ငါ့အဖေက အေးစက်တဲ့ သင်ယူခြင်း...

By Miracle_Phyu97

1K 116 3

English Names: The Rebirth of My Father in the Body of an Aloof Academic Genius Associated Names: 我爸重生在了高冷学神身... More

Ch-1
Ch-2
Ch-3
Ch-4

Description

862 80 3
By Miracle_Phyu97

ငါ့အဖေက အေးစက်တဲ့ သင်ယူခြင်း နတ်ဘုရားရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်လည်မွေးဖွားလာခဲ့တယ်

စာစဉ်မိတ်ဆက်

လွန်ခဲ့သည့်နှစ်နှစ်က လင်ချူးဆွေ့၏ အဖေဖြစ်သူ မီးသတ်သမားက သူ့ကိုယ်သူ မီးထဲ၌ စွန့်လွှတ်အနစ်နာခံခဲ့သည်။

အဖေနှင့် သမီးကြားမှ နောက်ဆုံးစကားဝိုင်းတွင် သူတို့က အကြီးအကျယ် ရန်ဖြစ်စကားများခဲ့ကြ၏။

လင်ချူးဆွေ့က သူမ၏ အိပ်မက်များထဲတွင် မရေတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ ငိုကြွေးကာ နိုးလာခဲ့ရပြီး သူမ အဖေသာ ပြန်မွေးဖွားလာနိုင်လျှင် သူမက နာနာခံခံနှင့် စကားနားထောင်ပြီး မည်သည့်အခါမှ ပြန်မပြောတော့ဟု ဆန္ဒရှိခဲ့သည်။

သူမသည် သူမ အဖေက အမှန်တကယ် ပြန်လည်မွေးဖွားလာမည်ဟု ထင်မှတ်မထားမိခဲ့ပေ။

သူ၏ ဝိညာဥ်က သူတို့ အထက်တန်းကျောင်း၏ သင်ယူခြင်းနတ်ဘုရား ရှောက်ယန်၏ ခန္ဓာကိုယ်ကို တွယ်ကပ်ခဲ့သည်။

...

ရှောက်ယန်က သင်ယူခြင်းနှင့် ကိုယ်ကျင့်စရိုက် နှစ်ခုလုံးတွင် ထူးချွန်ပေသည်။ သူ၏ စုစုပေါင်းအမှတ်များသည် မည်သည့်အခါမှ ၇၀၀ အောက်သို့ မကျခဲ့ပေ။ သူတို့ အထက်တန်းကျောင်းမှ မိန်းကလေးများ အားလုံး သိကြသည်မှာ ချင်းဟွာ သို့မဟုတ် ပေကျင်းတက္ကသိုလ်ကို ဝင်ရန်မှာ လွယ်ကူပြီး ရှောက်ယန်နှင့် နီးစပ်ရန်က ခက်ခဲသည်ဟု ဖြစ်သည်။

သို့သော် လတ်တလော၌ လင်ချူးဆွေ့ သတိပြုမိခဲ့သည်မှာ ရှောက်ယန်က သူမကို ကြည့်သည့်အကြည့်များက အလွန် ထူးဆန်းလှသည်။ သူ၏ အေးစက်စက် အကြည့်များတွင် နက်ရှိုင်းသည့် ချစ်ခင်တွယ်တာမှုများ ရှိနေခဲ့သည်။ သူ၏ ချစ်ခင်တွယ်တာမှုတွင် ဖခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်နှက်နေသည်လား။

ထိုသို့ဖြင့် လင်ချူးဆွေ့၏ နေ့စဥ်ဘဝက ဤကဲ့သို့ ဖြစ်လာခဲ့သည်။

စာမေးပွဲမဖြေခင် ရှောက်ယန်က သူမကို သူ၏ မှတ်စုများအား ကူးပေးလိမ့်မည် ဖြစ်သည်။

သူမ၏ ဓမ္မတာကာလအတွင်း ရှောက်ယန်က တရုတ်ဆီးသီးလက်ဖက်ရည် ကျိုပေးကာ ဆန်ပြုတ်ပူပူလေး ချက်ပေးလိမ့်မည် ဖြစ်သည်။

လူဆိုးလေးများက သူမ၏ လမ်းကိုပိတ်ကာ သူမအား စိတ်အနှောက်အယှက် ပေးသည့်အခါ ရှောက်ယန်၏ ကန်ချက်ဖြင့် လွင့်ထွက်သွားမည် ဖြစ်၏။

လင်ချူးဆွေ့က အလွန် ထိရှသွားခဲ့သည်။ သူမ၏ အဖေမှလွဲ၍ မည်သူကမှ သူမကို ဤမျှ ကောင်းမွန်စွာ မဆက်ဆံခဲ့ဖူးပေ။

.......

ပူအိုက်သည့် နေ့လယ်ခင်းတစ်ခုတွင် ရှောက်ယန်က လင်ချူးဆွေ့နှင့်အတူ အိမ်စာလုပ်ရန် လှေကားထစ်များ၌ ထိုင်နေစဥ် သူ၏ အကြည့်များက စကားလုံးများဖြင့် မဖော်ပြနိုင်လောက်အောင် နူးညံ့နေခဲ့သည်။

လေပြေညင်းလေးက ပေါ့ပေါ့ပါးပါး ဖြတ်တိုက်သွား၏။ လူငယ်လေးက သူမကို နမ်းရှိုက်ရန် ကိုယ်ကိုယိမ်း၍ ခေါင်းငုံ့လာခဲ့သည်။

ရုတ်တရက် ရေခဲတမျှ အေးစက်သည့် အမျိုးသားတစ်ယောက်၏ အသံက သူ့စိတ်ထဲမှ ထွက်ပေါ်လာသည်။

"​ရှောင်ရှောက် မင်း ငါ့သမီးကို ဘာလုပ်ဖို့ ကြံနေတာလဲ။"

ရှောက်ယန် : ......

***

ရှောက်ယန်က ရွှံ့နွံထဲတွင် တွားသွားထွက်လာခဲ့သူ ​ဖြစ်သည်။ သူ၏ အေးစက်ကာ သီးခြားဆန်သည့် အသွင်အပြင်အောက်၌ ဆိုးယုတ်ကာ လက်တုန့်ပြန်တတ်သည့် ရက်စက်သော သဘာဝရှိသည်။

အနိမ့်ကျဆုံး ဖုန်မှုန့်များထဲမှ ထိပ်ဆုံးသို့ တက်လှမ်းနိုင်ရန် သူ၏ လမ်းတလျှောက်၌ ဆူးများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ၏ ရည်မှန်းချက် ပြည့်ဝဖို့ရာ မည်မျှပင် ပေးဆပ်ရပါစေ သူက နောက်တွန့်လိမ့်မည် မဟုတ်ပေ။

သို့သော် ထူးခြားလှသည့် ဆုံတွေ့မှုတစ်ခုကြောင့် သူ့ဘဝ၏ အမှောင်ထုနှင့် စိတ်ပျက်စရာများက အဆုံးသတ်သွားခဲ့သည်။

ထိုအချိန်မှစ၍ ကောင်းကင်က ကြည်လင်သန့်ရှင်းလာပြီး သူ၏ သေဆုံးနေသော ဘဝက အသစ်တစ်ဖန် စတင်လာခဲ့သည်။

ဆိုးယုတ်ရက်စက်သည့် ပါရမီရှင်​ကောင်လေးက ဆိုးသွမ်းသည့် ခပ်ညံ့ညံ့ကောင်မလေးနှင့် တွေ့ဆုံခဲ့သည်။


Zawgyi


ငါ့အေဖက ေအးစက္တဲ့ သင္ယူျခင္း နတ္ဘုရားရဲ႕ ခႏၶာကိုယ္ထဲမွာ ျပန္လည္ေမြးဖြားလာခဲ့တယ္

စာစဥ္မိတ္ဆက္

လြန္ခဲ့သည့္ႏွစ္ႏွစ္က လင္ခ်ဴးေဆြ႕၏ အေဖျဖစ္သူ မီးသတ္သမားက သူ႕ကိုယ္သူ မီးထဲ၌ စြန္႔လႊတ္အနစ္နာခံခဲ့သည္။

အေဖႏွင့္ သမီးၾကားမွ ေနာက္ဆုံးစကားဝိုင္းတြင္ သူတို႔က အႀကီးအက်ယ္ ရန္ျဖစ္စကားမ်ားခဲ့ၾက၏။

လင္ခ်ဴးေဆြ႕က သူမ၏ အိပ္မက္မ်ားထဲတြင္ မေရတြက္ႏိုင္ေအာင္ အႀကိမ္ေပါင္းမ်ားစြာ ငိုေႂကြးကာ ႏိုးလာခဲ့ရၿပီး သူမ အေဖသာ ျပန္ေမြးဖြားလာႏိုင္လွ်င္ သူမက နာနာခံခံႏွင့္ စကားနားေထာင္ၿပီး မည္သည့္အခါမွ ျပန္မေျပာေတာ့ဟု ဆႏၵ႐ွိခဲ့သည္။

သူမသည္ သူမ အေဖက အမွန္တကယ္ ျပန္လည္ေမြးဖြားလာမည္ဟု ထင္မွတ္မထားမိခဲ့ေပ။

သူ၏ ဝိညာဥ္က သူတို႔ အထက္တန္းေက်ာင္း၏ သင္ယူျခင္းနတ္ဘုရား ေ႐ွာက္ယန္၏ ခႏၶာကိုယ္ကို တြယ္ကပ္ခဲ့သည္။

...

ေ႐ွာက္ယန္က သင္ယူျခင္းႏွင့္ ကိုယ္က်င့္စ႐ိုက္ ႏွစ္ခုလုံးတြင္ ထူးခြၽန္ေပသည္။ သူ၏ စုစုေပါင္းအမွတ္မ်ားသည္ မည္သည့္အခါမွ ၇၀၀ ေအာက္သို႔ မက်ခဲ့ေပ။ သူတို႔ အထက္တန္းေက်ာင္းမွ မိန္းကေလးမ်ား အားလုံး သိၾကသည္မွာ ခ်င္းဟြာ သို႔မဟုတ္ ေပက်င္းတကၠသိုလ္ကို ဝင္ရန္မွာ လြယ္ကူၿပီး ေ႐ွာက္ယန္ႏွင့္ နီးစပ္ရန္က ခက္ခဲသည္ဟု ျဖစ္သည္။

သို႔ေသာ္ လတ္တေလာ၌ လင္ခ်ဴးေဆြ႕ သတိျပဳမိခဲ့သည္မွာ ေ႐ွာက္ယန္က သူမကို ၾကည့္သည့္အၾကည့္မ်ားက အလြန္ ထူးဆန္းလွသည္။ သူ၏ ေအးစက္စက္ အၾကည့္မ်ားတြင္ နက္႐ိႈင္းသည့္ ခ်စ္ခင္တြယ္တာမႈမ်ား ႐ွိေနခဲ့သည္။ သူ၏ ခ်စ္ခင္တြယ္တာမႈတြင္ ဖခင္တစ္ေယာက္၏ ခ်စ္ျခင္းေမတၱာတို႔ျဖင့္ ျပည့္ႏွက္ေနသည္လား။

ထိုသို႔ျဖင့္ လင္ခ်ဴးေဆြ႕၏ ေန႔စဥ္ဘဝက ဤကဲ့သို႔ ျဖစ္လာခဲ့သည္။

စာေမးပြဲမေျဖခင္ ေ႐ွာက္ယန္က သူမကို သူ၏ မွတ္စုမ်ားအား ကူးေပးလိမ့္မည္ ျဖစ္သည္။

သူမ၏ ဓမၼတာကာလအတြင္း ေ႐ွာက္ယန္က တ႐ုတ္ဆီးသီးလက္ဖက္ရည္ က်ိဳေပးကာ ဆန္ျပဳတ္ပူပူေလး ခ်က္ေပးလိမ့္မည္ ျဖစ္သည္။

လူဆိုးေလးမ်ားက သူမ၏ လမ္းကိုပိတ္ကာ သူမအား စိတ္အေႏွာက္အယွက္ ေပးသည့္အခါ ေ႐ွာက္ယန္၏ ကန္ခ်က္ျဖင့္ လြင့္ထြက္သြားမည္ ျဖစ္၏။

လင္ခ်ဴးေဆြ႕က အလြန္ ထိ႐ွသြားခဲ့သည္။ သူမ၏ အေဖမွလြဲ၍ မည္သူကမွ သူမကို ဤမွ် ေကာင္းမြန္စြာ မဆက္ဆံခဲ့ဖူးေပ။

.......

ပူအိုက္သည့္ ေန႔လယ္ခင္းတစ္ခုတြင္ ေ႐ွာက္ယန္က လင္ခ်ဴးေဆြ႕ႏွင့္အတူ အိမ္စာလုပ္ရန္ ေလွကားထစ္မ်ား၌ ထိုင္ေနစဥ္ သူ၏ အၾကည့္မ်ားက စကားလုံးမ်ားျဖင့္ မေဖာ္ျပႏိုင္ေလာက္ေအာင္ ႏူးညံ့ေနခဲ့သည္။

ေလေျပညင္းေလးက ေပါ့ေပါ့ပါးပါး ျဖတ္တိုက္သြား၏။ လူငယ္ေလးက သူမကို နမ္း႐ိႈက္ရန္ ကိုယ္ကိုယိမ္း၍ ေခါင္းငုံ႔လာခဲ့သည္။

႐ုတ္တရက္ ေရခဲတမွ် ေအးစက္သည့္ အမ်ိဳးသားတစ္ေယာက္၏ အသံက သူ႕စိတ္ထဲမွ ထြက္ေပၚလာသည္။

"ေ႐ွာင္ေ႐ွာက္ မင္း ငါ့သမီးကို ဘာလုပ္ဖို႔ ၾကံေနတာလဲ။"

ေ႐ွာက္ယန္ : ......

***

ေ႐ွာက္ယန္က ႐ႊံ႕ႏြံထဲတြင္ တြားသြားထြက္လာခဲ့သူ ျဖစ္သည္။ သူ၏ ေအးစက္ကာ သီးျခားဆန္သည့္ အသြင္အျပင္ေအာက္၌ ဆိုးယုတ္ကာ လက္တုန္႔ျပန္တတ္သည့္ ရက္စက္ေသာ သဘာဝ႐ွိသည္။

အနိမ့္က်ဆုံး ဖုန္မႈန္႔မ်ားထဲမွ ထိပ္ဆုံးသို႔ တက္လွမ္းႏိုင္ရန္ သူ၏ လမ္းတေလွ်ာက္၌ ဆူးမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့သည္။ သူ၏ ရည္မွန္းခ်က္ ျပည့္ဝဖို႔ရာ မည္မွ်ပင္ ေပးဆပ္ရပါေစ သူက ေနာက္တြန္႔လိမ့္မည္ မဟုတ္ေပ။

သို႔ေသာ္ ထူးျခားလွသည့္ ဆုံေတြ႕မႈတစ္ခုေၾကာင့္ သူ႕ဘဝ၏ အေမွာင္ထုႏွင့္ စိတ္ပ်က္စရာမ်ားက အဆုံးသတ္သြားခဲ့သည္။

ထိုအခ်ိန္မွစ၍ ေကာင္းကင္က ၾကည္လင္သန္႔႐ွင္းလာၿပီး သူ၏ ေသဆုံးေနေသာ ဘဝက အသစ္တစ္ဖန္ စတင္လာခဲ့သည္။

ဆိုးယုတ္ရက္စက္သည့္ ပါရမီ႐ွင္ေကာင္ေလးက ဆိုးသြမ္းသည့္ ခပ္ညံ့ညံ့ေကာင္မေလးႏွင့္ ေတြ႕ဆုံခဲ့သည္။

Continue Reading

You'll Also Like

90.9K 11.6K 74
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
1.3M 45.6K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
4.3K 431 7
1990 ခုနှစ်ဆီသို့ ကလေးလေးအဖြစ်ကူးပြောင်းသွားတာမျိုးပါရှင့်။