Part 20
"အဲဒီ company က တော်တော်လေးဂျီးများပြီး လိုအပ်ချက်တွေကလဲအတော်များတာ။ ကယ်လေးရဲ့အပြုံးလေးနဲ့ဖြေရှင်းလိုက်တော့လဲ GM မမက အဆင်ပြေပါတယ် အဆင်ပြေပါတယ်နဲ့ ဟုတ်နေတာပဲ"
သူတို့ကုမ္ပဏီကို နှစ်စဉ် ပွဲကြီးတွေအပ်လေ့ရှိတဲ့ client company နဲ့ အစည်းအဝေးပြီးချိန်မှာ ရဲမျိုးဇာနည်က ခပ်ညည်းညည်းလေးပြောလာတာဖြစ်သည်။
"ဟားဟားဟား ဒါကတော့ ကိုယ့်အားသာချက်နဲ့ကိုယ်ပဲလေ။ အဲဒါကြောင့် မင်းကို များများပြုံးပါလို့ပြောသားပဲ"
"ကျွန်တော်ကလဲ မျက်နှာရှစ်ခေါက်ချိုးနဲ့ client တွေကိုပြောဆိုနေတာတော့မဟုတ်ပါဘူး ကယ်လေးရာ။ ဒါပေမယ့် ကယ်လေးလိုအပြုံးမချိုတာတော့အမှန်ပဲ"
"မင်းပြုံးချင်တော့လူနဲ့ကျရင်တော့ ပြုံးတာပဲမှတ်လား .. ဟင်း .. ငါကြားတာ မင်းနဲ့ မြတ်ထူးသာယာနဲ့ အဆင်တွေပြေနေကြတယ်ဆို"
"ဘယ် .. ဘယ်သူပြောတာလဲ"
"အန်ဒရူးပြောတာလေ နှစ်ယောက်သားအလုပ်တွဲလုပ်ကြတာ အဆင်ကိုချောနေရောတဲ့။ အခုတလော အလုပ်လာအပ်တဲ့သူတွေများလွန်းလို့ လက်မလည်ကြဘူးဆို"
"ဒါကတော့ မြတ်ထူးသာယာက ကယ်လေးရဲ့ကျေးဇူးရှင်မဟုတ်လား။ အဲဒီတော့ ကယ်လေးမျက်နှာထောက်ပြီး ကျွန်တော်ကအဆင်ပြေအောင် နေရတာပေါ့။ မဟုတ်ရင် ကယ်လေးမျက်နှာပျက်မှာလေ"
ငါနားရှိလို့သာ ဒီစကားတွေကြားရတယ်၊ ငါ့နှလုံးသားကတော့ မင်းပြောတာတွေ ယုတ္တိမရှိဘူးလို့ ခံစားနေရတယ် ရဲမျိုးဇာနည်ရေ။
သူ့တူလေးက အပြင်ပန်းကြည့်တော့သာ လူမှုဆက်ဆံရေးကောင်းပေမယ့် သူကြည့်မရဘူးဆိုရင်လဲ အရိုးထဲကနေပါ မုန်းတတ်တဲ့သူမျိုးဆိုတာ သူမသိတာကြနေတာပဲ။ သူ့ကြောင့်နဲ့ မြတ်ထူးသာယာနဲ့ တည့်အောင်ပေါင်းမယ်ဆိုရင် ပြီးခဲ့တဲ့တစ်နှစ်လုံးလုံး ဒီနှစ်ယောက်ကြောင့် သူခေါင်းခဲရမှာမဟုတ်ချေ။
အခုတလောမှ ဘာဆေးစားမှားပြီး မြတ်ထူးသာယာနဲ့ ပလူးနေကြတယ်မသိပဲ ပြေလည်သွားကြတာများ။ သူ့ထက် ၁၀ နှစ်လောက်ထမင်းစောစားလာတဲ့ ဦးလေးဖြစ်သူကို လာဂျင်းထည့်ချင်နေသေးတာ ရယ်စရာ။
အခု ရဲမျိုးဇာနည်ပုံစံက သူ့ကြောင့်နဲ့ မြတ်ထူးသာယာကိုတည့်အောင်ပေါင်းနေတာမှမဟုတ်တာ၊ အမြဲတမ်းကြည့်လိုက်ရင် တပူးတတွဲတွဲနဲ့ အိမ်ခေါ်ပြီး ပေါင်းချင်တဲ့ပုံစံဖြစ်နေတာလေ။
သူ့တူလေးက မြတ်ထူးသာယာကို အစစ်အမှန်သဘောကျပြီး တွဲကြမယ်ဆို သူ့အနေနဲ့ ဝမ်းသားတသာ လက်ခုပ်မတီးနိုင်စရာမရှိ။ တစ်ဖက်က ကိုယ့်သားလိုချစ်ရတဲ့တူဖြစ်ပြီး နောက်တစ်ဖက်က ကိုယ့်အပေါ်ကျေးဇူးရှိကာ ကိုယ်စောင့်ရှောက်ပေးချင်တဲ့ တူလိုသားလို ကလေးမျိုးဖြစ်သည်။
ဒါပေမယ့် သူ့တူက အပျော်သက်သက် စိတ်ကစားရုံဆိုရင်တော့ မဖြစ်သင့်တာမဖြစ်ရအောင် သူကြိုတင်ပြီးတားရပေလိမ့်မည်၊ မဟုတ်ရင် မြတ်ထူးသာယာကို သူမျက်နှာမပြရဲလောက်အောင် အားနာမိလိမ့်မည်။
"အိမ်း မင်းကိုလဲငါအားနာတယ်ကွာ ငါ့ကြောင့်နဲ့ စိတ်အပင်ပန်းခံပြီး တည့်အောင်မကြိုးစားပါနဲ့။ အခု ငါလဲပြန်ရောက်ပြီဆိုတော့ မြတ်ထူးသာယာကို အောက်ထပ်က event ရုံးကိုပဲ ပြန်လွှတ် ... လွှတ်"
"ဟာ အဲဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ"
ပြန်လွှတ်လိုက်ပါလားလို့ပြောမယ့် ရဲမျိုးရာချီရဲ့စကားပင်မဆုံးလိုက်ရ၊ အသည်းအသန်ဖြတ်ပြောတဲ့ တူဖြစ်သူကို ဘုကြည့်ကြည့်ပေးလိုက်သည်။ အခုမှဖြစ်နေလိုက်တာ။
"ဘာလို့မဖြစ်ရမှာလဲ နှစ်ခုလုံးက ငါတို့လုပ်ငန်းပဲလေ။ ငါ့လက်အောက်မှာဆို သူနဲ့မင်းလည်း ဆုံစရာမလိုတော့ဘူး မင်းလဲငါ့ကြောင့် သူ့ကိုအားနာပြီး ခေါ်ထားစရာမလိုတော့ဘူး ငါလဲအနီးကပ်သူ့ကိုစောင့်ရှောက်ပေးလို့ရတာပေါ့ မဟုတ်ဘူးလား"
"အဲဒီလိုမဖြစ်ဘူးလေ ကယ်လေးရာ ဒီဘက်မှာ သူလက်ခံထားတဲ့ အောင်သွယ်ပေးရမယ့်အတွဲတွေရှိသေးတယ်"
"တခြား cupid တစ်ယောက်ကို handover လုပ်ခိုင်းလိုက်ပေါ့ကွ မင်းအေဂျင်စီမှာ တခြားသူတွေမရှိတော့ဘူးလား"
"ရှိပေမယ့် အဲဒီအတွဲတွေက သူ့ကို by name တပ်ပြီးအပ်ထားတဲ့သူတွေ"
ဟမ်း မင်းကငါ့ကို client နဲ့လာပြီး ရောချဖို့ကြိုးစားတယ်ပေါ့။ ရတယ်လေ ငါကလဲ မင်းဦးလေးပဲဟာ။
"အဲဒါဆိုလဲ အဲဒီအလုပ်တွေပြီးရင် အောက်ထပ်ရုံးကိုပြောင်းခိုင်းလိုက်ပေါ့ လွယ်ပါတယ်"
"ကျွန်တော့်ဆီမှာအဆင်ပြေပါတယ်ဆို ကယ်လေးကလဲဗျာ အခုအကုန်လုံးအဆင်ပြေနေတယ်လေ သူ့ကိုလဲ ကျွန်တော်ကောင်းကောင်းမွန်မွန်ဆက်ဆံနေတာပဲကို ကယ်လေးကလဲ"
မြတ်ထူးသာယာကို သူ့ဆီကနေ လက်မလွှတ်ရဖို့အရေး အရမ်း serious ဖြစ်နေတဲ့ သူ့တူဖြစ်သူကိုကြည့်ပြီး ရဲမျိုးရာချီပြုံးမိသည်။ သူ့တူလေးက သူ့ကိုကြောက်ချစ်ရိုသေတဲ့ လူမျိုးထဲမှာပါသည်။ မလိုအပ်ပဲ သူ့ကိုပြန်ပြောတာ၊ ငြင်းခုန်တာမျိုးလုပ်တတ်တဲ့သူမဟုတ်ပေ။
အဲဒါကြောင့် အရင်တုန်းက မြတ်ထူးသာယာကိုကြည့်မရပေမယ့် သူ့ကိုအထွန့်မတက်ရဲပဲ အလုပ်ခန့်ထားတာကြည့်ပါလား။ ဒါပေမယ့် ကြည့်ရတာ သူ့တူလေးက အရင်လိုမဟုတ်တော့ဘူးထင်သည်။
"အဟမ်း ကြည့်ရတာ အဆင်ပြေလွန်နေပုံပဲနော်"
"ကယ်လေးက ဘာကိုဆိုလိုတာလဲ"
"ဘာကိုဆိုလိုသလဲဆိုတော့ မင်းတို့နှစ်ယောက်ရိုးမှရိုးကြရဲ့လားလို့"
"အာ ကယ်လေးကလဲ ဘာတွေလျှောက်ပြောနေတာလဲ ကျွန်တော်တို့က ခုထိရိုးရိုးသားသားပါ"
"အခုထိဆိုတော့ နောက်ကျရင်တော့ ဆန်းပြားလာနိုင်တယ်ပေါ့"
"အဲ .. အဲဒါက"
မေးခွန်းတွေတောက်လျှောက်မေးရင်း တူဖြစ်သူရဲ့မျက်နှာအမူအရာအပြောင်းအလဲကိုလဲ အကဲခတ်ဖို့ သူမမေ့ပါ။ သူမှန်တယ်ထင်တိုင်း မျက်နှာကိုမော့ပြီးချီထားတဲ့သူက ဒီနေ့တော့ ခေါင်းတငုံ့ငုံ့နဲ့ ကလေးကြီးရှက်နေသလိုဖြစ်နေတာ ရယ်စရာလည်းကောင်းသလို အူယားစရာလည်းကောင်းသည်။
သေချာကြည့်မာယ်ဆိုရင် နားရွက်ကြီးတောင်နီနေသလားလို့။
ငယ်ငယ်ကတည်းကစာနဲ့အလုပ်ပေါ်မှာပဲ အာရုံစိုက်ခဲ့တဲ့တူလေး၊ ပေါင်းရသင်းရလည်း နည်းနည်းဂွကျတဲ့သူမို့ သူငယ်ချင်းတောင် တစ်ယောက်ပဲရှိတဲ့သူ့တူလေးက အခုတော့ လူတစ်ယောက်ကြောင့် စိတ်လှုပ်ရှား ရင်ခုန်တတ်နေပြီတဲ့လား။
"ခေါင်းကြီးငုံ့ပြီးရှက်မနေနဲ့။ မင်းယောကျာ်းမဟုတ်ဘူးလား ကြိုက်ရင်ကြိုက်တယ်ဝန်ခံလိုက်ပေါ့ကွ"
"အဲဒါက ကယ်လေးထင်သလိုမဟုတ်ပါဘူး"
"မဟုတ်ဘူးလား အဲဒါဆိုလဲကောင်းပြီလေ ငါက မြတ်ထူးသာယာကိုစောင့်ရှောက်ပေးချင်လို့ မင်းနဲ့ဆိုသင့်တော်တယ်ဆိုပြီးတွေးထားတာ၊ မင်းအနေနဲ့သူ့အပေါ် ဘာစိတ်မှမရှိဘူးဆိုရင်တော့လည်း ငါပဲအနစ်နာခံပြီး သူ့ကိုတာဝန်ယူပေးရမှာပေါ့"
"ဟာာာ ကယ်လေး အဲဒီလိုမဖြစ်ဘူးလေ"
အသည်းအသန်ထအော်လာတဲ့တူဖြစ်သူရဲ့ဖြစ်အင်ကို ကြည့်ကာ ဒီကောင့်အခြေအနေက တော်တော်ရောဂါရင့်နေပြီမှန်းသူသိလိုက်ပြီ။
"ဘာလို့မဖြစ်ရမှာလဲကွ သူလဲလူလွတ် ငါလဲလူလွတ်ပဲလေ"
"အဲဒီလိုမဖြစ်ဘူးလေ ပြီး .. ပြီးတော့ အန်ဒရူးကိုဘယ်လိုလုပ်မလဲ"
"အန်ဒရူးနဲ့ ဘာဆိုင်လို့လဲ"
"ဘာလို့မဆိုင်ရမှာလဲ မိုင် ၁၀၀၀၀ အကွာလောက်က လှမ်းကြည့်ရင်တောင် အန်ဒရူးက ကယ်လေးကိုချစ်နေတာအသိသာကြီးကို"
"အဲဒါက သူ့ဦးလေးလို.."
"ကယ်လေးရာ ကျွန်တော်က ကယ်လေးတို့နှစ်ယောက်လုံးနဲ့အတူကြီးလာတဲ့ကောင်ပါ။ ပြီးတော့ အန်ဒရူးဆိုတဲ့ကောင်က သူ့စိတ်ထဲ ဘာဖြစ်နေတယ်ဆိုတာကို ပါးစပ်နဲ့ပြောစရာမလိုပဲ မျက်နှာပေါ်မှာအကုန်ရေးထားပြီးသား"
"ဟိုက ကလေးပဲရှိသေးတာ မဟုတ်တာတွေပြောမနေနဲ့"
သူများကိုအစ်အောက်မေးတုန်းကအကောင်းဆိုပေမယ့် သူ့အလှည့်ရောက်လာတဲ့အခါ ဇာနည်မဟုတ်တာတွေဆက်မပြောဖို့ သူခပ်တည်တည်နဲ့ငေါက်ပစ်လိုက်မိသည်။ သူနဲ့အန်ဒရူးရဲ့ဆက်ဆံရေးက တူဝရီးဆိုတဲ့ခေါင်းစဉ်အောက်မှာ တည်ရှိနေတာအကောင်းဆုံးပင်။
"ဒီလောက်ကြီးကောင်ကြီးမားနဲ့ တစ်ပတ် ၂ ရက်လောက် ဘားမှာ ဘီယာသောက်စားနေတာ ကလေးလား ကယ်လေးရဲ့ filter ကြီးက ဇွတ်တူဝရီး filter ဖြစ်နေတယ်နော်"
"အဲဒါမင်းကိစ္စမဟုတ်ဘူး ငါပြောနေတာမင်းကိစ္စ"
"ဟုတ်ပါပြီ ကျွန်တော့်ကိစ္စမဟုတ်ဘူးဆိုလဲ ထားလိုက်ပါ ကျွန်တော့်ကိစ္စလေးလဲဖြစ်တဲ့ မြတ်ထူးသာယာကိုလဲ ကျွန်တော်နဲ့ပဲထားလိုက်ပါ ဟုတ်ပြီလား"
"အခုတော့ မင်း မြတ်ထူးသာယာအပေါ်စိတ်ရှိနေတာဝန်ခံပြီပေါ့"
"ဝန်မခံလို့မှမရပဲ ကယ်လေးက အစ်အောက်လိုက် ခြိမ်းခြောက်လိုက် နည်းမျိုးစုံနဲ့မေးနေတာကိုး"
"ဟားဟားဟား ဇာနည်ရာ မင်းပြောတဲ့ပုံက မသိရင် ငါကပဲလူဆိုးကြီးကျနေတာပဲ။ ငါက တော်ရုံသူများကိစ္စတွေခေါင်းထဲထည့်တဲ့သူမဟုတ်ဘူး။ နောက်ဆုံးမင်းရည်းစားထားမယ်ဆိုရင်တောင် သင့်တော်တဲ့သူဟုတ်မဟုတ် အကဲခတ်ပြီးရင် တခြားဘာမှဝင်ပါမှာမဟုတ်ဘူး။ ဒါပေမယ့် တစ်ဖက်လူက တခြားသူမဟုတ်ဘူး မြတ်ထူးသာယာဖြစ်နေလို့"
"ကယ်လေး မဟုတ်မှ .. ကယ်လေးလဲ မြတ်ထူးသာယာကိုကြိုက်နေတယ်လို့မပြောနဲ့နော်"
"ငါ ဒီကောင်လေးကိုထဆဲလိုက်ရ မကောင်းရှိတော့မယ်။ မင်းရဲ့လူကို ငါ့မှာဘာစိတ်မှမရှိဘူးဟ။ ဒါပေမယ့် သူကငါ့ကျေးဇူးရှင်။ ပြီးတော့ ငါကသူ့ကိုကျေးဇူးဆပ်မယ် စောင့်ရှောက်ပေးမယ်ဆိုပြီး ဒီလုပ်ငန်းထဲခေါ်သွင်းလာခဲ့တာ အဲဒါကြောင့် မင်းအနေနဲ့ သူ့အပေါ် အတည်သဘောကျတယ်ဆိုရင် ငါ့ဘက်က ဘာမှကန့်ကွက်စရာမရှိဘူး။ ဒါပေမယ့် မင်းသူ့ကို အပျော်သဘောပဲဆိုရင် ငါက ဦးအောင်တားရလိမ့်မယ်"
"ကယ်လေးကလဲဗျာ ကိုယ့်တူအရင်းကိုတောင်မယုံဘူးလား ကျွန်တော့်ဆီကနေ ဘယ်တုန်းက အဲဒီလို ရည်းစားသနာအကြောင်းကြားဖူးလို့လဲ"
"မကြားဖူးဘူး ဒါပေမယ့် မင်းကအရင်တုန်းက သူ့ကိုမျက်မုန်းကျိုးနေတာလေ"
"အဲဒီလောက်ပြင်းပြင်းထန်ထန်ကြီးမပြောပါနဲ့ဗျာ ကျွန်တော်က သူ့ကိုမုန်းတာမဟုတ်ပါဘူး အရင်က ဒီတိုင်းပဲသဘောမတွေ့တာလေးပဲ သူကလဲငဂျစ်လေးဗျ အရမ်းစွာတာ"
"အခုတော့ အဲဒီငဂျစ်လေးကိုပဲချစ်သွားပြီဆိုပါတော့"
သူ့ဦးလေးအမေးကြောင့် ရဲမျိုးဇာနည်ကပြုံးသည်။ ပြီးတော့ မျက်လုံးတွေက တခုခုကိုမြင်ယောင်နေသလို ပြုံးနေတာက ခပ်ဖြီးဖြီး။
"သူကစွာပေမယ့် ဖြူစင်တယ် စိတ်ထဲရှိတာကိုထုတ်ပြောတတ်ပြီး ကပ်စေးကလဲကုတ်သေးတယ်။ စကားပြောရင် ဂျစ်တစ်တစ်လေးနဲ့ဆိုပေမယ့် သူ့သဘောကျတာလေးတစ်ခုခုပြောလိုက်ရင် မျက်လုံးထဲက ကြယ်လေးတွေထွက်လာသလိုပဲ လူကိုလိုက်ကြည့်ပြီးရယ်ပြတတ်သေးတာ၊ ချစ်ဖို့ကောင်းတယ် ပြီးတော့...."
"ဟိုးထား ဟိုထား တော်ပြီ မင်းချစ်နေတယ်ဆိုတာသိရင်ရပြီ မင်းရဲ့ချစ်ဋီကာတွေကို သူ့ကိုပဲဖွင့်ပြလိုက်တော့ "
"ကယ်လေးကလဲ မေးလို့လဲပြောရသေးတယ်"
"ဆိုတော့ မင်းတို့က တွဲနေကြပြီလား"
"ဘယ်ကသာ သူ့ကိုဖွင့်တောင်မပြောရသေးဘူး"
"လက်နှေးလှချည်လားကွ သူများနောက်ပါသွားမယ်နော် ဟို S technology က စံသာဖြိုးကလဲ သူ့ကို သာယာသာယာနဲ့ favor တွေပေးနေတယ်လို့ ငါကြားတယ်"
"ဟာ့ ကယ်လေးက သတင်းစုံလှချည်လား"
"ငါ့နာမည် ရဲမျိုးရာချီပါကွ ငါမသိတာဘာမှမရှိဘူး"
"အဲဒါများ ကယ်လေးကို အန်ဒရူးချစ်နေတာကျတော့ မသိချင်ယောင်ဆောင်နေတယ်နော်"
"တော် တော် ... မင်းအလုပ်ပြီးပြီဆို ကိုယ့်ရုံးခန်းကိုပြန်တော့ ငါမအားဘူး အလုပ်ရှိသေးတယ်"
"ချက်ချင်း .."
ဦးလေးဖြစ်သူကို ပြန်စချင်ပေမယ့် အချိန်ကိုကြည့်လိုက်တော့ နေ့လည်စာစားချိန်ဖြစ်နေလေပြီ။ နေ့လည်စာစားဖို့ပြန်တာ နည်းနည်းလေးနောက်ကျရင် အစားသောင်းကျန်းတဲ့ သူ့ဒုက္ခအိုးလေးက တခြားသူတွေနဲ့ နေ့လည်စာစားဖို့ ပါသွားအုံးမည်။ အဲဒါကြောင့် ကယ်လေးကိုဆက်စချင်ပေမယ့် တပ်ခေါက်ပြီးသာပြန်လာခဲ့လိုက်ရသည်။
သူရုံးခန်းပြန်ရောက်တော့ သူ့ရဲ့ကိုယ်ပိုင်ရုံးခန်းထဲမဝင်ခင် မြတ်ထူးသာယာတို့ထိုင်တဲ့ရုံးခန်းကို တစ်ချက်လှမ်းကြည့်လိုက်သေးသည်။ ယောကျာ်းလေးတွေဖြစ်တဲ့ cupid အငယ်တွေတစ်ယောက်မှမရှိတော့။
ဟိုအပျိုကြီးမမနှစ်ယောက်ကတော့ နှစ်ယောက်ကတော့ ထမင်းဘူးကိုယ်စီကိုင်ကာ pantry ဘက်ထွက်လာတာကိုတွေ့ရသည်။
"ဘော့စ် အစည်းအဝေးပြီးပြီလား"
"ပြီးပြီဗျ ထမင်းစားကြတော့မလို့လား"
"ဟုတ်တယ်ဘော့စ် စားပါအုံးလား"
"တော်ပါပြီဗျာ ဒါနဲ့ မြတ်ထူးသာယာကိုတွေ့မိလား"
"သတိမထားလိုက်မိဘူး ဘော့စ် ထမင်းစားချိန်ဆိုတော့ ကျော်ကြီးတို့နဲ့ food court လိုက်သွားလားမပြောတတ်ဘူး ကလေးတွေကတော့ food court ဆင်းသွားကြတာပဲ"
တွေ့လား အဲဒီမြတ်ထူးသာယာတို့က အစားနဲ့မြှားရင် ဘယ်မဆိုလိုက်ပါတယ်ဆို။ သူ ရုံးမှာရှိတာသိရက်သားနဲ့ သူနဲ့ထမင်းအတူစားဖို့တောင် မစောင့်နိုင်ဘူး။
အခန်းထဲဝင်ကာ ပိုက်ဆံအိတ်ယူပြီး food court ကိုလိုက်သွားဖို့အလုပ် အခန်းထဲကဆိုဖာပေါ်မှာ ဖုန်းကိုစူးစိုက်ကြည့်ပြီး ထိုင်နေတဲ့ မြတ်ထူးသာယာကို တွေ့လိုက်ရတော့ သူပြုံးသွားမိသည်။
ဘာမပြော ညာမပြောနဲ့ ဘေးမှာ သူဝင်ထိုင်ကာ သာယာဘာလုပ်နေသလဲဆိုပြီး ဖုန်းကိုကြည့်မိတော့မှ သူရယ်ချင်သွားသည်။ ကျေးဇူးရှင်လေးက ဟုတ်ပြီဟုတ်ရဲ့နဲ့ ဂိမ်းထိုင်ဆော့နေတာ၊ ဘာဂိမ်းလဲဆိုတော့ ရထားလမ်းမှာ ကောင်လေးတစ်ယောက်လျှောက်ပြေးနေတဲ့ဂိမ်း။
"အောင်မလေး လန့်လိုက်တာ အသံလေးဘာလေးမပေးတတ်ဘူးလားဗျ"
"ကိုယ့်ရုံးခန်းကိုယ်ဝင်လာတာကို အသံကပေးရအုံးမှာလား။ အားအားနေ အော်နေရအောင် မင်းက ကိုယ့်ကို ရပ်ကွက်ဓမ္မာရုံက လော်များမှတ်နေလား"
"ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဘေးနားဝင်ထိုင်ပြီဆိုရင် အသံပေးပေါ့ အခုတော့ ကျွန်တော်ဆော့နေတာသေသွားပြီ"
"ဘာများလုပ်နေတာလဲလို့ တအားခက်ခက်ခဲခဲဂိမ်းတွေဆော့နေတာပဲ"
"အောင်မာ subway surfers ကိုမခက်ဘူးလို့ဘယ်သူပြောလဲ ဟိုတိုက်ဒီတိုက်ဝင်မတိုက်မိအောင် သေချာရှောင်ပြီးဆော့နေရတဲ့ဟာ"
သူ့ဘက်ကို ခေါင်းစောင်းကာ မကြည်ကြည့်နဲ့ နှုတ်ခမ်းဆူကာပြောတဲ့ မြတ်ထူးသာယာပုံစံက ဝါးစားပစ်ချင်စရာကောင်းတယ်။ အရင်တုန်းကတော့ အဲဒီစွာစိလန်အောင်ပြန်ပြောတဲ့အသံတွေကို နားငြီးတယ် အာရုံနောက်ရတယ်လို့ ထင်ခဲ့ဖူးတယ်။
အခုတော့ အဲဒီလိုစွာစိလန်တဲ့အသံကိုမကြားရရင်မနေနိုင်အောင် လိုက်စနေမိပြီး မျက်စောင်းလေးအထိုးခံရတာ၊ ပြန်စွာခံရတာကိုတောင် ပျော်နေမိတယ်။
လူ့စိတ်ဆိုတာ တကယ်ပဲဆန်းတယ်၊ အရင်တုန်းက သူ့အတွက်သောကဖြစ်စေတဲ့ဒုက္ခအိုးလေးက အခုတော့ သူ့အတွက် အချစ်ဒုက္ခအိုးလေး ဖြစ်မှန်းမသိဖြစ်နေပြီ။
သဘောကျမိတာဝန်ခံချင်ပေမယ့် အမြင်မကြည်ခဲ့ရာကနေချက်ချင်းကြီး ချစ်ပါတယ်ကြိုက်ပါတယ်ပြောရင် မယုံမှာစိုးတာမို့ တဖြည်းဖြည်းချင်း စွာတေးလေးကိုသည်းခံပေးပြီး ဂရုစိုက်ရင်းနဲ့ ကိုယ်ချစ်တာကို သူခံစားမိအောင် ကြိုးစားမယ်လို့ ဇာနည်ခံယူထားတာကြောင့် အချိန်လေးနည်းနည်းယူရအုံးမှာပဲ။
"စကားများတယ်ကွာ ထမင်းမစားဘူးလား ပြော"
"စားမှာပေါ့ ဗိုက်ဆာလို့ဘော့စ်ကိုထိုင်စောင့်နေတာကြာလှပြီ သူ့ဘာသာနောက်ကျနေပြီးတော့"
"၁၂ နာရီကို ၁၀ မိနစ်လောာက်ပဲစွန်းသေးတာပါကွာ"
"၁၀မိနစ်လဲ ၁၀ မိနစ်နောက်ကျတာပဲ။ မသိဘူး ဘော့စ် ၁၀ မိနစ်နောက်ကျတာမို့ ကျွန်တော့်ကို ထမင်းကျွေးတဲ့အပြင် ကော်ဖီပါဝယ်တိုက်ရမယ်။ ပြီးတော့ macroon လဲစားချင်တယ် အဲဒါလဲဝယ်ကျွေးရမယ်"
"မင်း နစ်နာနေပါအုံးမယ်ကွာ"
"ရတယ် အနစ်နာခံလိုက်မယ် ဘော့စ်ကိုမို့ စောင့်နေတာနော်။ တခြားသူဆို မစောင့်ပဲ တစ်ယောက်တည်းသွားစားလိုက်တော့မှာ"
"ဟုတ်ပါပြီ ကျေးဇူးရှင်ရယ် ကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ပြီလား .. ကဲ ထ .. ထမင်းသွားစားမယ်"
xxxxxXxxxxx
ရှောင်လွှဲချင်လဲရှောင်မရ၊ စံသာဖြိုးနဲ့ ညစာအတူသွားစားရမယ့်နေ့က ဆိုက်ဆိုက်မြိုက်မြိုက်ကိုရောက်ချလာခဲ့ပေပြီ။ စိတ်အားထက်သန်စွာနဲ့ ရုံးမဆင်းခင်ကတည်းက သွားစားမယ့်အကြောင်း စာတွေပို့နေတဲ့ စံသာဖြိုးကြောင့် သူ နေမကောင်းဘူး ဘာညာနဲ့အကြောင်းပြပြီး မငြင်းချင်တော့ပေ။
ခုမတွေ့လဲနောက်တွေ့နေရမှာပဲ၊ တစ်ရုံးတည်းတူတူလုပ်နေရတာမို့ နေ့တိုင်းကိုတွေ့နေရတာလေ။
မတွေ့ချင်တော့ရင် အလုပ်ထွက်လိုက်လို့ သာယာကပြောပေမယ့် ဒီကုမ္ပဏီမှာ အနည်းဆုံး ၂ နှစ်လုပ်ပါမည်ဟု bond ကထိုးထားပြီးသားဖြစ်နေသည်။
အချို့ကုမ္ပဏီတွေမှာ bond ကိုတစ်နှစ်လောက်ပဲထိုးရတာဆိုပေမယ့် ဒီကုမ္ပဏီက နည်းပညာကုမ္ပဏီဖြစ်တာမို့ ၂နှစ်ထိုးခိုင်းတာဖြစ်သည်။ နည်းပညာကုမ္ပဏီတွေက app တွေတီထွင်တာ website တွေတည်ဆောက်တာမျိုးတွေလုပ်တာမို့ project တစ်ခုက ကြီးရင်ကြီးသလို သေးရင်သေးသလို အနည်းဆုံး ၆ လနေ နှစ်ချီပြီးကြာတာမျိုးရှိသည်။
တစ်ယောက်ဝင်တစ်ယောက်ထွက်နဲ့ hand over အဆင့်ဆင့်လွှဲရတာမျိုးတွေ ရှောင်ရှားနိုင်ဖို့ အခုလိုမျိုး bond ထိုးခိုင်းတာကိုလဲနားလည်သည်။ သူကိုယ်တိုင်လဲ ဒီနယ်ပယ်မှာ နာမည်တစ်လုံးနဲ့ရပ်တည်ချင်တာမို့ ရှုံ့ချည်နှပ်ချည် ဝင်လိုက်ထွက်လိုက်မလုပ်ချင်တာလဲပါသည်။ အဲဒါကြောင့် သူဆက်ပြီးလုပ်ဖို့ဆုံးဖြတ်ခဲ့တာပင်။
အဲဒီတော့ မထူး၊ ပေဖြစ်တုန်းခံရမှာပင်။
သူ့မှာကားမရှိတာမို့ စံသာဖြိုးကားနဲ့သာ စားသောက်ဆိုင်ရှိရာကို လိုက်ခဲ့ရသည်။
စံသာဖြိုးက သူ့ကိုရောက်တတ်ရာရာပြောလိုက်၊ ကားမောင်းလိုက်နဲ့ လုပ်နေရာက စားသောက်ဆိုင်ကို ခပ်မြန်မြန်သာရောက်သွားကြသည်။
ပုံမှန်ရုံးဆင်းချိန်ဆို ကားပိတ်တတ်ပေမယ့် သူတို့အလုပ်ရှိတဲ့နေရာနဲ့ ဆိုင်ကသိပ်မဝေးတာမို့ လမ်းပိတ်တာနဲ့သိပ်မကြုံလိုက်ရပေ။
ဆိုင်က ဘူဖေးဆိုင်ဖြစ်ပြီး နာမည်ကြီးတဲ့ဆိုင်မို့ ညနေ ၆ နာရီခွဲမှာ လူအစည်ဆုံးအချိန်ဟုပြောရမည်။
"လူတွေများတော့ စောင့်ရအုံးမလားမသိဘူးနော်"
"ဟင့်အင်း ကိုယ် booking ကြိုလုပ်ထားတယ် အကြာကြီးစောင့်နေရရင် လင်းစက်ဗိုက်ဆာနေမှာစိုးလို့"
အပြောကတော့ ကြွေလောက်ပါရဲ့၊ ဒါပေမယ့် သူ့လို သာမာန်ရင်းနှီးတဲ့မိတ်ဆွေကိုတောင် အခုလိုဂရုစိုက်ပေးရင် သူ့ရည်းစားတွေဆိုရင်လဲ ဒီလိုပဲလုပ်ပေးမှာအသိသာကြီး။
ကြွေမသွားနဲ့ ကြည်လင်းစက်ကို၊ ဒီလူက တကယ့်လူရှုပ်လူပွေ။
စားချင်တာတွေအကုန်ယူပြီးတော့ သူအချဉ်ယူဖို့သတိရကာ အချဉ်စပ်တဲ့ကောင်တာနားမှာ ရပ်လိုက်တော့ စံသာဖြိုးကပြောလာသည်။
"ရတယ် နေနေ ကိုယ်အချဉ်စပ်ခဲ့ပေးမယ်"
"ရပါတယ် ကျွန်တော်"
"ကိုယ်စပ်ခဲ့ပေးပါမယ်ဆို အေးဆေးသွားထိုင်ပြီး ဟော့ပေါ့ပြုတ်နေလိုက်တော့ ဟုတ်ပြီလား"
ဆိုင်မှာလူများနေတာမို့ သူတို့နှစ်ယောက်အနားမှာလဲ တခြားအချဉ်ယူမယ့်သူတွေ တန်းစီနေတာနဲ့ စကားရှည်ရှည်ပြောမနေတော့ပဲ သူထိုင်ခံစီပြန်လာခဲ့လိုက်သည်။
တကယ်လို့ စံသာဖြိုးစပ်ပေးလာတဲ့ အချဉ်အရသာကို သူသဘောမကျလဲ နောက်မှ ထပ်သွားစပ်လိုက်မယ်လို့သာတွေးထားခဲ့ပေမယ့် စံသာဖြိုးအချဉ်နှစ်ခွက်ယူကာ ပြန်လာထိုင်တဲ့အခါ သူ့မှာ အံ့အားသင့်ရတော့သည်။
"ရော့ ဒါက လင်းစက်အတွက်"
သူတို့နှစ်ယောက်ရဲ့အချဉ်ခွက်ပုံစံကမတူပါ။ စံသာဖြိုးရဲ့အချဉ်ခွက်မှာ နံနံပင်မပါပေမယ့် သူ့အချဉ်ခွက်မှာတော့ နံနံပင်နိုင်းချင်းပါသလို သူမစားတဲ့ မြေပဲအနှစ်နဲ့ နှမ်းဆီတော့မထည့်ထားပေ။
သူ့ပုံစံက အံ့ဩနေတဲ့ပုံစံဖြစ်နေတာကို စံသာဖြိုးက သတိထားမိပြီး ပြုံးကာပြောသည်။
"လင်းစက်က မြေပဲနဲ့မတည့်တာရော နှမ်းဆီထည့်ရတာမကြိုက်တာရော၊ နံနံပင်ကြိုက်တာရော ကိုယ်အကုန်မှတ်မိပါတယ်။ ကိုယ်ကတော့ လင်းစက်နဲ့မတူဘူး နံနံပင်မကြိုက်ဘူးလေ"
အပြုအမူသေးသေးလေးဆိုပေမယ့် သတိတရရှိပေးမှုကြောင့် သူ့ကိုယ်သူထိန်းထားရင်းကပင် ရင်ထဲထိရှသွားမိတာတော့ မတတ်နိုင်။
သူတို့နှစ်ယောက် ထမင်းတူတူစားဖူးတဲ့အကြိမ်အရေအတွက်က အရမ်းမများသလို ဟော့ပေါ့အတူစားခဲ့ဖူးတာလဲ တစ်ခါသာရှိသည်။ အဲဒါကြောင့် ဒီလိုအသေးအဖွဲလေးတွေက န်သတိမမူတတ်တဲ့သူသာဆိုရင် သာမာန်ကာ လျှံကာကျော်သွားလောက်မယ့်ကိစ္စတွေဆိုပေမယ့် စံသာဖြိုးကတော့ မမေ့ခဲ့။
"ကျေးဇူး" ဟုခပ်တိုးတိုးပြောကာ စံသာဖြိုးမမြင်အောင် သူပြုံးလိုက်မိသည်။
"ကျေးဇူးတင်စရာမလိုပါဘူးကွာ"
ပြန်ပြောလာတဲ့ စံသာဖြိုးအသံက နွေးနွေးထွေးထွေး။ စံသာဖြိုး က အရင်ကတည်းက သူ့အပေါ်မှာဆို အရမ်းနွေးထွေးလွန်းသည်။ မသိရင် သူ့ကိုသနားလို့ ဂရုစိုက်ပေးနေတာမဟုတ်သလို၊ ရင်ထဲကလာတဲ့ ဂရုစိုက်ခြင်းမျိုးနဲ့ ဂရုစိုက်နေသလိုမျိုးဟု ထင်ရသည်။
အတွေးထဲမှာနစ်မြောကာ သူ စားပွဲပေါ်မှာတွေ့သမျှ ပန်းကန်တွေထဲ အသားဖတ်တွေ အရွက်တွေကို ဟော့ပေါ့အိုးထဲထည့်နေတုန်း စံသာဖြိုးဆီကအော်သံကြားရပြန်သည်။
"ဟေ့ လင်းစက် ဘာလို့ပုဇွန်တွေကို အိုးထဲထည့်နေတာလဲ ပုဇွန်နဲ့တည့်တာလဲမဟုတ်ပဲနဲ့"
"ဗျာ"
"ပုဇွန်တွေဘာလို့ထည့်နေတာလဲလို့ ပေးပေး ကိုယ့်အိုးနဲ့လဲလိုက်"
သူ့ဘာသာသူပြောကာ ဟော့ပေါ့အိုးနှစ်အိုးကို ထလဲနေပြန်သည်။
တကယ်ပဲ ခင်ဗျား ကျွန်တော့်ကို ဘာဖြစ်စေချင်နေတာလဲ စံသာဖြိုးရာ။ လူတစ်ယောက်ကို သနားလို့ဆိုပြီး သူ့ကိုအဲဒီလောက်ထိ ဂရုလိုက်စိုက်ပေးနေစရာလိုလို့လား။
အဲဒီလောက်ထိ အသေးစိတ်လိုက်မှတ်မိပေးနေစရာလို့လား။ ခင်ဗျားရဲ့ရည်းစားတွေကိုရော အဲဒီလို ဂရုစိုက်ပေးတာပဲလား။
"လင်းစက် ဘာဖြစ်လို့လဲ ကိုယ့်အိုးနဲ့လဲစားရမှာ ရွံလို့လား ကိုယ်ဘာမှမစားရသေးပါဘူး"
"အာ မဟုတ်ပါဘူး ကျွန်တော်ဘာလို့ မေ့ပြီး ပုဇွန်တွေထည့်လိုက်မိတာလဲလို့ တွေးမိသွားလို့ပါ"
"ထည့်လိုက်မိလဲ ကိစ္စမရှိပါဘူး ကိုယ့်အိုးနဲ့လဲလို့ရနေတာပဲ မဟုတ်လဲ အိုးပြန်လှယ်ခိုင်းလို့ရတယ်လေ အများကြီးစိတ်ပူမနေနဲ့ ဟုတ်ပြီလား"
"ဟုတ်ကဲ့ ကျေးဇူးပါ"
"ကျေးဇူးတင်စရာမလိုပါဘူးဆို ကိုယ့်ကို အရင်လိုခင်သေးရင် အရမ်းမစိမ်းကားပါနဲ့ အဲဒါက ကိုယ့်ကိုကျေးဇူးတင်တာနဲ့အတူတူပဲ"
သူဘာပြန်ပြောရမယ်မသိတာမို့ ခေါင်းသာအသာညိတ်ပြလိုက်မိသည်။
"လင်းစက်မျက်နှာကမလန်းဘူး အခုတလော စိတ်ညစ်စရာကိစ္စရှိလို့လား"
"အဲဒီလိုလဲမဟုတ်ပါဘူး ကျွန်တော်အလုပ်နည်းနည်းများနေလို့ပါ"
"အလုပ်ကိုအဲဒီလောက်ထိမကြိုးစားပါနဲ့ကွာ နားရမယ့်အချိန် စားရမယ့်အချိန်ကိုလဲ အေးဆေးနားပါ စားပါအုံး"
"အကို .. အကိုပြောနေတဲ့အလုပ်ဆိုတာက အကို့ကုမ္ပဏီနော်"
"ဟုတ်တယ်လေ အကို့ကုမ္ပဏီ .. အဲဒါမို့ လင်းစက်နဲ့လည်းသက်ဆိုင်တယ် လင်းစက်ကုမ္ပဏီလို့သဘောထားလို့ရတယ် အဲဒါကြောင့် အေးဆေး"
စံသာဖြိုးရဲ့ ဘာလိုလိုအပြောကြောင့် သူရုတ်တရက်ရှက်သွားကာ ရင်လဲဆောင့်ခုန်သွားတယ်။ ကိုယ့်ကိုကိုယ် အသည်းမာနိုင်နေပြီလို့ထင်ခဲ့ပေမယ့် အခုလိုအပြောမျိုးမှာ ရင်ခုန်နေမိဆဲဖြစ်နေတာ ကိုယ့်ကိုကိုယ်လဲ စိတ်ပျက်မိပြန်တယ်။
"ဘာာ ဘာဆိုင်လို့လဲ"
"ကိုယ်တို့က ညီအကိုကောင်းတွေလေ .. အဲဒီတော့ ကိုယ့်ကုမ္ပဏီကို လင်းစက်ရဲ့ကုမ္ပဏီလိုပဲ သဘောထားပေါ့။ အလုပ်ကြိုးစားတာကောင်းပါတယ် ဒါပေမယ့် ကျန်းမာရေးကိုတော့ မထိခိုက်စေနဲ့ ဟုတ်ပြီလား"
"ဟုတ်"
"လိမ္မာတယ် ရော့ အသားတွေကျက်နေပြီ မာမသွားခင် မြန်မြန်လေးစားလိုက်"
သူ့မျက်စိရှေ့ရောက်လာတဲ့အသားဖတ်ကြောင့် ယောင်ယမ်းပြီးပါးစပ်ဟကာ စားလိုက်မိပြီးမှ သူ့အဖြစ်ကို ပြန်သတိရကာ ခေါင်းကြီးငုံ့လိုက်မိသည်။
ကိုယ့်ကိုကိုယ်ထိန်းစမ်းပါ ကြည်လင်းစက်ကိုရာ၊ စံသာဖြိုးအပေါ်မှာ အဲဒီလောက် လွယ်လွယ်နဲ့ နစ်ဝင်မသွားစမ်းပါနဲ့။
အသိစိတ်က အတန်တန်သတိထားနေပေမယ့် မသိစိတ်ကတော့ အချစ်ဦးအပေါ်မှာ ပြန်ပီးယိမ်းယိုင်နေမိပြီလားဆိုတာ သူ့ကိုယ်သူတောင် မဆန်းစစ်ချင်တော့ပေ။
Part 21 to be continued
အသဲလေးတို့ အချစ်ကလေးတို့ရေ အခုရက်ပိုင်း အစ်မအခန်းပြင်နေတာနဲ့ နည်းနည်းအလုပ်များနေတာမို့ daily update အစား တစ်ရက်ခြားလေးဖြစ်နေပါတယ်။ ၃၊၄ရက်လောက်ပြီးရင်တော့ daily ပြန်အပ်နိုင်တော့မှာပါ။ အပြစ်မမြင်ပဲ ကလေးတွေကို ချစ်ခင်ပေးကြပါအုံးနော်။
Zawgyi
Part 20
"အဲဒီ company က ေတာ္ေတာ္ေလးဂ်ီးမ်ားၿပီး လိုအပ္ခ်က္ေတြကလဲအေတာ္မ်ားတာ။ ကယ္ေလးရဲ႕အၿပဳံးေလးနဲ႔ေျဖရွင္းလိုက္ေတာ့လဲ GM မမက အဆင္ေျပပါတယ္ အဆင္ေျပပါတယ္နဲ႔ ဟုတ္ေနတာပဲ"
သူတို႔ကုမၸဏီကို ႏွစ္စဥ္ ပြဲႀကီးေတြအပ္ေလ့ရွိတဲ့ client company နဲ႔ အစည္းအေဝးၿပီးခ်ိန္မွာ ရဲမ်ိဳးဇာနည္က ခပ္ညည္းညည္းေလးေျပာလာတာျဖစ္သည္။
"ဟားဟားဟား ဒါကေတာ့ ကိုယ့္အားသာခ်က္နဲ႔ကိုယ္ပဲေလ။ အဲဒါေၾကာင့္ မင္းကို မ်ားမ်ားၿပဳံးပါလို႔ေျပာသားပဲ"
"ကြၽန္ေတာ္ကလဲ မ်က္ႏွာရွစ္ေခါက္ခ်ိဳးနဲ႔ client ေတြကိုေျပာဆိုေနတာေတာ့မဟုတ္ပါဘူး ကယ္ေလးရာ။ ဒါေပမယ့္ ကယ္ေလးလိုအၿပဳံးမခ်ိဳတာေတာ့အမွန္ပဲ"
"မင္းၿပဳံးခ်င္ေတာ့လူနဲ႔က်ရင္ေတာ့ ၿပဳံးတာပဲမွတ္လား .. ဟင္း .. ငါၾကားတာ မင္းနဲ႔ ျမတ္ထူးသာယာနဲ႔ အဆင္ေတြေျပေနၾကတယ္ဆို"
"ဘယ္ .. ဘယ္သူေျပာတာလဲ"
"အန္ဒ႐ူးေျပာတာေလ ႏွစ္ေယာက္သားအလုပ္တြဲလုပ္ၾကတာ အဆင္ကိုေခ်ာေနေရာတဲ့။ အခုတေလာ အလုပ္လာအပ္တဲ့သူေတြမ်ားလြန္းလို႔ လက္မလည္ၾကဘူးဆို"
"ဒါကေတာ့ ျမတ္ထူးသာယာက ကယ္ေလးရဲ႕ေက်းဇူးရွင္မဟုတ္လား။ အဲဒီေတာ့ ကယ္ေလးမ်က္ႏွာေထာက္ၿပီး ကြၽန္ေတာ္ကအဆင္ေျပေအာင္ ေနရတာေပါ့။ မဟုတ္ရင္ ကယ္ေလးမ်က္ႏွာပ်က္မွာေလ"
ငါနားရွိလို႔သာ ဒီစကားေတြၾကားရတယ္၊ ငါ့ႏွလုံးသားကေတာ့ မင္းေျပာတာေတြ ယုတၱိမရွိဘူးလို႔ ခံစားေနရတယ္ ရဲမ်ိဳးဇာနည္ေရ။
သူ႔တူေလးက အျပင္ပန္းၾကည့္ေတာ့သာ လူမႈဆက္ဆံေရးေကာင္းေပမယ့္ သူၾကည့္မရဘူးဆိုရင္လဲ အ႐ိုးထဲကေနပါ မုန္းတတ္တဲ့သူမ်ိဳးဆိုတာ သူမသိတာၾကေနတာပဲ။ သူ႔ေၾကာင့္နဲ႔ ျမတ္ထူးသာယာနဲ႔ တည့္ေအာင္ေပါင္းမယ္ဆိုရင္ ၿပီးခဲ့တဲ့တစ္ႏွစ္လုံးလုံး ဒီႏွစ္ေယာက္ေၾကာင့္ သူေခါင္းခဲရမွာမဟုတ္ေခ်။
အခုတေလာမွ ဘာေဆးစားမွားၿပီး ျမတ္ထူးသာယာနဲ႔ ပလူးေနၾကတယ္မသိပဲ ေျပလည္သြားၾကတာမ်ား။ သူ႔ထက္ ၁၀ ႏွစ္ေလာက္ထမင္းေစာစားလာတဲ့ ဦးေလးျဖစ္သူကို လာဂ်င္းထည့္ခ်င္ေနေသးတာ ရယ္စရာ။
အခု ရဲမ်ိဳးဇာနည္ပုံစံက သူ႔ေၾကာင့္နဲ႔ ျမတ္ထူးသာယာကိုတည့္ေအာင္ေပါင္းေနတာမွမဟုတ္တာ၊ အၿမဲတမ္းၾကည့္လိုက္ရင္ တပူးတတြဲတြဲနဲ႔ အိမ္ေခၚၿပီး ေပါင္းခ်င္တဲ့ပုံစံျဖစ္ေနတာေလ။
သူ႔တူေလးက ျမတ္ထူးသာယာကို အစစ္အမွန္သေဘာက်ၿပီး တြဲၾကမယ္ဆို သူ႔အေနနဲ႔ ဝမ္းသားတသာ လက္ခုပ္မတီးႏိုင္စရာမရွိ။ တစ္ဖက္က ကိုယ့္သားလိုခ်စ္ရတဲ့တူျဖစ္ၿပီး ေနာက္တစ္ဖက္က ကိုယ့္အေပၚေက်းဇူးရွိကာ ကိုယ္ေစာင့္ေရွာက္ေပးခ်င္တဲ့ တူလိုသားလို ကေလးမ်ိဳးျဖစ္သည္။
ဒါေပမယ့္ သူ႔တူက အေပ်ာ္သက္သက္ စိတ္ကစား႐ုံဆိုရင္ေတာ့ မျဖစ္သင့္တာမျဖစ္ရေအာင္ သူႀကိဳတင္ၿပီးတားရေပလိမ့္မည္၊ မဟုတ္ရင္ ျမတ္ထူးသာယာကို သူမ်က္ႏွာမျပရဲေလာက္ေအာင္ အားနာမိလိမ့္မည္။
"အိမ္း မင္းကိုလဲငါအားနာတယ္ကြာ ငါ့ေၾကာင့္နဲ႔ စိတ္အပင္ပန္းခံၿပီး တည့္ေအာင္မႀကိဳးစားပါနဲ႔။ အခု ငါလဲျပန္ေရာက္ၿပီဆိုေတာ့ ျမတ္ထူးသာယာကို ေအာက္ထပ္က event ႐ုံးကိုပဲ ျပန္လႊတ္ ... လႊတ္"
"ဟာ အဲဒီလိုလုပ္လို႔ ဘယ္ျဖစ္မလဲ"
ျပန္လႊတ္လိုက္ပါလားလို႔ေျပာမယ့္ ရဲမ်ိဳးရာခ်ီရဲ႕စကားပင္မဆုံးလိုက္ရ၊ အသည္းအသန္ျဖတ္ေျပာတဲ့ တူျဖစ္သူကို ဘုၾကည့္ၾကည့္ေပးလိုက္သည္။ အခုမွျဖစ္ေနလိုက္တာ။
"ဘာလို႔မျဖစ္ရမွာလဲ ႏွစ္ခုလုံးက ငါတို႔လုပ္ငန္းပဲေလ။ ငါ့လက္ေအာက္မွာဆို သူနဲ႔မင္းလည္း ဆုံစရာမလိုေတာ့ဘူး မင္းလဲငါ့ေၾကာင့္ သူ႔ကိုအားနာၿပီး ေခၚထားစရာမလိုေတာ့ဘူး ငါလဲအနီးကပ္သူ႔ကိုေစာင့္ေရွာက္ေပးလို႔ရတာေပါ့ မဟုတ္ဘူးလား"
"အဲဒီလိုမျဖစ္ဘူးေလ ကယ္ေလးရာ ဒီဘက္မွာ သူလက္ခံထားတဲ့ ေအာင္သြယ္ေပးရမယ့္အတြဲေတြရွိေသးတယ္"
"တျခား cupid တစ္ေယာက္ကို handover လုပ္ခိုင္းလိုက္ေပါ့ကြ မင္းေအဂ်င္စီမွာ တျခားသူေတြမရွိေတာ့ဘူးလား"
"ရွိေပမယ့္ အဲဒီအတြဲေတြက သူ႔ကို by name တပ္ၿပီးအပ္ထားတဲ့သူေတြ"
ဟမ္း မင္းကငါ့ကို client နဲ႔လာၿပီး ေရာခ်ဖို႔ႀကိဳးစားတယ္ေပါ့။ ရတယ္ေလ ငါကလဲ မင္းဦးေလးပဲဟာ။
"အဲဒါဆိုလဲ အဲဒီအလုပ္ေတြၿပီးရင္ ေအာက္ထပ္႐ုံးကိုေျပာင္းခိုင္းလိုက္ေပါ့ လြယ္ပါတယ္"
"ကြၽန္ေတာ့္ဆီမွာအဆင္ေျပပါတယ္ဆို ကယ္ေလးကလဲဗ်ာ အခုအကုန္လုံးအဆင္ေျပေနတယ္ေလ သူ႔ကိုလဲ ကြၽန္ေတာ္ေကာင္းေကာင္းမြန္မြန္ဆက္ဆံေနတာပဲကို ကယ္ေလးကလဲ"
ျမတ္ထူးသာယာကို သူ႔ဆီကေန လက္မလႊတ္ရဖို႔အေရး အရမ္း serious ျဖစ္ေနတဲ့ သူ႔တူျဖစ္သူကိုၾကည့္ၿပီး ရဲမ်ိဳးရာခ်ီၿပဳံးမိသည္။ သူ႔တူေလးက သူ႔ကိုေၾကာက္ခ်စ္႐ိုေသတဲ့ လူမ်ိဳးထဲမွာပါသည္။ မလိုအပ္ပဲ သူ႔ကိုျပန္ေျပာတာ၊ ျငင္းခုန္တာမ်ိဳးလုပ္တတ္တဲ့သူမဟုတ္ေပ။
အဲဒါေၾကာင့္ အရင္တုန္းက ျမတ္ထူးသာယာကိုၾကည့္မရေပမယ့္ သူ႔ကိုအထြန႔္မတက္ရဲပဲ အလုပ္ခန႔္ထားတာၾကည့္ပါလား။ ဒါေပမယ့္ ၾကည့္ရတာ သူ႔တူေလးက အရင္လိုမဟုတ္ေတာ့ဘူးထင္သည္။
"အဟမ္း ၾကည့္ရတာ အဆင္ေျပလြန္ေနပုံပဲေနာ္"
"ကယ္ေလးက ဘာကိုဆိုလိုတာလဲ"
"ဘာကိုဆိုလိုသလဲဆိုေတာ့ မင္းတို႔ႏွစ္ေယာက္႐ိုးမွ႐ိုးၾကရဲ႕လားလို႔"
"အာ ကယ္ေလးကလဲ ဘာေတြေလွ်ာက္ေျပာေနတာလဲ ကြၽန္ေတာ္တို႔က ခုထိ႐ိုး႐ိုးသားသားပါ"
"အခုထိဆိုေတာ့ ေနာက္က်ရင္ေတာ့ ဆန္းျပားလာႏိုင္တယ္ေပါ့"
"အဲ .. အဲဒါက"
ေမးခြန္းေတြေတာက္ေလွ်ာက္ေမးရင္း တူျဖစ္သူရဲ႕မ်က္ႏွာအမူအရာအေျပာင္းအလဲကိုလဲ အကဲခတ္ဖို႔ သူမေမ့ပါ။ သူမွန္တယ္ထင္တိုင္း မ်က္ႏွာကိုေမာ့ၿပီးခ်ီထားတဲ့သူက ဒီေန႔ေတာ့ ေခါင္းတငုံ႔ငုံ႔နဲ႔ ကေလးႀကီးရွက္ေနသလိုျဖစ္ေနတာ ရယ္စရာလည္းေကာင္းသလို အူယားစရာလည္းေကာင္းသည္။
ေသခ်ာၾကည့္မာယ္ဆိုရင္ နား႐ြက္ႀကီးေတာင္နီေနသလားလို႔။
ငယ္ငယ္ကတည္းကစာနဲ႔အလုပ္ေပၚမွာပဲ အာ႐ုံစိုက္ခဲ့တဲ့တူေလး၊ ေပါင္းရသင္းရလည္း နည္းနည္းဂြက်တဲ့သူမို႔ သူငယ္ခ်င္းေတာင္ တစ္ေယာက္ပဲရွိတဲ့သူ႔တူေလးက အခုေတာ့ လူတစ္ေယာက္ေၾကာင့္ စိတ္လႈပ္ရွား ရင္ခုန္တတ္ေနၿပီတဲ့လား။
"ေခါင္းႀကီးငုံ႔ၿပီးရွက္မေနနဲ႔။ မင္းေယာက်ာ္းမဟုတ္ဘူးလား ႀကိဳက္ရင္ႀကိဳက္တယ္ဝန္ခံလိုက္ေပါ့ကြ"
"အဲဒါက ကယ္ေလးထင္သလိုမဟုတ္ပါဘူး"
"မဟုတ္ဘူးလား အဲဒါဆိုလဲေကာင္းၿပီေလ ငါက ျမတ္ထူးသာယာကိုေစာင့္ေရွာက္ေပးခ်င္လို႔ မင္းနဲ႔ဆိုသင့္ေတာ္တယ္ဆိုၿပီးေတြးထားတာ၊ မင္းအေနနဲ႔သူ႔အေပၚ ဘာစိတ္မွမရွိဘူးဆိုရင္ေတာ့လည္း ငါပဲအနစ္နာခံၿပီး သူ႔ကိုတာဝန္ယူေပးရမွာေပါ့"
"ဟာာာ ကယ္ေလး အဲဒီလိုမျဖစ္ဘူးေလ"
အသည္းအသန္ထေအာ္လာတဲ့တူျဖစ္သူရဲ႕ျဖစ္အင္ကို ၾကည့္ကာ ဒီေကာင့္အေျခအေနက ေတာ္ေတာ္ေရာဂါရင့္ေနၿပီမွန္းသူသိလိုက္ၿပီ။
"ဘာလို႔မျဖစ္ရမွာလဲကြ သူလဲလူလြတ္ ငါလဲလူလြတ္ပဲေလ"
"အဲဒီလိုမျဖစ္ဘူးေလ ၿပီး .. ၿပီးေတာ့ အန္ဒ႐ူးကိုဘယ္လိုလုပ္မလဲ"
"အန္ဒ႐ူးနဲ႔ ဘာဆိုင္လို႔လဲ"
"ဘာလို႔မဆိုင္ရမွာလဲ မိုင္ ၁၀၀၀၀ အကြာေလာက္က လွမ္းၾကည့္ရင္ေတာင္ အန္ဒ႐ူးက ကယ္ေလးကိုခ်စ္ေနတာအသိသာႀကီးကို"
"အဲဒါက သူ႔ဦးေလးလို.."
"ကယ္ေလးရာ ကြၽန္ေတာ္က ကယ္ေလးတို႔ႏွစ္ေယာက္လုံးနဲ႔အတူႀကီးလာတဲ့ေကာင္ပါ။ ၿပီးေတာ့ အန္ဒ႐ူးဆိုတဲ့ေကာင္က သူ႔စိတ္ထဲ ဘာျဖစ္ေနတယ္ဆိုတာကို ပါးစပ္နဲ႔ေျပာစရာမလိုပဲ မ်က္ႏွာေပၚမွာအကုန္ေရးထားၿပီးသား"
"ဟိုက ကေလးပဲရွိေသးတာ မဟုတ္တာေတြေျပာမေနနဲ႔"
သူမ်ားကိုအစ္ေအာက္ေမးတုန္းကအေကာင္းဆိုေပမယ့္ သူ႔အလွည့္ေရာက္လာတဲ့အခါ ဇာနည္မဟုတ္တာေတြဆက္မေျပာဖို႔ သူခပ္တည္တည္နဲ႔ေငါက္ပစ္လိုက္မိသည္။ သူနဲ႔အန္ဒ႐ူးရဲ႕ဆက္ဆံေရးက တူဝရီးဆိုတဲ့ေခါင္းစဥ္ေအာက္မွာ တည္ရွိေနတာအေကာင္းဆုံးပင္။
"ဒီေလာက္ႀကီးေကာင္ႀကီးမားနဲ႔ တစ္ပတ္ ၂ ရက္ေလာက္ ဘားမွာ ဘီယာေသာက္စားေနတာ ကေလးလား ကယ္ေလးရဲ႕ filter ႀကီးက ဇြတ္တူဝရီး filter ျဖစ္ေနတယ္ေနာ္"
"အဲဒါမင္းကိစၥမဟုတ္ဘူး ငါေျပာေနတာမင္းကိစၥ"
"ဟုတ္ပါၿပီ ကြၽန္ေတာ့္ကိစၥမဟုတ္ဘူးဆိုလဲ ထားလိုက္ပါ ကြၽန္ေတာ့္ကိစၥေလးလဲျဖစ္တဲ့ ျမတ္ထူးသာယာကိုလဲ ကြၽန္ေတာ္နဲ႔ပဲထားလိုက္ပါ ဟုတ္ၿပီလား"
"အခုေတာ့ မင္း ျမတ္ထူးသာယာအေပၚစိတ္ရွိေနတာဝန္ခံၿပီေပါ့"
"ဝန္မခံလို႔မွမရပဲ ကယ္ေလးက အစ္ေအာက္လိုက္ ၿခိမ္းေျခာက္လိုက္ နည္းမ်ိဳးစုံနဲ႔ေမးေနတာကိုး"
"ဟားဟားဟား ဇာနည္ရာ မင္းေျပာတဲ့ပုံက မသိရင္ ငါကပဲလူဆိုးႀကီးက်ေနတာပဲ။ ငါက ေတာ္႐ုံသူမ်ားကိစၥေတြေခါင္းထဲထည့္တဲ့သူမဟုတ္ဘူး။ ေနာက္ဆုံးမင္းရည္းစားထားမယ္ဆိုရင္ေတာင္ သင့္ေတာ္တဲ့သူဟုတ္မဟုတ္ အကဲခတ္ၿပီးရင္ တျခားဘာမွဝင္ပါမွာမဟုတ္ဘူး။ ဒါေပမယ့္ တစ္ဖက္လူက တျခားသူမဟုတ္ဘူး ျမတ္ထူးသာယာျဖစ္ေနလို႔"
"ကယ္ေလး မဟုတ္မွ .. ကယ္ေလးလဲ ျမတ္ထူးသာယာကိုႀကိဳက္ေနတယ္လို႔မေျပာနဲ႔ေနာ္"
"ငါ ဒီေကာင္ေလးကိုထဆဲလိုက္ရ မေကာင္းရွိေတာ့မယ္။ မင္းရဲ႕လူကို ငါ့မွာဘာစိတ္မွမရွိဘူးဟ။ ဒါေပမယ့္ သူကငါ့ေက်းဇူးရွင္။ ၿပီးေတာ့ ငါကသူ႔ကိုေက်းဇူးဆပ္မယ္ ေစာင့္ေရွာက္ေပးမယ္ဆိုၿပီး ဒီလုပ္ငန္းထဲေခၚသြင္းလာခဲ့တာ အဲဒါေၾကာင့္ မင္းအေနနဲ႔ သူ႔အေပၚ အတည္သေဘာက်တယ္ဆိုရင္ ငါ့ဘက္က ဘာမွကန႔္ကြက္စရာမရွိဘူး။ ဒါေပမယ့္ မင္းသူ႔ကို အေပ်ာ္သေဘာပဲဆိုရင္ ငါက ဦးေအာင္တားရလိမ့္မယ္"
"ကယ္ေလးကလဲဗ်ာ ကိုယ့္တူအရင္းကိုေတာင္မယုံဘူးလား ကြၽန္ေတာ့္ဆီကေန ဘယ္တုန္းက အဲဒီလို ရည္းစားသနာအေၾကာင္းၾကားဖူးလို႔လဲ"
"မၾကားဖူးဘူး ဒါေပမယ့္ မင္းကအရင္တုန္းက သူ႔ကိုမ်က္မုန္းက်ိဳးေနတာေလ"
"အဲဒီေလာက္ျပင္းျပင္းထန္ထန္ႀကီးမေျပာပါနဲ႔ဗ်ာ ကြၽန္ေတာ္က သူ႔ကိုမုန္းတာမဟုတ္ပါဘူး အရင္က ဒီတိုင္းပဲသေဘာမေတြ႕တာေလးပဲ သူကလဲငဂ်စ္ေလးဗ် အရမ္းစြာတာ"
"အခုေတာ့ အဲဒီငဂ်စ္ေလးကိုပဲခ်စ္သြားၿပီဆိုပါေတာ့"
သူ႔ဦးေလးအေမးေၾကာင့္ ရဲမ်ိဳးဇာနည္ကၿပဳံးသည္။ ၿပီးေတာ့ မ်က္လုံးေတြက တခုခုကိုျမင္ေယာင္ေနသလို ၿပဳံးေနတာက ခပ္ၿဖီးၿဖီး။
"သူကစြာေပမယ့္ ျဖဴစင္တယ္ စိတ္ထဲရွိတာကိုထုတ္ေျပာတတ္ၿပီး ကပ္ေစးကလဲကုတ္ေသးတယ္။ စကားေျပာရင္ ဂ်စ္တစ္တစ္ေလးနဲ႔ဆိုေပမယ့္ သူ႔သေဘာက်တာေလးတစ္ခုခုေျပာလိုက္ရင္ မ်က္လုံးထဲက ၾကယ္ေလးေတြထြက္လာသလိုပဲ လူကိုလိုက္ၾကည့္ၿပီးရယ္ျပတတ္ေသးတာ၊ ခ်စ္ဖို႔ေကာင္းတယ္ ၿပီးေတာ့...."
"ဟိုးထား ဟိုထား ေတာ္ၿပီ မင္းခ်စ္ေနတယ္ဆိုတာသိရင္ရၿပီ မင္းရဲ႕ခ်စ္ဋီကာေတြကို သူ႔ကိုပဲဖြင့္ျပလိုက္ေတာ့ "
"ကယ္ေလးကလဲ ေမးလို႔လဲေျပာရေသးတယ္"
"ဆိုေတာ့ မင္းတို႔က တြဲေနၾကၿပီလား"
"ဘယ္ကသာ သူ႔ကိုဖြင့္ေတာင္မေျပာရေသးဘူး"
"လက္ေႏွးလွခ်ည္လားကြ သူမ်ားေနာက္ပါသြားမယ္ေနာ္ ဟို S technology က စံသာၿဖိဳးကလဲ သူ႔ကို သာယာသာယာနဲ႔ favor ေတြေပးေနတယ္လို႔ ငါၾကားတယ္"
"ဟာ့ ကယ္ေလးက သတင္းစုံလွခ်ည္လား"
"ငါ့နာမည္ ရဲမ်ိဳးရာခ်ီပါကြ ငါမသိတာဘာမွမရွိဘူး"
"အဲဒါမ်ား ကယ္ေလးကို အန္ဒ႐ူးခ်စ္ေနတာက်ေတာ့ မသိခ်င္ေယာင္ေဆာင္ေနတယ္ေနာ္"
"ေတာ္ ေတာ္ ... မင္းအလုပ္ၿပီးၿပီဆို ကိုယ့္႐ုံးခန္းကိုျပန္ေတာ့ ငါမအားဘူး အလုပ္ရွိေသးတယ္"
"ခ်က္ခ်င္း .."
ဦးေလးျဖစ္သူကို ျပန္စခ်င္ေပမယ့္ အခ်ိန္ကိုၾကည့္လိုက္ေတာ့ ေန႔လည္စာစားခ်ိန္ျဖစ္ေနေလၿပီ။ ေန႔လည္စာစားဖို႔ျပန္တာ နည္းနည္းေလးေနာက္က်ရင္ အစားေသာင္းက်န္းတဲ့ သူ႔ဒုကၡအိုးေလးက တျခားသူေတြနဲ႔ ေန႔လည္စာစားဖို႔ ပါသြားအုံးမည္။ အဲဒါေၾကာင့္ ကယ္ေလးကိုဆက္စခ်င္ေပမယ့္ တပ္ေခါက္ၿပီးသာျပန္လာခဲ့လိုက္ရသည္။
သူ႐ုံးခန္းျပန္ေရာက္ေတာ့ သူ႔ရဲ႕ကိုယ္ပိုင္႐ုံးခန္းထဲမဝင္ခင္ ျမတ္ထူးသာယာတို႔ထိုင္တဲ့႐ုံးခန္းကို တစ္ခ်က္လွမ္းၾကည့္လိုက္ေသးသည္။ ေယာက်ာ္းေလးေတြျဖစ္တဲ့ cupid အငယ္ေတြတစ္ေယာက္မွမရွိေတာ့။
ဟိုအပ်ိဳႀကီးမမႏွစ္ေယာက္ကေတာ့ ႏွစ္ေယာက္ကေတာ့ ထမင္းဘူးကိုယ္စီကိုင္ကာ pantry ဘက္ထြက္လာတာကိုေတြ႕ရသည္။
"ေဘာ့စ္ အစည္းအေဝးၿပီးၿပီလား"
"ၿပီးၿပီဗ် ထမင္းစားၾကေတာ့မလို႔လား"
"ဟုတ္တယ္ေဘာ့စ္ စားပါအုံးလား"
"ေတာ္ပါၿပီဗ်ာ ဒါနဲ႔ ျမတ္ထူးသာယာကိုေတြ႕မိလား"
"သတိမထားလိုက္မိဘူး ေဘာ့စ္ ထမင္းစားခ်ိန္ဆိုေတာ့ ေက်ာ္ႀကီးတို႔နဲ႔ food court လိုက္သြားလားမေျပာတတ္ဘူး ကေလးေတြကေတာ့ food court ဆင္းသြားၾကတာပဲ"
ေတြ႕လား အဲဒီျမတ္ထူးသာယာတို႔က အစားနဲ႔ျမႇားရင္ ဘယ္မဆိုလိုက္ပါတယ္ဆို။ သူ ႐ုံးမွာရွိတာသိရက္သားနဲ႔ သူနဲ႔ထမင္းအတူစားဖို႔ေတာင္ မေစာင့္ႏိုင္ဘူး။
အခန္းထဲဝင္ကာ ပိုက္ဆံအိတ္ယူၿပီး food court ကိုလိုက္သြားဖို႔အလုပ္ အခန္းထဲကဆိုဖာေပၚမွာ ဖုန္းကိုစူးစိုက္ၾကည့္ၿပီး ထိုင္ေနတဲ့ ျမတ္ထူးသာယာကို ေတြ႕လိုက္ရေတာ့ သူၿပဳံးသြားမိသည္။
ဘာမေျပာ ညာမေျပာနဲ႔ ေဘးမွာ သူဝင္ထိုင္ကာ သာယာဘာလုပ္ေနသလဲဆိုၿပီး ဖုန္းကိုၾကည့္မိေတာ့မွ သူရယ္ခ်င္သြားသည္။ ေက်းဇူးရွင္ေလးက ဟုတ္ၿပီဟုတ္ရဲ႕နဲ႔ ဂိမ္းထိုင္ေဆာ့ေနတာ၊ ဘာဂိမ္းလဲဆိုေတာ့ ရထားလမ္းမွာ ေကာင္ေလးတစ္ေယာက္ေလွ်ာက္ေျပးေနတဲ့ဂိမ္း။
"ေအာင္မေလး လန႔္လိုက္တာ အသံေလးဘာေလးမေပးတတ္ဘူးလားဗ်"
"ကိုယ့္႐ုံးခန္းကိုယ္ဝင္လာတာကို အသံကေပးရအုံးမွာလား။ အားအားေန ေအာ္ေနရေအာင္ မင္းက ကိုယ့္ကို ရပ္ကြက္ဓမၼာ႐ုံက ေလာ္မ်ားမွတ္ေနလား"
"ဒါေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ ေဘးနားဝင္ထိုင္ၿပီဆိုရင္ အသံေပးေပါ့ အခုေတာ့ ကြၽန္ေတာ္ေဆာ့ေနတာေသသြားၿပီ"
"ဘာမ်ားလုပ္ေနတာလဲလို႔ တအားခက္ခက္ခဲခဲဂိမ္းေတြေဆာ့ေနတာပဲ"
"ေအာင္မာ subway surfers ကိုမခက္ဘူးလို႔ဘယ္သူေျပာလဲ ဟိုတိုက္ဒီတိုက္ဝင္မတိုက္မိေအာင္ ေသခ်ာေရွာင္ၿပီးေဆာ့ေနရတဲ့ဟာ"
သူ႔ဘက္ကို ေခါင္းေစာင္းကာ မၾကည္ၾကည့္နဲ႔ ႏႈတ္ခမ္းဆူကာေျပာတဲ့ ျမတ္ထူးသာယာပုံစံက ဝါးစားပစ္ခ်င္စရာေကာင္းတယ္။ အရင္တုန္းကေတာ့ အဲဒီစြာစိလန္ေအာင္ျပန္ေျပာတဲ့အသံေတြကို နားၿငီးတယ္ အာ႐ုံေနာက္ရတယ္လို႔ ထင္ခဲ့ဖူးတယ္။
အခုေတာ့ အဲဒီလိုစြာစိလန္တဲ့အသံကိုမၾကားရရင္မေနႏိုင္ေအာင္ လိုက္စေနမိၿပီး မ်က္ေစာင္းေလးအထိုးခံရတာ၊ ျပန္စြာခံရတာကိုေတာင္ ေပ်ာ္ေနမိတယ္။
လူ႔စိတ္ဆိုတာ တကယ္ပဲဆန္းတယ္၊ အရင္တုန္းက သူ႔အတြက္ေသာကျဖစ္ေစတဲ့ဒုကၡအိုးေလးက အခုေတာ့ သူ႔အတြက္ အခ်စ္ဒုကၡအိုးေလး ျဖစ္မွန္းမသိျဖစ္ေနၿပီ။
သေဘာက်မိတာဝန္ခံခ်င္ေပမယ့္ အျမင္မၾကည္ခဲ့ရာကေနခ်က္ခ်င္းႀကီး ခ်စ္ပါတယ္ႀကိဳက္ပါတယ္ေျပာရင္ မယုံမွာစိုးတာမို႔ တျဖည္းျဖည္းခ်င္း စြာေတးေလးကိုသည္းခံေပးၿပီး ဂ႐ုစိုက္ရင္းနဲ႔ ကိုယ္ခ်စ္တာကို သူခံစားမိေအာင္ ႀကိဳးစားမယ္လို႔ ဇာနည္ခံယူထားတာေၾကာင့္ အခ်ိန္ေလးနည္းနည္းယူရအုံးမွာပဲ။
"စကားမ်ားတယ္ကြာ ထမင္းမစားဘူးလား ေျပာ"
"စားမွာေပါ့ ဗိုက္ဆာလို႔ေဘာ့စ္ကိုထိုင္ေစာင့္ေနတာၾကာလွၿပီ သူ႔ဘာသာေနာက္က်ေနၿပီးေတာ့"
"၁၂ နာရီကို ၁၀ မိနစ္ေလာာက္ပဲစြန္းေသးတာပါကြာ"
"၁၀မိနစ္လဲ ၁၀ မိနစ္ေနာက္က်တာပဲ။ မသိဘူး ေဘာ့စ္ ၁၀ မိနစ္ေနာက္က်တာမို႔ ကြၽန္ေတာ့္ကို ထမင္းေကြၽးတဲ့အျပင္ ေကာ္ဖီပါဝယ္တိုက္ရမယ္။ ၿပီးေတာ့ macroon လဲစားခ်င္တယ္ အဲဒါလဲဝယ္ေကြၽးရမယ္"
"မင္း နစ္နာေနပါအုံးမယ္ကြာ"
"ရတယ္ အနစ္နာခံလိုက္မယ္ ေဘာ့စ္ကိုမို႔ ေစာင့္ေနတာေနာ္။ တျခားသူဆို မေစာင့္ပဲ တစ္ေယာက္တည္းသြားစားလိုက္ေတာ့မွာ"
"ဟုတ္ပါၿပီ ေက်းဇူးရွင္ရယ္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဟုတ္ၿပီလား .. ကဲ ထ .. ထမင္းသြားစားမယ္"
xxxxxXxxxxx
ေရွာင္လႊဲခ်င္လဲေရွာင္မရ၊ စံသာၿဖိဳးနဲ႔ ညစာအတူသြားစားရမယ့္ေန႔က ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ကိုေရာက္ခ်လာခဲ့ေပၿပီ။ စိတ္အားထက္သန္စြာနဲ႔ ႐ုံးမဆင္းခင္ကတည္းက သြားစားမယ့္အေၾကာင္း စာေတြပို႔ေနတဲ့ စံသာၿဖိဳးေၾကာင့္ သူ ေနမေကာင္းဘူး ဘာညာနဲ႔အေၾကာင္းျပၿပီး မျငင္းခ်င္ေတာ့ေပ။
ခုမေတြ႕လဲေနာက္ေတြ႕ေနရမွာပဲ၊ တစ္႐ုံးတည္းတူတူလုပ္ေနရတာမို႔ ေန႔တိုင္းကိုေတြ႕ေနရတာေလ။
မေတြ႕ခ်င္ေတာ့ရင္ အလုပ္ထြက္လိုက္လို႔ သာယာကေျပာေပမယ့္ ဒီကုမၸဏီမွာ အနည္းဆုံး ၂ ႏွစ္လုပ္ပါမည္ဟု bond ကထိုးထားၿပီးသားျဖစ္ေနသည္။
အခ်ိဳ႕ကုမၸဏီေတြမွာ bond ကိုတစ္ႏွစ္ေလာက္ပဲထိုးရတာဆိုေပမယ့္ ဒီကုမၸဏီက နည္းပညာကုမၸဏီျဖစ္တာမို႔ ၂ႏွစ္ထိုးခိုင္းတာျဖစ္သည္။ နည္းပညာကုမၸဏီေတြက app ေတြတီထြင္တာ website ေတြတည္ေဆာက္တာမ်ိဳးေတြလုပ္တာမို႔ project တစ္ခုက ႀကီးရင္ႀကီးသလို ေသးရင္ေသးသလို အနည္းဆုံး ၆ လေန ႏွစ္ခ်ီၿပီးၾကာတာမ်ိဳးရွိသည္။
တစ္ေယာက္ဝင္တစ္ေယာက္ထြက္နဲ႔ hand over အဆင့္ဆင့္လႊဲရတာမ်ိဳးေတြ ေရွာင္ရွားႏိုင္ဖို႔ အခုလိုမ်ိဳး bond ထိုးခိုင္းတာကိုလဲနားလည္သည္။ သူကိုယ္တိုင္လဲ ဒီနယ္ပယ္မွာ နာမည္တစ္လုံးနဲ႔ရပ္တည္ခ်င္တာမို႔ ရႈံ႕ခ်ည္ႏွပ္ခ်ည္ ဝင္လိုက္ထြက္လိုက္မလုပ္ခ်င္တာလဲပါသည္။ အဲဒါေၾကာင့္ သူဆက္ၿပီးလုပ္ဖို႔ဆုံးျဖတ္ခဲ့တာပင္။
အဲဒီေတာ့ မထူး၊ ေပျဖစ္တုန္းခံရမွာပင္။
သူ႔မွာကားမရွိတာမို႔ စံသာၿဖိဳးကားနဲ႔သာ စားေသာက္ဆိုင္ရွိရာကို လိုက္ခဲ့ရသည္။
စံသာၿဖိဳးက သူ႔ကိုေရာက္တတ္ရာရာေျပာလိုက္၊ ကားေမာင္းလိုက္နဲ႔ လုပ္ေနရာက စားေသာက္ဆိုင္ကို ခပ္ျမန္ျမန္သာေရာက္သြားၾကသည္။
ပုံမွန္႐ုံးဆင္းခ်ိန္ဆို ကားပိတ္တတ္ေပမယ့္ သူတို႔အလုပ္ရွိတဲ့ေနရာနဲ႔ ဆိုင္ကသိပ္မေဝးတာမို႔ လမ္းပိတ္တာနဲ႔သိပ္မႀကဳံလိုက္ရေပ။
ဆိုင္က ဘူေဖးဆိုင္ျဖစ္ၿပီး နာမည္ႀကီးတဲ့ဆိုင္မို႔ ညေန ၆ နာရီခြဲမွာ လူအစည္ဆုံးအခ်ိန္ဟုေျပာရမည္။
"လူေတြမ်ားေတာ့ ေစာင့္ရအုံးမလားမသိဘူးေနာ္"
"ဟင့္အင္း ကိုယ္ booking ႀကိဳလုပ္ထားတယ္ အၾကာႀကီးေစာင့္ေနရရင္ လင္းစက္ဗိုက္ဆာေနမွာစိုးလို႔"
အေျပာကေတာ့ ေႂကြေလာက္ပါရဲ႕၊ ဒါေပမယ့္ သူ႔လို သာမာန္ရင္းႏွီးတဲ့မိတ္ေဆြကိုေတာင္ အခုလိုဂ႐ုစိုက္ေပးရင္ သူ႔ရည္းစားေတြဆိုရင္လဲ ဒီလိုပဲလုပ္ေပးမွာအသိသာႀကီး။
ေႂကြမသြားနဲ႔ ၾကည္လင္းစက္ကို၊ ဒီလူက တကယ့္လူရႈပ္လူေပြ။
စားခ်င္တာေတြအကုန္ယူၿပီးေတာ့ သူအခ်ဥ္ယူဖို႔သတိရကာ အခ်ဥ္စပ္တဲ့ေကာင္တာနားမွာ ရပ္လိုက္ေတာ့ စံသာၿဖိဳးကေျပာလာသည္။
"ရတယ္ ေနေန ကိုယ္အခ်ဥ္စပ္ခဲ့ေပးမယ္"
"ရပါတယ္ ကြၽန္ေတာ္"
"ကိုယ္စပ္ခဲ့ေပးပါမယ္ဆို ေအးေဆးသြားထိုင္ၿပီး ေဟာ့ေပါ့ျပဳတ္ေနလိုက္ေတာ့ ဟုတ္ၿပီလား"
ဆိုင္မွာလူမ်ားေနတာမို႔ သူတို႔ႏွစ္ေယာက္အနားမွာလဲ တျခားအခ်ဥ္ယူမယ့္သူေတြ တန္းစီေနတာနဲ႔ စကားရွည္ရွည္ေျပာမေနေတာ့ပဲ သူထိုင္ခံစီျပန္လာခဲ့လိုက္သည္။
တကယ္လို႔ စံသာၿဖိဳးစပ္ေပးလာတဲ့ အခ်ဥ္အရသာကို သူသေဘာမက်လဲ ေနာက္မွ ထပ္သြားစပ္လိုက္မယ္လို႔သာေတြးထားခဲ့ေပမယ့္ စံသာၿဖိဳးအခ်ဥ္ႏွစ္ခြက္ယူကာ ျပန္လာထိုင္တဲ့အခါ သူ႔မွာ အံ့အားသင့္ရေတာ့သည္။
"ေရာ့ ဒါက လင္းစက္အတြက္"
သူတို႔ႏွစ္ေယာက္ရဲ႕အခ်ဥ္ခြက္ပုံစံကမတူပါ။ စံသာၿဖိဳးရဲ႕အခ်ဥ္ခြက္မွာ နံနံပင္မပါေပမယ့္ သူ႔အခ်ဥ္ခြက္မွာေတာ့ နံနံပင္ႏိုင္းခ်င္းပါသလို သူမစားတဲ့ ေျမပဲအႏွစ္နဲ႔ ႏွမ္းဆီေတာ့မထည့္ထားေပ။
သူ႔ပုံစံက အံ့ဩေနတဲ့ပုံစံျဖစ္ေနတာကို စံသာၿဖိဳးက သတိထားမိၿပီး ၿပဳံးကာေျပာသည္။
"လင္းစက္က ေျမပဲနဲ႔မတည့္တာေရာ ႏွမ္းဆီထည့္ရတာမႀကိဳက္တာေရာ၊ နံနံပင္ႀကိဳက္တာေရာ ကိုယ္အကုန္မွတ္မိပါတယ္။ ကိုယ္ကေတာ့ လင္းစက္နဲ႔မတူဘူး နံနံပင္မႀကိဳက္ဘူးေလ"
အျပဳအမူေသးေသးေလးဆိုေပမယ့္ သတိတရရွိေပးမႈေၾကာင့္ သူ႔ကိုယ္သူထိန္းထားရင္းကပင္ ရင္ထဲထိရွသြားမိတာေတာ့ မတတ္ႏိုင္။
သူတို႔ႏွစ္ေယာက္ ထမင္းတူတူစားဖူးတဲ့အႀကိမ္အေရအတြက္က အရမ္းမမ်ားသလို ေဟာ့ေပါ့အတူစားခဲ့ဖူးတာလဲ တစ္ခါသာရွိသည္။ အဲဒါေၾကာင့္ ဒီလိုအေသးအဖြဲေလးေတြက န္သတိမမူတတ္တဲ့သူသာဆိုရင္ သာမာန္ကာ လွ်ံကာေက်ာ္သြားေလာက္မယ့္ကိစၥေတြဆိုေပမယ့္ စံသာၿဖိဳးကေတာ့ မေမ့ခဲ့။
"ေက်းဇူး" ဟုခပ္တိုးတိုးေျပာကာ စံသာၿဖိဳးမျမင္ေအာင္ သူၿပဳံးလိုက္မိသည္။
"ေက်းဇူးတင္စရာမလိုပါဘူးကြာ"
ျပန္ေျပာလာတဲ့ စံသာၿဖိဳးအသံက ေႏြးေႏြးေထြးေထြး။ စံသာၿဖိဳး က အရင္ကတည္းက သူ႔အေပၚမွာဆို အရမ္းေႏြးေထြးလြန္းသည္။ မသိရင္ သူ႔ကိုသနားလို႔ ဂ႐ုစိုက္ေပးေနတာမဟုတ္သလို၊ ရင္ထဲကလာတဲ့ ဂ႐ုစိုက္ျခင္းမ်ိဳးနဲ႔ ဂ႐ုစိုက္ေနသလိုမ်ိဳးဟု ထင္ရသည္။
အေတြးထဲမွာနစ္ေျမာကာ သူ စားပြဲေပၚမွာေတြ႕သမွ် ပန္းကန္ေတြထဲ အသားဖတ္ေတြ အ႐ြက္ေတြကို ေဟာ့ေပါ့အိုးထဲထည့္ေနတုန္း စံသာၿဖိဳးဆီကေအာ္သံၾကားရျပန္သည္။
"ေဟ့ လင္းစက္ ဘာလို႔ပုဇြန္ေတြကို အိုးထဲထည့္ေနတာလဲ ပုဇြန္နဲ႔တည့္တာလဲမဟုတ္ပဲနဲ႔"
"ဗ်ာ"
"ပုဇြန္ေတြဘာလို႔ထည့္ေနတာလဲလို႔ ေပးေပး ကိုယ့္အိုးနဲ႔လဲလိုက္"
သူ႔ဘာသာသူေျပာကာ ေဟာ့ေပါ့အိုးႏွစ္အိုးကို ထလဲေနျပန္သည္။
တကယ္ပဲ ခင္ဗ်ား ကြၽန္ေတာ့္ကို ဘာျဖစ္ေစခ်င္ေနတာလဲ စံသာၿဖိဳးရာ။ လူတစ္ေယာက္ကို သနားလို႔ဆိုၿပီး သူ႔ကိုအဲဒီေလာက္ထိ ဂ႐ုလိုက္စိုက္ေပးေနစရာလိုလို႔လား။
အဲဒီေလာက္ထိ အေသးစိတ္လိုက္မွတ္မိေပးေနစရာလို႔လား။ ခင္ဗ်ားရဲ႕ရည္းစားေတြကိုေရာ အဲဒီလို ဂ႐ုစိုက္ေပးတာပဲလား။
"လင္းစက္ ဘာျဖစ္လို႔လဲ ကိုယ့္အိုးနဲ႔လဲစားရမွာ ႐ြံလို႔လား ကိုယ္ဘာမွမစားရေသးပါဘူး"
"အာ မဟုတ္ပါဘူး ကြၽန္ေတာ္ဘာလို႔ ေမ့ၿပီး ပုဇြန္ေတြထည့္လိုက္မိတာလဲလို႔ ေတြးမိသြားလို႔ပါ"
"ထည့္လိုက္မိလဲ ကိစၥမရွိပါဘူး ကိုယ့္အိုးနဲ႔လဲလို႔ရေနတာပဲ မဟုတ္လဲ အိုးျပန္လွယ္ခိုင္းလို႔ရတယ္ေလ အမ်ားႀကီးစိတ္ပူမေနနဲ႔ ဟုတ္ၿပီလား"
"ဟုတ္ကဲ့ ေက်းဇူးပါ"
"ေက်းဇူးတင္စရာမလိုပါဘူးဆို ကိုယ့္ကို အရင္လိုခင္ေသးရင္ အရမ္းမစိမ္းကားပါနဲ႔ အဲဒါက ကိုယ့္ကိုေက်းဇူးတင္တာနဲ႔အတူတူပဲ"
သူဘာျပန္ေျပာရမယ္မသိတာမို႔ ေခါင္းသာအသာညိတ္ျပလိုက္မိသည္။
"လင္းစက္မ်က္ႏွာကမလန္းဘူး အခုတေလာ စိတ္ညစ္စရာကိစၥရွိလို႔လား"
"အဲဒီလိုလဲမဟုတ္ပါဘူး ကြၽန္ေတာ္အလုပ္နည္းနည္းမ်ားေနလို႔ပါ"
"အလုပ္ကိုအဲဒီေလာက္ထိမႀကိဳးစားပါနဲ႔ကြာ နားရမယ့္အခ်ိန္ စားရမယ့္အခ်ိန္ကိုလဲ ေအးေဆးနားပါ စားပါအုံး"
"အကို .. အကိုေျပာေနတဲ့အလုပ္ဆိုတာက အကို႔ကုမၸဏီေနာ္"
"ဟုတ္တယ္ေလ အကို႔ကုမၸဏီ .. အဲဒါမို႔ လင္းစက္နဲ႔လည္းသက္ဆိုင္တယ္ လင္းစက္ကုမၸဏီလို႔သေဘာထားလို႔ရတယ္ အဲဒါေၾကာင့္ ေအးေဆး"
စံသာၿဖိဳးရဲ႕ ဘာလိုလိုအေျပာေၾကာင့္ သူ႐ုတ္တရက္ရွက္သြားကာ ရင္လဲေဆာင့္ခုန္သြားတယ္။ ကိုယ့္ကိုကိုယ္ အသည္းမာႏိုင္ေနၿပီလို႔ထင္ခဲ့ေပမယ့္ အခုလိုအေျပာမ်ိဳးမွာ ရင္ခုန္ေနမိဆဲျဖစ္ေနတာ ကိုယ့္ကိုကိုယ္လဲ စိတ္ပ်က္မိျပန္တယ္။
"ဘာာ ဘာဆိုင္လို႔လဲ"
"ကိုယ္တို႔က ညီအကိုေကာင္းေတြေလ .. အဲဒီေတာ့ ကိုယ့္ကုမၸဏီကို လင္းစက္ရဲ႕ကုမၸဏီလိုပဲ သေဘာထားေပါ့။ အလုပ္ႀကိဳးစားတာေကာင္းပါတယ္ ဒါေပမယ့္ က်န္းမာေရးကိုေတာ့ မထိခိုက္ေစနဲ႔ ဟုတ္ၿပီလား"
"ဟုတ္"
"လိမၼာတယ္ ေရာ့ အသားေတြက်က္ေနၿပီ မာမသြားခင္ ျမန္ျမန္ေလးစားလိုက္"
သူ႔မ်က္စိေရွ႕ေရာက္လာတဲ့အသားဖတ္ေၾကာင့္ ေယာင္ယမ္းၿပီးပါးစပ္ဟကာ စားလိုက္မိၿပီးမွ သူ႔အျဖစ္ကို ျပန္သတိရကာ ေခါင္းႀကီးငုံ႔လိုက္မိသည္။
ကိုယ့္ကိုကိုယ္ထိန္းစမ္းပါ ၾကည္လင္းစက္ကိုရာ၊ စံသာၿဖိဳးအေပၚမွာ အဲဒီေလာက္ လြယ္လြယ္နဲ႔ နစ္ဝင္မသြားစမ္းပါနဲ႔။
အသိစိတ္က အတန္တန္သတိထားေနေပမယ့္ မသိစိတ္ကေတာ့ အခ်စ္ဦးအေပၚမွာ ျပန္ပီးယိမ္းယိုင္ေနမိၿပီလားဆိုတာ သူ႔ကိုယ္သူေတာင္ မဆန္းစစ္ခ်င္ေတာ့ေပ။
Part 21 to be continued
အသဲေလးတို႔ အခ်စ္ကေလးတို႔ေရ အခုရက္ပိုင္း အစ္မအခန္းျပင္ေနတာနဲ႔ နည္းနည္းအလုပ္မ်ားေနတာမို႔ daily update အစား တစ္ရက္ျခားေလးျဖစ္ေနပါတယ္။ ၃၊၄ရက္ေလာက္ၿပီးရင္ေတာ့ daily ျပန္အပ္ႏိုင္ေတာ့မွာပါ။ အျပစ္မျမင္ပဲ ကေလးေတြကို ခ်စ္ခင္ေပးၾကပါအုံးေနာ္။