What's happening in DARK MOON...

By SandakuuHan

2.9K 193 79

ဘာလဲ!!!!!THE BLOOD ALTARကဇာတ်​ကြောင်း​တွေ ​ပြောင်းကုန်တာလား...Soohaက​ရော!!! "What's happening in DARK MOON:TH... More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(9)
(10)
(12)
❗️❗️❗️
(13)
(14)
(15)
(16)
(17)

(11)

99 13 2
By SandakuuHan

"ဘယ်ပြန်မှာလဲ...ငါ့​ရေခဲမုန့်​ပေးခဲ့ဦး​​လေ..."

အကြည့်​တွေနဲ့လူကို ရင်ခုန်​အောင်လုပ်ထားပြီး မထင်မှတ်ထားလှသည့်Heli၏ ​ရေခဲမုန့်​တောင်းသည့်စကား​ကြောင့် Engeneခမျာ ရင်ခုန်မှု​တွေက ကြက်​ပျောက်ငှက်​ပျောက်ဖြစ်ကုန်​လေသည်...တစ်ဆက်တည်း ရှက်စိတ်​တွေကပါ ရင်ထဲကို ကိန်း​အောင်းဝင်​ရောက်လာ​လေသည်...

ငါက တကယ့်အရူးလိုပါဘဲလား...ဘာ​တွေများ Heliဆီက ​မျှော်လင့်​နေမိတာပါလိမ့်.....

​"ရော့​ရော့...အဲ့မှာ စားပြီး​နေခဲ့​တော့..."

ရှက်ရှက်နဲ့ Engeneက စက္ကူအိတ်ထဲက ​ရေခဲမုန့်ဗူးကို မြန်မြန်ထုတ်ကာ Heliလက်ထဲကို ထည့်​ပေးခဲ့ပြီး ​Heliအနားက​နေ ​ပြေးထွက်လာခဲ့သည်...

အမယ်​လေးးးတကယ်ရှက်ဖို့​ကောင်းလိုက်တာ​နော်...

"မ​နေခဲ့ပါဘူး...​စောင့်ဦး​လေ...Engene!!"

ဆိုပြီး ​အရင်​ပြေးထွက်သွားသည့်Engene​နောက်ကို Heliက ​ပြေးလိုက်လာသည်...

"Engene...နင် ဒီ​နေ့ငါ့ကို အ​ကြွေးတင်သွားပြီ​​နော်..."

"ဘာကို အ​ကြွေးတင်သွားတာလဲ..."

"ငါလမ်း​လျှောက်ချင်တာကို နင်လိုက်မ​ပေးဘူး​လေ...သူ့Noa​ရေခဲမုန့်မစားရမှာစိုးလို့ အတင်း​တွေအ​ဆောင်ပြန်ချင်​နေတာ..."

"မဟုတ်ပါဘူး...ငါ ဒီတိုင်းအ​​ဆောင်ပြန်နားချင်​နေပြီ..."

Heliက အနားကပ်လာ​​လေ​လေ ခုနကအ​ကြောင်းပြန်​တွေးမိ​လေ​လေဖြစ်ပြီး Engeneတစ်​ယောက် ရှက်စိတ်​တွေမြင့်တက်လာကာ ​နေမ​ကောင်းပင်ဖြစ်ချင်​နေ​လေပြီ...

​"နေမ​ကောင်းဘူး​လား...မနက်ကတည်းက ​ခေါင်းကိုက်​နေလို့ဆို..."

"မဟုတ်ပါဘူး...အခု သက်သာ​နေပါပြီ...ဒီတိုင်း နားချင်လို့..."

"ဒီက​နေ ခဏ​လေး​စောင့်​နေ​ပေးမလား...ငါ ​ဆေးဆိုင်ကို ​ပြေးပြီး ​ဆေး​လေးနည်းနည်း​သွားဝယ်လိုက်မယ်...​​​တော်ကြာ နောက်​နေ့ကျ ​နေထိုင်မ​ကောင်းဖြစ်ပြီး ဖျား​နေဦးမယ်..."

"ဟူးးးးး"

Heliစကား​ကြောင့် ​လှမ်း​နေသည့်​ခြေလှမ်း​တွေကို ရပ်ပစ်ကာ သက်ပြင်းချလိုက်ရသူက Engeneပင်ဖြစ်သည်...​လောကမှာ ​ရိုးရိုးရိုက်ချခံရတဲ့ရိုက်ချက်ထက် မျှော်လင့်ချက်​တွေ​ပေးခံရပြီး အ​မျှော်လင့်ကြီး​မျှော်လင့်ပြီးမှ ရိုက်ချခံရသည့်ရိုက်ချက်​တွေက ဘဝကို များစွာပိုပြီးစုတ်ပြတ်သတ်​စေသည်...

ဒီလိုဘဲ Engeneဘဝလည်း ဘယ်​နေ့စုတ်ပြတ်သတ်​အောင်ရိုက်ချခံရမလဲ မသိ​​...Heliဘက်က နည်းနည်း​လေး​ကောင်းပြရင်​တောင် ​မျှော်လင့်ချက်​တွေကို အားကိုးတကြီးဆုပ်ကိုင်ထားတတ်တဲ့Engeneမှာ Heliဘက်က ​ကောင်း​ပေးတာ​တွေများလာတဲ့အခါ ​မျှော်လင့်ချက်​တွေတပုံတပင်ကြီးနဲ့ဘဝကို Heliမပါဘဲ ​ရှေ့မဆက်နိုင်မည်ကို Engeneစိုးရိမ်လှသည်...

"Heli..."

"အင်း..."

"နင် လူတိုင်းအ​ပေါ်ကို အခုလိုမျိုးသိပ်မ​ကောင်း​ပေးရင် ​ကောင်းမှာဘဲ...လူတိုင်းအ​ပေါ်ကို သိပ်မ​ကောင်း​ပေးပါနဲ့...အကုန်လုံးက နင့်လိုမျိုး မဟုတ်ဘူး..."

"အခု ငါက နင့်အမြင်မှာ လူတိုင်းအ​ပေါ်​ကောင်း​ပေး​နေတယ်လို့ ထင်တယ်​ပေါ့..."

"အင်း...မဟုတ်လို့လား..."

"မဟုတ်ပါဘူး...ငါက ငါရင်းနှိီးတဲ့လူ​တွေနဲ့ သူငယ်ချင်း​တွေအ​ပေါ်​​လောက်ဘဲ ငါ​ကောင်း​ပေးတာပါ..."

"ဒါဆို...ငါက​ရော...ငါ့ကို​ရော ဘာလို့​ကောင်း​ပေး​နေတာလဲ..."

"ဘာလို့လဲဆို​တော့....."

Heliက သူ၏မျက်နှာကို Engene၏မျက်နှာနဲ့ တစ်တန်းတည်းဖြစ်​စေတဲ့အထိ ကိုယ့်ကို ကိုင်းချပြီး...

"နင်က ငါ့သူငယ်ချင်း​လေ..."

Engene၏နှာ​ခေါင်းထိပ်​လေးကို သူ၏လက်​ညှိုးနဲ့ တို့ကာ​ပြောသည်...

"အင်...အင်းပါ...အဲ့တာဆို ငါတို့ပြန်ကြရ​အောင်​လေ..."

​"ဆေးမဝယ်ရ​တော့ဘူးလား..."

"မဝယ်နဲ့​တော့...ဝယ်လည်း ငါမ​သောက်ဘူး..."

ဆိုပြီး ဒုန်း​ဆိုင်း​ပြေးထွက်သည့်Engeneအ​နောက်ကို Heli​ပြေးမ​လိုက်မိ​တော့...​ပြေးထွက်သွားသည့် ​ကျောပြင်ငယ်​လေးကိုသာ ကြည့်ရင်း ​တွေ​ဝေ​​ဝေ​လေး ကျန်ရစ်ခဲ့သည်...

Engeneက Heliကို ​စောင့်လည်း မ​စောင့်ချင်​တော့...​နောက်လည်း ပြန်လှည့်မကြည့်​တော့ဘဲ ​ကျောင်းကိုသာ အမြန်​ပြန်​ရောက်ပါ​စေဆု​တောင်းရင်း ဒုန်းဆိုင်း​ပြေးလာခဲ့သည်...

​ကျောင်း​ရောက်ပြန်​တော့လည်း လက်ထဲက ​ရေခဲမုန့်ထုပ်​လေးကို ကြည့်ပြီး Noaလက်ထဲမ​ရောက်​သေးခင် အရည်​ပျော်မသွား​စေဖို့နဲ့ Noaက သူမကို အများကြီး စိတ်ဆိုးမ​နေဖို့ ကြိတ်၍ဆု​တောင်းမိသည်...

ထို့​​နောက် Noaအခန်း​ရှေ့တွင် ရပ်လိုက်ကာ အခန်းတံခါးကို ၃ချက်​ခေါက်လိုက်သည်...

"Noa...ငါပါ Engene..."

အထဲက စကားပြန်သံကို မကြားရ​သေး​ကြောင့် Engene တံခါးကိုသာ အသာ​လေးလှည့်ဖွင့်လိုက်သည်...တံခါးကို ဖွင့်လိုက်​တော့ အခန်းမီးမှိန်မှိန်​လေးကို အားပြုပြီး စာကြည့်​နေသည့် Noa၏​နောက်​ကျောပြင်ကို ​တွေ့လိုက်ရသည်...

Engeneက Noaအနားကို အသာ​လေး​လျှောက်သွားပြီး...

"Noa..."

"....."

မျှော်လင့်ထားသည့်အတိုင်းပင် Noaက သူမ၏စကားသံကို ကြားလျက်နှင့်ပင် မသိ​ချင်​ယောင်ဆောင်​နေ​လေသည်...သူ၏သင်ခန်းစာစာအုပ်များကိုသာ ဂရုတစိုက်ကြည့်​နေသည်...

"နင် ငါ့ကို စကားမ​ပြောချင်​သေးမှန်း သိပါတယ်..."

"....."

"ဒီမှာ နင့်အတွက် ငါ​ရေခဲမုန့်ဝယ်လာတယ်​နော်..."

"....."

Solonကဲ့သို့ပင် Noaကလည်း စကားပြန်မ​ပြောသလို တစ်ချက်​လေး​တောင် လှည့်ကြည့်မလာခဲ့​ပေ...သို့​ပေမဲ့ Engeneက​တော့ Noaကို Solonတုန်းကလိုမျိုး​တော့ စိတ်ဆိုးမ​ပြေ​သေး၍ ပြန်ပြီးစိတ်မတိုနိုင်​တော့...အ​ကြောင်းမှာ Engeneကိုယ်တိုင်ကိုက သူတစ်ပြန်ငါတစ်ပြန်​အော်ပြီး ရန်ဖြစ်ဖို့​နေ​နေသာသာ စကားတစ်ခွန်းအားယူပြီး ​ပြောဖို့​တောင် ခက်ခဲ​နေသည်...​​အခန်းပြန်ပြီး အနားယူချင်စိတ်​တွေကသာ စိုးမိုး​နေသည်...

​"နင်ကြိုက်တဲ့ ချောကလက်အရသာ​လေး..."

"....."

"တစ်ခုတည်းမဝမှာစိုးလို့ နှစ်ခု​တောင်ဝယ်လာ​ပေး​တယ်...အရည်မ​ပျော်ခင်စားလိုက်​နော်..."

"....."

"ညနက်တဲ့အထိလည်း စာကြည့်မ​နေနဲ့ဦး...အိပ်​ရေးလည်း ဝ​အောင်​အိပ်..."

"....."

"နင်တို့အခန်းမီးက ဘယ်လိုဖြစ်တာလဲ...​ဖျော့​တော့​နေတာဘဲ...နင် စာရှင်းရှင်းလင်းလင်းကြည့်လို့ရ​အောင် ငါမီးအိမ်ဖွင့်လိုက်မယ်..."

"မလိုဘူး..."

​ပြော​ပြောဆိုဆိုနှင့် Engeneက Noaစာကြည့်​နေသည့်စားပွဲ​ပေါ်က စာကြည့်မီးအိမ်အပုက​လေးကို လှမ်းဖွင့်လိုက်သည်...မီးအိမ်​လေးဆီကို Engeneလက်အလှမ်းမှာ စာ​ရေး​နေတဲ့Noa၏လက်ကို မ​တော်ဆတထိမိသွားတာ​ကြောင့် မီးလုတ်ခလုတ်ကို အမြန်နှိပ်ပြီး လက်ကို ပြန်အရုတ်မှာ ရုတ်တရက် Noaက Engene၏လက်ကို ဖမ်းဆွဲလိုက်သည်...

"ပြစမ်း!နင့်လက်​တွေက ​ပူနေတာဘဲ Engene...​နေမ​ကောင်းဘူးလား!"

ထိုင်​နေရာမှ မတ်တပ်ရပ်လာပြီး Noaက Engene၏နဖူးကို သူ၏လက်ဖဝါးနှင့်စမ်းကြည့်သည်...

​"ကောင်းပါတယ်...ငါ ဘာမှမဖြစ်....."

Engeneသည် စကားကိုပင် ဆုံး​အောင် မ​ပြောလိုက်ရ.....

"ကိုယ်​တွေဒီ​လောက်​နွေး​နေတာကို ဘာကိုဘာမှမဖြစ်တာလဲ!!"

"....."

"မနက်က အတန်းမတက်တာ ​နေမ​ကောင်းလို့လား..."

"....."

​"နေမ​ကောင်းဖြစ်​နေတာကို ​ဆေး​သောက်ပြီး နားနား​နေ​နေမ​နေဘဲ ​​​​နေပူထဲ လျှောက်သွား​နေတာလား...ဒီ​ရေခဲမုန့်နှစ်ခုအတွက်​​လေ..."

​ပြော​ပြောဆိုဆိုနဲ့ Noaက သူ၏စားပွဲ​ပေါ်က Engeneဝယ်လာသည့် ​ရေခဲမုန့်ထုပ်ကို ​မြှောက်ပြသည်...Noaမျက်နှာကလည်း ​တော်​တော်​လေးကို တင်း​နေကာ ​ဒေါသ​ငွေ့​တွေ ​သေချာ​ပေါက်ရ​နေသည်...

"မဟုတ်ဘူး Noa...ငါ​နေမ​ကောင်းမဖြစ်ဘူး...မနက်က အတန်းမတက်တာလည်း ​ခေါင်းနည်းနည်းကိုက်​နေလို့...အခုလည်း ငါနာရီနည်းနည်း​လောက် ငါအိပ်လိုက်ရင် အဆင်​ပြေသွားမှာ..."

"ဘာကို အဆင်​ပြေသွားမှာလဲ...နင်အဆင်​ပြေ​ပေမဲ့ ငါအဆင်မ​ပြေဘူး...​ဆေး​သောက်ရမယ်...လာ...နင် အခန်းကိုပြန်ပြီး နားနှင့်...ငါ လိုက်ပို့​ပေးမယ်..."

​ပြော​ပြောဆိုဆိုနဲ့ ချက်ချင်းပါဘဲ Noaက သူမ၏ကိုင်ကာ အခန်းထဲက​နေ ထွက်လာသည်...သူမ၏လက်ကို ဆွဲသွားသည့် Noa၏ဦး​ဆောင်သွားရာ​နောက်ကိုသာ Engeneလိုက်သွား​တော့သည်...





​အခန်းပြန်သည့်လမ်း၌ Heliက Engene​သူ့လက်ထဲထည့်​ပေးခဲ့သည့် ​ရေခဲမုန့်ဗူး​လေးကို ကြည့်ကာ ပြုံး​နေမိသည်...သူက ​ရေခဲမုန့်အရမ်းကြိုက်လို့ ထင်တယ်...​ရေခဲမုန့်ဗူး​လေးကို ကြည့်​နေရုံနဲ့တင် ပြုံး​နေမိသည်...

"ဘယ်​တွေကိုများ ဒီ​လောက်သ​ဘောကျလို့ ပြုံး​နေတာလဲ Heli"

​ရေခဲမုန့်ဗူးကို ​​ငေး​နေတာနဲ့ သူ့အ​ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်​ရောက်​နေသည့် Soohaကို​တောင် မသိမထားတဲ့အဖြစ်...Sooha​ရောက်လာ​တော့ ​ရေခဲမုန့်ဗူးအား သ​ဘောကျ၍ပြုံး​နေသည့်အပြုံး​တွေကို သိမ်းလိုက်သည်...

​"​အော်...Sooha...ဘယ်သွားမလို့လဲ..."

"ဘယ်မှမသွားပါဘူး...နင့်ဆီကိုဘဲ တိုက်ရိုက်လာတာ...လမ်းမှာ ​တွေ့​တော့ အ​တော်ဘဲ​ပေါ့..."

​"အော်...ငါ့ကို ​ပြောစရာရှိလို့လား..."

"မရှိပါဘူး...ဒီတိုင်း...ငါက ​ပြောစရာရှိမှ နင့်ဆီလာရမှာလား Heliရဲ့..."

"အဲ့လို​ပြောတာမဟုတ်ပါဘူး...ဒါနဲ့...နင့်​ဆီမှာ ​​အကိုက်အခဲ​ပျောက်​ဆေးရှိလား"

ဘယ်လိုဘဲဖြစ်ဖြစ် ​ရေခဲမုန့်မျက်နှာနဲ့ Heliက ​ခေါင်းကိုက်​နေသည့်သူတစ်​ယောက်ကို ​ဆေး​တိုက်ရန် သူ့အတွက်တာဝန်ရှိ​နေသည်ဟု ခံစားရသည်...ပထမက အခန်းကို ခဏပြန်ပြီး အပြင်ပြန်ထွက်ကာ ​ဆေးသွားဝယ်မည်ဟု စဥ်းစားထား​သော်လည်း တိုက်တိုက်ဆိုင်ဆိုင်သူ့​ရှေ့​ရောက်လာသည့်Soohaကို အကူအညီ​တောင်းကြည့်လိုက်သည်...မိန်းက​လေးအများစုက ​ဆေးနဲ့လိုအပ်သည့်ပစ္စည်း​တွေကို ​ဆောင်ထားတတ်ကြသည်မလား...Soohaဆီက ​ဆေးမရလျှင်လည်း အပြင်ထွက်ပြီးသွားဝယ်လို့ရသလို Soohaဆီက ​ဆေးရလျှင်လည်း ​ခေါင်းကိုက်​နေသည့်သူအတွက် စားစရာတစ်ခုခုလုပ်​ပေးပြီး ချက်ချင်း​​ဆေးသွားတိုက်လိုက်လို့ ရသည်...

"ရှိတယ်​လေ...ဘာလို့လဲ...နင်​နေမ​ကောင်းဘူးလား..."

"အင်း...နည်းနည်း​ခေါင်းကိုက်လို့...အဲ့တာ ငါအခုတစ်ခါတည်း နင့်အခန်းကို လိုက်ယူလိုက်မယ်..."

"အာ...ပြီးမှ ငါနင့်ဆီလာပို့လိုက်မယ်​လေ...ငါ အခန်းမရှင်းရ​သေးလို့..."

​"အော်​အေး...​ကျေးဇူးဘဲ​နော် Sooha..."

"ရပါတယ်...ဒါနဲ့...လက်ထဲက...​ရေခဲမုန့်လား..."

ခုနကတည်းက Heliလက်ထဲတစ်ကိုင်ကိုင်လုပ်​နေပြီး စကား​ပြော​နေရင်းကိုလည်း Heliမျက်လုံး​ရောက်​ရောက်သွားသည့် ​ရေခဲဲမုန့်ဗူးကို Soohaသတိထားမိသွားဟန်တူသည်...

"အင်း..."

"ဒီ​နေ့ ရာသီဥတုက ပူတယ်​နော်...​​အေးတာ​လေး တစ်ခုခုစားချင်​နေတာ..."

Soohaက လက်ကို ယပ်​တောင်လိုမျိုးခပ်ပြရင်း ​ပြောသည်...

"စားမလား..."

Heliက စားချင်​နေ​ပါ​သော်လည်း Soohaက အခုလိုမျိုး​ပြော​နေ​တော့လည်း သူ့မှာ မတတ်သာ...သူငယ်ချင်းဆို​တော့လည်း ​ရေခဲမုန့်​လေးတစ်ခုကို တွန့်တိုတယ်ဆိုပြီး​တော့လည်း အ​ပြောမခံနိုင်...

"စားမှာ​ပေါ့..."

Heliက ​ရေခဲမုန့်ဗူးကို ကမ်း​ပေး​​တော့ Soohaက ​​Heliလက်ထဲက ​ရေခဲမုန့်ဗူးကို ယူရန်လုပ်တုန်း သူမ၏လက်ကို လက်တစ်ဖက်ကို ဟန့်တားဆုပ်ကိုင်​​လာ​လေသည်...

"ငါ အသစ်သွားဝယ်​ပေးမယ်...နင်စားချင်ရင် ငါအသစ်သွားဝယ်​ပေးမှာမို့လို့ ဒါကို Heliကို ပြန်​ပေးလိုက်..."

"အင်...Engene..."

Engeneက Noaနှင့် သူမ၏အခန်းကို ပြန်​နေတုန်း လမ်းမှာ Heliနှင့်Soohaတို့နှစ်​ယောက်ရပ်ပြီး စကား​ပြောတာကြသည်ကို ​တွေ့သည်...ထို့​ကြောင့် Engeneက Noaကို​တောင် မ​စောင့်ဘဲ သူမဘာသာ အရင်​ပြေးသွားနှင့်ခဲ့သည်...အနီးနားကို​ရောက်လာ​တော့လည်း သူမကို နှစ်​ယောက်စလုံးက သတိမထားမိ...​နောက်​တော့ Heliက သူမဝယ်​ပေးခဲ့သည့်​ရေခဲမုန့်ဗူးကို Engeneဆီကမ်း​ပေး​နေသည့်ကို​တွေ့​တော့ Sooha၏ယူ​တော့မည့်လက်ကို အမြန်ပင်ဟန့်တားလိုက်သည်...

သူမ၏​နောက်ကို ဒုန်းဆိုင်းလိုက်လာသည့်Noaက​တော့ ခုနက Soohaကို သူမ​ပြောလိုက်သည့်စကားကိုကြားပြီး မျက်​မှောင်ကြုံ့ကာ...

"ဘာကို အသစ်သွားဝယ်​ပေးမှာလဲ!လူကိုကြည့်​တော့ ​ဖျော့​တော့​နေပြီး​တော့ ​​​နောက်ခြေဆယ်လှမ်း​လောက်ထပ်လှမ်းလိုက်ရင်ကို လဲကျ​တော့မယ်ရုပ်နဲ့..."

Noaက ထိုကဲ့သို့​ပြော​တော့ ခုနက​ရေခဲမုန်ဗူးလှမ်းယူ​တော့မည့်Soohaကိုလည်း ​ရေခဲမုန့်ဗူးကို အာရုံ​ပျောက်သွားပြီး Engene၏မျက်နှာကို ​သေချာအကဲခတ်ကြည့်သည်...

"Engene နင်မ​ကောင်းဘူးလား...နင့်...နင့်မျက်နှာက Noa​ပြောသလို ​ဖျော့​တော့​နေတာဘဲ...အ​ရောင်​တောင် ​ပြောင်း​နေပြီ..."

"လာ!သွားမယ်..."

Engeneမှာ Sooha၏အ​မေးကို​တောင် ပြန်​ဖြေချိန်မရလိုက်ဘဲ Noa၏ဆွဲ​ခေါ်မှု​နောက်ကိုသာ တရွတ်တိုက်ပါသွား​လေသည်...အ​နောက်မှာကျန်ခဲ့သည့် Heliနှင့်Soohaမှာလည်း ​ကြောင်အအ...

"ရလား...​လမ်းလျှောက်နိုင်လား Engene..."

"....."

စကားပြန်မ​​ဖြေလာသည့်Engeneကို Noaကြည့်မိ​တော့ ခုနက​ရေခဲမုန့်သွားဝယ်​ပေးမယ်​ပြောပြီး အားအင်​တွေ ကုန်ခမ်းသွားသည့်ပုံ...

ဒီလိုပုံစံနဲ့များ သူများအတွက်​ရေခဲမုန့်သွားဝယ်​ပေးဦးမယ်တဲ့...

"ငါ့ကို စကား​ပြန်​ပြောပါဦး..."

"အင်း...​လျှောက်နိုင်တယ်..."

Engeneပုံစံက လမ်း​လျှောက်တာပါ ​နှေး​ကွေးလာပြီး စကားကိုလည်း တစ်လုံးချင်းအားယူ​ပြော​နေရသည်...နဖူး​ပေါ်က ဆံစ​တွေမှာလည်း ​ချွေး​တွေကို နစ်လို့...

ဒီက​လေးမ ဖျား​ချင်​နေပြီ...

"ဒီလိုလုပ်...ငါ​ကျောပိုးလိုက်မယ်..."

"ဟင့်အင်း...ရတယ်...ငါ လမ်း​လျှောက်နိုင်တယ်..."

Noaက ရှည်ရှည်​ဝေး​ဝေးက မတိုက်တွန်း​တော့ဘဲ...

"​​ကျောပိုးရမလား...ငါ ​ပွေ့ချီသွားလိုက်စမလား..."

တကယ်ဆို Engeneကလည်း ​တဖြည်းဖြည်း​လျှောက်လာရင်းနဲ့မှ ​သူမခြေလှမ်း​တွေက ပို​နှေးလာသလိုခံစားရပြီး ​ခြေ​တွေ​ရော လက်​တွေ​ရော ​နောက်ဆုံးပါးစပ်​​တောင် လှုပ်ပြီးစကားမ​ပြောချင်​တော့တဲ့အထိ ပင်ပန်းလာရသည်...

ကြည့်ရတာ သူမဖျား​တော့မယ်ထင်သည်...

သို့​ပေမဲ့လည်း ကိုယ့်ကို​ကျောပိုးရ​လောက်တဲ့အထိလည်း Noaကို ဒုက္ခမ​ပေးချင်...မဟုတ်ရင်လည်း Noaက တကယ်ကို ​ပွေ့ချီ​တော့မယ့်ဆိုဒ်ကြီးနဲ့မို့လို့ Engeneလည်း အသာတကြည်လက်ခံလိုက်ကာ Noa​ကျော​ပေါ်ကို တက်လိုက်သည်...

Noa​ကျောပိုးရာက​နေ လိုက်လာ​တော့ အလျှင်အမြန်ပါဘဲ သူမအခန်းကို အလွယ်တကူ​ရောက်ရှိလာသည်...

"အဝတ်အစားကို သက်သက်သာသာ​ချောင်​ချောင်ချိချိဖြစ်​စေမယ့်အဝတ်အစားလဲဝတ်ထား​နော်...နင်စားဖို့ တစ်ခုခုနဲ့ ​ဆေးသွားဝယ်ပြီး ငါပြန်လာခဲ့မယ်..."

"အင်း...​ကျေးဇူးဘဲ Noa..."

"မလိုပါဘူး...​ကျေးဇူးတင်ခံချင်လို့ လုပ်တာမှ မဟုတ်တာ..."

"Noa..."

"အင်း..."

​"တောင်းပန်ပါတယ်..."

"ဘာအတွက်လဲ..."

"ဟိုတစ်​နေ့ကကိစ္စအတွက်..."

"အင်း...ငါသွား​တော့မယ်...​ဆေး​သောက်ဖို့ ​နောက်ကျ​နေလိမ့်မယ်"

​ပြောပြီး​တော့ Noaက အခန်းထဲကထွက်သွားသည်...Noaထွက်သွားပြီး​တော့ သူမက Noa​ပြောသလိုသက်​သောင့်သက်သာဖြစ်​စေမည့်အဝတ်အစားတစ်ချို့ကို လဲလိုက်ပြီး​နောက် ကုတင်​ပေါ်မှာ ​စောင်ခြုံပြီး လှဲ​နေလိုက်သည်...

​ဒေါက်!ဒေါက်!ဒေါက်!

သူမလှဲ​နေပြီး ဘယ်​လောက်မှ မကြာလိုက်...၅မိနစ်​လောက်​နေ​တော့ တံခါး​ခေါက်သံကြားရလိုက်သည်...

မြန်လိုက်တာ...ဒီနဲ့ မြို့ထဲကို Noaဘယ်လိုများ သွားလိုက်ပါလိမ့်...

"Engene...ငါပါ Heli..."

Noaဟုထင်ထား​​သော်လည်း မထင်မှတ်ထားသည့်Heli​ဖြစ်​နေတာ​ကြောင့် Engeneလည်း အနည်းငယ်​တော့ အံ့သြသွားရပြီး လှဲ​နေရာမှထလိုက်သည်...

"ဝင်ခဲ့​လေ Heli..."

Engeneက အသံ​ပေးလိုက်​တော့ Engeneက တံခါးကို ​ဖြည်းဖြည်းဖွင့်ကာ ဝင်လာသည်...လက်ထဲမှာလည်း ​ကိတ်မုန့်တစ်လုံးရယ်၊နို့တစ်ဗူးနဲ့၊​ဆေးဗူးတစ်ဗူးကိုင်လာသည်ကို ​​တွေ့လိုက်ရသည်...

"အစား​လေးစားပြီး ​ဆေး​သောက်လိုက် Engene...မနက်ကတည်းက နင့်ပုံစံကြည့်ပြီးကတည်းက နင်​နေမ​ကောင်းဖြစ်ချင်​နေမှန်း ငါသိ​သားဘဲ...ဘာကို ​ခေါင်းကိုက်တယ်ဆိုပြီး လိမ်ချင်တာလဲ..."

"မလိမ်ပါဘူး...မနက်က​တော့ တကယ်​ခေါင်းကိုက်​နေတာကို..."

"ဟုတ်ပါပြီ...​ရော့...ဒီမှာ ကိတ်မုန့်​အရင်စားလိုက်...​တော်​​သေးတာ​ပေါ့...ငါဝယ်ထားမိလို့..."

​ပြောပြီး Heliက Engene၏လက်ထဲကို တစ်ခါစားကိတ်မုန့်​လေးထည့်​ပေးလာသည်...

Noaကလည်း သွားဝယ်​ပေး​နေတာမို့လို့ Engeneစားရမလား မစားရမလား ​တွေ​ဝေ​နေ​လေသည်...Heliကလည်း အခန်းအထိကို လာပို့တဲ့သူမို့လို့ မစားဘူးလို့ ငြင်းလွှတ်လိုက်လျှင်လည်း မ​ကောင်း...အခက်​တွေ့​နေရသည်...

"ဘာ​တွေ​ငေး​နေတာလဲ...စား​လေ...​ရော့ စားပြီး​မျှောချ..."

Engene၏​နောက်လက်တစ်ဖက်ထဲက နို့ဗူးတစ်ဗူးပါ ထည့်​​ပေးလာသည်...

"ဟို..."

"အင်း"

"ဟို​လေ...Heli..."

​"အေး"

Engeneကလည်း ​ပြောသင့်မ​ပြောသင့်ကို စဥ်းစား​နေရသည်...

"ငါ အဆင်​ပြေပါတယ် Heliရဲ့...အဲ့​လောက်ကြီးမဟုတ်ဘူး...ပြီး​တော့ Noaကို ငါတစ်ခုခုစားဖို့ ဝယ်လာ​ပေးဖို့ ငါ​အကူအညီ​တောင်းထားတယ်..."

"Noaကို ဝယ်ခိုင်းထားတာကို ​နောက်မှ စားလိုက်လည်း ရတယ်​လေ...​နောက်ကျမှ ဗိုက်ဆာလို့ ထပ်စားလည်း ရတာဘဲ...အခု​တော့ မျက်စိ​ရှေ့အရင်​ရောက်​နေတဲ့ ကိတ်မုန့်ကို စားလိုက်..."

"​အေး​အေး"

​ပြောလည်း ရ​မည်မဟုတ်တာ​တော့ကို သိတာ​ကြောင့် Engeneလည်း ကိတ်မုန့်ကို မြန်မြန်စားပြီး နို့နဲ့ ​မျှောချလိုက်သည်...​တော်ကြာ Noaက သူ့ကို ​စောင့်မ​နေလို့ဆိုပြီး ထပ်စိတ်ဆိုး​နေမှဖြင့်...

"​ဆေးက​တော့....."

"​ဆေးလည်း အခု​သောက်လိုက်​တော့ ​ရော့...နင် ​ဆေး​သောက်ပြီး အိပ်သွားတာကို မြင်မှ ငါပြန်မှာ​နော်..."

Engeneစကား​တောင်ဆုံး​အောင် မ​ပြောလိုက်ရ​သေးခင်မှာဘဲ Heliက လက်ထဲကို ​ဆေးထည့်​ပေးလာပြီး လူကို တစ်ခါတည်းအိပ်ခိုင်း​နေ​တော့သည်...

Engeneကလည်း များများစားစားပြန်​ပြောမ​နေ​တော့ဘဲ သူ​ပြောတဲ့အတိုင်း ​ဆေးကို ခုနကကျန်သည့်နွားနို့နှင့် ​သောက်လိုက်သည်...​နောက်​တော့...

"ငါအိပ်​တော့မယ်​လေ...နင်ပြန်​တော့မှာမလား..."

"ကိုယ့်ဘာသာလှဲစရာရှိတာ လှဲပြီး အိပ်ပါ...ခုနက ​ငါ​ပြောတယ်​လေ...နင်အိပ်သွားတာ ကြည့်ပြီးမှ ငါပြန်မယ်..."

"​အေး​အေး"

​ပြောပြီး Engeneကလှဲလိုက်ပြီး Heliကို မြင်​နေရသည့်ဘက်ကို မဟုတ်ဘဲ အခြားနံရံဘက်ကို မျက်နှာလှည့်ပြီး မျက်လုံး​တွေကို မှိတ်ပစ်လိုက်သည်...

ခဏအကြာ​တော့ Heliက သူမ၏​စာ​ရေးစားပွဲနှင့်တွဲထားတဲ့ထိုင်ခုံ​လေး​ပေါ်မှ ထပြီး မတ်တပ်ရပ်လိုက်သည့်အသံကို ကြားလိုက်ရသည်...ကြည့်ရတာ Heliပြန်​တော့မည်ထင်သည်...

"​စောင်ခြုံမှ​ပေါ့..."

ဆိုသည့်အသံနှင့်အတူ သူမကိုယ်​ပေါ်ကို ​စောင်လွှမ်းခြုံ​ပေးလာသည်ကို သိလိုက်ရသည်...

"အိပ်မ​ပျော်ရင် ငါပုံပြင်​​ပြောပြရမလား"

ထိုအခါ Engeneက နံရံဘက်က​နေ Heliရှိရာဘက်ကို ပြန်လှည့်ပြီး...

"ပုံပြင်နား​ထောင်ရ​အောင် ငါက က​လေးလား Heliရဲ့..."

"​နောက်တာပါ...​နောက်တာ အိပ်​တော့..."

​ပြောပြီး Heliက ထိုင်ခုံ​လေး​​ကို ကုတင်ရှိရာသို့ ပိုတိုးပြီး ထိုင်လိုက်ကာ သူမ၏​ခေါင်းကို သာသာ​လေးပွတ်​​ပေးလာသည်...အဲ့တာက​တော့ Engeneလည်း သိတာ​​ပေါ့ ​ခေါင်းကိုင်ရင် ဘယ်သူမဆို အိပ်ချင်ကြသည်ဆိုတာကို...

ဒါ​ပေမဲ့...ဘာလဲ Heliက...ငါ့ကို ​ခေါင်းပွတ်​ပေးပြီး သိပ်ရ​အောင် ငါက သူ့သမီးလား...သူက ငါ့အ​ဖေလား...

သို့​ပေမဲ့လည်း ဘယ်​လောက်မှမကြာလိုက် Engene၏မျက်လုံး​တွေက ​မှေးစင်းလာပြီး အိပ်​ပျော်သွား​လေသည်...

ထို​နေ့က ထိုအခန်းထဲတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်​ပျော်​နေသည့်​ကောင်မ​လေးတစ်​ယောက်နှင့် ထို​ကောင်မ​လေး၏မျက်နှာကို တစိမ့်စိမ့်ကြည့်လိုက်၊​ခေါင်း​လေးကို ပွတ်​ပေးလိုက်နှင့် အလုပ်များ​နေသည့်​ကောင်​လေးတစ်​ယောက်ရှိသလို.....အပြင်ဘက်တွင်လည်း အခန်းထဲက အ​ခြေအ​နေ​တွေကို တံခါးဝ​လေးက​နေ ​ချောင်းကြည့်ပြီး အထဲကို ဝင်မလာဖြစ်​​တော့သည့် လက်ထဲတွင် အထုပ်အပိုးများစွာကို ကိုင်ထားသည့်​ကောင်​လေးတစ်​ယောက်လည်း ရှိ​နေခဲ့သည်.....

"ဘယ္ျပန္မွာလဲ...ငါ့​ေရခဲမုန္႔​ေပးခဲ့ၪီး​​ေလ..."

အၾကည့္​ေတြနဲ႔လူကို ရင္ခုန္​ေအာင္လုပ္ထားၿပီး မထင္မွတ္ထားလွသည့္Heli၏ ​ေရခဲမုန္႔​ေတာင္းသည့္စကား​ေၾကာင့္ Engeneခမ်ာ ရင္ခုန္မႈ​ေတြက ၾကက္​ေပ်ာက္ငွက္​ေပ်ာက္ျဖစ္ကုန္​ေလသည္...တစ္ဆက္တည္း ရွက္စိတ္​ေတြကပါ ရင္ထဲကို ကိန္း​ေအာင္းဝင္​ေရာက္လာ​ေလသည္...

ငါက တကယ့္အရူးလိုပါဘဲလား...ဘာ​ေတြမ်ား Heliဆီက ​ေမ်ွာ္လင့္​ေနမိတာပါလိမ့္.....

​"ေရာ့​ေရာ့...အဲ့မွာ စားၿပီး​ေနခဲ့​ေတာ့..."

ရွက္ရွက္နဲ႔ Engeneက စကၠူအိတ္ထဲက ​ေရခဲမုန္႔ဗူးကို ျမန္ျမန္ထုတ္ကာ Heliလက္ထဲကို ထည့္​ေပးခဲ့ၿပီး ​Heliအနားက​ေန ​ေျပးထြက္လာခဲ့သည္...

အမယ္​ေလးးးတကယ္ရွက္ဖို႔​ေကာင္းလိုက္တာ​ေနာ္...

"မ​ေနခဲ့ပါဘူး...​ေစာင့္ၪီး​ေလ...Engene!!"

ဆိုၿပီး ​အရင္​ေျပးထြက္သြားသည့္Engene​ေနာက္ကို Heliက ​ေျပးလိုက္လာသည္...

"Engene...နင္ ဒီ​ေန့ငါ့ကို အ​ေႂကြးတင္သြားၿပီ​​ေနာ္..."

"ဘာကို အ​ေႂကြးတင္သြားတာလဲ..."

"ငါလမ္း​ေလ်ွာက္ခ်င္တာကို နင္လိုက္မ​ေပးဘူး​ေလ...သူ႔Noa​ေရခဲမုန္႔မစားရမွာစိုးလို႔ အတင္း​ေတြအ​ေဆာင္ျပန္ခ်င္​ေနတာ..."

"မဟုတ္ပါဘူး...ငါ ဒီတိုင္းအ​​ေဆာင္ျပန္နားခ်င္​ေနၿပီ..."

Heliက အနားကပ္လာ​​ေလ​ေလ ခုနကအ​ေၾကာင္းျပန္​ေတြးမိ​ေလ​ေလျဖစ္ၿပီး Engeneတစ္​ေယာက္ ရွက္စိတ္​ေတျြမင့္တက္လာကာ ​ေနမ​ေကာင္းပင္ျဖစ္ခ်င္​ေန​ေလၿပီ...

​"ေနမ​ေကာင္းဘူး​လား...မနက္ကတည္းက ​ေခါင္းကိုက္​ေနလို႔ဆို..."

"မဟုတ္ပါဘူး...အခု သက္သာ​ေနပါၿပီ...ဒီတိုင္း နားခ်င္လို႔..."

"ဒီက​ေန ခဏ​ေလး​ေစာင့္​ေန​ေပးမလား...ငါ ​ေဆးဆိုင္ကို ​ေျပးၿပီး ​ေဆး​ေလးနည္းနည္း​သြားဝယ္လိုက္မယ္...​​​ေတာ္ၾကာ ေနာက္​ေန့က် ​ေနထိုင္မ​ေကာင္းျဖစ္ၿပီး ဖ်ား​ေနၪီးမယ္..."

"ဟူးးးးး"

Heliစကား​ေၾကာင့္ ​လွမ္း​ေနသည့္​ေျခလွမ္း​ေတြကို ရပ္ပစ္ကာ သက္ျပင္းခ်လိုက္ရသူက Engeneပင္ျဖစ္သည္...​ေလာကမွာ ​ရိုးရိုးရိုက္ခ်ခံရတဲ့ရိုက္ခ်က္ထက္ ေမ်ွာ္လင့္ခ်က္​ေတြ​ေပးခံရၿပီး အ​ေမ်ွာ္လင့္ႀကီး​ေမ်ွာ္လင့္ၿပီးမွ ရိုက္ခ်ခံရသည့္ရိုက္ခ်က္​ေတြက ဘဝကို မ်ားစြာပိုၿပီးစုတ္ျပတ္သတ္​ေစသည္...

ဒီလိုဘဲ Engeneဘဝလည္း ဘယ္​ေန့စုတ္ျပတ္သတ္​ေအာင္ရိုက္ခ်ခံရမလဲ မသိ​​...Heliဘက္က နည္းနည္း​ေလး​ေကာင္းျပရင္​ေတာင္ ​ေမ်ွာ္လင့္ခ်က္​ေတြကို အားကိုးတႀကီးဆုပ္ကိုင္ထားတတ္တဲ့Engeneမွာ Heliဘက္က ​ေကာင္း​ေပးတာ​ေတြမ်ားလာတဲ့အခါ ​ေမ်ွာ္လင့္ခ်က္​ေတြတပံုတပင္ႀကီးနဲ႔ဘဝကို Heliမပါဘဲ ​ေရ႔ွမဆက္ႏိုင္မည္ကို Engeneစိုးရိမ္လွသည္...

"Heli..."

"အင္း..."

"နင္ လူတိုင္းအ​ေပၚကို အခုလိုမ်ိဳးသိပ္မ​ေကာင္း​ေပးရင္ ​ေကာင္းမွာဘဲ...လူတိုင္းအ​ေပၚကို သိပ္မ​ေကာင္း​ေပးပါနဲ႔...အကုန္လံုးက နင့္လိုမ်ိဳး မဟုတ္ဘူး..."

"အခု ငါက နင့္အျမင္မွာ လူတိုင္းအ​ေပၚ​ေကာင္း​ေပး​ေနတယ္လို႔ ထင္တယ္​ေပါ့..."

"အင္း...မဟုတ္လို႔လား..."

"မဟုတ္ပါဘူး...ငါက ငါရင္းႏိွီးတဲ့လူ​ေတြနဲ႔ သူငယ္ခ်င္း​ေတြအ​ေပၚ​​ေလာက္ဘဲ ငါ​ေကာင္း​ေပးတာပါ..."

"ဒါဆို...ငါက​ေရာ...ငါ့ကို​ေရာ ဘာလို႔​ေကာင္း​ေပး​ေနတာလဲ..."

"ဘာလို႔လဲဆို​ေတာ့....."

Heliက သူ၏မ်က္ႏွာကို Engene၏မ်က္ႏွာနဲ႔ တစ္တန္းတည္းျဖစ္​ေစတဲ့အထိ ကိုယ့္ကို ကိုင္းခ်ၿပီး...

"နင္က ငါ့သူငယ္ခ်င္း​ေလ..."

Engene၏ႏွာ​ေခါင္းထိပ္​ေလးကို သူ၏လက္​ၫွိုးနဲ႔ တို႔ကာ​ေျပာသည္...

"အင္...အင္းပါ...အဲ့တာဆို ငါတို႔ျပန္ၾကရ​ေအာင္​ေလ..."

​"ေဆးမဝယ္ရ​ေတာ့ဘူးလား..."

"မဝယ္နဲ႔​ေတာ့...ဝယ္လည္း ငါမ​ေသာက္ဘူး..."

ဆိုၿပီး ဒုန္း​ဆိုင္း​ေျပးထြက္သည့္Engeneအ​ေနာက္ကို Heli​ေျပးမ​လိုက္မိ​ေတာ့...​ေျပးထြက္သြားသည့္ ​ေက်ာျပင္ငယ္​ေလးကိုသာ ၾကည့္ရင္း ​ေတြ​ေဝ​​ေဝ​ေလး က်န္ရစ္ခဲ့သည္...

Engeneက Heliကို ​ေစာင့္လည္း မ​ေစာင့္ခ်င္​ေတာ့...​ေနာက္လည္း ျပန္လွည့္မၾကည့္​ေတာ့ဘဲ ​ေက်ာင္းကိုသာ အျမန္​ျပန္​ေရာက္ပါ​ေစဆု​ေတာင္းရင္း ဒုန္းဆိုင္း​ေျပးလာခဲ့သည္...

​ေက်ာင္း​ေရာက္ျပန္​ေတာ့လည္း လက္ထဲက ​ေရခဲမုန္႔ထုပ္​ေလးကို ၾကည့္ၿပီး Noaလက္ထဲမ​ေရာက္​ေသးခင္ အရည္​ေပ်ာ္မသြား​ေစဖို႔နဲ႔ Noaက သူမကို အမ်ားႀကီး စိတ္ဆိုးမ​ေနဖို႔ ႀကိတ္၍ဆု​ေတာင္းမိသည္...

ထို႔​​ေနာက္ Noaအခန္း​ေရ႔ွတြင္ ရပ္လိုက္ကာ အခန္းတံခါးကို ၃ခ်က္​ေခါက္လိုက္သည္...

"Noa...ငါပါ Engene..."

အထဲက စကားျပန္သံကို မၾကားရ​ေသး​ေၾကာင့္ Engene တံခါးကိုသာ အသာ​ေလးလွည့္ဖြင့္လိုက္သည္...တံခါးကို ဖြင့္လိုက္​ေတာ့ အခန္းမီးမိွန္မိွန္​ေလးကို အားျပဳျပီး စာၾကည့္​ေနသည့္ Noa၏​ေနာက္​ေက်ာျပင္ကို ​ေတြ့လိုက္ရသည္...

Engeneက Noaအနားကို အသာ​ေလး​ေလ်ွာက္သြားၿပီး...

"Noa..."

"....."

ေမ်ွာ္လင့္ထားသည့္အတိုင္းပင္ Noaက သူမ၏စကားသံကို ၾကားလ်က္ႏွင့္ပင္ မသိ​ခ်င္​ေယာင္ေဆာင္​ေန​ေလသည္...သူ၏သင္ခန္းစာစာအုပ္မ်ားကိုသာ ဂရုတစိုက္ၾကည့္​ေနသည္...

"နင္ ငါ့ကို စကားမ​ေျပာခ်င္​ေသးမွန္း သိပါတယ္..."

"....."

"ဒီမွာ နင့္အတြက္ ငါ​ေရခဲမုန္႔ဝယ္လာတယ္​ေနာ္..."

"....."

Solonကဲ့သို႔ပင္ Noaကလည္း စကားျပန္မ​ေျပာသလို တစ္ခ်က္​ေလး​ေတာင္ လွည့္ၾကည့္မလာခဲ့​ေပ...သို႔​ေပမဲ့ Engeneက​ေတာ့ Noaကို Solonတုန္းကလိုမ်ိဳး​ေတာ့ စိတ္ဆိုးမ​ေျပ​ေသး၍ ျပန္ၿပီးစိတ္မတိုႏိုင္​ေတာ့...အ​ေၾကာင္းမွာ Engeneကိုယ္တိုင္ကိုက သူတစ္ျပန္ငါတစ္ျပန္​ေအာ္ၿပီး ရန္ျဖစ္ဖို႔​ေန​ေနသာသာ စကားတစ္ခြန္းအားယူၿပီး ​ေျပာဖို႔​ေတာင္ ခက္ခဲ​ေနသည္...​​အခန္းျပန္ၿပီး အနားယူခ်င္စိတ္​ေတြကသာ စိုးမိုး​ေနသည္...

​"နင္ႀကိဳက္တဲ့ ေခ်ာကလက္အရသာ​ေလး..."

"....."

"တစ္ခုတည္းမဝမွာစိုးလို႔ ႏွစ္ခု​ေတာင္ဝယ္လာ​ေပး​တယ္...အရည္မ​ေပ်ာ္ခင္စားလိုက္​ေနာ္..."

"....."

"ညနက္တဲ့အထိလည္း စာၾကည့္မ​ေနနဲ႔ၪီး...အိပ္​ေရးလည္း ဝ​ေအာင္​အိပ္..."

"....."

"နင္တို႔အခန္းမီးက ဘယ္လိုျဖစ္တာလဲ...​ေဖ်ာ့​ေတာ့​ေနတာဘဲ...နင္ စာရွင္းရွင္းလင္းလင္းၾကည့္လို႔ရ​ေအာင္ ငါမီးအိမ္ဖြင့္လိုက္မယ္..."

"မလိုဘူး..."

​ေျပာ​ေျပာဆိုဆိုႏွင့္ Engeneက Noaစာၾကည့္​ေနသည့္စားပြဲ​ေပၚက စာၾကည့္မီးအိမ္အပုက​ေလးကို လွမ္းဖြင့္လိုက္သည္...မီးအိမ္​ေလးဆီကို Engeneလက္အလွမ္းမွာ စာ​ေရး​ေနတဲ့Noa၏လက္ကို မ​ေတာ္ဆတထိမိသြားတာ​ေၾကာင့္ မီးလုတ္ခလုတ္ကို အျမန္ႏိွပ္ၿပီး လက္ကို ျပန္အရုတ္မွာ ရုတ္တရက္ Noaက Engene၏လက္ကို ဖမ္းဆြဲလိုက္သည္...

"ျပစမ္း!နင့္လက္​ေတြက ​ပူေနတာဘဲ Engene...​ေနမ​ေကာင္းဘူးလား!"

ထိုင္​ေနရာမွ မတ္တပ္ရပ္လာၿပီး Noaက Engene၏နဖူးကို သူ၏လက္ဖဝါးႏွင့္စမ္းၾကည့္သည္...

​"ေကာင္းပါတယ္...ငါ ဘာမွမျဖစ္....."

Engeneသည္ စကားကိုပင္ ဆံုး​ေအာင္ မ​ေျပာလိုက္ရ.....

"ကိုယ္​ေတြဒီ​ေလာက္​ေနြး​ေနတာကို ဘာကိုဘာမွမျဖစ္တာလဲ!!"

"....."

"မနက္က အတန္းမတက္တာ ​ေနမ​ေကာင္းလို႔လား..."

"....."

​"ေနမ​ေကာင္းျဖစ္​ေနတာကို ​ေဆး​ေသာက္ၿပီး နားနား​ေန​ေနမ​ေနဘဲ ​​​​ေနပူထဲ ေလ်ွာက္သြား​ေနတာလား...ဒီ​ေရခဲမုန္႔ႏွစ္ခုအတြက္​​ေလ..."

​ေျပာ​ေျပာဆိုဆိုနဲ႔ Noaက သူ၏စားပြဲ​ေပၚက Engeneဝယ္လာသည့္ ​ေရခဲမုန္႔ထုပ္ကို ​ေျမႇာက္ျပသည္...Noaမ်က္ႏွာကလည္း ​ေတာ္​ေတာ္​ေလးကို တင္း​ေနကာ ​ေဒါသ​ေငြ့​ေတြ ​ေသခ်ာ​ေပါက္ရ​ေနသည္...

"မဟုတ္ဘူး Noa...ငါ​ေနမ​ေကာင္းမျဖစ္ဘူး...မနက္က အတန္းမတက္တာလည္း ​ေခါင္းနည္းနည္းကိုက္​ေနလို႔...အခုလည္း ငါနာရီနည္းနည္း​ေလာက္ ငါအိပ္လိုက္ရင္ အဆင္​ေျပသြားမွာ..."

"ဘာကို အဆင္​ေျပသြားမွာလဲ...နင္အဆင္​ေျပ​ေပမဲ့ ငါအဆင္မ​ေျပဘူး...​ေဆး​ေသာက္ရမယ္...လာ...နင္ အခန္းကိုျပန္ၿပီး နားႏွင့္...ငါ လိုက္ပို႔​ေပးမယ္..."

​ေျပာ​ေျပာဆိုဆိုနဲ႔ ခ်က္ခ်င္းပါဘဲ Noaက သူမ၏ကိုင္ကာ အခန္းထဲက​ေန ထြက္လာသည္...သူမ၏လက္ကို ဆြဲသြားသည့္ Noa၏ၪီး​ေဆာင္သြားရာ​ေနာက္ကိုသာ Engeneလိုက္သြား​ေတာ့သည္...





​အခန္းျပန္သည့္လမ္း၌ Heliက Engene​သူ႔လက္ထဲထည့္​ေပးခဲ့သည့္ ​ေရခဲမုန္႔ဗူး​ေလးကို ၾကည့္ကာ ၿပံဳး​ေနမိသည္...သူက ​ေရခဲမုန္႔အရမ္းႀကိဳက္လို႔ ထင္တယ္...​ေရခဲမုန္႔ဗူး​ေလးကို ၾကည့္​ေနရံုနဲ႔တင္ ၿပံဳး​ေနမိသည္...

"ဘယ္​ေတြကိုမ်ား ဒီ​ေလာက္သ​ေဘာက်လို႔ ၿပံဳး​ေနတာလဲ Heli"

​ေရခဲမုန္႔ဗူးကို ​​ေငး​ေနတာနဲ႔ သူ႔အ​ေရ႔ွကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္​ေရာက္​ေနသည့္ Soohaကို​ေတာင္ မသိမထားတဲ့အျဖစ္...Sooha​ေရာက္လာ​ေတာ့ ​ေရခဲမုန္႔ဗူးအား သ​ေဘာက်၍ၿပံဳး​ေနသည့္အၿပံဳး​ေတြကို သိမ္းလိုက္သည္...

​"​ေအာ္...Sooha...ဘယ္သြားမလို႔လဲ..."

"ဘယ္မွမသြားပါဘူး...နင့္ဆီကိုဘဲ တိုက္ရိုက္လာတာ...လမ္းမွာ ​ေတြ့​ေတာ့ အ​ေတာ္ဘဲ​ေပါ့..."

​"ေအာ္...ငါ့ကို ​ေျပာစရာရိွလို႔လား..."

"မရိွပါဘူး...ဒီတိုင္း...ငါက ​ေျပာစရာရိွမွ နင့္ဆီလာရမွာလား Heliရဲ့..."

"အဲ့လို​ေျပာတာမဟုတ္ပါဘူး...ဒါနဲ႔...နင့္​ဆီမွာ ​​အကိုက္အခဲ​ေပ်ာက္​ေဆးရိွလား"

ဘယ္လိုဘဲျဖစ္ျဖစ္ ​ေရခဲမုန္႔မ်က္ႏွာနဲ႔ Heliက ​ေခါင္းကိုက္​ေနသည့္သူတစ္​ေယာက္ကို ​ေဆး​တိုက္ရန္ သူ႔အတြက္တာဝန္ရိွ​ေနသည္ဟု ခံစားရသည္...ပထမက အခန္းကို ခဏျပန္ၿပီး အျပင္ျပန္ထြက္ကာ ​ေဆးသြားဝယ္မည္ဟု စဥ္းစားထား​ေသာ္လည္း တိုက္တိုက္ဆိုင္ဆိုင္သူ႔​ေရ႔ွ​ေရာက္လာသည့္Soohaကို အကူအညီ​ေတာင္းၾကည့္လိုက္သည္...မိန္းက​ေလးအမ်ားစုက ​ေဆးနဲ႔လိုအပ္သည့္ပစၥည္း​ေတြကို ​ေဆာင္ထားတတ္ၾကသည္မလား...Soohaဆီက ​ေဆးမရလ်ွင္လည္း အျပင္ထြက္ၿပီးသြားဝယ္လို႔ရသလို Soohaဆီက ​ေဆးရလ်ွင္လည္း ​ေခါင္းကိုက္​ေနသည့္သူအတြက္ စားစရာတစ္ခုခုလုပ္​ေပးၿပီး ခ်က္ခ်င္း​​ေဆးသြားတိုက္လိုက္လို႔ ရသည္...

"ရိွတယ္​ေလ...ဘာလို႔လဲ...နင္​ေနမ​ေကာင္းဘူးလား..."

"အင္း...နည္းနည္း​ေခါင္းကိုက္လို႔...အဲ့တာ ငါအခုတစ္ခါတည္း နင့္အခန္းကို လိုက္ယူလိုက္မယ္..."

"အာ...ၿပီးမွ ငါနင့္ဆီလာပို႔လိုက္မယ္​ေလ...ငါ အခန္းမရွင္းရ​ေသးလို႔..."

​"ေအာ္​ေအး...​ေက်းဇူးဘဲ​ေနာ္ Sooha..."

"ရပါတယ္...ဒါနဲ႔...လက္ထဲက...​ေရခဲမုန္႔လား..."

ခုနကတည္းက Heliလက္ထဲတစ္ကိုင္ကိုင္လုပ္​ေနၿပီး စကား​ေျပာ​ေနရင္းကိုလည္း Heliမ်က္လံုး​ေရာက္​ေရာက္သြားသည့္ ​ေရခဲမုန္႔ဗူးကို Soohaသတိထားမိသြားဟန္တူသည္...

"အင္း..."

"ဒီ​ေန့ ရာသီဥတုက ပူတယ္​ေနာ္...​​ေအးတာ​ေလး တစ္ခုခုစားခ်င္​ေနတာ..."

Soohaက လက္ကို ယပ္​ေတာင္လိုမ်ိဳးခပ္ျပရင္း ​ေျပာသည္...

"စားမလား..."

Heliက စားခ်င္​ေန​ပါ​ေသာ္လည္း Soohaက အခုလိုမ်ိဳး​ေျပာ​ေန​ေတာ့လည္း သူ႔မွာ မတတ္သာ...သူငယ္ခ်င္းဆို​ေတာ့လည္း ​ေရခဲမုန္႔​ေလးတစ္ခုကို တြန္႔တိုတယ္ဆိုၿပီး​ေတာ့လည္း အ​ေျပာမခံႏိုင္...

"စားမွာ​ေပါ့..."

Heliက ​ေရခဲမုန္႔ဗူးကို ကမ္း​ေပး​​ေတာ့ Soohaက ​​Heliလက္ထဲက ​ေရခဲမုန္႔ဗူးကို ယူရန္လုပ္တုန္း သူမ၏လက္ကို လက္တစ္ဖက္ကို ဟန္႔တားဆုပ္ကိုင္​​လာ​ေလသည္...

"ငါ အသစ္သြားဝယ္​ေပးမယ္...နင္စားခ်င္ရင္ ငါအသစ္သြားဝယ္​ေပးမွာမို႔လို႔ ဒါကို Heliကို ျပန္​ေပးလိုက္..."

"အင္...Engene..."

Engeneက Noaႏွင့္ သူမ၏အခန္းကို ျပန္​ေနတုန္း လမ္းမွာ Heliႏွင့္Soohaတို႔ႏွစ္​ေယာက္ရပ္ၿပီး စကား​ေျပာတာၾကသည္ကို ​ေတြ့သည္...ထို႔​ေၾကာင့္ Engeneက Noaကို​ေတာင္ မ​ေစာင့္ဘဲ သူမဘာသာ အရင္​ေျပးသြားႏွင့္ခဲ့သည္...အနီးနားကို​ေရာက္လာ​ေတာ့လည္း သူမကို ႏွစ္​ေယာက္စလံုးက သတိမထားမိ...​ေနာက္​ေတာ့ Heliက သူမဝယ္​ေပးခဲ့သည့္​ေရခဲမုန္႔ဗူးကို Engeneဆီကမ္း​ေပး​ေနသည့္ကို​ေတြ့​ေတာ့ Sooha၏ယူ​ေတာ့မည့္လက္ကို အျမန္ပင္ဟန္႔တားလိုက္သည္...

သူမ၏​ေနာက္ကို ဒုန္းဆိုင္းလိုက္လာသည့္Noaက​ေတာ့ ခုနက Soohaကို သူမ​ေျပာလိုက္သည့္စကားကိုၾကားၿပီး မ်က္​ေမွာင္ႀကံဳ႔ကာ...

"ဘာကို အသစ္သြားဝယ္​ေပးမွာလဲ!လူကိုၾကည့္​ေတာ့ ​ေဖ်ာ့​ေတာ့​ေနၿပီး​ေတာ့ ​​​ေနာက္ေျခဆယ္လွမ္း​ေလာက္ထပ္လွမ္းလိုက္ရင္ကို လဲက်​ေတာ့မယ္ရုပ္နဲ႔..."

Noaက ထိုကဲ့သို႔​ေျပာ​ေတာ့ ခုနက​ေရခဲမုန္ဗူးလွမ္းယူ​ေတာ့မည့္Soohaကိုလည္း ​ေရခဲမုန္႔ဗူးကို အာရံု​ေပ်ာက္သြားၿပီး Engene၏မ်က္ႏွာကို ​ေသခ်ာအကဲခတ္ၾကည့္သည္...

"Engene နင္မ​ေကာင္းဘူးလား...နင့္...နင့္မ်က္ႏွာက Noa​ေျပာသလို ​ေဖ်ာ့​ေတာ့​ေနတာဘဲ...အ​ေရာင္​ေတာင္ ​ေျပာင္း​ေနၿပီ..."

"လာ!သြားမယ္..."

Engeneမွာ Sooha၏အ​ေမးကို​ေတာင္ ျပန္​ေျဖခ်ိန္မရလိုက္ဘဲ Noa၏ဆြဲ​ေခၚမႈ​ေနာက္ကိုသာ တရြတ္တိုက္ပါသြား​ေလသည္...အ​ေနာက္မွာက်န္ခဲ့သည့္ Heliႏွင့္Soohaမွာလည္း ​ေၾကာင္အအ...

"ရလား...​လမ္းေလ်ွာက္ႏိုင္လား Engene..."

"....."

စကားျပန္မ​​ေျဖလာသည့္Engeneကို Noaၾကည့္မိ​ေတာ့ ခုနက​ေရခဲမုန္႔သြားဝယ္​ေပးမယ္​ေျပာၿပီး အားအင္​ေတြ ကုန္ခမ္းသြားသည့္ပံု...

ဒီလိုပံုစံနဲ႔မ်ား သူမ်ားအတြက္​ေရခဲမုန္႔သြားဝယ္​ေပးၪီးမယ္တဲ့...

"ငါ့ကို စကား​ျပန္​ေျပာပါၪီး..."

"အင္း...​ေလ်ွာက္ႏိုင္တယ္..."

Engeneပံုစံက လမ္း​ေလ်ွာက္တာပါ ​ေနွး​ေကြးလာၿပီး စကားကိုလည္း တစ္လံုးခ်င္းအားယူ​ေျပာ​ေနရသည္...နဖူး​ေပၚက ဆံစ​ေတြမွာလည္း ​ေခြၽး​ေတြကို နစ္လို႔...

ဒီက​ေလးမ ဖ်ား​ခ်င္​ေနၿပီ...

"ဒီလိုလုပ္...ငါ​ေက်ာပိုးလိုက္မယ္..."

"ဟင့္အင္း...ရတယ္...ငါ လမ္း​ေလ်ွာက္ႏိုင္တယ္..."

Noaက ရွည္ရွည္​ေဝး​ေဝးက မတိုက္တြန္း​ေတာ့ဘဲ...

"​​ေက်ာပိုးရမလား...ငါ ​ေပြ့ခ်ီသြားလိုက္စမလား..."

တကယ္ဆို Engeneကလည္း ​တျဖည္းျဖည္း​ေလ်ွာက္လာရင္းနဲ႔မွ ​သူမေျခလွမ္း​ေတြက ပို​ေနွးလာသလိုခံစားရၿပီး ​ေျခ​ေတြ​ေရာ လက္​ေတြ​ေရာ ​ေနာက္ဆံုးပါးစပ္​​ေတာင္ လႈပ္ၿပီးစကားမ​ေျပာခ်င္​ေတာ့တဲ့အထိ ပင္ပန္းလာရသည္...

ၾကည့္ရတာ သူမဖ်ား​ေတာ့မယ္ထင္သည္...

သို႔​ေပမဲ့လည္း ကိုယ့္ကို​ေက်ာပိုးရ​ေလာက္တဲ့အထိလည္း Noaကို ဒုကၡမ​ေပးခ်င္...မဟုတ္ရင္လည္း Noaက တကယ္ကို ​ေပြ့ခ်ီ​ေတာ့မယ့္ဆိုဒ္ႀကီးနဲ႔မို႔လို႔ Engeneလည္း အသာတၾကည္လက္ခံလိုက္ကာ Noa​ေက်ာ​ေပၚကို တက္လိုက္သည္...

Noa​ေက်ာပိုးရာက​ေန လိုက္လာ​ေတာ့ အလ်ွင္အျမန္ပါဘဲ သူမအခန္းကို အလြယ္တကူ​ေရာက္ရိွလာသည္...

"အဝတ္အစားကို သက္သက္သာသာ​ေခ်ာင္​ေခ်ာင္ခ်ိခ်ိျဖစ္​ေစမယ့္အဝတ္အစားလဲဝတ္ထား​ေနာ္...နင္စားဖို႔ တစ္ခုခုနဲ႔ ​ေဆးသြားဝယ္ၿပီး ငါျပန္လာခဲ့မယ္..."

"အင္း...​ေက်းဇူးဘဲ Noa..."

"မလိုပါဘူး...​ေက်းဇူးတင္ခံခ်င္လို႔ လုပ္တာမွ မဟုတ္တာ..."

"Noa..."

"အင္း..."

​"ေတာင္းပန္ပါတယ္..."

"ဘာအတြက္လဲ..."

"ဟိုတစ္​ေန့ကကိစၥအတြက္..."

"အင္း...ငါသြား​ေတာ့မယ္...​ေဆး​ေသာက္ဖို႔ ​ေနာက္က်​ေနလိမ့္မယ္"

​ေျပာၿပီး​ေတာ့ Noaက အခန္းထဲကထြက္သြားသည္...Noaထြက္သြားၿပီး​ေတာ့ သူမက Noa​ေျပာသလိုသက္​ေသာင့္သက္သာျဖစ္​ေစမည့္အဝတ္အစားတစ္ခ်ိဳ႕ကို လဲလိုက္ၿပီး​ေနာက္ ကုတင္​ေပၚမွာ ​ေစာင္ၿခံဳၿပီး လွဲ​ေနလိုက္သည္...

​ေဒါက္!ေဒါက္!ေဒါက္!

သူမလွဲ​ေနၿပီး ဘယ္​ေလာက္မွ မၾကာလိုက္...၅မိနစ္​ေလာက္​ေန​ေတာ့ တံခါး​ေခါက္သံၾကားရလိုက္သည္...

ျမန္လိုက္တာ...ဒီနဲ႔ ၿမိဳ႔ထဲကို Noaဘယ္လိုမ်ား သြားလိုက္ပါလိမ့္...

"Engene...ငါပါ Heli..."

Noaဟုထင္ထား​​ေသာ္လည္း မထင္မွတ္ထားသည့္Heli​ျဖစ္​ေနတာ​ေၾကာင့္ Engeneလည္း အနည္းငယ္​ေတာ့ အံ့ၾသသြားရၿပီး လွဲ​ေနရာမွထလိုက္သည္...

"ဝင္ခဲ့​ေလ Heli..."

Engeneက အသံ​ေပးလိုက္​ေတာ့ Engeneက တံခါးကို ​ျဖည္းျဖည္းဖြင့္ကာ ဝင္လာသည္...လက္ထဲမွာလည္း ​ကိတ္မုန္႔တစ္လံုးရယ္၊ႏို႔တစ္ဗူးနဲ႔၊​ေဆးဗူးတစ္ဗူးကိုင္လာသည္ကို ​​ေတြ့လိုက္ရသည္...

"အစား​ေလးစားၿပီး ​ေဆး​ေသာက္လိုက္ Engene...မနက္ကတည္းက နင့္ပံုစံၾကည့္ၿပီးကတည္းက နင္​ေနမ​ေကာင္းျဖစ္ခ်င္​ေနမွန္း ငါသိ​သားဘဲ...ဘာကို ​ေခါင္းကိုက္တယ္ဆိုၿပီး လိမ္ခ်င္တာလဲ..."

"မလိမ္ပါဘူး...မနက္က​ေတာ့ တကယ္​ေခါင္းကိုက္​ေနတာကို..."

"ဟုတ္ပါၿပီ...​ေရာ့...ဒီမွာ ကိတ္မုန္႔​အရင္စားလိုက္...​ေတာ္​​ေသးတာ​ေပါ့...ငါဝယ္ထားမိလို႔..."

​ေျပာၿပီး Heliက Engene၏လက္ထဲကို တစ္ခါစားကိတ္မုန္႔​ေလးထည့္​ေပးလာသည္...

Noaကလည္း သြားဝယ္​ေပး​ေနတာမို႔လို႔ Engeneစားရမလား မစားရမလား ​ေတြ​ေဝ​ေန​ေလသည္...Heliကလည္း အခန္းအထိကို လာပို႔တဲ့သူမို႔လို႔ မစားဘူးလို႔ ျငင္းလႊတ္လိုက္လ်ွင္လည္း မ​ေကာင္း...အခက္​ေတြ့​ေနရသည္...

"ဘာ​ေတြ​ေငး​ေနတာလဲ...စား​ေလ...​ေရာ့ စားၿပီး​ေမ်ွာခ်..."

Engene၏​ေနာက္လက္တစ္ဖက္ထဲက ႏို႔ဗူးတစ္ဗူးပါ ထည့္​​ေပးလာသည္...

"ဟို..."

"အင္း"

"ဟို​ေလ...Heli..."

​"ေအး"

Engeneကလည္း ​ေျပာသင့္မ​ေျပာသင့္ကို စဥ္းစား​ေနရသည္...

"ငါ အဆင္​ေျပပါတယ္ Heliရဲ့...အဲ့​ေလာက္ႀကီးမဟုတ္ဘူး...ၿပီး​ေတာ့ Noaကို ငါတစ္ခုခုစားဖို႔ ဝယ္လာ​ေပးဖို႔ ငါ​အကူအညီ​ေတာင္းထားတယ္..."

"Noaကို ဝယ္ခိုင္းထားတာကို ​ေနာက္မွ စားလိုက္လည္း ရတယ္​ေလ...​ေနာက္က်မွ ဗိုက္ဆာလို႔ ထပ္စားလည္း ရတာဘဲ...အခု​ေတာ့ မ်က္စိ​ေရ႔ွအရင္​ေရာက္​ေနတဲ့ ကိတ္မုန္႔ကို စားလိုက္..."

"​ေအး​ေအး"

​ေျပာလည္း ရ​မည္မဟုတ္တာ​ေတာ့ကို သိတာ​ေၾကာင့္ Engeneလည္း ကိတ္မုန္႔ကို ျမန္ျမန္စားၿပီး ႏို႔နဲ႔ ​ေမ်ွာခ်လိုက္သည္...​ေတာ္ၾကာ Noaက သူ႔ကို ​ေစာင့္မ​ေနလို႔ဆိုၿပီး ထပ္စိတ္ဆိုး​ေနမျွဖင့္...

"​ေဆးက​ေတာ့....."

"​ေဆးလည္း အခု​ေသာက္လိုက္​ေတာ့ ​ေရာ့...နင္ ​ေဆး​ေသာက္ၿပီး အိပ္သြားတာကို ျမင္မွ ငါျပန္မွာ​ေနာ္..."

Engeneစကား​ေတာင္ဆံုး​ေအာင္ မ​ေျပာလိုက္ရ​ေသးခင္မွာဘဲ Heliက လက္ထဲကို ​ေဆးထည့္​ေပးလာၿပီး လူကို တစ္ခါတည္းအိပ္ခိုင္း​ေန​ေတာ့သည္...

Engeneကလည္း မ်ားမ်ားစားစားျပန္​ေျပာမ​ေန​ေတာ့ဘဲ သူ​ေျပာတဲ့အတိုင္း ​ေဆးကို ခုနကက်န္သည့္ႏြားႏို႔ႏွင့္ ​ေသာက္လိုက္သည္...​ေနာက္​ေတာ့...

"ငါအိပ္​ေတာ့မယ္​ေလ...နင္ျပန္​ေတာ့မွာမလား..."

"ကိုယ့္ဘာသာလွဲစရာရိွတာ လွဲၿပီး အိပ္ပါ...ခုနက ​ငါ​ေျပာတယ္​ေလ...နင္အိပ္သြားတာ ၾကည့္ၿပီးမွ ငါျပန္မယ္..."

"​ေအး​ေအး"

​ေျပာၿပီး Engeneကလွဲလိုက္ၿပီး Heliကို ျမင္​ေနရသည့္ဘက္ကို မဟုတ္ဘဲ အျခားနံရံဘက္ကို မ်က္ႏွာလွည့္ၿပီး မ်က္လံုး​ေတြကို မိွတ္ပစ္လိုက္သည္...

ခဏအၾကာ​ေတာ့ Heliက သူမ၏​စာ​ေရးစားပြဲႏွင့္တြဲထားတဲ့ထိုင္ခံု​ေလး​ေပၚမွ ထၿပီး မတ္တပ္ရပ္လိုက္သည့္အသံကို ၾကားလိုက္ရသည္...ၾကည့္ရတာ Heliျပန္​ေတာ့မည္ထင္သည္...

"​ေစာင္ၿခံဳမွ​ေပါ့..."

ဆိုသည့္အသံႏွင့္အတူ သူမကိုယ္​ေပၚကို ​ေစာင္လႊမ္းၿခံဳ​ေပးလာသည္ကို သိလိုက္ရသည္...

"အိပ္မ​ေပ်ာ္ရင္ ငါပံုျပင္​​ေျပာျပရမလား"

ထိုအခါ Engeneက နံရံဘက္က​ေန Heliရိွရာဘက္ကို ျပန္လွည့္ၿပီး...

"ပံုျပင္နား​ေထာင္ရ​ေအာင္ ငါက က​ေလးလား Heliရဲ့..."

"​ေနာက္တာပါ...​ေနာက္တာ အိပ္​ေတာ့..."

​ေျပာၿပီး Heliက ထိုင္ခံု​ေလး​​ကို ကုတင္ရိွရာသို႔ ပိုတိုးၿပီး ထိုင္လိုက္ကာ သူမ၏​ေခါင္းကို သာသာ​ေလးပြတ္​​ေပးလာသည္...အဲ့တာက​ေတာ့ Engeneလည္း သိတာ​​ေပါ့ ​ေခါင္းကိုင္ရင္ ဘယ္သူမဆို အိပ္ခ်င္ၾကသည္ဆိုတာကို...

ဒါ​ေပမဲ့...ဘာလဲ Heliက...ငါ့ကို ​ေခါင္းပြတ္​ေပးၿပီး သိပ္ရ​ေအာင္ ငါက သူ႔သမီးလား...သူက ငါ့အ​ေဖလား...

သို႔​ေပမဲ့လည္း ဘယ္​ေလာက္မွမၾကာလိုက္ Engene၏မ်က္လံုး​ေတြက ​ေမွးစင္းလာၿပီး အိပ္​ေပ်ာ္သြား​ေလသည္...

ထို​ေန့က ထိုအခန္းထဲတြင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္​ေပ်ာ္​ေနသည့္​ေကာင္မ​ေလးတစ္​ေယာက္ႏွင့္ ထို​ေကာင္မ​ေလး၏မ်က္ႏွာကို တစိမ့္စိမ့္ၾကည့္လိုက္၊​ေခါင္း​ေလးကို ပြတ္​ေပးလိုက္ႏွင့္ အလုပ္မ်ား​ေနသည့္​ေကာင္​ေလးတစ္​ေယာက္ရိွသလို.....အျပင္ဘက္တြင္လည္း အခန္းထဲက အ​ေျခအ​ေန​ေတြကို တံခါးဝ​ေလးက​ေန ​ေခ်ာင္းၾကည့္ၿပီး အထဲကို ဝင္မလာျဖစ္​​ေတာ့သည့္ လက္ထဲတြင္ အထုပ္အပိုးမ်ားစြာကို ကိုင္ထားသည့္​ေကာင္​ေလးတစ္​ေယာက္လည္း ရိွ​ေနခဲ့သည္.....

Continue Reading

You'll Also Like

1.8K 155 8
သန်းခေါင်ယံခါမှာ မင်းဖတ်ဖို့ TXT short stories စာရေးသူ၏မှတ်စု။ ။ ⚠️အချို့သော ဇာတ်လမ်းများတွင် အတိုအထွာသော မသတီစရာ အပိုင်းများကို ထည့်သွင်းရေးသားထား...
8.5K 738 22
Heehoon fiction Written in Burmese (Uni code) Lee Heeseung (Ethan) သခင်လေးPark မင်းကိုယ့်ကိုအရူးလို့ခေါ်ချင်ခေါ်နိုင်တယ်။မင်းမုန်းချင်မုန်းနိုင်တယ်...
288 62 55
2018 - 2023အတွင်း ရေးဖူးတဲ့ စာအဟောင်း တချို့။
583K 21.2K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...