Beyond the horizon [Heejake]

Oleh kangseorim_nyo

4.4K 659 554

မင်းမျက်ဝန်းတွေမရှိရင် ငါ့ကမ္ဘာက ကာလာမဲ့တဲ့ ပန်းချီ Lebih Banyak

Who am I?
Now, we are friends.
My troublemaker
I like the person like you
The night
Is that you Ethan?
It's time to......
Is loving a mistake?
THE END or THE BEGINNING
Where?
That's so dangerous but also beautiful
Please,...
Lost the way
The last day with Ethan
Sim Jae..
My Hoon.
Let's go home, Ethan.
THE LAST PAGE (end)
saying good bye!

Lee Heeseung

234 28 18
Oleh kangseorim_nyo

ယေဘုယျတရားကိုသာ လက်ဆွဲကိုင်ထားတဲ့ လူတွေကြား မှိန်ဖျော့သွားခဲ့ရတဲ့ အက်ကွဲရာထင်ပျပျ အမှန်တရားအချို့ကို သူ့နှလုံးသားတစ်ခုလုံးထဲမှာ တိတ်တိတ်လေး ချိတ်ဆွဲထားခဲ့ဖူးတယ်။

တစ်နိုင်ငံလုံးမှာ နေထိုင်နေတဲ့ လူငယ်တွေရဲ့ တပ်မက်မှုတွေထဲက တစ်ခုကို ဟီဆွန်းက ပိုင်ဆိုင်ထားတဲ့သူ..။

အထက်တန်းကျောင်းသားဘဝကတည်းက စလို့ အိပ်မက်မက်ခဲ့ရတဲ့ မိန်းလမ်းမကျယ်၊ ပြေးဆင်းပြီး ပြေးတက်ချင်မိတဲ့ လှေကားထစ်တွေ၊ လူငယ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ ပေါ့ပေါ့ပါးပါးပြုံးရယ်ပြီး သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလား ရယ်သွမ်းသွေးမှုတွေ၊ အိပ်ငိုက်လာတိုင်း ဘေးနားက သူငယ်ချင်းကို လက်တို့ပြီး လစ်ခဲ့တဲ့ လက်ချာချိန်တွေ..။

ဆိုးလ်အမျိုးသား တက္ကသိုလ်ကြီးရဲ့ ပညာရေကြောမှာ ကြိုးစားသင့်တာကိုကြိုးစားရင်း ပုံမှန်အတိုင်း လည်ပတ်နေတဲ့ တက္ကသိုလ်ကျောင်းသားဆိုတာမျိုးက လူတိုင်းရနိုင်တဲ့ ဘဝမျိုးမှမဟုတ်တာပဲ။

အသက်နှစ်ဆယ်ကျော်လို့ လေးနှစ်စွန်းထားတဲ့ လက်မှုပညာဌာနက အီဟီဆွန်းဆီမှာတော့ ဆိုးလ်အမျိုးသားတက္ကသိုလ်က ကျောင်းသားဆိုတဲ့ အပေါ်ယံနာမည်ပါးပါးလေးကလွဲလို့ လူငယ်တစ်ယောက်အနေနဲ့ ရသင့်ရထိုက်တဲ့ လွတ်လပ်ပေါ့ပါးမှုတွေ တစ်ခုမှ အလင်းမဆောင်နိုင်ခဲ့ဘူး..။

လူမှန်းသိတတ်စ အရွယ်ကတည်းက မိဘရယ်လို့ ဘယ်အရပ်ဆီ မှန်းဆတမ်းတရမှန်းတောင် မသိနိုင်ခဲ့တဲ့ သူ့အတွက် ခဲရောင်မှိုင်းမှိုင်း ဘုရားကျောင်းနံဘေးက မိဘမဲ့ဂေဟာ အသေးလေးကသာ နားခိုရာအိမ်ဖြစ်ခဲ့တာ..။

မိဘမဲ့ ဆိုပြီး ချိုးချိုးနှိမ်နှိမ် ထိုးခဲ့တဲ့ လူတကာရဲ့ လက်ညိုးတွေကြား အမှောင်ကျလုလု ဖြစ်လာတိုင်း ဘုရားကျောင်းထဲ အပြေးဝင်ပြီး ရှိရှိသမျှ အပူ ကောင်းကင်နိုင်ငံတော်ဆီ ပစ်လွှတ်ခဲ့ရတဲ့ နေ့ရက်တွေက သူ့အသက်ထက်တောင် ပိုများခဲ့မလားပဲ။

ကလေးဘဝရဲ့ အမှတ်တရလို့ ကြီးကြီးကျယ်ကျယ် တွေးလိုက်တိုင်း အလယ်တန်းကျောင်းသား ဘဝတုန်းက အတန်းကြီးလူတစ်စုဆီကနေ ကျောင်းဆင်းချိန်ကျော်သည်အထိ သန့်စင်ခန်းထဲ ထည့်ပိတ်ခံထားခဲ့ရတဲ့ မွန်းကြပ်စရာမိနစ်တွေနဲ့ အထက်တန်းကျောင်းသစ်မှာ အတန်းဖော်တွေဆီကနေ မိစ္ဆာတစ်ကောင်နီးနီး အဆက်ဆံခံခဲ့ရတဲ့ မိဘမဲ့ကလေးတစ်ယောက်ရဲ့ တိုးသဲ့သဲ့ ရှိုက်သံတွေပဲ ရှိရော့မယ်ထင့်..။

ကြိုးစားမှုကြောင့် ဆိုးလ်တက္ကသိုလ်ဝင်းထဲ ခြေချနိုင်ခဲ့သော်ငြား အတန်းချိန်အတူ လစ်ပေးမယ့် သူငယ်ချင်းဆိုတာမျိုး မူးလို့တောင်မှ ရှူစရာမရှိခဲ့..။

စာသင်ချိန်ပြီးတိုင်း အချိန်ပိုင်းအလုပ်မမီမှာစိုးလို့ လှေကားထစ်တွေကိုတော့ အပြေးတစ်ပိုင်း ဖြတ်ဆင်းခဲ့ဖူးပါရဲ့..။

ဟေးလားဝါးလား ပြောရင်း အတူရယ်မောပေးမယ့် သူငယ်ချင်းအစား ထစ်ခနဲရှိ အော်ငေါက်ဖို့ပြင်နေတဲ့ ဆိုင်ရှင်သူဌေးတွေကိုတော့ မျက်မုန်းကျိုးလောက်အောင် ကြုံကြိုက်ခဲ့ဖူးတယ်။

သုံးလေးခု မကတဲ့ အချိန်ပိုင်းအလုပ်တွေနဲ့ စာသင်ချိန်တွေကြား အရူးတစ်ပိုင်းပြေးလွှားခဲ့ရတဲ့ မိန်းလမ်းမပေါ်က ခဲရောင်ကျောပြင်လေးကို ဘယ်နတ်ဘုရားမျိုးကမှ ကြင်နာမှုတွေ မစွန့်ကြဲခဲ့ဖူးလေတော့ မျက်ရည်တွေကိုလည်း ခွန်အားတစ်ပါးအနေနဲ့ သတ်မှတ်ခဲ့ရဖူးပြီ..။

ဒါဟာ လူအများအမြင်မှာ အားကျစရာ ဆိုးလ်တက္ကသိုလ်ကျောင်းသားလေး အီဟီဆွန်းရဲ့ မလှမပ အဖြစ်မှန်တွေ။

ဒါပေမယ့် ဟီဆွန်းရဲ့ ဘဝက အရာရာ အကျည်းတန်နေတာမျိုးတော့ မဟုတ်ခဲ့ဘူးရယ်..။ ကလေးဘဝကတည်းက ဖြတ်သန်းလာခဲ့ရတဲ့ ငရဲအလီလီအတွက် ရေစင်အေးလေးတစ်ပေါက်တော့ ဟီဆွန်းရဲ့ နှုတ်ခမ်းဖျားတွေပေါ် ကျဆင်းခဲ့သေးတယ်..။

လူတကာ ရှိတယ်မှန်းတောင် သတိမထားမိကြတဲ့ သူ့လိုအရောင်အဆင်းမဲ့ ငတေတစ်ကောင်ကို ကမ်းလင့်လာတဲ့ လက်တစ်စုံအကြောင်း စာဖွဲ့ပြရရင်ဖြင့် ကမ္ဘာနဲ့ချီ အချိန်ယူပြီး စာစီရင်တောင် နွေးထွေးမှုတွေကို လုံလုံလောက်လောက် ဖော်ကျူးနိုင်မယ်မထင်..။

Engineeringမေဂျာဆောင်တွေရဲ့ စင်္ကြန်လမ်းပေါ်က ဖြူလွလွ သက်ရှိနာမ်တရားတစ်ပါးဟာ အီဟီဆွန်း ဝပ်တွားခစားရာ ဘုရားကျောင်း..။

နှာတံဖြောင့်ဖြောင့်ပေါ်မှာ တခန့်တငြားနေရာယူမင်းမူတဲ့ မှည့်နက်ကလေးကို လက်ဖျားတွေနဲ့ ထိတွေ့ချင်မိတဲ့ စိတ်ဝသီတွေ စိမ်းဖန့်ဖန့် သွေးကြောထဲ ရောနှောစီးဆင်းလာတိုင်း ကိုယ့်မေဂျာမဟုတ်တဲ့ ခပ်မြင့်မြင့် စာသင်ဆောင်တွေဆီလည်း တိုးတိုးတိတ်တိတ် ခြေလွန်ခဲ့ဖူးပါရဲ့..။

အမြဲတမ်းအတွက် ​အပြုံးတွေဝေနိုင်အောင် စွမ်းဆောင်ပေးချင်လောက်တဲ့အထိ ထိုအမျိုးသားငယ်လေးက လူအရာမဝင်တဲ့သူ့အပေါ် အကျိုးသက်ရောက်မှု ပြင်းထန်လွန်းခဲ့တယ်။

စကားတစ်ခွန်းဆိုတိုင်း အပြုံးတစ်ပွင့် ကပ်လျက်ပါလာတတ်တဲ့ မေဂျာကွဲ ဂျူနီယာကောင်လေးကို ဟီဆွန်း စကားစပြောခဲ့ဖူးပုံက ရိုးရှင်းလွန်းတဲ့ ဇာတ်ဝင်ခန်းတစ်ခုလိုပါပဲ..။

စာကြိုးစားတတ်တဲ့ ကောင်လေးက သူအချိန်ပိုင်း အလုပ်လုပ်တဲ့ ကော်ဖီဆိုင်မှာ ကွန်ပြူတာတစ်လုံးနဲ့ တကုပ်ကုပ်အလုပ်ရှုပ်ခဲ့တဲ့ နေ့ရက်တွေက သူတို့နှစ်ဦးရဲ့ ရင်းနှီးခြင်းပျိုးပင်လေးအတွက် ပြည့်ဝမြေဩဇာလေး..။

အလုပ်လုပ်ရင်းနဲ့ ခိုးခိုးကြည့်ပြီး နှလုံးဆိုင်တစ်ခုလုံး ထိန်းမရအောင် လှုပ်ခုန်လာသည်အထိ ဟီဆွန်း ထိုဖြူဖြူပိန်ပိန်လေးကို သိပ်ချစ်သွားခဲ့မိတာ..။

မသက်ဆိုင်ခင်တုန်းက တိတ်တိတ်လေးချစ်ရသလို ကိုယ့်ရဲ့သက်ဆိုင်သူလေး ဖြစ်လာပြန်တော့လည်း ဟီဆွန်းမယ် ချစ်ရသူအဖြူပေါက်ကလေးကို တစ်နေ့ထက်ပိုတိုး မေတ္တာတွေ ကမ်းလင့်ရပြန်တယ်။

ချစ်ခြင်းရဲ့ ပြယုဂ်ကို ဖော်ကျူးရန်အလို့ငှာ ရိုမီရိုနဲ့ ဂျူးလိယက်ကို ဥပမာပေးစရာမလိုလောက်အောင် လက်မှုအနုပညာမေဂျာနဲ့ Engineeringမေဂျာဆီ ကူးကလန်ခတ်နေတဲ့ ခြေရာတို့က သက်သေတည်ပေးပါလိမ့်မယ်။

''အစ်ကို...''

ကမ္ဘာမြေပေါ်က နတ်ဘုရားတို့ရဲ့ ကောင်းချီးမွက်ကြားသံဟာ ဆောင်းဟွန်းနှုတ်က ထွက်လာတဲ့ ''အစ်ကို'' ဆိုတဲ့ခေါ်သံလေးဖြစ်ကြောင်း ဟီဆွန်းသူ့ကို အကျယ်တဝင့် ပြောပြချင်လိုက်တာ..။

ပြေးလုလု ခြေလှမ်းတွေနဲ့ ကိုယ့်ဆီအရောက်လှမ်းလာနေသူကို ရင်ခွင့်ဖွင့်လို့ ကြိုဆိုတော့ ပုခုံးစွန်းနားဆီ ရစ်သီလာတဲ့ ဦးခေါင်းလုံးလေးရဲ့ အထိအတွေ့မှာ ဘုရားသခင်မရှိတဲ့ ကောင်းကင်ဘုံကို ဟီဆွန်းမြင်လိုက်ရတယ်..။

ဘုရားသခင်မရှိတဲ့ ကောင်းကင်ဘုံဆိုတာ ဆောင်းဟွန်းအချစ်တွေပြည့်နေတဲ့ ကမ္ဘာရပ်ဝန်းကို ဆိုလိုချင်တာမှန်း ဘယ်ပညာရှိက အဓိပ္ပါယ်ဖွင့်ဆို နိုင်ပါ့မလဲ..။

''အစ်ကို့ရဲ့ဟွန်းငယ်...ချွဲစိန်လေး..''

''ဗျား~~~''

''လွှတ်ပါဦး။ လူတွေဝိုင်းကြည့်ကုန်ရော့မယ်။ ကျောင်းဝန်းထဲမှာ ဆိုတာကို အသိကပ်ပါဦး ကလေးရဲ့..။''

''ကြည့်ပါစေပေါ့။ ဒါမှ အစ်ကိုက ကျွန်တော့်အပိုင်မှန်း လူတွေသိသွားမှာ။''

''ဟောဗျာ......ဒါဖြင့် ဒီပုံစံအတိုင်း အိမ်ပြန်မလို့လား။''

''အစ်ကိုက ငြိုငြိုငြင်ငြင်ပါ့လား။ ဒီလောက် တွန့်တိုတဲ့လူကြီး အိမ်မပြန်ဘဲ တစ်ညလုံး ဖတ်ထားဦးမယ်။''

ဘောက်ဆက်ဆက် အသံသေးလေးအဆုံးမှာ ဟီဆွန်းတစ်ယောက် သဘောတကျခေါင်းမော့လို့ ရယ်သွမ်းသွေးမိတယ်။ ရင်ခွင်ထဲက အကောင်ပေါက်ကလေးကို အူးယားယားနဲ့ နှာခေါင်းဖျားလေးဆိတ်ဆွဲမိတော့ ကျေးဇူးရှင်လေးက ဟီဆွန်းရဲ့ နှာခေါင်းကိုပါ အကျောမခံ ပြန်လိမ်ဆွဲသေးတာ..။

နှစ်ယောက်သားအတူ လက်ချင်းယှက်ရင်း အိမ်ပြန်လမ်းဆီ ဦးတည်နိုင်တဲ့ ညနေခင်းတွေကို အပိုင်စားရလိုက်ကတည်းကစလို့ ငယ်ဘဝက စိတ်ဒဏ်ရာတွေရော၊ အခုထိမပျောက်သေးတဲ့ ဒဏ်ချက်တွေကိုပါ ဟီဆွန်း အတွန့်အဆုတ်မရှိ မျက်ကွယ်ပြုဝံ့ခဲ့တယ်။

အသိုင်းအဝိုင်းကြီးမိသားစုက ကလေးငယ်ကို ချစ်သူတော်ထားရတဲ့အလျောက် ဆင်ဆင်ခြင်ခြင်ထိန်းသိမ်းရတဲ့ အပြုအမူတွေကိုလည်း ဟီဆွန်းမယ် မမောနိုင်မပန်းနိုင် ဝပ်တွားလိုက်နာရသေးပါတယ်..။

အချိန်ပိုင်းအလုပ်တွေပြီးလို့ အမောပြေ အသံလေးနားဆင်ရအောင် ဖုန်းလှမ်းဆက်ပြန်တော့လည်း မေမေရောဖေဖေပါ အောက်ထပ်မှာရှိတယ် ဆိုတဲ့ တိုးဖျော့ဖျော့ အကြောင်းပြချက်လေးကြောင့် တစ်မိနစ်စွန်းပြည့်အောင်မှ အချိန်မရပဲ အဆုံသတ်ပစ်ရတဲ့ ဖုန်းကောလ်တွေလည်း အများကြီး..။

အသက်နှစ်ဆယ်စွန်းခါစ တက္ကသိုလ်ကျောင်းသားတစ်ယောက်ပင် ဖြစ်သော်ငြား ငယ်စဥ်ကတည်းက မိဘစိတ်တိုင်းကျ ပုံစံခွက်ထဲမှာ ကြီးပြင်းလာရသူလေးအဖို့ ဟီးဆွန်းနဲ့ ချစ်ခြင်းဖလှယ်ရတာကိုက ကြီးကြီးမားမား ကိစ္စရပ်တစ်ခုလို ဖြစ်နေတာ..။

သို့သော်ငြား ဟွန်းငယ်အဆင်ပြေဖို့ကသာ နံပါတ်တစ်မို့ ဟီဆွန်း ဘယ်လိုcomplainမျိုးမှ မတက်ခဲ့ဘူး..။ ဟီဆွန်းအတွက်ကတော့ တက္ကသိုလ်မိန်းလမ်းမပေါ်မှာ လက်ချင်းတွဲပြီး ကျောင်းပေါက်ဝအထိ အတူလမ်းလျှောက်ရတယ်ဆိုရင် အတော်ရောင့်ရဲလို့ရပြီ..။

စက္ကန့်ပိုင်းလောက်ကလေး လေလှိုင်းထဲကနေ သူ့အသံလေးကြားလိုက်ရတယ်ဆို နေလို့လည်းပျော်သလို သေလို့လည်းပျော်လှပြီ။

အဲ့လောက်ထိ ချစ်တတ်ရသလား အီဟီဆွန်းရဲ့ လို့မေးလာခဲ့ရင်တော့ ဟီဆွန်းပြုံးဖျော့ဖျော့နဲ့ပဲ ခေါင်ငြိမ့်ပြရလိမ့်မှာ..။

''အစ်ကို..ဟိုမှာ အိမ်က ကားလာနေပြီ။ ကျွန်တော်သွားရတော့မယ်။''

လက်ချောင်းတွေကြားကနေ လစ်ထွက်သွားတဲ့ နွေးထွေးမှုအချို့ကို မနက်ဖြန်ညနေမှ ပြန်ထွေးပွေ့ရလေတော့မယ်။

မခွဲချင်သေးပေမယ့် ဟီဆွန်း အပြုံးမပျက် ခေါင်းငြမ့်ပြလိုက်မိတာပဲ..။

''အလုပ်ပြီးရင် ဖုန်းဆက်လိုက်နော် အစ်ကို။ ဒီည ဖေဖေနဲ့မေမေ ညစာစားပွဲ သွားတက်ကြမှာ။ ကျွန်တော်တို့ စကားအကြာကြီး ပြောလို့ရပြီ။ ''

''ဟုတ်ပါပြီ..အစ်ကိုဆက်လိုက်မယ်နော်။
ဟွန်းငယ်ကို ဘယ်လောက်ထိ မြတ်နိုးရပါကြောင်း အဲ့တော့မှ ကိုယ်အတိုးချ ဖွင့်ဟတော့မယ်ကွယ်။''

''ပိုပြန်ပြီ..သွားပြီဗျာ။ အစ်ကိုလည်း ဂရုစိုက်သွားနော်။''

''ဟုတ်ကဲ့ ဟွန်းငယ်''

လှည့်ထွက်သွားတဲ့ ကျောပြင်ငယ်လေးကို တစိမ့်စိမ့်ကြည့်ရင်း ပြန်ဝင်ရမယ့် ငရဲခန်းအတွက် ဟီဆွန်းအားမွေးရတယ်။

သည်ကမ္ဘာမြေပေါ် ဆောင်းဟွန်းနီးသာ မွေးဖွားမလာခဲ့ရင် သူဘဝကတော့ သုသာန်တစပြင်လို့ ကျက်သရေအပေါင်း ဆင်းရဲချို့တဲ့လှချေရဲ့..။

ငေးမဝနိုင်လောက်တဲ့ သက်ရှိနာမ်တရားလေးက ရုတ်တရက်ကိုယ့်ဆီ ပြန်လှည့်ကြည့်လာပြန်တော့ ဟီဆွန်းအပြုံးတွေဆိုတာ နေရောင်အောက်မှာ လှိုင်းကြပ်ခွပ်ထနေတဲ့ ရေသီးရေပေါက်ကလေးတွေလို တဖျက်ဖျက်..။

''ချစ်...တယ်..''

ပါးစပ်လှုပ်ရုံလေးနဲ့တင် လူသတ်နိုင်တဲ့ အရည်အချင်းမျိုးက ဟွန်းငယ်တစ်ယောက်ဆီမှာသာ ရှိမယ်ထင်ပါရဲ့လေ။

ဟီဆွန်းရဲ့ဝိဉာဥ်တစ်ခုလုံး စက္ကန့်ပိုင်းလောက် အိုဇုန်းလွှာဆီ သွားကပ်ငြိတယ်။ တူညီတဲ့ တုံ့ပြန်မှုလေး ပြန်ပေးတာကိုတောင်မစောင့်ဘဲ လစ်ခနဲ ကားထဲဝင်သွားတဲ့ ကောင်လေးကြောင့်မှ မရူးရင် ဟီဆွန်းဒီတစ်သက် ရူးမှာမဟုတ်တော့ဘူး..။

ဟွန်းငယ်သာ ပြုံးနေပေးမယ်ဆို အစ်ကိုတစ်လောကလုံးမှာရှိတဲ့လူတွေကိုလည်း အမြဲတမ်းအကောင်းမြင်နေပေးနိုင်ပါတယ်။

ကောင်းကင်နဲ့မြေကြီးကြား ပြေးလွှားနေတဲ့ နာမ်တရားတွေအနက် ချစ်ခြင်းမေတ္တာရဲ့အရောင်ဟာ ပန်းနုရောင်သမ်းကြောင်း ဟွန်းငယ်ရဲ့ နှုတ်ခမ်းလွှာတွေမြင်တော့မှ သိခဲ့ရတယ်လို့ဆိုရင် အစ်ကိုက တအားကဗျာတွေဖွဲ့တာရော လို့ မင်းက ခပ်ပြုံးပြုံးနဲ့ ခနဲ့လေဦးမယ်။

ဟွန်းငယ်....အစ်ကိုတော့ မင်းဆီမှာ နစ်မြုပ်လုလု ဖြစ်နေပြီ အချစ်ရယ်..။

_____________________

ငရဲခန်းလည်း မင်းရှိနေတယ်ဆို ငါ့အတွက် နတ်ပြည်ပဲ..။
_____________________

🍃






အညိုထည်လေး ပြန်လာပါပြီရှင့်🕰⚱

tbc~
_🎻

Lanjutkan Membaca

Kamu Akan Menyukai Ini

320K 9.6K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
190K 19K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
3.2K 271 9
နေထွက်ရာအရပ်ကိုအရှေ့ဟုခေါ်ပြီးဟန်ယူဂျင်းနှလုံးသားရှိရာအရပ်ကိုဂယူဗင်းဟုခေါ်သည်👀 Started date - 2.7.2023 Ended date - 25.10.2023
11.5K 1.4K 27
ငါ့မျက်နှာကို တည့်တည့်ကြည့် ငါ့မျက်လုံးတွေကို စိုက်ကြည့်ပြီး လှပတဲ့ အလိမ်အညာတွေပြော Idol imageထိခိုက်စေလိုခြင်းလုံးဝလုံးဝမရှိပါ။