The Challenge of Love (OC)
By Eaint_Shin_Sitt
362K 14.2K 724
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှ... More
Introduction
Part (1) Uni/Zawgyi
Part (2) Uni/Zawgyi
Part (3) Uni/Zawgyi
Part (4) Uni/Zawgyi
Part (5) Uni/Zawgyi
Character Introduction
Part (6) Uni/Zawgyi
Part (7) Uni/Zawgyi
Part (8) Uni/Zawgyi
Part (9) Uni/Zawgyi
Part (10) Uni/Zawgyi
Part (11) Uni/Zawgyi
Part (12) Uni/Zawgyi
Part (13) Uni/Zawgyi
Part (14) Uni/Zawgyi
Part (15)Uni/Zawgyi
Part (16) Uni/Zawgyi
Part (17) Uni/Zawgyi
Part (18) Uni/Zawgyi
Part (19) Uni/Zawgyi
Part (20) Uni/Zawgyi
Part (21) Uni/Zawgyi
Part (22) Uni/Zawgyi
Part (23) Uni/Zawgyi
Part (24) Uni/Zawgyi
Part (25) Uni/Zawgyi
Part (26) Uni/Zawgyi
Part (27) Uni/Zawgyi
Part (28) Uni/Zawgyi
Part (29) Uni/Zawgyi
Part (30) Uni/Zawgyi
Part (32) Uni/Zawgyi
Part (33) Uni/Zawgyi
Part (34) Uni/Zawgyi
Part (35) Uni/Zawgyi
Part (36) Uni/Zawgyi
Part (37) Uni/Zawgyi
Part (38) Uni/Zawgyi
Part (39) Uni/Zawgyi
Part (40) Uni/Zawgyi
Part (31) Uni/Zawgyi
9.1K 403 27
By Eaint_Shin_Sitt
The Challenge of Love
Part (31)
"ကိုကို့အခန်းပြ "
"ဘာလုပ်မလို့လဲ "
တွယ်တာက ရေသောက်ပြီးနောက် ဆိုဖာနောက်မှာရပ်နေသောရန်ကြီးကိုခေါင်းမော့ပြီး အခန်းလိုက်ပြဖို့ပြောသည်။
"ကြည့်ချင်လို့ပေါ့ ကိုယ့်ရည်းစားအခန်းကိုကြည့်ခွင့်မရှိဘူးလား"
တွယ်တာသည် စောနက သူနမ်းလို့အသက်ရှူကြပ်ပါတယ်ဆိုတဲ့ကောင်မလေးမဟုတ်တော့သလိုမျိုး ရန်ကြီးရဲ့လက်ဖဝါးကြီးကြီးကိုကိုင်ဆွဲကာချွဲနေပြန်သည်။
"ကြည့်လို့ရပါတယ် ဘာမှထူးခြားတာမရှိဘူး"
"အဲ့ဆို ပြလေ "
"ထ..လာခဲ့ "
တွယ်တာလည်း နေရာမှထပြီး ရန်ကြီးခေါ်တဲ့နောက်သို့လိုက်သွားသည်။
ကွန်ဒိုကတအားအကျယ်ကြီးမဟုတ်သောကြောင့် အိပ်ခန်းကလည်းဧည့်ခန်းနဲ့သိပ်မကွာ။ ရန်ကြီးကတံခါးဖွင့်ပေးလိုက်တော့ တွယ်တာက အရင်အခန်းထဲဝင်သွားသည်။
စူးစမ်းသည့်သဘောနှင့်တစ်ခန်းလုံးကိုမျက်လုံးဝေ့ကြည့်ပြီး အသက်ကိုလည်းပြင်းပြင်းရှူရှိုက်လိုက်သည်။
ဟုတ်သည်။ ဒီအခန်းထဲက ကိုရန်ကြီးဆီကနေအမြဲရတဲ့ Channel ရေမွှေးနံ့ကိုရသည်။ ဒီအနံ့ကိုတွယ်တာအရမ်းကြိုက်သည်။
ယောက်ျားလေးတစ်ယောက်တည်းနေတဲ့အခန်းဆိုပေမဲ့ပစ်စလက်ခက်ကြီးရှုပ်ပွမနေ။ ခပ်ရှင်းရှင်းပဲဖြစ်သည်။
အိမ်ကအစ်ကိုဆိုမာမားနဲ့ကြီးကြီးရွှေလာရှင်းမပေးရင်အမြဲရှုပ်ရှပ်ခက်နေတာ။
ရန်ကြီးကအခန်းအပေါက်ဝမှာ လက်ပိုက်ပြီးတံခါးကိုဘောင်ကိုမှီကာရပ်ကြည့်နေသည်။
"ကျေနပ်ပြီလား "
တွယ်တာကပြန်မဖြေသေးဘဲ အခန်းထဲမှာတွဲရပ်ရှိနေသော ရေချိုးခန်းကိုလည်းသွားဖွင့်ကြည့်သည်။
"ငါ့အခန်းကအဲ့ဒီလောက်စိတ်ဝင်စားစရာကောင်းမယ်လို့မထင်ဘူး"
ထိုအခါမှတွယ်တာက ရန်ကြီးရှေ့သို့ပြန်ရောက်လာကာပြောသည်။
"ကိုယ့်ရည်းစားအခန်းကို အလွတ်ရအောင်သေချာမှတ်နေတာဘယ်နားမှာဘာရှိတယ်ဆိုတာ "
ရန်ကြီးက သူ့ထက်အများကြီးအရပ်ပုတဲ့ကောင်မလေးအား ခေါင်းကလေးကိုကလေးငယ်သဖွယ်ပွတ်လိုက်သည်။
"လူကိုမှတ်မိရင်တော်ရောပေါ့ မင်းက ငါ့ထက်ငါ့အခန်းကိုပိုကြိုက်နေသလိုပဲ"
"ကိုကိုနဲ့ပတ်သတ်ရင်အားလုံးကြိုက်တာ "
တွယ်တာက ရန်ကြီးရင်ခွင်ထဲဝင်တိုးတော့ ရန်ကြီးကအလိုက်သင့်ပြန်ဖက်ထားလိုက်သည်။
"ဘာစားမလဲ မှာကျွေးမယ် ဒီမှာတွေ့မယ်လို့ကြိုစီစဥ်မထားတော့ဘာမှမဝယ်ထားရဘူး"
"ဟင့်အင်းမစားချင်ဘူး ကိုကို့အနားကပ်ပြီး ကိုကို့အနံ့ရှူရုံနဲ့တွယ်တာကဗိုက်ပြည့်ပြီ"
ရန်ကြီး ဒီလိုစကားတတ်တဲ့ကောင်မလေးကို အသည်းယားလွန်းလို့ခပ်ဟ ဟရယ်ရင်းရင်ခွင်ထဲကခန္ဓာကိုယ်သေးသေးလေးအားသူ့လက်မောင်းတွေနဲ့ညှစ်ဖက်လိုက်သည်။
"ဘာလို့အဲ့ဒီလောက်စကားတတ်နေတာလဲ ငါတော့ မင်းပါးစပ်ကတစ်ခွန်းထွက်တိုင်း ဘာပြန်ပြောရမှန်းကိုမသိတော့ဘူး"
"အာဘွားပေးလိုက်ပေါ့ "
ရန်ကြီးလည်း သူ့ရင်ခွင်ထဲကနေမော့ကြည့်လာတဲ့ကောင်မလေးအား နဖူးသို့မြွက်ကနဲနေအောင်နမ်းလိုက်သည်။
"အား ကိုကို့အနမ်းလေးကချိုလိုက်တာ ဒီကိုနမ်းပါဦး"
ပါးလေးမော့ပေးလာပြန်တဲ့ကောင်မလေးက တကယ့်မနိုင်စိန်ကလေးသာဖြစ်သည်။
ရန်ကြီးလည်းရယ်နေရင်းသူမပါးနုနုကလေးကိုနှာခေါင်းချွန်ချွန်နဲ့ထိုးနမ်းလိုက်၏။
"ဒီဘက် "
နောက်ထပ်ပါးတစ်ဖက်ထပ်မော့ပေးတော့ ရန်ကြီးလည်း အဲ့ဒီဘက်ပါးကလေးကို ၃ချက်ဆက်တိုက်နမ်းပေးလိုက်သည်။
"ကဲကွာ...ကဲကွာ...ကဲကွာ....ပြော ဘယ်နားနမ်းပေးရဦးမလဲ "
"ကိုကို့နမ်းမဝလေးဖြစ်ဖို့ ဘာတွေလိုအပ်လဲ "
"မင်းတော့ကွာ....ဘာမှမလိုဘူးတွယ်တာရတနာလို့ပြောလိုက်တာနဲ့ဘယ်နေရာနေနေအကုန်နမ်းချင်တာ "
"ဟီး...ဟီး...တွယ်တာတော့ ဒီနားကိုမခွာချင်တော့ဘူး"
တွယ်တာသည် ရန်ကြီးရင်ခွင်ထဲပိုလို့တိုးဝင်ပြီး ကျောပြင်ကြီးအားဖက်ထားလေသည်။
"ပြန်ကြမယ် မင်းမနက်ကတည်းကထွက်လာတာမဟုတ်လား မင်းမာမားစိတ်ပူနေလိမ့်မယ်"
"မာမားကစိတ်ပူတာက ဖုန်းဆက်ပြီးပြောလိုက်လို့ရတယ် ဒီကအပြန်ကိုကို့ကိုလွမ်းနေရင် တွယ်တာကတစ်နေကုန်မပြုံးနိုင်ဘဲနေတော့မှာ"
"ပလီပလာမလေး လာ... ပြန်ကြမယ် "
"ကိုကိုကလည်း တွယ်တာကမပလီပါဘူးနော် ကိုကို့ကိုအများကြီးချစ်တာပါဆို"
"ကိုကိုသိပါတယ် ဒါပေမဲ့အကြာကြီးနေလို့မကောင်းဘူး လာ...ညနေကျ Gymမှာလည်းတွေ့ရမှာပဲ "
ရန်ကြီးသည် တွယ်တာ့အားအိမ်မှာအကြာကြီးခေါ်ထားလျှင် ဘေးအခန်းတွေကတစ်မျိုးထင်ကြမည်အားမလိုလား၍ ပြန်ဖို့ပဲစိတ်အားထက်သန်နေသည်။
ကိုယ်ကဘာမှမ​ဖြစ်ပေမဲ့...သူမအနေနဲ့တော့စိတ်ပူရသည်။ ပြီးတော့အောက်ထပ်ကအပျိုကြီးကလည်းလေကကောင်းကောင်းနဲ့ဟို၂ကောင်လာတုန်း ဟိုနေ့ကကောင်မလေးအိမ်ခေါ်လာတယ်ဟုများပြောလိုက်ရင်ရန်ကြီးအောင်တော့ရှင်းမရတဲ့ပြဿနာတက်ပြီဖြစ်သည်။
ရန်ကြီးက တွယ်တာ့ရဲ့အိမ်တွေကအစသူပဲကိုင်လာပေးပြီး ခေါ်လာခဲ့သည်။
"ဟိုဘက်ကထိုင်လေ ငါမောင်းခဲ့မယ် "
ရန်ကြီးက Driver Seat မှာဝင်ထိုင်ပြီးတွယ်တာ့ကားကိုမောင်းလာပေးခဲ့၏။
သူက Training ပြန်ဆင်းရမှာမို့ ထိုနေရာသို့ပြန်လာခဲ့သည်။ တွယ်တာ့ကိုလည်းကားကိုသေချာမောင်းဖို့သေချာမှာလိုက်ပြီးအိမ်ရောက်ရင်လည်းအိမ်ရောက်ကြောင်းဖုန်းဆက်ဖို့တစ်ခါတည်းပြောလိုက်သည်။
*
*
*
မနက်ဖြန်ကျရင် ရုံးပိတ်ရက်ဆိုတော့ ဒီနေ့ပန်းနုနှင့်လဝန်းကိုအိမ်ခေါ်လိုက်သည်။ မနက်ဖြန်ဆို ကိုကိုရောကိုငထူးရောလာကြမှာဆိုတော့ ပန်းနုတို့ရောဆိုရင်အိမ်မှာမာမားကမျက်စိနောက်လိမ့်မည်။
မယ်မင်းကြီးမ၂ယောက်ကလည်း ကိုကိုနဲ့တွယ်တာ့အကြောင်းသိချင်တာက နှစ်ပိုင်းလုံးသေနေတာမို့ခေါ်ထားတာထက်တောင်စောပြီးရောက်လာသေးသည်။
တွယ်တာ့အခန်းကိုရောက်​ရောက်ချင်း ၂ယောက်စလုံးအားတွယ်တာ့လက်မောင်းကိုတစ်ယောက်တစ်ချက်ရိုက်သည်။
"ငါတို့ကို မပြောချင်ဦး "
"မပြောချင်ဦး "
"ပြောပြပြီးပြီလေ ကောင်မတွေ ငါ့ကိုရိုက်တာ ကိုကိုနဲ့တိုင်မယ် "
"အမလေး ဘဲရဲ့ဗလအားကိုးနဲ့ငါတို့ကိုလာချိန်းခြောက်နေတာ "
"နင်တို့မှာမရှိဘူးလေ ဟင်းဟင်း ငါ့မှာတော့ သိပ်ချစ်ရတဲ့ကိုကိုရှိနေပြီ"
"တွယ်တာမ ဆက်ကြူးမယ်ဆိုရင် ပြန်မှာနော် "
လဝန်းက တကိုကိုတည်းကိုကိုနေတဲ့တွယ်တာ့အားအမြင်ကပ်ပုဒ်မနဲ့ပြောလာသည်။
"နင်တို့ပြန်ရင် ကိုကိုနဲ့သွားချိန်းတွေ့မယ် "
"ပြန်ဘူးအေ လဝန်း မပြန်နဲ့ဒီကောင်မကိုဒီနေ့ နှိပ်စက်ရမယ် "
ပန်းနုက လဝန်းကိုဆွဲခေါ်ပြီး တွယ်တာ့အိပ်ယာပေါ်သို့သက်တောင့်သက်သာဝင်ထိုင်လိုက်သည်။
တွယ်တာတို့၃ယောက်သားအခန်းအပြင်တောင်မထွက်ကြ။ အိမ်သို့Delivery နဲ့မှာစားတဲ့မုန့်တွေကိုတောင် ကြီးကြီးရွှေကပန်းကန်နဲ့ထည့်ပြီးအခန်းထဲလာပို့ရသည်။
တွယ်တာလည်းဒီနေ့တော့ပန်းနုနဲ့လဝန်းမေးသမျှကိုအကုန်ပြန်ဖြေပေးရသည်။ မနေ့က ကိုကို့အိမ်ရောက်ခဲ့တာလည်းပြောပြလိုက်ရသည်။
Gym မှာလည်း ကိုကိုကိုယ်တိုင်Trainပေးနေတယ်ဆိုတာကတော့မပါမဖြစ်အကြောင်းအရာပဲဖြစ်သည်။
တွယ်တာတို့နောက်ဆုံးပြောဖြစ်ကြသည့်အကြောင်းအရာကတော့ တွယ်တာတို့Dance Class က ဆရာကအရမ်းချောတဲ့အကြောင်းဖြစ်ပါသည်။
ပန်းနုတို့ကလည်းဒါမျိုးဆိုနှေးမနေတော့ဘဲထိုအကဆရာနဲ့Pageနဲ့အကောင့်ကို Facebookကနေ ချက်ချင်းသွား Folllow ထားလိုက်တော့သည်။
အပြန်ကျတော့ တွယ်တာကပဲ Gym သွားရင်း ၂ယောက်စလုံးကိုပြန်လိုက်ပို့ပါ၏။
မနက်ဖြန်က Gym ပိတ်တာဖြစ်ပြီး ရန်ကြီးကတွယ်တာတို့အိမ်မှာခိုင်မြဲတို့နဲ့ချိန်းထားပြီးသားမို့ တွယ်တာကနေထူးကဲပြီး မနက်ဖြန်ချိန်းဆိုနေစရာမလို။
နေ့ခင်းပိုင်းကစလို့ ညနေအထိ ကိုကိုဟာတွယ်တာနဲ့တစ်အိမ်တည်းအတူတူရှိနေမှာဖြစ်သည်။
တွယ်တာကတော့အဲ့ဒီအကြောင်းကိုညကတည်းကတွေးပြီးပျော်နေမိသည်။ မနက်ဖြန်ကျရင် ကိုကြီးရဲ့ Game Room ထဲကို ဘယ်လိုအကြောင်းပြချက်နဲ့ဝင်ရမလဲဆိုတာ ခုကတည်းကစဥ်းစားပြီးအိပ်သည်။
*
*
*
"ငါ မင်းတို့အိမ်ရှေ့ရောက်နေပြီဖုန်းချလိုက်တော့မယ်"
ဟုတ်သည်။ ကိုကိုကတွယ်တာ့အိမ်လာတဲ့တစ်လမ်းလုံးတွယ်တာနဲ့ဖုန်းပြောလာတာဖြစ်သည်။ အိမ်ရှေ့ရောက်မှာသာအိမ်ကလူတွေရိပ်မိမှာစိုးလို့ဖုန်းချလိုက်တော့မည်ပြောတာဖြစ်သည်။
တွယ်တာလည်း ရန်ကြီးကဖုန်းချပြီး ကားသံကြားတာနဲ့ အောက်သို့ပြေးဆင်းလာသည်။
"ဟဲ့...ဟဲ့...ဘယ်လိုဖြစ်နေတာလဲ မိတွယ်တာ စပ်စလူးကိုထနေတာပဲ"
ဧည့်ခန်းထဲမှာ မဂ္ဂဇင်းစာအုပ်ဖတ်နေသောမာမားက လှေကားကနေတဒုန်းဒုန်းနဲ့ဆင်းလာတဲ့တွယ်တာ့အားဆူပါတော့သည်။
"ဘာမှမဟုတ်ပါဘူး ရေဘူးလာယူတာ ရေခဲသေတ္တာထဲက... ဟာ...ကိုရန်ကြီးပါလား "
တွယ်တာသည် ရန်ကြီးလာတာအခုမှသိတဲ့ပုံစံနဲ့အိမ်ထဲဝင်လာသောရန်ကြီးအနားသို့ရောက်သွားသည်။
"သြော်...ရန်ကြီးရောက်နေတာလား "
"ဗျာ...ဟုတ်...တရုတ်ကြီးရှိတယ်မလား"
"ရှိပါ့ ခုထိ ထမင်းတောင်ဆင်းမစားဘူး "
"ဒီကောင် Game Stream နေတာနေမှာ "
ကိုကိုက မာမားကိုသာပြန်ဖြေနေတာ မျက်လုံးတွေကတော့သူ့ရှေ့မှာရှိနေသောတွယ်တာဆီမှာသာဖြစ်သည်။
"ကျွန်တော်အပေါ်သွားလိုက်ဦးမယ် အန်တီ"
"အေးအေး သွား သား ခဏနေရင် ကြီးရွှေကိုမင်းတို့စားဖို့ အသီးတစ်ခုခုနဲ့အအေးနဲ့ပို့ခိုင်းလိုက်မယ် "
ရေဘူးယူမလို့ဆိုတဲ့တွယ်တာလည်းအခုတော့ ယောင်ဝါးဝါးနဲ့ ရန်ကြီးနဲ့အတူအပေါ်ထပ်သို့လိုက်သွားလေသည်။
"ဘာလို့လိုက်လာတာလဲ ရေဘူးယူမလို့ဆို "
"အဲ့တာကဆင်ခြေပါ ကိုကို့ကိုကြည့်မလို့ဆင်းလာတာ"
"မင်းတော့လား! "
"ကြိုက်ဘူးလားတွယ်တာကကိုကို့ကိုကြည့်ချင်လို့ကို"
အပေါ်ထပ်ရောက်တော့ ရန်ကြီးလက်မောင်းကြီးကိုဖက်တွယ်ပြီး ခပ်ချွဲချွဲပြောလာသဖြင့်ရန်ကြီးက ခိုင်မြဲအခန်းနဲ့ Game Room ကို တစ်ချက်ကြည့်ရသည်။
"မင်းအစ်ကိုမြင်သွားမယ် "
တွယ်တာ့လက်ကလေးတွေကိုသူ့လက်မောင်းပေါ်ကနေအသာလေးဖယ်ချပြီးတိုးတိုးလေးပြောသည်။
တွယ်တာကတော့အပြုံးမပျက် လွှတ်ပေးလိုက်သည်။
"ခဏနေရင် ကြီးကြီးရွှေယူလာမယ့်အသီးနဲ့မအေးကိုတွယ်တာယူလာခဲ့မယ်"
ပြောပြီး ရန်ကြီးအား ကိုကြီးရှိတဲ့ Game Stream သောအခန်းဘက်သို့တွန်းပို့ကာသူမကအောက်ပြန်ဆင်းသွားသည်။
​တွယ်တာ ရေခဲသေတ္တာဖွင့်ပြီးရေသောက်ရင်း ကြီးကြီးရွှေဖရဲသီးခွဲတာကိုစောင့်နေသည်။ လိမ္မော်ရည်တွေကိုတော့ခွက်၃ခွက်နဲ့ထည့်ပြီးသားဖြစ်ကာ ဖရဲသီးတွေကိုလည်းပန်းကန်ပြားနဲ့ထည့်ပြီးလင်ဗန်းပေါ်သို့တင်ကာ ကြီးကြီးရွှေကသွားပို့ဖို့ပြင်တော့တွယ်တာက လင်ဗန်းကိုသူမအရင်ဦးအောင်ယူလိုက်သည်။
"တွယ်တာယူသွားလိုက်မယ် ကြီးရွှေ"
တွယ်တာ လင်ဗန်းကြီးနဲ့ရှေ့ထွက်လာတော့ ကိုငထူးကအိမ်အပေါ်ထပ်တက်နေတာဆုံသည်။
တွယ်တာနှင့်ထူးမြတ်လင်းတို့အခန်းထဲဝင်လာတော့ ရန်ကြီးနှင့်ခိုင်မြဲက Gameဆော့နေတာမဟုတ်ဘဲ စကားပြောနေကြသည်။
"မဆော့သေးဘူးလား တရုတ်ကြီး "
"အေး မင်းကို စောင့်နေတာ "
"ရန်ကြီးက ဘာလို့တဲ့လဲ "
"လက်ထိပ်တွေနာနေတာ ခလုပ်မကိုင်နိုင်လောက်ဘူး ရှုံးမှာစိုးလို့ "
"အဲ့တာဆိုလည်းခဏနေဆော့မယ်လေ "
ထုံးစံအတိုင်း ခိုင်မြဲက Streamer ခုံနဲ့ထိုင်နေတာဖြစ်ပြီးဆိုဖာပေါ်မှာ ရန်ကြီးဘေးကနေထူးမြတ်လင်းကဝင်ထိုင်သည်။
တွယ်တာက အအေးလင်ဗန်းကြီးစားပွဲပေါ်လာချပေးတော့ ခိုင်မြဲနဲ့ထူးမြတ်လင်းကအအေးကိုချက်ချင်းတစ်ယောက်တစ်ခွက်ယူသောက်သည်။
ရန်ကြီးကတော့ ထူးမြတ်လင်းဘက်သို့တိုးပေးပြီး တွယ်တာ့ကိုမော့ကြည့်ကာပြောသည်။
"ထိုင်လေ "
တွယ်တာက ဝင်ထိုင်တော့ခိုင်မြဲကမကြည်တဲ့ပုံစံနဲ့ကြည့်၏။
"ဘာလို့ထိုင်မှာလဲနင်က သွားတော့လေ "
"အောင်မယ် ဒါတွေဘယ်သူယူလာပေးတာလဲ"
"ယူပေးပြီးပြီလေ ပြန်တော့"
"မပြန်ပါဘူး ဖရဲသီးစားချင်လို့ သေချာယူလာခဲ့ရတာ အအေးတောင်သမီးအတွက်မပါလာဘူး"
ခိုင်မြဲက သူ့ညီမလျှာရှည်ပြီး သူတို့နဲ့လာထိုင်တာကိုမကြိုက်။ သူတို့ယောက်ျားလေးစကားဝိုင်းထဲ အဲ့ဒီကလေးမကဝင်ရှုပ်ပြီးနားထောင်နေတာအဆင်မပြေ။ သူတို့ကယောက်ျားလေးအချင်းချင်းလွတ်လွတ်လပ်လပ်ပြောချင်သည်။
"ဟျောင့် ပြီးမှစားတော့ကွာ အရင်ဆော့မယ် "
စကားကိုနောက်မှပြောဖို့ဆုံးဖြတ်လိုက်ပြီး ခိုင်မြဲက ထူးမြတ်လင်းအားခေါ်ကာ Game အရင်ဆော့သည်။
ထူးမြတ်လင်းကလည်းလိမ္မော်ရည်ကိုအကုန်မော့သောက်လိုက်ကာချက်ချင်းထပြီး Computer ရှေ့ရောက်သွားသည်။
Game ဆိုရင် ရန်ကြီးထက် ခိုင်မြဲနဲ့ထူးမြတ်လင်းကပိုကစားသည်။ ရန်ကြီးက Computer Game တွေထက် Outdoor Game တွေ အားကစားတွေပိုကြိုက်တာမို့ ဘောလုံးကန်တာလောက်သာစိတ်ဝင်စားသည်။ Game ကို သူတို့လောက်မဆော့။
ရန်ကြီးက သူသောက်မယ့် လိမ္မော်ရည်အား တွယ်တာရှိတဲ့ဘက်သို့တိုးပေးလိုက်သည်။
"မင်းသောက်လိုက်"
"တော်ပါပြီ တွယ်တာက ကိုကြီးရှိလို့တမင်ပြောတာ ကိုကိုသောက် "
တွယ်တာက ရန်ကြီးဆီသို့ပြန်တိုးပေးလိုက်သည်။
"တရုတ်ကြီးက မင်းဒီမှာလာထိုင်တာမကြိုက်ဘူး "
"အဲ့ကျဘာလုပ်ရမှာလဲ ကိုကိုကြိုက်တယ်ရင်ရပြီလေ "
မေးထောက်ကာ သူ့ကိုကြည့်ပြီးပြောနေတဲ့ကောင်မလေးက သူ့လက်ကိုတစ်ခြားလက်တစ်ဖက်ဖြင့်လာကိုင်နေသည်။
ရန်ကြီးကတော့ရှေ့ကGame ဆော့နေတဲ့သူငယ်ချင်း၂ကောင်ရှိတာမို့လက်ကိုင်ရတာအန္တရာယ်များသည်ဟုထင်သည်။
တွယ်တာကပုခုံးချင်းလည်းလာထိပြီး သူ့ကိုအသည်းယားဖို့ကောင်းအောင်မျက်လုံးဝိုင်းလေးနဲ့လာကြည့်နေသဖြင့် ရန်ကြီးသည် အစ်ကိုတစ်ယောက်လုံးရှေ့ဖက်နမ်းမိရင်မကောင်းရှိတော့မည်။
"ပြီးမှရှေ့ထွက်လာခဲ့မယ် သွားတော့"
"ပြီးရောစောင့်နေမယ် "
တွယ်တာလ​ည်းရန်ကြီးစကားနားထောင်ပြီးသူ့အနားကနေထကာအပြင်ထွက်သွားလေ၏။
ရန်ကြီးကအခုမှအသက်ရှူချောင်တာဖြစ်ပြီး လေပူတစ်ချက်မှုတ်ထုတ်လိုက်၍ စောနကတွယ်တာမသောက်တဲ့လိမ္မော်ရည်တွေကိုတစ်ချိုးတည်းအကုန်သောက်ပစ်လိုက်သည်။
ပြီးတော့ နေရာကထလာပြီး ကျန်တဲ့၂ကောင်ဂိမ်းဆော့နေတာကိုဘေးကနေလာကြည့်ကာ ဝေဖန်ပေးသည်။
၁၅မိနစ်လောက်နောက်ကနေကူပြောပေးနေရင်း ဂိမ်းပွဲအလားအလာကိုကြည့်ကာမိနစ်၂၀လောက်ဒီကောင်တွေဒီ​နေရာကနေမထလာနိုင်ဘူးဆိုတာသေချာသွားတော့ရန်ကြီးလည်းဆင်ခြေတစ်ခုပြပြီးဒီအခန်းထဲကနေထွက်လာလိုက်သည်။
"ဟျောင့်တွေ Toliet ခဏ သွားဦးမယ် ငါမရှိတုန်းကောင်းကောင်းကစားကြ"
ရန်ကြီးကပြောထားခဲ့ပေမဲ့ သူတို့၂ကောင်ကတော့ စကားတောင်မပြောနိုင်လောက်အောင်ပွဲကြီးပွဲကောင်းကိုကစားနေတာဖြစ်သည်။
ရန်ကြီး တံခါးဖွင့်ပြီးထွက်လာလျှင်လာချင်း လက်တစ်ဖက်ကိုအဆွဲခံလိုက်ရလို့ ရန်ကြီးမှာမလုံမလဲနဲ့အောက်သို့လှမ်းကြည့်ရသေးသည်။
ဒီချိန်များ ဒေါ်ဝေဝေမြင့်တက်လာရင်တော့သေပြီပဲ။
တွယ်တာဟာရန်ကြီးအားသူမအခန်းထဲသို့ခေါ်သွင်းပြီး တံခါးပိတ်လိုက်သည်။
"မင်းတော့ ငါ့ကို နောက်ရက်ဒီအိမ်အရိပ်မနင်းရတော့အောင်လုပ်နေတာပဲ တွယ်တာ"
တွယ်တာကတော့ တံခါးကိုမှီပြီးသက်ပြင်းချနေတဲ့ကိုကို့ကိုကြည့်၍ သဘောကျကာပြုံးနေလေသည်။
"ကိုကိုကလ​ည်း မာမားတို့ကသဘောတူမှာပါဆိုအေးဆေးပေါ့ မြင်သွားလည်းဘာမှမဖြစ်ဘူး "
ရန်ကြီးကသာ ဘယ်မိဘကမှသားသမီးကိုငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်မပြုစေချင်တာ၊
ရည်းစားရှိတာသိရင် သူမအတွက်မလွတ်လပ်တော့မှာ၊
ကိုယ့်ကိုယုံကြည်လို့ဒီအိမ်ကိုတံခါးမရှိဓားမရှိဝင်ခွင့်ပေးထားရာကနေ ဒီလိုမျိုးသူတို့သမီးပျို၊ ညီမပျိုကလေးနဲ့ ပက်သက်နေရင် မကောင်းတတ်တာ၊ အယုံအကြည်အားအလွဲသုံးစားလုပ်တာ စသဖြင့်တွေးတောကာစိတ်ပူနေပါသော်လည်း
ဒီကလေးမဟာ သူ့ကိုချစ်တာကလွဲပြီးတကယ်ဘာမှမသိတဲ့အရူးမလေးဖြစ်သည်။
"ကိုကိုကလည်း ဒီမှာလော့ချထားတယ် ဘယ်သူမှဝင်မလာပါဘူးစိတ်မပူပါနဲ့ "
ရန်ကြီးနောက်ကတံခါးကိုလက်ညှိုးထိုးပြနေတော့ရန်ကြီးလည်းတံခါးရှေ့ကနေဖယ်လိုက်သည်။
"ဘာလို့ဒီထဲခေါ်လာတာလဲ"
"ဟိုနေ့က ကိုကို့အခန်းထဲလိုက်ကြည့်ခဲ့တယ်လေ ဒီနေ့ တွယ်တာ့အခန်းကိုအလည်ခေါ်တာ "
ခရမ်းနုရောင်အခန်းကလေးက သူမလိုပဲမိန်းကလေးဆန်ဆန်ကနွဲ့ကနွဲ့ကလျကလေးဖြစ်ကာ လူနဲ့အခန်းတော့လိုက်သားဟုရန်ကြီးတွေးမိသည်။
အလှကြိုက်တယ်မကြိုက်တယ် မှန်တင်ခုံပေါ်ကSkin Care ပစ္စည်းတွေနဲ့ Make up အလှကုန်ပစ္စည်းတွေဟာ မှန်တင်ခုံနဲ့တောင်မဆန့်ဘဲ ဘူးတွေဘူးတွေဆိုတာဘေးမှာတောင် စင်တစ်ခုထားပြီးတင်ထားရသည့်အဖြစ်ပဲဖြစ်သည်။
"ပြီးတော့ နောက်တစ်ခုက ဒီနေ့မဖက်ရသေးဘူး ဖက်ချင်လို့"
ပြောပြီး ရန်ကြီးကိုခါးကနေသွားဖက်လေသည်။
တွယ်တာဖက်လိုက်တာနဲ့ရန်ကြီးရင်အုံကလည်းနွေးထွေးသွားကာသူမကိုအသာလေးပြန်ပွေ့ပိုက်ထားလိုက်သည်။
"မွှေးလိုက်တာ"
တွယ်တာသည် ရန်ကြီးရဲ့ရင်ဘက်ကရတဲ့ကိုယ်သင်းနံ့နှင့်ရေမွှေးနံ့ကို ရှိုက်ပြီးရှူလိုက်ကာ
"တွယ်တာ ကိုကို့အနံ့ကိုအရမ်းကြိုက်တာပဲ "
ဟု ခေါင်းလေးမော့ပြီးပြောလာသည်။
"ဟုတ်လား ဘာနံ့လဲ "
ရန်ကြီးက သူမကိုငုံ့ကြည့်ပြီးပြန်မေးတော့ တွယ်တာက ရန်ကြီးရဲ့ရင်အုံကို လက်ညှိုးလေးနဲ့ထိုးပြီးပြန်ဖြေသည်။
"ကိုကို့အနံ့ပါဆို "
"အင်္ကျီထဲပါဝင်ရှူဦးမလား "
"အဲ့လိုရလား "
"ရတယ် "
ကိုကို့ဆီကခွင့်ပြုချက်ရတာနဲ့ တွယ်တာသည် ကိုကို့တီရှပ်ကိုလှန်ကာ ခေါင်းဝင်လိုက်သည်။
တွယ်တာအနံ့ရှူမလို့ဝင်သွားပေမဲ့ ရန်ကြီးရဲ့ရင်အုပ်ကြီးနဲ့သူမမျက်နှာလေးနဲ့ထိတွေ့လိုက်ရချိန်မှာတော့ ရင်ခုန်လွန်းလို့ အင်္ကျီထဲတင်ပြုံးစိစိလုပ်နေမိတော့သည်။
ကောင်မလေးက သူ့ဗိုက်ကြွက်သားတွေကိုလက်သေးသေးလေးနှင့်ပွတ်နေပြီး ရင်အုပ်ပေါ်မှာပါးလေးကပ်ထားတာမို့ ရန်ကြီးအသက်ကိုပြင်းပြင်းရှူလိုက်ရပါတော့သည်။
ထိုအခါတွယ်တာကချက်ချင်းပဲ ရန်ကြီးရဲ့ အင်္ကျီလည်ပင်းပေါက်ကနေခေါင်းရအောင်ထွက်လာပြီးပြောသည်။
"ကိုကိုရင်တွေခုန်နေတာ "
ရန်ကြီးက ငုံ့ကြည့်လိုက်တော့သူမမျက်နှာလေးနဲ့တစ်ထွာတောင်မဝေးတော့ပေ။
"ခုန်မှာပေါ့မင်းလုပ်နေတာကိုလည်းကြည့်ဦးလေ "
တွယ်တာက ထိုအခါမှ သွားတန်းလေးတွေပေါ်အောင်ရယ်ပြီး အင်္ကျီအောက်ကနေပြန်ထွက်လာသည်။
"မာတောင့်နေတာပဲ ဗိုက်ရောရင်အုပ်ကြီးရော ကြိုက်တယ်သိလား"
"မာတောင့်တဲ့ဟာ နောက်တစ်ခုရှိသေးတယ် "
"ဘယ်ဟာလဲ "
"နောက်မှပြမယ် "
"အခုဘာလို့မပြတာလဲ"
"​အချိန်မရဘူး တရုတ်ကြီးတို့ဂိမ်းဆော့ပြီးတော့မယ် သွားတော့မယ် "
"ခဏလေး တွယ်တာကြည့်ပေးမယ် အောက်ကလူတက်လာလိမ့်မယ်"
တွယ်တာက ရှေ့ကနေအရင်ထွက်ပြီးအောက်သို့လှမ်းကြည့်ပြီးမှ ရန်ကြီးအားထွက်ခဲ့ဖို့ခေါ်သ​ည်။
ရန်ကြီးက ခိုင်မြဲတို့အခန်းထဲဝင်ဖို့လုပ်တော့တွယ်တာသူ့အနားကပ်ပြီးပြောသွားသေးသည်။
"နောက်ရက်ကျရင်ပြနော်"တဲ့
ရန်ကြီးတော့ ရယ်ပဲရယ်ချင်တော့သည်။
ဘယ်ဟာပြောလို့ပြောမှန်းမသိ ဇွတ်ကြည့်ချင်နေတော့တာပဲဒီကောင်မလေး။
*********************************
အမှားပါရင်ခွင့်လွှတ်ပါ။
Part (32) ဆက်ရန်
Zawgyi Version
The Challenge of Love
Part (31)
"ကိုကို့အခန်းပြ "
"ဘာလုပ်မလို့လဲ "
"အဲ့ဆို ပြလေ "
"ထ..လာခဲ့ "
"ကျေနပ်ပြီလား "
"အာဘွားပေးလိုက်ပေါ့ "
"ဒီဘက် "
*
*
*
"မပြောချင်ဦး "
*
*
*
"မင်းတော့လား! "
"ရန်ကြီးက ဘာလို့တဲ့လဲ "
"ထိုင်လေ "
"မင်းသောက်လိုက်"
"ပြီးရောစောင့်နေမယ် "
"မွှေးလိုက်တာ"
"ဟုတ်လား ဘာနံ့လဲ "
"ကိုကို့အနံ့ပါဆို "
"အဲ့လိုရလား "
"ရတယ် "
"ဘယ်ဟာလဲ "
"နောက်မှပြမယ် "
"အခုဘာလို့မပြတာလဲ"
*********************************
Part (32) ဆက်ရန်
Continue Reading
You'll Also Like
800K 66.3K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
2.9M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.7M 69.4K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...