TROUBLE MAKER

By yu_nabi7

2.1K 345 122

"မင်းအမနဲ့ငါ့ကိုမတွဲစေချင်ရင်အပေးအယူလုပ်ရမယ် ချွမ်းရွေ့" "ဘာအပေးအယူလဲ" "မင်းငါနဲ့တွဲပေး" Start Date - 25.3.20... More

🍓💭
💌💘
💫🍓
⚡💤

🍰💋

624 75 15
By yu_nabi7

"ဒီနေ့ အိမ်ပြန်နောက်ကျမယ်"

တစ်ဖက်ကပြန်ပြောတဲ့စကားသံကိုနားမထောင်ဘဲ သူပြောချင်ရာပြောပြီးဖုန်းကိုချပစ်လိုက်တယ်။ဆက်နားထောင်လည်း ဒယ်ဒီ့ရဲ့ဆဲဆိုကြိမ်းမောင်းသံဘဲကြားရမှာမို့ သူနားပူတာဘဲရှိမယ်။

ကားစတီယာတိုင်ကိုကွေ့ပြီး ခြံထဲကို၀င်သွားသည်နဲ့ပါတီမှာရှိတဲ့လူတွေအကုန်လုံးကသူ့ရဲ့ပြိုင်ကားအနီရောင်ဆီကိုဘဲ အာရုံစူးစိုက်လာကြသည်။

ကားပေါ်ကဆင်းလာတဲ့ သူကAll blackနဲ့သန့်ပြန့်နေပြီး‌ ချောမောလွန်းတဲ့ရုပ်ရည်ကြောင့်ကြည့်လိုက်တာနဲ့မျိုးရိုးမြင့်ထဲကသခင်လေးတစ်ယောက်မှန်းတန်းသိနိုင်သည်။

"Happy Birthday မ"

မမကသူရောက်လာတာကိုမမြင်ဘဲ အခြားလူတွေနဲ့စကားပြောနေတာကိုအခွင့်ကောင်းယူပြီး ဂယူဗင်းကအနားကိုကပ်သွားကာ ပါးတစ်ဖက်ကိုနမ်းပြီးပြောလိုက်တယ်။

"မောင် ‌ရောက်တာကြာပြီလား"

"ခုလေးတင်ရောက်တာ ဒါကမအတွက်မွေးနေ့လက်ဆောင်"

ဂယူဗင်းလက်ထဲကပါလာတဲ့ဘူးလေးကို မမကျန်းယွီကို‌ပေးလိုက်တယ်။ဘူးထဲမှာပါတဲ့ စိန်ဆွဲကြိုးမျှင်ကိုမြင်တော့သူမက၀မ်းသာအားရပြုံးတယ်။

ဒါဘဲလေ မိန်းကလေးတွေအားလုံးကခုလိုမျိုးLuxury ဆန်ပြီးဈေးကြီးတဲ့ဟာတွေကိုကြိုက်တယ်မလား။ဂယူဗင်းဘ၀မှာ မိန်းကလေးတစ်ယောက်ရဲ့စိတ်ကိုရဖို့အတွက်က ငှက်ပျောသီးအခွံနွှာစားရတာလောက်တောင်ခဲယဉ်းမနေဘူး။

"Cakeကတော့ခဏနေမှခွဲမှာ မောင်ဗိုက်ဆာရင်တစ်ခုခုစားနှင့်မလား"

"မောင်ဗိုက်မဆာပါဘူး မရဲ့မျက်နှာမြင်ရရင်ဘဲမောင်ကဗိုက်ပြည့်တယ်"

"မောင်နော် ပိုပြန်ပြီ"

ရှက်ပြီးတော့မျက်နှာလေးငုံ့သွားတဲ့အဖြူရောင်ဂါ၀န်လေးနဲ့သူမကဒီ‌နေ့ပွဲရဲ့ဇာတ်လိုက်မင်းသမီးလေး။

"မောင့်ကိုလေ ကျန်းယွီကဒီနေ့ပါးတို့မားတို့နဲ့မိတ်ဆက်ပေးဖို့လုပ်ထားတာ ဒါပေမယ့်သူတို့ကအလုပ်ကိစ္စနဲ့ခရီးထွက်သွားတာ "

"ဟုတ်လား နောက်ကြုံမှပေါ့"

ဂယူဗင်းအောင့်သက်သက်နဲ့ပြန်ဖြေလိုက်ရသည်။တွဲသမျှမိန်းကလေးတိုင်းက ဒီတိုင်းအပျော်သဘောဘဲမို့ဘယ်သူမိဘတွေနဲ့မှသူမသိချင်။သိပြီးသွားရင်လည်းဘာလုပ်မှာလဲ။အချိန်တန်ရင်သူနဲ့ပြတ်မှာဘဲဟာအာရုံနောက်တာဘဲရှိမယ်။

ခုလည်းဒီတစ်ယောက်ကအဆင်ပြေမယ်ထင်လို့၃လလောက်ဆက်တွဲနေတာ ကြည့်ရသလောက်ဆို အဲ့လိုဇယားရှုပ်လာရင်ဖြတ်မှရမယ်ထင်တယ်။သူ့ဘ၀မှာလက်ထပ်ချင်လောက်တဲ့ထိသဘောကျတဲ့မိန်းကလေးမျိုးမရှိဘူး။

"အော် ဒါပေမယ့်လေ မောင်လေးတော့ရှိတယ်သိလား  ခဏလေးမောင်နဲ့‌မိတ်ဆက်ပေးမယ် "

သူမကပြောပြီးဂယူဗင်းရှေ့ကခဏထွက်သွားတယ်။စိတ်ညစ်တာဘဲ။မိဘတွေမရှိလို့ တော်သေးတယ်ထင်တာ ဘယ်ကဘယ်လိုမောင်ဆိုတဲ့တစ်ယောက်ကပေါ်လာမှန်းမသိပြန်ဘူး။

"ချွမ်းရွေ့ဒါကလေ ကင်ဂယူဗင်းတဲ့...မမရဲ့ချစ်သူ"

ဂယူဗင်းရှေ့ကိုပြန်ရောက်လာတဲ့သူမက ဆံပင်အဝါရောင်နဲ့အနောက်တိုင်း၀တ်စုံ၀တ်ထားတဲ့လူတစ်ယောက်ကိုပါ လက်ကဆွဲခေါ်လာတယ်။

"မောင် ဒါကလေရှန်ချွမ်းရွေ့တဲ့ ကျန်းယွီရဲ့မောင်လေးလေ "

သူနဲ့အသက်အရွယ်တူပုံရတဲ့ ချွမ်းရွေ့ဆိုတဲ့တစ်ယောက်ကဂယူဗင်းကို သူ့ရဲ့မျက်၀န်းတောက်တောက်တွေနဲ့ သေချာငေးစိုက်ကြည့်လာတယ်။

"ကိုယ့်နာမည်က ဂယူဗင်းပါတွေ့ရတာ၀မ်းသာပါတယ်"

ဂယူဗင်းကအရင်ပြန်မိတ်ဆက်ပြီးလက်ဆွဲနှုတ်ဆက်ဖို့ရှေ့ကိုကမ်းပေးလိုက်တော့ ချွမ်းရွေ့ကသူ့လက်ကိုပြန်ကမ်းပေးပြီးနှုတ်ဆက်တယ်။

"တွေ့ရတာ၀မ်းသာပါတယ် ငါကချွမ်းရွေ့ပါ"

ချွမ်းရွေ့ရဲ့ကိုရီးယားစကားပြောပုံလေယူလေသိမ်းက မမကျန်းယွီနဲ့လိုမျိုးပီပီသသမထွက်ဘဲ စကားသံဝဲ၀ဲလေးနဲ့တစ်မျိုးလေးဖြစ်နေတယ်။

"ချွမ်းရွေ့က ငယ်ငယ်ထဲကLAမှာအဒေါ်နဲ့သွားနေတာလေ ပါးနဲ့မားကအတင်းလှမ်းခေါ်လို့ခုမှကိုရီးယားကိုပြန်ရောက်လာတာ"

မမကျန်းယွီရဲ့စကားကို ဂယူဗင်းကခေါင်းညိမ့်ပြီးတုံ့ပြန်ရုံကလွဲရင်ကျန်တာဆက်မပြောဖြစ်တော့ဘူး။

//

မွေးနေ့ကိတ်ခွဲပြီးသွားတော့ ပါတီကလူတွေအကုန်လုံးကသူတို့အုပ်စုနဲ့သူတို့ကတဲ့သူက,က။သောက်ရင်း,စားရင်းစကားပြောတဲ့လူကပြောနဲ့‌ခရီးရောက်နေကြပြီ။

မွေးနေ့ရှင်ဖြစ်တဲ့ မမကျန်းယွီကလည်းသူ့သူငယ်ချင်းမိန်းကလေးအုပ်စုနဲ့စကားပြောရင်းစားသောက်နေကြတာမို့ ဂယူ‌ဗင်းကအနားမသွားဘဲခပ်ဝေးဝေးကသာ ဝိုင်သောက်ရင်းရပ်ကြည့်နေမိတယ်။

ဂယူဗင်းကမမနဲ့ပတ်သတ်ပြီးသာဒီကိုလာတာဖြစ်ပြီး ဒီမှာသူနဲ့သိတဲ့လူတစ်ယောက်မှမရှိသလို၊သိစရာလည်းမလိုလောက်ဖူးထင်‌တာကြောင့်ဘယ်သူနဲ့မှလည်းလိုက်မ‌ရောဖြစ်ဘူး။

ဒါပေမယ့် ဝိုင်သောက်နေရင်းဂယူဗင်းရဲ့အာရုံက အစားအသောက်တွေတင်ထားတဲ့စားပွဲဝိုင်းနားမှာရစ်သီ,ရစ်သီလုပ်နေတဲ့ ဆံပင်အဝါရောင်နဲ့ပုံရိပ်လေးဆီရောက်သွားသည်။

ခုနမမမိတ်ဆက်ပေးထားတဲ့ သူ့မောင်လေးဆိုတဲ့တစ်ယောက်မှန်း ဂယူဗင်းကနောက်ကျောကလှမ်းကြည့်ရုံနဲ့သိတယ်။ဘာလို့ဆို ဒီပွဲထဲမှာဆံပင်အဝါရောင်ဆိုးထားတာဆိုလို့ အဲ့တစ်ယောက်ဘဲရှိနေတာ။

"ဘာလုပ်နေတာလဲ ချွမ်းရွေ့"

ဂယူဗင်းလည်းတစ်ယောက်တည်းနေရတာပျင်းတာကြောင့် အဲ့တစ်ယောက်နားကိုသွားပြီးမေးကြည့်တော့သူ့ကိုလှည့်ကြည့်လာတဲ့မျက်၀န်းတွေကခုနကလိုမျိုးတောက်ပ‌မနေဘဲ အလိုမကျသလိုစုကြုံထားတယ်။

"စတော်ဘယ်ရီရှာနေတာ"

ဂယူဗင်းကိုပြန်ဖြေလာတဲ့လေသံက ပုံမှန်နဲ့မတူဘဲအနည်းငယ်ရီဝေနေတာမို့ ချွမ်းရွေ့လည်းဝိုင်သောက်ထားတယ်ဆိုတာသူရိပ်မိလိုက်သည်။

"ဘာလုပ်ဖို့စတော်ဘယ်ရီရှာနေတာလဲ"

"စားမို့ပေါ့...မမကကိတ်ထဲမှာစတော်ဘယ်ရီရှိသေးတယ် စားချင်ရင်ရှာစားတဲ့...အတော်ဘဲ ဂူဘင်းငါ့ကိုကူရှာပေးပါအုံး"

ဂယူဗင်းနာမည်ကိုတောင်မှန်အောင်မခေါ်နိုင်တဲ့အရက်မူးသမားလေးက ကိတ်ထဲကစတော်ဘယ်ရီသီးကိုတွေ့ဖို့အတွက်တော့အတင်းဖြဲရှာတယ်။

"ရော့ ဒီမှာစတော်ဘယ်ရီ"

နားအေးပြီးရောကိတ်အပေါ်ဆုံးကအနီရောင်အသီးတစ်ခုကိုယူပြီး ဂယူဗင်းကပေးလိုက်တော့သေချာယူပြီးကြည့်တယ်။

"လိမ်တာ Raspberry ကြီးဟာကို"

ချွမ်းရွေ့ကမျက်မှောင်ကြုံပြီးဆူပုတ်သွားကာ သူ့ကိုပြန်ရန်တွေ့တယ်။မူးနေတဲ့သူကဒါ‌ကျခွဲတတ်တယ်ဆိုပြီးဂယူဗင်းမှာအံ့ဩမိသေးတယ်။

"ဒီမှာတွေ့ပြီ"

သူ့ဟာသူကိတ်ထဲကနေဇွန်းနဲ့နှိုက်ရှာလို့ရလာတဲ့စတော်ဘယ်ရီသီးကို ဂယူဗင်းလုစားမှာစိုးရိမ်သလိုမျိုးဘဲပါးစပ်ထဲအမြန်ကောက်ထည့်တယ်။ချွမ်းရွေ့ကစတော်ဘယ်ရီသီးကိုစွဲလန်းနေတာလား။

"မောင်ပြန်သွားပြီတောင်ထင်တာ ကျန်းယွီသူငယ်ချင်းတွေနဲ့စကားကောင်းနေတာနဲ့မေ့သွားတာ... မောင်ကဒီမှာချွမ်းရွေ့နဲ့စကားလာကောင်းနေတာဘဲ"

"ခဏနေကျပြန်တော့မှာ ပွဲလည်းပြီးခါနီးပြီမလား"

"မမ နင့်ရည်းစားကိုဖြတ်လိုက် ... သူကအသုံးမကျဘူး Strawberry နဲ့ Raspberry တောင်မခွဲတတ်ဘူး"

"ဟဲ့ ချွမ်းရွေ့မူးနေတာလား ... ဘာတွေလျှောက်ပြောနေတာလဲသူများကို"

"သူမူးနေပြီ မ ... သူ့ကိုနားခိုင်းလိုက်တော့"

"ဟုတ်တယ်‌ ချွမ်းရွေ့သွားနင်အိမ်ထဲ၀င်ပြီးသွားနားတော့"

အရက်မူးပေမယ့် အမစကားကိုတော့ချွမ်းရွေ့ကနားထောင်တတ်ပုံရသား။ယိုင်တိုင်တိုင်နဲ့ချက်ချင်းအိမ်ဘက်ကိုလှည့်ပြန်ပြီးသွားဖို့လုပ်တယ်။ဒါပေမယ့် ဘယ်နှစ်လှမ်းမှတောင်မလျှောက်ရသေးဘူး မြက်ခင်းပြင်ပေါ်ကိုပစ်လဲကျတာမို့ ဂယူ‌ဗင်းကအမြန်ပြေးထူပေးရတယ်။

"ချွမ်းရွေ့ရယ် ဒဏ်ရာတွေတော့ရကုန်တော့မှာဘဲ ... နင့်ကိုငါမသောက်တတ်ဘဲမသောက်ပါနဲ့လို့ပြောထားတာကို "

"သူ့ကြည့်ရတာဒီပုံနဲ့ဆိုတစ်ယောက်တည်းဖြစ်မှာမဟုတ်ဘူး မောင်လိုက်‌ပို့ပေးလိုက်ပါ့မယ် "

"ဒါဆိုမောင့်ကိုဘဲအားနာနာနဲ့အကူညီတောင်းရတော့မှာဘဲ ... ချွမ်းရွေ့အခန်းကလှေကားကတက်သွားရင်ညာဘက်ထောင့်စွန်းကအခန်း"

မမကျန်းယွီညွှန်ပြပေးတဲ့အတိုင်း ဂယူ‌ဗင်းမှာအရက်မူးသမားလေးကိုတွဲပြီးလှေကားပေါ်ကိုတက်လာရတယ်။ပုံမှန်ဆိုသူက အဲ့လောက်ထိစိတ်ရှည်တတ်တဲ့လူမျိုးမဟုတ်သလို သူငယ်ချင်းတွေထဲမူးတဲ့သူရှိရင်တောင်ဒီတိုင်းထားပစ်ခဲ့တာ။

ဒီတစ်ယောက်ကျမှသာကိုယ့်ရည်းစားရဲ့မောင်ဖြစ်နေတာကတစ်ပိုင်း ဂယူဗင်းစိတ်ထဲမှာလည်းခဏခဏအာရုံစိုက်မိနေတာရောကြောင့်ကူညီပေးမိတာ။

"All ... by myself ! Don't wanna be ...
All ...by myself ...... anymore ! "

တွဲခေါ်လာတာကိုငြိမ်ငြိမ်မလိုက်ဘဲ Celine Dion ရဲ့သီချင်းကြီးထအော်ဆိုတာမို့ဂယူဗင်းကလက်နဲ့ပါးစပ်ကိုလှမ်းပိတ်ရတယ်။သူ့ရဲ့နား,နားကပ်အော်နေတာကြာရင်နားကွဲတော့မယ်။

"အ့!"

လှမ်းပိတ်တဲ့ဂယူဗင်းရဲ့လက်ကိုကိုက်လိုက်တာမို့ အမြန်ပြန်ရုတ်လိုက်‌ပေမယ့် လက်မှာကချွမ်းရွေ့ကိုက်ထားတဲ့သွားရာအကွင်းလိုက်ကတံဆိပ်ရိုက်ပြီးသား။

အပေါ်ထပ်ရောက်တော့ညာဘက်ထောင့်စွန်းကအခန်းတံခါးကိုဖွင့်ပြီးအထဲကို၀င်လိုက်ရုံရှိသေး ရုတ်တရက်ဆန်ဆန်အမူးသမားလေးက ဂယူဗင်းကိုအုတ်နံရံနဲ့ဆွဲကပ်ပစ်ပြီး သူ့ကိုယ်နဲ့ရှေ့ကပိတ်ထားကာဘေးနံရံကိုလက်ကလည်း‌ထောက်ထားသေးတယ်။

"ဂူဘင်း မင်းကငါ့အမကိုတကယ်ကြိုက်တာရော ဟုတ်လို့လား "

"မင်းကဘယ်လိုထင်လို့လဲ"

ဂယူဗင်းမေးလိုက်တော့ တွေးဆဆနဲ့အသည်းအသန်စဉ်းစားနေပုံကချစ်ဖို့တော့ကောင်းသည်။သူအမနဲ့ယှဉ်ရင် ချွမ်းရွေ့မှာမတူတဲ့အကျင့်စရိုက်တွေရှိပုံရပြီးသူထုတ်ပြမှသာမြင်ရမယ်ထင်သည်။

"ဂူဘင်း မင်းငါ့အမကိုအပျော်ကြံရင်ငါဆွဲထိုးမှာ"

ပါးစပ်ကလည်းပြောရင်း လက်ဟန်,ခြေဟန်နဲ့လည်းဂယူဗင်းကိုရွယ်ပြသေးသည်။ချွမ်းရွေ့ သူ့နာမည်ကိုမပီမသခေါ်လိုက်တိုင်းသူဘာကြောင့်မှန်းမသိသဘောကျမိပြီးအလိုလိုရယ်မိတယ်။

"ဒါဆို ငါအမှန်တိုင်းပြောပြရမလား"

သူပြောတော့ ချွမ်းရွေ့ကခေါင်းတစ်ဆတ်ဆတ်ညိမ့်ပြလာတယ်။ဂယူဗင်းတွေးလိုက်မိတယ် ‌ချွမ်းရွေ့ကလက်သည်းဝှက်ထားတဲ့ကြောင်ဆိုးလေးတွေလိုဘဲ။ပုံမှန်အချိန်မှာဆိုရင်စကားနည်းပြီးယဉ်ကျေးတဲ့ကြောင်လိမ္မာလေးတစ်ကောင်လိုဖြစ်နေပေမယ့်'အရက်မူးရင် ကျွဲခိုးပေါ်တယ်'ဆိုသလို မူးနေရင်တော့ဆတ်ဆတ်ထိမခံတဲ့ ဗီဇလေးကပေါ်လာပုံရတယ်။

ဂယူဗင်းက အမူးသမားလေးကိုစ,ချင်တာမို့လို့ ချွမ်းရွေ့လက်ကိုဆွဲပြီးအုတ်နံရံနဲ့ပြန်ကပ်ပစ်လိုက်တော့ ခုဆိုရင်နံရံနဲ့ဂယူဗင်းကြားမှာချွမ်းရွေ့ကကြားညှပ်ခံထားရတယ်။

"တကယ်တော့ ငါကမင်းအမကိုမကြိုက်ဘူးအပျော်‌တွဲတာ "

ချွမ်းရွေ့ရဲ့နား,နားကို တိုးတိုးလေးကပ်ပြော‌လိုက်ပြီးလေနဲ့ခပ်ဖွဖွလေးမှုတ်လိုက်တော့ အမူးသမားလေးကရှူးရှူးရှဲရှဲနဲ့ဒေါသထွက်ပြီး ဂယူဗင်းကိုကျိန်ဆဲလာတယ်။

"မင်း! မကောင်းတဲ့ကောင် ... အဲ့တာဆိုငါ့မမနဲ့ပြတ်လိုက်တော့"

"အလကားတော့ဘယ်ရမလဲ အပေးအယူလုပ်ရမယ်လေ "

"ဘာပေးအယူလဲ"

"မင်းမမနဲ့ငါပြတ်လိုက်မယ်...မင်း ငါနဲ့တွဲပေးမလား"

"ရတယ် တွဲပေးမယ်"

စဉ်းတောင်မစဉ်းစားဘဲတန်းပြီးအဖြေပေးလာတဲ့ချွမ်းရွေ့က သူဘာပြောလို့ပြောနေမှန်းရောသိရဲ့လား။သူ့အမနဲ့ဂယူဗင်းပြတ်ရင်ပြီးရော ဘာမှမစဥ်းစားဘဲကိုကလေးတွေလိုမျိုးဇွတ်ခေါင်းညိမ့်နေတာ။

"ဒါဆို ရည်းစားတွေကဘာလုပ်ကြလဲ"

ဂယူဗင်းမေးတော့ ချွမ်းရွေ့ကမျက်လုံးလှန်ပြီးခဏလောက်စဉ်းစားတယ်။ပြီးမှစာမေးပွဲမှာအဖြေရသွားသလိုမျိုး ခပ်မြန်မြန်ဘဲပြန်ဖြေလာတယ်။

"မုန့်တူတူစားကြတာလား"

ဒီကြောင်လေးရဲ့ခေါင်းထဲမှာ ဘယ်လိုတောင်ပေါက်ကရအတွေးတွေနဲ့မုန့်စားဖို့အတွေးဘဲရှိတာလား။ဂယူဗင်းက အသည်းယားလွန်းလို့ဖျစ်ညှစ်ချင်စိတ်ကိုထိန်းထားရတယ်။

"မဟုတ်ဘူး ရည်းစားတွေကနမ်းကြတာ"

"အဲ့လိုလား...ဒါဆိုငါမင်းကိုနမ်းလိုက်မယ်‌လေ "

ဂယူဗင်းကစ‌,နောက်ဖို့ဘဲရည်ရွယ်ထားပေမယ့် ချွမ်းရွေ့ကတကယ်သူ့နှုတ်ခမ်းကိုလာထိကပ်တာမို့ပထမ‌တော့ကြောင်,အသွားပေမယ့်အလိုက်သင့်ပြန်ပြီးလက်ခံရင်းကနေ သူကိုယ်တိုင်ကလိုလိုလားလားနဲ့ပြန်ပြီးတိုက်စစ်ဆင်မိပြန်တယ်။

စတင်တဲ့သူကချွမ်းရွေ့ဆိုပေမယ့် ခုတော့ဂယူဗင်းကဦးဆောင်တဲ့သူဖြစ်နေပြီး အားမရတာမို့ချွမ်းရွေ့ရဲ့ပါးတစ်ဖက်ကိုလက်နဲ့ထိန်းကိုင်ပြီးခပ်ကြမ်းကြမ်းအကြင်နာတွေကိုရစ်ပတ်နှောင်ဖွဲ့နေမိတယ်။

အွန်း....ချိုတယ်။ဂယူဗင်းနမ်းခဲ့ဖူးသမျှ ဆေးရောင်စုံခြယ်သထားတဲ့မိန်းက‌လေးတွေရဲ့နှုတ်ခမ်းတွေထက် ဝိုင်နံ့ခပ်သင်းသင်းနဲ့စတော်ဘယ်ရီအရသာရောနေတဲ့ယောကျာ်းလေးတစ်ယောက်ရဲ့နှုတ်ခမ်းတစ်စုံကပိုပြီးတော့ ရုန်းထွက်မရအောင်သူ့ကိုဆွဲဆောင်နိုင်တယ်။

"အ့!"

ပိုလျှံမိသွားတဲ့အကြင်နာကြောင့် ချွမ်းရွေ့ရဲ့အသံသဲ့သဲ့လေးထွက်လာမှဂယူဗင်းကလွှတ်ပေးဖို့သတိရတယ်။

ရေနည်းရာမှာရှိပြီးအသက်ရှုမ၀တဲ့ငါးလေးတစ်ကောင်လိုဘဲ ပါးစပ်လေးဟပြီးအသက်ရှုနေတဲ့ချွမ်းရွေ့ကနှုတ်ခမ်းထောင့်မှာလည်း ဂယူဗင်းရဲ့လက်ချက်ကြောင့်သွေး‌ထွက်နေတယ်။

"ဂူဘင်း ငါမင်းနဲ့နမ်းပြီးပြီနော်... ငါ့မမနဲ့မင်းပြတ်လို့ရပြီ"

အသက်ကိုလုရှုနေရတဲ့ကြားထဲကနေ လှမ်းပြီးပြောတဲ့ချွမ်းရွေ့က ခုဘာကိုမှဂရုမစိုက်ဘဲ ဂယူဗင်းလက်ထဲသူ့အမ မပါသွားဖို့အရေးကိုဘဲအာရုံစိုက်နေပြန်တယ်။

ဂယူဗင်းကအသည်းယားလွန်းလို့ ချွမ်းရွေ့ရဲ့ပါးလေးကိုအုပ်ကိုင်ပြီးနောက်ထပ်ပြင်သစ်အနမ်းခပ်ကြမ်းကြမ်းတွေကိုစတင်မိပြန်တယ်။

အူကြောင်ကြောင်နဲ့မူးနေတဲ့ ဂယူဗင်းလက်ထဲကကြောင်ဆိုးလေးကမနက်ကျရင်‌ရော ဒီအကြောင်းတွေကိုမှတ်မိနိုင်ပါ့မလား။

//////

မမကျန်းယွီ pov :
(မောင် ကခုထိလည်းပြန်မဆင်းလာသေးဘူး)
👀👀

Continue Reading

You'll Also Like

211K 4.4K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
96.8K 4.7K 25
A young child born with a golden core and a dark energy, his parent found about this when he turn five years old. They took him to go see Baoshan San...
7.1K 909 13
please gently press the strawberry button to see my heart.
1.2K 118 5
ဒီနေ့ရဲ့TMI-စီနီယာဝန်ဘင်းကိုချစ်တယ်~~