Melting In Love (Complete)

By XingChenXingChen

11.6K 543 79

မြင်မြင်ချင်း ချစ်မြတ်နိူးတဲ့အချစ်ရဲ့ လက္ခဏာကို ဖော်ပြခြင်ရင် လာဗင်ဒါလေးကို ပေးလို့ရတယ်။ ဒါကြောင့် ကိုယ် ခင... More

Ep1
Ep2
Ep3
Ep4
Ep5
Ep6
Ep7
Ep8
Ep9
Ep10
Ep11
Ep12
Ep13
Ep14
Ep16
Ep17
Ep18
Ep19
Ep20
Ep21
Ep22
Ep23
Ep24
Ep25
Ep26
Ep27
Ep28
Ep29
Ep30
Ep31
Ep32
Ep33
Ep34
Ep35
Ep36
Ep37
Ep38
Ep39
Ep40
Ep41
Ep42
Ep43
Ep44(Final)

Ep15

222 12 4
By XingChenXingChen

သျှားမြတ်စေသာ အခုမှအော်ဟစ်နေတဲ့
ဘယ်ကပေါ်လာမှန်းမသိတဲ့သူတွေကို စိုက်ကြည့်ရင်း
မတ်တပ်ရပ်လိုက်လျှင်
နောက်ဆုတ်သွားလေတဲ့ လူတွေ။
ဖုန်းတွေနဲ့ ရိုက်ကူးနေတဲ့သူတစ်ချို့လည်း ရှိနေသေးတာကို
တွေ့လိုက်ရတော့ သျှားမြတ်စေသာ ဟက်ခနဲသာ
ရယ်လိုက်ပါသည်။

လက်ဆစ်မှာပတ်ထားလေတဲ့ သွေးတွေကျဆင်းနေတဲ့နာရီကို
သျှားမြတ်စေသာ အဲ့နားတင်ချွတ်လို့ ပစ်ချထားလိုက်သည်။
တန်ဖိုးကြီးနာရီလေးမှာ အေးစက်စက်ကြမ်းပြင်ပေါ်သို့
ကြမ်းတမ်းစွာ ပြုတ်ကျသွားလေသည်။

နက်ကတိုင်ကို စိတ်ရှုပ်စွာ သျှားမြတ်စေသာ ဆွဲဖြုတ်လိုက်ချိန်တွင်
ဆိုင်ကယ်အနက်ရောင်တစ်စည်းသည် သျှားမြတ်စေသာရှေ့သို့
အမြန်မောင်းနှင်ကာ ရောက်ရှိလာသည်။

ခွန်းထက်လွင် လမ်းမှာ တစ်ချို့အနှောင့်အယှက်လေးတွေကြောင့်
ခနလေး နောက်ကျသွားတယိဆိုတဲ့အချိန်လေးမှာ
ဖြစ်ပျက်သွားတာတွေက ဆောက်တည်ရာမရဖြစ်စေသည်။
လူတွေ အနည်းငယ်အုံနေတဲ့နေရာ အလယ်မှာ
ရပ်နေတဲ့ သျှား မျက်နှာလေးမှာလည်း သွေးတို့ စီးကျနေသေးသည်။
ဒီပုံရိပ်က ခွန်းထက်လွင် ရင်ကို ဓါးတွေနဲ့
ထိုးစိုက်သလို ခံစားရစေသည်။

ခွန်းထက်လွင် သျှားရဲ့မျက်နှာလေးကို တုန်ရီနေသော
လက်ကလေးဖြင့် ထိတွေ့ရန် လုပ်လိုက်တော့လည်း
မလုပ်နိုင်ပေ။
ဒီလူသားလေး သူနှင့်ပတ်သတ်မိတာ အန္တရာယ်တွေထဲ
ရောက်ရလေပြီလား။
ခံစားချက်မဲ့သော ခွန်းထက်လွင်ဆိုသော အမျိုးသားသည်
ချစ်ရသူ ထိခိုက်တာကို တွေ့ရသည့်အခါ မျက်ရည်တွေ ၀ဲလာသည်။

"သျှား ကိုယ် "

တုန်ရီစွာ ထွက်ပေါ်လာလေတဲ့ အသံတို့ဟာ ငိုချင်တာကို
အောင့်အီးထားရပုံ။

သျှားမြတ်စေသာ အစ်ကို့ကို ရင်ခွင်ထဲသာ ဆွဲဖက်ထားရင်း
ကျောလေးကို ဖွဖွလေးသပ်ပေးမိသည်။
ဒီကလေးကြီးကို သျှား ဘယ်လို​ချော့ရပါ့မလဲ။

"ဘာမှမဖြစ်ဘူး အစ်ကို ကိုယ်အဆင်ပြေတယ်။"

ပုခုံးလေးတွေ တုန်နေကာ ခေါင်းလေးခါလို့
အသိစိတ်မကပ်တဲ့ အစ်ကို့ပုံစံကြောင့် သျှားမြတ်စေသာ
ကိုယ့်ကိုကိုယ် ဒေါသထွက်မိသည်။
ဒဏ်ရာမရအောင် ပိုသတိထားလိုက်ရမှာ။
အစ်ကို လက်ကလေးကို စုပ်ကိုင်လို့ အကြည့်ချင်းဆုံစေလျှင်
အစ်ကိုသည် အကြည့်လွှဲသွားသည်။
သျှားမြတ်စေသာ သဘောကျသော နှုတ်ခမ်းပါးလေးတို့မှာ
မဲ့ကျနေလေရာ သျှား စိတ်ထဲ မကောင်းပေ။

"အစ်ကို ကိုယ် တကယ် ဘာမှမဖြစ်ဘူး။ ဒီဒဏ်ရာလေးက
အပေါ်ယံလေးဘဲ သျှား ဘာမှမဖြစ်ဘူးလေ ခင်ဗျားရယ်။"

"ကိုယ် ဟင့်"

"စိတ်လျော့လိုက်နော် ဘာမှမဖြစ်ဘူး။
အဆင်ပြေသွားပြီ ခင်ဗျားလေးရဲ့"

ငိုနေတဲ့ ကလေးတွေ ချော့ရင် ပိုငိုသည်ဆိုသည်က
မှန်သညိ။
အစ်ကိုသည် သျှားရဲ့ ပုခုံးပေါ်မျက်နှာအပ်ထားလို့
ပိုလို့ မျက်ရည်တွေ စီးကျနေသည်ကို ခံစားမိသည်။

ဒီလူကြီး ဘယ်တုန်းကများ ဒီလောက်တောင်
အသည်းနုသွားရတာလဲ။

"အိမ်ပြန်မယ်နော် ခင်ဗျားရေ။
ကိုယ်တို့ ဒီနေ့အိမ်မှာဘဲနေမယ်နော်။
ဆိုင်ကယ်ကို တစ်ယောက်ယောက်ကို ပြန်ပို့ခိုင်းလိုက်မယ်
ကိုယ့်ကားနဲ့ ပြန်ရအောင်"

"အွန်း "

အသံတိုးတိုးလေးနှင့် ခေါင်းလေးငြိမ့်လာတဲ့ အစ်ကိုဟာ
သျှားကို ဖက်ထားသည်ကိုလည်း မဖယ်ပေ။

အသည်းအသက်လေးကို မကာကွယ်နိုင်မိတဲ့ ခွန်းထက်လွင်သည်
ကိုယ့်ကိုကိုယ် ဒေါသအကြီးကြီးထွက်မိသလို။
ဆုံးရှုံးလိုက်ရလျှင်လည်း ဆိုတဲ့ အတွေးကြီးကို
ဖျောက်ပစ်လို့မရပေ။
သျှားကို ထိရဲတဲ့သူတွေ အဆပေါင်းများစွာ
ခံစားစေရမည်။
သျှားနောကိမှာ မေ့လဲနေသူကို ခွန်းထက်လွင်
မျက်ရည်တွေကြားကနေ စိုက်ကြည့်လိုက်သည်။
လူသတ်ငွေ့တွေ ပါ၀င်သော အကြည့်သည် ပတ်၀န်းကျင်ကိုတောင် အေးစက်စေသည်။

ဒီလူတွေကို လုံး၀ခွင့်မလွှတ်ဘူး သေချင်ပြီး သေလို့မရတဲ့
ဘ၀ရောက်စေရမယ်။

သျှားမြတ်စေသာ အစ်ကို့ကို ဖက်ထားရင်း
စိတ်ငြိမ်လောက်သည်အထိ စောင့်နေလိုက်ပါသည်။
ဒီလူကြီး သိပ်ကို ထိတ်လန့်သွားမှာ။

"အိမ်ပြန်မယ်လေ မငိုနဲ့တော့နော်"

မငိုနဲ့တော့လေ ဆိုတဲ့ စကားအဆုံးမှာ ခွန်းထက်လွင်
နားရွက်ဖျားလေးတွေ ရဲတက်သွားသည်။
သူ သျှားကို မကြည့်ရဲတော့ဘဲ
လက်ကလေးကိုင်လိုက်ကာ သျှားကို ကားတံခါးဖွင့်ပေးလို့
၀င်စေလိုက်သညိ။

ထို့နောက် ကြမ်းပြင်ပေါ်လဲနေတဲ့သူကို ကားနှင်တက်ကြိတ်စေချင်တို့ကို သျှား ရှိနေတယ်ဆိုသော အသိနှင့်
ထိန်းချုပ်ကာ အိမ်သို့သာ ပြန်လာလိုက်တော့သည်။

......................................................................

"ဘယ်သူလဲ စုံစမ်းလိုက်ပြီးရင် အလွတ်မပေးနဲ့ "

ခွန်းထက်လွင် သျှားဧည့်ခန်းထဲမှာ အလုပ်လုပ်နေတုန်း
ချစ်ရတဲ့ အမျိုးသားလေးမသိအောင် ညွှန်ကြားစရာရှိတာ
တို့ကို ညွှန်ကြားလိုက်သည်။

တစ်ချို့သောအကြောင်းအရာတွေကြောင့်
ခွန်းထက်လွင် အေးဆေး တစ်ယောက်ထဲနေခဲ့သည်၏
အရာအားလုံးနှင့် အဆက်အသွယ်ဖြတ်ပြီးတော့ပေါ့။
ဒါပေမယ့် ရလဒ်က ဘာလဲ။
သူတို့တွေ ကိုယ်တိုင်ကိုက ခွန်းထက်လွင်ကို
အမြဲ လာထိပါးတာမလား။

ခွန်းထက်လွင် နေ၀င်ကာစ ကောင်းကင်ကြီးကို
မော့ကြည့်လိုက်သည်။
ဒီလောကကြီးက သူ့ကို မိသားစုရော ရှိစေချင်ပါရဲ့လား။
နာကျင်စွာ ပြုံးလိုက်မိလို့ မျက်လုံးတို့ကို မှိတ်ချကာ
အသက်ကို ပြင်းပြင်းရှုလိုက်ရင်း စိတ်ရိုင်းတို့ကို
လျော့ချလိုက်သည်။

သျှားမြတ်စေသာကို ဘယ်တော့မှ ကြမ်းတမ်းပြီး
လူမဆန်သော သူ့တစ်ဖက်ခြမ်းကို မပြချင်ပေ။
ဒီအမျိုးသားလေးရဲ့ အမြင်မှာ စတွေ့တည်းကလို
ပန်းဆိုင်ပိုင်ရှင်လေးအနေဖြင့်ဘဲ ရှိနေချင်သည်။

သျှားရဲ့ အကြောင်းကို တွေးလိုက်သည်နှင့်  ခွန်းထက်လွင်
နူးညံ့စွာ ပြုံးလိုက်မိသည်။
ဖုန်းကို အံဆွဲထောင့်တစ်နေရာထဲ ပစ်ထည့်လိုက်လို့
ခြေလှမ်းတို့သည် ပေါ့ပါးစွာ
ဧည့်ခန်းထဲမှာ ထိုင်နေလေသော လူသားလေးဆီသို့။

.........................................................................

သ်ွားျမတ္ေစသာ အခုမွေအာ္ဟစ္ေနတဲ့
ဘယ္ကေပၚလာမွန္းမသိတဲ့သူေတြကို စိုက္ၾကည့္ရင္း
မတ္တပ္ရပ္လိုက္လ်ွင္
ေနာက္ဆုတ္သြားေလတဲ့ လူေတြ။
ဖုန္းေတြနဲ႔ ရိုက္ကူးေနတဲ့သူတစ္ခ်ိဳ႕လည္း ရိွေနေသးတာကို
ေတြ့လိုက္ရေတာ့ သ်ွားျမတ္ေစသာ ဟက္ခနဲသာ
ရယ္လိုက္ပါသည္။

လက္ဆစ္မွာပတ္ထားေလတဲ့ ေသြးေတြက်ဆင္းေနတဲ့နာရီကို
သ်ွားျမတ္ေစသာ အဲ့နားတင္ခြၽတ္လို႔ ပစ္ခ်ထားလိုက္သည္။
တန္ဖိုးႀကီးနာရီေလးမွာ ေအးစက္စက္ၾကမ္းျပင္ေပၚသို႔
ၾကမ္းတမ္းစြာ ျပဳတ္က်သြားေလသည္။

နက္ကတိုင္ကို စိတ္ရႈပ္စြာ သ်ွားျမတ္ေစသာ ဆြဲျဖဳတ္လိုက္ခ်ိန္တြင္
ဆိုင္ကယ္အနက္ေရာင္တစ္စည္းသည္ သ်ွားျမတ္ေစသာေရ႔ွသို႔
အျမန္ေမာင္းႏွင္ကာ ေရာက္ရိွလာသည္။

ခြန္းထက္လြင္ လမ္းမွာ တစ္ခ်ိဳ႕အေနွာင့္အယွက္ေလးေတြေၾကာင့္
ခနေလး ေနာက္က်သြားတယိဆိုတဲ့အခ်ိန္ေလးမွာ
ျဖစ္ပ်က္သြားတာေတြက ေဆာက္တည္ရာမရျဖစ္ေစသည္။
လူေတြ အနည္းငယ္အံုေနတဲ့ေနရာ အလယ္မွာ
ရပ္ေနတဲ့ သ်ွား မ်က္ႏွာေလးမွာလည္း ေသြးတို႔ စီးက်ေနေသးသည္။
ဒီပံုရိပ္က ခြန္းထက္လြင္ ရင္ကို ဓါးေတြနဲ႔
ထိုးစိုက္သလို ခံစားရေစသည္။

ခြန္းထက္လြင္ သ်ွားရဲ့မ်က္ႏွာေလးကို တုန္ရီေနေသာ
လက္ကေလးျဖင့္ ထိေတြ့ရန္ လုပ္လိုက္ေတာ့လည္း
မလုပ္ႏိုင္ေပ။
ဒီလူသားေလး သူႏွင့္ပတ္သတ္မိတာ အႏၲရာယ္ေတြထဲ
ေရာက္ရေလၿပီလား။
ခံစားခ်က္မဲ့ေသာ ခြန္းထက္လြင္ဆိုေသာ အမ်ိဳးသားသည္
ခ်စ္ရသူ ထိခိုက္တာကို ေတြ့ရသည့္အခါ မ်က္ရည္ေတြ ဝဲလာသည္။

"သ်ွား ကိုယ္ "

တုန္ရီစြာ ထြက္ေပၚလာေလတဲ့ အသံတို႔ဟာ ငိုခ်င္တာကို
ေအာင့္အီးထားရပံု။

သ်ွားျမတ္ေစသာ အစ္ကို႔ကို ရင္ခြင္ထဲသာ ဆြဲဖက္ထားရင္း
ေက်ာေလးကို ဖြဖြေလးသပ္ေပးမိသည္။
ဒီကေလးႀကီးကို သ်ွား ဘယ္လို​ေခ်ာ့ရပါ့မလဲ။

"ဘာမွမျဖစ္ဘူး အစ္ကို ကိုယ္အဆင္ေျပတယ္။"

ပုခံုးေလးေတြ တုန္ေနကာ ေခါင္းေလးခါလို႔
အသိစိတ္မကပ္တဲ့ အစ္ကို႔ပံုစံေၾကာင့္ သ်ွားျမတ္ေစသာ
ကိုယ့္ကိုကိုယ္ ေဒါသထြက္မိသည္။
ဒဏ္ရာမရေအာင္ ပိုသတိထားလိုက္ရမွာ။
အစ္ကို လက္ကေလးကို စုပ္ကိုင္လို႔ အၾကည့္ခ်င္းဆံုေစလ်ွင္
အစ္ကိုသည္ အၾကည့္လႊဲသြားသည္။
သ်ွားျမတ္ေစသာ သေဘာက်ေသာ ႏႈတ္ခမ္းပါးေလးတို႔မွာ
မဲ့က်ေနေလရာ သ်ွား စိတ္ထဲ မေကာင္းေပ။

"အစ္ကို ကိုယ္ တကယ္ ဘာမွမျဖစ္ဘူး။ ဒီဒဏ္ရာေလးက
အေပၚယံေလးဘဲ သ်ွား ဘာမွမျဖစ္ဘူးေလ ခင္ဗ်ားရယ္။"

"ကိုယ္ ဟင့္"

"စိတ္ေလ်ာ့လိုက္ေနာ္ ဘာမွမျဖစ္ဘူး။
အဆင္ေျပသြားၿပီ ခင္ဗ်ားေလးရဲ့"

ငိုေနတဲ့ ကေလးေတြ ေခ်ာ့ရင္ ပိုငိုသည္ဆိုသည္က
မွန္သညိ။
အစ္ကိုသည္ သ်ွားရဲ့ ပုခံုးေပၚမ်က္ႏွာအပ္ထားလို႔
ပိုလို႔ မ်က္ရည္ေတြ စီးက်ေနသည္ကို ခံစားမိသည္။

ဒီလူႀကီး ဘယ္တုန္းကမ်ား ဒီေလာက္ေတာင္
အသည္းႏုသြားရတာလဲ။

"အိမ္ျပန္မယ္ေနာ္ ခင္ဗ်ားေရ။
ကိုယ္တို႔ ဒီေန့အိမ္မွာဘဲေနမယ္ေနာ္။
ဆိုင္ကယ္ကို တစ္ေယာက္ေယာက္ကို ျပန္ပို႔ခိုင္းလိုက္မယ္
ကိုယ့္ကားနဲ႔ ျပန္ရေအာင္"

"အြန္း "

အသံတိုးတိုးေလးႏွင့္ ေခါင္းေလးၿငိမ့္လာတဲ့ အစ္ကိုဟာ
သ်ွားကို ဖက္ထားသည္ကိုလည္း မဖယ္ေပ။

အသည္းအသက္ေလးကို မကာကြယ္ႏိုင္မိတဲ့ ခြန္းထက္လြင္သည္
ကိုယ့္ကိုကိုယ္ ေဒါသအႀကီးႀကီးထြက္မိသလို။
ဆံုးရႈံးလိုက္ရလ်ွင္လည္း ဆိုတဲ့ အေတြးႀကီးကို
ေဖ်ာက္ပစ္လို႔မရေပ။
သ်ွားကို ထိရဲတဲ့သူေတြ အဆေပါင္းမ်ားစြာ
ခံစားေစရမည္။
သ်ွားေနာကိမွာ ေမ့လဲေနသူကို ခြန္းထက္လြင္
မ်က္ရည္ေတြၾကားကေန စိုက္ၾကည့္လိုက္သည္။
လူသတ္ေငြ့ေတြ ပါ၀င္ေသာ အၾကည့္သည္ ပတ္၀န္းက်င္ကိုေတာင္ ေအးစက္ေစသည္။

ဒီလူေတြကို လံုး၀ခြင့္မလႊတ္ဘူး ေသခ်င္ၿပီး ေသလို႔မရတဲ့
ဘ၀ေရာက္ေစရမယ္။

သ်ွားျမတ္ေစသာ အစ္ကို႔ကို ဖက္ထားရင္း
စိတ္ၿငိမ္ေလာက္သည္အထိ ေစာင့္ေနလိုက္ပါသည္။
ဒီလူႀကီး သိပ္ကို ထိတ္လန္႔သြားမွာ။

"အိမ္ျပန္မယ္ေလ မငိုနဲ႔ေတာ့ေနာ္"

မငိုနဲ႔ေတာ့ေလ ဆိုတဲ့ စကားအဆံုးမွာ ခြန္းထက္လြင္
နားရြက္ဖ်ားေလးေတြ ရဲတက္သြားသည္။
သူ သ်ွားကို မၾကည့္ရဲေတာ့ဘဲ
လက္ကေလးကိုင္လိုက္ကာ သ်ွားကို ကားတံခါးဖြင့္ေပးလို႔
၀င္ေစလိုက္သညိ။

ထို႔ေနာက္ ၾကမ္းျပင္ေပၚလဲေနတဲ့သူကို ကားႏွင္တက္ႀကိတ္ေစခ်င္တို႔ကို သ်ွား ရိွေနတယ္ဆိုေသာ အသိႏွင့္
ထိန္းခ်ဳပ္ကာ အိမ္သို႔သာ ျပန္လာလိုက္ေတာ့သည္။

......................................................................

"ဘယ္သူလဲ စံုစမ္းလိုက္ၿပီးရင္ အလြတ္မေပးနဲ႔ "

ခြန္းထက္လြင္ သ်ွားဧည့္ခန္းထဲမွာ အလုပ္လုပ္ေနတုန္း
ခ်စ္ရတဲ့ အမ်ိဳးသားေလးမသိေအာင္ ၫႊန္ၾကားစရာရိွတာ
တို႔ကို ၫႊန္ၾကားလိုက္သည္။

တစ္ခ်ိဳ႕ေသာအေၾကာင္းအရာေတြေၾကာင့္
ခြန္းထက္လြင္ ေအးေဆး တစ္ေယာက္ထဲေနခဲ့သည္၏
အရာအားလံုးႏွင့္ အဆက္အသြယ္ျဖတ္ၿပီးေတာ့ေပါ့။
ဒါေပမယ့္ ရလဒ္က ဘာလဲ။
သူတို႔ေတြ ကိုယ္တိုင္ကိုက ခြန္းထက္လြင္ကို
အၿမဲ လာထိပါးတာမလား။

ခြန္းထက္လြင္ ေန၀င္ကာစ ေကာင္းကင္ႀကီးကို
ေမာ့ၾကည့္လိုက္သည္။
ဒီေလာကႀကီးက သူ႔ကို မိသားစုေရာ ရိွေစခ်င္ပါရဲ့လား။
နာက်င္စြာ ၿပံဳးလိုက္မိလို႔ မ်က္လံုးတို႔ကို မိွတ္ခ်ကာ
အသက္ကို ျပင္းျပင္းရႈလိုက္ရင္း စိတ္ရိုင္းတို႔ကို
ေလ်ာ့ခ်လိုက္သည္။

သ်ွားျမတ္ေစသာကို ဘယ္ေတာ့မွ ၾကမ္းတမ္းၿပီး
လူမဆန္ေသာ သူ႔တစ္ဖက္ျခမ္းကို မျပခ်င္ေပ။
ဒီအမ်ိဳးသားေလးရဲ့ အျမင္မွာ စေတြ့တည္းကလို
ပန္းဆိုင္ပိုင္ရွင္ေလးအေနျဖင့္ဘဲ ရိွေနခ်င္သည္။

သ်ွားရဲ့ အေၾကာင္းကို ေတြးလိုက္သည္ႏွင့္  ခြန္းထက္လြင္
ႏူးညံ့စြာ ၿပံဳးလိုက္မိသည္။
ဖုန္းကို အံဆြဲေထာင့္တစ္ေနရာထဲ ပစ္ထည့္လိုက္လို႔
ေျခလွမ္းတို႔သည္ ေပါ့ပါးစြာ
ဧည့္ခန္းထဲမွာ ထိုင္ေနေလေသာ လူသားေလးဆီသို႔။

.........................................................................

Continue Reading

You'll Also Like

3M 37.1K 28
Jared Shay and Angela Nicolson were the best of friends when they were younger. Their parents were best friends and paired them up together the momen...
46.4K 2.5K 24
အချစ်သည် ရွက်ကြွေနှောင်းဟုအမည်ရသည့်ရွာငယ်လေးမှအစတည်၍...
136K 10.1K 63
ပင်လယ်ပြာရဲ့ လှိုင်းခတ်သံတွေထဲ ကျွန်တော် အချစ်ကို ရှာတွေ့ခဲ့တယ်။ Starting Date - 15.11.2022 Ending Date - 12.3.2023
18.5K 835 30
ချိန်းကြိုးမင်း+ညို့ရိုင်းသွင် Changeကိုပြောင်းလဲမူဆိုတာထက် ချိန်းလို့ပဲ ယူဆ ဖော်ပြထားတာပါ။