သာယာတဲ့ညနေခင်းမှာ လေပြင်းလေညှင်းများတိုက်ခတ်နေခဲ့ပြီး ဆောင်းဟွန်းတစ်ယောက်သစ်ပင်အောက်မှာပုံထိုင်ဆွဲနေခဲ့ချိန် ကြားလိုက်ရတဲ့ဂျောင်ဝန်းအသံကြောင့်လှည့်ကြည့်လိုက်ကာ
"ငါအရက်တစ်ဝိုင်းဒကာခံမယ်ဒီနေ့"
"ရေးးးဂျောင်ဝန်းကငါတို့ကိုဝယ်ကျွေးမယ်တဲ့"
"ငါဒီနေ့သဘောကောင်းနေလို့နော်"
"ထီထိုးရမယ့်ကိန်းရှိတယ်" ဆိုပြီးပြောရင်းနိုက်ကလပ်ကိုအတူတူထွက်သွားကြတာပေါ့...။
"အရက်?မဖြစ်ဘူး အန္တရာယ်ရှိတယ်" ဆိုပြီးစာအုပ်ကိုပစ်ချပြီး ဖိနပ်တောင်မဝတ်နိုင်တော့ပဲဂျောင်ဝန်းအနောက်ကိုပြေးလိုက်တော့တယ်...။
ဂျောင်ဝန်းအသံနောက်ကိုလိုက်သွားပြီး နိုက်ကလပ်ရှေ့ရောက်တော့ ဆောင်းဟွန်းတစ်ယောက်ဂျောင်ဝန်းလက်ကိုဆွဲလိုက်ကာ
"မသွားနဲ့မကောင်းဘူး" ဆိုပြီးပြောတော့ဂျောင်ဝန်းသူငယ်ချင်းတွေလညကြောင်သွား၍
"ဘယ်သူလဲအဲ့ဒါက?"
"ဟိုနေ့ကတစ်ယောက်မဟုတ်ဘူးလား?"
"ဘယ်လိုရောက်လာပြန်တာလဲ?"
"စိတ်ပူလို့လိုက်လာတာ အရက်သေစာကသောက်တိုင်းမကောင်းဘူးရောဂါရမယ် ပြီးတော့ခလေးအတွက်လည်းမကောင်းဘူး"
"ဦးလေးကြီး ကျွန်တော်ကအသက်ပြည့်ပြီးသားပါ ဖယ်ပါ" ဆိုပြီးလက်ကိုဖယ်ထုတ်ပလိုက်တာပေါ့...။
ဆောင်းဟွန်းကမျက်နှာငယ်လေးနဲ့ခေါင်းကိုငုတ်လိုက်ကာချမ်းပြီးတုန်လည်းတုန်နေ၍ ဂျောင်ဝန်းကငုံကြည့်လိုက်တော့ဆောင်းဟွန်းကဖိနပ်တောင်မပါတာကိုမြင်သွားတော့ စိတ်မကောင်းဖြစ်သွားတော့တယ်...။
"ဟေ့ရောင်ဘာလုပ်မှာလဲ?"
"အေးလေအဲ့မှာပဲရပ်နေတော့မှာလား?"
"ရော့ပိုက်ဆံ" ဆိုပြီးလက်ထဲပိုက်ဆံထည့်ပေးလိုက်ကာ
"ငါမလိုက်တော့ဘူး မင်းတို့ပဲသွားတော့"
"ဟာမင်းကလည်း"
"နောက်မှလိုက်တော့မယ်" ဆိုပြီးပြောလိုက်တော့ဆောင်းဟွန်းတစ်ယောက်ပျော်သွားတော့တယ်...။
"မမိုက်ဘူးကွာ"
"အေးလေ" ဆိုပြီးပြောကြရင်းဂျောင်ဝန်းသူငယ်ချင်းတွေလည်းနိုက်ကလပ်ထဲဝင်သွားကြပြီး
"ဖိနပ်ကဘာလို့မစီးလာတာလဲ?ပြီးတော့ဘယ်လိုသိပြီးလိုက်လာတာတုန်း?"
"ခလေးကိုစိတ်ပူလို့ပါ ဟိုနားကသစ်ပင်အောက်မှာပုံထိုင်ဆွဲရင်းအသံကြားလိုက်လို့"
"ကဲထားတော့ အဲ့ဆိုလည်းကျွန်တော်ပြန်တော့မယ်ပုံဆက်ဆွဲနေလိုက်ပါ" ဆိုပြီးထွက်သွားတော့လည်းဆောင်းဟွန်းကအနောက်ကနေလိုက်လာပြန်ရောပေါ့...။
"ဘာလို့လိုက်လာပြန်တာတုန်း?ကျွန်တော်အခုဘယ်မှာမသွားတော့ဘူးလေ"
"စိတ်ပူလို့"
"အဲ့ဖိနပ်ချွတ်ကြီးနဲ့အခုလိုက်လာမှာပေါ့?"
"ရပါတယ် ကိုယ့်ကိုစိတ်မပူပါနဲ့နေနေကျမို့"
"နေနေကျ?ချမ်းပြီးတုန်နေတာကိုများ ခြေထောက်ကလည်းတစ်ခုနဲ့တစ်ခုထပ်နေပြီ" ဆိုပြီးပြောတော့ဆောင်းဟွန်းလည်းငုံကြည့်လိုက်ကာ
"ဟာ ငါစိတ်ထားကလည်းအမြဲကိုနူးညံ့နေတော့တာပဲ" ဆိုပြီးလက်ကိုဆွဲသွားပြီး
"သွားမယ်ဖိနပ်ဆိုင်" ဆိုပြီးဈေးကြီးတဲ့ဖိနပ်ဆိုင်ကိုဆွဲခေါ်သွားတော့
"ဟင့်အင်း အဲ့ဖိနပ်ဆိုင်"
"ဟမ်?"
"ဟိုကိုသွားရအောင် ဟိုမှာအော်ရောင်းနေတယ်" ဆိုပြီးဂျောင်ဝန်းကိုဈေးပေါပေါနဲ့ချရောင်းနေတဲ့ဖိနပ်ဆိုင်ကိုပြန်ဆွဲခေါ်သွားတော့တယ်...။
ရှေးဟောင်းဆိုင်ဖြစ်တာကြောင့် ဖိနပ်တွေကအကုန်လုံးခေတ်ဟောင်းဖိနပ်အမျိုးအစားတွေကြီးပဲပေါ့...။
"တစ်ရံမှ၂၀၀၀နော်တစ်ရံမှ၂၀၀၀"
"ဘာကြီးလဲ?ဒါက?" ဆိုပြီးစိတ်ပျက်စွာကြည့်နေကာဆောင်းဟွန်းကတော့စိတ်ကြိုက်ကိုရွေးနေပြီး
"ဒီဖိနပ်လေးစမ်းစီးကြည့်လို့ရမလားဗျ?"
"ရတယ်ရတယ် စမ်းဝတ်ကြည့်အေးဆေးစိတ်ကြိုက်သာရွေး"
"ဟုတ်ကဲ့ဗျ" ဆိုပြီးဝတ်ကြည့်လိုက်ကာသဘောတွေကျနေ၍
"စစ်ဖိနပ်ကောရှိလားဗျ?"
"ရှိပါ့ ရှိပါ့ဒီမှာမောင်လေး" ဆိုပြီးပေးလိုက်တော့ထပ်ဝတ်ကြည့်ပြန်တော့တယ်...။
ဂျောင်ဝန်းတစ်ယောက်စိတ်ညစ်နေကာ
"ဘာလုပ်နေတာလဲ?ဦးလေးကြီး" ဆိုပြီးအနားကိုတိုးတိုးလေးကပ်ပြောတော့
"ခလေးကိုစမ်းစီးကြည့်မလား?" ဆိုပြီးအတင်းစီးခိုင်းပေမဲ့ ဂျောင်ဝန်းကတော့ခပ်ဝေးဝေးမှာပဲနေပြီး
"ရတယ်မလိုဘူး ဦးလေးကြီးသာမြန်မြန်ရွေးပါ"
"အော်အော်" ဆိုပြီးဆက်ရွေးနေရင်း ဦးထုပ်တစ်ခုကိုလက်နဲ့ကိုင်မိသွား၍
"ဒါကဦးထုပ်လားဗျ?"
"ဟုတ်တယ်မောင်လေး ယုန်နားရွက်ဦးထုပ်"
"ဒါကော၂၀၀၀ပဲလားဗျ?"
"ကြိုက်တာယူနှစ်ထောင်ပဲမောင်လေး"
ဆိုပြီးပြောတော့ ဆောင်းဟွန်းတစ်ယောက်ဂျောင်ဝန်းလက်ကိုအတင်းဆွဲပြီးဆောင်းပေးလိုက်တာပေါ့...။
"ဘာလုပ်တာလဲ?" ဆိုပြီးချွတ်မလို့လုပ်တုန်း
"လိုက်တယ်ကောင်လေးရဲ့ချစ်စရာလေးပါ ဦးထုပ်လေးကတော့ပိုင်ရှင်တွေ့သွားပြီထင်တယ်"
"တော်တော်ချစ်ဖို့ကောင်းမှာပဲ သေချာမမြင်ရပေမဲ့ချွတ်ချင်ရင်ချွတ်လိုက်ပါ"
ဆိုပြီးဦးထုပ်ကိုပြန်တောင်းတော့
ဂျောင်ဝန်းလည်းစိတ်မကောင်းဖြစ်သွားပြီး
"အရှေ့ကနေအဲ့လိုစကားခံနေမှာတော့ဘယ်သူကချွတ်ရက်တော့မှာလဲ?" ဆိုပြီးပြောလိုက်တော့ဆောင်းဟွန်းလည်းကြိတ်ပြုံးလိုက်၍ ဖိနပ်ပဲဆက်ရွေးနေတော့တယ်...။
စိတ်ကြိုက်ရွေးပြီးစစ်ဖိနပ်တစ်စုံရလာ၍ ဆောင်းဟွန်းတစ်ယောက်ပျော်နေတော့တာပေါ့...။
"ဒါနဲ့ ဘာလို့?အဲ့လိုမျိုးဖိနပ်ကိုကြိုက်တာလဲ?"
"စစ်သားဆိုတဲ့စကားလုံးကိုအရမ်းသဘောကျလို့"
"နေပါဦး အခုတလောကောဘာလို့မလာတော့တာလဲ?ဘာလဲမုအွန်လိုက်ပြီလား?"
"အော်?ဘာပြောတာ?"
"မုအွန်တာကိုမသိဘူးလား?" ဆိုပြီးမေးတော့ဆောင်းဟွန်းကခေါင်းကိုကုတ်နေကာ
"အင်္ဂလိပ်ဆိုတာကိုကောသိလား?" ဆိုပြီးမေးပြန်တော့လည်းဆောင်းဟွန်းကခေါင်းခါပြန်တော့တယ်...။
"တကယ်ကိုအချိန်ခရီးသွားလာတဲ့လူကြီးကျနေတာပဲ မုအွန်ဆိုတာကကိုယ်သဘောကျတဲ့သူကိုဆက်မကြိုက်တော့ဖို့ဆုံးဖြတ်ချက်ချလိုက်တာကိုပြောတာ"
"အော်..."
"ဦးလေးကြီးကျွန်တော်ကိုဆက်သဘောမကျတော့ဘူးလားလို့မေးတာ"
"တခြားသူကိုချစ်နေရရင်ကိုပျော်နေပြီးကိုယ်နဲ့နေရတာကိုစိတ်ပျက်နေမှတော့ မရှိတော့တဲ့အပြုံးတွေကိုကြည့်ပြီးကိုယ်လည်းပျော်မနေနိုင်တော့ဘူးလေ"
"ဦးလေးကြီး ကဗျာဆရာလုပ်သင့်တယ်"
"...."
"နောက်တာပါ ဦးလေးကြီးခံစားချက်ကိုတကယ်နားလည်ပါတယ်ကျွန်တော့်တုန်းကလည်းအဲ့တိုင်းပဲမို့သူမှာရည်းစားရှိမှန်းသိနေရက်နဲ့ကိုလာအသုံးချတိုင်းလက်ခံမိနေဆဲ တစ်ချက်ပြုံးပြလိုက်တာနဲ့မကြိုက်ဖို့ဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်တွေကမြူမှုန်စလိုပျောက်ကွယ်သွားခဲ့တယ်"
"တကယ်တော့ဟိုနေ့ကခလေးသူနဲ့ထွက်သွားတာကိုမြင်လိုက်ပါတယ် ဒါကြောင့်ပြန်သွားတာပါ"
"မြင်လိုက်တယ်?ဧကန္တအခန်းရှေ့မှာလာရပ်စောင့်နေတဲ့နေ့တုန်းကလား?"
"အော်"
"တကယ်တော့ဦးလေးကြီးဆီလာတာပါ ဒါပေမဲ့ခေါ်သွားတော့"
"တော်တော်သဘောကျနေတဲ့ပုံပဲ"
"ကျွန်တော့်အပေါ်အရမ်းကောင်းပေးတယ်ကြင်နာတယ်နူးညံ့တယ်ဒါပေမဲ့သူကမိန်းကလေးပဲစိတ်ဝင်စားတာ"
"အော်...အဆင်ပြေသွားမှာပါ"
"ပြေမယ်လို့တော့မျှော်လင့်ပါတယ်ဒါနဲ့ဦးလေးကြီးကအိမ်ပြန်မှာမလား?"
"ခလေးကိုလိုက်ပို့ပြီးမှပြန်မှာ"
"ဖိနပ်ကဝတ်ရအဆင်ပြေလား?"
"အော်ပြေတယ် သဘောကျတယ်"
"ဒါနဲ့ဦးလေးကြီးကဘာလို့ခေတ်ဟောင်းဆန်နေတာလဲဟင်?ဒီတိုင်းသိချင်လို့ပါ အရင်ကတည်းကအဲ့လိုပဲလားဘယ်လိုလဲဆိုတာ"
"အချိန်တန်ရင်ပြောပြပါ့မယ်" ဆိုပြီးပြောနေချိန်အဆောင်ကိုရောက်သွားတာပေါ့...။
"ရောက်ပြီ"
"အော် ဒါဆိုကောင်းသောညချမ်းလေးကိုပိုင်ဆိုင်ရပါစေရွှေအိပ်မက်ငွေအိပ်မက်တွေမက်ပါစေ"
"ပေးတဲ့ဆုနဲ့ပြည့်ချင်ပါတယ်"
"ဒါဆိုပြန်ပြီ" ဆိုပြီးအိမ်ပြန်မလို့လုပ်တုန်းအနောက်ကိုပြန်လှည့်လာကာ ဂျောင်ဝန်းမျက်နှာနားကြီးကပ်လာတော့ ဂျောင်ဝန်းလည်းအနောက်ကိုနည်းနည်းဆုတ်သွားတော့တယ်...။
"ဘာလဲ?ဘာဖြစ်လို့လဲ?"
"နှုတ်ဆက်နေကျပုံစံတစ်ခုရှိတယ် အဲ့ဒီဟာကိုလုပ်လို့ရမလား?"
"နှုတ်ဆက်နေကျပုံစံ?"
"အော်"
"ဘယ်လိုမျိုးလဲ?" ဆိုပြီးမေးနေချိန်ပဲဆောင်းဟွန်းတစ်ယောက်မျက်နှာကိုစမ်းလိုက်၍နှုတ်ခမ်းနားလေးကိုနမ်းလိုက်တာပေါ့...။
ဂျောင်ဝန်းတစ်ယောက်မျက်လုံးပြူးသွားပြီးလန့်သွားကာ
"ဒီလိုမျိုးလေ"
"...."
"ဒါဆိုပြန်ပြီနော် မနက်ဖြန်ကျလာခဲ့မယ်" ဆိုပြီးအိမ်ကိုပြန်သွားတာပေါ့...။
"အခုဘာလုပ်သွားတာလဲ?" ဆိုပြီးနှုတ်ခမ်းနားလေးကိုကိုင်ပြီးကြောင်တောင်တောင်နဲ့ကျန်ခဲ့တော့တယ်...။
နောက်တစ်နေ့ရောက်တော့ ဆောင်းဟွန်းကဂျောင်ဝန်းအခန်းဆီကိုရောက်လာပြီး ဂျောင်ဝန်းကဂါဝူးနဲ့စကားပြောနေတာပေါ့...။
"ကောင်းသောမနက်ခင်းလေးပါ"
"အော်?ဦး"
"ဟိုင်းဦးလေးကြီး"
"အမယ်တည့်နေကြပြီပေါ့အခုတော့"
"ဒီနေ့ကစပြီးဂျောင်ဝန်းကိုလက်မလျှော့ပဲလိုက်တော့မလို့ အခုခေတ်စကားနဲ့ဆိုပိုးပန်းတော့မယ်" ဆိုပြီးပြောလိုက်တော့ ဂျောင်ဝန်းတစ်ယောက်ချောင်းတွေထဆိုးပြီး
"နင်တကယ်ကံကောင်းချက်" ဆိုပြီးတွန်းလိုက်ကာဆောင်းဟွန်းကသူ့အိတ်ကပ်ထဲကကျူးလစ်ပန်းလေးကိုနားပေါ်ပန်ပေးလိုက်တော့တယ်...။
ထိုမြင်ကွင်းကိုဂျောင်ဝန်းကြိုက်နေတဲ့တစ်ယောက်ကအဝေးကနေခိုးကြည့်နေခဲ့ပြီး ဂျောင်ဝန်းကရှက်နေခဲ့တာပေါ့...။
"ဦးတို့တွဲလိုက်ကြပါတော့လား?အရမ်းကိုလိုက်ဖက်လွန်းနေပြီ"
"ရားးလီဂါဝူး"
"အမယ်အမယ်ရှက်နေပြီးတော့များ မျက်နှာကိုနီရဲလို့"
"ရားးး"
"ဟုတ်လား?ချစ်ဖို့ကောင်းနေမှာပဲ" ဆိုပြီးပြောနေကြတော့တယ်...။
နောက်ပိုင်းနှစ်ယောက်သားကရင်းနှီးလာကြပြီး ဆောင်းဟွန်းကနေ့တိုင်းဂျောင်ဝန်းဆီလာခဲ့ကာ ကျောင်းပိတ်ရက်ဖြစ်တဲ့စနေနေ့ကျတော့ အဆောင်မှူးကကျောင်းသား/သူတွေကိုခေါ်ဆုံးမနေချိန် ဆောင်းဟွန်းတစ်ယောက်တိတ်တိတ်လေးရောက်လာတာပေါ့...။
ဂျောင်ဝန်းကမြင်သွားပြီးအဆောင်မှူးကဟိုဘက်လှည့်မလို့လုပ်တော့အရှေ့ကနေခုန်ဆွခုန်ဆွနဲ့ကွယ်နေကာ
"အဆောင်မှူးအရမ်းချောနေတယ်နော်"
"ဘာလို့အရှေ့ကနေခုန်ဆွခုန်ဆွလုပ်နေတာတုန်း?"
"ဟိုဟာ ဟို အော်ဟိုမှာလင်းငှက်ကြီး" ဆိုပြီးခေါင်မိုးပေါ်လက်ညိုးထိုးပြတော့
"လင်းငှက်?" ဆိုပြီးလှည့်ကြည့်လိုက်၍
"ကျွန်တော့်အခန်းထဲကိုဝင်သွား" ဆိုပြီးတိုးတိုးလေးကပ်ပြောလိုက်ပြီးသူ့အခန်းဆီဆောင်းဟွန်းကိုတွန်းလိုက်ကာ ဆောင်းဟွန်းလည်းကြောင်တောင်တောင်နဲ့ဝင်သွားတော့တယ်...။
"ဘယ်မှာတုန်း?"
"အော် ပျံသွားပြီထင်တယ်"
"ယန်းဂျောင်ဝန်း" ဆိုပြီးလေသံမာမာနဲ့ခေါ်လိုက်တော့ဂျောင်ဝန်းလည်းဒူးတွေတုန်နေကာ အသံငယ်လေးဖြင့်
"ဗျာ?"
"ဆူစရာမရှိအောင်ဘာလို့နေတာလဲ?တကယ်ပါပဲ
ကဲကဲအထဲဝင်တော့" ဆိုပြီးပြောလိုက်တော့ ဂျောင်ဝန်းလည်းအသက်ရှူချောင်သွားပြီးအခန်းထဲပြေးဝင်သွားတာပေါ့...။
"ဘယ်လိုရောက်လာပြန်တာလဲ?" ဆိုပြီးလေသံမာမာနဲ့ပြောလိုက်ကာ
"လွမ်းလို့လာတွေ့တာ ပြီးတော့ချောကလတ်ခလေးကြိုက်လောက်တယ်ထင်လို့ဝယ်လာတာ" ဆိုပြီးချောကလတ်ဘူးကိုလက်ထဲကိုင်ထားပြီးခေါင်းလေးငုတ်နေတော့ ဂျောင်ဝန်းကလက်ထဲကချောကလတ်ဘူးကိုယူလိုက်တော့တယ်...။
"ယူပြီးပြီမို့မြန်မြန်ပြန်ပါတော့နော့် ကျောင်းဖွင့်ရက်မှလာတွေ့ အဆောင်မှူးကစည်းကမ်းအရမ်းတင်းကြပ်လို့"
"မသိလို့ပါ တောင်းပန်ပါတယ်"
"ရပါတယ်"
"တကယ်တောင်းပန်ပါတယ်နော်စိတ်မဆိုးပါနဲ့"
"ရတယ်လို့ပြန်တော့နော့်"
"ချစ်တယ်"
"အော်အော်သိတယ်"
"ပြီးတော့" ဆိုပြီးပြောနေချိန်ပဲဂျောင်ဝန်းအခန်းဆီအဆောင်မှူးကရောက်လာပြီး တံခါးကိုခေါက်လိုက်တာပေါ့...။
"ဂျောင်ဝန်း ဂျောင်ဝန်းရေ" ဆိုပြီးခေါ်နေတော့
"သေရော အဲ့ကြောင့်မြန်မြန်ပြန်ပါလို့ပြောတာကို" ဆိုပြီးတိုးတိုးလေးပြောလိုက်ပြီး ဆောင်းဟွန်းလက်ကိုကိုင်လိုက်ကာ အိပ်ရာပေါ်မြန်မြန်ပစ်ချလိုက်တော့တယ်...။
"ဂျောင်ဝန်း ယန်းဂျောင်ဝန်းငါဝင်လာတော့မှာနော်" ဆိုပြီးစိတ်တိုလာတဲ့အသံနဲ့ပြောတော့ ကျောင်ဝန်တစ်ယောက်မတတ်နိုင်တဲ့အဆုံးဆောင်းဟွန်းအပေါ်ကိုတက်ပြီးစောင်ကိုခြုံလိုက်တာပေါ့...။
ဆောင်းဟွန်းကဂျောင်ဝန်းအသက်ရှူသံကိုနီးနီးကပ်ကပ်ကြားနေရပြီး နှစ်ယောက်မျက်နှာကအလွန်နီးကပ်နေခဲ့၍ ဆောင်းဟွန်းရင်ခုန်သံကလည်းကျယ်လောင်နေခဲ့တော့တယ်...။
ဝေးတေးဝါးတားနဲ့သေချာမမြင်ရတော့ မေးချင်စိတ်တွေများလာပြီး
"ခလေးအခုဘာလုပ်-" ဆိုပြီးမေးမလို့လုပ်တုန်း အဆောင်မှူးကဝင်လာကာဂျောင်ဝန်းကဆောင်းဟွန်းပါးစပ်ကိုလက်နဲ့အုပ်လိုက်၍ ဆောင်းဟွန်းရင်ခွင်မှာခေါင်းကိုချပြီးလှဲလိုက်တာပေါ့...။
ဆောင်းဟွန်းတစ်ယောက်ရင်ဘတ်ကြီးပေါက်ကွဲမတတ်မြန်လာပြီးနှစ်ယောက်လုံးအသက်ရှူသံတွေလည်းမြန်နေကာ
"အိပ်နေတာလားဂျောင်ဝန်း?" ဆိုပြီးအသက်ရှူသံပြင်းပြင်းကိုကြားတော့
"အော်အိပ်နေတာပဲ နေမကောင်းဘူးထင်တယ်" ဆိုပြီးအခန်းထဲကနေပြန်ထွက်သွားတော့တယ်...။
ဂျောင်ဝန်းလည်းသက်ပြင်းချလိုက်ကာ ထလည်းထလိုက်ကော ဆောင်းဟွန်းပါးတွေကနီရဲနေခဲ့တော့ဂျောင်ဝန်းလည်းစောင်ကိုဖယ်လိုက်၍ကုန်းရုန်းထလိုက်တော့တာပေါ့...။
ဆောင်းဟွန်းလည်းထထိုင်လိုက်ပြီး
"ခု-န-က" ဆိုပြီးစကားတွေထစ်ငေါ့နေကာ
"ဦးလေးကြီးပါးတွေရဲနေပြီ"
"အော်?" ဆိုပြီးသူ့ပါးသူပြန်ကိုင်ကြည့်လိုက်၍
"တော်တော်ကြီးလား?"
"ရင်ခုန်သံတွေလည်းအရမ်းမြန်နေခဲ့တာပေါက်ကွဲပြီးထင်နေတာ အဲ့ကြောင့်မြန်မြန်ပြန်ဖို့ပြောသားပဲ"
"တောင်းပန်ပါတယ်"
"ထားတော့ အခုတော့ပြန်တော့"
"အော် ပြန်မှာပါ"
"အဆောင်မှူးအခုဆိုအပေါ်ထပ်တက်သွားလောက်ပြီ"
"အော်အော်"
"ချောကလတ်အတွက်ကျေးဇူးပါ လာတွေ့ပေးတာကောပဲ" ဆိုပြီးပြောလိုက်တော့ဆောင်းဟွန်းလည်းပျော်သွားပြီးအိမ်ကိုပြန်သွားတော့တယ်...။