မနက် 7 နာရီ ယွန်းဆော နှိုးစက်အသံကြောင့် မနိုးချင်လဲ နိုးလာရတယ် မနေ့ညကျ အိပ်မရလို့ အိပ်ယာပေါ်မှာ လူးလိမ့်နေတာ တော်တော်နောက်ကျမှအိပ်လိုက်ရတယ် 7 နာရီမလို့ ပြင်ဆင်ချိန် 1နာရီရတယ်
*Noti*
"Good morning ယွန်းဆော 8 နာရီမှာတွေ့မယ်"
သေချာတာပေါ့ ဂျောင်ဟျွန်းဆီက စာ မသိရင်သမီးရည်းစားတွေ ချိန်းတွေ့တာကြလို့
"Good morning"
ယွန်းဆော တိုတိုတုတ်တုတ်သာ စာပြန်လိုက်တယ်
"မိုချာထတော့"
အခုထိ မွေ့ယာပေါ်ကနေ မထသေးတဲ့ မိုချာ့ကိုလည်း ယွန်းဆောမှာ နှိုးရသေးတယ်
"ပေါ့ပေါ့ပါးပါးပဲဝတ်ကြတာပေါ့"
ယွန်းဆော အင်္ကျီအဖြူအပေါ် အဝါရောင် အပေါ်ထပ်လေးထပ်ဝတ်ကာ ဂျင်းဘောင်းဘီအပွလေး တစ်ထည်ကိုဝတ်လိုက်တယ် မညှပ်ရသေးတာကြောင့် အနည်းငယ်ရှည်နေတဲ့ ဆံပင်ကို တစ်ဝက်စည်းလိုက်ပြီး ပုံကို ကိုယ်လုံးပေါ်မှန်ပေါ်မှာကြည့်လိုက်တော့ သောက်ရမ်းချစ်ဖို့ကောင်းတဲ့ ဂျီယွန်းဆောလေး
စတော်ဘယ်ရီအနံ့ ရေမွှေးလေးကိုပါ စွတ်လိုက်တော့ ဂျီယွန်းဆောဟာ လုံးဝ ချစ်ဖို့ကောင်းတဲ့ ကလေးတစ်ယောက်အသွင်
"ချောသားပဲ ဂျီယွန်းဆော"
ပုံမှန်အပြင်သွားလေ့မရှိတဲ့လူမလို့ ပြင်ပြင်ဆင်ဆင်မနေတော့ ချောမောလှတဲ့ ရုပ်ရည်ကို ဖုံးကွယ်ထားသလိုဖြစ်နေခဲ့တာ
"သွားရအောင် မိုချာ"
မိုချာ့ကို လည်ပင်းထက် လည်ပတ်ကြိုးဆွဲပေးလိုက်ပြီး မိုချာနဲ့ အတူ ယွန်းဆော အောက်ထပ်ကို ဆင်းလာတော့ အမေနဲ့ တန်းတိုးတာပဲ
"အယ် ဆောလေး ဘယ်သွားမလို့လဲ"
"အပြင် ခန"
"တစ်ယောက်တည်းလား ဆောလေး"
ယွန်းဆော ဘဝမှာ မေးခွန်းတွေကိုအမုန်းဆုံးပါ သေချာပေါက် မေးတဲ့လူလဲပါတာပေါ့
"ဟင့်အင်း"
"ပိုက်ဆံပါရဲ့လား မုန့်ဖိုးယူသွားလေ အမေ့ဆောလေးက ဒီလိုလေးကျ ကိုယ်လူချောလေးပဲ"
"သွားလိုက်ပါဦးမယ်"
ယွန်းဆော မေးခွန်းတွေကြားဆက်မနေနိုင်တော့လို့ အမေနဲ့စကားဖြတ်ပြီး အပြင်ကို အမြန်ထွက်လာခဲ့တယ်
ယွန်ဆောအမေမှာ သူ့သား အပြင်ထွက်သွားတာကို မယုံနိုင်လွန်းလို့ သူ့ယောက်ျားကိုပြောတာကို သူ့ယောက်ျားကပါ ယွန်းဆော အပြင်လျှောက်လည်တယ်ဆိုတာ မယုံဘူးတဲ့
.......
ဂျောင်ဟျွန်း ညက နောက်ကျမှအိပ်ရပေမယ့် မနက်ကျတော့လဲ အစောကြီးနိုးနေတာတောင် နည်းနည်းလေးတောင် အိပ်ချင်စိတ်ဖြစ်မနေတာထူးဆန်းတယ်မလား
မွန်းဂျောင် မျက်နှာသစ်ပြီး ဖုန်းထိုင်သုံးနေကာ 7 နာရီလောက်ကျ ယွန်းဆောနိုးလောက်ပြီထင်လို့ စာပို့လိုက်တယ်
"Good morning ယွန်းဆော 8 နာရီမှာတွေ့မယ်"
ထင်တဲ့အတိုင်းပဲ ယွန်းဆောကနိုးနေပြီဖြစ်လို့ ချက်ချင်းစာပြန်တယ်
"Good morning"
ယွန်းဆောပြန်တဲ့စာကို Herat react လေးသာပေးပြီး ဂျောင်ဟျွန်း စတင်ပြင်ဆင်တော့တာတယ် မနေ့က သေချာရွေးယူထားတဲ့ အင်္ကျီကို ဝတ်ကာ မှန်ထဲပြန်ကြည့်လိုက်တော့ ဂျောင်ဟျွန်းက ယောက်ျားဆန်ဆန်နဲချောတာ
ဂျောင်ဟျွန်းရွေးထားတဲ့အင်္ကျီက အောက်က စွပ်ကျယ်အဖြူကိုမှ အပေါ်မှာ ဂျင်းလက်ရှည်ထပ်ဝတ်ထားပြီး ဂျင်းဘောင်းဘီနဲ့ တွဲဝတ်ထားတယ် မသိရင် မော်ဒယ်လ် တစ်ယောက်အတိုင်းပဲ
"ဟဲ့ မွန်းဂျောင် ဒီလောက်ပြင်ဆင်ပြီး ဘယ်သွားမလို့လဲ"
"ဒိတ်သွားလုပ်မလို့"
"ဒီကလေးကတော့ အတတ်ကောင်းတွေ တက်နေတာ"
"တာ့တာ နော်မားရေ"
"နေပါဦး ဘယ်သူနဲ့လဲ ဒိတ်က သူနဲ့လား"
"မဟုတ်ပါဘူး မားရယ် သွားပြီနော်"
ဂျောင်ဟျွန်းအမေကတော့ တက်ကြွတဲ့ ကြက်ဖဖြစ်နေတဲ့ သူ့သားကိုကြည့်ပြီး ရယ်လျက် ခေါင်းတစ်ခါခါဖြစ်နေလေရဲ့
.....
ဂျောင်ဟျွန်း ဆိုင်ကိုရောက်တော့ 7 နာရီကျော်ကျော်ပဲရှိသေးလို့ လူသိပ်များတဲ့အပြင် ယွန်းဆောလဲမရောက်သေးဘူး
"ဘာမှာမလဲဂျောင်ဟျွန်းရေ ပုံမှန်အတိုင်းပဲလား"
ဆိုင်က အန်တီကြီး၏အသံဖြစ်သည် ဂျောင်ဟျွန်းတို့ဒီဆိုင်ကို ဘယ်လောက်လာလဲဆိုတာ အန်တီကြီးရဲ့ စကားပြောပုံကိုသာ ကြည့်လိုက်ပါတော့
"မဟုတ်ဘူး အန်တီ အစပ်တစ်ပွဲ ချိစ့်တော့ပို့ကီတစ်ပွဲ ဝက်သားလိပ်ကြော် နှစ်ခုပေးပါ အခုမချပေးနဲ့ဦးနော် လူတစ်ယောက်လာဖို့ရှိတယ် အဲ့ကျမှ ချပေး"
"အေးအေး ဒါနဲ့ ဒီနေ့အရမ်းချောနေတယ်နော် အဒေါ်တောင်မမှတ်မိဘူး"
ဂျောင်ဟျွန်းရယ်ပြကာ
"ဒီနေ့ ဒိတ်လုပ်မှာမလို့ရယ်"
ဂျောင်ဟျွန်းအချိန်ကြည့်တော့ 8 နာရီထိုးပြီ ထိုချိန် ဆိုင်တံခါးပွင့်လာတာမလို့ ကြည့်လိုက်တော့ ဂျီယွန်းဆောပင်
ဂျောင်ဟျွန်း ယွန်းဆောကိုမြင်တော့ အသက်ရှူဖို့ပါ မေ့နေသည် ဒီလောက် ချောတာ ဂျီယွန်းဆောက လူလား နတ်သားလား တော်သေးတာပေါ့ ကျောင်းမှာ ဒီလိုမျိုးမနေလို့ မဟုတ်ရင် တစ်ကျောင်းလုံးသူ့ပဲ ဝိုင်းကြိုက်နေကြမှာ
"ဟိုလေ ဂျောင်ဟျွန်း"
"ဟမ် အင်း ဘာ ဘာလဲပြောလေ"
"ငါ မိုချာ့ကို ဘယ်နားထားရမလဲလို့လေ"
"အာ ဟို တံခါးနားမှာ ချည်ထားလို့ရတယ် အဲ့မှာ အစာလဲကျွေးလို့ရတယ်"
"အာ အိုကေ"
ယွန်းဆော ဂျောင်ဟျွန်းပြတဲ့ နေရာမှာ မိုချာ့ကို ချည်ထားလိုက်တယ်
"ယွန်းဆော"
"အွန်း"
"ငါအရင်မှာထားလိုက်တယ် မင်းစောင့်နေရမှာစိုးလို့ မင်းထပ်မှာချင်သေးရင်မှာလေ"
"ရတယ် ရတယ် ငါမမှာတော့ဘူး"
အန်တီကြီးက မှာထားတာတွေလာချပေးတော့ ယွန်းဆောကို အရမ်းချောတာပဲဆိုပြီး ပြောသွားလို့ ယွန်းဆော နားရွက်တွေနီလာတာ မွန်းဂျောင် သတိထားမိပါတယ်
"ယွန်းဆော စားလေ မင်းမကြိုက်လို့လား ငါလဲ မင်းဘာစားမလဲမသိတာနဲ့ ငါမှာနေကျကို မှာလိုက်တာ"
"မဟုတ်ပါဘူး ငါကြိုက်ပါတယ် ကြိုမှာထားပေးလို့ ကျေးဇူးပါနော်"
"ရပါတယ်"
ဒီလိုဆိုတော့မှ ယွန်းဆောက သိပ်ပြဆက်ဆံရခက်ခဲတဲ့ လူမဟုတ်ပါဘူး ချစ်ဖို့ကောင်းတယ် ယွန်းဆောက
"ဒါနဲ့မင်းဆံပင်က တော်တော်ရှည်နေပြိီပဲ"
"ဆံပင်လား နည်းနည်းပါ"
ကျောင်းမှာဆို အမြဲတိတ်တဆိတ်နေတတ်တဲ့ယွန်းဆောကြောင့် ဆရာတောင် ယွန်းဆောကိုသတိမထားမိဘူးနဲ့တူတယ် ပုံမှန်ဆို ဆံပင်နည်းနည်းရှည်တာနဲ့ကို ညှပ်ခိုင်းတာ
"မင်း ဒီလိုပုံနဲ့သာ ကျောင်းသွားရင် တစ်ကျောင်းလုံးက မင်းကိုကြွေကုန်မှာပဲ"
ယွန်းဆောက ဂျောင်ဟျွန်းကို ရယ်ပြကာ
"မဟုတ်တာတွေ" လို့သာပြောတယ်
အဲ့နောက် သူတို့ဘာမှဆက်မပြောဖြစ်တော့ပါ ယွန်းဆောကလဲ တော့ပို့ကီကိုသာ သဲကြီးမဲကြီးစားနေတာ တစ်ခါမှမစားဖူးတဲ့ကလေးလေးလို
သူငယ်ချင်းနှစ်ယောက် စားသောက်ပြီး တော့ပို့ကီဆိုင်ကနေထွက်ထွက်ချင်းပဲ ယွန်းဆောက
"အဲ့တာဆို ငါပြန်တော့မယ် တော့ပို့ကီအတွက်ကျေးဇူးပါ"
အယ် ဘာတွေဖြစ်ကုန်တာလဲ ချက်ချင်းကြီးလား ဂျောင်ဟျွန်းမျှော်လင့်ထားတာဒီလိုမှမဟုတ်တာ ဒီအတိုင်းသွားခွင့်မပေးနိုင်ပါဘူး
"ခန မင်းပြန်တော့မလို့လား အစောကြီးရှိသေးတယ်လေ"
"မုန့်လိုက်ကျွေးတာဆို"
"ငါတို့ Lottle world သွားရအောင်"
"ဟင်"
"ကစားကွင်း သွားကြမယ်လို့ မင်းနဲ့ငါနဲ့ အတူတူ"
ယွန်းဆောကြောင်သွားသည် မုန့်လိုက်ကျွေးမယ်လို့ပဲပြောခဲ့တာ ကစားကွင်းသွားမယ်လို့ပြောခဲ့တာမှမဟုတ်တာ ပြီးတော့ အဲ့လိုနေရာနဲ့ ယွန်းဆောအကျင့်နဲ့က ကိုက်မနေဘူး
"ငါ ငါ အဆင်မပြေလောက်ဘူး"
ဂျောင်ဟျွန်းက အပြုံးမမည်တဲ့ အပြုံးလေးနဲ့ရယ်တယ် ဒါ သူနေ့တိုင်းမြင်နေရတဲ့ ဂျီယွန်းဆောပဲ
"ငါပါတာပဲလေ မင်းစိတ်ချလိုက်ပါ မင်းအဆင်မပြေမယ့် ကိစ္စမျိုးမရှိစေရဘူး"
"မိုချာကရော သူကရော အဲ့ကိုသွားလို့ရပါ့မလား"
"ငါ စီစဉ်ပြီးသားပါ ငါ့ကိုယုံလိုက်ပါ ယုံတယ်မလား"
ဆိုပြီး ဖြန့်ပေးလာတဲ့ ဂျောင်ဟျွန်းရဲ့တစ်ဖက် ယွန်းဆော အတော်ကြာအောင်စဉ်းစားပြီးမှ
"အင်းမင်းကိုယုံလိုက်မယ်" ဆိုပြီးပြောလာပေမယ့် ဂျောင်ဟျွန်းရဲ့ လက်ကိုတော့ ဆုပ်ကိုင်ခဲ့တော့မရှိခဲ့ပါဘူး