𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱

By PaulHanparacham

42.9K 5.7K 647

ပျော်ရွှင်ရတဲ့ နာကျင်ခြင်းတံတိုင်းလေးကို မမဟာ တဖက်စီကာရံလို့..,..။ More

အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄

အပိုင်း ၁

4K 250 12
By PaulHanparacham

ပထမဆုံးအနေနဲ့ ပြောချင်တာက ဒီ FanFic ဟာ ရေးခဲ့ဖူးသော 8 Letters ကို အခြေခံပြီး ပြန်လည်ရေးသားခြင်းဖြစ်ပါသည်။

*********

ခင်တွယ်မိ ခင်တွယ်ရာဆိုတဲ့ စကားကို သိကြတယ်မဟုတ်လား။ ငါ့ရဲ့ဇာတ်လမ်းကလည်း အဲ့ဒီက စတယ်လို့ ပြောရမယ်။ အလိုချင်ဆုံးသော အမျိုးသမီးငယ်ဟာ ငါ့ဇနီးအဖြစ်ရှိနေခဲ့ပေမယ့် တရ​က်မှ ငါမပျော်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီမိန်းကလေးက ငါ့ကို အပြည့်အဝ ပျော်ခွင့်မပေးလို့ပဲ။

'' ဘယ်လိုအ​ပြုအမူကများ မမကို မချစ်ဘူးလို့ ထင်ရက်ရတာလဲ။ ဘယ်အရာက လီလီ့အချစ်ကို မမြင်နိုင်လောက်အောင် ကာဆီးထားတာလဲ။ ဘယ်သူ့ကြောင့် လီလီ့ကို အခုထိ မချစ်နိုင်သေးတာလဲ ''

လီဆာ့ဆံပင်တွေကို ဆွဲဖွပြီး မမကို ကြည့်လိုက်မိသည်။ မမသည် သူမရဲ့ပုံစံအတိုင်းပင် ခြေချင်းချိတ်ကာ ဆိုဖာပေါ်၌ ထိုင်နေသည်။ နှုတ်ခမ်းထက်ဝယ် သူ့အား အမြဲတစေ လှောင်နေခဲ့သော မဲ့ပြုံးကိုလည်း ချိတ်ဆွဲလျက်။ မမဆိုသော သူမဟာ အဘယ်ကြောင့်များ ဤကဲ့သို့ လှရက်နိုင်ရသလဲ။ မုန်းစရာကောင်းတဲ့ အခြေအနေမှာပင် မမဟာ လီဆာလက်မလွှတ်ချင်လောက်အောင် လှရက်ပါပေ့။

'' ဖြေလေ ''

မတူမတန်ဘူးဟု ထင်သည့်မမက မည်သည့်စကားမှ မဆို။ အိမ်အပေါ်ထပ်ကိုသာ တတ်သွားလေသည်။ မမ၏ ခြေဖဝါးတို့အောက် သူ့မာနတွေ မည်မျှ ခစားခဲ့ပြီးမှန်း မသိတော့။ လုပ်ယူထားတဲ့ အိမ်ထောင်ရေးဟာ အဖုအထစ် ဆူးခလုတ်တွေချည်းသာ။

အိပ်မောကျနေတဲ့ မမရဲ့ မျက်နှာနုနုလေးကို ချစ်မြတ်နိုးစွာ ငေးကြည့်နေမိ၏။ မမ ....   မမဟာ တကြိမ်တခါတောင် သူ့အား ယောင်ရမ်း၍ မချစ်ခဲ့။ သစ္စာရှိနိုင်လွန်းတဲ့ မမရဲ့နှလုံးသားဟာ မမချစ်ခဲ့ဖူးတဲ့ အစ်ကိုဆိုသော ယောကျာ်းဆီ၌ မြုပ်နှံခဲ့သည်။ ခန္ဓာသက်သက်ချည်း လီဆာ ရခဲ့ပါသည်။

မနက်တွေ မရောက်ချင်ဘူး။ ဒီလိုမျိုး ညလေးပဲ ဖြစ်ချင်သည်။ မမဟာ မနက်ကိုရောက်ရင် သူ့ကို မုန်းတီးခြင်းနဲ့ စတင်သည်။ မမ ပင်ပန်းမှာကို စိုးရွံ့ပါသည်။ အခုလိုလေး မမအိပ်ပျော်နေမှသာ မမကို ချစ်မြတ်နိုးစွာ ငေးကြည့်ခွင့်ရှိတဲ့ သူ့အဖြစ်။ မမရဲ့ နှုတ်ခမ်းလေးဟာ ပန်းနုရောင်လေး သမ်းနေသော်လည်း လီဆာ့အပေါ်ဆို.......။ ထို့အတူပင် မမ၏ မျက်ဝန်းလေးဟာလည်း သူ့အပေါ်တွင် ရွံခြင်း မုန်းခြင်း စက်ဆုပ်ခြင်းနှင့် လှောင်ပြောင်ခြင်းများစွာ။

နှုတ်ခမ်းလေးဆီ အကြည့်ရောက်ပေမယ့် မနမ်းရှိုက်ခဲ့။ မမရဲ့အမုန်းဟာ တကြိမ်နှင့် လုံလောက်ခဲ့သည်။ မမ နိုးသွားမှာစိုး၍ ခြေသံဖွဖွနင်းကာ အိပ်ခန်းထဲက ဆိုဖာပေါ်သာ အိပ်လိုက်သည်။

အတွေးပေါင်းများစွာက ဟိုးယခင် အတိတ်ကို ဆွဲခေါ်သည်။ အိပ်မပျော်တာကြောင့် စီးကရက်ဘူးကိုကိုင်ပြီး ခြံထဲကို ဆင်းခဲ့သည်။

လွန်ခဲ့သော နှစ်ဆယ့်တစ်နှစ်ခန့်က......🌻🌸

မေမေနှင့်ဖေဖေက အကြောင်းမတိုက်ဆိုင်၍ လမ်းခွဲလိုက်ကြပြီး လီဆာက ဖေဖေနဲ့အတူ Korea ကို လိုက်လာခဲ့သည်။ ထိုအချိန်တွင် သူ့အသက်က ခြောက်နှစ်ခန့်သာ ရှိပေဦးမည်။ ဖေဖေရော မေမေက ထိုင်းလူမျိုး ဖြစ်လင့်ကစား ဖေဖေ့စီးပွားရေးတို့က Korea မှာ အခြေတကျရှိသည်။

ဘာသာစကား ကွဲပြားမှုအပေါ် နေသားမကျတဲ့ သူ့အတွက် အိမ်ထဲကနေ အိမ်ပြင်ကို မထွက်ရဲ။ သူ့အား နှုတ်ဆက်ရင်တောင် ပြုံး၍သာ တုံ့ပြန်ရသည်။

'' Hi ''

ဒါက နှုတ်ဆက်တဲ့ စကားလေး တလုံးပဲ။ သို့သော် ငါ့ဘဝကြီးက အဲ့ကစလို့ ဇောက်ထိုးမိုးမျှော်။

''  မမနဲ့ အတူကစားနေတာလား ''

  ...။  ဟုတ်တယ် လီဆာ့ထက် လေးနှစ်ကြီးတဲ့ ဖေဖေ့မိတ်ဆွေရဲ့ သမီး။ ဘေးအိမ်က မမ။ မမက အင်္ဂလိပ်လို ကောင်းမွန်စွာ ပြောနိုင်ပြီး လီဆာ့အတွက် တဦးတည်းသော ကစားဖော်။

'' ဟုတ်တယ် ဖေဖေ ''

တကယ်တော့ ကစားနေတာ မဟုတ်ဘူး။ မမက စာသင်ပေးနေတာ။ ကိုရီးယား ဗျည်းစာလုံးတွေကို လက်လေး သေးသေးလေးနဲ့ ဝိုင်းနေအောင် ရေးပြ၊ အသံချိုချိုလေးနဲ့ နှလုံးသားထဲ စီးဝင်အောင် ရေးပြ ဖတ်ပြနေခဲ့တာ။

လီဆာက စကားနည်းတယ်။ အရယ်အပြုံးလည်း နည်းတယ်။ မမကတော့ သူနဲ့ဆန့်ကျင်ဘက်။ အများကြီး ပြုံးတတ်ပြီး စကားပြောလည်း ကောင်းသည်။ မမပြုံးတိုင်းမှာ မျက်လုံးလေးတွေ မှိတ်ကျသွားတတ်သည်။ ထိုအရာတွေကို သဘောကျခဲ့သည်။ မမမှာ လီဆာတို့လို မျက်ရစ်မရှိ။ ပြီးတော့ နောက်တခုက မမဟာ အသားညို၏။

'' အဟက် ''

'' ရယ်တတ်တယ်လား ''

'' မရယ်တတ်ပါဘူး။ ချွဲကြပ်သွားတာ ''

ဗြောင်လိမ်လိုက်တဲ့အခါ မမရဲ့ မျက်စောင်းလေးဟာ လီဆာ့ဆီ တန်းတန်းမတ်မတ်။ အိမ်စာ ကူးပေးနေတဲ့ မမကို ဘေးတိုက်အနေအထားကနေ ကြည့်မိတော့ မမရဲ့နားသယ်မွှေးလေးတွေက အူယားစရာ။ အညိုရောင် အသားအရည်ပေါ်၌ လီဆာ့နှာခေါင်းကို အနားပေးလိုက်ချင်ရဲ့။ အဲလိုဆိုလည်း မမက စိတ်ဆိုးမှာ မဟုတ်ဘူး။ မမက လီဆာ့ကို သိပ်ချစ်တာလေ။

'' ပါးဖောင်းဖောင်းနဲ့ ကောင်မလေးက လီလီ့ကို တအားကပ်တယ်နော်။ သူကလည်း နိုင်ငံခြားသူပဲလား ''

'' ကိုရီးယားလူမျိုးပါပဲ။ ပတ်ချယ်ယောင်း တဲ့။ ပတ်အုပ်စုကို သိတယ်မလား ''

'' အင်း ''

'' အဲ့က သမီးအငယ် ''

'' သြော် ''

လီဆာ ၉နှစ်၊ မမ ၁၃နှစ်။ လီဆာဖျားတဲ့အခါ မမက အခုလိုမျိုး စာကူးပေးတယ်။ မမရဲ့မေမေက သူမတို့အိမ်မှာ လီဆာ့ကို ခေါ်ထားလေ့ရှိသည်။

'' လီငယ်လေး အဖျားကျလား ''

ဆန်ပြုတ်ပန်းကန်လို့ထင်ရတဲ့ ပန်းကန်ကိုကိုင်လာပြီး မေမေက ဘေးမှာ ဝင်ထိုင်သည်။ လီဆာ့နဖူးကို လက်ဖဝါးဖြင့် ထိကာ အပူချိန်တိုင်းသည်။

'' စွပ်ပြုတ်သောက်ပြီး ဆေးသောက်လိုက်နော်။ သမီးက ညီမလေးကို ဆေးတိုက်ပေးပါဦး ''

မမလက်ထဲ ဆေးတချို့ကို ထည့်ပေးပြီး မေမေက ပြန်ထွက်သွားသည်။ စွပ်ပြုတ်မသောက်ချင်မှန်း မမက ရိပ်မိ၍ပဲလား။ တဝက်တိတိ သောက်ပစ်လိုက်ပြီး အနည်းငယ်သာ ချန်ထားသည်။

'' ဒီနည်းနည်းလေးတော့ ကုန်အောင်သောက်လိုက်နော်။ အစာရှိမှ ဆေးသောက်လို့ရမှာ ''

မမလည်း စွပ်ပြုတ်မကြိုက်မှန်း လီဆာသိသည်။ သူမတောင် လီဆာ့အတွက် မကြိုက်တဲ့ဟာကို သောက်ခဲ့သေးတာပဲ။ မမအတွက် စွပ်ပြုတ်ကို ကုန်အောင် သောက်ရမယ်။ မမသောက်ပြီးလို့ ကျန်နေသေးတဲ့ စွပ်ပြုတ်တဝက်ကို တကျိုက်တည်း မော့သောက်လိုက်သည်။ ထို့နောက် မမလက်ထဲက ဆေးကို သောက်သည်။

'' တော်လိုက်တာ ငယ် ''

'' ငယ် '' .. စိတ်လိုလက်ရ အချိန်တွေဆို မမနှုတ်ခမ်းဖျားက သူ့ကို ငယ်ဟု ခေါ်တတ်သည်။ မမရဲ့ အိပ်ရာမှာ လီဆာ အိပ်သည်။ မမက လီဆာ့ဘေးမှာ ။ သေးသွယ်လှတဲ့ မမ လက်မောင်းလေးဟာ လီဆာ့လည်ပင်းအောက်မှာ ရှိပြီး တဖက်သော လက်သွယ်လေးကတော့ လီဆာ့ကို ဖက်ထားပေးသည်။


'' ဒီလိုနေရင် မမကို အဖျားကူးလိမ့်မယ် ''

'' ဝေမျှတာလို့ ခေါ်တယ် ငယ်ရဲ့။ မမက လီငယ်လေးကို ချစ်တယ်လေ။ လီငယ်လေး အဖျားတွေ မမဆီကို ရောက်စေ ''

ချစ်ဖို့ကောင်းအောင် လီဆာ့နဖူးကို နမ်းကာ မမဟာ ပြောသည်။ မမရဲ့ ကိုယ်သင်းနံ့လေးက ချိုမြတဲ့အထဲမှာ ပါသည်။ ဒါက လီဆာရင်းနှီးတဲ့ ပန်းရနံ့လေးတွေပေါ့။

သမုဒယတွေက တပတ်ပြီးတပတ် ရစ်ပတ်လေတော့ ငါဟာ မမဆိုသော နွယ်ရှင်တွေထဲက ရုန်းမထွက်နိုင်ခဲ့။

မမနဲ့သူက အတန်းမတူဘူး။ မမက အလယ်တန်း ဒုတိယနှစ်။ ငါက မူလတန်း နောက်ဆုံးနှစ်။


'' လီဆာ နင့်ထမင်းဘူးထဲက ကြက်အူချောင်းလေး ငါ့ကိုနည်းနည်းကျွေးပါလား။ ငါ့ရဲ့ ထမင်းကြော်ကို ပြန်ယူစားလေ ''

'' စားလေ ''

လီဆာ့မှာ သူငယ်ချင်းဆိုလို့ ချယ်ယောင်းပဲ ရှိသည်။ ချယ်ယောင်းက သွက်လက်ပြီး လီဆာကတော့ တုံဏှိဘာဝေလို့ ဝေဖန်ကြသည်။ ဒါကြောင့်လည်း သူတို့နှစ်ယောက် ပေါင်းသင်းလို့ ရနေတာ ဖြစ်နိုင်၏။

'' စီနီယာတန်းက စီနီယာဂျုံဟျွန်းက အတော်လေး ချောတယ်တဲ့ လီဆာ ''

'' အင်း  ...  ချောပါစေ ''

'' ဒီနေ့ ဘတ်စကတ်ဘော ကစားမယ်တဲ့။ ငါ သွားကြည့်ချင်တယ် ''

'' အင်း  ..  သွားကြည့် ''

စာကြည့်တိုက်အတွင်း စာဖတ်နေတဲ့ လီဆာ့အနား ချယ်ယောင်းက တကပ်ကပ်။ ပါးစပ်က အဆက်မပြတ် စကားပြောနေသော်လည်း အသံကို တိုး၍ ပြောရသည်။ မဟုတ်ပါက နှစ်ယောက်လုံး   Out.

'' နင်လိုက်ခဲ့ပါဦးဟာ ''

'' နင့်အသက်က ဆယ်နှစ်ပဲ ရှိသေးတယ် ချယ်ယောင်း။ ယောကျာ်းတယောက် ချောတယ်ဆိုတာနဲ့ သွားမကြည့်သင့်ဘူး။ ငါ့လို စာပဲ ဖတ်နေသင့်တယ် ''


ပြောင်ကြီးဟာ အလွန်အကျွံကို ဘဝင်လေဟပ်လွန်းသည်။ Top. 1 ကို တလချင်း နေရာမချိန်းပဲ အတည်တကျယူထားသူဆိုတော့ လေကျယ်တာပေါ့။ ရပါတယ်  ..  ချယ်ယောင်းက သဘောထားကြီးတယ်။

'' ငါက နင့်ကို ခေါ်ချင်လို့ ခေါ်တယ်လို့ နင်စိတ်ထဲမှာ ထင်နေတာလား။ အဲ့ဒီ ဟန်ဂျုံဟျွန်းက နင့်မမ ဂျန်းနီကင်ကို ကြိုက်နေတာတဲ့ ''



လီဆာက သူ့အစ်မကို သိပ်အူတိုတာ။ သူ့အစ်မနာမည်ပါတာနဲ့ မျက်လုံးအရောင်တွေ တောက်သွားတတ်တယ်။ မကြိုက်တဲ့စကားကို ရွေးချယ်ပြောဆိုလိုက်တဲ့အတွက် လီဆာ့စိတ်အာရုံတွေက ချယ်ယောင်းဆီ ရောက်လာပြီလေ။



'' နင်တကယ်ပြောနေတာလား ''

'' ကြားမိတာကို ပြောတာ။ နင်ပဲ စဥ်းစားကြည့်လေ။ အစ်မဂျန်းနီက အရင်လိုမဟုတ်တော့ဘူး။ အပျိုလေးဖြစ်လာပြီး အရမ်းလှလာ...... ဟဲ့ လီဆာ ငါ့ကိုစောင့်ဦး ''


စာအုပ်တွေကို အမြန်နှုန်းနဲ့သိမ်းလို့ လီဆာဟာ ရှေ့ကပြေးသည်။ ပြောင်ကြီးက ဒါမျိုးဆို သိပ်မြန်။ လီဆာ့ကို မှီအောင်လိုက်ရင်း ကျောင်းရဲ့ ဘတ်စကတ်ဘောကွင်းထဲကို ရောက်သွားသည်။



'' နင်ကလည်း မြန်လိုက်တာ ''

'' ဟန်ဂျုံဟျွန်းဆိုတဲ့ကောင်က ဘယ်သူလဲ ''



စီနီယာ့ကို လာအားပေးကြတဲ့ ကောင်မလေးတွေရဲ့ အကြည့်တွေက သူတို့နှစ်ဦးဆီ ကျရောက်လာသည်။ အံကိုကြိတ်ထားတဲ့ လီဆာသည် ထိုမီးရဲရဲတောက်နေသော အကြည့်တွေကို သတိထားမိပုံမပေါ်ဘူး။


'' လီဆာ ''

ချယ်ယောင်း တိုးတိုးလေးခေါ်ပေမယ့် လီဆာ့အကြည့်တွေက တနေရာထဲမှာ။



'' ဟိုက ဂျီလိုလို မတ်လိုလို ဖုတ်လိုလိုနဲ့ ဖြူဖတ်နေတဲ့ ကောင်လား ''



အသွေးမရှိ အသားမရှိ ဖြူဖျော့နေတဲ့ကောင်။ ဒီကောင်က မမကို ကြိုက်တယ်ပေါ့။ လီဆာ့စိတ်တွေ အစွန်းဆုံးထိ ရောက်သွားခြင်းက ခပ်ပြုံးပြုံးလေးထိုင်နေတဲ့ ပွဲကြည့်စင်ပေါ်က မမကို မြင်လိုက်တဲ့အချိန်။


'' တောက် ''

.

11_3_2024 (ယခုလက်ရှိ)


လီဆာနိုးလာတော့ မမကို မတွေ့တော့ဘူး။ နာရီလက်တံက ဆယ်နာရီထိုးဖို့ မိနစ်အနည်းငယ် လိုသေးသည်။ တညလုံးမအိပ်ပဲ ခြံထဲမှာ ဆေးလိပ်သောက်နေခဲ့ပြီး မိုးလင်းခါနီးမှ ဝင်အိပ်သည်။ တကိုယ်ရည် ပြင်ဆင်မှုပြီးဆုံးတော့ အောက်ကို ဆင်းလာခဲ့သည်။



'' မမရော အဒေါ်ကြီး ''

'' အခုပဲ ထွက်သွားပါပြီ စီအီးအို ''

'' ဘာစားသွားလဲ ''

'' ကော်ဖီပဲ သောက်သွားပါတယ် ''

'' ကော်ဖီပဲ သောက်တာလား ''

'' ဟုတ်ကဲ့ ''


အနည်းငယ်သာ လျော့သော မမရဲ့ကော်ဖီကို သောက်လိုက်သည်။ မမရဲ့နှုတ်ခမ်းနီရာက ကော်ဖီခွက်တွင် အရာထင်နေသည်။ မမကို နမ်းခွင့်ရတာက ဒီလိုနည်းပဲရှိတယ်။ ဒီနေ့လည်း နှုတ်ခမ်းနီ ရဲရဲကို ဆိုးသွားပြန်ပါပြီထင်ပါရဲ့။

မမက သူမဝါသနာပါရာ အလုပ်ကိုစွန့်လွှတ်ပြီး ပန်းဆိုင်လေးဖွင့်ထားသည်။ မမရဲ့ဝါသနာက အဆိုတော်ဖြစ်ချင်ခဲ့တာ။ အဲ့ဒီအိမ်မက်တွေကို ရိုက်ချိုးခဲ့သူဟာ လီဆာဖြစ်နေခဲ့တယ်။

လီဆာကတော့ ဖေဖေထားခဲ့တဲ့လုပ်ငန်းတွေနဲ့ car showroom ဖွင့်ထားသည်။ မတူညီတဲ့ လမ်းတွေမှာ ချယ်ယောင်းက မင်းသမီးဖြစ်သွားတယ်လေ။ လီဆာ့ကားတွေကို ချယ်ယောင်းက ကြော်ငြာပေးတယ်။


'' ငါ အစ်မဂျန်းနီဆီကို ရောက်ခဲ့တယ်။ နင်တို့ ကွာရှင်းတော့မှာဆို။ ဘယ်လိုဖြစ်တာလဲ ''

'' မကွာရှင်းပါဘူး။ မမ ဘယ်လောက်ပဲ ကွာရှင်းနေချင်ပါစေ။ ငါကွာရှင်းပေးမှ ဖြစ်တာလေ ''

'' စကားကို ပေါ့ပေါ့မပြောနဲ့ လီဆာ။ တကယ်ပဲ နင်လုပ်ခဲ့လား ''

'' နင်ရူးနေလား ချယ်ယောင်းရ။ ငါ မမကို ဘယ်လိုယူထားခဲ့ရလဲဆိုတာ နင်အသိဆုံးလေ ''

'' ဒါပေမယ့် သက်သေအခိုင်အမာ.... ''

'' အဲလိုကောက်ကျစ်လိမ့်မယ်လို့ ငါမထင်ထားဘူး။ ငါက ငါ့စိတ်ကူးနဲ့ငါ တွဲနေတာ။ မြွေပွေးကို ခါးပိုက်ပိုက်မိလိုက်မှန်း ငါမသိဘူး ''



စိတ်ပျက်လက်ပျက်နဲ့ ထိုင်ခုံနောက်ကျောကို မှီလိုက်သည်။ ချယ်ယောင်းမျက်လုံးတွေမှာ သူ့ကို စိတ်ပျက်နေတဲ့အကြည့်တွေ။ အခြေအမြစ်မရှိတဲ့ အရေမရ အဖတ်မရ ရေပေါ်ဆီ။ တွေ့တာနဲ့ အမှုန့်ကြိတ်ပစ်မယ်။




21_3_2024

****

အခုတလော ဒီPlotကို အရမ်းတွေးမိနေလို့ ကောက်ရေးလိုက်တာပါ။ နည်းနည်းတော့ Updated ကြာပါမယ်။

Continue Reading

You'll Also Like

167K 2.9K 9
Jensoo❤Chaelisa❤Lisoo❤Chaennie
8.8K 286 56
Have you ever wonder what's inside a quiet, kind and maybe isolated mind? Its personality won't show much about itself But her words speaks years o...
191K 4K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
384K 13.7K 60
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...