BLANK-ကွက်လပ်

By MaMa99547

122K 2K 101

ခင်ဗျားကိုမြင်မြင်းချင်းထဲက..လုပ်ချင်တာ More

ep1⚠🔞
part-2 ( uni) ⚠🔞
part-2 (zawgyi) ⚠🔞
part-3 (uni)
part-3 ( zawgyi)
part-4 (uni) 🔞⚠
part-4 (zawgyi)🔞⚠
Part-5(uni)⚠
part-5 (zawgyi)⚠
part-6 (uni)⚠
part-6(zawgyi)⚠
part-7(uni)🔞
part-7 (zawgyi)🔞
Part-8 (uni) ⚠
part-8(zawgyi)⚠
Part_9(uni)
part-9(zawgyi)
part-10(uni)
part-10 (zawgyi)
part-11(uni)🔞
part-11(zawgyi)🔞
part-12 (uni) 🔞💖
part-12(zawgyi) 🔞💖
part-13(uni)🔞🔥
part-14(uni)
part-14(zawgyi)
part-15(uni)
part-15(zawgyi)
part-16(uni)🔞🔥
part-16(zawgyi)🔞🔥
part-17(uni)
part-17(zawgyi)
part-18 (uni)
part-18(zawgyi)
part-19 (uni)
part-19(zawgyi)
part-20(uni)♥🔞
part-20(zawgyi)

part-13(zawgyi)🔞🔥

897 15 0
By MaMa99547

'' ကျေးဇူးတင်ပါတယ်သားလေးရယ် အန်တီ
ရှင်းလေးကို စောင့်ရှောက်ပေးတဲ့အတွက် ဟင့်''

ဒီယံရှင်း၏အမေဖြစ်သူက လင်းရှိန်လက်ကို
ဆုပ်ကိုင်ရင်း ကျေးဇူးတင်ကြောင်းတစ်ဖွဖွ
ပြောနေလေသည် ။ စကားပြောရင်းတစ်ချက်
တစ်ချက်ရိုက်ကာ မျက်ရည်များပါ ကျလာတတ်
လေသည် ။ ထိုအခြင်းအရာကိုကြည့်ရင်း မိဘမေ
တ္တာ ဟာသည်လိုမျိုးပါလားဟုတွေးမိရသည် ။

''မေမေကလည်း ရှင်းလည်းပြန်ရောက်နေပြီကို
တိတ်ပါတော့ဗျာ.... ''

''အကောင်စုတ်လေး!  ဒီအမေအိုကြီးကမင်းကို
ဘယ်လောက်တောင်စိတ်ပူနေရသလဲ.. ဟမ်..
ဖုန်းလေးတောင်တစ်ချက်မဆက်ဘူး မေ့မေ့မှာ
သားပဲ ရှိတော့တာ....ကို...''

မေမေက ပြောရင်း ထပ်ပြီးရိုက်ကာ ငိုပြန်သည်

'' ရှင်းမှားပါတယ် မေမေရယ်....နော်... မေမေက
ရှင်းကိုခွင့်လွတ်ပေးမယ်မဟုတ်လား ဟင်.. ''

ဒီယံရှင်းက ထိုင်နေရာမှထကာ အမေဖြစ်သူထိုင်
နေသည့် ဆိုဖာအောက်ကြမ်းပြင်၌ဝင်ထိုင်လိုက်
ကာ ပေါင်ပေါ်၌မေးတင်ပြီး ကြောင်ပေါက်လေး
လိုမျိုးချွဲနေသောကြောင့် ဘေးမှ လင်းရှိန်ပင်
အသဲယားသွားရတော့၏ ။ အမေဖြစ်သူကိုယ်တိုင်
လည်း ချစ်စနိုးလေးမျက်စောင်းထိုးကာ

'' ဒါမျိုးဆို သိပ်တတ်ဒင်းလေးက... ဒါနဲ့သား
ကရှင်းလေးထက် ငယ်မယ်ထင်တယ် ''

'' ဟုတ်အန်တီ... ကျွန်တော်က ၂၂ ပါ ''

'' အမေလို့ပဲ ခေါ်လို့ပါတယ်သားရယ် မေ့မေ့
သားလေးအသက်ကိုကယ်ထားပေးတာ မေ့
မေ့သားပါပဲ.... ''

သူ့သားနှင့်ကိုယ်က အကြိမ်ပေါင်းမနည်းဟို
လိုမျိုးလုပ်ပြီးနေကြပြီမို့ ထိုသို့ခေါ်လိုက်လျင်
လဲနစ်နာစရာမရှိချေ ။

'' ဟုတ်ကဲ့ပါ အမေ ''

အမေဟုခေါ်ပြီး ရှက်သွားသောလင်းရှိန်မျက်
နှာကိုကြည့်ပြီး ရှင်းရယ်ချင်သွားရ၏ ။ ဒီကောင်
ရှက်တတ်သေးတာပဲ ဟုလည်း စိတ်ထဲမှကြိတ်၍
မှတ်ချက်ပေးမိလေသည် ။

''ကဲ..ဒါဆို မေမေတို့နားကြရအောင်လေ သားတို့
လည်းကားစီးလာရတော့ ပင်ပန်းနေမှာပေါ့ မေက
ဧည့်သည်ပါမယ်ဆိုတာ မသိတော့ အခန်းကတစ်
ခန်းပဲလုပ်ထားပေးတာ သားတို့ညိအကို၂ယောက်
တစ်ခန်းအိပ်လို့အဆင်ပြေတယ်မဟုတ်လား ''

'' ဟုတ်ကဲ့ အမေ ''

လင်းရှိန်က အဓိပ္ပါယ် ပါပါပြုံးပြနေသည်မို့ရှင်း
နင်သွားရ၏ ။ ဒီကောင် ဘာကြံနေတာလဲ....?

ရှင်းလဲ မေမေ့ကိုအခန်းထဲထိပို့ပြီးမှ အိပ်ခန်းထဲ
သို့ဝင်ခဲ့လိုက်တော့၏ ။ လင်းရှိန်က ဟိုဘက်သို့
လှည့်ကာအိပ်နေလေပြီဖြစ်သည် ။ ရှင်းမေ့မေ့
အခန်းထဲသွားသည့်အချိန်က သိပ်မကြာ ဒါကို
သူက အိပ်ပျော်သွားပြီလား... ? အင်းပေါ့ ပင်ပန်း
လာလို့ဖြစ်မယ် ။ ရှင်းလည်းကိုယ့်အတွေးနှင့်ကို
လင်းရှိန်ဘေးဝင်လှဲလိုက်တော့သည် ။

မျက်လုံးမှိတ်ပြီး အိပ်ပျော်ဖို့ကြိုးစားနေပေမဲ့
ကားပေါ်တွင်လည်း အိပ်ခဲ့သေးသည်မို့ အိပ်မ
ရ ။ ဘေးကကောင်ကတော့ ခပ်တည်တည်ပဲ
အိပ်ပျော်နေပြီထင်သည် ။ ဟိုမှာလဲ ၂ယောက်
အတူတူအိပ်တိုင်း သူက ရှင်းကိုဖက်ထားနေကြ
အခုလိုမျိုးကျောပေးအိပ်နေတော့ ရှင်းစိတ်ထဲ
တစ်မျိုးခံစားရသည် ။

ထို့ကြောင့် လင်းရှိန်မျက်နှာလှည့်အိပ်နေသော
ဘက်သို့ထသွားပြီး လွတ်နေသည့်နေရာကျဉ်း
ကျဉ်းလေး၌ ရအောင်ဝင်ပြီး သူ့လက်မောင်း
ကိုပါ ဆွဲထုတ်ပြီးခပ်တည်တည်ပဲခေါင်းအုံးပစ်
ကာ သူ့ခါးကိုပါ ဖက်ထားလိုက်ရင်း ရင်ခွင်ထဲ
တိုးဝင်လိုက်တော့မှ ပုံမှန်လိုခံစားလိုက်ရသည်
သူ တကယ် လင်းရှိန်နှင့်အတူနေရခြင်းမှာအ
သားကျနေခဲ့ပီပဲ ။

ခရီးကရောက်မှရေချိုးထားသော လင်းရှိန်ရင်
ဘက်ထံမှ ရေချိုးဆပ်ပြာရနံ့နှင့်အတူ ယောက်
ကျားဆန်သည့် ရနံ့ကိုပါရူရိုက်မိတော့ ရှင်း သ
ဘောကျပြုံးလိုက်မိရင် တဖွဖွလိုက်နမ်းပစ်လိုက်
တော့သည် ။ သူဆိုရင်လည်း ကိုယ့်ကို သူလုပ်ချင်
သလိုလုပ်တာပဲ ဒါလေးနဲ့တော့ ဘာမှမဖြစ်ဘူး
မဟုတ်လား ။

တဖြည်းဖြည်းရင်ဘက်ကိုနမ်းနေရင်းနှင့်မှ
လင်းရှိန်၏ လည်တိုင်ဆီသို့ ရှင်းနူတ်ခမ်းများ
ကရွေ့လျားသွားနေမိသလို လက်များကလဲ
သူ့ဝမ်းဗိုက်သားများနှင့် ဆီးခုံစပ်များကိုမထိတ
ထိ ပွတ်သပ်နေလေသည်မို့ အိပ်ပျော်ခါနီးဖြစ်
နေသော လင်းရှိန်နှင့်အတူ သူ့ညီငယ်ပါနိုးလာ
ရတော့၏ ။

မျက်လုံးဖွင့်ကြည့်မိတော့ ညဝတ်အင်္ကျီအပြာ
နုရောင်လေးနှင့် ဒီယံရှင်းဆိုသည့်လူက သူ့အ
ပေါ်၌ ကျကျ န န ခွထိုင်ကာ နမ်းရိုက်နေခြင်း။
လင်းရှိန်မျက်လုံးဖွင့်နေသည်ကိုမြင်တော့ဂရု
မစိုက်စွာပင် ပါးတစ်ဖက်ကိုလက်ဖြင့်ဖွဖွလေး
သပ်ကာ နူတ်ခမ်းများကိုစတင်ကျူးကျော်နမ်း
ရိုက်လေတော့သည် ။

ဒီလူဘာဖြစ်ချင်နေတာလဲ...။

ပြွတ်!

ထိုလူ၏ဖွဖွယွယွအထိအတွေ့များကြားလင်းရှိန်
အသက်ပြင်းပြင်းရူလိုက်ရင်း သူ့ခါးကိုခပ်တင်း
တင်းပြန်ဖက်ထားရင်း အနမ်းများကိုအသက်ဝင်
စေလိုက်တော့သည် ။ လင်းရှိန်အပေါ်ကထိုလူက
ငြိမ်ငြိမ်မနေစွာ နမ်းနေရင်းလင်းရှိန်ညီငယ်အပေါ်
ကို သူ့တင်းပါးဖြင့်ပွတ်ဆွဲနေသောကြောင့် လင်း
ရှိန် တကယ်ပင် ဆာလောင်လာရတော့သည် ။

'' ဒီယံရှင်း...ခင်ဗျား အရင်လာစတာနော်''

'' အင်း အခု ငါမင်းကိုမြူဆွယ်နေတာလေ...
အဟင်း.... ငါနဲ့အတူမနေချင်ဘူးလား ဟင့်.. ''

လက်တစ်ဖက်က လင်းရှိန်ရင်ဘက်ပေါ်မှာ
ထောက်ထားကာ နောက်တဖက်က လီးကို
ဘောင်းဘီပေါ်ကနေပွတ်ဆွဲနေသည်မို့ ခန္ဓာ
ကိုယ်၏ ပူလောင်မူက အတိုင်းအဆမရှိဖြစ်
လာရတော့သည် ။ထိုလူ၏ ဆာလောင်နေသော
မျက်ဝန်းများက လင်းရှိန်အတွက်မီးလောင်ရာ
လေပင့်သည့် အောက်ဆီဂျင်များသာ .... ။

လင်းရှိန် ထိုလူကိုအပေါ်မှဆွဲချကာအောက်သို့
ပို့ပစ်ရင်း နူတ်ခမ်းများကိုအငမ်းမရ နမ်းရိုက်
ကျူးကျော်ပစ်လိုက်တော့သည် ။ ပူနွေးစိုစွတ်
သောနူတ်ခမ်းများက သောက်လေသောက်လေ
အငတ်မပြေသည့် ပြင်လယ်ရေများကဲ့သို့ .... ။
အပြာ​နုရောင်မွေ့ယာထက်၌ယောက်ကျားပျို
၂ ဦးသည် အဆုံးအဆမရှိသည့်အချစ်ပင်လယ်
ကိုချွေးတပျိုက်ပျိုက်ဖြင့်လက်ပစ်ကူးလျက်ရှိ
ကြသည် ။

'' အင့်...အ့....အ့....အ့...ဟင့်...ဟာ့....''

''ommm....  shit! ''

ရှင်း၏ နာကျင်မူနှင့်သာယာမူရောလျက်နေသော
ညီးငြူသံနောက်၌ လင်းရှိန်၏မချီမဆန့် အသံ
ကြီးကပ်ပါလာလေသည် ။

ဖတ်...ဖတ်....ဖတ်....

ရှင်း တင်ပါးနှင့် လင်းရှိန်ဆီခုံရိုက်သံများကတ
ဖတ်ဖတ်မြည်လျက် လင်းရှိန်အောက်မှလူသည်
အပေါ်အောက်ရွေ့လျားလျက် ​နူတ်ခမ်းများကို
ကိုက်ကာ လင်းရှိန်၏ ဒဏ်ကိုအလူးအလဲခံနေ
ရှာလေသည် ။

''ကောင်းလား ရှင်း...ဟင်... ခင်ဗျားအလိုးခံချင်
နေတာ မဟုတ်လား... အခုလိုးပေးနေတယ်လေ..
ကြိုက်လား အင့်....ဟားးးး shit! ''

လင်းရှိန်က ရှင်းခါးကိုကိုင်ပြီးဆောင့်နေရာမှ
အားမရသလိုမျိုး လက်နှစ်ဖက်ကို ရှင်းဘေး၌
ထောက်လိုက်ကာ ထပ်ရပ်အနေအထားဖြင့်အား
ပါပါ လိုးလာတော့ ရှင်းပါးစပ်ကို လက်ဖြင့်အုပ်
ကာပေါင်ကိုပိုကားပေးမိတော့သည် ။

''အင့်...လင်းရှိန်... အ့...ဟင်း... အင့်...''

'' ခင်ဗျားကိုတကယ်စွဲလန်းနေမိပြီရှင်း....''

လင်းရှိန်၏ အက်ရှရှစကားသံအဆုံး ရှင်းမထိန်း
ထားနိုင်တော့ပဲ ထုတ်လွတ်ကာပြီးမြောက်သွားရ
တော့သည် ။ အပေါ်ကလင်းရှိန်ကတော့ သူ့ပန်း
တိုင်ကို အားသွန်ခွန်စိုက်ကြိုးစားရှာဖွေနေလေ
သည် ။ ရှင်းလည်း ဒီယောက်ကျားရဲ့အထိအတွေ့
များကိုတကယ်စွဲလန်းနေလေပြီဖြစ်သည် ။

............................

'' ကိုညီ... ကိုညီ မဟုတ်လား... ''

အသံနှင့်အတူ ရှင်းနဲ့လင်းရှိန်အနားသို့ ဆံပင်
ခဲရောင်ဖြင့်ကောင်မလေးတစ်ယောက်ပြေး
လာကာ လင်းရှိန်ကိုအားကြီးနှင့်ဖက်ပစ်လိုက်
သည်မှာ မလဲသွားအောင်မနည်းထိန်းလိုက်ရ
သည်အထိ ။

" ဒါဒါ... ''

လင်းရှိန်သည်လည်း မထင်မှတ်ထားသလို
အံသြတကြီးပုံစံမျိုးဖြင့်ထိုအမည်နာမ ကို
ရေရွတ်ကာ လက်နှစ်ဖက်ကတော့ ထိုကောင်
မလေးကိုပြန်မပွေ့ဖက်ထားပဲ အပေါ်သို့ယောင်
နန နှင့်မြှောက်ထားလေသည် ။

'' အဟင့် တကယ် ကိုညီပဲ... ဘယ်တွေပျောက်
နေတာလဲ... ''

ဘုန်း!

ကောင်မလေးက မျက်ရည်ရွဲလဲဖြင့်ပြောရင်း
လင်းရှိန်ကိုဘုကြည့်ကြည့်ကာ ရင်ဘက်ကိုပါ
ထုချလိုက်သောကြောင့် ရှင်းရင်ထဲတစ်မျိုးခံ
စားသွားရ၏ ။

'' ဘယ်သူနဲ့လာတာလဲ ဒါဒါ ''

'' ဒါဒါ က တစ်ယောက်တည်း လိုတဲ့စာအုပ်တွေ
လာဝယ်တာ... ကိုညီ ဘယ်တွေပျောက်နေခဲ့တာ
လဲဟင်... .. ဒါဒါကို စိတ်နာသွား....''

ကောင်မလေးက စကားပင်ဆုံးအောင်မပြောနိုင်
ပဲ မျက်ရည်တွေက အိကနဲ့ပြုတ်ကျလာတော့
လင်းရှိန်ပြာသွားရလေသည် ။

'' မဟုတ်ပါဘူး ဒါဒါရယ် ကိုယ်နောက်မှအကြောင်း
စုံရှင်းပြမယ်နော်... ''

'' အခုက ဘယ်သွားတော့မလို့လဲ... ''

'' ကိုယ့် အသိနဲ့ လိုတာလာဝယ်တာ... ''

( အသိ)  ထိုစကားလုံးသည် ရှင်းကိုရည်ညွန်းခြင်း
အသိတဲ့လား... ။ အဟား... ။ အေးပေါ့ ဟုတ်တယ်
အသိ... ရှင်းရင်ထဲ ချဉ်တူးတူးခံစားလိုက်ရကာ
မျက်နှာပါရူံ့မဲ့မိသွားရ၏ ။

''အော်... ကို ဒီယံရှင်းမဟုတ်လား... ကိုညီ့ကို
တွေ့တာနဲ့ ဝမ်းသာလွန်းပြီးမမြင်တာ.. အကိုက
ဒါဒါရဲ့ Idol ပါ အကိုကြော်ငှာတဲ့ Brand တွေ
ဆို အရမ်းကြိုက်တာ... ''

ငိုထား၍အနည်းငယ်နီရဲနေပေမဲ့ သူမ မျက်လုံး
များထဲမှ အရောင်တလတ်လတ်ကြောင့် ထိုစကား
များဟာအစစ်အမှန်ဆိုတာ ရှင်းခံစားမိလိုက်သည်
မို့ အောင့်သက်သက်နိုင်ပေမဲ့ အကောင်းဆုံးပြုံးပြ
ကာ...

''ကျေးဇူးပါ ညီမလေး...  ''

'' ဒါဒါတို့ နောက်တစ်ခါတွေ့လို့ရအုံးမယ်မလား
ကိုညီ... ''

ကောင်မလေးက puppy eye လေးဖြင့်​ပြော
တော့ လင်းရှိန်က ဂုတ်ကိုပွတ်ကာခေါင်းညိတ်ပြ
သည်မို့ကောင်မလေးက သူ့ဖုန်းထုတ်ပြီးဖုန်းနံ
ပတ်မှတ်ကာထွက်သွားလေသည်  ။

''ခင်ဗျား ဝယ်စရာစုံပြီလား ''

ဟ! ဒီကောင်... ။

ဒါဒါဆိုတဲ့ကောင်မလေးကိုပြောတဲ့အသံကကျ
ချိုလွန်းလို့ပရွတ်ဆိတ်တောင်ကိုက်နိုင်သည် ။
အခုကျမျက်နှာ ရှစ်ခေါင်းချိုးနဲ့ ။

'' မစုံသေးဘူး မင်းမစောင့်နိုင်ရင်လည်း ပြန်''

ပြောပြီးရှင်းထွက်လာခဲ့ပစ်လိုက်တော့သည်
ဘာကို မကျေနပ်နေမှန်းမသိတော့ပါ ။ အသိ
လို့ပြောလို့လား ဒါမှမဟုတ် ဆယ့်နှစ်မျိုးဟင်း
ချိုလို လင်းရှိန်ရဲ့ အချိုးကြောင့်လား... ။ အိုး
ဘာနေနေ...။

အိမ်ပြန်ရောက်သည်နှင့်လည်း ဖုန်းပြောနေသည်
မှာ မပြီးနိုင်မစိးနိုင် ။ မေမေက သူ့ကိုထမင်းစား
ဖီု့သွားခေါ်ဆိုလို့သွားတော့ ဖုန်းပြောနေ၍ မေမေ့
ကိုအရင်ကိုပဲအရင်စားနှင့်ခိုင်းလိုက်ကာ ရှင်းက
သူနှင့်အတူ ထမင်းစားဖို့စောင့်နေခြင်း ။ ညနေ၆
နာရီလည်းကျော်နေပြီမို့ ဗိုက်ထဲကသံစုံတီဝိုင်းပင်
စနေလေပြီ .... ။

'' ဟုတ်ပါပြီကွာ... ဒါဆို ကိုယ်မပြန်ခင်ဒါဒါနဲ့
လာတွေ့မယ်နော်.. ... see you ကလေးမလေး''

တံကားဝ၌မှီရင်းထိုကောင့်ကိုကြည့်နေရာမှမျက်
နှာကြီးက မဲ့ကျသွားရပြန်သည် ။ကလေးမလေး..
အဲ့ကလေးမလေး က ဖြင့်လင်ယူမယ်ဆို ကလေး
တောင်၎ယောက်လောက်မွေးလို့ရနေပြီကို ။

'' ထမင်းစားဖို့စောင့်နေတာလား ''

'' ဟင့်အင်း အားနေလို့လေ... ''

ခဏထဲက ထမင်းစားဖို့လာခေါ်နေတဲ့ဟာကို..  ။

'' အယ်ကွာ... ခင်ဗျားကလည်း.....  ခင်ဗျားရော
စားပြိးပြီလား '''

''ဘယ်စားရအုံးမှာလဲ မေမေက သားငယ်လေး
ကိုစောင့်ပြီးစားပေးလိုက်ပါသားရယ်ဆိုလို့ မင်း
စော်နဲ့ကြူးနေတာကိုစောင့်နေရတာသိလား.. ''

ရှင်းစကားကြောင့် လင်းရှိန်မျက်ခုံးပင့်သွားရ၏
ဘာလို့ ဒီလောက်ရန်လိုနေရတာလဲ.... ။

'' အဲ့လိုလား... ဒါဆိုအခုသွားစို့လေ''

လင်းရှိန်ပြောတော့မျက်စောင်းထိုးပြီးအရှေ့က
နေ အောင့်ဆောင့်စွာထွက်သွားသောကျောပြင်
လေးကိုကြည့်ကာ လင်းရှိန် အူတွေအသဲတွေ
ယားသွားရတော့၏ ။

''ခင်ဗျားကဘာလေးလဲကွာ ''

ဟုသာ မချိတင်ကဲ ရေရွတ်လိုက်မိတော့သည် ။

Continue Reading

You'll Also Like

3M 193K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.6M 97.9K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
13.6K 1K 7
hyunlix (short story) 🤍💙 birthday present for my lovely reader Phyu Sin (U/Z)
613K 64.1K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...