"Hey! ပြေးတာ ရပ်ပါဦး ဗျ၊ နောက်က ဘယ်သူမှမလိုက်တော့ပါဘူး"
"ဟင် အဲ့လူနှစ်ယောက်က ထပ်လိုက်လာရင်ဘယ်လိုလုပ်မလဲ"
"သူတို့ ချက်ချင်း မထနိုင်တော့ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်က ကောင်းကောင်းသင်ခန်းစာ ပေးထားခဲ့လို့လေ"
ထိုအခါမှ သူမကိုင်ထားတဲ့ တေဇာ လက်မောင်းက အင်္ကျီ စကို ဆွဲ ဖြုတ်ကာ အမောဖြေနေသည့် မိန်းကလေးကို တေဇာ သေသေချာချာ ကြည့်မိသည်။
လှတာလည်း လှသလို နုထွတ်ကာ ချစ်စရာလည်းကောင်း နေသည်။ တေဇာ တွေ့ဖူးတဲ့ ဘယ်မိန်းမ နဲ့မှ မတူ တစ်မူထူးခြားသည်။
အရပ်ကလည်း5'8"ကျော်ကျော်လောက်တော့ရှိမည်ဖြစ်ကာ မြန်မာ မိန်းကလေး အနေဲ့ အတော် အရပ်ရှည်သည်။
တော်ရုံမိန်းမဆို တေဇာရဲ့ လက်ကို ဆွဲကိုင်မှာ သေချာပေမဲ့ သူမ ကတော့ တေဇာ အသားကို ထိမိမှာကြောက်သည့် အလား အင်္ကျီစကို ကိုင်သည်။
"ဒါနဲ့ ကျွန်တော့် နာမည်က တေဇာပါ၊ ခင်ဗျား နာမည်က "
"....."
"ရပါတယ်ဗျာ မပြောချင်နေပါ"
"ဒေ..ဒေလီယာ"
"ဟမ်.."
ပန်းနာမည်ပေါ့။
တေဇာ မျက်ခုံးတစ်ဖက်ပင့်ကာ ဇဝေဇဝါဖြစ်သွားသည်။
"ခုန ကပြောနေတာ မကြားဘူးလား"
"ဟက် ဟက် ဟုတ်ပါပြီ"
"အခုန ကလူနှစ်ယောက် နဲ့ ခင်ဗျား က ဘယ်လို ပက်သက်တာလဲ"
"ဟို.. ကျွန်မ မပြောပြချင်ဘူး"
"ဟ! အင်းး ကောင်းပါပြီ"
"ပြီးတော့ ရှင့်ကို ကျွန်မကျေးဇူးတင်ပါတယ်၊
ဒါပေမဲ့ ရှင်ဒီကိစ္စ မသိသလိုနေလိုက်ပါ၊ ပြီးတော့ အဲ့လူတွေနဲ့ ထပ်တွေ့လို့ ရှိရင်လည်း မသိသလို ရှောင်လိုက်ပါ"
"ဆိုတော့ ကျွန်တော်က မသိသလို လုပ်ရမှာပေါ့"
"အင်း"
"ဒါဆို ကျွန်တော့် ကို ခင်ဗျား phone numberလေးတော့ ပေး"
"ဟင့် အင်း"
"ဒါဆို အိမ်လိပ်စာရော"
"ဟင့်အင်း မပေးချင်ဘူး"
"ဟာဗျာ ၊ ခင်ဗျားက ဘယ်လိုကြီးလဲ၊ တကယ်ဆို ကျွန်တော်က ခင်ဗျားကို ကူညီခဲ့တာပါဗျာ၊ အခက် မသင့်ရင် ပဲလှော်ကြား ဆား ညှပ်နိုင်တယ်"
"ပဲလှော်ကြားဆား ညှပ် တယ်ဆိုတာ ဘာလဲ ဟင်"
"ကျစ်! ခင်ဗျားက ဗျာ"
"ဟို ရှင်နဲ့ ကျွန်မ က ထပ် တွေ့ စရာ မှ မလိုတော့တာကို"
"ဟားး ခင်ဗျားး ၊ ကျေးဇူးရှင်ကို ဒီလို ကျေးစွပ်တာလား"
"ကျေးစွပ်တာ ဘာကိုပြောတာလဲ"
"ဟာကွာ ၊ ဘာမှလည်း မသိဘူး"
သူ့ကို မော့ကြည့်နေ တဲ့ မိန်းကလေး ကို တေဇာ မျက်ခုံးတန်းကြီးတွေ တွန့်ချိုးလျက် လက်ပိုက်ကာ ငုံ့ကြည့်နေမိသည်။
မြန်မာလိုပြောတာလည်း တစ်လုံးတစ်လုံး သံကြိုး ရိုက်နေတဲ့ မိန်းကလေးက တေဇာ ပြောနေတဲ့ စကားတွေကို သေသေချာချာ နား လည် ပုံ မရပါ။
ကိုယ့်ဘက်က ဒီလောက် ကူညီပြီး အောက် ကျို့ပေး တာကို လူကို အဖက်မလုပ်ချင်တာ။
တေဇာကို လိုချင်တဲ့ မိန်းမ တွေမှပုံလို့၊ ကိုယ့်မှာတော့ သူ့ကို သူများနဲ့ မတူတဲ့ပုံကြောင့် စိတ်ဝင်တစားရှိနေတာကို။
လူကို ဘာမှတ်နေလည်း မသိဘူးကွာ၊ ဒီမိန်းမ ဟင်းး။
စိတ်ညစ်ညစ်နဲ့ တေဇာ ဆံပင် တွေကို လက်ဖြင့်ထိုးဖွလိုက်သည်။
"ကောင်းပြီလေ၊ ခင်ဗျား သဘောပဲ၊ သွားလိုရာသွားတော့"
"ဟုတ်ကဲ့ ကျေးဇူးပါနော်"
လှည့်ထွက်သွားတဲ့ မိန်းကလေးကိုကြည့်ကာ
"ကျစ်! လီးပဲကွာ!!"
တစ်ဖက်က မိန်းကလေး ကလည်း သူ့မရဲ့ ဘဝ ဇာတ်ရှုပ်ထုပ်ကြောင့် ထို အမျိုးသားကို ဒုက္ခ မရှိစေချင်၍ ခွာ ထုတ်လိုက်ပုံ ရပါသည်။
...........................
တေဇာ စိတ်ညစ်ညစ် နဲ့ cafeဆိုင်ကိုပြန်လာလိုက်တော့သည်။ကောင်လေးနှစ်ယောက်က တေဇာ မှာ ခဲ့သည့် အတိုင်း စောင့်နေကြတုန်းဖြစ်ကာ တေဇာ ကိုမြင်တော့
"ဘယ်တွေသွားနေတာလဲ!!" ပြိုင်တူမေးလာသည်။
"အသိတစ်ယောက် တွေ့မိလို့ လိုက်သွားတာ၊ဘာမှ မဟုတ်ပါဘူး"
"သြော်!!"
"ဒါဆို ကိုယ်တို့ ပြန်ကြရအောင်လေ"
"ဦး ကလည်း သူများက စားတုန်း"
"ဟ! မင်းစားနေတာ မပြီးတော့ဘူး၊
စားချင်ရင် ကျန်ခဲ့၊ hey!ဟို တစ်ယောက် မင်းကရော ကိုယ့်ကားနဲ့ ပြန်လိုက်မှာလား"
"ကျွန်တော် က လိုက်မယ်၊ ဒီမှာ နေချင်စိတ်မရှိတော့ဘူး"
ပြန်ဖို့ လူနှစ်ယောက် ကထွက်သွားတာ ကြောင့်
"ဟင့်! သူများလဲ ပြန်လိုက်မှာ၊ စောင့်ဦး"
ရှေ့က လျှောက်သွားတဲ့ နှစ်ယောက်နဲ့ နောက် က အပြေးအလွှားလိုက် သွားတဲ့ တစ်ယောက်
သုံး ယောက်လုံး ကားနားရောက်တော့
"အကို ကျွန်တော် ရှေ့ခန်း ကလိုက်မယ်"
"မရဘူးလေ၊ ဦး ကျွန်တော် လာကတည်း က ဦး ဘေးက လိုက်လာတာနော် ဦး!"
"အကို!"
"ဦး!"
"ကျစ်! မင်းတို့နှစ်ကောင်လုံး အနောက်ခန်းက
လိုက်ခဲ့၊ မလိုက်ချင် ကျန်ခဲ့ကြ၊ အာရုံလာ မနှောက်နဲ့"
"ဟွန့်!!"
တေဇာ ဖြိုးလွန်းသော် နေတဲ့ နေရာကို အရင် သွားပို့လိုက်သည်။
ထို့နောက်အိမ်ကိုပြန်လာလိုက်သည်။ ပြန်ရောက်တော့
"ဦး! အဲ့ကောင် နဲ့ မပက်သက်နဲ့"
"ငွေသော်တာ ငါ စိတ်ကြည်မနေဘူး၊ မင်း အခန်း မင်းသွားတော့"
"ဦး!! အ.."
ငွေသော်တာ တစ်ယောက် အင်္ကျီ လည်ပင်းစ ကနေ ဆွဲမြှောက်ခံလိုက်ရသည်။
"မင်းကို ငါ သွားတော့လို့ပြောနေတယ်လေ၊
မင်းတို့ နှစ်ကောင်လုံး စောက်ကြောင်းကို ငါ စိတ်ထဲကိုမရှိတာ ၊ နောက်တစ်ခါဆို ငါ မင်းကို ပါးစပ်ကပြောမနေတော့ဘူးနော် ၊ သွား!"
ငွေသော်တာ တစ်ယောက် တေဇာလွှတ်ပေးသည်နှင့် သူ့ အခန်းထဲပြေးဝင်သွားသည်။
........................
ညနေ ရောက်တော့
ငွေသော်တာ ဦး ရဲ့ ပုံစံကို ကြောက်၍ အခန်းထဲမှာနေမိသည်။ ရေသောက်ချင်လို့ အပြင်ထွက်လာတော့
"ဟို... ဦး ဘယ်သွားမလို့လဲ ဟင်"
"bar"
"ကျွန်တော်လဲလိုက်လို့ရလားဟင်"
"မရဘူး၊ ငါညစ်နေတယ်၊ ပြီးတော့ မင်းက အာရုံနှောက်တယ်၊ ငါ့ကိုလာမရှုပ်နဲ့"
"ဟုတ်၊ ဟို.. ဒီည အိမ်တော့ပြန်လာမယ် မှတ်လား"
"မသေချာဘူး"
"ဦး........"
အထွန့်လာတက်တဲ့ကောင် ကို တေဇာ သွေးအေးအေးကြည့်ပေးလိုက်တော့ တိတ်သွားသည်။
"ပြောစရာမရှိရင် ငါသွားပြီ"
All black ဝတ်ထားတဲ့ တေဇာသည် ညမင်းသားတစ်ယောက်အလား မိမိုက်နေတော့သည်။
ငွေသော်တာ တစ်ယောက် တေဇာရဲ့ ပုံစံကို ကြောက်၍ လွှတ်ပေးလိုက်သည်။ တေဇာ ထွက်သွားပြီး သိပ်မကြာ သူလည်း အနောက်ကနေလိုက်သွားသည်။
......................
At bar..
ငွေသော်တာ တစ်ယောက် ဦး နောက်လိုက်လာတာဖြစ်ကာ bar ရောက်နေတာ အတော် လေးကြာနေပြီဖြစ်သည်။
ဦး သူ့ကို မမြင်ရလောက်တဲ့ နေရာမှာ လာထိုင်နေတာဖြစ်ပြီး ဦး အနားကိုလည်း မသွားရဲ..
ဦး က သောက်နေတာကြာနေပြီဖြစ်သော်လည်း မူးသည့်ပုံ မပေါ်သေးပါ။
သူကတော့ တစ်ခွက်လောက် သောက်ထားကာ နည်းနည်းတောင် အိပ်ချင်လာသည်။
သိပ်မကြာကောင်လေး မှောက်သွားသည်။
..............
တေဇာ စိတ်ညစ်လို့လာ သောက်နေတာဖြစ်သည်။
ကောင်လေး ဒီbarကို လိုက်လာတာလည်း တေဇာ သိပါသည်။ သို့ပေမဲ့ အာရုံနှောက်လို့လွှတ်ထားလိုက်သည်။
တေဇာ အခုတွေးနေတာက ဟို မိန်းကလေး အကြောင်းဖြစ်သည်။
ထိုမိန်းကလေး သူ့အား သွယ်ဝိုက်တဲ့နည်းနဲ့ နှင်ထုတ်လိုက်တာကို မကျေမနပ်ဖြစ်နေတာဖြစ်သည်။ ကိုယ်ကသာ သူ့ကို သတိတရရှိနေရတာ သူက ကုိယ့်ကို မှတ် မိတဲ့ပုံ တောင် မပေါ်ဘူး။
ရတယ်လေ၊ တေဇာ လိုကောင်က ဂရုစိုက်မယ်ထင်နေလား။ မိန်းမတွေမှ ပေါလို့။ သူက ကိုယ့်ကို မလို အပ်တော့လည်း ရှာမနေတော့ဘူး။ မေ့လိုက်တာပေါ့ကွာ။ လီး!
"အကို"
ကြည့်လိုက်တော့ ဖြိုးလွန်းသော်..
တေဇာ မျက်ခုံးတစ်ဖက်ပင့်ကာ ဘာလဲ ဆိုတဲ့ သဘောနဲ့မေးလိုက်သည်။
"ဟိုကောင်လေး ရော မပါဘူးလား"
"ပါတယ်"
"ဘယ်မှာတုန်းမတွေ့မိပါလား"
"ဟိုမှာလေ"
ချောင်ကျတဲ့ ဝိုင်းမှာ အိပ်နေသည့် ကောင်လေးကို တေဇာ ညွှန်ပြလိုက်သည်။
"သူက ဘယ်လိုဖြစ်လို့ အဲ့ရောက်နေတာလဲ"
"ကိုယ် သူ့ကို ဆူထားလို့၊ကိုယ့်အနား မလာရဲတာ"
"အိုး ဒါဆို ကျွန်တော် က သူ့ထက် သာသေးတာပေါ့၊ အကို့ နားကပ်လို့ရသေးတယ်လေ"
"မင်းက ဒီကို ဘာလာလုပ်တာလဲ"
"ပြင်းလို့ တစ်ခါတစ်လေ လာတာပါ၊ အကိုကရော"
"စိတ်ညစ်လို့ လာသောက်တာ"
"သြော် အကိုရယ်၊ စိတ်ညစ် တိုင်း လိုက်သောက်နေရင် အကို့ကျန်းမာရေး ထိခိုက်မှာပေါ့၊ တစ်ခြားနည်းတွေ နဲ့ လည်း စိတ်ညစ်တာကို ကုစားလို့ရပါတယ်"
တေဇာကို ကြည့်ကာ ငြူတူတူ ပြောလာသည့်ကောင်လေးက ဝတ်ထားတဲ့ အဝတ်၊ အသားအရည်တွေကြောင့် ညမီးရောင် အောက်တွင် ဖြူဖွေးဆွတ်ကာ ဆွဲဆောင့်ပစ်ချင်စရာ ကောင်းသည်။
............................
"ညီလေး!ညီလေး"
waiterကောင်လေးလာနှိုး၍ ငွေသော်တာ တစ်ယောက်နိုးလာသည်။
"ဟွန် ဝါးး ဘာဖြစ်လို့လဲ အကို"
"ညီလေး က အိပ်နေတာ ကြာပြီ၊ အဆင်မှပြေရဲ့လားလို့ လာမေးကြည့်တာ၊ barမှာလူတောင် သိပ်မရှိတော့ဘူး တစ်ချို့ဆို ပြန်တောင်ပြန်သွားကြပြီ"
"ဟင်! ဦး ရော ဘယ်ရောက်သွားပြီလဲ"
"ခင်ဗျာ!"
"ဘာမှ မဟုတ်ဘူး၊ လာနှိုးပေးလို့ကျေးဇူးနော်"
ငွေသော်တာ သည် တေဇာထိုင်ထားတဲ့ နေရာဆီသွားကာ အဖျော် ဆရာ ကို မေးလိုက်သည်။
"ဒီမှာ အကိုကြီး၊ ဒီနားမှာထိုင်သွားတဲ့ all blackဝတ်ထားတဲ့ အကောင်ထွားထွားနဲ့ လူ ဘယ်ရောက်သွားလဲ"
"သြော်!ပြန်သွားတာကြာပေါ့၊ မင်းက အိပ်နေတဲ့ တစ်ယောက်မလား၊ မင်းကို မှာသွားတယ် သူဒီည ပြန်မလာတော့ဘူးတဲ့"
"ဘာ!!! သူဘယ်သွားတယ်ပြောသွားလဲ"
"မသိဘူးကွ ၊ မင်းလိုမျိုး ခပ်ငယ်ငယ် ကောင်လေးတစ်ယောက်နဲ့ ပြန်သွားတာတော့ တွေ့လိုက်တယ်ကွ"
"ဟား!! ဘာလို့ သူများကို စောစောစီးစီးလာမနှိုးလဲ၊ ကုန်ပါပြီ"
ပြောကာ barထဲမှပြေးထွက်သွားသည့်ကောင်လေးကို အဖျော်ဆရာ ရော ၊ waiterကပါ ကြောင်ကြည့်နေကြသည်။
ဘယ်လိုက်လို့လိုက်ရမှန်းမသိပေမဲ့ တေဇာနဲ့သူ နေခဲ့သည့်hotelကို ဖြိုးလွန်းသော်တစ်ယောက် ကားမောင်းထွက်လာလိုက်သည်။
Hotelရောက်တော့ ဝင်ချလာကာ reception
က လူတွေကို မေးတော့သည်။
"အကိုတို့ တေဇာ ဆိုတဲ့လူ ဒီမှာတည်းနေ လား"
"ခဏ နော် ညီလေး။ ကြည့်ပေးမယ်"
"ဟုတ်"
"သြော် အခန်းနံပါတ်102မှာ ယူထားတဲ့ အကို။ နှစ်ယောက်ခန်း ဟုတ်လားညီလေး"
"ဟင့် အီးး"
"ဟေ့ ဘာလို့လာငိုတာလဲ"
"သူနဲ့ ဘယ်သူပါ သေးလဲ"
"ကောင်လေးတစ်ယောက်လဲပါတယ်၊ ညီ့ အရွယ်လောက်ပဲ၊ အကိုမှတ်မိတယ်၊ တစ်ယောက်က အသားညိုညို အကောင်ထွားထွား ဗလတောင့်တောင့် နောက်တစ်ယောက်က ဖြူဖြူဖွေးဖွေး ညီ့လောက် အကောင်ရှိမယ်"
ဘေးက တစ်ယောက်က ဝင် ပြော ပါသည်။
"ညီက သူနဲ့ ဘာတော်လဲ"
"သူ့ညီပါ၊ ကျွန်တော်လိုက်သွားလိုက် ဦးမယ်"
"အေ အေ"
..........................
အခန်းနံပါတ် 102ရှေ့တည့် တည့် ရောက်တော့ တံခါးကို ခေါက်တော့သည်။
"ဒေါက် ဒေါက်"
သိပ်မကြာ တံခါး ပွင့်လာသည်။
"ဂျောက်"
"ဦး!"
ဦးက အပေါ်ပိုင်း ဗလာ၊ အောက်က towelတစ်ခု ပတ်ထားကာ ချွေးတွေပြန်ထားပုံရသည်။
"မင်း ဘာလာ လုပ်တာလဲ"
ငွေသော်တာ တစ်ယောက် တိုးဝင်လိုက်ကာ အခန်းထဲ ရောက်လာသည်။
အခန်းထဲဝင်ဖို့လုပ်နေသူကို တေဇာ လက်က လှမ်းဆွဲကာ မေးလိုက်သည်။
"နေဦး မင်းကို ငါမေးနေတယ်၊ ဘာလိုက်လုပ်တာလဲလို့"
ပြောနေတာမဖြေပဲ ဇွတ်ရုန်း၍ စောက်မြင်ကပ်လို့လွှတ်ပေးလိုက်သည်။
.................................