ဂျောင်ဟျွန်း သီချင်းသံလေးညည်းကာ အိမ်ထဲဝင်လာသည်တွင် ဧည့်ခန်းမှာထိုင်နေတဲ့ အမေနဲ့ တိုးလေရော
"ဘာတွေပျော်နေတာလဲ မွန်းဂျောင်"
မွန်းဂျောင် အမေဖြစ်သူနားသွားထိုင်ကာ
"မား သား ဒီတစ်ခါစာမေးပွဲအဆင့်တက်လာတော့မယ်သိလား"
"အမလေး ဘိတ်ချေးကနေ ဘိတ်ချေးရှေ့က နေရာကိုလား"
"အာ မားကလဲ စော်ကားလိုက်တာ ဘာပဲဖြစ်ဖြစ် အဆင့်တိုးလာမှာပါဆို"
"အိုက်ဂူး ဂျောင်ဟျွန်းရယ် စကားနဲ့မဟုတ်ပဲ အလုပ်နဲ့သက်သေပြ"
"ပြမှာ ပြမှာ"
"သွား အခု အဝတ်အစားသွားလဲတော့"
ဂျောင်ဟျွန်း အခန်းထဲဝင်တာနဲ့ လွယ်အိတ်ချ ယွန်းဆောကို တန်းဖုန်းဆက်ဖို့လုပ်ပေမယ့် ဒီချိန်စာလုပ်နေလောက်မယ်ထင်လို့ မဆက်ဖြစ်ပဲ စာပဲပို့လိုက်တော့တယ်
"ငါပြန်ရောက်ပြီ"
ထင်တဲ့အတိုင်း စာလုပ်နေတာဖြစ်မယ် စာဝင်မဖတ်ဘူး
ဂျောင်ဟျွန်း ယွန်းဆောပေးထားတဲ့ မှတ်စုတွေကနေ စာသေချာပြန်လုပ်ရင်း "သူ့အတွက်" ဆိုတဲ့ ဒိုင်ယာရီစာအုပ်လေးကိုယူကာ
*ခိုအာလာလေး ချစ်တယ်နော် ခနပဲစောင့် ငါမင်းကို ဖွင့်ပြောတော့မှာ*
...
ယွန်းဆောမနေ့ညကျ စာလုပ်ပြီးတာနဲ့ တန်းအိပ်ပျော်သွားတာ အခုမှဖုန်းကြည့်မိတော့ ဂျောင်ဟျွန်းကစာတွေပို့ထားတာပဲ
8:36 p.m
"ငါပြန်ရောက်ပြီ"
11:14 p.m
"အိပ်ပျော်သွားတာလား goodnight နော် မနက်မှတွေ့မယ်"
7:03 a.m
"Gooooood morning "
ပို့ထားတဲ့စာတွေကို ယွန်းဆောဖတ်ရင်း ပြုံးပါပြုံးမိတယ် ဂျောင်ဟျွန်းက သူစာမဝင်ဖတ်တာတောင် ဇွဲမလျှော့ဘူးပဲ
"Morning ငါမနေ့ကအိပ်ပျော်သွားလို့လေ ကျောင်းရောက်မှတွေ့မယ်"
ခနကြာတော့ ဂျောင်ဟျွန်းကစာပြန်တယ်
"မောနင်းပါနော်"
ဖုန်းကိုပိတ်လိုက်ပြီး ယွန်းဆော ရေမိုးချိုးကာ ကျောင်းသွားဖို့ အဆင်သင့်ပြင်လိုက်တယ်
"မိုချာ ငါသွားတော့မယ်နော်"
မိုချာကတော့ "ဝုတ်" ဆိုတဲ့အသံသာပြုပြီး ပြန်အိပ်သွားလေရဲ့
"ဆောလေး သားပြီးပြီလား မနက်စာလာစားလေ"
ယွန်းဆော မနေ့ကကိစ္စလည်းရှိသေးသည်မလို့ ငြင်းလိုက်ရင် သူမကောင်းရာကျသွားမယ်မလား
"ဂျီယွန်းဆော ကျောင်းမှာ သူငယ်ချင်းအသစ်တွေရနေတာလား"
အမေ နဲ့ အဖေက အများကြီးကွာတယ် အမေက ယွန်းဆောကို အမြဲ ဆောလေး ဆိုပြီးခေါ်ပေမယ့် အဖေက အမြဲ မျိုးရိုးနာမည်ပါတပ်ပြီးခေါ်တယ်လေ
"နည်းနည်းပါ"
"လူမိုက်တွေနဲ့ပေါင်းမနေနဲ့နော် ဂျီယွန်းဆော"
"ကျတော့် သူငယ်ချင်းတွေက လူမိုက်တွေမဟုတ်ပါဘူး"
ယွန်းဆော စကားအဆုံး တိတ်ဆိတ်သွားတဲ့ သူတို့မိသားစု ထမင်းဝိုင်း ယွန်းဆောအဖေ ထသွားတာနဲ့ ယွန်းဆောလဲ မစားတော့ဘဲ ကျောင်းကို ထွက်သွားတော့တယ်
....
"မား သားကျောင်းသွားပြီ ထမင်းဘူးရော"
"အမလေး ဒီမှာပါရှင် အရင်တုန်းကျတော့ ယူသွားပါဆိုတာတောင် အလုပ်ရှုပ်တယ်ဆိုပြီး အခုကျတော့ ဘယ်လိုတွေဖြစ်"
"မားလက်ရာက စားလို့ကောင်းလို့လေ"
"အမလေး ကျောင်းမှာ ဘယ်သူ့ကိုကျွေးနေတာလဲ မှန်မှန်ပြောနော်"
"ဘယ်သူ့ကိုမှမကျွေးပါဘူးဆို"
"သူ့ကိုမလား"
"မဟုတ်ပါဘူးဆို မားကလဲ"
ဂျောင်ဟျွန်း ရှက်လာတာကြောင့် နားရွက်တွေပါနီရဲလာတာမလို့ အမေဖြစ်သူမှာဆက်မစတော့ဘဲ
"ကဲ ကျောင်းသွားတော့"
"ဟုတ် ကျောင်းသွားလိုက်ပါဦးမယ်"
ဂျောင်ဟျွန်း အိမ်ကထွက် ဘတ်စ်ကားဂိတ်မှာ ကားစောင့်တုန်း သူတို့အခန်းက ကျောင်းသားသစ် ဆွန်းအွန်းနဲ့တွေ့တယ်
"အယ် မင်း မွန်းဂျောင်ဟျွန်း ဟုတ်တယ်မလား"
"မင်းက ဒီနားမှာနေတာလား"
"ဟုတ်တယ်လေ ငါ့အိမ်က ဟိုဘက်ရပ်ကွက်မှာ"
"ငါ့အိမ်နဲ့ ဆန့်ကျင်ဘက်ပဲ"
"ဘတ်စ်ကားဂိတ်တော့တူပါတယ်"
နှစ်ယောက်လုံးပြိုင်တူရယ်လိုက်တယ်
"ဆွန်းအွန်း"
"အွန်း"
"မင်း ယွန်းဆောနဲ့ အတူထိုင်ရတာ ဘယ်လိုလဲ"
"ယွန်းဆောလား သူက ချစ်စရာလေးပါ နည်းနည်းအနေအေးတာကလွဲရင် နည်းနည်းတော့မဟုတ်ဘူး များများပေါ့"
"သူကတစ်ကယ်ချစ်စရာလေးနော်"
"ဘာလဲ မင်းကြိုက်လို့လား"
"ဟင်"
"မဟုတ်ပါဘူး ငါက ဒီအတိူင်းပြောလိုက်တာပါ ဘာလို့အတည်ကြီးထင်သွားရတာလဲ"
ဂျောင်ဟျွန်း လုပ်ပြုံးတစ်ခု လုပ်ယူလိုက်ပြီး
"ငါကနည်းနည်းကြောင်သွားလို့ပါ"
သူတို့ကြား ေလထုက ခြောက်သွေ့လာတာမလို့ ကားမြန်မြန်လာပါစေလို့ပဲ ဂျောင်ဟျွန်းဆုတောင်းနေမိတယ်
...
ဂျောင်ဟျွန်း အခန်းထဲဝင်တာနဲ့ ယွန်းဆောကိုရှာကြည့်တော့ တစ်ကောင့်သားက ရှိမနေဘူး
"မရောက်သေးတာများလား"
ဟျောင်းဝန်းကိုတော့ တွေ့ပေမယ့် ယွန်းဆောကို မတွေ့လို့ နည်းနည်းစိတ်ပူမိသွားသည် မဟုတ်မှ အိမ်မှာ အဆူခံနေရတာများလား
"ဂျိီယွန်း"
ဟျောင်းဝန်း အသံကြားလို့ ဂျောင်ဟျွန်းလှည့်ကြည့်လိုက်တော့ မျက်မှန်လေးတပ်ထားပြီး အခန်းထဲဝင်လာတဲ့ ယွန်းဆော
*ဂျီယွန်းဆော စောက်ရမ်းချစ်ဖို့ကောင်းတာပဲ*
ဂျောင်ဟျွန်းစိတ်ထဲကနေ တိတ်တဆိတ်ရေရွတ်လိုက်မိတယ်
ဂျောင်ဟျွန်းထိုချိန် တစ်ခုခုကို သတိရသွားဟန် ဖုန်းကိုထုတ်ကာ
"ယွန်းဆော မင်းအရမ်းချစ်ဖို့ကောင်းတယ်"
စာပို့လိုက်ပြီး ယွန်းဆောကိုလှမ်းကြည့်လိုက်တော့ ဖုန်းကိုကြည့်နေရာကနေ ဂျောင်ဟျွန်းကို လှမ်းကြည့်ပြီး
"ငါမျက်မှန်နဲ့လိုက်လား"
"ဒါပေါ့ သေချာပေါက်ပဲ"
"ဒါမဲ့ ငါကမျက်မှန်တပ်ရတာမကြိုက်ဘူး"
"မင်းက ဘယ်လိုနေနေချစ်ဖို့ကောင်းတာ မျက်မှန်တပ်ထားသည်ဖြစ်စေ မတပ်ထားသည်ဖြစ်စေ"
ဂျောင်ဟျွန်းပို့တဲ့စာကို ဖတ်ပြီး ယွန်းဆော ပြုံးမိသွားတယ် ထိုအပြုံးကို သေချာပေါက် ယွန်းဆောကို ကြည့်နေတဲ့ ဂျောင်ဟျွန်းလဲမြင်လိုက်တာပေါ့
"ဂျောင်ဟျွန်း နေ့လည်ကျ ငါတို့ရဲ့ လျှို့ဝှက်နေရာကိုလာခဲ့ဦး"
"အိုကေ"
ဂျီယွန်းဆောတို့ ဖုန်းထဲနစ်ဝင်နေတာများ ဘေးနားက ဆွန်းအွန်း နဲ့ ဟျောင်းဝန်းတို့စိုက်ကြည့်နေတာတောင်မသိတဲ့အထိ
ဟျောင်းဝန်း -"ဟျောင့် ဂျီယွန်း ဘာတွေပြုံးနေတာလဲ"
ယွန်းဆော -"ငါပြုံးမိလို့လား"
မျက်နှာသေကြီးနဲ့ပြန်ဖြေတဲ့ယွန်းဆောက ခုနကပုံစံနဲ့အကွာကြီး
ဆွန်းအွန်း-"ယွန်းဆောကမပြုံးပါဘူး ပါးစပ်နားရွက်ချိတ်မတတ်ပဲဖြစ်နေတာ"
ယွန်းဆော-"ဆွန်းအွန်းမင်းနော်"
ယွန်းဆောနည်းတူ ဂျောင်ဟျွန်းကိုလဲ သူ့သူငယ်ချင်းတွေလဲ ဂျောင်ဟျွန်းကို ဝိုင်းစနေကြတယ်ဆိုတာ ယွန်းဆောသိမှာလား