Zawgyi
ေစာနက စူးရွရွလူငယ္အသံေၾကာင့္ ေလာ့ရွန္ဟြာက နိုးတစ္ဝက္ငိုက္တစ္ဝက္ျဖစ္ေနၿပီး ေလာ့က်န္းေပ့ရဲ႕ကိုယ္သင္းရနံ႕နဲ႕ေဝးသြားခ်ိန္မွာ ေလာ့ရွန္ဟြာက ထလာေတာ့သည္၊
"ဒယ္ဒီ..." ေလာ့ရွန္ဟြာက အိပ္ခ်င္မူးတူးနဲ႕ မ်က္စိတစ္ဖက္တည္းသာဖြင့္ေသးၿပီး မရင္းႏွီးတဲ့ပတ္ဝန္းက်င္မွာ ေလာ့က်န္းေပ့ကိုရွာေဖြလိုက္သည္၊ေလာ့က်န္းေပ့ကလည္း ေလာ့ရွန္ဟြာရဲ႕အမူအရာေလးေတြေၾကာင့္ ၿပဳံးလိုက္ၿပီး အလုပ္စားပြဲကေန ထကာ ခုံနားကိုသြားလိုက္ၿပီး ေလာ့ရွန္ဟြာရဲ႕မ်က္ႏွာေလးကို ပြတ္ေပးလိုက္သည္၊
"ဒယ္ဒီက ရွန္ေလးကို ပစ္ထားတယ္"
"ကေလးေလး အိပ္ေနလို႔ေလ..."
"မရဘူး ပစ္ထားတာ" ေလာ့က်န္းေပ့က ေခ်ာ့ေမာ့ေနတဲ့အသံနဲ႕ေျပာလိုက္ေပမယ့္ ေလာ့ရွန္ဟြာက ကလိမ္ကက်စ္က်စြာခိုးရယ္လိုက္ၿပီး ဂ်ီတိုက္ေနေတာ့သည္၊
"ဒယ္ဒီ ေတာင္းပန္ပါတယ္ေနာ္... "
"အဲဆိုရင္ နမ္းေပး"
ေလာ့က်န္းေပ့က ေလာ့ရွန္ဟြာရဲ႕ဆံပင္ေလးမ်ားကို အသည္းယားစြာ ဖြလိုက္ၿပီးေနာက္မွာ ခႏၶာကိုယ္ကိုကိုင္းလိုက္ၿပီး ေလာ့ရွန္ဟြာရဲ႕ေမးရိုးေလးကို လက္နဲ႕ပင့္တင္လိုက္ကာ ဖြဖြေလး နမ္းလိုက္သည္၊
ထိုခ်ိန္မွာ တံခါးကပြင့္လာၿပီး အသံစူးရွရွနဲ႕ေယာက္်ားအသံေပၚလာေတာ့သည္၊
"ခင္...ခင္ဗ်ားတို႔ ဘာလုပ္ေနတာလဲ"
ဝူခ်င္းခ်န္ရဲ႕စူးရွရွအသံေၾကာင့္ ေလာ့ရွန္ဟြာပင္လန့္သြားၿပီးေနာက္မွာ ေကာင္းမြန္တဲ့အခိုက္အတန့္ေလးပါ ဖ်က္စီးခံလိုက္ရလို႔ စိတ္ပါတိုသြားေတာ့သည္၊
"လူႏွစ္ေယာက္နမ္းတာ မျမင္ဖူးဘူးလား" ေလာ့ရွန္ဟြာရဲ႕အသံက အနည္းငယ္ဘုေဘာက္ေဘာက္ျဖစ္ေနတာေၾကာင့္ ဝူခ်င္းခ်န္ကို ပိုၿပီးမေက်နပ္ျဖစ္ေစသည္၊
"မင္း...ေၾကာင္ေတာင္ႏွိုက္တဲ့ေကာင္!"
"အစ္ကိုေလာ့က ငါ့လူ၊ မင္းက အရွက္မရွိပဲ ငါ့လူကို နမ္းရဲတယ္ေပါ့"
"ဟမ္" ေလာ့ရွန္ဟြာမွာ ေျပာစရာစကားေတာင္မရွိေတာ့ေပ၊သူက ေလာ့က်န္းေပ့ကို ေမာ့ၾကည့္ၿပီး ေျဖရွင္းခ်က္ေတာင္းမည္လို႔ထင္ရင္ မွားသြားလိမ့္မည္၊
အဲေရွ႕ကလူက သူ႕ဒယ္ဒီအႀကိဳက္တစ္ခုမွ မပါပဲ ဘယ္လိုလုပ္ သူမသိေအာင္ ခိုးတြဲမွာလဲ၊
"စိတ္ကူးယဥ္တာေတြ ရပ္စမ္း" ေလာ့က်န္းေပ့က သူ႕ကေလးေလးၾကားၿပီး အထင္လြဲသြားမွာစိုးရိမ္သြားေပမယ့္ ေဒါသထြက္စြာေသာင္းက်န္းလိုက္ရင္လည္း သူ႕ကေလးေလးေရွ႕ ပုံရိပ္ေတြပ်က္စီးသြားလိမ့္မည္၊
"အစ္ကိုေလာ့...အစ္ကိုနဲ႕ကြၽန္ေတာ္ ေန႕လည္စာတူတူစားတာက အစ္ကိုက ကြၽန္ေတာ့္ကို သေဘာက်လိဳ႕ေလ...ကြၽန္ေတာ္လည္း အစ္ကို႔ကို သေဘာက်တယ္"
ေလာ့ရွန္ဟြာက ဝူခ်င္းခ်န္စကားမ်ားေၾကာင့္ သူ႕ဒယ္ဒီကို ေမာ့ၾကည့္လိုက္သည္၊
"ဒယ္ဒီ...ဘာလို႔႐ူးေနတဲ့သူေတြကို အလုပ္ခန့္ထားတာလဲ"
ေလာ့က်န္းေပ့မွာ ေလာ့ရွန္ဟြာစကားေၾကာင့္ ခပ္တိုးတိုးရယ္လိုက္ၿပီးေနာက္မွာ ေလာ့ရွန္ဟြာရဲ႕အူတူတူမ်က္ႏွာေလးကို ငုံ႕နမ္းလိုက္သည္၊
"ဒါက အလုပ္သမားေရးရာကေန စီမံတာေလ ၾကည့္ရတာ ေနာက္ပိုင္း ေသခ်ာႀကီးၾကပ္ရေတာ့မယ္ထင္တယ္"
"လုပ္သင့္တယ္ ဒယ္ဒီ" ေလာ့ရွန္ဟြာက ေလာ့က်န္းေပ့ရဲ႕ၾကည့္ေကာင္းတဲ့မ်က္ႏွာကို ေမာ့ၾကည့္ရင္း မနမ္းခ်င္ပဲမေနနိုင္ေတာ့ေပ၊ဒါေပမယ့္ လူရွိေနတာေၾကာင့္ သူ႕မွာေအာင့္အီးကာ သည္းခံလိုက္တာေၾကာင့္ မ်က္ႏွာအမူအရာေလးကေတာ့ မေက်မနပ္ျဖစ္ေနေတာ့သည္၊
"ေန႕လည္စာေလးစားတာနဲ႕ ဒယ္ဒီက ခင္ဗ်ားကို သေဘာက်တယ္ျဖစ္ေရာလား...၊ ငါဆိုရင္ ဒယ္ဒီနဲ႕ေန႕တိုင္း မနက္စာ၊ေန႕လည္စာ၊ညေနစာ စားေနၾကပါေနာ္...ၿပီးေတာ့ ညတိုင္းလည္း တူတူအိပ္တယ္"
ေလာ့ရွန္ဟြာက ဝူခ်င္းခ်န္ကို ၾကည့္ၿပီး ဂုဏ္ယူတဲ့အၿပဳံးေလးၿပဳံးလိုက္သည္၊
ဒါေပမယ့္ ဝူခ်င္းခ်န္ရဲ႕အျမင္မွာေတာ့ သူ႕ကိုေလွာင္ေနတယ္လို႔သာေတြးမိသြားၿပီး ပိုၿပီးစိတ္တိုလာေတာ့သည္၊သူ႕အေဖနဲ႕အေမကိုေတာင္ ေလာ့အဖြဲ႕အစည္းက မၾကာခင္မွာ ဝူကုမၸဏီနဲ႕ပူေပါင္းေတာ့မည္ဟု ႂကြားဝါစြာေျပာခဲ့ေသးသည္၊ဒါေပမယ့္ သူ႕စိတ္ကူးအိပ္မက္ေတြက ေက်ာင္းဝတ္စုံနဲ႕လူငယ္ေၾကာင့္ ပ်က္စီးသြားခဲ့သည္၊
"အစ္ကိုေလာ့က ငါ့ကိုပဲ သေဘာက်တာ"
"အဲေန႕က ေန႕လည္စာကို ငါနဲ႕မင္းႏွစ္ေယာက္တည္းစားတာမဟုတ္ဘူး ရန္မိန့္မိန့္လည္းပါတယ္၊ ၿပီးေတာ့ ငါ့ကို သူေဌးလို႔ပဲေခၚဖို႔ မမွာခဲ့ဘူးလား" ေလာ့က်န္းေပ့က ဝူခ်င္းခ်န္ကို အထင္ေသးစြာစိုက္ၾကည့္ရင္းေျပာလိုက္သည္၊အဲအခ်ိန္တုန္းက ရန္မိန့္မိန့္က လက္ေထာက္အတြင္းအေရးမႉးကိုပါ အေတြ႕အႀကဳံရေအာင္ ေခၚခ်င္ေၾကာင္းေျပာတာေၾကာင့္ သူဟာလည္း အက်ိဳးအေၾကာင္းကိုက္ညီလို႔လက္ခံေပးခဲ့သည္၊ေန႕လည္စာကလည္း ခရီးမွာလူသုံးေယာက္တည္းရွိတာေၾကာင့္ တူတူစားခဲ့ၾကရသည္၊
"ကြၽန္ေတာ္..."
"မင္းကို အလုပ္ထုတ္လိုက္ၿပီ ထြက္သြား"
"အစ္ကိုေလာ့ အဲလိုလုပ္လို႔မရဘူး!!!"
ထို႔ေနာက္မွာ ႐ုံးဖုန္းကေနတဆင့္ ေလာ့က်န္းေပ့က ရန္မိန့္မိန့္ကို ေခၚလိုက္သည္၊တေအာင့္အၾကာမွာ ရန္မိန့္မိန့္က ေရာက္လာၿပီး ငိုယိုေနတဲ့ဝူခ်င္းခ်န္နဲ႕ ဆိုဖာမွာထိုင္ေနတဲ့လူငယ္ေလးကို တစ္ခ်က္ၾကည့္ၿပီးေနာက္ သူ(မ)က ေလာ့က်န္းေပ့ကို ၾကည့္လိုက္သည္၊
"လက္ေထာက္အတြင္းေရးမႉးတစ္ေယာက္ရွာလိုက္ အိမ္ေထာင္ရွိၿပီးသားထဲက ရွာ"
"ဟုတ္ကဲ့ သူေဌး"
"ၿပီးေတာ့ သခင္ေလးအတြက္ ႏြားနို႔ပါရွင့္" ရန္မိန့္မိန့္က ႏြားနို႔ခြက္ကို ေလာ့ရွန္ဟြာရဲ႕ေရွ႕စားပြဲေပၚတင္ေပးလိုက္ခ်ိန္မွာ သူမပဲ မွားထင္လိုက္တာလား၊လူငယ္ေလးက ႏြားနို႔ကို ရန္သူလိုစိုက္ၾကည့္ေနခဲ့သည္၊
"သူ႕ကိုပါ ေခၚသြားလိုက္" ေလာ့က်န္းေပ့က ဝူခ်င္းခ်န္ကို ေမးေငါ့ရင္းေျပာလိုက္တာေၾကာင့္ ရန္မိန့္မိန့္လည္း ဝူခ်င္းခ်န္ကို လက္ေမာင္းကေနဆြဲကာေခၚသြားေတာ့သည္၊ဒါေတာင္ ဝူခ်င္းခ်န္က ေအာ္ဟစ္ငိုေႂကြးေနဆဲေပ၊
"ဒယ္ဒီရဲ႕စန္းပြင့္မႈေလး နည္းနည္းေတာင္ လိုခ်င္လာၿပီ" ေလာ့ရွန္ဟြာက ႏြားနို႔ခြက္ကို လွမ္းယူရင္း ေျပာလိုက္သည္၊
"ကိုယ္တစ္ေယာက္လုံးရွိေနတာေတာင္ ဘာလိုခ်င္ေသးတာလဲ"
"ဟိဟိ..." ေလာ့ရွန္ဟြာက ရယ္လိုက္ၿပီး ႏြားနို႔ကိုသာ ေသာက္လိုက္သည္၊
အျခားဘက္မွာေတာ့ ဝူခ်င္းခ်န္က ရန္မိန့္မိန့္ကို ေတာင္းပန္စကားေျပာဆိုေနေတာ့သည္၊
"မမရန္ ကူညီေပးပါေနာ္...ကြၽန္ေတာ္ အလုပ္ကေန မထြက္ခ်င္ဘူး"
"မကူညီနိုင္ဘူး၊အစတည္းက နင့္ကို ငါသတိေပးခဲ့ၿပီးသားပဲ အထုပ္ေတြသိမ္းၿပီး ျပန္ေတာ့" ရန္မိန့္မိန့္က ေလာ့က်န္းေပ့နားမွာ ရွိေနတာက ခုႏွစ္ႏွစ္ေက်ာ္ေလာက္ရွိေနၿပီး ဘယ္ေတာ့မွ စကားကိုျပန္မ႐ုတ္သိမ္းတတ္တာေလး သူ(မ)သိၿပီးသားပင္၊ဒါေၾကာင့္ ဝူခ်င္းခ်န္ကို ကူညီခ်င္တာေတာင္ ကူညီေပးလို႔ရမည္မဟုတ္ေပ၊ၿပီးေတာ့ ဘာေၾကာင့္ အလုပ္ထုတ္လိုက္တာလည္း သူ(မ)မသိတာေၾကာင့္ ကူလည္းမကူညီေပးနိုင္ဘူး၊
ထို႔ေနာက္မွာ ပြဲတက္ဝတ္စုံကိစၥကိုလည္း စီစဥ္ရအုံးမည္ျဖစ္တာေၾကာင့္ ငိုယိုေနတဲ့ဝူခ်င္းခ်န္ကို ထားရစ္ကာ ထြက္သြားေတာ့သည္၊
ဝူခ်င္းခ်န္ကလည္း သူရဲ႕မဆင္မျခင္လုပ္မိတဲ့ကိစၥအေပၚ ေနာင္တရမိသလို ေလာ့က်န္းေပ့ရဲ႕ခ်စ္သူဆိုတာကိုလည္း မနာလိုျဖစ္မိေနခ်ိန္မွာ လူတစ္ဦးက သူ႕ဆီခ်ဥ္းကပ္လာေတာ့သည္၊
---------
ညေနဘက္ ပါတီခ်ိန္နီးလာခ်ိန္မွာေတာ့ ေလာ့ရွန္ဟြာမွာ ေလာ့က်န္းေပ့စီစဥ္ေပးထားတဲ့ဝတ္စုံကိုဝတ္ဆင္လိုက္ရသည္၊
ေလာ့ရွန္ဟြာက ေသသပ္စြာခ်ဳပ္ထားတဲ့အနက္ေရာင္အဆင္းရွိတဲ့အေနာက္တိုင္းဝတ္စုံကို ဝတ္ဆင္ထားၿပီး ဂလက္ဆီေရာင္လို တလဲ့လဲ့ေတာက္ပေနတဲ့နက္ကတိုင္ေပၚမွာ စိန္မ်ားနဲ႕စီျခယ္ထားၿပီးအလယ္မွာလွပစြာတည္ရွိတဲ့နက္ကတိုင္ညွပ္ကို နက္ကတိုင္မွာခ်ိတ္လိုက္သည္၊အနက္ေရာင္အေပၚကုတ္ရဲ႕ေအာက္ရွိ အျဖဴေရာင္လက္ေကာက္ဝတ္အကၤ်ီအနားေထာင့္မွာေတာ့ အနက္ေရာင္စိန္ၾကယ္သီးခ်ိတ္ကို ဝတ္ဆင္ထားလိုက္သည္၊ထိုအမ်ိဳးသားလက္ဝတ္ရတနာတစ္စုံကို 'ၾကယ္တာရာမွဖန္ဆင္းထားေသာၾကယ္'ဟုေခၚေဝၚၾကၿပီး ေရွ႕အပတ္ကမွ ေလလံပြဲမွာ ေဒၚလာတစ္သန္းနဲ႕ လူတစ္ဦးဝယ္သြားျခင္းျဖစ္သည္၊ ေလလံပြဲကို အဆက္မျပတ္ၾကည့္ရႈေနတဲ့ေလာ့ရွန္ဟြာက ဒီလက္ဝတ္ရတနာေတြကို ျမင္ေတာ့ ေစ်းကိုပါတန္းသိလိုက္ရသည္၊
"ဒါက ကေလးေလးနဲ႕ဆင္တယ္..." ေလာ့က်န္းေပ့က ေလာ့ရွန္ဟြာရဲ႕ပါးေလးကို နမ္းလိုက္ၿပီးေျပာလိုက္သည္၊အရင္လီရွန္းဟြာနဲ႕ဆိုရင္ ဒီေက်ာက္မ်က္ရတနာက ဆင္ေပမယ့္ လက္ရွိေလာ့ရွန္ဟြာနဲ႕ဆိုရင္ အေတာ္ကိုကြာျခားသည္၊
"ေက်းဇူးတင္ပါတယ္..." ဒါေပမယ့္ ေလာ့ရွန္ဟြာက 'ဘာေၾကာင့္လဲ'ဆိုၿပီး ျပန္လည္ေမးျမန္းျခင္းေတာ့မရွိေပ၊ဒီေက်ာက္မ်က္ရတနာဟာ သူ႕ဒယ္ဒီရဲ႕မ်က္လုံးမ်ားနဲ႕ ပိုဆင္တာေၾကာင့္ ေလာ့ရွန္ဟြာ အေတာ္ကိုသေဘာက်သည္၊
ထို႔ေနာက္မွာေတာ့ ေလာ့က်န္းေပ့က ေလာ့ရွန္ဟြာကို ပါတီက်င္းပရာေနရာကို လိုက္ပို႔ေပးလိုက္ေတာ့သည္၊ပါတီပြဲက တတိယမ်ိဳးဆက္လူငယ္ေလးေတြက်င္းပတဲ့ပါတီျဖစ္တာေၾကာင့္ အနည္းငယ္ေသာက္စားကာ ပိုၿပီးစည္ကားလွသည္၊
ေလာ့က်န္းေပ့က သူရဲ႕သက္ေတာ္ေစာင့္ႏွစ္ဦးကို ငါးမိနစ္ျခားတစ္ခါ သူ႕ဆီအေၾကာင္းၾကားရန္နဲ႕ သတိရွိရွိေနရန္မွာလိုက္သည္၊
ေလာ့ရွန္ဟြာကေတာ့ ေလာ့က်န္းေပ့ရဲ႕ပါးကို ဖြဖြေလးနမ္းလိုက္ၿပီးေနာက္မွာ ကားကေန ဆင္းသြားေတာ့သည္၊
-*-*-*-*-*-*-*-*
Chapter-86ေမွ်ာ္
Unicode
စောနက စူးရှရှလူငယ်အသံကြောင့် လော့ရှန်ဟွာက နိုးတစ်ဝက်ငိုက်တစ်ဝက်ဖြစ်နေပြီး လော့ကျန်းပေ့ရဲ့ကိုယ်သင်းရနံ့နဲ့ဝေးသွားချိန်မှာ လော့ရှန်ဟွာက ထလာတော့သည်၊
"ဒယ်ဒီ..." လော့ရှန်ဟွာက အိပ်ချင်မူးတူးနဲ့ မျက်စိတစ်ဖက်တည်းသာဖွင့်သေးပြီး မရင်းနှီးတဲ့ပတ်ဝန်းကျင်မှာ လော့ကျန်းပေ့ကိုရှာဖွေလိုက်သည်၊လော့ကျန်းပေ့ကလည်း လော့ရှန်ဟွာရဲ့အမူအရာလေးတွေကြောင့် ပြုံးလိုက်ပြီး အလုပ်စားပွဲကနေ ထကာ ခုံနားကိုသွားလိုက်ပြီး လော့ရှန်ဟွာရဲ့မျက်နှာလေးကို ပွတ်ပေးလိုက်သည်၊
"ဒယ်ဒီက ရှန်လေးကို ပစ်ထားတယ်"
"ကလေးလေး အိပ်နေလို့လေ..."
"မရဘူး ပစ်ထားတာ" လော့ကျန်းပေ့က ချော့မော့နေတဲ့အသံနဲ့ပြောလိုက်ပေမယ့် လော့ရှန်ဟွာက ကလိမ်ကကျစ်ကျစွာခိုးရယ်လိုက်ပြီး ဂျီတိုက်နေတော့သည်၊
"ဒယ်ဒီ တောင်းပန်ပါတယ်နော်... "
"အဲဆိုရင် နမ်းပေး"
လော့ကျန်းပေ့က လော့ရှန်ဟွာရဲ့ဆံပင်လေးများကို အသည်းယားစွာ ဖွလိုက်ပြီးနောက်မှာ ခန္ဓာကိုယ်ကိုကိုင်းလိုက်ပြီး လော့ရှန်ဟွာရဲ့မေးရိုးလေးကို လက်နဲ့ပင့်တင်လိုက်ကာ ဖွဖွလေး နမ်းလိုက်သည်၊
ထိုချိန်မှာ တံခါးကပွင့်လာပြီး အသံစူးရှရှနဲ့ယောက်ျားအသံပေါ်လာတော့သည်၊
"ခင်...ခင်ဗျားတို့ ဘာလုပ်နေတာလဲ"
ဝူချင်းချန်ရဲ့စူးရှရှအသံကြောင့် လော့ရှန်ဟွာပင်လန့်သွားပြီးနောက်မှာ ကောင်းမွန်တဲ့အခိုက်အတန့်လေးပါ ဖျက်စီးခံလိုက်ရလို့ စိတ်ပါတိုသွားတော့သည်၊
"လူနှစ်ယောက်နမ်းတာ မမြင်ဖူးဘူးလား" လော့ရှန်ဟွာရဲ့အသံက အနည်းငယ်ဘုဘောက်ဘောက်ဖြစ်နေတာကြောင့် ဝူချင်းချန်ကို ပိုပြီးမကျေနပ်ဖြစ်စေသည်၊
"မင်း...ကြောင်တောင်နှိုက်တဲ့ကောင်!"
"အစ်ကိုလော့က ငါ့လူ၊ မင်းက အရှက်မရှိပဲ ငါ့လူကို နမ်းရဲတယ်ပေါ့"
"ဟမ်" လော့ရှန်ဟွာမှာ ပြောစရာစကားတောင်မရှိတော့ပေ၊သူက လော့ကျန်းပေ့ကို မော့ကြည့်ပြီး ဖြေရှင်းချက်တောင်းမည်လို့ထင်ရင် မှားသွားလိမ့်မည်၊
အဲရှေ့ကလူက သူ့ဒယ်ဒီအကြိုက်တစ်ခုမှ မပါပဲ ဘယ်လိုလုပ် သူမသိအောင် ခိုးတွဲမှာလဲ၊
"စိတ်ကူးယဥ်တာတွေ ရပ်စမ်း" လော့ကျန်းပေ့က သူ့ကလေးလေးကြားပြီး အထင်လွဲသွားမှာစိုးရိမ်သွားပေမယ့် ဒေါသထွက်စွာသောင်းကျန်းလိုက်ရင်လည်း သူ့ကလေးလေးရှေ့ ပုံရိပ်တွေပျက်စီးသွားလိမ့်မည်၊
"အစ်ကိုလော့...အစ်ကိုနဲ့ကျွန်တော် နေ့လည်စာတူတူစားတာက အစ်ကိုက ကျွန်တော့်ကို သဘောကျလို့လေ...ကျွန်တော်လည်း အစ်ကို့ကို သဘောကျတယ်"
လော့ရှန်ဟွာက ဝူချင်းချန်စကားများကြောင့် သူ့ဒယ်ဒီကို မော့ကြည့်လိုက်သည်၊
"ဒယ်ဒီ...ဘာလို့ရူးနေတဲ့သူတွေကို အလုပ်ခန့်ထားတာလဲ"
လော့ကျန်းပေ့မှာ လော့ရှန်ဟွာစကားကြောင့် ခပ်တိုးတိုးရယ်လိုက်ပြီးနောက်မှာ လော့ရှန်ဟွာရဲ့အူတူတူမျက်နှာလေးကို ငုံ့နမ်းလိုက်သည်၊
"ဒါက အလုပ်သမားရေးရာကနေ စီမံတာလေ ကြည့်ရတာ နောက်ပိုင်း သေချာကြီးကြပ်ရတော့မယ်ထင်တယ်"
"လုပ်သင့်တယ် ဒယ်ဒီ" လော့ရှန်ဟွာက လော့ကျန်းပေ့ရဲ့ကြည့်ကောင်းတဲ့မျက်နှာကို မော့ကြည့်ရင်း မနမ်းချင်ပဲမနေနိုင်တော့ပေ၊ဒါပေမယ့် လူရှိနေတာကြောင့် သူ့မှာအောင့်အီးကာ သည်းခံလိုက်တာကြောင့် မျက်နှာအမူအရာလေးကတော့ မကျေမနပ်ဖြစ်နေတော့သည်၊
"နေ့လည်စာလေးစားတာနဲ့ ဒယ်ဒီက ခင်ဗျားကို သဘောကျတယ်ဖြစ်ရောလား...၊ ငါဆိုရင် ဒယ်ဒီနဲ့နေ့တိုင်း မနက်စာ၊နေ့လည်စာ၊ညနေစာ စားနေကြပါနော်...ပြီးတော့ ညတိုင်းလည်း တူတူအိပ်တယ်"
လော့ရှန်ဟွာက ဝူချင်းချန်ကို ကြည့်ပြီး ဂုဏ်ယူတဲ့အပြုံးလေးပြုံးလိုက်သည်၊
ဒါပေမယ့် ဝူချင်းချန်ရဲ့အမြင်မှာတော့ သူ့ကိုလှောင်နေတယ်လို့သာတွေးမိသွားပြီး ပိုပြီးစိတ်တိုလာတော့သည်၊သူ့အဖေနဲ့အမေကိုတောင် လော့အဖွဲ့အစည်းက မကြာခင်မှာ ဝူကုမ္ပဏီနဲ့ပူပေါင်းတော့မည်ဟု ကြွားဝါစွာပြောခဲ့သေးသည်၊ဒါပေမယ့် သူ့စိတ်ကူးအိပ်မက်တွေက ကျောင်းဝတ်စုံနဲ့လူငယ်ကြောင့် ပျက်စီးသွားခဲ့သည်၊
"အစ်ကိုလော့က ငါ့ကိုပဲ သဘောကျတာ"
"အဲနေ့က နေ့လည်စာကို ငါနဲ့မင်းနှစ်ယောက်တည်းစားတာမဟုတ်ဘူး ရန်မိန့်မိန့်လည်းပါတယ်၊ ပြီးတော့ ငါ့ကို သူဌေးလို့ပဲခေါ်ဖို့ မမှာခဲ့ဘူးလား" လော့ကျန်းပေ့က ဝူချင်းချန်ကို အထင်သေးစွာစိုက်ကြည့်ရင်းပြောလိုက်သည်၊အဲအချိန်တုန်းက ရန်မိန့်မိန့်က လက်ထောက်အတွင်းအရေးမှူးကိုပါ အတွေ့အကြုံရအောင် ခေါ်ချင်ကြောင်းပြောတာကြောင့် သူဟာလည်း အကျိုးအကြောင်းကိုက်ညီလို့လက်ခံပေးခဲ့သည်၊နေ့လည်စာကလည်း ခရီးမှာလူသုံးယောက်တည်းရှိတာကြောင့် တူတူစားခဲ့ကြရသည်၊
"ကျွန်တော်..."
"မင်းကို အလုပ်ထုတ်လိုက်ပြီ ထွက်သွား"
"အစ်ကိုလော့ အဲလိုလုပ်လို့မရဘူး!!!"
ထို့နောက်မှာ ရုံးဖုန်းကနေတဆင့် လော့ကျန်းပေ့က ရန်မိန့်မိန့်ကို ခေါ်လိုက်သည်၊တအောင့်အကြာမှာ ရန်မိန့်မိန့်က ရောက်လာပြီး ငိုယိုနေတဲ့ဝူချင်းချန်နဲ့ ဆိုဖာမှာထိုင်နေတဲ့လူငယ်လေးကို တစ်ချက်ကြည့်ပြီးနောက် သူ(မ)က လော့ကျန်းပေ့ကို ကြည့်လိုက်သည်၊
"လက်ထောက်အတွင်းရေးမှူးတစ်ယောက်ရှာလိုက် အိမ်ထောင်ရှိပြီးသားထဲက ရှာ"
"ဟုတ်ကဲ့ သူဌေး"
"ပြီးတော့ သခင်လေးအတွက် နွားနို့ပါရှင့်" ရန်မိန့်မိန့်က နွားနို့ခွက်ကို လော့ရှန်ဟွာရဲ့ရှေ့စားပွဲပေါ်တင်ပေးလိုက်ချိန်မှာ သူမပဲ မှားထင်လိုက်တာလား၊လူငယ်လေးက နွားနို့ကို ရန်သူလိုစိုက်ကြည့်နေခဲ့သည်၊
"သူ့ကိုပါ ခေါ်သွားလိုက်" လော့ကျန်းပေ့က ဝူချင်းချန်ကို မေးငေါ့ရင်းပြောလိုက်တာကြောင့် ရန်မိန့်မိန့်လည်း ဝူချင်းချန်ကို လက်မောင်းကနေဆွဲကာခေါ်သွားတော့သည်၊ဒါတောင် ဝူချင်းချန်က အော်ဟစ်ငိုကြွေးနေဆဲပေ၊
"ဒယ်ဒီရဲ့စန်းပွင့်မှုလေး နည်းနည်းတောင် လိုချင်လာပြီ" လော့ရှန်ဟွာက နွားနို့ခွက်ကို လှမ်းယူရင်း ပြောလိုက်သည်၊
"ကိုယ်တစ်ယောက်လုံးရှိနေတာတောင် ဘာလိုချင်သေးတာလဲ"
"ဟိဟိ..." လော့ရှန်ဟွာက ရယ်လိုက်ပြီး နွားနို့ကိုသာ သောက်လိုက်သည်၊
အခြားဘက်မှာတော့ ဝူချင်းချန်က ရန်မိန့်မိန့်ကို တောင်းပန်စကားပြောဆိုနေတော့သည်၊
"မမရန် ကူညီပေးပါနော်...ကျွန်တော် အလုပ်ကနေ မထွက်ချင်ဘူး"
"မကူညီနိုင်ဘူး၊အစတည်းက နင့်ကို ငါသတိပေးခဲ့ပြီးသားပဲ အထုပ်တွေသိမ်းပြီး ပြန်တော့" ရန်မိန့်မိန့်က လော့ကျန်းပေ့နားမှာ ရှိနေတာက ခုနှစ်နှစ်ကျော်လောက်ရှိနေပြီး ဘယ်တော့မှ စကားကိုပြန်မရုတ်သိမ်းတတ်တာလေး သူ(မ)သိပြီးသားပင်၊ဒါကြောင့် ဝူချင်းချန်ကို ကူညီချင်တာတောင် ကူညီပေးလို့ရမည်မဟုတ်ပေ၊ပြီးတော့ ဘာကြောင့် အလုပ်ထုတ်လိုက်တာလည်း သူ(မ)မသိတာကြောင့် ကူလည်းမကူညီပေးနိုင်ဘူး၊
ထို့နောက်မှာ ပွဲတက်ဝတ်စုံကိစ္စကိုလည်း စီစဥ်ရအုံးမည်ဖြစ်တာကြောင့် ငိုယိုနေတဲ့ဝူချင်းချန်ကို ထားရစ်ကာ ထွက်သွားတော့သည်၊
ဝူချင်းချန်ကလည်း သူရဲ့မဆင်မခြင်လုပ်မိတဲ့ကိစ္စအပေါ် နောင်တရမိသလို လော့ကျန်းပေ့ရဲ့ချစ်သူဆိုတာကိုလည်း မနာလိုဖြစ်မိနေချိန်မှာ လူတစ်ဦးက သူ့ဆီချဥ်းကပ်လာတော့သည်၊
---------
ညနေဘက် ပါတီချိန်နီးလာချိန်မှာတော့ လော့ရှန်ဟွာမှာ လော့ကျန်းပေ့စီစဥ်ပေးထားတဲ့ဝတ်စုံကိုဝတ်ဆင်လိုက်ရသည်၊
လော့ရှန်ဟွာက သေသပ်စွာချုပ်ထားတဲ့အနက်ရောင်အဆင်းရှိတဲ့အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဂလက်ဆီရောင်လို တလဲ့လဲ့တောက်ပနေတဲ့နက်ကတိုင်ပေါ်မှာ စိန်များနဲ့စီခြယ်ထားပြီးအလယ်မှာလှပစွာတည်ရှိတဲ့နက်ကတိုင်ညှပ်ကို နက်ကတိုင်မှာချိတ်လိုက်သည်၊အနက်ရောင်အပေါ်ကုတ်ရဲ့အောက်ရှိ အဖြူရောင်လက်ကောက်ဝတ်အင်္ကျီအနားထောင့်မှာတော့ အနက်ရောင်စိန်ကြယ်သီးချိတ်ကို ဝတ်ဆင်ထားလိုက်သည်၊ထိုအမျိုးသားလက်ဝတ်ရတနာတစ်စုံကို 'ကြယ်တာရာမှဖန်ဆင်းထားသောကြယ်'ဟုခေါ်ဝေါ်ကြပြီး ရှေ့အပတ်ကမှ လေလံပွဲမှာ ဒေါ်လာတစ်သန်းနဲ့ လူတစ်ဦးဝယ်သွားခြင်းဖြစ်သည်၊ လေလံပွဲကို အဆက်မပြတ်ကြည့်ရှုနေတဲ့လော့ရှန်ဟွာက ဒီလက်ဝတ်ရတနာတွေကို မြင်တော့ စျေးကိုပါတန်းသိလိုက်ရသည်၊
"ဒါက ကလေးလေးနဲ့ဆင်တယ်..." လော့ကျန်းပေ့က လော့ရှန်ဟွာရဲ့ပါးလေးကို နမ်းလိုက်ပြီးပြောလိုက်သည်၊အရင်လီရှန်းဟွာနဲ့ဆိုရင် ဒီကျောက်မျက်ရတနာက ဆင်ပေမယ့် လက်ရှိလော့ရှန်ဟွာနဲ့ဆိုရင် အတော်ကိုကွာခြားသည်၊
"ကျေးဇူးတင်ပါတယ်..." ဒါပေမယ့် လော့ရှန်ဟွာက 'ဘာကြောင့်လဲ'ဆိုပြီး ပြန်လည်မေးမြန်းခြင်းတော့မရှိပေ၊ဒီကျောက်မျက်ရတနာဟာ သူ့ဒယ်ဒီရဲ့မျက်လုံးများနဲ့ ပိုဆင်တာကြောင့် လော့ရှန်ဟွာ အတော်ကိုသဘောကျသည်၊
ထို့နောက်မှာတော့ လော့ကျန်းပေ့က လော့ရှန်ဟွာကို ပါတီကျင်းပရာနေရာကို လိုက်ပို့ပေးလိုက်တော့သည်၊ပါတီပွဲက တတိယမျိုးဆက်လူငယ်လေးတွေကျင်းပတဲ့ပါတီဖြစ်တာကြောင့် အနည်းငယ်သောက်စားကာ ပိုပြီးစည်ကားလှသည်၊
လော့ကျန်းပေ့က သူရဲ့သက်တော်စောင့်နှစ်ဦးကို ငါးမိနစ်ခြားတစ်ခါ သူ့ဆီအကြောင်းကြားရန်နဲ့ သတိရှိရှိနေရန်မှာလိုက်သည်၊
လော့ရှန်ဟွာကတော့ လော့ကျန်းပေ့ရဲ့ပါးကို ဖွဖွလေးနမ်းလိုက်ပြီးနောက်မှာ ကားကနေ ဆင်းသွားတော့သည်၊
-*-*-*-*-*-*-*-*
Chapter-86မျှော်