ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပ...

By MelMoRii

131K 19.7K 510

စာရေးသူ : အားချင်အားချင် အမျိုးအစား : romance,yaoi,Amnesia,possessive,M preg I own nothing. This is belongs t... More

Description
Chapter 1: Part 1
Chapter 1 : Part 2
Chapter 1 : Part 3
Chapter 2 : Part 1
Chapter 2 : Part 2
Chapter 2 : Part 3
Chapter 3 : Part 1
Chapter 3 : Part 2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10 : Part 1
Chapter 10 : Part 2
Chapter 11
Chapter 12.1
Chapter 12.2
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22 + 23
Chapter 24.1
Chapter 24.2
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 35

Chapter 34

1.2K 246 10
By MelMoRii



ဟန်ကျီခွင်းသည် Apple Live နှစ်ပတ်လည်အခမ်းအနားမှ ပြန်လာကာ ညဥ့်နက်သန်းခေါင်တိုင်အောင် သူမကြာခဏ ပျော်ပါးလေ့ရှိသော ဖျော်ဖြေရေးကလပ်ဆီ သွားလိုက်သည်။ထိုကလပ်မှာ ညလုံးပေါက်နေကျင့်မရှိတာကြောင့် မိုးသောက်ခါနီးတော့ သူပြန်လာခဲ့လိုက်၏။

သိန်းရာကျော်တန် ဇိမ်ခံကားကို အိမ်သို့မောင်းပြန်လာကာ မြို့လယ်ခေါင်က ၁၅၀ စတုရန်းမီတာကျယ်ဝန်းသည့် သူ၏ အိမ်အကြီးကြီးကိုကြည့်လိုက်သည်။ စူးယိရန်နှင့် သူ့အိမ်သားဖြစ်သူက ၁သိန်းလောက်တောင်မတန်သည့် ကားစုတ်လေးကို မောင်းနေရတာကို တွေးမိတော့ သူအူမြူးသွား၏။

ကံကြမ္မာဆိုတာ အလှည့်အပြောင်းရှိသည်ပင်။

ဟန်ကျီခွင်း စိတ်အေးလက်အေးဖြစ်သွားကာ ပေါ့ပေါ့ပါးပါး သီချင်းတချို့ဖွင့်ရင်း ဝိုင်နီတစ်ပုလင်းဖောက်လိုက်သည်။ သီချင်းလေးနားထောင်လိုက်၊ ဝိုင်လေးသောက်လိုက်ဖြင့် စံစားကာ အထက်တန်းစားလောကထဲ ခြေချလိုက်ရသည့် အောင်နိုင်သူဘဝမျိုး၏ ခံစားချက်မျိုးကို မွေ့လျော်နေလိုက်သည်။

ဝိုင်နီတစ်ခွက်သောက်ပြီးနောက် သူ ဖန်ခွက်ကိုချကာ သီချင်းပိတ်၍ သက်တောင့်သက်သာအိပ်စက်ဖို့ အသင့်ပြင်လိုက်သည်။

တဖြည်းဖြည်းနှင့် သူပိုပိုပြီး အိပ်ငိုက်လာကာ အိမ်မက်ကမ္ဘာထဲ ရောက်ရှိတော့မည်ကြံခါရှိသေး ရုတ်တရက် စူးရှသောဖုန်းမြည်သံက မနက်ခင်းဝေလီဝေလင်းမှာ မြည်ဟီးလာသည်။ အိပ်မောကျတော့မည့်ဟန်ကျီခွင်းမှာ ရုတ်တရက်လန့်နိုးလာပြီး ဒေါသက ငယ်ထိပ်ဆောင့်တက်လာသည်။ သူမျက်လုံးမှိတ်ရင်း ဖုန်းကိုစိတ်မရှည်စွာ ကိုင်ကာ ဖုန်းချပစ်လိုက်၏။

သို့သော်လည်း ဖုန်းဟာ ရပ်မသွား။ သူဖုန်းချပြီး သိပ်မကြာခင် ထပ်မြည်ဟီးလာပြန်သည်။ဟန်ကျီခွင်း သူ့ကိုယ်မနည်းကုန်းရုန်းထ,ကာ ဖုန်းကိုကြည့်လိုက်တော့ ဝေ့ဟွာဘဏ္ဍာရေးက သူ၏ အမှုဆောင်သူငယ်ချင်းဖြစ်နေတာကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူဒေါသတွေကို မြိုသိပ်ရင်း ဖုန်းဖြေလိုက် သည်။

"ဟယ်လို သာ့မင်?"

သာ့မင်က တစ်ဖက်ကနေ တုန်လှုပ်ခြောက်ခြားနေသောအသံဖြင့် အမြန်ပြောလာ၏။

"မင်း ရုတ်တရက်ကြီး ကုယွမ်းထင်ကို ကုမ္ပဏီမှာ စစ်ဆေးကြည့်ခိုင်းခဲ့တာ ဘာလုပ်ဖို့လဲ"

ဟန်ကျီခွင်းမှာ သာ့မင်ပြောတာကို နားမလည်ချေ။

"မင်းပဲ စစ်ဆေးကြည့်ပြီးလို့ အဲ့လိုလူ ကုမ္ပဏီမှာမရှိဘူးလို့ ငါ့ကိုပြောထားတာမလား။ဘာကိစ္စ မိုးမလင်းခင်ကြီး ဖုန်းဆက်ပြီး မေးနေရတာလဲ"

"ငါအမှားလုပ်မိတာ!"

သာ့မင်အသံက နောင်တတို့ဖြင့်ပြည့်နေသည်။

"ငါ ဝန်ထမ်းစာရင်းရဖို့ HR ဋ္ဌာနကအကြီးအကဲကို မေးခဲ့တာ။ငါ စစ်ဆေးကြည့်တာ အဲ့လိုလူမရှိပေမဲ့ သိပ်မကြာခင်က ငါတို့ကုမ္ပဏီကို ကုမျိုးရိုးနဲ့ ဥက္ကဋ္ဌတစ်ယောက်က ဝယ်ခဲ့တာ။ အဲ့ဒီဥက္ကဋ္ဌကုက ခပ်လျိုလျိုနေလွန်းတယ်။ ငါခုလေးမှ သိလိုက်ရတာက အဲ့ဥက္ကဋ္ဌနာမည်က ကုယွမ်းထင်တဲ့ကွ!"

ထိုနေ့က တစ်ခုခုမကောင်းတာလုပ်တော့မလို ဟန်ကျီခွင်း၏ လေသံအကြောင်းတွေးမိတော့ သာ့မင်မှာ ချက်ချင်းပင် တုန်လှုပ်လာရင်း

"မင်းငါ့ကို စစ်ဆေးကြည့်ခိုင်းခဲ့တာ ဘာလုပ်ချင်နေတာလဲ။ ငါပြောလိုက်မယ်။ အဲ့ဒီဥက္ကဋ္ဌကုက မရိုးရှင်းဘူး။မင်းငါ့ကို ပါဝင်ပတ်သက်စေလို့မရဘူး။ ငါဒီနေရာကို ခက်ခက်ခဲခဲနဲ့ လှမ်းလာခဲ့ရတာ။ မင်းကြောင့် ရှုပ်ထွေးပတ်သက်မှုတွေ မရှိချင်ဘူး"

ဟန်ကျီခွင်းမှာ သာ့မင်၏ ပထမစကားလုံးကိုသာ ကြားလိုက်ကာ သူ့ဦးနှောက်က မိုက်ခနဲဖြစ်သွားပြီး ကြောင်အမ်းသွားတော့သည်။

ကမ္ဘာ့ထပ်တန်း ကုမ္ပဏီ ၅၀၀ ထဲက တစ်ခုကို ပိုင်တာက ? ဘယ်သူ ? ကုယွမ်းထင်?

သူ ဖုန်းချပြီးသည့်တိုင် ဦးနှောက်က မလည်ပတ်နိုင်သေးပေ။ သူ့မျက်နှာတစ်ခုလုံး စပ်ဖျဥ်းလောင်ကျွမ်းနေသလိုသာ ခံစားရသည်။ မသိလျှင် ယောင်ကိုင်းနေသလိုဖြစ်ကာ သူ့ဦးနှောက်ကြီးပါ ယောင်ကိုင်းနေသလိုပင်။

နာမည်လည်းတူ မျိုးရိုးလည်းတူ။ နာမည်လည်းတူ မျိုးရိုးလည်းတူ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ်ပြီး......။

ဟန်ကျီခွင်း ဦးနှောက်က ဗြောင်းဆန်နေသည်။ ထိုခဏ၌ ရုတ်တရက်ဖုန်းမြည်ဟီးလာပြန်၏။ သူ၏ ကုမ္ပဏီက ပါတနာတစ်ယောက် ခေါ်တာပင်။ သူ စိတ်ငြိမ်အောင်လုပ်ရင်း ဖုန်းကိုင်လိုက်၏။

"ဟယ်လို ဥက္ကဋ္ဌချန်"

တစ်ဖက်က ဥက္ကဋ္ဌချန်၏ အသံက ထိန်းထားမရသောဒေါသများ ပါဝင်နေလျက်။

"ဟန်ကျီခွင်း မင်း ဘယ်လိုကောင်လဲကွ! ငါတို့ပူးပေါင်းထားတဲ့ အဲ့ဒီနှစ်စဥ်ပရောဂျက်ကို မင်းပြောတော့ စိတ်ချရတယ်ဆိုပြီး အာမတွေခံသွားပြီးတော့ ခုကျ အကုန်သွားပြီကွ!"

ဟန်ကျီခွင်းမှာ ဆိုင်းမဆင့်ဗုံမဆင့်စကားကြောင့် စိတ်ရှုပ်ထွေးသွားကာ စိတ်ထဲမှာ မကောင်းသည့်ခံစားချက်တို့ဖြစ်လာသည်။

"ဥက္ကဋ္ဌချန် ခင်ဗျား ဘာတွေပြောနေတာလဲ။ အဲ့ဒါ ပရောဂျက်ကောင်း မဟုတ်လို့လား"

အနှီအဓိကပရောဂျက်ဟာ သူတို့ကုမ္ပဏီ၏ အနာဂါတ်မှာ ထိပ်တန်းစာရင်းဝင်စေဖို့နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် သော့ချက်ဖြစ်ပြီး ထိပ်တန်းဦးစားပေးပင်ဖြစ်သည်။ သူ ထိုအရာအပေါ်မှာ အများကြီးအားထုတ်ထားရကာ လွန်ခဲ့သည့်နှစ်တွေအတွင်း ကုမ္ပဏီတစ်ခုလုံးက ဤပရောဂျက်အတွက် လုံးဝကို အားထုတ်ကြိုးပမ်းခဲ့ရ၏။

ဥက္ကဋ္ဌချန်ကတော့ သူပြောတာကိုကြားပြီး ပိုဒေါသထွက်လာကာ

"ထုတ်ကုန်မသမာမှုက ပေါ်သွားပြီကွ။ မင်းက ဘာတွေ လာဟန်ဆောင်နေတာလဲ!ယွီထန်နဲ့ ကျားဟွာကတောင် သူတို့ရင်းနှီးငွေတွေကို ညတွင်းချင်း ပြန်ထုတ်နေပြီကွ!"

"ဘာရယ်!"

ဟန်ချီခွင်း ချက်ချင်းထထိုင်မိသွားကာ မျက်နှာကိုသုတ်ရင်း မယုံကြည်နိုင်စွာ မေးလိုက်မိသည်။

"ဘာပြောလိုက်တာ!"

--------------

စူးယိရန်က နောက်တစ်နေ့ မနက်စောစော၌ အိပ်ရာထကာ ပုံမှန်အတိုင်း ဆိုင်ကိုလည်ပတ်ဖို့ အချိုပွဲဆိုင်သို့ သွားလိုက်သည်။

ဆိုင်က ဝန်ထမ်းတွေက သူ့ကိုတွေ့တော့ ဝိုင်းဝန်းဂုဏ်ပြုကြ၏။

"လောင်ပန်...ကွန်ဂရက်ကျူလေးရှင်း ! ! Hot search နံပါတ်ဝမ်း ဝင်တဲ့အတွက်!"

စူးယိရန်က သူတို့၏ ချီးကျူးဂုဏ်ပြုပေးမှုတွေအတွက် တစ်ဦးချင်းစီအား အပြုံးလေးနှင့်အတူ ကျေးဇူးတင်စကားဆိုလိုက်သည်။ မနေ့က hot search နံပါတ်ဝမ်း ဝင်သွားပြီးနောက် "ယိထင်"ဟူသော ရှာဖွေမှုစကားလုံးက hot search မှာရှိနေဆဲပင်။ ပေါ်ပြူလာဖြစ်မှု အချိန်ကန့်သတ်ချက်ကျော်သွားပြီဖြစ်တာမို့ နံပါတ်ဝမ်း မဟုတ်တော့ပြီဆိုပေမဲ့ ထိပ်တန်းစာရင်းထဲမှာတော့ ရှိနေသေးကာ ပြုတ်မကျသေးချေ။

"ယိထင်"အချိုပွဲ ထပ်မံ ပေါက်သွားပြန်လေသည်။

တကယ်တော့ စူးယိရန်သည် သူ့မျက်နှာကို နှစ်ပတ်လည်တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြလိုက်ခြင်း၏ အကျိုးသက်ရောက်မှုက သည်လောက်ကြီးသွားမည်ဟု မထင်ခဲ့ပေ။

အဟမ်း အဟမ်း ဘာပဲဖြစ်ဖြစ်ပါလေ။ဒါက ကောင်းတဲ့အရာပဲဟာ။

စူးယိရန်က မနေ့ညက ဆိုင်မှာ ဟုန်ပေါင်းတွေပေးပြီးပြီဖြစ်တာမို့ သည်နေ့တော့ ဆိုင်ကဝန်ထမ်းတွေ ကြိုက်ရာအချိုပွဲယူစားနိုင်သည်ဟု ကြေငြာပေးလိုက်သည်။ ဝန်ထမ်းအကုန်လုံးမှာ ထိုသတင်းကြားတော့ ပျော်မြူးကာ ဩဘာတွေပေးကုန်တော့သည်။

ခဏမျှ စိတ်လှုပ်ရှားပွက်ပွက်ညံကြပြီးနောက် ဝန်ထမ်းများနှင့် စူးယိရန်မှာ အလုပ်များလာပြန်ကာ ဆိုင်မဖွင့်ခင် ကြိုတင်ပြင်ဆင်ရလေသည်။ ထို့နောက် ဆိုင်ဖွင့်လိုက်လေ၏။

နေ့လည်ခင်း ၂နာရီကျော်တော့ စူးယိရန် အားလပ်သွားကာ ဘာမျှလုပ်စရာ မရှိတော့။ ကျန်းရှောင်ဟုန်နှင့် တခြားလူများက ကျန်သည့်အချိုပွဲတွေ ဆက်လုပ်ကြရာ သူအနားရနေလေသည်။

စူးယိရန်က ရှေ့ကောင်တာသို့ ခပ်ဖြည်းဖြည်း လှည့်လည်သွားရင်း ဧည့်သည်တွေ၏ စိတ်ကျေနပ်မှုအတိုင်းအတာကို သွားမေးဖို့ဟန်ပြင်လိုက်ပေမဲ့ မျက်လုံးက လမ်းချော်သွားကာ ထိုင်နေသည့်လူများကြားမှာ ရင်းနှီးနေသည့်ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။သူ သေချာကြည့်လိုက်မှ မှတ်မိသွားကာ ထိုနေရာသို့ လှမ်းသွားရင်း အပြုံးလေးနှင့် နှုတ်ဆက်လိုက်သည်။

"မစ္စတာလီ"

မစ္စတာလီက ခေါင်းမော့လာကာ စူးယိရန်ကိုမြင်တော့ ပြုံးသည်။

"စူးလောင်ပန်...မင်းဆိုင်ကခုတလောနာမည်ကြီးနေတော့ ငါလည်း ဒီနေ့ ကောင်မလေးကိုခေါ်ပြီး လာခဲ့လိုက်တာ"

သူက မျက်နှာချင်းဆိုင်က မိန်းကလေးနှင့် မိတ်ဆက်ပေးလာသည်။

စူးယိရန်က မိန်းကလေးကို ခေါင်းညိတ်ပြကာ မစ္စတာလီထံ စကားဆိုလိုက်သည်။

"အားပေးလို့ ကျေးဇူးပါဗျာ။ဒီနေ့ ခင်ဗျားကို ဈေးလျော့ပေးပါမယ်"

နှစ်ယောက်သားက အာလာပသလ္လာပအနည်းငယ်ပြောကြပြီးနောက် မစ္စတာလီက ရုတ်တရက်ကြီး သတိရလာကာ မေးလာသည်။

"ဟုတ်သား ငါ ကုလောင်ပန် ကုမ္ပဏီကို လာတာမမြင်မိတာ အတော်ကြာပြီ။ သူအခု ဘဏ္ဍာရေးမှာ မလုပ်တော့ဘူးလား"

စူးယိရန် ထိတ်ခနဲဖြစ်သွားကာ စဥ်းစားမရဖြစ်သွားသည်။

"သူ လုပ်နေတုန်းပါပဲ။ ခင်ဗျားတို့ကုမ္ပဏီမှာ တရားဝင် အလုပ်ဝင်လိုက်ပြီလေ။ မသိလိုက်ဘူးလား"

ထို့နောက်မှ ထပ်တွေးကြည့်လိုက်ပြန်တော့ မစ္စတာလီနှင့် ထင်ကောမှာ တစ်ဋ္ဌာနတည်းဖြစ်သည်။ မသိခြင်းမှာ မဖြစ်နိုင်ပေ။

မစ္စတာလီဟာ ဝေ့ဟွာဘဏ္ဍာရေးမှာ မားကတ်တင်းဋ္ဌာန၏ ခေါင်းဆောင်ဖြစ်ကာ ပရောဂျက်အဖွဲ့တစ်ခု၏ ခေါင်းဆောင်လည်းဖြစ်သည်။ ယခင်က ကုယွမ်းထင်အား ဝေ့ဟွာဘဏ္ဍာရေးမှာ အချိန်ပိုင်း အမည်ခံအတိုင်ပင်ခံလုပ်ဖို့ ခန့်အပ်ခဲ့သူမှာလည်း မစ္စတာလီသာပင်။

ကုယွမ်းထင် ဝေ့ဟွာဘဏ္ဍာရေးမှာ တရားဝင် ဝင်ရောက်ပြီး သိပ်မကြာခင်မှာပင် သူဟာ မားကတ်တင်းဋ္ဌာန၏ ဒါရိုက်တာအဆင့်သို့ တန်းခုန်တက်သွားခဲ့တာဖြစ်သည်။

မစ္စတာလီက ထင်ကောကို ဘယ်လိုလုပ် တစ်ခါမှ မမြင်မိရတာတဲ့လဲ။

မစ္စတာလီသည်လည်း လန့်သွားကာ စူးယိရန်အား သံသယဖြင့်ကြည့်လာသည်။

"တရားဝင် ဝင်လိုက်တာလား"

စူးယိရန်မှာ ရင်ထဲက မသက်မသာဖြစ်မှုကို ခံစားနေရရင်း ဖြေလိုက်၏။

"ဟုတ်တယ် ခင်ဗျားတို့ကုမ္ပဏီက မားကတ်တင်းဋ္ဌာနမှာ တရားဝင် ဝင်နေတာ နည်းနည်းတောင်ကြာပြီ"

မစ္စတာလီမှာ ပို၍ပင် ပဟေဋ္ဌိဖြစ်လာ၏။

"မင်းအမှတ်များမှားနေလား။ ငါ ကုမ္ပဏီမှာလုပ်တာကြာပြီ။မားကတ်တင်းဋ္ဌာနက အပေါ်ထပ်နဲ့အောက်ထပ်ပဲရှိတာ။ဒါပေမဲ့ ငါတစ်ခါမှ သူ့ကိုမမြင်မိဘူး။ငါကဖြင့် ကုလောင်ပန် ကုမ္ပဏီမှာရော အမည်ခံအတိုင်ပင်ခံရော မလုပ်တော့ဘူးထင်နေတာ"

စူးယိရန် နှလုံးသားမှာ အေးစက်သွားရင်း ဟန်ကျီခွင်း မနေ့ကပြောခဲ့တာကို အမှတ်ရသွားသည်။

သူမေးလိုက်၏။

"ခင်ဗျားတို့ကုမ္ပဏီက ခုတလော D နိုင်ငံကိုလွှတ်ရမဲ့ activities တွေများ ရှိလား"

မစ္စတာလီက ခေါင်းခါယမ်းကာ

"မရှိဘူး"

စူးယိရန်မှာ မစ္စတာလီ၏ စကားကိုကြားတော့ အားတင်းပြုံးလိုက်ရသည်။

"ကြည့်ရတာ ကျွန်တော် အမှတ်မှားတာနေမယ်"

မစ္စတာလီသည်လည်း တစ်စုံတစ်ရာကို ခံစားမိသွားကာ အနည်းငယ်နေရခက်သွားသည်မို့ စကားများများစားစားမပြောတော့။စူးယိရန်ကလည်း အနောက်ဘက်ခန်းမှာ လုပ်စရာလေးရှိလို့ဟူသော ဆင်ခြေဖြင့် နှစ်ယောက်သား ရည်ရည်မွန်မွန်စကားဆိုကာ စူးယိရန်က ဆိုင်အနောက်ခန်းထဲ ပြန်ဝင်လာခဲ့လိုက်သည်။

သူ မသိစိတ်အရ ဖုန်းကိုကောက်ကိုင်ကာ ကုယွမ်းထင်ကိုခေါ်ဖို့ ဟန်ပြင်လိုက်သည်။

ဖုန်းနံပါတ်နှိပ်မည့်အကွက်ထဲရောက်၍ ထိပ်ဆုံးက ထင်ကော ဟူသောနာမည်ကိုမြင်လိုက်ရချိန် သူ ထပ်မံတုံ့ဆိုင်းသွားကာ ဖုန်းကို ငူငူငိုင်ငိုင်ဖြင့် ချလိုက်ပြန်သည်။

မနေ့က သူ ထင်ကောကို မေးခဲ့ပြီးပြီ။ ထင်ကောက မဟုတ်ဘူး ဟု ပြောခဲ့သည်။

"ကိုယ်မင်းကို မလိမ်ဘူး။ ကိုယ်က ဝေ့ဟွာမှာ တကယ်ပဲ ဝန်ထမ်းတစ်ယောက်ပါ"

စူးယိရန် ဖုန်းကိုကိုင်ထားရင်း ငူငူငိုင်ငိုင်ကြီး ဖြစ်နေကာ နံဘေးက ဝန်ထမ်းဖြစ်သူ သူ့အား စကားပြောနေတာတောင် မကြားချေ။

စူးယိရန်၏ မျက်နှာ သိပ်မကောင်းတာကိုမြင်တော့ ဝန်ထမ်းဖြစ်သူက ပူပန်စွာမေးလာသည်။

"လောင်ပန်...လောင်ပန်...ဘာဖြစ်တာလဲ"

အကြိမ်ရေအနည်းငယ်မျှ အခေါ်ခံရပြီးနောက်မှာမှ စူးယိရန် အသိပြန်ဝင်လာကာ အားတင်းပြုံးလိုက်ရသည်။

"ဘာမှမဖြစ်ပါဘူး။ ငါအပြင်မှာ လုပ်စရာလေးရှိသေးလို့။ မင်းတို့ဆိုင်မှာပဲနေလိုက်ကြဦး"

ဝန်ထမ်းက အမြန်အဆန်ပင် သဘောတူလာသည်။

"ကောင်းပါပြီ...လောင်ပန် သွားပါ။ မသက်မသာခံစားရရင် ဆေးရုံတစ်ချက်လောက်သွားပြလိုက်တာ ကောင်းမယ်နော်။ ဆိုင်ကတော့ ကျွန်မတို့နဲ့သာ လွှဲထားလိုက်"

စူးယိရန်က ဆိုင်ကနေ ထွက်လာကာ ဝေ့ဟွာဘဏ္ဍာရေးဆီ တန်းမောင်းသွားလိုက်သည်။

မစ္စတာလီပြောတာကို ကျိန်းသေယုံလို့မရပေမဲ့ ခင်ရုံမင်ရုံလောက်ရှိသော မစ္စတာလီက သူ့ကိုလှည့်စားဖို့ ဒီကိစ္စကို အသုံးချရမည့် အကြောင်းပြချက်တစ်စုံတစ်ရာကိုလည်း သူစဥ်းစားမရချေ။

ဒါဖြင့် ထင်ကောကရော။

မစ္စတာလီကသာ သူ့ကိုမလိမ်ခဲ့ပါလျှင်...

ကုယွမ်းထင်....သူ့ကိုလိမ်စရာ ဘာအကြောင်းများရှိပါသနည်း။

စူးယိရန် ဝေ့ဟွာဘဏ္ဍာရေးသို့ ရောက်ရှိလာခဲ့လေပြီ။

ဝေ့ဟွာဘဏ္ဍာရေးက ဧည့်ကြိုကောင်တာက အလွန်ခမ်းနားထည်ဝါကာ နေရာကျယ်ဝန်းသည်။ကုယွမ်းထင် သည်နေရာမှာ အမည်ခံအတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် အချိန်ပိုင်းလုပ်ခဲ့စဥ်က သူတစ်ခါလာဖူးသည်။ သို့ငြား အထဲမရောက်ဖူးချေ။အပြင်မှာစောင့်ကာ ကုယွမ်းထင်ကို လာကြိုဖူးတာပဲရှိသည်။

စူးယိရန်က ကုမ္ပဏီ၏ ဧည့်ကြိုကောင်တာထံ တန်းသွားလိုက်သည်။ ဧည့်ကြိုကောင်တာက မိန်းကလေးနှစ်ယောက်က သူ့ကိုမြင်တော့ မျက်ဝန်းတွေလင်းလက်သွားကြကာ

"မင်္ဂလာပါရှင့် ဘာများကူညီပေးရမလဲ"

စူးယိရန်က ပြောလိုက်သည်။

"မင်္ဂလာပါ။ ကျွန်တော် မင်းတို့ကုမ္ပဏီရဲ့ မားကတ်တင်းဋ္ဌာနက လူတစ်ယောက်ကို ရှာချင်လို့ပါ။ ကုယွမ်းထင်တဲ့။ ကျွန်တော့်အမျိုးသားပါ"

သူက ထပ်ဖြည့်ပြောလိုက်ပြန်၏။

"သူ့ဖုန်းက ဘတ္ထရီကုန်သွားတာဖြစ်မယ်။ ဖုန်းပိတ်သွားပြီး ဆက်သွယ်လို့မရဘူး။ ကျွန်တော် သူ့ကိုရှာဖို့အလျင်လိုနေလို့ပါ"

လက်စသတ်တော့ သူတို့က လက်ထပ်ပြီးသားတွေကိုး။

မိန်းကလေးနှစ်ယောက်က နှမျောဝမ်းနည်းစွာဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ မိန်းကလေးတစ်ယောက်က ပြောလာ၏။

"ကောင်းပါပြီ။ လူကြီးမင်းရဲ့ အိုင်ဒီကတ်လေး တစ်ချက်ပြပါ"

သူတို့ဆီကို မိသားစုဝင် သို့မဟုတ် မိတ်ဆွေသူငယ်ချင်းများဟာ ဝန်ထမ်းတွေကို ရံဖန်ရံခါ လာရှာတတ်ကြသည်ပင်။

စူးယိရန်က သူ့အိုင်ဒီကတ်ကိုပေးလိုက်တော့ မိန်းကလေးက သူ့နာမည်နှင့် အိုင်ဒီကို ကွန်ပြူတာပေါ်က သက်ဆိုင်ရာဖောင်မှာ ဖြည့်ကာ တစ်ခြားမိန်းကလေးကတော့ စူးယိရန်ဖြည့်ရမည့် ဧည့်တွေ့ဖောင်ကို ကမ်းပေးလာသည်။

စူးယိရန်က ဖောင်မှာဖြည့်ပြီး သူမထံ ပြန်ကမ်းပေးလိုက်သည်။ မိန်းကလေးက ကုမ္ပဏီက မားကတ်တင်းဋ္ဌာနက ရုံးတွင်းဖုန်းလိုင်းကိုခေါ်လိုက်၏။

စူးယိရန်သည် မိန်းကလေးဘက်မှ "အင်း အင်း"ဟု နှစ်ခါမျှပြောသံကိုကြားလိုက်ရကာ သူ့အားထူးဆန်းသောအကြည့်တို့ဖြင့် ကြည့်လာတာကို ခံလိုက်ရသည်။

သူ့နှလုံးသားက ဒိတ်ခနဲဆောင့်ခုန်သွား၏။

မိန်းကလေးက ဖုန်းချကာ သူ့အား ပျက်ယွင်းနေသောမျက်နှာဖြင့်ကြည့်လာရင်း

"ကျွန်မတို့ ကုမ္ပဏီရဲ့မားကတ်တင်းဋ္ဌာနမှာ ကုယွမ်းထင်ဆိုတဲ့နာမည်နဲ့ ဝန်ထမ်းလုံးဝ မရှိပါဘူး။ သေချာမေးပြီးပါပြီ"

သူမက စူးယိရန်ကို ကြည့်လိုက်တော့ တကယ်ပင်ချောလှသည်မို့ စိတ်ပျော့သွားကာ အိုင်ဒီကတ်ကိုပြန်ပေးရင်းဖြင့်

"ရှင် နေရာမှားရှာမိတာလား။ လိပ်စာအမှားကြီးကိုများ မှတ်ထားမိတာလား။ ဒီက ကျွန်မတို့ကုမ္ပဏီက ဝေ့ဟွာဘဏ္ဍာရေးပါ။ ရှင့်အမျိုးသား ကုမ္ပဏီက အဲ့နာမည်မဟုတ်ဘူးထင်တယ်"

စူးယိရန်သည် အေးစက်သွားကာ အိုင်ဒီကတ်ကို ကြောင်အမ်းအမ်းပြန်ယူလိုက်သည်။ သူ့စိတ်က ရှုပ်ထွေးနေကာ မိန်းကလေး ဘာမေးလိုက်မှန်း သေချာမကြားရတော့။ သူ ဘာမှန်းညာမှန်း ခွဲခြားမရသည့် နှာသံတစ်ချက်သာ အသံပြုကာ လှည့်ထွက်လာခဲ့လိုက်တော့သည်။

အပူပေးစနစ်တပ်ထားသည့် ကုမ္ပဏီထဲက ထွက်လာပြီး အပြင်ဘက်က လေအေးတိုက်ခံလိုက်ရချိန် သူအနည်းငယ်နိုးကြားသွားကာ ဘေးဘီဝဲယာကို ဗလာသက်သက်မျက်လုံးများဖြင့် ဝေ့ကြည့်လိုက်သည်။

သူဘယ်သွားရမည်မှန်း မသိတော့ပါချေ။

စူးယိရန်မှာ ဘယ်ဘက်သို့ ကြုံသလိုလျှောက်သွားကာ ကုမ္ပဏီနှင့် မလှမ်းမကမ်းက ရင်ပြင်တစ်ခုဆီ လှမ်းသွားလိုက်သည်။ သူ ချောင်ကျသည့်ထောင့်နားမှာရပ်ကာ နံရံကိုကျောမှီထားရင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့ ကောင်းကင်ကြီးက မီးခိုးရောင်သန်းနေတာကိုသာ မြင်လိုက်ရသည်။

သူ နံရံကိုကျောမှီရပ်နေရတာ ပင်ပန်းလာ၍ နံရံအောက်နားက အလွန်ကျဥ်းမြောင်းသည့်လှေကားထစ်တွေပေါ်သို့ ကိုယ်လျောကာ ထိုင်ချလိုက်တော့သည်။

ထို့နောက် တစ်ဖန် အေးစက်လာပြန်၏။

သူ သည်တိုင်းထိုင်နေတာ ဘယ်လောက်ကြာသွားလဲမသိရ။မလှမ်းမကမ်းက ကျယ်ပြန့်ကာ လူသွားလူလာရှုပ်နေသော လမ်းမကြီးကိုကြည့်ပြီး သူ့မျက်ဝန်းတွေက အာရုံမရစွာ ငေးနေသည်။

ဖုန်းက ရုတ်တရက်မြည်ဟီးလာသည်။ ယင်းက အထူးသီးသန့်ထားသော ringtone ပင်။

စူးယိရန် လှုပ်ရှားမလာခဲ့။ ဖုန်းလည်းမဖြေချေ။ ခဏကြာတော့ ဖုန်းမြည်သံက တိတ်ကျသွားသည်။

ထို့နောက် ထပ်မြည်လာပြန်၏။

အကြိမ်ပေါင်း ၊အကြိမ်ပေါင်းများစွာ မြည်ဟီးနေဆဲပင်။

Dနိုင်ငံတွင် ကုယွမ်းထင်က ဖုန်းကိုကိုင်ထားရင်း ထပ်ခါတလဲလဲ ခေါ်နေမိကာ အလွန်အမင်း စိုးရိမ်ပူပန်လာလေသည်။

Continue Reading

You'll Also Like

1.6M 109K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
3.2M 133K 59
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
5K 243 24
My newfound obsession💙🖤 I know there are other Gweoff shippers out there, so please unite and don't let this book flop😭♥️
1M 24.8K 44
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...