမနက်ထဲ
ကအိမ်ကထွက်သွားတာ သားငယ်လေးဖုန်းဆက်
မေးကြည့်လေဟုပြောလေသည် ။ သူတို့ကြားက
ပြသနာကပြောပြရင်လဲမကောင်းသောကြောင့်
လင်းရှိန်မှာအောင့်သက်သက်ဖြင့် ဘယ်မှာသွား
ရှာရမလဲဟူသောမေးခွန်းကိုပဲတွေးကာ ရွာလည်
နေရသည် ။

ထိုစဥ် လက်ထဲကဖုန်းမြည်သံကြောင့် ဟိုလူများ
လားဟုကြည့်လိုက်မိပေမဲ့ မဟုတ် ။

''ဟယ်လို ဒါဒါပြော.. ''

'' ကိုညီ... ကိုဒီယံရှင်းနဲ့တွေ့ပြီးပြီလား ..''

'' ကျစ်! ရှာလို့ကိုမတွေ့သေးဘူး''

'' အယ်.... ဟုတ်လား...  ကိုဒီယံရှင်းကို ကိုကိုကြီး
အိမ်မှာ ဒါဒါတွေ့တယ်... ''

'' သူက ကိုကိုကြီးဆီကိုဘာသွားလုပ်တာလဲ.. ''

'' အဲ့ဒါတော့ ဒါဒါမသိဘူးလေ... ဒါဒါတွေ့လို့
ကိုညီကိုပြောပြတာ.. ''

'' အင်း ဟုတ်ပြီ... ''

ဒီယံရှင်းနဲ့ ကိုကိုကြီးကြားမှာဘာကိစ္စတွေရှိနေ
တာလဲ... ?

.......................................................

'' ဟော... အကိုက ရှင်းခရိိးသွားတာကြာအုံးမယ်
ထင်နေတာ... ''

ကိုစိုင်းက email ဖတ်နေရင်းမှ ရှင်းဘက်ကိုကြည့်ပြီးပြောလာသည်မို့ ပျက်ယွင်းနေသောမျက်နှာကိုထိန်းရင်း

'' ဟုတ်တယ်အကို သိပ်မကြာလိုက်တာ... ''

အကို့အမေးနဲ့ ရှင်းအဖြေဟာ အပ်စပ်ပါရဲ့လား
ဆိုတာ ရှင်းမသိပါ ။ ထိုကိစ္စနှင့် ပက်သက်ပြီးရှင်း
ရင်ထဲ၌ တကယ်ကိုစူးနစ်နာကျင်လွန်းရသည်မ
ဟုတ်လား ။

မျက်နှာ သိပ်မလန်းသော ရှင်းကိုကြည့်ကာစိုင်း
ဝေယံကို ခေါင်းခါလိုက်ရင်း

'' ရှင်းလေး ''

'' ဗျာ... ''

အကိုရဲ့တည်ငြိမ်လွန်းတဲ့ခေါ်သံကြောင့် ရှင်း
အကျီဒီဇိုင်းပုံကိုအာရုံစိုက်ချင်ယောင်ဆောင်
နေရာမှ အကို့ကိုမော့ကြည့်ရတော့၏ ။ အကို့
မျင်ဝန်းများထဲ၌ ညီငယ်လေးတစ်ယောက်၏
ပြသနာကိုဖြေရှင်းပေးတော့မည့် အကိုကြီးတစ်
ယောက်၏ စိတ်ထားကအပြည့်.....။

'' ရှင်းလေးမှာလဲ အပေါင်းအသင်းကသိပ်ရှိတာ
မဟုတ်ဘူး ညီအကိုမောင်နှမဆိုတာလဲ မရှိဘူး
ဒါပေမဲ့ အကို့ကိုတော့ မင်းရဲ့အကိုအရင်းလိုသ
ဘောထားပြီး ပွင့်ပွင့်လင်းလင်းတိုင်ပင်လို့ရပါ
တယ်... အကိုက မင်းမထိခိုက်နိုင်မဲ့နည်းလမ်းမျိုး
ကိုတော့ အကြံပေးနိုင်လိမ့်မယ်ထင်တာပါပဲ... ''

ကိုစိုင်းစကားကိုကြားတော့ ရှင်းမှာ ငိုချင်သည့်
ကလေးကိူ လက်တို့မိလိုက်သလိုမျိုး မျက်ရည်
ကချက်ချင်းလည်လာရ၏ ။ ဟုတ်သည် ရှင်းမှာ
တိုင်ပင်စရာဆို ကိုစိုင်းပဲရှိသည် ။ ရှင်းရဲ့အား
နည်းချက်အများစုကို နားလည်ပေးခဲ့တာရော ၊ ရှင်းတကယ် အကူအညီလိုအပ်နေချိန်မှာ ကာကွယ်ပေးခဲ့တာရောက ကိုစိုင်းပဲ ။ ကိုစိုင်းရဲ့ခြေတောက်တွေပုံမှန်လို မသွားလာနိုင်သေးတာဟာလည်း ရှင်းကြောင့် ။

'' ဟို... ရှင်းလေ... အဟင့်... ''

စကားမဆုံးခင် မျက်ရည်များပျိုကျလာကာအသံ
ထွက်သည်အထိ ငိုချပစ်လိုက်မိတော့သည် ။ လင်းရှိန် သူ့ကိုအကြမ်းပတမ်း ကိုင်ဆောင့်ထားသည့်ကြားမှ လင်းရှိန်အိပ်ပျော်သည်နှင့် ​မှောင်မှောင်မဲမဲထဲ လမ်းလျှောက်ပြီး ကားဂိတ်အထိသွားခဲ့ရ၏ ။အိမ်ရောက်ပြန်တော့လည်း မေမေ
မရိပ်မိအောင်နေခဲ့ရသည်နှင့် ရှင်းတကယ်ကို ပင်ပန်းနေပြီဖြစ်ပါသည် ။ ရှင်းငိုတော့ အကိုက
ပုခုံးလေးကိုဖွဖွပုတ်ပေးလာသည် ။

ရှင်းအကို့ရှေ့ထိုင်ချလိုက်ရင်း အကို့ရင်ခွင်ထဲ
ကိုခေါင်းတိုးဝင်မိတော့ အကိုက ခေါင်းလေးကို
ညင်ညင်သာသာလေးပွတ်သပ်ပေးကာ

'' အကို့ ညီလေးက တကယ်ချစ်တတ်နေပြီပဲကွ
ဟင်... လူတစ်ယောက်အတွက် အသဲကြေမတတ်
နာကျင်နေရပြီဆို အဲ့ဒါအချစ်ပဲရှင်းရဲ့...''

ကိုစိုင်းကအဲ့လိုပြောတော့ ရှင်းခေါင်းကိုအတင်း
ခါပစ်ရင်း

'' ရှင်း သူ့ကိုမချစ်ချင်ဘူး အကိုရဲ့  ....ဟင့်သိလားသူက.. ကောင်မလေးတယောက်နဲ့ ကုတင်ပေါ်မှာ..အီးးးးးဟင့်...ဟင့်... ''

ရှင်းဟာ မကျေနပ်စွာ တိုင်တန်းရင်း ရိူက်ကြီး
တငင်ငိုနေသည်မို့

'' ဟော်ဗျာ...... ဒါပေမဲ့ရှင်းရယ် ကုတင်ပေါ်
ရောက်နေကြတိုင်း သူတို့က ချစ်နေကြတာမှမ
ဟုတ်ပဲ အခုခေတ်က... ''

'' အကိုသိလား အဲ့ကောင်မလေးက အရမ်းလှ
တာ... သူက အင့်... ကျွန်တော်လိုယောက်ကျား
တယောက်ကို အဲ့ကောင်မလေးနဲ့ယှဥ်ပြီးဘယ်
လိုလုပ်ရွေးချယ်မှာလဲ... ''

'' သူကအဲ့လိုပြောလို့လား.... ? .. ဟင်... ''

'' ​ပြောတော့ မပြောဘူးပေါ့ ဒါပေမဲ့ ကျွန်တော်
သိတယ် သူ အဲ့ကလေးမကိုပဲရွေးမှာ...အီးးးး ''

'' ဟာကွာ... ကလေးကျနေတာပဲရှင်းရာ အသဲ
ကွဲလို့ နှပ်ချေးထွက်အောင်အော်ငိုနေတာမင်းပဲ
မြင်ဖူးတယ်... ''

'' အီးးးး အကိုကလည်း... ကျွန်တော်ကတကယ်
ခံစားရတာကို... အဟင့်... ''

'' ဟား...ဟား... အေးပါကွာ... ဟုတ်ပါပြီ... ''

ထိုစဥ် အခန်းထဲကိုလှမ်းဝင်လာသောခြေသံနှင့်
အတူ

'' အရမ်းအဆင်ပြေနေကြတယ်ပေါ့... ''

အသံကြောင့် လှည့်ကြည့်မိတော့

'' ဟင် ညီညီ''

'' လင်းရှိန် ''

ရှင်းနဲ့ကိုစိုင်း ၂ ယောက်လုံးဆီမှ အသံအတူတူ
ထွက်သွားလေခြင်း ။ 

'' ကိုစိုင်းက လင်းရှိန်ကို သိတာလား ''

'' အဲ့ဒါ အကို့ညီလေးလေ... ''

'' ဗျာ... ! ''

ရှင်းဘာဆက်ပြောရမလဲမသိဖြစ်သွားရပြန်၏

''အံ့သြချင်ယောင်ဆောင်တာလား ဒီယံရှင်း ဒါမှ
မဟုတ် သိသိရဲ့နဲ့ အကိုကို မရလို့ ညီကိုချိန်တာ
လား ညီကိုမရလို့ အကိုကိုချိန်တာလား... ''

'' ဘာရယ်! ''

တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းဆိုသလိုမျိုးလင်း
ရှိန်စကားက ရှင်းတို့အတွက်နားထောင်ကောင်း
မနေ ။ ရှင်းလည်း ထွက်ကျလာသော နှပ်ချေး
များကို အင်္ကျီလက်နှင့် ရွီးကနဲ့ ညှစ်သုတ်လိုက်
ရင်း

'' မင်း မမိုက်ရိုင်းနဲ့နော်.... ''

'' ခင်ဗျား ကသိပ်ယဥ်ကျေးချင်စရာကောင်းနေ
တယ်များ ထင်နေသလား ''

ရှင်းမျက်လုံးများက ရော လင်းရှိန်၏မျက်လုံးများကပါ မလျော့သော စူးရဲမူများဖြင့်တစ်ယောက်မှ အကြည့်မလွဲကြ ။

''နေကြပါအုံး... ညီညီနဲ့ ရှင်းလေးနဲ့က ဘယ်လို
သိကြတာလဲ ညီညီကရော ဘယ်တုန်းကပြန်ရောက်တာလဲ  ''

'' အဟက်! ရှင်းလေးတဲ့လား..... ''

ဒါဆို ကိုကိုကြီး ကြိုက်တယ်လို့သတင်းထွက်တဲ့
မော်ဒယ်က ဒီယံရှင်းပေါ့ ။ သူ့ရင်ထဲချဥ်စူးသော
ခံစားချက်ကအလုံးလိုက်ဝင်ရောက်လာရလေ၏

''ကိုကိုကြီးကိုနောက်မှ သက်'' လာတွေ့မယ် သူ့
ကို ကိစ္စရှိလို့ခေါ်သွားမယ်... ''

ပြောပြီးရှင်းလက်ကိုအတင်းလာဆွဲတော့ ဆောင့်
ခါပစ်လိုက်ရင်း

''ဒီမှာပဲပြော စိုင်းညီလင်းရှိန်!  ''

'' သေချာသလား ဒီယံရှင်း ခင်ဗျားနဲ့ကျုပ်နဲ့ကိစ္စ
ကို ကိုကိုကြီးရှေ့မှာ ရှင်းရဲလား... ''

လင်းရှိန်ဆိုတာ အဲ့လိုလူမျိုးပင် ။ သူလိုချင်တာကိုပဲတွေးတတ်ပြီးတော့ ပြောသင့်ရဲ့လား လုပ်
သင့်ရဲ့လားဆိုတာ တွေးမဲ့လူမျိုးမဟုတ် ။ ကိုယ့်ရှူးကိုယ်ပြန်ပက်သလိုမဖြစ်စေရန် ရှင်းကပဲ လိုက်သွားဖို့ဖြစ်လာရ၏ ။

'' ဟို.. ကိုစိုင်း ကျွန်တော် ခဏလိုက်သွားလိုက်
မယ်..  '

''ဟင်! အေးအေး.. စိတ်လိုက်မာန်ပါမလုပ်ကြနဲ့''

လင်းရှိန်လည်း စိတ်မရှည်ပဲ ထိုလူ့လက်ကိုဆွဲကာ
ခြံပြင်သို့ထွက်ခဲ့လိုက်တော့၏ ။ ထိုလူကလည်း
အိမ်ထဲကနေသာ ​ကြည်ကြည်ဖြူဖြူလိုက်ခဲ့တာ
ခြံပြင်ရောက်တော့ လင်းရှိန်ကိုင်ထားသည့်သူ့
လက်များကိုအတင်းရုန်းကန်လေသည်...  ။

''မင်းပြောစရာရှိတာ ဒီမှာပဲပြော.. ''

'' ခင်ဗျားနဲ့ ကိုကိုကြီးကဘယ်လိုပက်သက်တာ
လဲ... ''

'' မင်းနဲ့မဆိုင်ဘူး... ''

ဆိုတော့က ပက်သက်နေကြသည်ပေါ့... ။

'' ဆိုင်ဆိုင်မဆိုင်ဆိုင် ကျုပ်မေးရင်ဖြေရမယ်
ဒီယံရှင်း ခင်ဗျားတို့ကဘာတွေလဲ... ''

လင်းရှိန်က ဒေါသတကြီးအော်ကာ ရှင်းပုခုံး
ကိုပါကိုင်လူပ်လာသည်မို့ ရှင်းသူ့ကိုစူးစူးရဲရဲ
စိုက်ကြည့်ပစ်လိုက်ရင်း

'' မင်းနဲ့ငါရဲ့ ပက်သက်မူကအဲ့လိုတွေပြောပြရ
လောက်တဲ့အထိလိုအပ်တယ်များထင်နေသလား
စိုင်းညီလင်းရှိန်....  မင်းနဲ့ငါက ဘာမှမဆိုင်ဘူးသိ
ရဲ့လား... ငါ့ဘဝကိုဘာလုပ်မယ်ဆိုတာငါကိုယ်
တိုင်ဆုံးဖြတ်နိုင်သလို ဘယ်သူနဲ့ပက်သက်မယ်
မပက်သက်ဘူးဆိုတာလည်း ငါကိုယ်တိုင်ပဲဆုံး.
ဖြတ်မှာ... အခု ငါမင်းနဲ့မပက်သက်တော့ဘူး ..
နားလည်လား ''

'' ဪ ဆိုတော့ ကိုကိုကြီးနဲ့ပဲ ပက်သက်မယ်
ပေါ့... ခင်ဗျားသေချာစဥ်းစားစမ်းပါ.. ကိုကိုကြီး
လဲမိန်းမရဖူးတဲ့ကောင်ပါ ကျုပ်ကမှ ကောင်မ
လေးနဲ့ အိပ်ဖူးရုံလေး ပြီးတော့ ကိုကိုကြီးကခြေ
တောက်မကောင်းဘူး ကျုပ်ကတော့အကုန်ကောင်းတော့ ခင်ဗျားကို နတ်ပြည်ရောက်အောင်လိုးပေးနိုင်တယ်လေ... ''

'' မင်း!''

ခွပ်!!

ရှင်းရဲ့သည်းခံနိုင်စွမ်းဟာ ဟိုးအစွန်းအဆုံးထိ
ကိုရောက်သွားခဲ့ပြီဖြစ်သည်  ။ ဒီယောက်ကျား
မျက်လုံးထဲမှာ ရှင်းဟာအဲ့လိုလူမျိုးဖြစ်နေသည်
တဲ့လား...။

'' ငါမင်းကိုရွံသထက်ရွံသွားပြီ စိုင်းညီလင်းရှိန်
မင်းအမြင်မှာ ငါကအဲ့လောက်တောင်တန်ဖိုးမဲ့
သလား ဟမ်.... အေး ဟုတ်မှာပေါ့ စစတွေ့ထဲ
ကမင်းလိုးသမျှခံလာရတဲ့ကောင်ဆိုတော့ မင်း
သိထားရမှာက ငါ့မှာလည်း ငါ့မာနဲ့ငါရှိတယ်.. 
မင်းကူညီထားတဲ့ဟာနဲ့တန်တဲ့အရာကိုလဲငါမင်း
ကိုပေးပြီးပြီ

ငါတို့နှစ်ယောက်ရဲ့ရေစက်ကို ဒီမှာပဲဖြတ်လိုက်
ကြတာပေါ့ ငါ ကိုစိုင်းဝေယံကိုဆီလာနေတယ်
ဆိုတာလည်း အလုပ်သဘောအရပဲ ပြီးတော့ငါ
သေမလိုဖြစ်နေတဲ့ အချိန်မှာ ကူညီဖူးတဲ့သူမို့လာ
ပြီး သတင်းမေးရုံပဲ မင်းထင်သလို ငါဖင်လာခံ
နေတာ မဟုတ်ဘူး ... အခု မင်းအကိုဆိုတော့
အကို့ကို အားနာပေမဲ့ ငါလုံးဝထပ်ပြီးပက်သက်
မှာမဟုတ်ဘူး စိတ်ချ''

ပြောပြီးရှင်းကျနေတဲ့မျက်ရည်တွေကိုပွတ်သုပ်
လိုက်ရင်းထိုနေရာမှပြေးထွက်ခဲ့လိုက်တော့၏
စိုင်းညီလင်းရှိန်ဆိုသောယောက်ကျားသည် ရှင်း
၏အသဲနှလုံးအကြိမ်အကြိမ်ချေမွပစ်နိုင်သူပဲ ။

လင်းရှိန်သည်လည်း တသိမ့်သိမ့်ငိုရိုက်ကာပြေး
ထွက်သွားသော ကျောပြင်​ကိုတားဆီးနိုင်စွမ်းမ
ရှိပဲ ရှင်းအားနှင့်ထိုးချသွားသော မျက်နှာတစ်
ခြမ်းကိုလက်ဖြင့်စမ်းကြည့်ရင်း ဒါဟာအိမ်မက်
မဟုတ်ဘူးဆိုတာကို သတိထားမိသည်နှင့်စိုးရိမ်
စိတ်က လိူက်တက်လာရလေတော့၏ ။

..................................................

ကြက်ဟင်းခါးသီးလေးပဲဆက်တိုက်စားကြ
ပါအုံး... လင်းရှိန်ကို ခွပ်ခနဲ့ထိုးချပေးလိုက်
တယ်နော် 🙁 စာဖတ်သူလေးတွေရဲ့ cm လေး
တွေလာတော့ grass က ကျေနပ်မိပါရဲ့..လိမ်
မာရင် ခင်ဗျားလေးတို့အတွက်ချည်းပဲမို့ ပုံမှန်
ဖတ်စောင့်ဖတ်ပေးတဲ့လူလေးတွေပြည့်သွားတာ
နဲ့ နောက်တစ်ပိုင်းနဲ့အတူပြန်လာခဲ့ပါမယ်နော်😘🖤

Fortsett å les

You'll Also Like

8.2K 935 15
~ ئەگەر ئەمشەو من دڵخۆش بکەیت وە خۆتم بەتەواوەتی پێببەخشیت ئەوا لێرە ڕزگارت ئەکەم و لەگەڵ خۆم ئەتبەم ~ خانمان بەڕێزان داوای لێبووردن ئەکەم بەڵام...
1.6M 97.9K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3M 193K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
612K 63.9K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...