ခေတ်သစ် ဒဿ (စဆုံး)

By Saryiyar

9K 471 44

သခင့်အချစ်ကို မရရင်နေပါ သခင့်ကိုတော့ မောင့်အနားအမြဲရှိနေစေချင်တယ် အဲ့ဒါတစ်ခုပဲ မောင်တတ်နိုင်လို့လေ သခင့်အပေါ်... More

Intro
အပိုင်း 1(U+Z)
အပိုင်း 2(U+Z)
အပိုင်း 3(U+Z)
တောင်းပန်ခြင်း
အပိုင်း 4(U+Z)
အပိုင်း 6 (U+Z)
အပိုင်း 7 (U+Z)
အပိုင်း 8 (U+Z)
အပိုင်း 9(U+Z)
အပိုင်း 10 (U+Z)
အပိုင်း 11(U+Z)
အပိုင်း 12 (U+Z)
အပိုင်း 13(U+Z)
အပိုင်း 14 (U+Z)
အပိုင်း 15(U+Z)
အပိုင်း 16 (The End ) (U+Z)

အပိုင်း 5(U+Z)

430 22 3
By Saryiyar

ရှိုင်း ဥယျာဥ်ထဲမှာ လုပ်လက်စအလုပ်တွေကို လက်စသတ်နေသည်
ထိုအချိန် နေကြာခင်းနား မြင်လိုက်ရသော အရိပ်တစ်ခုကြောင့် ရှိုင်း မျက်နှာပေါ်မှာ အပြုံးလှလှလေးက လှစ်ခနဲ
မနက်တုန်းက အိမ်ကြီးအသျှင်က ပြောထားခဲ့တယ်လေ
ညနေကျရင် သူ ဥယျာဥ်ဘက်ကို လာခဲ့မယ်တဲ့
အဲ့ဒါကြောင့် ရှိုင်း ဒီနေ့ ခါတိုင်းထက် အလုပ်ကို စောစောသိမ်းလိုက်ခြင်းဖြစ်သည်

"အသျှင် "

ပြောပြောဆိုဆို သူ့ဘေးနား လာထိုင်သော ကောင်လေးက တစ်နေကုန် အလုပ် လုပ်ထားရတောင် မပင်ပန်းဘဲ တက်ကြွနေဟန်

"ငါ ညကျ မင့်နေတဲ့နေရာမှာ လိုက်အိပ်မှာ"

"ခင်ဗျာ....."
"အာ.......မရဘူး ထင်တယ် ရှိုင်း......"

"ငါ ခွင့်တောင်းနေတာမဟုတ်ဘူး သတိပေးနေတာ"

"အော် ဟုတ်"
ဘာတွေ အတွန့်ထပ်တက်မလို့လဲ ရှိုင်း
သူပိုင်တဲ့ နေရာဘဲ သူ့စိတ်ကြိုက်နေခွင့်ရှိတာပေါ့
ဒါမယ့်.....ဟူး.......အဲ့ ရုပ်တည်ကြီးနဲ့ နေရမှာ တကယ် စိတ်ကျဥ်းကြပ်တယ်

သူနေတဲ့နေရာမှာ လာနေမှာလို့ ပြောတာနဲ့ စကားတစ်ခွန်းမှ ထပ်မထွက်လာတော့ဘဲ စူပုတ်သွားသူကြောင့်
မဟူရာ ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်
ဘယ်လိုတောင် ကလေးဆန်လိုက်သလဲ......
ဟန်ဆောင်ပြီးတောင် ပြုံးမပြဘူး
တကယ့်ကလေးပဲ......
'ဟက်'

"ဘာရယ်တာလဲ"

"ဟင်"
အော် ငါ့နယ် စိတ်ထဲမှာပဲ ရယ်နေတယ် မှတ်တာ
ဘယ်ဟုတ်မလဲ......
"အာ...မဟုတ်ပါဘူး"
"ပြီးတော့ ငါ မင့်ဆီမှာ အလကားလာနေမှာ မဟုတ်ဘူး"

"ဟုတ်လား ဘာပေးမှာလဲ"

"ဘာလိုချင်လဲ"

"အပြင်ထွက်လည်ချင်တယ်"

"ဟင်"

"ဘာလဲ မရဘူးလား
ပြောတော့ ဘာလိုချင်လဲဆို သူပဲပြောပြီးတော့"

"ရတယ် ရတယ်
ဘယ်နေ့သွားချင်လဲ ဘယ်ကိုသွားချင်လဲ စဥ်းစားပြီးပြီလား"
မဟူရာ ထင်တာ တန်ဖိုးကြီးပစ္စည်းတစ်ခုခုတောင်းမယ်ပေါ့

"မသိဘူး ရှိုင်း ဘယ်သွားရမလဲမသိဘူး
အမှန်ပြောရရင် ရှိုင်း အဲ့လို တစ်ခါမှ မလည်ဖူးဘူး
အရင် ရှိုင်းနေတဲ့ အိမ်နဲ့ အခု ဒီနေရာက လွဲရင် ရှိုင်း ဘယ်မှမရောက်ဖူးဘူး"

ပြောရင်း မျက်နှာညိုးသွားသူကို မဟူရာ တွေတွေလေး ငေးကြည့်နေလျက်

"ရတယ်လေ မနက်ဖြန် အဆင်ပြေမယ့်နေရာတွေကို ငါ လိုက်ပို့ပေးလိုက်မယ်"

"ဟင် အသျှင် လိုက်ပို့ပေးမှာလား"

"အေ့လေ ဘာလဲ မသွားချင်ဘူးလား
မသွားချင်လည်းနေလေ ငါသက်သာတယ်"

" သွားမယ် သွားမယ် "
ဘယ်သူနဲ့ဖြစ်ဖြစ် အပြင်လျှောက်လည်ရမှာပဲကို
အသျှင်က ဘယ်ဆိုးလို့လဲ ဒီလိုကျတော့လည်း သဘောကောင်းသားပဲ ဟီး...ဟီး....

***

ရှိုင်း ဒီနေ့တစ်နေ့လုံး အလုပ်ထဲမှာလည်း စိတ်မဝင်စား.....
အကြောင်းမှာ မနက်ဖြန် အပြင်လိုက်ပို့ပေးမယ်ဆိုပြီး ကတိပေးကာ အရိပ်အယောင်တောင် ပေါ်မလာတဲ့ မဟူရာသျှင်ကြောင့်ပင်

"လိုက်မပို့ချင်လည်း ဘာလို့ အစကတည်းက
ကတိပေးထားသေးလဲ
လူကို သက်သက် မျှော်လင့်ချက်ပေးပြီး ရိုက်ချိုးသွားတာ
လာပစေအုန်း ရှိူင်းနဲ့ တွေ့မယ်"

"ဘာတွေ တွတ်ထိုးနေတာလဲ"

"အမလေး ဗုဒ္ဓ ကယ်ပါ"
ရုတ်တရက် ပေါ်လာတဲ့ မဟူရာသျှင် ကြောင့် ရှိုင်း တစ်ယောက် လန့်လန့်ဖြတ်ဖြတ် ဖြစ်ရသည်

"ဘာလာ လုပ်တာလဲ"

"မင့်ပဲ အပြင်ထွက်လည်မယ်ဆို"

"ဟဲ ဟဲ"
ရှိုင်း ဟန်လုပ် ရယ်ပြကာ
"ရူးနေလား ညနေတောင် အတော်စောင်းနေပြီ ဘယ်ထွက်လည်ရမှာလဲ"

"သွား ရေချိုးအဝတ်စားလဲပြီး မြန်မြန်ထွက်လာခဲ့ ငါဟိုခုံမှာ စောင့်နေမယ်"

"ဒီအချိန်ကြီး ဘယ်သွားမှာလဲ
တော်ပြီ မသွားတော့ဘူး နားတော့မယ်
အသျှင်လည်း ပြန်တော့"

"ရှိုင်းသခင်"

သူခေါ်တာကို အကြည့်စူးစူးနဲ့ တုံ့ပြန်လာသူ
ဒါက သူ့ကို စိတ်ဆိုးနေတယ်ဆိုတဲ့ သဘောလား
ဟက်!မလွယ်ပါလား ရှိုင်းရယ်
မင့်က ဘယ်တော့မှ အနုနည်းနဲ့ပြောလို့ မရတဲ့သူပဲ
ဒါဆိုလည်း မင့်ကြိုက်တဲ့ အကြမ်းနည်းသုံးရတာပေါ့

"15မိနစ်အတွင်း ပြီးအောင်လုပ်ခဲ့"

"ခင်ဗျား"
ရှိုင်း ဆက်မပြောတော့ဘဲ ခြေဆောင့်ပြီးတာ သူပြောတဲ့ အချိန်အတွင်းပြီးအောင်ပြင်ဖို့ ထွက်လာခဲ့သည်

အစကတည်းက လိမ္မာရမှာ ရှိုင်း

***

ရှေ့ကနေ ကလေးတစ်ယောက်လို ခုန်ပေါက်ပျော်နေသူက
သူ့ဘက်ကို လှည့်ပြီး စကားပြောဖို့လည်း မမေ့
အစကတော့ ဘုရားဘက် ဥယျာဥ်ဘက်လိုက်ပို့ပေးမယ်လို့ တွေးထားတာ အလုပ်ကရုတ်တရက်လေးပေါ်လာတော့လိုက်မပို့ဖြစ်တော့ဘူး
ဒါကြောင့် တစ်ပါတ်တစ်ခါ အမြဲကျင်းပတဲ့ ညစျေးကိုပဲ ခေါ်လာလိုက်တာ
ရှေ့က ပျော်နေတဲ့သူကိုကြည့်ပြီး
ငါ ခေါ်လာတဲ့နေရာကို သဘောတွေ့လို့တော်သေး ဟု မဟူရာသျှင်တစ်ယောက် တိုးတိုးလေး ရေရွတ်မိသား

"အသျှင် ဟိုးရှေ့က ဆိုင်မှာ အာပူလျှာပူသောက်ရအောင်"

သဘော ဆိုပြီး မေးဆတ်ပြတော့ လူကို လက်ကနေ အတင်းဆွဲခေါ်သွားသည်

"ဒေါ်ဒေါ် သားတို့ကို အားပူလျှာပူ 2ပွဲပေးပါ"

"ရမယ် ကလေး
ခဏစောင့်"

"ဟုတ်ကဲ့ ခင်ဗျာ့"

တစ်အောင့်ကြာတော့ အဆာပလာစုံစုံနဲ့ ပူပူမွှေးမွှေး အာပူလျှာပူ 2ပန်းကန်က ရှေ့တော်သို့ရောက်ရှိလာသည်

ရှိုင်း ပန်ကန်းနား နှာခေါင်းလေးကပ်ကာ အနံ့ရှူပြီး
"မွှေးနေတာပဲ စားချင်စရာလေး"ဟု ပြောတော့ မဟူရာက ပြုံးပြီးကြည့်လျက်

"ဟေ့ ငပိထောင်းတွေ အသားကုန်ပိတ်ထည့်မနေနဲ့ မစားနိုင်ပဲ နေအုန်းမယ်"

"အေးဆေးပါဗျာ အာပူလျှာပူဆိုတာ အခုလိုမျိုး ငပိထောင်းများများလေးနဲ့မှ လိုက်ဖက်တာ"

ပြောရင်း ဇွန်းနဲ့ ခပ်သောက်လိုက်သည့် ရှိုင်း တစ်ယောက် ချက်ချင်း မျက်ရည်တွေပါဝဲတက်ပြီး ချောင်းတွေ ထဆိုးလာရသည်
အား.....စပ်လိုက်တာ

ရှေ့က ကမ်းပေးလာတဲ့ ရေနွေးပူပူကို မမှုတ်မိဘဲ သောက်မိပြန်တော့ အာခေါင်ပါ ကျက်သွားရတဲ့အဖြစ်

"ဟာ ပေးတဲ့အတိုင်း သောက်ရလား
နည်းနည်းပါးပါး မှုတ်လိုက်မယ်မရှိဘူး"
ပြောလည်းပြော ရှိုင်းလက်ထဲက ရေနွေးခွက်ပါ ဆွဲယူသွားသူကို ရှိုင်း ရန်မတွေ့အားသေး
လူက စပ်နေရတဲ့ကြားတဲ့ အဲ့လူက တစ်မှောင့်

"ရော့ မှုတ်ထားတယ် သောက်လိုက်"

အသျှင် မှုတ်ပေးထားတဲ့ ရေနွေးတစ်ခွက် ကုန်သွားမှပဲ စပ်တာနည်းနည်းပြေသွားတော့တယ်
"ကျေးဇူး"ဟုဆိုတော့လည်း ဘာမှ ခွန်းတုံ့မလာ
နေပေါ့.......
ရှိုင်း ဆက်စားမလို့ ပြင်တော့ လာတားသေးသည်

"တော်ပြီ မစားနဲ့တော့ သွားမယ်"
"ဒီမှာ ရှင်းထားခဲ့ပြီနော်"

ကျသင့်ငွေကို စားပွဲပေါ်မယ် ချထားခဲ့ကာ မဟူရာ ထွက်လာခဲ့တော့ နောက်ကနေ တစ်စုံတစ်ယောက်က ပွစိပွစိရေရွတ်ကာ လိုက်လာခဲ့သည်

"ရော့ စားလိုက်"

မုန့်ချိုတွေ ဝယ်ပြီး လူကိုလာချော့နေတာ......
ရှိုင်း စားချင်သော်လည်း မူပြီး

"မစားဘူး "

"ရော့ အစပ်ပြေသွားအောင် မုန့်အချိုလေး စားလိုက်
အရမ်းစားကောင်းတယ် "
သူပါ တစ်ခုယူစားပြပြီး အရသာရှိတဲ့ပုံစံ လုပ်ပြနေတာကြောင့် ရှိုင်း ဆက်ပြီး ဟန်မဆောင်နိုင်တော့
ရှိုင်း ရှေ့ကလူရဲ့လက်ထဲက မုန့်ကို အမြန်ယူပြီး ရှေ့ကိုအမြန် ခပ်သွက်သွက်လေး လျှောက်လာခဲ့သည်
မုန့်တစ်ခုကို စားကြည့်လိုက်တော့
"အိုး စားကောင်းတယ်"

မဟူရာမှာတော့ ရှေ့ကကောင်ပေါက်လေးကြောင့် ဒီနေ့တစ်နေကုန် အပြုံးမပျက်ရတော့

***

"ဟင် ဟိုက ကိုကိုမလား"
စန္ဒီလင်း သူ့ဘေးက အစေခံကို လှမ်းမေးတော့
"ကိုကိုလေးနဲ့တော့ တော်တော်တူတယ် အလင်း"

တော်တော်တူတာ မဟုတ်ဘူး ကိုကိုမှ ကိုကို အစစ်
ဘာလို့ ကိုကို ကအဲ့ကောင်လေးကို ကျ အရမ်းဖော်ရွေပြနေရတာလဲ
ပြုံးနေလိုက်တာကလည်း အလင်းသိတဲ့ကိုကို မဟုတ်သလိုပဲ
ပြီးတော့ အမြဲမျက်နှာဖုံးတပ်ထားတတ်တဲ့ကိုကိုက ဒီနေ့ကျမှ.........
စန္ဒီလင်း ရဲ့ခေါင်းထဲ မေးခွန်းပေါင်းများစွာ အတွေးပေါင်းများစွာနဲ့ အတူ ဝမ်းနည်းစိတ်တို့ပါ ပြိုင်တူဖြစ်ပေါ်လို့လာသည်
တစ်ဆက်တည်း မဟူရာနဲ့ရှိနေတဲ့ ကောင်လေးအပေါ်ပါ မနာလိုမုန်းတီးစိတ်က ချက်ချင်းပေါက်ဖွားလာခဲ့သည်
အချစ်ကြီးရင် အမျက်ကြီးတယ်တဲ့
ကိုယ်အသက်ထက်ချစ်ရသူရဲ့ အပြုံးကို ဖောဖောသီးသီးရနေသူကို အလင်း မုန်းတာ အလင်း မလွန်ဘူး မှတ်လား
ချက်ချင်းပဲ အလင်းရဲ့ခေါင်းထဲကို အကြံတစ်ခုက ဝင်ရောက်လို့လာလေသည်
မဲ့နေတဲ့မျက်နှာကနေ ချက်ချင်းပဲပြုံးလာသူရဲ့ အပြုံးအောက်မှာ ဘယ်သူမှ မခန့်မှန်းနိုင်တဲ့ အကြံဆိုးကြီးတစ်ခုက မဟူရာဘေးနားကကောင်လေးအတွက်တော့ မတွေးရဲစရာ

အလင်း သူ့ရဲ့အစီအစဥ်ကို ဘေးနားက အစေခံမလေးကို တီးတိုးပြောပြလိုက်သည်
ပြီးတာနဲ့ သိပ်မကြာလိုက် ထိုအစေခံမလေးသည် အလင်းနားကနေ ချက်ချင်းထွက်သွားပြီး
မျက်နှာအဝတ်စည်းနဲ့ လူ 5ယောက်လောက်ကို ခေါ်လာခဲ့သည်လေ

အလင်းရဲ့ အစီအစဥ် 1 ကအောင်မြင်ပြီဆိုတော့ နောက်တစ်ဆင့်ပေါ့ ကိုကိုရယ်

အလင်း မဟူရာရှိရာဆီ တမင်သွားပြီး
"ကိုကို ဘာလာလုပ်တာလဲ"

"အာ ဒီတိုင်းပါပဲ
အလင်းကကော တစ်ယောက်တည်းလား မိအေး မပါလာဘူးလား"

"ပါတယ် ကိုကို
မိအေးက အလင်းအတွက် မုန့်သွားဝယ်နေတာလေ"
အလင်းနဲ့သာ စကားပြောနေတယ် ကိုကို့အာရုံက အလင်းဆီမှာမရှိ အအေးဆိုင်ရှေ့မှာ အအေးဘူး စောင့်နေတဲ့ ထိုကောင်လေးဆီမှာသာ

အလင်း မဲ့ပြုံးလေးတစ်ချက်ကို ခိုးပြုံးလိုက်ပြီး အလင်းနဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ လူ5ယောက်ကို မျက်စပစ်ပြလိုက်သည်

အလင်းရဲ့ အချက်ပြတာကို ရတာနဲ့ ထိုလူ 5ယောက်သည် ချက်ချင်းလှုပ်ရှားလာသည်
အအေးဘူးဝယ်ပြီး ပြန်လာတဲ့ ကောင်လေးကို ဘယ်သူမှ မရိပ်မိအောင် ပါးစပ်ကို အဝတ်အုပ်ပြီး ဖမ်းခေါ်သွားပုံက ထိုလူတစ်စုရဲ့ ကျွမ်းကျင်မှုထဲက တစ်ခုပင်
အလင်းကျေးဇူးနဲ့ တစ်ခြားဆီအာရုံရောက်နေသူ မဟူရာ ကတော့ ကောင်လေး အဖမ်းခံလိုက်ရတာကို မသိလိုက်

အလင်း သူ့အလုပ်ပြီးပြီဆိုတော့ မဟူရာကို နှုတ်ဆက်ပြီး ချက်ချင်းထွက်လာခဲ့လိုက်သည်
သူမရဲ့ ဦးတည်ရာက ဖမ်းခေါ်ခံသွားရတဲ့ ကောင်လေးရှိရာ အိမ်ပျက်ကြီးဆီ.................

အပိုင်း 6, coming soon



"အသျှင် "



"ခင်ဗျာ....."


"အော် ဟုတ်"

တကယ့်ကလေးပဲ......
'ဟက်'

"ဘာရယ်တာလဲ"

"ဟင်"
ဘယ်ဟုတ်မလဲ......
"အာ...မဟုတ်ပါဘူး"

"ဟုတ်လား ဘာပေးမှာလဲ"

"ဘာလိုချင်လဲ"

"အပြင်ထွက်လည်ချင်တယ်"

"ဟင်"

"ဘာလဲ မရဘူးလား

"ရတယ် ရတယ်






" သွားမယ် သွားမယ် "

***


ကတိပေးထားသေးလဲ
လာပစေအုန်း ရှိုင်းနဲ့ တွေ့မယ်"

"ဘာတွေ တွတ်ထိုးနေတာလဲ"

"အမလေး ဗုဒ္ဓ ကယ်ပါ"

"ဘာလာ လုပ်တာလဲ"


"ဟဲ ဟဲ"


အသျှင်လည်း ပြန်တော့"

"ရှိုင်းသခင်"



"ခင်ဗျား"


***

ဒါကြောင့် တစ်ပါတ်တစ်ခါ အမြဲကျင်းပတဲ့ ညဈေးကိုပဲ ခေါ်လာလိုက်တာ




"ရမယ် ကလေး
ခဏစောင့်"

"ဟုတ်ကဲ့ ခင်ဗျာ့"





အား.....စပ်လိုက်တာ




နေပေါ့.......



"ရော့ စားလိုက်"


"မစားဘူး "

အရမ်းစားကောင်းတယ် "
"အိုး စားကောင်းတယ်"


***

"ဟင် ဟိုက ကိုကိုမလား"

ဘာလို့ ကိုကို ကအဲ့ကောင်လေးကို ကျ အရမ်းဖော်ရြွေပနေရတာလဲ



"ကိုကို ဘာလာလုပ်တာလဲ"

"အာ ဒီတိုင်းပါပဲ

"ပါတယ် ကိုကို




အပိုင်း 6, coming soon


Continue Reading

You'll Also Like

5.8K 434 12
vita🩷shine Storyline Vita ရှိုင်း.. မောင်မကြိုက်ဘူး..ပြောထားရဲ့နဲ့.. ရှိုင်း မောင်..ရှိုင်းကို..မယုံကြည်ဘူးကို..
262K 10.3K 27
Chase and Cody are the omegas of the Fire wolf pack and they are special omegas because they go through something that's mainly for females but it do...
27.1K 2.5K 22
Romance Popular ‌Model , Singer , DJ Bounနဲ့ သူ့ကိုအရူးအမူးဖြစ်နေတဲ့FanboyလေးPremတို့ ဘယ်လိုတွေ့ဆုံပီးချစ်ကြိုက်သွားကြမလဲ သီချင်းရေးဆ...
23.9K 637 10
[STILES STILINSKI x OC] Ava Gilbert has left Mystic Falls after the death of her twin brother Jeremy and her older sister Elena burning her house dow...