BLANK-ကွက်လပ်

By MaMa99547

120K 2K 101

ခင်ဗျားကိုမြင်မြင်းချင်းထဲက..လုပ်ချင်တာ More

ep1⚠🔞
part-2 ( uni) ⚠🔞
part-2 (zawgyi) ⚠🔞
part-3 (uni)
part-3 ( zawgyi)
part-4 (uni) 🔞⚠
part-4 (zawgyi)🔞⚠
Part-5(uni)⚠
part-5 (zawgyi)⚠
part-6 (uni)⚠
part-6(zawgyi)⚠
part-7(uni)🔞
part-7 (zawgyi)🔞
Part-8 (uni) ⚠
part-8(zawgyi)⚠
Part_9(uni)
part-9(zawgyi)
part-10(uni)
part-10 (zawgyi)
part-11(uni)🔞
part-11(zawgyi)🔞
part-12 (uni) 🔞💖
part-12(zawgyi) 🔞💖
part-13(uni)🔞🔥
part-13(zawgyi)🔞🔥
part-14(uni)
part-15(uni)
part-15(zawgyi)
part-16(uni)🔞🔥
part-16(zawgyi)🔞🔥
part-17(uni)
part-17(zawgyi)
part-18 (uni)
part-18(zawgyi)
part-19 (uni)
part-19(zawgyi)
part-20(uni)♥🔞
part-20(zawgyi)

part-14(zawgyi)

560 7 0
By MaMa99547

''ကိုညီ ကိုကိုကြီးကိုသွားမကြည့်တော့ဘူးလား''

''အွန်း ''

လင်းရှိန် pussi ကိုပိုက်နှင့်စုပ်သောက်ရင်းအေး
ဆေးစွာပဲခေါင်းညိတိပြလိုက်မိသည် ။

''ကိုကိုကြီးခြေတောက်က အခုထိထောက်လို့
မရသေးဘူးလေ... အလုပ်တွေကိုလည်း အိမ်က
နေပဲလုပ်နေရရှာတာ... ''

''ခြေတောက်ကဘာဖြစ်လို့လဲ''

''ဟင် ကိုညီမသိဘူးလား ကိုကိုကြီးပွဲဖြစ်လိုက်
သေးတယ် တော်တော်ကြီးဆိုးတာ... ဒါဒါပြော
ပြမယ်နော် ''

လင်းရှိန်ထပ်ပြီး ခေါင်းပဲညိတ်ပြမိပြန်သည် ။

'' '' ကိုညီလက်မထက်ချင်ဘူးငြင်းတဲ့ မကလျာ
သွယ်လေ...သူနဲ့ကိုကိုကြီးကယူလိုက်ရတာ...
စီးပွားရေးအရပေါ့ အဲ့အမကလေ ကြည့်တော့သာအေးသလိုလိုနဲ့ သူက သူ့ပထွေးနဲ့ခိုးစားနေကြတာ.. ''

လင်းရှိန် မသိမသာ သက်ပြင်းချလိုက်မိပါ၏ ။
ဒယ်ဒီတို့က သူ့ကို အဲ့မိန်းကလေးနှင့်လက်ထပ်ရ
မည်ဆို၍ သူတောင်ပေါ်မြို့လေးမှာသွားပုန်းနေ
လိုက်ခြင်း ။ သူ့အစား ကိုကိုကြီးကလက်ထပ်လိုက်ရသည်တဲ့လား... ။

''ကိုကိုကြီးက အလုပ်ကိုပဲအာရုံရနေတော့အဲ့ဒါ
တွေကိုမသိဘူး...  ပြီးတော့ ကိုကိုကြီးမှာကြိုက်
နေတဲ့သူရှိတာတဲ့...  အဲ့ဒါကလည်းမော်ဒယ်
ကောင်လေးတစ်ယောက်လို့ကြားတာပဲ ဘယ်သူ
လဲတော့ မသိဘူး..  ''

''အဲ့ဒါကို မကလျာသွယ် က လိုက်ရူပ်ရင်းနဲ့မော်
ဒယ်ကောင်လေးနဲ့ကိုကိုကြီး ဇာက်လမ်းကပြီး
သွားကြတာ ကြည့်ရတာဇာက်လမ်းတောင်မစ
ရသေးဘူးထင်ပါတယ်...  အဲ့ကိစ္စတွေပီးတော့
ကိုကိုကြီးဆေးရုံမှာ ၃ လလောက်နေလိုက်ရသေး
တယ် အခုထိခြေတောက်က ကောင်းကောင်းအ
လုပ်ပြန်မလုပ်နိုင်သေးတာပဲ... ''

''ဟိုမိန်းမနဲ့ရော ကိုကိုကြီးကပေါင်းနေတုန်း
လား ''

''ဟင့်အင်း ကွဲလိုက်ကြပြီလေ.... ''

''အော်..''

''ကိုညီ ကိုကိုကြီးကိုခဏလောက်ဖြစ်ဖြစ်
သွားကြည့်လိုက်ပါလား သူလည်းမျှော်ရှာမှာ
အန်ကယ်လ်တို့မသိအောင်လေ... ''

ဒါဒါက ဟိုးအရင်တုန်းကလို ကလေးဆန်စွာ
အကြံပြုလေသည် ။ လင်းရှိန်လည်း သွားကြည့်
သင့်သည်ထင်ပါ၏ ။

.........................................................

မနက်ဖြန်ပြန်တော့မည့်လင်းရှိန် ဒီနေ့တစ်နေ
ကုန် အိမ်မကပ် ၊ မနက်အစောကြီးထဲကအပြင်
သွားခဲ့လေသည် ။ ဘယ်သွားမယ်ဆိုတာတောင်
မပြော...အင်းလေသူတို့ပက်သက်မူကဘာတွေ
ရှင်းပြနေဖို့လိုအပ်နေလို့လဲ...အဟက်! .......
ဘာတွေများမျှော်လင့်မိနေသလဲဆိုတာ ရှင်းကို
တိုင်ပင်မတွေးနိုင်တော့ ။

အချစ်ဦးတုန်းကလည်း ဘာကလွဲမှန်းမသိပေ
မဲ့ လွဲခဲ့ကြသည် ၊ အခုလည်း မရေရာတဲ့ခံစား
ချက်တွေကြားမှာ ရှင်းရင်မောမိပါသည် ။ လင်း
ရှိန်လိုကောင်လေးတစ်ယောက်က ရှင်းလိုယောက်ကျားတစ်ယောက်ဆီမှာ အချိန်မည်မျှကုန်ခံလေမည်နည်း။ တွေးရင်း ဆံပင်ခဲရောင်နှင့်တက်ကြွလန်းဆန်းနေသော မိန်းမပျိုလေး၏ မျက်နှာကအတွေးထဲဝင်ရောက်လာလေသည် ။

ရင်ထဲမှာ ခံစားချက်သိပ်မကောင်းပေမဲ့ သူတို့
လိုက်ဖက်ကြပါတယ် ။ လင်းရှိန်က အရပ်ရှည်
ရှည် အသားခပ်ညိုညိုနှင့်လူချောတစ်ယောက်
ဖြစ်ပြီး ထိုကောင်မလေးက ယောက်ကျားလေး
တွေအကြိုက် cute type လေး ။ အဟက်.....။
ရှင်းဆေးလိပ်ငွေ့တွေကိုမူတ်ထုတ်လိုက်ရင်း
ကောင်ကင်ကြီးကိုငေးမောနေပြန်သည် ။

ညနေနေဝင်ခါနီးအချိန်မို့တိမ်ရောင်စုံများက
ဟို ဒီ ပြေးလွှားနေလေသည် ။ အင်း အရမ်းလှ
တယ်... ရှင်းမပိုင်ဆိုင်နိုင်တဲ့အရာတွေကသိပ်
လှနေတတ်လေသည် ။ စိုင်းညီလင်းရှိန်ဆိုတဲ့
ထိုကောင်လေး အပါအဝင်ပေါ့ ။ ဘာကြောင့်
များ ရှင်းဟာ လူတစ်ယောက်ဆီကတန်ဖိုးထား
ပြီးအချစ်မခံရလေသနည်း ။

'' ရှင်းလေး ထမင်းစားရအောင် သားရေ''

အခန်းဝမှ မေမေ့ခေါ်သံကြောင့် သောက်လက်
စ ဆေးလိပ်ကို ခပ်မြန်မြန်မီးသတ်လိုက်ကာ

'' ဟုတ်မေမေ လင်းရှိန်ရော ပြန်ရောက်ပြီလား''

''ရောက်ပေါ့ရှင်... ထမင်းဝိုင်းတောင်ရောက်နေ
ပြီ ''

ထိုအဖြေကြောင့် ရှင်း ပို၍ရင်ထဲခံစားသွားရ၏
ပြန်ရောက်ပြီဆိုတာလေးတောင် လာမပြောချင်
တော့ဘူးပေါ့....။ ထမင်းဝိုင်း၌ လင်းရှိန်ကပုံမှန်
အတိုင်း မေမေ့ကို ဟင်းပွဲတွေကူချကာ ရယ်မော
နေလေသည် ။

'' ဟော... ဒီယံရှင်းလာပြီပဲ... လာ...လာ..ဒီကို''

ပြောရင်းရှင်းထိုင်ဖို့ခုံဆွဲပေးလေသည်မို့ ရှင်း
လဲ ခပ်တည်တည်ပဲ ဝင်ထိုင်လိုက်တော့၏ ။

'' ဒီကောင်လေးကတော့လေ ကိုယ့်အကို ကို
နာမည်ကြီးတပ်ခေါ်နေတာ... အကိုလို့ခေါ်
စမ်းပါဟယ်... ''

'' အမေကလဲ အကိုတော့မခေါ်ချင်ဘူးဗျ ကိုကို
ဆိုတစ်မျိုးပေါ့နော... ဒီယံရှင်း ''

ရှင်းကို မျက်လုံးတစ်ဖက်မှိတ်ပြရင်းစစ်ကူခေါ်
လေသည် ။

'' ရွံ့စရာတွေ... ''

''အမေကြည့် အမေ့သားက ကျွန်တော်ကိုဆို
အဲ့လိုကြည့်ပဲ... ''

လင်းရှိန် ကမေ့မေ့လက်မောင်းကိုလူပ်ရင်းကလေး
များလို တိုင်တန်းနေလေသည် ။

'' ရှင်းလေးကလဲ ကိုယ့်ညီလေးကိုပေးခေါ်လိုက်
စမ်းပါ... ခေါ်ခေါ်သားငယ်လေး ''

ရှင်း မနိုင်သလို ခေါင်းကိုခါရမ်းကာ ထမင်းဝိုင်း
ထံ၌သာ အာရုံစိုက်ပစ်လိုက်တော့သည် ။

'' သားငယ်လေးက မနက်ဖြန်ပြန်တော့မှာပေါ့
ဟုတ်လား ''

မေမေက ငါးသလောက်ကိုဇွန်းဖြင့်ခပ်ယူကာ
လင်းရှိန်ကိုမေးလေသည် ။

'' ဟုတ်တယ် အမေ...ဟိုမှာက စိုက်ခင်းလည်း
ရှိသေးတော့ ကျွန်တော် မရှိလို့မရဘူးလေ ''

'' ဟောတော် သားငယ်လေးက တစ်ယောက်ထဲ
နေတာလား ဟိုမှာ ''

'' ဟုတ်တယ်အမေ့ရ... စိုက်ခင်းက ရွာနဲ့လဲဝေး
တယ်... ကိုကိုလာတုန်းကတော့ အဖော်ရနေတာ
ပေါ့ အခု သူက အတောင်စုံတော့ခြေစုန်ကန်ပြီ
လေဗျာ... ''

အတောင်စုံလို့ ခြေစုန်ကန်တယ်ဆိုတာ မိဘအိမ်
ကနေ အိမ်ထောင်ကျပြီးထွက်သွားတဲ့သားသမီး
များကိုရည်းညွန်းခြင်းကို ဒီကောင်ကဘာလို့.. ။

'' ဟယ်...ဒီကောင်လေးကတော့လေ အဟင်းးးး''

လင်းရှိန်၏ မျက်နှာပေးနှင့်စကားကိုမေမေက
သဘောကျစွာရယ်မောလေတော့သည် ။ ဒီလို
ကျတော့လဲတကယ့်မိသားစုလေးလိုပင် ။

'' မေမေကလဲတယောက်ထဲဆိုတော့ သားအကို
ရှိမှ အဆင်ပြေမှာမို့ကွဲ့... ဒီမှာလည်းအလုပ်က
သိပ်အရေးမကြီးတော့ မေမေတို့မကြာမကြာ
လာလည်မှာပေါ့.. သားလည်း အားရင်လာခဲ့ပေါ့''

'' တကယ်များပြောနေတာလား အမေ ''

'' အမလေး တကယ်ပေါ့ရှင်''

................................................

'' ကိုကိုက အိပ်သွားပြီပေါ့ ''

အသံနှင့်အတူ ရှင်း အိပ်နေသောမွေ့ယာတစ်
ဖက်အိကနဲ့ဖြစ်သွားသောကြောင့် လင်းရှိန်
ထိုင်ချလိုက်ခြင်းဖြစ်မည် ။ တကယ်တော့ ရှင်း
အိပ်မပျော်သေးပါ ။

'' ကိုကို.... ကိုကိုလို့ 'i

ရှင်းလက်မောင်းကို ခပ်ဖွဖွပုတ်ကာ အတင်း
နိုးနေလေသည် ။ အမြင်ကပ်ကပ်နှင့် ဆက်
ပြီးအိပ်ချင်ယောင်ဆောင်ပစ်လိုက်သည် ။
နေ့လည်ကချိန်းနေတဲ့ကောင်မလေးကိုသွား
နိုးလေ... ဘာလို့ရှင်းကိုလာနိုးနေတာလဲတဲ့.. ?

'' ဒီယံရှင်းက ကွာ အိပ်လည်းမအိပ်သေးပဲနဲ့
ကျုပ်နဲ့ စကားတောင်မပြောချင်တော့ဘူးပေါ့ 'i

ရှင်းပြန်မဖြေ ။

'' မနက်ဖြန်ပြန်တော့မဲ့လူကိုအဲ့လိုပဲနူတ်မဆက်
ပဲနေတော့မှာပေါ့လေ ဟုတ်လား ''

''မင်းသွားချိန်းတွေ့တဲ့ကောင်မလေးကိုသွား
ပြော... ''

''ဟော့ဗျာ... ဟားဟား.... ''

လင်းရှိန်က သဘောတကျကြီးရီမောနေသည်
မို့ ရှင်းပို၍စောင်းပြီးအိပ်ပစ်လိုက်တော့ လင်း
ရှိန်က ရှင်းခန္ဓာကိုယ်ကို ပက်လက်ဖြစ်အောင်
ဆွဲလှန်ကာ အပေါ်ကနေအတင်းဖိထားလျက်

''ခင်ဗျားကိုပဲပြောချင်တာ.. ''

လင်းရှိန်ကို မျက်စောင်းထိုးလိုက်ရင်း

'' ငါတော့မပြောချင်ဘူး...ဖယ်... ''

ရှင်း အတင်းရုန်းထနေပေမဲ့ လင်းရှိန်ကလွတ်
မပေးပဲ ခပ်မဲ့မဲ့ပြုံးကြည့်ရင်း

'' အူတိုနေတာပေါ့ ဒါလေးက ဟင်... ''

ပြောရင်း ရှင်းနားသယ်စပ်များကိုငုံ့နမ်းသော
ကြောင့် ခန္ဓာကိုယ်က တွန့်လိမ်သွားရ၏ ။

'' မင်း ဖယ်နော်... လင်းရှိန်... ''

''မနက်ဖြန်ခွဲရမှာကိုကွာ...ဘာလို့အဲ့လောက်
ခါးခါးသိးသီးဖြစ်နေရတာလဲ ''

အံ့သြဘ...! ။ တနေကုန်ကျအလေလိုက်နေပြီး
မှ အခုမှလာပြီးလူကိုချွေးသိမ့်သလိုလိုလာလို
လိုနဲ့ စောက်မြင်ကပ်စရာ... ။

'' ငါ့စိတ်နဲ့ငါဘာဖြစ်ဖြစ်ပေါ့ ''

''ဟွန်းးး အဲ့လိုလား.. ဒါဆို ကျူပ်လဲကျုပ်
စိတ်နဲ့ကျုပ် လုပ်ချင်တာလုပ်မယ် ''

ပြောပြီးသည်နှင့်လင်းရှိန်ဦးတည်လာသည်
က ရှင်းနူတ်ခမ်းများထံသို့........... ။

.................................................

သိပ်မကြာပါနဲ့ဆိုတဲ့reader လေးရေ
Grass အမြန်ဆုံးပြန်လာခဲ့ပါတယ်နော်😛
grass ရဲ့ ရှားပါးတဲ့အဖိုးတန်စာဖတ်သူလေး
တွေအားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်
love you all 💖

Continue Reading

You'll Also Like

425K 21.8K 47
"𝗼𝗻𝗲 𝗹𝗼𝗼𝗸 𝗮𝘁 𝘆𝗼𝘂 𝗮𝗻𝗱 𝗶 𝗰𝗮𝗻 𝘀𝗲𝗲 𝘆𝗼𝘂𝗿 𝗹𝗲𝗴𝘀 𝘀𝗵𝗮𝗸𝗲." -- 𝗖𝗢𝗠𝗣𝗨𝗧𝗘𝗥 𝗧𝗘𝗖𝗛 𝗔𝗨 ☹︎
3.4M 143K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
3.2M 185K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
2.5M 180K 57
Marriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက...