[ ကိုကိုရေ လွမ်းးးး😞🖤]
ရှင်းပုံအောက်မှ တက်လာသောကွန်မန့်ကို
ကြည့်ရင်း ရင်ထဲလိုက်တက်လာသောခံစား
ချက်နှင့်အတူ မျက်နှာကပါပြုံးမိသွားရ၏
ထိုကောင်လေး၏ စနောက်မူများဟာရှင်းရဲ့
နေ့စဉ်ဘဝမှာ မရှိမဖြစ်နေရာက တဖြည်းဖြည်း
ပါဝင်လာပြီဖြစ်လေသည် ။
' ကိုကိုရေ မောနီးနော် '
ဟူသောဖုန်းခေါ်မူလေးကိုမရမချင်း ရှင်းအိပ်
ယာကမထပဲနေဖြစ်နေတာမျိုး ။
' အမေ့ကိုအားဆေးနဲ့ ensure တိုက်အုံးနော်'
ဟူသောစာလေးကို မမြင်မချင်း မေမေ့ကိုဆေး
တိုက်ဖို့ပင်မေ့နေတာမျိုး ။
' ကျုပ် အခင်းထဲက ခရမ်းချဉ်တွေဈေးကောင်း
မိတယ် သိလား... ခင်ဗျား share ထားတဲ့ post
က ဖိနပ်လေး ဝယ်ပေးမယ်နော် '
' ဒီနေ့ နေသိပ်မကောင်းဘူးဗျာ ခင်ဗျားနဲ့ချွေး
ထွက်မဲ့အလုပ်လေးတွေအတူတူလုပ်ချင်လိုက်
တာ... 😞'
'ရှင်း ကျူပ်ဆီကိုမလာလည်သေးဘူးလား မြို့
ကြီးသားဆိုတော့ ဘာမှမဟုတ်တဲ့တောင်ပေါ်
မြို့ကကောင်ကို ဂျောင်ထိုးလိုက်ပြီပေါ့လေ'
စသဖြင့် ထိုကောင်လေးထံမှမရိုးနိုင်သောမက်
ဆေ့ခ်ျလေးတွေ ၊ ဖုန်းကောလ်လေးတွေက ရှင်း
ရဲ့နေ့စဉ်ဘဝကို ရယ်မောစေနိုင်လေသည် ။
'' ရှင်းလေး အရမ်းပြုံးနေပါလားကွ... ရည်းစား
ရနေပြီလား ''
'' အာ... မဟုတ်ရပါဘူး အကိုရာ... ''
ဝှီးချဲပေါ်က ကိုစိုင်းက လာစနေသည်မို့ ရှင်းလက်
ကိုအတင်းကာရင်းငြင်းရ၏ ။ ဟုတ်သည်လေ
လင်းရှိန်က ရှင်းရဲ့ရည်းစားမှမဟုတ်ပဲ.... ။
'' ဟော့ဗျာ အကိုလဲ ငယ်ရာက ကြီးလာတာပါကွာ
ရှင်းပုံစံကိုကြည့်တာနဲ့ ရိပ်မိပါတယ်ကွ...ဘာလည်း
လိုက်ပို့တဲ့ကောင်လေးလား ''
အကို့ခန်းမှန်းချက်က မှန်သွားသည်မို့ ရှင်းမျက်
နှာက ဖြန်းကနဲ့နီမြန်းသွားကာ အကြောင်းမဲ့ ဂုတ်
ကိုပွတ်ရင်း အကို့မျက်နှာကိုပင် မကြည့်ရဲတော့
'' ဟားဟား ဟုတ်နေတာပဲကွ... ပြောစမ်းပါအုံး
အဲ့ကောင်လေးက အချောလေးလား ''
'' သူက ချောပါတယ် အသားညိုညိုနဲ့ ပြီးတော့
အရပ်လည်း တော်တော်ရှည်တယ်.... တနေကုန်
သူ့အခင်းကိစ္စတွေနဲ့ပဲ အချိန်ဖြုန်းပြီးအေးဆေး
နေတတ်တဲ့သူမျိုးလေ ''
ထိုကောင်လေးအကြောင်းကို မျက်ဝန်းလေးတွေ
တလက်လက်ဖြင့်ပြောနေသော ရှင်းသည် သူကို
တိုင်ပင် အချစ်ဆိုတာကို သိသေးပုံမပေါ် ။ စိုင်း
ဝေယံကို ရှင်းကိုကြည့်ရင်း ခပ်ဖွဖွသာပြုံးမိလိုက်
ပါတော့သည် ။ သူလည်း ဒီကလေးကိုအချစ်ရေး
အဆင်ပြေစေချင်ပါတယ်လေ ။
''ပြီးခဲ့တဲ့ကိစ္စတွေအားလုံးအတွက် အကိုကပဲညီ့
ကိုတောင်းပန်ပါတယ်..... ''
'' ဟို... ရပါတယ် အကိုကလည်း စိတ်ထဲမထားပါ
နဲ့တော့ အကိုလည်း ကျွန်တော်ကို ကူညီရင်းနဲ့အ
ခုလိုဖြစ်သွားတော့ ကျတော်လဲ တကယ်စိတ်မ
ကောင်းဖြစ်ရပါတယ်... ''
စိုင်းဝေယံကို အရှေ့ကကလေးကိုပြုံးပြီးကြည့်
နေရုံသာတတ်နိုင်ပါတော့သည် ။
........................................................
ဒီနေ့ရောဆို လင်းရှိန်ဆီမှအဆက်အသွယ်ပြတ်
နေတာ ၅ ရက်ရှိပြီဖြစ်သည် ။ ဖုန်းလည်းမဆက်
စာလဲမပို့သလို ရှင်းဖုန်းခေါ်ရင်လည်းမကိုင် ၊
နောက်ဆုံးဖုန်းပြောတဲ့အချိန်ကတောင်အကောင်း
ပဲမို့ လင်းရှိန်ရဲ့ပြသနာကဘာမှန်းတကယ်မသိ။
နောက်ဆုံး ရှင်း လင်းရှိန်ဆီကိုပဲလိုက်သွားဖို့ဆုံး
ဖြတ်လိုက်တော့သည် ။ ထိုကောငိလေးကတစ်
ယောက်ထဲနေတာ နေမကောင်း၍တခုခုဖြစ်နေ
တာဆို ဘယ်လိုလုပ်မလဲလေ ။
ဒီယံရှင်းဆိုတဲ့သူဟာ လင်းရှိန်ထံ၌အမှန်တကယ်
ကို နစ်ဝင်နေပြီဖြစ်လေသည် ။ ထိုကောင်လေး
ဆီက ကလူ၏မြူ၏ စကားတွေမကြားပဲမနေ
တတ်တော့သည်အထိ ၊ ထိုကောင်လေးသာသူ့
အနားမှာ မရှိတော့ရင်ဆိုပြီး သူဆက်ပင်မတွေး
ရဲတော့ချေ ။ ဘာဖြစ်လည်း ၂ ယောက်လုံးက
ယောက်ကျားလေးတွေပဲ သူဘက်ကဖွင့်မပြော
တော့ ကိုယ့်ဘက်ကပြောလိုက်ရုံပဲကို။ လင်းရှိန်
ထံ၌လည်း ရှင်းအတွက်သီးသန့်ခံစားချက်တွေ
ရှိနေပါလိမ့်မည် ။
ရှင်းကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်စွာပြုံးလိုက်မိ
တော့သည် ။ ဒီတစ်ခါ လင်းရှိန်နဲ့ကြာကြာလေး
နေပြီးမှပြန်မည် ။ သူလင်းရှိန်ကိုအများကြီးလွမ်း
နေပြီဖြစ်၏ ။ ကားဂိတ်ကနေ လင်းရှိန်ခြံအထိ
ကားငှားပြီးလာခဲ့လိုက်သည် ။ ကားက တောင်
ခြေနားအထိပဲပို့ကာပြန်သွားခဲ့လေသည်မို့ရှင်း
တယောက်ထဲပဲ တက်ခဲ့ရသည် ။ ဒီအချိန်ဆိုထို
ကောင်လေး အခင်းတွေကိုရေလောင်းနေလေ
မည်လား ၊ သို့မဟုတ် မြေပေါက်နေလေမည်လား
အိမ်ရှေ့က ကွတ်ပျစ်ပေါ်မှာများတစ်ရေးတမော
အိပ်နေမည်လား။ အတွေးများနှင့် ရှင်းရဲ့အပြုံး
တို့ဟာ မရပ်တန့်နိုင်ခဲ့ ...။
ခြံထဲကိုအတော်လေးဖြတ်လျှောက်လာခဲ့ပေမဲ့
လင်းရှိန်၏အရိပ်အယောင်ကိုမျှမတွေ့ရသေး။
အိမ်ရှေ့ကွတ်ပျစ်ပေါ်မှာလည်း မရှိ ၊ အိမ်တံကား
ကလဲ ပွင့်နေသောကြောင့် အိမ်ထဲ၌ဖြစ်မည် ။
နေ့လည်ကြီးထူးထူးဆန်းဆန်း အိမ်ထဲ၌ဘာလုပ်
နေပါသနည်း ။ ရှင်းအိမ်ရှေ့မှဝင်လိုက်သည်နှင့်
အခန်းတစ်ခုထဲက ညီးညူသံလိုမျိုးကိုကြားလိုက်
ရသောကြောင့် ခြေလှမ်းများပင်တုန်ရီသွားရ၏။
'' အ့... အင်းးးးး ''
ထိုအသံဟာ ဘာအသံလဲဆိုတာ ရှင်းလိုအရွယ်
ရောက်ပီးသားလူတစ်ယောက်မသိစရာအကြောင်း
မရှိ ။ ပြီးတော့ မိန်းကလေးတစ်ယောက်၏ငြီးငြူ
သံမို့ ရှင်းလက်ဖျားများပင်အေးစက်ကာတုန်ရီ
လာရသည် ။ မဟုတ်ဘူး...လင်းရှိန်...အဲ့လိုလုပ်
မှာမဟုတ်ပါဘူး ... ။ ကိုယ့်ကိုအားတင်းကာထို
အသံများလာရာအခန်းဆီသို့ တဖြည်းဖြည်း
သွားကာ တံကားလက်ကိုင်ကိုလှည့်လိုက်တော့
လော့ခ်ျ မချထား ။
ကျွီ.....
တံကားဖွင့်သံနှင့်အတူ ရှင်းမြင်လိုက်ရသည်က
လင်းရှိန်က အနောက်မှနေ၍ ကုန်းနေသောကောင်
မလေးကို....
'' အင့်... ကိုကို..ဘာလို့ရပ်... ''
ရှင်းက ရုတ်တရက်ကြီးဝင်လာသည်မို့လင်းရှိန်
လူပ်ရှားမူများက ရပ်တန့်သွားကာကြောင်စီစီ
ကြည့်နေသလို အရှေ့က ခဲရောင်ဆံပင်နှင့်ကောင်
မလေးက ပါလှည့်ကြည့်လာကာရှင်းကိုတွေ့တော့
ထောက်ထားသည့်လက်များက ပြုတ်ကျသွားကာ
၂ယောက်စလုံး ကုတင်ပေါ်အပူးလိုက်ကျသွားလေ
သည် ။
အခုချိန်ထိ ရှင်းခြေတစ်လှမ်းမှမရွေ့လျားမိသလို
ဘာအသံမှလည်းမထွက်နိုင်ပဲ မျက်လုံးအပြူးသား
နှင့်သာ ရပ်ကြည့်နေမိလေသည် ။ မျက်ဝန်းအိမ်ထဲ
၌တော့ မျက်ရည်များက ထိန်းမနိုင်စီးကျလာလေ
သည် ။ ရှင်းရင်ထဲ၌ထုံထိုင်းနာကျင်မူမှလွဲ၍ဘာကို
မှမတွေးနိုင် ။ အခု သူဘာလုပ်ရပါမည်နည်း ။
'' ကျစ်! ... တံကားမခေါက်ပဲဘာလို့ဝင်လာတာလဲ''
လင်းရှိန်ထံမှ စိတ်ပျက်သလိုမျိုးမျက်နှာထား
နှင့်အသံကြောင့် ရှင်းရင်ဘက်တစ်ခြမ်းကအောင့်
မြတ်ကာ အသက်ရူဖို့ပင် အတော်လေးအားယူနေ
ရသလိုမျိုး...။
'' ငါတောင်းပန်ပါတယ် မင်းတို့အရှိန်ပျက်သွား
တော့မှာပဲ ဆောရီး...ဆောရီး...ဆက်လုပ်ကြ''
ပြောပြီးသည်နှင့် ရှင်းပါးပြင်ပေါ်ကမျက်ရည်
များကို လက်နှစ်ဖက်ဖြင့်ပွတ်သုပ်လိုက်ကာ
ထိုအခန်းထဲမှ ချက်ချင်းလှည့်ထွက်ခဲ့လိုက်တော့
၏ ။ လက်ထဲကအဝတ်အိတ်လေးသည်လည်း
ဘယ်နေရာမှာ ကျနေခဲ့မှန်းမသိတော့ချေ ။ ခြေ
တစ်လှမ်း လှမ်းမိသည်နှင့် ရင်ဘက်ထဲမှအသဲ
ကွဲကြေဆတွေဟာ အောက်သို့ပြုတ်ကျနေသ
လားဟုတွေးရလောက်အောင် နာကျင်နေရပါ
သည် ။
'' ဘယ်သွားဖို့လဲအဲ့ဒါ... ''
အသံနှင့်အတူ လင်းရှိန်က နောက်ကပြေးလိုက်
လာကာ ရှင်းလက်ကိုအတင်းဆွဲထားလေသည်
''ငါ့လက်ကိုလွတ်... ''
'' ခင်ဗျားကျုပ်ဆီလာတာမဟုတ်ဘူးလား အ
ခုကဘယ်သွားမှာလဲ ညနေတောင်ရောက်နေ
ပြီကို...လာခဲ့ ''
ပြောရင်း ရှင်းလက်ကိုအတင်းဆောင့်ဆွဲပြန်
လေသည် ။ ရှင်းလဲ ဇွတ်ရုန်းပစ်ကာ
'' ငါ့ဘာသာဘယ်လာလာ... မင်းလုပ်စရာရှိ
တာလုပ်ပါ ငါ့ကြောင့်တစ်ဝက်တစ်ပြတ်
ဖြစ်နေမယ်... ဟင့်... ''
အားတင်းပြီးပြောနေသည့်ကြားက ရိုက်သံ
က ပါသွားရပြန်သည် ။
'' အပိုတွေမပြောနဲ့... ခင်ဗျားမလိုက်ရင်ကျုပ်
ထမ်းခေါ်သွားမှာ..''
ရှင်း အကျီပင်မပါသောလင်းရှိန်ကို ရွံ့လိုက်
တာဟူသောအကြည့်များဖြင့်အထက်အောက်
ကြည့်လိုက်ရင်း
'' ဒါဒါကိုသွားထမ်းစမ်းပါ... ငါကရွံ့တတ်တယ်''
လင်းရှိန်သည်လည်းမျက်နှာကြောထူစွာပင်
'' ကဲ...ဒါဆိုလည်း ထမ်းခေါ်ရုံပေါ့ ''
ပြောပြီး ရှင်းပြင်ဆင်ဖို့အချိန်ပင်မရလိုက်လင်း
ရှိန်ပုခုံးပေါ်ပါသွားရတော့၏ ။ ရှင်း သူ့ကျော
ကိုတဘုန်းဘုန်းထုပစ်လိုက်ရင်း
'' ငါ့ကိုလွတ်လို့ အယုတ်တမာကောင်ရဲ့..အောက်
ချပေးစမ်းပါ... အဟင့်... ''
ရှင်းမည်မျှရုန်းရုန်း လင်းရှိန်၏သန်မာလွန်းသည့်
လက်များကြားကလွတ်မြောက်ခွင့်မရတော့ လူက
ပို၍ဝမ်းနည်းလာရသည် ။ ဒီကောင်ဆီမှာထပ်ပြီး
ရုန်းမရမဖြစ်စေရပါ... ရှင်းမှာလည်း မာနရှိပါသညိ
သူနှင့်ကိုယ်က ရိုးရိုးအသိမိတ်ဆွေဆက်ဆံရေးလဲ
မဟုတ်ပါပဲနှင့် သူက ကောင်မလေးတယောက်နှင့်
ကုတင်ပေါ်၌ ဖြစ်ချင်တိုင်းဖြစ်နေတာကို ရှင်းမြင်
ခဲ့တာတောင် နည်းနည်းလေးမျှမရှက်ပြ ။ အင်း
လေ ဟုတ်မှာပေါ့ ရှင်းကိုတောင် တွေ့တွေ့ချင်းတက်
လုပ်သေးတာပဲ... ။ရွံစရာအကောင် ။
ချဉ်စူးလာသောစိတ်နှင့်အတူ ရှင်းအတင်းကော့
လန်ချပစ်လိုက်တော့ လင်းရှိန်သည်လည်းမထိန်း
နိုင်လိုက်ပဲ မြေပြင်ပေါ်သို့ပစ်စလက်ခတ်ကျသွား
ရတော့၏ ။ သူ့အရပ်အမြင့်ကြီးပေါ်မှ ကျခြင်းမို့
ရှင်းနာသွားပေမဲ့ သူ့မျက်နှာကိုပင်မကြည့်ပဲအတင်း
ထပြေးတော့ လင်းရှိန်လက်များ၏ဆွဲဆောင့်ခြင်း
ကိုခံရပြန်ပါသည် ။
'' ဒီယံရှင်း ခင်ဗျားကိုပြောနေတာ နားမပါဘူး
လား အခုထွက်သွားရင် ဘယ်မှာသွားနေမှာလဲ
ဒီမှာ ဘာတည်းခိုခန်းမှမရှိဘူး နားလည်လား ''
'' ငါ့ဘာသာလမ်းဘေးမှာအိပ်အိပ်ပေါ့ ''
''ထပ်ထွက်သွားကြည့်စမ်း ခင်ဗျားခြေတောက်
တွေကို မရိုက်ချိုးပစ်ဘူးဆို ကြိုက်သလိုပြော ''
ပြောပြီး သူ့ဆုပ်ကိုင်ထားသည့် ရှင်းလက်မောင်း
များကို ဆောင့်လွတ်ချပစ်တော့လူက အပုံလိုက်
လဲကျသွားရတော့၏ ။ ရှင်းတကယ်ကိုပင်ပန်းနေ
ပြီဖြစ်ပါသည် ။ လမ်းမှာလဲတညလုံးမအိပ်ခဲ့ရသ
လို အရင်ရက်ကလဲ သူ့စိတ်ကြောင့်လူကကောင်း
ကောင်းအိပ်မရ ခဲ့ ။ အခုလို တွန်းဆောင့်လိုက်
တဲ့အခု ရှင်းပြန်ထချင်စိတ်ပင်မရှိပဲဒူးပေါ်မျက်
နှာမှောက်ကာ ရိုက်ကြီးတငင်ငိုချပစ်လိုက်တော့
၏ ။
....................................................
နည်းနည်းခါးပေးလိုက်တာ စိတ်မဆိုးကြေး
68kပြည့်သွားလို့အရမ်းကျေနပ်ရပါတယ်နော်
grassရဲ့မကောင်းမကန်းလက်ရာလေးကိုဖတ်
ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်..
see you 😘🖤