Cherish
By TaeYoonKook_Cloud
8.3K 1K 158
Kim Taehyung x Min Yoongi Written by AchanN12 More
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part-8
Part-9
Part-10
Part-11
Part-13
Part-12
191 34 6
By TaeYoonKook_Cloud
(Unicode)
ဂျောင်ကု အိပ်နေရာကနေ တံခါးလော့ဖွင့်တဲ့သံကြောင်း နိုးလာခဲ့၏ ။ဘမ်းကို နှုတ်ဆက်နေတဲ့အသံအရ ကင်မ်နမ်ဂျွန်ဆိုတာ သိလိုက်ရတာကြောင့် အိပ်ရာထကနေ မထ,သေးပဲ ပျင်းနေလိုက်တယ် ။ ခဏနေ ထ,သွားလိုက်တော့ စားပွဲပေါ်မှာ မနက်စာပြင်ပြီး သူ့အလုပ်က စာရွက်တွေနဲ့ အလုပ်ရှုပ်နေတဲ့ ထိုသူကို တွေ့လိုက်ရ၏ ။ ရှပ်အမည်းရောင်ကို တံတောင်ဆစ်ထိခေါက်တင်ထားတဲ့ ထိုသူက မျက်မှန်လည်း တပ်ထားသေး၏ ။ ဘေးနားမှာ အစားစာနေတဲ့ ဘမ်းက ကျွန်တော့်ကို မမြင်သေးတာကြောင့် ဒီတိုင်းရပ်နေလိုက်၏ ။
"နိုးလာပြီလား ..ကလေး ပြန်ရောက်နေပြီလို့ လုံခြုံရေးမှူးက လှမ်းဖုန်းဆက်လို့ "
အိပ်ခန်းတံခါးဝကို မှီရပ်နေတဲ့ ကျွန်တော့်ကိုတွေ့တော့ ထိုသူက နှုတ်ဆက်လာ၏ ။ ဘမ်း က လာနှုတ်ဆက်တာကြောင့် ထိုင်လိုက်ပြီး ဘမ်းကို နှုတ်ဆက်လိုက်သည် ။ မွေးချင်စိတ်ပေါက်လို့ မွေးထားပေမယ့် မနက်စာကျွေးတာ spa ပို့တာ တခါတလေ ခရီးထွက်လို့ စင်တာအပ်တာအပြင် ဆေးရုံသွားတာ ဘာညာ ကင်မ်နမ်ဂျွန်က ကူညီပေးတယ် ။သူမလာနိုင်ရင်တောင် လူတစ်ယောက်ကို သေချာပေါက်လွတ်ပေးမယ့် များသေားအားဖြင့် ဘမ်းကို သူကိုယ်တိုင် လာခေါ်တဲ့အခါက များ၏ ။
"နည်းနည်းနောက်ကျမှ လာလိုမရဘူးလား ဒါမှမဟုတ် မနက်ဖြန်မှ လာခဲ့တာ မဟုတ်ဘူး "
ဂျောင်ကု မျက်နှာချင်းဆိုင်က ခုံမှာထိုင်ရင်း သမ်းဝေကာ ပြောလိုက်တယ် ။ နမ်ဂျွန်က လက်ထဲ စာရွက်တွေကို ဘေးချကာ
"အဲ့လို စဉ်းစားတာပဲ ဒါပေမယ့် ခရီးသွားတာ တစ်ပတ်တောင်ကြာတယ်ဆိုတော့ ရေခဲသေတ္တာထဲက လွှင့်ပစ်စရာတွေဘာတွေ လွှင့်ပြီး အသစ်ထည့်စရာရှိတာတွေ လာထည့်ပေးတာ ..ပြီးတော့ ကလေး မျက်နှာကိုလည်း လာကြည့်ရင်းဆိုပြီး လာလိုက်တာ "
ကင်မ်နမ်ဂျွန်က အဲ့လိုပဲ စကားပြောကောင်း၏ ။ စားပွဲပေါ်ကြည့်လိုက်တော့ ပြင်ဆင်ပေးထားတဲ့ မနက်စာအပြင် ဘေးနားမှာ ကွတ်ကီးလေးတွေကို ပန်းကန်နဲ့ ထည့်ပေးထား၏ ။ ဂျောင်ကု ကွတ်ကီးကို အရင်ယူကာ စားလိုက်၏ ။လတ်ဆတ်တဲ့ ကွတ်ကီးရဲ့ အရသာက သွားတဲ့ဖိကိုက်လိုက်တာနဲ့ ပါးစပ်ထဲကို ပျံ့နှံ့သွား၏ ။
"ခင်ဗျား ..ကျွန်တော် စိတ်ဆိုးနေတယ် ထင်လို့လား "
ဂျောင်ကု ကွတ်ကီးကို စားနေရင်းနဲ့ မေးလိုက်တော့ ထိုသူက လှမ်းကြည့်လာပေမယ့် ဘာမှပြောမလာဘူး ။ ကျွန်တော် မသိမသာ ပြုံးလိုက်မိတယ် ။ ကင်မ်နမ်ဂျွန်က သူ့ကို စိတ်ဆိုးနေတယ်လို့ထင်တိုင်း ဘာဆို ဘာမှမပြောပဲ ငယ်ငယ်က ကြိုက်တယ်ပြောဖူးတဲ့ ကွတ်ကီးဆိုင်က ကွက်ကီးတွေကိုသာ ဝယ်ချလာတတ်၏ ။တစ်ခုခုကိုဆို အမြဲတမ်း မပြောင်းလဲပဲ ပုံသေမှတ်ထားတတ်တဲ့ ကင်မ်နမ်ဂျွန်က ကိုယ်အပေါ်ကြမှ ဘာလို့ပြောင်းလဲလာလဲ မပြောတတ်ဘူး ။ အဲ့တာကြောင့်မို့ ထိုသူပြောတဲ့ ချစ်တယ်ဆိုတာကို မယုံရဲတာလည်း ဖြစ်လောက်မယ် ။
"အလုပ်ဝင်ဖို့ ကိုယ် သူဌေးကိုပြောထားပေးတယ် ဒါပေမယ့် ကလေးကို နောက်ထပ် ပြောအုံးမယ်ထင်တယ် "
"ရတယ် ..ကျွန်တော် အလုပ်ဝင်ဖို့ စဉ်းစားထားတယ် "
ဂျောင်ကုပြောလိုက်တော့ ထိုသူက အံ့ဩစွာ ကြည့်လာ၏ ။
"မထူး အလုပ်မဝင်မချင်း ဒီလိုပဲ ပွားနေအုံးမှာ ပြီးတော့ ကျွန်တော်လည်း ဒီလို အလုပ်မလုပ်ပဲ တစ်သက်လုံးနေသွားလို့မှမရတာလေ ..နောက်ပြီး ဘိုးတော်က ကျွန်တော်အလုပ်မဝင်မချင်း ခင်ဗျားကို ပွားနေအုံးမှာ ..ကျွန်တော့်ကို ခင်ဗျားမွေးထားတာလိုပဲ ကျွန်တော့်ကိစ္စမှန်သမျှ ခင်ဗျားခေါင်းပေါ်ပုံနေကြအုံးမှာပဲ အိမ်က "
ဂျောင်ကုပြောလိုက်တော့ နမ်ဂျွန်က နားထောင်ရင်း ခေါင်းငြိမ့်ပြလာ၏ ။ကင်မ်နမ်ဂျွန်က စိတ်ဝင်တစား နားထောင်နေတာကြောင့် ကျွန်တော် ခါးကိုမတ်လိုက်ကာ ထိုသူကို ကြည့်လိုက်ပြီး
"ဒါပေမယ့် တစ်ခုတော့ရှိတယ် ကျွန်တော် အောက်ခြေက ဝင်မလုပ်နိုင်ဘူး .."
"အဲ့တာ ရတယ် ..မထူး ကလေးကို အလုပ်ဝင်ခိုင်းလည်း မန်နေဂျာ လောက်ကနေ စ,လုပ်ခိုင်းမှာပါ စိတ်မပူနဲ့ "
"မဟုတ်ဘူး ...ကျွန်တော် ခင်ဗျားရဲ့ လက်ထောက်နေရာကနေ ဖြစ်ဖြစ်ပဲ လုပ်ချင်တယ် စစချင်းတော့ "
"ကလေး အဲ့တာကတော့ ..မဖြစ်နိုင်ဘူးထင်တယ် "
ကျွန်တော့်ကိုကြည့်ပြီး အတွန့်တက်လာတဲ့ ကင်မ်နမ်ဂျွန်းကြောင့် ကျွတ်သပ်လိုက်ကာ
"မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး ..ကျွန်တော် ခင်ဗျားလက်အောက်မှာအလုပ်လုပ်ရမလား ဒါမှမဟုတ် ခင်ဗျား ကျွန်တော့်အတွင်းရေးမှူးလုပ်မလား နှစ်ခုပဲရှိတယ် ..အလုပ်ဝင်တာဆိုပေမယ့် မသိတဲ့လူတွေနဲ့ အဆက်ဆံလည်းမလုပ်ချင်ဘူး ပြီးတော့ တခြားလူတွေ ဆရာလုပ်နေတာကိုလည်း သည်းခံနိုင်မှာမဟုတ်ဘူး ကုမ္ပဏီတစ်ခုလုံးမှာကျွန်တော်သိတာ ခင်ဗျားတစ်ယောက်ရှိတာ အဲ့တော့ ကျွန်တော်ပြောတာ အကောင်းဆုံးပဲ "
ဂျောင်ကုပြောလိုက်တော့ ထိုသူက ခဏစဉ်းစားပြီးတော့မှခေါင်းငြိမ့်ပြလာသည် ။ ပြီးတော့ ထိုသူက စားပြီးသား ပန်းကန်တွေကို ကောက်သိမ်းကာ
"အဲ့ကိစ္စကို ကိုယ်စီစဉ်ပြီး ဘယ်နေ့အလုပ်စ,ဝင်ရမလဲဆိုတာကိုလည်း ကလေးကို ပြန်ပြောပေးမယ် ဖြစ်နိုင်တာက နောက်အပတ်ထဲလောက်မှ ဝင်ရမယ်ထင်တယ် ..ကိုယ့် အတွင်းရေးမှူးကိုလည်း တခြားအဆင်ပြေတဲ့နေရာကို စီစဉ်ပြီးပို့ပေးရအုံးမှာဆိုတော့ နည်းနည်းကြာမှာ ..ဒီရက်အတွင်း အဝဆိုးထားပေါ့ "
ကင်မ်နမ်ဂျွန်က သူ့ဘာသာပြောရင်း ရယ်နေ၏ ။ကျွန်တော် မသိချင်ယောင်ဆောင်ကာ ဘေးနားက ဘမ်းကိုပဲ ပွတ်သပ်ပေးနေလိုက်၏ ။ နောက်ရက်ကစ,ပြီး အလုပ်လုပ်ရတော့မှာဖြစ်လို့ စိတ်ညစ်ရပေမယ့် ကိုယ်တောင်းဆိုချက်ကို ကင်မ်နမ်ဂျွန်က လွယ်လွယ်ကူကူ လက်ခံပေးလို့ တော်သေးတယ် ။ ကင်မ်နမ်ဂျွန်နဲ့ပဲ အဆက်ဆံလုပ်ရမယ့်နေရာဆို  အနည်းဆုံးတော့  တခြားလူတွေနဲ့လို့မျိုး အာလာပသလာပတွေမပြောရလို့ လေကုန်သက်သာတာပေါ့ ။
............
ထယ်ယောင်း သစ်ပင်ကို မှီိရပ်နေရင်း သင်တန်းကျောင်းဘက်ကိုကြည့်လိုက်၏ ။ ကလေးတွေထွက်လာပြီး ခဏအကြာမှာ ကလေးတွေကို နှုတ်ဆက်ပြီး ထွက်လာတဲ့ ယွန်းဂီကို တွေ့လိုက်၏ ။ ထယ်ယောင်း ရယ်လိုက်ပြီး ဦးလေးငယ်ဆီကို ပြေးသွားလိုက်တယ် ။ ကျွန်တော့်ကိုမြင်တော့ အံ့ဩသွားပေမယ့် ခဏပါပဲ ..ပြီးတော့ ဦးလေးငယ်ရဲ့ ခံစားချက်မဲ့တဲ့ မျက်နှာက ပြန်အစားထိုး နေရာယူလာ၏ ။ ရယ်ပြလိုက်ပေမယ့် မသိချင်ယောင်ဆောင်ပြီး ထွက်သွားတဲ့ ဦးလေးငယ်ကြောင့် အနောက်ကနေပြေးလိုက်ရပြန်တယ် ။
ဘတ်စ်ကား မှတ်တိုင်မှာ ရပ်နေတဲ့ ယွန်းက ဘေးနားမှာ ကပ်ရပ်နေလည်း မသိသလိုသာ လုပ်နေ၏ ။ ဒါပေမယ့် ဦးလေးငယ်ရဲ့ ဘေးနားလေးမှာ ရပ်နေရတာတောင် ပျော်နေပြီဖြစ်၏ ။ စကားပြောမလို့ လုပ်နေတုန်း ဘတ်စ်ကားပေါ်တက်သွားတဲ့ ဦးလေးငယ်ကြောင့် ကျွန်တော်ပါ ထိုကားပေါ် အမြန်ပြေးတက်ပြိး လိုက်သွားလိုက်တယ် ။
ဘတ်စ်ပေါ်မှာ ထိုင်နေတဲ့ ဦးလေးငယ်က ကျွန်တော့်ကို မြင်တာနဲ့ သူ့ပေါင်ပေါ်က လွယ်အိတ်ကို ဘေးခုံပေါ်ကို ကောက်တင်လိုက်၏ ။ အဲ့တာကြောင့် ဦးလေးငယ်ရဲ့ အနောက်ခုံမှာပဲ ဝင်ထိုင်လိုက်ရတယ် ။ အနောက်မှာထိုင်နေရင်း မြင်နေရတဲ့ နောက်ကျောလေးကတောင် ကျွန်တော့်ကိုပျော်ရွင်နေစေတာက ဘာကြောင့်လဲတော့မသိဘူး ။
ယွန်းက အပြင်ဘက်ကိုသာ ငေးနေတာကြောင့် ထယ်ယောင်း ဘာမှမပြောပဲ အနောက်ကနေ ဒီတိုင်းသာ ထိုင်လိုက်သွား၏ ။ ရပ်ကွက်ငယ်လေးတစ်ခုရောက်တော့ ဦးလေးငယ်က ဆင်းသွားတယ် ။ ထယ်ယောင်း အမြန်လိုက်ဆင်းလိုက်တော့ ထိုသူက လှည့်ကြည့်ပြီး ဘာမှမပြောပဲ ဆက်လျှောက်သွားသည် ။ ကြည့်ရတာ ဒီနေ့တော့ စကားပြောဖို့ရာ အခွင့်မရလောက်ဘူး ထင်ပါတယ် ။ ကျွန်တော်ကလည်း ဦးလေးငယ်မကြိုက်တာကို အတင်းမလုပ်ချင်တာကြောင့် ဒီလို တွန့်ဆုတ်နေရခြင်း ဖြစ်၏ ။
ထယ်ယောင်း စဉ်းစားနေတုန်း တိုက်တန်းအိမ်ရာထဲကို ဝင်သွားတာကြောင့် ကျွန်တော့်မှာ ဘာမှတောင် မပြောလိုက်ဘူး ။ ကျွန်တော် သက်ပြင်းချလိုက်ကာ ပြန်လာခဲ့လိုက်၏ ။ ဒီနေ့ ဘာမှမပြောလိုက်ရပေမယ့် နောက်ရက်တွေတော့ အခွင့်သင့်လာမှာပေါ့ ။
.......
တိုက်တန်းရှေ့မှာ တဝဲလည်လည်နဲ့ လုပ်ပြီးမှ ပြန်သွားတဲ့ကောင်လေးကြောင့် ယွန်းဂီသက်ပြင်းချကာ လူမရှိတော့ပေမယ့် မျက်စောင်းထိုးလိုက်မိသေးတယ် ။ ဒီကလေး အနောက်ကနေ အိမ်ရောက်တဲ့အထိ ပါလာမယ်ဆိုတာ သိလို့ စန္ဒရားသင်နေတဲ့ ကလေးတစ်ယောက်ရှိတဲ့ တိုက်တန်းကို အရင်ဝင်လိုက်တာ မှန်သွားသည် ။ ဒီမှာက အစောင့်မရှိတာကြောင့် အဝင်အထွက်လုပ်ရတာ နည်းနည်းလွယ်ကူ၏ ။ ထယ်ယောင်း ပြန်သွားတော့မှ ကျွန်တော့်နေတဲ့ ရပ်ကွက်ကို လမ်းလျှောက်ပြန်ခဲ့လိုက်တယ် ။ မဟုတ်ရင် ဘတ်စ်က ယွန်းဂီနေထိုင်နေတဲ့ အိမ်ယာနဲ့ သိပ်မဝေးတာကြောင့် လမ်းလျှောက်ရတာ သိပ်မဝေးပေမယ့် အခုတော့ အရှုပ်ထုပ်လေးကြောင့် ကိုယ့်မှာ လမ်းအကြာကြီးလျှောက်နေရပြီဖြစ်၏ ။
တော်တော်ကြာကြာ လမ်းလျှောက်ပြီးနောက် ပစ္စည်းတချို့ကို သယ်ပြီး ပြန်လာတဲ့ ဂျင်ဟျောင်းကို တွေ့တာကြောင့် ပြေးသွားပြီး ဟျောင်းဆီက ပစ္စည်းတချို့ကို ခွဲယူလိုက်၏ ။
"ဘယ်က ပြန်လာလို့ အဲ့ဘက်က လမ်းလျှောက်လာတာလဲ "
ဂျင်ဟျောင်းရဲ့ နာမလည်းနိုင်သလို အမေးကို ယွန်းဂီ ရယ်ပြလိုက်ကာ
"လမ်းလျှောက်ချင်လို့ ကားမှတ်တိုင် တစ်ခုစောဆင်းလိုက်တာ ..ဒါနဲ့ ဘာချက်မလို့လဲ ဟိုဆော့ရော "
"ဟိုဆော့ကို ဂျီမင်းသွားကြိုခိုင်းလိုက်တာ ..ငါက ဒီနေ့ ဝက်နံရိိုးနဲ့ အမြွှာလေးတို့ အမေပေးထားတဲ့ ကင်ချီကို ဟင်းရည်ချက်ပြီး ကြာဇံသုပ်မလားလို့ လိုတာလေးတွေ လာဝယ်တာ "
"ဟျောင်းက အများကြီးပဲ .."
ယွန်းဂီ အထုပ်တွေကိုကြည့်ပြီး ပြောလိုက်တော့ ဆော့ဂျင်က ရယ်ကာ
"အေး အစကတော့ အဲ့နှစ်ခုပဲ ဒါပေမယ့် ဈေးဆိုင်ရောက်မှ အိမ်မှာလိုတာလေးတွေ သတိရလာလို့ ..ယွန်းဂီအတွက် ခါကြက်ဥနဲ့လိမ္မော်ဖျော်ရည်ဗူးရယ် ..ဂျီမင်းအတွက် နွားနို့ဗူးရယ် ပြီးတော့ အသီးတချို့ရယ် အစုံဖြစ်သွားတာ "
ရယ်ပြီးပြောနေတဲ့ ဂျင်ဟျောင်းစကားကို နားထောင်ရတာ ယွန်းဂီရင်ထဲမှာ နွေးထွေးသွားတယ် ။ ငယ်ငယ်လေးကတည်း အချစ်မခံရတဲ့ အတွက် တစုံတယောက်က ကိုယ့်အတွက် တကူးတကတွေးပေးတယ်ဆိုတဲ့ အသိလေးက ယွန်းဂီအဖို့ ကမ္ဘာကြီးတစ်ခုစာလောက်အထိကို အရေးပါလှသည် ။ယွန်းဂီပြုံးလိုက်ကာ
"ဟျောင်း ..ဟျောင်းမရှိရင် ကျွန်တော်မရှိလောက်ဘူး "
ကျွန်တော်ပြောတော့ ဂျင်ဟျောင်းက ကြည့်လာပြီး သူ့ရဲ့အားတဲ့ လက်တစ်ဖက်နဲ့ ပခုံးကို သိုင်းဖက်လာ၏ ။
"ဘာလို့မရှိရမှာလဲ တနည်းနည်းနဲ့ ပြန်ဆုံမှာပေါ့ ..ယွန်းဂီ ငယ်ငယ်လေး ငါငယ်ငယ်လေးတုန်းက ယွန်းဂီက ငါ့ကို ဂျင်ဟျောင်းလို့ခေါ်လိုက်ကတည်းက ယွန်းဂီကို သေချာပေါက် စောင့်ရှောက်ရမယ် ယွန်းဂီက ငါ့ညီလေးပဲလို့တွေးခဲ့တာ ..အဲ့တုန်းက ဖြူဖြူသေးသေးလေးနဲ့ ဂျစ်တစ်တစ်ကလေးလေးက သိပ်ချစ်စရာကောင်းခဲ့တာလေ ..အခုလည်း ဖြူဖြူသေးသေး ဂျစ်တစ်တစ်လေးပါပဲ တခါတလေဆို ခေါင်းကမာသေးတယ် "
ဂျင်ဟျောင်းက ကျွန်တော့်ကို ကြည့်ကာ ပြောတာကြောင်း ရယ်လိုက်တယ် ။ ဟုတ်တယ် ..ကျွန်တော်က ခေါင်းမာ၏ ။ ဒါပေမယ့် ငယ်တုန်းကတော့ ချစ်မယ့်လူမရှိမှာကြောင့် ခေါင်းမာတဲ့အကျင့်ကိုဖျောက်ပြီးနေရင်း နာခံလွယ်တဲ့ ကလေးလေးဖြစ်ခဲ့တာ ။အခုတော့ နည်းနည်းလေး ခေါင်းမာပြီး နည်းနည်းလေးအချစ်ခံရပြီး နေရတာကို နေသားကျလာပြီ ။
"ကျွန်တော်က ဟျောင်းကိုရော ဂျီမင်းကိုရော ဟိုဆော့ကိုရော သိပ်ချစ်တာ ..ကျွန်တော့်အတွက်တော့ မိသားစုလေးပဲ "
"ငါရောပါပဲ ..ငါ့ရဲ့ မိသားစုဝင်လေး "
ကျွန်တော်ပြောလိုက်တော့ ဂျင်ဟျောင်းက ပြန်ပြောလာ၏ ။ ဂျင်ဟျောင်းကိုကြည့်ပြီး ယောင်းငယ်လေးအကြောင်းကို ပြောပြဖို့ စိတ်ကူးလိုက်၏ ။
"ဟျောင်း...အရင်တစ်ခေါက်ကပြောဖူးတယ် အရင်အိမ်ကကလေးဆိုတာလေ ..ဒီနေ့ သင်တန်းကို ရောက်လာတယ် ..သင်တန်းကနေ ဒီထိ အနောက်ကနေ တောက်လျှောက်လိုက်လာတယ် ဟျောင်း ..အဲ့တာ  သင်တန်းပြောင်းရင်ကောင်းမလားမသိဘူး ..အရင်တခေါက်တွေ့ကတည်းက မသိသလိုနေကြရအောင်လို့ ပြောထားတာကို "
ယွန်းဂီပြောပြီး သက်ပြင်းချလိုက်မိတယ် ။ ပြောသာ ပြောရတာ ယောင်းငယ်လေး ခေါင်းမာပြီး လိုချင်တာကို မရရအောင် လုပ်တတ်တာ သူသိ၏ ။ အခု သင်တန်းပြောင်းလည်း သေချာပေါက် စုံစမ်းပြီး လိုက်လာလောက်မှာပဲ ။
"အွန်...နေကြည့်လိုက်ပါ ..ဒီတိုင်းနေကြည့်လိုက် ..ပထမဆုံးတွေ့တုန်းက ဖြစ်တယ်ဆိုတာ ယွန်းဂီစိတ်ထဲ မထင်ထားတာကို ရုတ်တရက်တွေ့လိုက်ရလို့ လန့်သွားတာလည်း ပါတာပဲ ..အခုက ဒီလိုပဲ စိတ်ရှုပ်တဲ့အနေအထားမှာပဲဆို ရင်ဆိုင်ကြည့်လိုက်ပေါ့ ...မထူး ဒီလူတွေနဲ့ တနေ့ကြ တွေ့ရမှာပဲလေ မဟုတ်ဘူးလား ..ထပ်ပုန်းလည်း ထပ်တွေ့အုံးမှာပဲ ..သူလည်း တစ်ရက်ကနေ နှစ်ရက်ဆို ပျင်းသွားမှာပါ ..ဟျောင်းတို့ရှိတာပဲ ယွန်းဂီအတွက် အဆင်မပြေဘူးဆို လာကြိုပေးမယ် .."
ယွန်းဂီ နားထောင်ပြီးနောက် ခေါင်းငြိမ့်ပြလိုက်တယ် ။ ဂျင်ဟျောင်းက ရယ်ကာ ခေါင်းကို ပုတ်ပေးလာ၏
။ ဘတ်စ်ကားမှတ်တိုင်ကိုကျော်ပြီးနောက် ကျွန်တော်တို့ အိမ်ယာဝန်းရှေ့မှာရှိနေတဲ့ မီးတိုင်လေးကို မြင်နေရပြီဖြစ်သည် ။ မော့ကြည့်လိုက်တော့ မီးလင်းနေတဲ့ တိုက်ခန်းလေးဟာ ကျွန်တော်အတွက်တော့ လုံခြုံတဲ့နေရာလေးဖြစ်၏ ။
.........
ဂျီမင်း ဖုန်းကိုကြည့်ပြီး သက်ပြင်းချလိုက်တယ် ။ အကြိုက်ဆုံးဖိနပ်လေးက လက်ထဲရဖို့ ကံပါမလာဘူးထင်တယ် ။ အကိုယွန်းဂီက မုန့်ဖို့ပေးလို့ အမြန်ပြေးဝယ်တာတောင် ငွေလွဲပြီး ရခါနီးမှ ကပ်သီးလေးဆို ကပ်သီးလေး ပစ္စည်းကုန်သွားလို့ ပြန်အပ်ငွေ ပို့ပေးလိုက်ပါ့မယ်ဆိုတဲ့ စာက ရောက်လာ၏ ။
"ဘာတွေ သက်ပြင်းချနေတာလဲ "
ကားမောင်းနေတဲ့ အကိုဟိုဆော့က မေးလာတာကြောင့် ဂျီမင်းခေါင်းခါပြလိုက်တယ် ။
"ဘာလဲ ..အကပြိုင်ပွဲအတွက် အဆင်မပြေတာရှိလို့လား ..ဒါမှမဟုတ် စာမေးပွဲ အတွက် စာမရလို့လား "
"မဟုတ်ပါဘူး အကုန် အဆင်ပြေပါတယ် "
ဂျီမင်းပြောပြီး ကားခုံမှာ ကိုယ်ကိုလျှောပြီး မှီချလိုက်တယ် ။ ဒီရက်ပိုင်း အရမ်းနာမည်ကြီးတဲ့ အကပြိုင်ပွဲတစ်ခုရှိတာမို့  အကလေ့ကျင့်တာကို အချိန်ပိုပေးတဲ့ကြားထဲက စာလည်းလုပ်ရသေးတယ် ။မဟုတ်လို့ အမှတ်လျော့ရင် ဦးလေးက တကယ် ဆူတော့မှာ ။
"ဂျီမင်း ..အနောက်က ဘူးကို လှမ်းယူလိုက် "
အကိုဟိုဆော့ စကားကြောင့်  ကားနောက်က ဗူးလေးကို ကြည့်လိုက်တော့ ဖိနပ်ဗူးလေး ဖြစ်နေ၏ ။ လှမ်းယူလိုက်တော့ အဝါရောင် အစင်းလေးတွေပါနေတဲ့ ဗူးလေးဖြစ်နေတာကြောင့် အံ့ဩသွားတယ် ။ဒီဟာက မရလိုက်တဲ့ ဖိနပ်ရဲ့ ဗူးပုံမဟုတ်လား ။
"အကိုဟိုဆော့ ဒီဟာက.."
"မင်းအတွက် ဝယ်လာတာ ဒီနေ့ စင်တာမှာ ပတ်ရင်း ဒီဖိနပ်ကို တွေ့လိုက်လို့လေ ..ဒီဟာက အခုတလော နာမည်ကြီးနေတာ မဟုတ်လား "
ဗူးကို ဖွင့်ကြည့်လိုက်တော့ တကယ်သူကြိုက်တဲ့ဖိနပ်လေးဖြစ်နေ၏ ။
"ဒီဟာ ကျွန်တော်ဝယ်နေတာ ပစ္စည်းမရှိတော့ဘူးဆိုပြီး ငွေပြန်အပ်လို့ အကိုဟိုဆော့ ဘယ်လိုရခဲ့တာလဲ "
ကျွန်တော်မေးလိုက်တော့ အကိုဟိုဆော့က ဂုဏ်ယူဝင့်ကြွားစွာပြုံး၏ ။
"ဒီဟာက ငါသွားနေကြ brandဆိုင်ခွဲကရခဲ့တာ သူ့ဆီမှာလည်း ဒီတစ်ခုပဲရှိတော့တာကို ယူမယ်ဆိုလို့ အော်ဒါဖျက်ပြီး ပေးလိုက်တာ "
"ဘယ်ဆိုင်ကလဲ "
"ဂန်းနမ်ဆိုင်ခွဲက .."
ရုတ်တရက် ဖိနပ်ကိုကြည့်ရင်း အတွေးများလာ၏ ။ ဂျီမင်း သက်ပြင်းချလိုက်ကာ
"အဲ့က ကျွန်တော်မှာထားတာ "
ဂျီမင်းတိုးတိုးလေး ရေရွတ်လိုက်တယ် ။ ဂျီမင်းတို့အိမ်ကိုယ်တိုင်လည်း ဆရာဝန်ဦးလေးရယ် မိဘတွေက နယ်ဘက်မှာ လုပ်ငန်းပိုင်ရှိတာရယ်နဲ့ ပိုက်ဆံမရှိတဲ့ မိသားစုတော့မဟုတ်ပေမယ့် အကိုဟိုဆော့တို့လိုတော့ မချမ်းသာပေ ။ လက်ထဲက ဖိနပ်လေးက အကိုဟိုဆော့နဲ့ ကျွန်တော်ရဲ့ ကွာခြားမှုကို ပြနေသလိုပဲ ။ ကျွန်တော် အသဲအသန်လိုချင်ပြီး မရလိုက်တဲ့ဖိနပ်က အကိုဟိုဆော့ကြ စကားလေးတစ်ခွန်းတည်းနဲ့ ရခဲ့လိုက်တာ ။
"ဘာလို့လဲ size မှားနေလို့လား "
"မဟုတ်ပါဘူး ..ကောင်းကောင်းစီးပါ့မယ် "
ဂျီမင်းပြောလိုက်တော့ ဟိုဆော့က ပြုံးပြီး ခေါင်းငြိမ့်ပြလာသည် ။
"ဒါနဲ့ ပြိုင်ပွဲရှိတာ သိတယ်မလား "
ဂျီမင်း ထိုဖိနပ်ဗူးလေးကို  ပိုက်ထားရင်း မေးလိုက်တော့ အကိုဟိုဆော့က ကားမောင်းနေရင်း ခေါင်းငြိမ့်ပြလာသည် ။
"အဲ့နေ့ အားရင် လာခဲ့ပေးမလား ..အိမ်က ဘယ်သူမှ ခေါ်လို့မရလို့ ..အားမှပါ "
"လာခဲ့မယ်လေ အချိန်ကို နီးရင်ပြန်ပြောပေး နေရာကတော့ သိတယ် "
တော်တော်ကြီးစဉ်းစားပြီးပြောလိုက်ပေမယ့် အကိုဟိုဆော့က ချက်ချင်းတုံ့ပြန်လာတာကြောင့် ပျော်သွား၏ ။ကျွန်တော် လက်သီးဆုပ်လိုက်ကာ
"အာ့ ဆား ....တကယ်လာရမှာနော် မဟုတ်ရင် ကြောင်တောင်တောင်ကြီးဖြစ်နေမှာစိုးလို့ အဲ့နေ့ကြ ကျွန်တော်ဘယ်လောက် အကတော်လဲဆိုတာ ပြမယ် .."
ပျော်ရွင်စွာ ပြောလိုက်တော့ အကိုဟိုဆော့က ရယ်ကာ ခေါင်းငြိမ့်ပြလာသည် ။
"လာမှာ လာမှာ မဟုတ်တောင် မင်းကို မေးမလိုလုပ်နေတာ "
အကိုဟိုဆော့စကားကြောင့် ကျွန်တော်ပြုံးကာ ခေါင်းငြိမ့်ပြလိုက်တယ် ။  ခုနက အတွေးများနေတာတောင် ဘယ်ရောက်မှမသိ ပျောက်သွားတယ် ။ အကိုဟိုဆော့ ရှိနေလို့ တော်သေးတယ် မဟုတ်ရင် ကိုယ့်ဝါသနာကို ဒီလောက်ထိ ပေါက်မြောက်အောင် လုပ်နိုင်ပါ့မလားဆိုတာ သံသရ ဖြစ်မိ၏ ။
.........
ထယ်ယောင်း ဒီနေ့လည်း သင်တန်းရှေ့မှာ မယောင်မလည်နဲ့ ဦးလေးငယ်ကို စောင့်နေမိတယ် ။ နေ့တိုင်းစောင့်ပြီး နေတိုင်း လိုက်ပြီး စကားပြောပေမယ့် ဦလေးငယ်အချေလေးကတော့ အခုထိ စကားပြန်မပြောသေးဘူး ။ ဟော ထွက်လာပါပြီ လူသေးသေးလေးကို အိတ်ရော စာရွက်ထုပ်ကြီးရော မနိုင်မနင်းနဲ့ ။ ခါတိုင်းလို အနောက်ကနေ လိုက်နေပေမယ့်  စာရွက်ထုပ်ကြီး သယ်ထားတာ ဘယ်လိုမှ ကြည့်ရအဆင်မပြေတာကြောင့် ပြေးသွားပြီး စာရွက်ထုပ်ကြီးကို လုကာ သယ်လိုက်ရ၏ ။
"ပေး...ကျွန်တော်ကူသယ်ပေးမယ် "
"ရတယ် ..မလိုဘူး "
ယွန်းဆီက ထွက်လာတဲ့ အနိမ့်အမြင့်မဲ့နေတဲ့အသံကြောင့် ကျွန်တော် မသိအောင် ပြုံးလိုက်ကာ
"ပေးပါ ဦးလေးငယ်ကလည် တော်ကြာ မနိုင်မနင်းနဲ့ အရှေ့မမြင်ရပဲ ချော်လဲနေမယ် ..မဟုတ်တောင် မျက်မှန်အထူကြီး တပ်ထားရတာကို "
"ရတယ် ..ငါ့သယ်နေကြ "
လက်ထဲကနေ ပြန်လုပြီး ပြောနေတဲ့ ဦးလေးငယ်ကြောင့် စာရွက်ထုပ်ကို အမြင့်ကိုမြှောက်ပြီး ပွေ့လိုက်ကာ
"ကူညီပေးမလို့ကို ...ဒီကနေ အိမ်အထိ ဘယ်လိုလုပ်ပြန်မှာလဲ "
"ရတယ် မင်း မရှိကတည်းက ဒီလိုသယ်ပြီးပြန်နေကြပဲ အထူးအဆန်းမဟုတ်တော့ဘူး မင်းမရှိလည်း ဖြစ်တယ် "
ဦးလေးငယ်ရဲ့စကားကြောင့် ရင်ထဲမှာ နည်းနည်းတော့ နာကျင်သွားရတယ် ။ ယွန်းက မင်းမရှိလည်း ဖြစ်တယ်ဆိုအုံးတော့ ကျွန်တော်ကမှ မဖြစ်တာ ။ ဒါပေမယ့် ချက်ချင်း မျက်နှာကို ပြင်လိုက်ကာ
"အဲ့တာဆိုလည်း အပြန်နေရာတူတဲ့ လမ်းသွားလမ်းလာက ကူညီတယ်လို့ သဘောထားလိုက်ဗျာ ...လာမြန်မြန် ကားလွတ်တော့မယ် ဒီနေ့နောက်ကျတာကို "
ထယ်ယောင်းပြောပြီး အရှေ့ကနေ မြန်မြန်ထွက်လာခဲ့လိုက်၏ ။ အနောက်ကကျန်ခဲ့တဲ့ ယွန်းကတော့ သက်ပြင်းချပြီး ပါလာမှာ ဗေဒင်မေးစရာမလိုဘူး ။ ကားပေါ်ရောက်တော့ ယွန်းက ထိုင်နေကြနေရာမှာ ထိုင်၏ ။ ကျွန်တော်လည်း စာရွက်ထုပ်ပိုက်ထားရင်းနဲ့ သူ့ဘေးနားမှာ ဝင်ထိုင်လိုက်တယ် ။ ယွန်းက ကြည့်လာတာကြောင့် လက်ထဲက စာရွက်ထုပ်ကို မေးဆတ်ပြလိုက်ကာ
"စာရွက်ထုပ်တွေ ကူသယ်ပေးထားတာလေ ..တော်ကြာ အရေးကြီးစာရွက်တွေဖြစ်ရင် ဘယ်လိုလုပ်မလဲ ပိုင်ရှင်ရဲ့ အနီးဆုံးနားမှာ ရှိနေမှဖြစ်မှာပေါ့ "
ထယ်ယောင်းအကြောင်းပြချက်ပေးလိုက်တောါ မျက်စောင်းနဲ့ ဆွေကြည့်ပြီးတော့ ဘာမှမပြောပဲ ကားမှန်ဘက်ကိုသာ လှည့်သွား၏ ။ ဒီရက် တွေ့သလောက် ဦးလေးငယ်က မျက်စောင်းထိုးကြည့်တာ များသည် ။ ဒီကလူကလည်း ထိုအရာလေးတွေကိုပဲ အချစ်ပိုနေရတာ ။
"ပိုင်ရှင်နဲ့ အနီးဆုံး ရှိနေမှ ဖြစ်မှာက ကျွန်တော့်နှလုံးသားလေး ကိုပြောတာ "
ထယ်ယောင်း တိတ်တိတ်လေးပြောရင် ကားမှန်ကနေ အပြင်ကို ငေးနေတဲ့ လူလောကကို ဆင်းသက်လာတဲ့ နတ်သားလေးကို ငေးမောလိုက်၏ ။ဖြူဆွတ်နေတဲ့အသားအရေ မျက်နှာမှာကျနေတဲ့ မဲနက်နေတဲ့ဆံပင်လေးတွေ လှုပ်ရှားသက်ဝင်နေတဲ့ မျက်တောင်လေးတွေ ပြီးတော့ ချစ်စရာကောင်းလောက်အောင် ပါးလျနေတဲ့ နှုတ်ခမ်းပါးလေးနဲ့ ထိုသူဟာ လူလောကမှာ ခြေလာဆန့်တဲ့ နတ်သားငယ်လေးအလား ။ ထိုနှုတ်ခမ်းပါးတို့ကိုကြည့်နေရင်း သိပ်ချိုမြိန်တာကို သတိရသွားတော့ မျက်နှာချက်ချင်းလွဲကာ ရင်ခုန်သံတွေ ဗရမ်းဗတာဖြစ်သွားလို့ အသက်မှန်အောင် ရှုလိုက်ရသေးတယ် ။ ထယ်ယောင်း ဟိုဟိုဒီဒီ ကြည့်နေရာကနေ ဘေးက ဦလေးငယ်ကို ပြန်ကြည့်လိုက်၏ ။ ဒီတိုင်းသာကြည့်နေလို့ရမယ်ဆို ဒီကားကို ဆိုးလ်မြို့တစ်ပတ်တင်မကဘူး အီကွေတာအတိုင်း ကမ္ဘာတစ်ပတ်တောင် ပတ်စေချင်လိုက်သည် ။
ဒါပေမယ့် ဆုတောင်းတွေ မပြည့်ခဲ့ဘူး ကားက မှတ်တိုင်မှာ ရပ်သွားတာမို့ ဦးလေးငယ်က ကျွန်တော့်ကို ချန်ပြီး အရင်ဆင်းသွား၏ ။ကျွန်တော်မြန်မြန်ဆန်ဆန် ဆင်းသွားကာ သူ့နောက်ကို လိုက်ရတော့သည် ။သူပစ္စည်းတွေ သယ်ပေးထားလို့လားမသိဘူး လမ်းကို အရင်ကလောက် မြန်မြန်မလျှောက်တော့ ။ ကျွန်တော် ကျေနပ်စွာ ပြုံးလိုက်သည် ။
တိုက်ခန်းတွေရှေ့ရောက်တော့ ဦးလေးငယ်က ရပ်ပြီး သူ့စာရွက်ထုပ်ကိုတောင်းလာ၏ ။ ထယ်ယောင်း ခေါင်းခါပြလိုက်ကာ
"တစ်လမ်းလုံး သယ်လာတာကို လွယ်လွယ်ကူကူ ပေးစရာလား "
"ငါသယ်ခိုင်းတာလား ..."
ယွန်းက ရေရွတ်လာ၏ ။
"ဒါပေမယ့် ကူညီပေးလာတာ ကျေးဇူးတော့ဆပ်ရမှာပေါ့ "
ထယ်ယောင်းပြောလိုက်တော့ ဦးလေးငယ်က  ကြည့်လာပြီးမှ သက်ပြင်းချလာကာ
"ငါ အကူညီတောင်းတာမဟုတ်ပေမယ့် ဘာလိုချင်လို့လဲပြော ကျေးဇူးကြွေး အတင်မခံချင်တော့ဘူး "
တွေ့လား တွေ့လား ...အသံချိုချိုလေးနဲ့ စကားကိုပြောရင် ထုတ်ထိုးအိုးပေါက် ပြောနေတာ ။
"အရင်ဆုံး ဖုန်းနံပါတ် ..အမြဲမဆက်ဘူး ဒါပေမယ့် တစ်ခုခုဆို ဖုန်းဆက်လို့ရအောင်လို့ .."
ထယ်ယောင်း ဖုန်းနံပါတ်တောင်းရတဲ့ အကြောင်းအရင်းကို ပြောပြလိုက်တယ် ။ ဒီတိုင်းလေး ဘယ်မှမပြေးပဲ နေနေပေးတာတောင် ကျေးဇူးတင်ရမယ့်လူကို ဖုန်းဆက်ပြီး အနောက်အယှက်ပေးဖို့ စိတ်ကူးမရှိကြောင်း သေချာရှင်းပြလိုက်၏ ။ ဦလေးငယ်က ဖုန်းနံပါတ်တစ်ခုကို ရွတ်ပြတော့ သေချာအောင် ခေါ်ကြည့်လိုက်၏ ။ အိတ်ထဲက မြည်လာတဲ့ ဖုန်းသံအရ လိမ်ပြောတာမဟုတ်တာကြောင်း ထယ်ယောင်း အိုခေလုပ်ပြလိုက်တယ် ။
"ဒုတိယတစ်ခုက အတူတူပြန်တဲ့အချိန်ကြ အများကြီးမဟုတ်တောင် စကားတော့နည်းနည်းပြန်ပြောပေး ..မဟုတ်ရင် ကျွန်တော်က အရူးကြီးကြနေတာပဲ "
"အဲ့တာကတော့ မင်းဘာသာ မင်းလိုက်လာတာလေ ငါက မလိုက်လာရင်ပိုတောင်ကြိုက်သေးတယ် "
"ဘယ်လိုဆိုဆို ...နော် ..နော်လို့ ဦးလေးငယ် "
ထယ်ယောင်းစကားကို ယွန်းဂီ ခဏကြာစဉ်းစားပြီးနောက် ခေါင်းငြိမ့်ပြလိုက်၏ ။ ထယ်ယောင်း ပျော်ရွင်စွာ ခုန်ပေါက်လိုက်မိတယ် ။ပြီးမှ လက်ထဲ စာရွက်ထုပ်ကို ထည့်ပေးလိုက်ကာ
"အခန်းထိလို့ပြောရင် ငြင်းမှာမလား ..ရော့ ယူပြီး ဝင်တော့ "
"မင်းပြန် ..."
ယွန်းရဲ့စကားကို ခေါင်းငြိမ့်ပြကာ တိုက်ထဲဝင်သွားတဲ့အထိကြည့်ပြီး  ပြန်လာလိုက်တယ် ။ ဒီလိုနဲ့ တဆင့်ချင်း ဖြည်းဖြည်းချင်း ကိုယ်လိုချင်တဲ့ ဆက်ဆံရေးကို ရလာမှာပါ ။
___
တိုက်အကွယ်ကနေ ပျော်ရွင်စွာ ပြန်သွားတဲ့ ကလေးငယ်ကို ကြည့်ပြီး ယွန်းဂီပြုံးလိုက်မိတယ် ။ပြီးမှ လက်ထဲက စာရွက်ထုပ်ကိုကြည့်ကာ သက်ပြင်းချလိုက်၏ ။
"ထယ်ယောင်း ..အရှုပ်ထုပ်လေး ..ဒီလောက်လေးတာကြီးကို အကြာကြီးသယ်ပေးထားပြီးတော့ စကားပေါနိုင်သေးတယ် အရင်တုန်းကလိုပဲ "
ယွန်းဂီ ရေရွတ်လိုက်၏ ။ကလေးငယ်က ငယ်ငယ်တုန်းကလိုပဲ စကားများတုန်း ။ဒါပေမယ့် ထိုစကားသံလေးတွေကို ဘယ်လောက်လွမ်းနေခဲ့ရလဲဆိုတာ ကိုယ့်ဘာကိုယ်သာ အသိဆုံးဖြစ်သည် ။ယွန်းဂီရယ်လိုက်ပြီး အိမ်ဘက်ကို လျှောက်လိုက်၏ ။ဒါပေမယ့် ပြုံးနေတဲ့ နှုတ်ခမ်းပါးလေးဟာ ဘယ်လောက်ပျော်နေလဲဆိုတာ ဖော်ပြနေလေသည် ။
.....
ကလပ်မဟုတ်ပဲ အရက်ဘားတစ်ခုဖြစ်နေတာကြောင့် ဆူဆူညံညံမရှိပဲ ခပ်အေးအေး သီချင်းသံတစ်ခုကသာ ပျံ့လွင့်နေ၏ ။ ဂျောင်ကု အရက်သောက်နေရင်း ဖုန်းထုတ်ကာ ဟိုဟိုဒီဒီကြည့်နေလိုက်တယ် ။
"ဂျောင်ကု ..."
ပခုံးကို လာပုတ်တဲ့ ထယ်ယောင်းကြောင့် ဖုန်းကိုပြန်သိမ်းလိုက်ပြီး ထိုသူကို ကြည့်လိုက်ကာ
"မင်းကို ကြာတာ .."
"ဆောရီးကွာ ငါ့နှလုံးသားလေးကို သွားကြိုပေးနေရလို့ "
အရက်ခွက်ယူရင်း ပြောလာတဲ့ ထယ်ယောင်းကြောင့် ဂျောင်ကု ရယ်လိုက်မိတယ် ။သူ့ဦးလေးငယ်ရှိနေသ၍ ဒီကောင်ရဲ့ ရာသီဥတုက ကြည်လင်နေမှာ ။
"ဒါနဲ့ ဒီတစ်ခေါက် တောင်တက်သွားတာ ဘယ်လိုလဲ ..ငါလိုက်ချင်တာ ဂျူတီနဲ့တိုက်နေလို့ "
"ဒီလိုပါပဲ..အားအကုန်သုံးရလို့ စိတ်ကြည်သွားတာကလွဲရင် ခါတိုင်းလိုပါပဲ ..."
"စီနီယာနဲ့ရော အဆင်ပြေတယ်မလား "
"ငါမပြေလည်း သူကပြေနေတာပဲ ..မင်းကိုပြောသလိုပဲ ငါအလုပ်ဝင်ရတော့မှာ "
ဂျောင်ကုပြောပြီး အရက်ခွက်ကို အကုန်မော့ကာ နောက်တစ်ခွက်ပေးဖို့ခွက်ကိုမြှောက်ပြလိုက်၏ ။ကြာတော့လည်း အရက်က သိပ်မမူးတော့သလိုတောင် ခံစားရ၏ ။
"ဒါနဲ့ မင်းဦလေးငယ်နဲ့ရော ဘယ်လိုလဲ "
"ဒီနေ့ စကားပြန်ပြောပြီး ဖုန်းနံပါတ်ပေးလိုက်တယ်..နောက်ရက် သွားရင် စကားပြန်ပြောပေးလို့ပြောတာ လက်ခံတယ်လေ "
"အဲ့တာကြောင့် မင်း မှိုရတဲ့မျက်နှာကြီးဖြစ်နေတာကို ..ဒါပေမယ့် မင်းဦးလေးငယ်က အသဲမာပါတယ်ကွာ ..ဒီလောက်ချစ်တဲ့ တူလေးကို မသိချင်ယောင်ဆောင်ပြီး စကားမပြောတာကတော့ "
ဘယ်လိုပဲပြောပြော ဂျောင်ကုတော့ ထယ်ယောင်းဦးလေးငယ်လေးကို မျက်နှာလှလှလေးနဲ့ အသဲမာတဲ့လူလို့ ထင်မိသည် ။ ကိုယ်သာဆို ဒီလောက်ရင်းနှီးခဲ့တဲ့ တူလေးကို ဒီလိုမျိုး ဆက်ဆံနိုင်မယ်မထင်ဘူး ။
"ဒါကတော့ သူဖြတ်သန်းခဲ့ရတဲ့ ဘဝကြီး ကြမ်းတမ်းတာကို ..ငါတို့လို လွယ်ကူတဲ့ ဘဝကြီးမဟုတ်ခဲ့လို ယွန်းရဲ့ အခြေအနေ အားလုံးကို ငါတို့မသိနိုင်ဘူး ..ငါနားလည်ပေးလို့ရတယ် "
"မင်းကတော့ နားလည်ပေးနေလိုက် ..အဲ့လိုပဲ ဘဝကြီးက ကြမ်းတမ်းရင် ကွဲပြားသွာတာလား မွန်းကြပ်လွန်းလို့ ခံစားချက်မဲ့သွားတာလားပဲ "
"မင်းက ဘယ်သူကိုပြောနေတာလဲ "
ထယ်ယောင်း အမေးကို ဂျောင်ကု ပခုံးကိုတွန့်ပြလိုက်ကာ
"ကင်မ်နမ်ဂျွန် ..ငါဘယ်လောက်ပြောပြော ဒေါသထွက်ထွက် ငါသာသေသွားမယ် သူက ခပ်ပြုံးပြုံးပဲ ငါပြောတာကို မဖြုံတာလား ဒါမှ ခံစားချက်မရှိတာလားပဲ ...ငါဆို မနေနိုင်ဘူး "
ထယ်ယောင်းကို ကြည့်လိုက်ကာ
"အဖေက ငယ်ငယ်လေးကတည်းကသေသွားပြီး သူသိပ်ချစ်တဲ့အမေကလည်း ဆေးရုံတက်နေရတုန်း ငါနဲ့အတူတူ ငါ့ကိုထိန်းဖို့ နိုင်ငံခြားမှာ ကျောင်းတက်ရတယ် အမေသေတော့ အနားမှာတောင် မရှိပေးလိုက်နိုင်ဘူး ပြီးတော့ အိမ်ကထောက်ပံ့မှုနဲ့ ကျောင်းတက်ပြီး အိမ်ကိုပြန် အလုပ်လုပ်ပေးရတယ် ကြားတဲ့ ငါ့ပြဿနာတွေလိုက်ရှင်းရသေးတယ် ..သူဘဝကြီးလောက် မွန်းကြပ်စရာကောင်းတာ ရှိသေးလား "
"စီနီယာက မင်းကိုချစ်တာကို ..."
ထယ်ယောင်းစကားကို နားမလည်သလိုကြည့်လိုက်တော့ ထယ်ယောင်းက တုံးရန်ကောဆိုတဲ့ အကြည့်နဲဲ့ကြည့်ကာ
"စီနီယာမှာ တောင့်ခံနိုင်စရာ မင်းရှိနေတယ်လေ ..သူက မင်းကိုချစ်လို့ မင်းကို ချစ်တဲ့စိတ်နဲ့ သူနေနိုင်တာ မင်းပင်ပန်းစေမယ့်အရာမှန်သမျှ မင်းရှေ့ကနေ ကာကွယ်ပေးတာ အဲ့တာ ငါတောင်သိတယ် ..မတူတာက ယွန်းမှာ ဘယ်သူမှမရှိခဲ့ဘူး လောကရဲ့ အေးစက်မှုတွေ ရက်စက်မှုတွေကို သူတောင့်ခံနိုင်လောက်တဲ့ သံယောဇဉ်သေးသေးလေးတောင် မရှိခဲ့ဘူး ဒါပေမယ့် ယွန်းရဲ့ အေးစက်နေတဲ့ အသဲထဲမှာ ငါ့အတွက် သံယောဇဉ်လေးတွေရှိသေးတာ ငါသိတယ် အဲ့တာလေးတွေကို ဖြည်းဖြည်းချင်းတူးဆွပေးရင် ယွန်းရဲ့ နှလုံးသားလေးနွေးထွေးလာအောင် ငါလုပ်ပေးမှာ အခုကစ,ပြီး ငါပွေ့ဖက်ပြီး ယုယပေးချင်တဲ့ ငါ့ဦးလေးငယ်လေး ..ဘယ်သူမှမထိခိုက်နိုင်အောင် ဘယ်သူမဖျက်ဆီးနိုင်အောင် ငါကာကွယ်ပေးမှာ ..ယွန်းက ငါ့အသက် ငါ့အသက်ရှင်ဖို့ အကြောင်းတရားလေး ဂျောင်ကု ...ယွန်းမရှိရင် ငါသေမှာ "
ထယ်ယောင်းက ပြောနေပေမယ့် အနောက်က စကားတချို့ကို မကြားလိုက်ဘူး ။ ဂျောင်ကု စဉ်းစားနေတာက 'သူက မင်းကိုချစ်လို့ မင်းကို ချစ်တဲ့စိတ်နဲ့ တောင့်ခံနေခဲ့တာ 'ဆိုတဲ့ စကားပေါ်မှာ ။ ကင်မ်နမ်ဂျွန်က တကယ်ပဲ ချစ်လို့လားဆိုတဲ့ အတွေးက ဂျောင်ကုကို ခေါင်းရှုပ်စေခဲ့၏ ။
ဆက်ရန် ...
-
-
-
-
-
-
-
-
(Zawgyi)
............
.......
"ဟိုဆော့ကို ဂျီမင်းသွားကြိုခိုင်းလိုက်တာ ..ငါက ဒီနေ့ ဝက်နံရိုးနဲ့ အမြွှာလေးတို့ အမေပေးထားတဲ့ ကင်ချီကို ဟင်းရည်ချက်ပြီး ကြာဇံသုပ်မလားလို့ လိုတာလေးတွေ လာဝယ်တာ "
"ဟျောင်းက အများကြီးပဲ .."
.........
"အကိုဟိုဆော့ ဒီဟာက.."
"ဘယ်ဆိုင်ကလဲ "
"ဂန်းနမ်ဆိုင်ခွဲက .."
.........
"ရတယ် ..မလိုဘူး "
"ရတယ် ..ငါ့သယ်နေကြ "
"ငါသယ်ခိုင်းတာလား ..."
ယွန်းက ရေရွတ်လာ၏ ။
"မင်းပြန် ..."
___
.....
"ဂျောင်ကု ..."
"မင်းကို ကြာတာ .."
ထယ်ယောင်းစကားကို နားမလည်သလိုကြည့်လိုက်တော့ ထယ်ယောင်းက တုံးရန်ကောဆိုတဲ့ အကြည့်နဲ့ကြည့်ကာ
ဆက်ရန် ...
Continue Reading
You'll Also Like
577K 75.2K 80
Ya Amar = My Moon or My most beautiful (Alpha & Omega)
498K 67.4K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
665K 44.5K 67
အသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တို...
305K 52K 64
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)