ကျွန်တော်နဲ့ အင်ပိဒေါကလိ

By minlwinlay

4 0 0

အချစ်ကတော့ ဆွဲအားဖြစ်ပြီး အမုန်းကတော့ တွန်းကန်အား ဖြစ်ပါတယ်တဲ့။ အချစ်ဆိုတဲ့ ဆွဲအားကြောင့် ရှင်သန်ကျပြီး အမုန်... More

ကျွန်တော်နဲ့ အင်ပိဒေါကလိ

4 0 0
By minlwinlay

Unicode

ကျွန်တော်နဲ့ အင်ပိဒေါကလိ
----------------------------------------

မိုးစက်မိုး​ပေါက်တွေ ကမ္ဘာမြေပေါ် တဖွဲဖွဲ ကခုန်နေတဲ့   ညက ကျွန်တော့် အိပ်မက်ထဲကို မုတ်ဆိတ်မွေးနဲ့ လူကြီးတစ်ယောက် ရောက်လာတယ်။

သူက ကုတင်ဘေးမှာ ရပ်ပြီး ကျွန်တော်ကို စိုက်ကြည့်နေပါတယ်။ ရုတ်တရက်မို့ ကျွန်တော်လဲ လန့်ပြီး အော်လိုက်မိတယ်။

"ခင်ဗျ ဘယ်သူလဲ"

"ငါနာမည်က အင်ပိဒေါကလိ (Empedocles)"

မုတ်ဆိတ်​မွေးနဲ့ လူကြီးက အေးတိအေးဆက် လေသံနဲ့ သူ့နာမည်ကိုပြောပြီး ကျွန်တော့် ကုတင်ဘေးက ကုလားထိုင်မှာ ဝင်ထိုင်လိုက်ပါတယ်။

"ငါနာမည်ကို ကြားဘူးတယ်မဟုတ်လား"

ကျွန်တော်က အိပ်နေရာမှ ထထိုင်လိုက်ပြီး ကပျာကယာ ခေါင်းညိတ် ပြလိုက်မိတယ်။

အင်ပိဒေါကလိ(Empedocles)ဆိုတာ ဂရိအတွေးအခေါ်  ပညာရှင်ကြီး တစ်ယောက်ပါ။

သူ့အဆိုအမိန့်တွေထဲမှာ "အချစ်ကြောင့် ရှင်သန်​နေကျပြီး အမုန်းကြောင့် သေကျေပျက်စီးတယ်" ဆိုတာကိုတော့ ကျွန်တော် သဘောကျမိတယ်။

ဒီလို အတွေးအခေါ်  ပညာရှင်ကြီးကို တွေ့လိုက်ရလို့ ပျော်သွားပါတယ်။ ကျွန်တော့် ရင်ထဲမှာ မေးချင်နေတဲ့ မေးခွန်းတစ်ခုလဲ အဆင်သင့်ရှိနေတယ်။

ဒါပေမဲ့ ကျွန်တော် မမေးမိသေးပါဘူး။
ဆရာကြီး အင်ပိဒေါလကိ ပြောတဲ့စကားတွေကိုပဲ နားထောင်နေလိုက်တယ်။

ဆရာကြီးက သူရဲ့ဒဿနဖြစ်တဲ့  Love and Striff ဆိုတဲ့ အကြောင်းကို သေသေချာချာ ရှင်းပြနေတာပါ။ လောကကြီးကို ဓာတ်ကြီးလေးပါးဖြစ်တဲ့ မီး၊ ရေ၊ လေ၊ မြေ စတာတွေနဲ့ ဖွဲ့စည်းထားတယ်။ အချစ်နဲ့ အမုန်း ကတော့ ဓာတ်ကြီးလေးပါးကို ထိန်းကျောင်း ပေးထားတယ်လို့ ဆိုပါတယ်။

အချစ်ကတော့ ဆွဲအားဖြစ်ပြီး အမုန်းကတော့ တွန်းကန်အား ဖြစ်ပါတယ်တဲ့။ အချစ်ဆိုတဲ့ ဆွဲအားကြောင့် ရှင်သန်ကျပြီး အမုန်းဆိုတဲ့ တွန်းကန်အားကြောင့် ပျက်စီးကျရပါတယ်။

ဆရာကြီးက သူ့ဒဿနတွေကို အချိန်အတော်ကြာ ရှင်းပြနေပြီးမှ သူစကားပြောတာကို ရပ်လိုက်ပါတယ်။

ထိုအခါကျမှ ကျွန်တော်လည်း သိချင်နေတဲ့ မေးခွန်းကို ချက်ချင်း ကောက်မေးလိုက်တယ်။

"ဆရာကြီး...မီးတောင်ထဲကို ခုန်ချလိုက်တာ မှားတယ်လို့ မထင်ဘူးလား"

ကျွန်တော် အမေးကြောင့် ဆရာကြီး အင်ပိဒေါကလိ မျက်နှာကပြုံးသွားတယ်။ သူက ခေါင်းယမ်းပြပါတယ်။

ဆရာကြီးက ဘဝ အဆက်ဆက်ကို ယုံကြည်သူ တစ်ယောက်ပါ။ ဗုဒ္ဓဘာသာရဲ့ ဘဝ သံသရာသဘော တရားနဲ့တော့ လုံးဝမတူပါဘူး။

ဆရာကြီးက သူ "အင်ပိဒေါကလိ" မဖြစ်ခင် ဘဝအဆက်ဆက် တုန်းက ကောင်လေးလည်း ဖြစ်ဖူးတယ်၊ ကောင်မလေးလည်း ဖြစ်ဘူးတယ်၊ ချုံပုတ်လည်း ဖြစ်ဘူးတယ်၊ ငါးတစ်ကောင်လည်း ဖြစ်ဘူးတယ်လို့ ယုံကြည်သူတစ်ယောက်ပါ။

တစ်နေ့မှာတော့ သူယုံကြည်မှုကို သက်သေပြဖို့
ဆရာကြီးဟာ မီးတောင်ဘဝပြောင်းမယ် ဆိုပြီးတော့ Etna (အက်တန) မီးတောင်ထိပ်ကနေ ခုန်ချခဲ့တာပါ။

ကျွန်တော့်မေးခွန်းကို ဆရာကြီးက ချက်ချင်းမဖြေပါဘူး။ ခဏကြာမှ တိုးဖျော့ ညင်သာတဲ့ စကားသံကို ကြားရပါတယ်။

"မီးတောင်ထဲကို ခုန်ချလိုက်တော့ ငါကို ယုံကြည်မှု လွန်ကဲတဲ့ လူတစ်ယောက်... အတွေးခေါင်တဲ့ လူတစ်ယောက်လို့ ထင်ကောင်းထင်မယ်"

ဆရာကြီးက စကားပြောတာကို ခဏရပ်ပြီး ကျွန်တော်ကို စိုက်ကြည့်နေတယ်။ သူ့မျက်လုံးတွေက အရောင်တောက်နေပါတယ်။

"တကယ်တော့ မီးတောင်ထဲကို ခုန်ချခဲ့တာ မဟုတ်ပါဘူး... ငါရဲ့ ယုံကြည်မှုထဲကို ခုန်ချခဲ့တာပါ"

ဆရာကြီးရဲ့ စကားအဆန်းကြောင့် ကျွန်တော် နှုတ်က ယောင်ထွက်သွားပါတယ်။

"ယုံကြည်မှုထဲကို ခုန်ချလိုက်တာ"

ရုတ်တရက် ကျွန်တော် လန့်နိုးလာတော့ ဘေးမှာ
ဆရာကြီး အင်ပိဒေါကလိ မရှိတော့ပါဘူး။ ဒါပေမဲ့ သူစကားတွေကတော့ ကျွန်တော့် အခန်းထဲမှာ ကျန်ရစ်ခဲ့ပါတယ်။ ဆရာကြီးက သူ့ယုံကြည်မှုထဲ ခုန်ချခဲ့တာတဲ့။

#မင်းလွင်လေ
တက်သစ်စကလောင်ရှင်အွန်လိုင်းမဂ္ဂဇင်း

Zawgyi

Continue Reading

You'll Also Like

7.4M 206K 22
It's not everyday that you get asked by a multi-billionaire man to marry his son. One day when Abrielle Caldwell was having the worst day of her life...
33.6K 2.4K 21
|ongoing| Ivana grew up alone. She was alone since the day she was born and she was sure she would also die alone. Without anyone by her side she str...
31.2M 849K 63
QB Bad Boy and Me movie coming out soon in 2024! WATTPAD ORIGINAL EDITION Dallas Bryan is focused on her future, but whenever she's around Drayton L...
90.7K 2.2K 39
Isabella Ekaterina is the only daughter of the two most powerful mafia families in the world: the Di Luca Italian mafia and the Vasiliev Russian mafi...