မင်းက α€„α€«α€·α€™α€­α€”α€Ία€Έα€™α€–α€Όα€…α€Ία€œα€¬α€™α€šα€Ία€·α€žα€° (...

By Zphoowai

374K 19.4K 2.4K

Redflag- Beauty M-preg More

Intro
Profile
ထပိုင်း (၁)
ထပိုင်း (၂)
ထပိုင်း (၃)
ထပိုင်း (၄)
ထပိုင်း (၅)
ထပိုင်း (၆)
ထပိုင်း (၇)
ထပိုင်း (၈)
ထပိုင်း (၉)
🌱
ထပိုင်း (၁၀)
Emergency foods
Ice CREAM
πŸƒ
ထပိုင်း (၁၁)
ထပိုင်း (၁၂)
ထပိုင်း (၁၃)
ထပိုင်း (၁၄)
ထပိုင်း (၁၅)
ထပိုင်း (၁၆)
ထပိုင်း(၁၇)
ထပိုင်း (၁၈)
ထပိုင်း (၁၉)
ထပိုင်း (၂၀)
ထပိုင်း (၂၁)
ထပိုင်း (၂၂)
ထပိုင်း (၂၄)
ထပိုင်း (၂၅)
ထပိုင်း (၂၆)
ထပိုင်း (၂၇)
ထပိုင်း (α‚αˆ)
ထပိုင်း (၂၉)
ထပိုင်း (၃၀)
ထပိုင်း (၃၁)
ထပိုင်း (၃၂)
ထပိုင်း (၃၃)
ထပိုင်း (၃၄)
ထပိုင်း (၃၅)
spoil

ထပိုင်း (၂၃)

3.3K 251 31
By Zphoowai


{Unicode}

... တစ်ခါတစ်လေ...
အချစ်ခံရတဲ့ သူတွေက...
ချစ်တယ်ဆိုတဲ့ ခံစားချက်ကို
ကောင်းကောင်းနားလည်မှာ မဟုတ်ဘူး....။

***

စနေနေ့...

ပေးထားသည့်အတိုင်း ကျွန်တော့်ဘက်က အကြောင်းအရာကို ပြန်ပြီး ပြောချက်ကို စောင့်နေသည် ထင်သည်...။

အစ်ကို့ဆီကို ဖုန်းပြောပြီးသည်နှင့် အဆောင်နံဘေး ကျော်ကျော်မှာ ရှိနေသည့် ကားအနက်ကို အဆောင်ပေါ်မှ ကြည့်လိုက်မိသည်...။ ထို့နောက် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချပြီးသည့် နောက်မှာတော့... အဆောင်အောက်သို့ ဆင်းလာမိတော့သည်...။

ဦးရတုမိုရ်ရဲ့ လူယုံဖြစ်သည့် တစ်ယောက်က ဦးအောင်စည်ကတော့ ကျွန်တော် လာသည်နှင့် ကားတံခါးကို ဖွင့်ပေးလာသည်...။ ကျွန်တော်လည်း ကားပေါ်ကို တက်လိုက်ပြီးသည်နှင့်... မျက်နှာကို အတတ်နိုင်ဆုံး... တည်ထားမိတော့သည်....။

မိနစ်အနည်းငယ် အကြာ...

ရောက်ပါပြီ...
ကားပေါ်က ဆင်းလိုက်သည်နှင့် ဦးရတုမိုရ်ရဲ့ အိမ်တော်ကြီးကို ငေးကြည့်မိလိုက်သည်...။

ဦးအောင်စည်က ကျွန်တော့်ကို ဦးရတုမိုရ် ရှိရာသို့... လိုက်ပို့ပေးသည်...။ ဦးရတုမိုရ်ကတော့ သူ့အခန်းထဲမှာပင် အေးဆေးစွာ ရှိနေသည်...။

"ဆရာ... ပျိုးပင်ငယ် ရောက်ပါပြီ..."

ထိုအချိန်မှာတော့ အလုပ်လုပ်နေသည့် ဦးရတုမိုရ်ရဲ့ အကြည့်က ကျွန်တော့်ဆီသို့ ရောက်လာလေပြီ...။ ထို့နောက် အပြုံးတစ်ချို့နှင့်အတူ...

"သြော်... လာခဲ့လေ...။ ဒီမှာ သားငယ် ပြန်နိုးလာပြီဆိုလို့..."

ကိုအောင်စည်ကတော့ ကျွန်တော့်ကို ဦးရတုမိုရ် မျက်နှာချင်းဆိုင် ထိုင်ခုံမှာ လိုက်ပို့ပြီးမှ အခန်းထဲက ထွက်သွားလေပြီ...။ အခန်းထဲမှာတော့ ကျွန်တော်နှင့် ဦးရတုမိုရ် နှစ်ယောက်တည်း....

ဦးရတုမိုရ်က သူ့ဖုန်းကို သူ့စားပွဲပေါ်သို့ ချထားပြီးသည်နှင့်...

"အန်ကယ် မေးထားတဲ့ ဆုံးဖြတ်ချက်လေး... အဲ့ဒီဘက်က ရပြီ ထင်ပါတယ်...။"

အောင်နိုင်သူ မျက်နှာဖြင့်ပင် မေးလာသည့် ဦးရတုမိုရ်ကို တစ်ချက်ကြည့်လိုက်မိသည်...။

"ပျိုးငယ်က အရုပ်တစ်ရုပ် မဟုတ်ဘူး... အန်ကယ်...။ အန်ကယ့်သား လိုချင်လို့ ဝယ်ပေးတာမျိုးက တစ်ဖက်သားရဲ့ ခံစားချက်အပေါ် မတရားသလို မခံစားမိဘူးလား?"

"........."

ဦးရတုမိုရ်က ဘာမှမပြောဘဲ ပျိုးငယ်ကိုသာ ငေးကြည့်နေသည်...။

"ဒါပေမယ့်... ပျိုးငယ် အမျိုးသားကို ကာကွယ်ရမယ်...။ ဒီတော့... ဒီအရုပ်ကို လိုချင်လို့ဆိုပြီး အပိုင်ပေးလို့ မရပါဘူး...။ ဒီအတိုင်း သူငယ်ချင်းအဖြစ်ပဲ နေပေးနိုင်ပါတယ်... ။ ဒါက ပျိုးငယ်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ပါ...။"

မျက်စိရှေ့မှာ မျက်နှာလေးနှင့်မလိုက်... ရင့်ကျက်ပြီး ကြောက်ဖို့ကောင်းအောင် စကားပြောနေသည့် အလှလေးကို ငေးကြည့်မိလိုက်သည်...။

ခေါင်းပေါ်မှ ဆံပင်ရှည်များကို နောက်တွဲအဖြစ် ဖြစ်သလို ထုံးထားသည်...။ ပါးပြင်မှ သနပ်ခါးရေးရေးနှင့် ဖြူဖြူသေးသေးလေးဖြင့်...။ သားငယ် ကြွေလောက်လည်း ကြွေလောက်စရာပင်...။

သူ့ဘက်က ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားပင် ပြောလာသည်...။ သက်ပြင်းကို ချပြီးသည်နှင့်...

"ဒါပေမယ့် အန်ကယ့်သားက ... အဲ့ဒီအဆင့်လောက်နဲ့ ရပ်တန့်သွားဖို့ကျတော့ အဆင်ပြေပါ့မလား?"

သူတို့ ဂုဏ်ဒြပ်နှင့်ညီစွာ စကားကို အထက်စီးဆန်စွာ ကိုယ့်တစ်ဘို့တည်း ကြည့်ကာ ပြောလာသည်...။ ကျွန်တော်လည်း တတ်နိုင်သမျှ မျက်နှာအခြေအနေကို ထိန်းထားပြီးသည်နှင့်....

"ဒါပေမယ့် ပျိုးငယ်မှာ ပိုင်ရှင် ရှိပါတယ်...။ ပိုင်ရှင်ဆိုတာထက် အဲ့ဒီတစ်ယောက်က ပျိုးငယ် တစ်ဘဝလုံးပါ...။ နောက်ထက် ဘာကိုမှ မလိုအပ်တော့တဲ့ သူမျိုးပါ...။"

လုံးဝကို အခိုင်အမာအဖြစ်နဲ့ ပြောနေသည်ပဲ...။ ရပါသည်... ကိစ္စမရှိပါ...။ ညှိနှိုင်းလို့ မရခဲ့ဖူးသည့် အထက်ကိစ္စများကိုတောင် ဒီအတိုင်း ဖြေရှင်းခဲ့ဖူးပါသည်...။ ဒီကိစ္စရဲ အားသာချက် အားနည်းချက် ကောင်းကောင်းတောင် ရှိနေတာမျိုးပေါ့...။

"ကောင်းပြီ... ဒါဆို အန်ကယ့်သားရဲ့ သူငယ်ချင်း အဖြစ်နဲ့ပေါ့...။ ဒါပေမယ့် သူ့ရဲ့ လိုအပ်ချက်တွေကို ညှိနှိုင်းပြီး နေပေးပါ...။"

"......."

"ဒီနေ့ အတန်းပိတ်တယ် မလား? ဒါဆို အန်ကယ်တို့ ရတုကို သွားကြည့်ကြမယ်..."

ဦးရတုမိုရ် မျက်နှာကတော့ ရွှင်လန်းတက်ကြွမှု အပြည့်ဖြင့်ပင်...။ ကျွန်တော့်ကိုပါ ခေါ်ပြီးသည်နှင့် ရတုရှိသည့် ဆေးခန်းသို့...။

Life2 Up Hospital..

"သား... ကဲ ဘယ်လိုနေသေးလဲ?"

ကုတင်ပေါ်မှာ ညှိုးငယ်နေသည့် ပုံစံဖြင့်ပင် ရှိနေသည့် ရတု...။

"အဆင်ပြေပါတယ်... Dad. ဒီနေ့ ဘာနေ့လဲ?"

"ဒီနေ့ စနေနေ့... မင်း ​မေ့နေတာ... သုံးရက်တောင် ရှိနေပြီ ...။ ဒါနဲ့ သားအတွက် Dad လက်ဆောင် ယူခဲ့တယ်...။ ဘာဖြစ်မလဲ မှန်းကြည့်လေ...။"

"ဘာကိုလဲ Dad"

ထို့နောက် ဦးရတုမိုရ်က လက်ဟန်ပြကာ ကျွန်တော့်ကို အခန်းထဲသို့ ဝင်လာခိုင်းသည်...။ ရတုကတော့ ကျွန်တော့်ကို တွေ့သည်နှင့် ချက်ချင်းဆိုသလို အိပ်ရာကုတင်ပေါ်မှ ထ ထိုင်မိသလောက်... ဖြစ်သွားလေပြီ...။

"ပျိုး... ပျိုး လား?"

ကျွန်တော်လည်း ဦးရတုမိုရ်ဘက်ကို မကြည့်မိအောင် ထိန်းထားရင်းမှ...

"ဟုတ်တယ်... ဘယ်လိုဖြစ်တာလဲ ရတု...။ နင့်ကို မတွေ့တော့မှ ဘာဖြစ်တာလဲဟင်?"

ထိုအချိန်မှာတော့ ရတုက အံ့သြလျက်ပင်... ထိုခဏနောက်မှာတော့ သူက ကုတင်ပေါ်မှ ထ ကာ သူ့ကျောနောက်ဘက်မှာ ခေါင်းအုံးကို ခုခံလျက်...။

"ပျိုး... ဒီလိုပြောင်းလဲသွားတာမှန်း သိရင်... ကျွန်တော် စောစောစီးစီး ကိုယ့်ကိုကိုယ် လုပ်ခဲ့ပါတယ်...။"

အပြုံးတစ်ခုဖြင့်ပင် ပြောလာလေတော့... ကျွန်​တော်လည်း ရတု့အခြေအနေအတွက် အနည်းငယ် စိုးထိတ်ပြီး သနားသွားမိသည်...။

ဘာလို့များ ဒီလိုသားက... ဒီလိုအဖေတစ်ယောက်ဆီမှာ ရှင်သန်မွေးဖွားလာခဲ့သည်လဲ ဆိုတာကတော့ စဥ်းစားစရာပင်...။

ရတုကတော့ ကျွန်တော့်ကို သူ့အနား ရှိနေသည့် အတွက် ပြုံးလျက်ဖြင့်ပင်...

"ကျေးဇူးတင်ပါတယ်... ပျိုး...။ ကျွန်တော် ရှေ့လျှောက် လိမ်လိမ်မာမာ နေပါမယ်လို့လည်း ကတိပေးပါတယ်...။ ကျောင်းလည်း တက်တော့မယ်... စာလည်း လိုက်နိုင်အောင် ကြိုးစားမယ်..."

"အင်း..."

ခေါင်းကိုသာ ညိမ့်ပြလိုက်မိသည်...။ ဒီလောက်ကြီး ပျော်ရွှင်သွားသည့် ခံစားချက်နှင့် လူမမာကို ဘယ်လိုတောင် ပြောရမယ် မသိတော့...။

သူ သက်သာလာသည့် တစ်ရက်ကို စောင့်ပြီးတော့ပဲ အကြောင်းစုံကို နားဝင်အောင် ပြောရမည် ဖြစ်သည်...။ အခုတော့ ကိုယ့်ဘက်က လွန်တာမျိုး မဟုတ်ဘဲ... အခြေအနေကို ထိန်းထားဖို့သာ ကြံလိုက်မိတော့သည်...။

အခုလောလောဆယ်တော့ အစ်ကို့ကို ဒီကို လာခိုင်းလို့ မဖြစ်သေး...။ ဦးရတုမိုရ် ဆိုတာ... သူများအားနည်းချက်နဲ့ ချုပ်ကိုင်တဲ့ နေရာမှာ သိပ်ကို အရှိန်အဝါကြီးတာပင်... အဲ့ဒါကြောင့် အစစ အရာရာ ဂရုစိုက်ရမည် ဖြစ်သည်...။

တစ်ရက်...
နှစ်ရက်...
သုံးရက်...
လေးရက်...
ငါးရက်...

တစ်ပတ်ပြည့်တော့မည် ဖြစ်သည်...။ ပျိုးငယ်နှင့် ကောင်းကောင်းမွန်မွန် စကားမပြောရပါ..။ အရေးကြီး စာမေးပွဲတွေ ရှိနေလို့တဲ့... ပြီးတော့ ကျောင်းပိတ်ရက်ကို အပြေးလာတွေ့မယ်လို့လည်း ပြောသေးတာပင်...။

ဒီနေ့တော့ ပျိုးငယ်က ရွာကို ပြန်လာမည် ပြောသည်...။ ဘာပဲဖြစ်ဖြစ် သူချိန်းသည့် ကားဂိတ်ကိုသာ အရောက်သွားပို့ ပြင်ဆင်နေမိသည်....။

အိမ်ဝိုင်းထဲမှ ထွက်ပြီး ကားဂိတ်ကို သွားဖို့ ပြင်ဆင်နေသည့် သူ့ကို တစ်ချက်ကြည့်လိုက်မိပြီးသည့်နောက်....

"မေရီ... ကျွန်တော် ပြောစရာရှိတယ်...။ တစ်မျိုးတော့ မထင်ပါနဲ့နော်...။"

"သြော် အေး... ဘာကိုလဲ? ဘာပြောမှာမလို့လဲ?"

"မဟုတ်ဘူး... ကျွန်တော်က ဒီအတိုင်း ကြားဝင်သလို ဖြစ်မှာစိုးလို့ပါ...။"

ထိုအချိန်မှာတော့ မေရီကတော့ သိလိုစိတ် သံသယမျက်လုံးများဖြင့်ပင် ကျွန်တော့်ကို ကြည့်လာသည်...။

ထင်ထားသည့်အတိုင်း အကွက်ထဲသို့ ဝင်လာဟန် ရှိသည့် မေရီ့ကို တစ်ချက်ကြည့်ကာ...

"ဟို...ပျိုးပင်ငယ်ကလေ... မကွေးက...
သူနဲ့ ကျောင်းတက်နေတဲ့ ကောင်လေးနဲ့ ခဏ ခဏ တွေ့နေရတယ်တဲ့..."

"ဟမ်..
ဟုတ်ရဲ့လားကွယ်... ပျိုးငယ်က အဲ့လိုလဲ မဟုတ်လောက်သေးပါဘူး...။"

အိမ်ဝိုင်းထဲမှ ထွက်သွားသည့် သားဖြစ်သူ အခြေအနေကို ကြည့်ကာ ပြောလိုက်မိသည်။ ဟုတ်တော့လည်း ဟုတ်နေမလား? အဲ့ဒီကိစ္စတွေကြောင့်ပဲ... အခါတိုင်း ဟိုကို သွားတွေ့နေသည့် သားတော်ကို လာမတွေ့ခိုင်းဘဲ ရှိနေသည်ကတော့ စဥ်းစားစရာ...။

မေရီကတော့ အိမ်ဝိုင်းထဲက ထွက်သွားသည့် သားငယ်ဖြစ်သူကို တစ်ချက်ကြည့်နေတုန်းပင် ကျွန်တော်လည်း သူ့ကို ကြည့်လိုက်မိသည်....။

တစ်ယောက်တည်း အရမ်းကြီး ချစ်နေတာမျိုးက မပင်ပန်းဘူးလား? တစ်ဖက်က ကိုယ့်အပေါ် စိတ်အရမ်းမရှိဘဲ အလိုက်သင့်နေတာမျိုးက အချိန်တန် သူက ကိုယ့်အနားက ထွက်သွားမှာပဲ..။

ပျိုးပင်ငယ် ကြည့်ရတာတော့ မင်းကို ချစ်တဲ့ပုံ အရမ်းမပေါ်သလိုဘဲ... မင်းခံစားရတာတွေကို သူက သိမှာမဟုတ်ဘူးဟ...။
အဲ့လိုလူမျိုးအတွက်... ဘာလို့ စိတ်ခံစားမှု အပြည့် ဖြစ်နေတာလဲ?

ဘာလို့?
မင်းရဲ့ အာရုံစိုက်မှုတွေကို... အပြည့်အဝ နားလည်တဲ့သူ...၊ တန်ဖိုးထားတတ်တဲ့ သူဆီမှာပဲ ဘာလို့ ရင်းနှီးမထားတာလဲ?

အခုလိုတွေ အမြန်ဆုံး အပြင်းထန်ဆုံး ​ဖြစ်လာနိုင်သလား?

ဟင့်အင်း.. ကိုယ်ချစ်တဲ့သူကို မစတေးနိုင်ပါဘူး... ထိုအရာသာ တိတ်တဆိတ် ထွက်သွားနိုင်ဖို့ လုပ်ပေးလိုက်ရုံပဲ သံသယတွေကြားမှာလေ...။

"ဟုတ်တယ်.... ဒီအတိုင်း ကျွန်တော်လည်း ကြားရတာလေးကို မျှဝေတာပါ...။ ဒါပေမယ့် ပျိုးပင်ငယ်ကတော့ အဲ့လိုတော့ မလုပ်လောက်ဘူး ထင်ပါတယ်လေ...။ ဒီအတိုင်း မေရီ့ကို ခင်လို့လေ... ပြီးတော့ အမေတစ်ယောက်လို သဘောထားလို့..."

"သိပါတယ်ကွယ်..."

"သတင်းဆိုးဆိုတာ ဘေးလူတွေ သိပြီးမှ ကိုယ်က သိရတာမလား? ဒီအတိုင်း သူ့သူငယ်ချင်းလည်း ဖြစ်ချင်ဖြစ်မှာပါ...။ ကျွန်တော်က ဒီအတိုင်း ပျိုးပင်ငယ်ဘက်ကတောင် ကာကွယ်ပြီး ပြောခဲ့ပါသေးတယ်...။ ဒါက မေရီ့ကို ခင်ပြီး ကိုယ့်မိသားစု တစ်ခုလို သဘောထားလို့ ပြောပြတာပါနော်...။ ကျွန်တော်က ဒီရွာမှာ ခင်ရာဆွေမျိုး... မိန်ရာဟင်းကောင်းအဖြစ်နဲ့က မေရီတို့ပဲ ရှိတာ...."

"သြော်... သိပါတယ်... ဆရာဝန်လေးရယ်... အဒေါ် နားလည်ပါတယ်...။ ဒါက ကိုယ်က စေတနာနဲ့ ပြောတာပဲ... ။ ဟုတ်တယ်... သတင်းဆိုးဆိုတာ ပတ်ဝန်းကျင် မကြားမှ ကိုယ်က ကြားရတာ...။ အခုလို လာပြီး ပြောပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်... ပျိုးငယ်လေးက အဲ့လိုတော့ မဟုတ်တန်ရာဘူး....။"

မေရီကတော့ အခုထက်ထိ ပျိုးပင်ငယ်ဆိုသည့် တစ်ယောက် ဖောက်ပြန်နေသည့် ကိစ္စကို ယုံကြည်သေးဟန် မပြ...။
နေပါဦး...
သူက ဘာကောင်းနေလို့လဲ?
ဘာတွေ ကောင်းနေလို့ သူ့ကိုဆို စံပယ်ဖြူလေးလို ဆက်ဆံနေကြရတာလဲ?

"ဒီမှာ... သူတို့ ပြောနေတုန်း ကျွန်တော်လည်း မယုံလို့ အဲ့လို မေးခဲ့ပါတယ်...။ သူတို့ကတော့ သက်သေ သက္ကာယနဲ့ဆိုပြီး ဒီဓာတ်ပုံတောင် ပြလိုက်ပါသေးတယ်...။"

ဖုန်းထဲမှာ သိမ်းဆည်းထားသည့် မိုးပို့ထားသည့် ဓာတ်ပုံများကို အရီးလေးရှေ့သို့ ပြလိုက်မိတော့သည်...။ အရီးလေးကတော့ သူ့မျက်စိရှေ့က ဓာတ်ပုံတစ်ပုံချင်းစီကို ခံစားချက်မျိုးစုံဖြင့်ပင် ကြည့်နေသည်...။

မေရီက စိတ်ဝင်တစား ကြည့်နေသည့် အချိန်မှာပင်...

"ဒီတစ်ယောက်လေ... မင်းခိုက်ရတုမိုရ် ဆိုတဲ့ တစ်ယောက်...။ သူက ဒီကိုလည်း ဆေးအရောင်းနဲ့အတူ လိုက်ပါဖူးတယ်တဲ့...။ အဲ့ဒီကလေးက မကွေးမှာပဲ ဘာသာရပ်တစ်ခုကို သင်ယူနေတာ...။ အဲ့ဒါက ကိစ္စမရှိပေမယ့်... အဓိက ကတော့ သူ့အဖေ...

သူ့အဖေက...
ဒီတိုင်းဌာနတစ်ခုချင်းစီရဲ့ အရေးကြီးတဲ့ တိုင်းမှူးအထိပါ သူ့အာဏာက ဝင်ဆံ့တယ်တဲ့....။ ပြောရရင်တော့ သူတို့နဲ့ ညှိရင် အတော်လေး ဆိုးတဲ့ အနေအထားပေါ့....။"

ထိုအခါမှတော့ မေရီက သားဖြစ်သူရဲ့ လုံခြုံမှုအတွက် အနည်းငယ် စိုးထိတ်သွားသလို သူ့ရင်ဘတ်ကို ဖိနှိပ်ပြီး ကျွတ်တသသ သပ်သည်....။

"အမလေး... ဘုရား... ဘုရား..."

"ဟုတ်တယ်.... ဒါက အဲ့ဒီ လူကြီးရဲ့ ကားလေ...။ ထင်တာတော့ ပျိုးပင်ငယ်ကို ခဏ ခဏလိုက်စီးဖူးတဲ့ ကားပေါ့...။ ထင်တာတော့ ပျိုးပင်ငယ်က အဲ့ဒီအိမ်က အတော်လေးကို ချစ်တယ် ထင်တယ်...။"

သံသယဆိုတာ.... အပ်တစ်ချောင်းနှင့် အလားသဏ္ဍာန်ရှိသည်...။ တဖြည်းဖြည်းနဲ့ ဖောက်ဝင်ပြီး ရင်ဘတ်ထဲမှာ အချိန်အတော်ကြာ စိုက်ဝင်နေတာမျိုးပေါ့...။

ဟန်မဆောင်နိုင်တော့လောက်အောင် ဖြစ်ပျက်သွားသည့် မေရီ့မျက်နှာကို တစ်ချက်ကြည့်လိုက်ကာ သဘောကျ ပြုံးပြီးသည်နှင့်....

"... စိတ်တော့ အရမ်းကြီး မပူပါနဲ့...။ အခုဟာက ပျိုးပင်ငယ်ဆီကလဲ ဘာတစ်ခွန်းမှ ထွက်မလာသေးဘူး ဆိုတော့လေ... သာမန် သူငယ်ချင်း ဆက်ဆံမှုမျိုးလည်း ဖြစ်မှာပါ...။"

အနည်းငယ် ချော့လိုက်... ဖြောင့်ဖျလိုက်... သံသယ သွင်းလိုက် ထားလိုက်မိသည်...။ ဒါကသာ အကောင်းဆုံးသော သံသယဝင်ဖို့ နည်းလမ်းတစ်ခု ဖြစ်သည်...။

"ဒါဆို မေရီ... သား ဆေးခန်းကို ပြန်ဦးမယ်... နေ့ခင်း ချိန်းထားတဲ့ လူနာတွေ ရှိလို့ပါ...။"

ထိုအချိန်မှာတော့ သွက်သွက်လက်လက် ရှိသည့် မေရီ့က ချက်ချင်းဆိုသလို အတွေးများဖြင့် ငိုင်ကျသွားရာမှ...

"သြော်... အေးအေး... ဟုတ်တယ်... သွားရမှာပေါ့... သွားသွား...။ ဒါက အရေးကြီးတယ်... ဒါနဲ့ အဲ့ဒီပုံလေးကို ဒီဖုန်းထဲ ကူးထားပေးခဲ့လို့ ရမလား?"

ရတာပေါ့...
သိပ်ကို ရတာပေါ့...။ ဒီလိုပုံတွေက ပျိုးပင်ငယ်ကို အကြပ်ရိုက်အောင် မေးပြီး ဖယ်ထုတ်နိုင်သည့် အလားအလာတွေလေ..
မိမိ ချစ်ရသူ အနားကပေါ့...။

ပျိုးပင်ငယ်...
မင်း သေရင်တောင် ကိုယ့်ကိုကိုယ် သတ်သေလိုက်နော်...။
ငါသဘောကျတဲ့ လူကို မင်းအတွက်ကြောင့် ဒုက္ခရောက်ခွင့် မပြုနိုင်ဘူး....။

"ဟုတ်ကဲ့... ရတယ်... မေရီ..။ ဒါပေမယ့် အဲ့ဒီပုံတွေက ငဦး​ဆီ ရောက်လို့ ဖြစ်ပါ့မလား? ပြီးတော့ ပျိုးပင်ငယ် သိသွားရင် မကောင်းသလို... သူတို့ အိမ်ထောင်ရေးအတွက် ကြားထဲက အဖြစ်အပျက်တစ်ခု ဖြစ်သွားနိုင်လား? ဒါကလေ... ဘာမှမဟုတ်ခဲ့ရင် သူတို့အကြားက ဆူးငုတ်တစ်ခုဖြစ်မှာ ကြောက်တယ်...။ ကျွန်တော်က ဒီအတိုင်း သိတာလေးကို မျှဝေပေးတာလေးပဲဆို​တော့လေ...."

"ရတယ်... ပေးခဲ့လိုက်ပါ...။ အရီးလေး... ပျိုးပင်ငယ်ကို တိုးတိုးကြိတ်ကြိတ် အကဲခတ်လိုက်ပါ့မယ်...။"

"ဟုတ်ကဲ့ အဲ့ဒီနည်းလမ်းက အကောင်းဆုံးပါပဲ မေရီ...။ သားဘက်ကလည်း ရတဲ့ သတင်းမှန်သမျှ အကုန်ပေးပါ့မယ်...။"

"ကျေးဇူးတင်ပါတယ်... ဆရာဝန်လေးရယ်....။"

သဇင် ကားဂိတ်...

မကွေးမြို့ ကျွန်တော့်အဆောင်နှင့် အတော်လေး နီးသည့် နေရာမှာပင် ရှိသည်...။ ဘယ်လိုမှ ပြောမရလို့ သူ့ကားဖြင့် လိုက်ပို့တာ ခံခဲ့ရပေမယ့် အခုထက်ထိ သူ့အိမ်ကို မပြန်နိုင်သေး....။

အခု ကားပေါ်ရောက်ပြီး ကားက စ တင် မကွေးမြို့က ထွက်ခွာသည့် အချိန်ကတည်းက နောက်ကနေ သူ့ကားဖြင့် ကပ်လျက် ပါလာသည်....။

ဒုက္ခပဲ...
ရွာအနီးစပ်ဆုံး ဂိတ်မှာ လာကြိုမည့် အစ်ကိုနှင့် တွေ့မှာ စိုးရိမ်ရသည်... ။

အစ်ကိုက သိပ်ကို လျင်တာ...
ပြီးတော့ ဉာဏ်လည်း ကောင်းသေးတာ... သူတစ်ချက် ကြည့်လိုက်တာနဲ့ သိပ်ပြီး မူမမှန်ရင် ဘာဆိုတာ သိပြီးသားပင်....။

တစ်နာရီခန့် အကြာ....

ကျွန်တော် အစ်ကို့ကို လာကြိုခိုင်းသည့် ကားဂိတ်ကို ရောက်နေပြီ ဖြစ်သည်...။ ကားဂိတ်မှာ ထိုင်နေသည့် အစ်ကို့ကို မြင်လိုက်ပြီးသည့် နောက်မှာတော့.... ကားရဲ့ပြတင်း မှန်နံဘေးကို ကြည့်လိုက်မိသည်....။

မင်းခိုက်ရတုမိုရ်...
မင်းခိုက်ရတုမိုရ်က အခုထက်ထိ... ကားရဲ့ နံဘေးမှာ ကပ်လျက် လိုက်ပါနေတုန်းပင်....။

"ရှေ့ဂိတ်မှာ ဆင်းမယ်နော်...။"

"ဟုတ်ကဲ့... ကားအောက်မှာ ပစ္စည်းပါသေးလား?"

"ဟုတ်ကဲ့... ခရီးဆောင် ကားတွန်းအိတ် တစ်ခုပဲ ပါတာပါ...။"

ထို့နောက် ရှေ့က ကားဂိတ်မှ ထိုင်နေသည့် အစ်ကိုက ကျွန်တော့်အရိပ်အယောင် မြင်သည်နှင့် ချက်ချင်းဆိုသလို ကားအနားသို့....။

"အစ်ကို..."

နူတ်မှ ခပ်ဖွဖွ ရေရွတ်ကာ ပြုံးပြလိုက်မိသည်...။ ထိုအချိန်မှာတော့ အစ်ကိုက... သူ့လက်တစ်ဖက်ဖြင့်ပင် ကျွန်တော့်ခါးကို ရစ်သိုင်းပတ်ကာ အောက်သို့...

ကျွန်တော့်အထုပ်များကို သူ့ဆိုင်ကယ်ပေါ်သို့ တင်ပြီးသည်နှင့် ကျွန်တော့်ကို ဆိုင်ကယ်ပေါ်သို့.... ။ ကျွန်တော်က နောက်ဘက်က တွဲထိုင်ခုံပေါ်မှာ ထိုင်ဖို့ ပြင်လိုက်ပေမယ့်... အစ်ကိုက....

"ဒီရှေ့ကို လာထိုင်..."

အစ်ကိုကတော့ မျက်နှာတည်တည် အသံပြတ်ပြတ်ဖြင့်ပင် ပြောလာချိန်မှာတော့ ကျွန်တော်လည်း အစ်ကို့ဘက်က အခြေအနေကိုသာ ကြည့်လိုက်မိသည်....။

"အစ်ကို ရှေ့က အထုပ်တွေနဲ့က အဆင်မပြေလောက်ဘူး ထင်တယ်...။"

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို ပွေ့ဖက်ကာ သူ့ရှေ့တစ်နေရာစာမှာ ပွေ့တင်သည်....။

"ငါ ပြောပြီးပြီပဲ... မင်းကို ငါ့လက်နဲ့ မဟုတ်ဘဲ... ဘယ်လိုမှ အသေမခံနိုင်ဘူး... လို့..."

ထို့နောက် အစ်ကိုက ဆိုင်ကယ် အခြေအနေကို တစ်ချက်ကြည့်ပြီးသည်နှင့်... ကားဂိတ်မှ ထွက်လာမိတော့သည်...။

အစ်ကို့ဆီမှ ဘာစကားမှ မကြားရတော့...။ အစ်ကိုက အစကတည်းက စကားများများ ပြောတတ်သူ မဟုတ်...။ အတွေးများဖြင့် နေနိုင်သလို... လက်တွေ့လည်း ဆန်ဆန် နေတတ်သည့်သူပင်...။

ကျွန်တော် တစ်ယောက်တည်းနှင့်ပဲ စကားလုံးများစွာကို စွန့်ကျဲတတ်သည့် အစ်ကိုက အခုချိန်မှာတော့.... ပုံမှန်မဟုတ် တိတ်ဆိတ်နေသည်...။

ဆိုင်ကယ်ကို တစိုက်မတ်မတ် မောင်းနှင်နေရင်းမှ အစ်ကိုက...

"ပျိုးငယ်... ကလေးလေးက သူငယ်ချင်းတွေ ရနေတာလား?"

ကြက်သိမ်း ထ ဖွယ် အသံတစ်ခုနောက်မှာ တော့...
အစ်ကိုက ခပ်ကြိတ်ကြိတ် ရယ်မောလာသည်...။

"အစ်ကို..."

Next part spoiler...

msg ထဲ ဝင်လာသည့် hotel လိပ်စာအတိုင်း လိုက်သွားမိသည်...။ ထို့နောက် အခန်းရှေ့က မတ်တပ်ရပ်ကာ စောင့်နေမိသည်...။

ခဏအကြာမှာပင် အခန်းထဲမှ ထွက်လာသည့် နှစ်ယောက်ထဲမှ တစ်ယောက်ကတော့ဖြင့် ကျွန်တော့်ကို တေ့်လိုက်သည်နှင့်....

"အ... အစ်ကို..."

{Zawgyi}

... တစ္ခါတစ္ေလ...
အခ်စ္ခံရတဲ့ သူေတြက...
ခ်စ္တယ္ဆိုတဲ့ ခံစားခ်က္ကို
ေကာင္းေကာင္းနားလည္မွာ မဟုတ္ဘူး....။

***

စေနေန႕...

ေပးထားသည့္အတိုင္း ကြၽန္ေတာ့္ဘက္က အေၾကာင္းအရာကို ျပန္ၿပီး ေျပာခ်က္ကို ေစာင့္ေနသည္ ထင္သည္...။

အစ္ကို႔ဆီကို ဖုန္းေျပာၿပီးသည္ႏွင့္ အေဆာင္နံေဘး ေက်ာ္ေက်ာ္မွာ ရွိေနသည့္ ကားအနက္ကို အေဆာင္ေပၚမွ ၾကည့္လိုက္မိသည္...။ ထို႔ေနာက္ ဆုံးျဖတ္ခ်က္တစ္ခုကို ခိုင္ခိုင္မာမာ ခ်ၿပီးသည့္ ေနာက္မွာေတာ့... အေဆာင္ေအာက္သို႔ ဆင္းလာမိေတာ့သည္...။

ဦးရတုမိုရ္ရဲ႕ လူယုံျဖစ္သည့္ တစ္ေယာက္က ဦးေအာင္စည္ကေတာ့ ကြၽန္ေတာ္ လာသည္ႏွင့္ ကားတံခါးကို ဖြင့္ေပးလာသည္...။ ကြၽန္ေတာ္လည္း ကားေပၚကို တက္လိုက္ၿပီးသည္ႏွင့္... မ်က္ႏွာကို အတတ္နိုင္ဆုံး... တည္ထားမိေတာ့သည္....။

မိနစ္အနည္းငယ္ အၾကာ...

ေရာက္ပါၿပီ...
ကားေပၚက ဆင္းလိုက္သည္ႏွင့္ ဦးရတုမိုရ္ရဲ႕ အိမ္ေတာ္ႀကီးကို ေငးၾကည့္မိလိုက္သည္...။

ဦးေအာင္စည္က ကြၽန္ေတာ့္ကို ဦးရတုမိုရ္ ရွိရာသို႔... လိုက္ပို႔ေပးသည္...။ ဦးရတုမိုရ္ကေတာ့ သူ႕အခန္းထဲမွာပင္ ေအးေဆးစြာ ရွိေနသည္...။

"ဆရာ... ပ်ိဳးပင္ငယ္ ေရာက္ပါၿပီ..."

ထိုအခ်ိန္မွာေတာ့ အလုပ္လုပ္ေနသည့္ ဦးရတုမိုရ္ရဲ႕ အၾကည့္က ကြၽန္ေတာ့္ဆီသို႔ ေရာက္လာေလၿပီ...။ ထို႔ေနာက္ အၿပဳံးတစ္ခ်ိဳ႕ႏွင့္အတူ...

"ေၾသာ္... လာခဲ့ေလ...။ ဒီမွာ သားငယ္ ျပန္နိုးလာၿပီဆိုလို႔..."

ကိုေအာင္စည္ကေတာ့ ကြၽန္ေတာ့္ကို ဦးရတုမိုရ္ မ်က္ႏွာခ်င္းဆိုင္ ထိုင္ခုံမွာ လိုက္ပို႔ၿပီးမွ အခန္းထဲက ထြက္သြားေလၿပီ...။ အခန္းထဲမွာေတာ့ ကြၽန္ေတာ္ႏွင့္ ဦးရတုမိုရ္ ႏွစ္ေယာက္တည္း....

ဦးရတုမိုရ္က သူ႕ဖုန္းကို သူ႕စားပြဲေပၚသို႔ ခ်ထားၿပီးသည္ႏွင့္...

"အန္ကယ္ ေမးထားတဲ့ ဆုံးျဖတ္ခ်က္ေလး... အဲ့ဒီဘက္က ရၿပီ ထင္ပါတယ္...။"

ေအာင္နိုင္သူ မ်က္ႏွာျဖင့္ပင္ ေမးလာသည့္ ဦးရတုမိုရ္ကို တစ္ခ်က္ၾကည့္လိုက္မိသည္...။

"ပ်ိဳးငယ္က အ႐ုပ္တစ္႐ုပ္ မဟုတ္ဘူး... အန္ကယ္...။ အန္ကယ့္သား လိုခ်င္လို႔ ဝယ္ေပးတာမ်ိဳးက တစ္ဖက္သားရဲ႕ ခံစားခ်က္အေပၚ မတရားသလို မခံစားမိဘူးလား?"

"........."

ဦးရတုမိုရ္က ဘာမွမေျပာဘဲ ပ်ိဳးငယ္ကိုသာ ေငးၾကည့္ေနသည္...။

"ဒါေပမယ့္... ပ်ိဳးငယ္ အမ်ိဳးသားကို ကာကြယ္ရမယ္...။ ဒီေတာ့... ဒီအ႐ုပ္ကို လိုခ်င္လို႔ဆိုၿပီး အပိုင္ေပးလို႔ မရပါဘူး...။ ဒီအတိုင္း သူငယ္ခ်င္းအျဖစ္ပဲ ေနေပးနိုင္ပါတယ္... ။ ဒါက ပ်ိဳးငယ္ရဲ႕ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ပါ...။"

မ်က္စိေရွ႕မွာ မ်က္ႏွာေလးႏွင့္မလိုက္... ရင့္က်က္ၿပီး ေၾကာက္ဖို႔ေကာင္းေအာင္ စကားေျပာေနသည့္ အလွေလးကို ေငးၾကည့္မိလိုက္သည္...။

ေခါင္းေပၚမွ ဆံပင္ရွည္မ်ားကို ေနာက္တြဲအျဖစ္ ျဖစ္သလို ထုံးထားသည္...။ ပါးျပင္မွ သနပ္ခါးေရးေရးႏွင့္ ျဖဴျဖဴေသးေသးေလးျဖင့္...။ သားငယ္ ေႂကြေလာက္လည္း ေႂကြေလာက္စရာပင္...။

သူ႕ဘက္က ဆုံးျဖတ္ခ်က္ကို ျပတ္ျပတ္သားသားပင္ ေျပာလာသည္...။ သက္ျပင္းကို ခ်ၿပီးသည္ႏွင့္...

"ဒါေပမယ့္ အန္ကယ့္သားက ... အဲ့ဒီအဆင့္ေလာက္နဲ႕ ရပ္တန့္သြားဖို႔က်ေတာ့ အဆင္ေျပပါ့မလား?"

သူတို႔ ဂုဏ္ျဒပ္ႏွင့္ညီစြာ စကားကို အထက္စီးဆန္စြာ ကိုယ့္တစ္ဘို႔တည္း ၾကည့္ကာ ေျပာလာသည္...။ ကြၽန္ေတာ္လည္း တတ္နိုင္သမွ် မ်က္ႏွာအေျခအေနကို ထိန္းထားၿပီးသည္ႏွင့္....

"ဒါေပမယ့္ ပ်ိဳးငယ္မွာ ပိုင္ရွင္ ရွိပါတယ္...။ ပိုင္ရွင္ဆိုတာထက္ အဲ့ဒီတစ္ေယာက္က ပ်ိဳးငယ္ တစ္ဘဝလုံးပါ...။ ေနာက္ထက္ ဘာကိုမွ မလိုအပ္ေတာ့တဲ့ သူမ်ိဳးပါ...။"

လုံးဝကို အခိုင္အမာအျဖစ္နဲ႕ ေျပာေနသည္ပဲ...။ ရပါသည္... ကိစၥမရွိပါ...။ ညွိႏွိုင္းလို႔ မရခဲ့ဖူးသည့္ အထက္ကိစၥမ်ားကိုေတာင္ ဒီအတိုင္း ေျဖရွင္းခဲ့ဖူးပါသည္...။ ဒီကိစၥရဲ အားသာခ်က္ အားနည္းခ်က္ ေကာင္းေကာင္းေတာင္ ရွိေနတာမ်ိဳးေပါ့...။

"ေကာင္းၿပီ... ဒါဆို အန္ကယ့္သားရဲ႕ သူငယ္ခ်င္း အျဖစ္နဲ႕ေပါ့...။ ဒါေပမယ့္ သူ႕ရဲ႕ လိုအပ္ခ်က္ေတြကို ညွိႏွိုင္းၿပီး ေနေပးပါ...။"

"......."

"ဒီေန႕ အတန္းပိတ္တယ္ မလား? ဒါဆို အန္ကယ္တို႔ ရတုကို သြားၾကည့္ၾကမယ္..."

ဦးရတုမိုရ္ မ်က္ႏွာကေတာ့ ႐ႊင္လန္းတက္ႂကြမႈ အျပည့္ျဖင့္ပင္...။ ကြၽန္ေတာ့္ကိုပါ ေခၚၿပီးသည္ႏွင့္ ရတုရွိသည့္ ေဆးခန္းသို႔...။

Life2 Up Hospital..

"သား... ကဲ ဘယ္လိုေနေသးလဲ?"

ကုတင္ေပၚမွာ ညွိုးငယ္ေနသည့္ ပုံစံျဖင့္ပင္ ရွိေနသည့္ ရတု...။

"အဆင္ေျပပါတယ္... Dad. ဒီေန႕ ဘာေန႕လဲ?"

"ဒီေန႕ စေနေန႕... မင္း ေမ့ေနတာ... သုံးရက္ေတာင္ ရွိေနၿပီ ...။ ဒါနဲ႕ သားအတြက္ Dad လက္ေဆာင္ ယူခဲ့တယ္...။ ဘာျဖစ္မလဲ မွန္းၾကည့္ေလ...။"

"ဘာကိုလဲ Dad"

ထို႔ေနာက္ ဦးရတုမိုရ္က လက္ဟန္ျပကာ ကြၽန္ေတာ့္ကို အခန္းထဲသို႔ ဝင္လာခိုင္းသည္...။ ရတုကေတာ့ ကြၽန္ေတာ့္ကို ေတြ႕သည္ႏွင့္ ခ်က္ခ်င္းဆိုသလို အိပ္ရာကုတင္ေပၚမွ ထ ထိုင္မိသေလာက္... ျဖစ္သြားေလၿပီ...။

"ပ်ိဳး... ပ်ိဳး လား?"

ကြၽန္ေတာ္လည္း ဦးရတုမိုရ္ဘက္ကို မၾကည့္မိေအာင္ ထိန္းထားရင္းမွ...

"ဟုတ္တယ္... ဘယ္လိုျဖစ္တာလဲ ရတု...။ နင့္ကို မေတြ႕ေတာ့မွ ဘာျဖစ္တာလဲဟင္?"

ထိုအခ်ိန္မွာေတာ့ ရတုက အံ့ၾသလ်က္ပင္... ထိုခဏေနာက္မွာေတာ့ သူက ကုတင္ေပၚမွ ထ ကာ သူ႕ေက်ာေနာက္ဘက္မွာ ေခါင္းအုံးကို ခုခံလ်က္...။

"ပ်ိဳး... ဒီလိုေျပာင္းလဲသြားတာမွန္း သိရင္... ကြၽန္ေတာ္ ေစာေစာစီးစီး ကိုယ့္ကိုကိုယ္ လုပ္ခဲ့ပါတယ္...။"

အၿပဳံးတစ္ခုျဖင့္ပင္ ေျပာလာေလေတာ့... ကြၽန္ေတာ္လည္း ရတု႔အေျခအေနအတြက္ အနည္းငယ္ စိုးထိတ္ၿပီး သနားသြားမိသည္...။

ဘာလို႔မ်ား ဒီလိုသားက... ဒီလိုအေဖတစ္ေယာက္ဆီမွာ ရွင္သန္ေမြးဖြားလာခဲ့သည္လဲ ဆိုတာကေတာ့ စဥ္းစားစရာပင္...။

ရတုကေတာ့ ကြၽန္ေတာ့္ကို သူ႕အနား ရွိေနသည့္ အတြက္ ၿပဳံးလ်က္ျဖင့္ပင္...

"ေက်းဇူးတင္ပါတယ္... ပ်ိဳး...။ ကြၽန္ေတာ္ ေရွ႕ေလွ်ာက္ လိမ္လိမ္မာမာ ေနပါမယ္လို႔လည္း ကတိေပးပါတယ္...။ ေက်ာင္းလည္း တက္ေတာ့မယ္... စာလည္း လိုက္နိုင္ေအာင္ ႀကိဳးစားမယ္..."

"အင္း..."

ေခါင္းကိုသာ ညိမ့္ျပလိုက္မိသည္...။ ဒီေလာက္ႀကီး ေပ်ာ္႐ႊင္သြားသည့္ ခံစားခ်က္ႏွင့္ လူမမာကို ဘယ္လိုေတာင္ ေျပာရမယ္ မသိေတာ့...။

သူ သက္သာလာသည့္ တစ္ရက္ကို ေစာင့္ၿပီးေတာ့ပဲ အေၾကာင္းစုံကို နားဝင္ေအာင္ ေျပာရမည္ ျဖစ္သည္...။ အခုေတာ့ ကိုယ့္ဘက္က လြန္တာမ်ိဳး မဟုတ္ဘဲ... အေျခအေနကို ထိန္းထားဖို႔သာ ႀကံလိုက္မိေတာ့သည္...။

အခုေလာေလာဆယ္ေတာ့ အစ္ကို႔ကို ဒီကို လာခိုင္းလို႔ မျဖစ္ေသး...။ ဦးရတုမိုရ္ ဆိုတာ... သူမ်ားအားနည္းခ်က္နဲ႕ ခ်ဳပ္ကိုင္တဲ့ ေနရာမွာ သိပ္ကို အရွိန္အဝါႀကီးတာပင္... အဲ့ဒါေၾကာင့္ အစစ အရာရာ ဂ႐ုစိုက္ရမည္ ျဖစ္သည္...။

တစ္ရက္...
ႏွစ္ရက္...
သုံးရက္...
ေလးရက္...
ငါးရက္...

တစ္ပတ္ျပည့္ေတာ့မည္ ျဖစ္သည္...။ ပ်ိဳးငယ္ႏွင့္ ေကာင္းေကာင္းမြန္မြန္ စကားမေျပာရပါ..။ အေရးႀကီး စာေမးပြဲေတြ ရွိေနလို႔တဲ့... ၿပီးေတာ့ ေက်ာင္းပိတ္ရက္ကို အေျပးလာေတြ႕မယ္လို႔လည္း ေျပာေသးတာပင္...။

ဒီေန႕ေတာ့ ပ်ိဳးငယ္က ႐ြာကို ျပန္လာမည္ ေျပာသည္...။ ဘာပဲျဖစ္ျဖစ္ သူခ်ိန္းသည့္ ကားဂိတ္ကိုသာ အေရာက္သြားပို႔ ျပင္ဆင္ေနမိသည္....။

အိမ္ဝိုင္းထဲမွ ထြက္ၿပီး ကားဂိတ္ကို သြားဖို႔ ျပင္ဆင္ေနသည့္ သူ႕ကို တစ္ခ်က္ၾကည့္လိုက္မိၿပီးသည့္ေနာက္....

"ေမရီ... ကြၽန္ေတာ္ ေျပာစရာရွိတယ္...။ တစ္မ်ိဳးေတာ့ မထင္ပါနဲ႕ေနာ္...။"

"ေၾသာ္ ေအး... ဘာကိုလဲ? ဘာေျပာမွာမလို႔လဲ?"

"မဟုတ္ဘူး... ကြၽန္ေတာ္က ဒီအတိုင္း ၾကားဝင္သလို ျဖစ္မွာစိုးလို႔ပါ...။"

ထိုအခ်ိန္မွာေတာ့ ေမရီကေတာ့ သိလိုစိတ္ သံသယမ်က္လုံးမ်ားျဖင့္ပင္ ကြၽန္ေတာ့္ကို ၾကည့္လာသည္...။

ထင္ထားသည့္အတိုင္း အကြက္ထဲသို႔ ဝင္လာဟန္ ရွိသည့္ ေမရီ႕ကို တစ္ခ်က္ၾကည့္ကာ...

"ဟို...ပ်ိဳးပင္ငယ္ကေလ... မေကြးက...
သူနဲ႕ ေက်ာင္းတက္ေနတဲ့ ေကာင္ေလးနဲ႕ ခဏ ခဏ ေတြ႕ေနရတယ္တဲ့..."

"ဟမ္..
ဟုတ္ရဲ႕လားကြယ္... ပ်ိဳးငယ္က အဲ့လိုလဲ မဟုတ္ေလာက္ေသးပါဘူး...။"

အိမ္ဝိုင္းထဲမွ ထြက္သြားသည့္ သားျဖစ္သူ အေျခအေနကို ၾကည့္ကာ ေျပာလိုက္မိသည္။ ဟုတ္ေတာ့လည္း ဟုတ္ေနမလား? အဲ့ဒီကိစၥေတြေၾကာင့္ပဲ... အခါတိုင္း ဟိုကို သြားေတြ႕ေနသည့္ သားေတာ္ကို လာမေတြ႕ခိုင္းဘဲ ရွိေနသည္ကေတာ့ စဥ္းစားစရာ...။

ေမရီကေတာ့ အိမ္ဝိုင္းထဲက ထြက္သြားသည့္ သားငယ္ျဖစ္သူကို တစ္ခ်က္ၾကည့္ေနတုန္းပင္ ကြၽန္ေတာ္လည္း သူ႕ကို ၾကည့္လိုက္မိသည္....။

တစ္ေယာက္တည္း အရမ္းႀကီး ခ်စ္ေနတာမ်ိဳးက မပင္ပန္းဘူးလား? တစ္ဖက္က ကိုယ့္အေပၚ စိတ္အရမ္းမရွိဘဲ အလိုက္သင့္ေနတာမ်ိဳးက အခ်ိန္တန္ သူက ကိုယ့္အနားက ထြက္သြားမွာပဲ..။

ပ်ိဳးပင္ငယ္ ၾကည့္ရတာေတာ့ မင္းကို ခ်စ္တဲ့ပုံ အရမ္းမေပၚသလိုဘဲ... မင္းခံစားရတာေတြကို သူက သိမွာမဟုတ္ဘူးဟ...။
အဲ့လိုလူမ်ိဳးအတြက္... ဘာလို႔ စိတ္ခံစားမႈ အျပည့္ ျဖစ္ေနတာလဲ?

ဘာလို႔?
မင္းရဲ႕ အာ႐ုံစိုက္မႈေတြကို... အျပည့္အဝ နားလည္တဲ့သူ...၊ တန္ဖိုးထားတတ္တဲ့ သူဆီမွာပဲ ဘာလို႔ ရင္းႏွီးမထားတာလဲ?

အခုလိုေတြ အျမန္ဆုံး အျပင္းထန္ဆုံး ျဖစ္လာနိုင္သလား?

ဟင့္အင္း.. ကိုယ္ခ်စ္တဲ့သူကို မစေတးနိုင္ပါဘူး... ထိုအရာသာ တိတ္တဆိတ္ ထြက္သြားနိုင္ဖို႔ လုပ္ေပးလိုက္႐ုံပဲ သံသယေတြၾကားမွာေလ...။

"ဟုတ္တယ္.... ဒီအတိုင္း ကြၽန္ေတာ္လည္း ၾကားရတာေလးကို မွ်ေဝတာပါ...။ ဒါေပမယ့္ ပ်ိဳးပင္ငယ္ကေတာ့ အဲ့လိုေတာ့ မလုပ္ေလာက္ဘူး ထင္ပါတယ္ေလ...။ ဒီအတိုင္း ေမရီ႕ကို ခင္လို႔ေလ... ၿပီးေတာ့ အေမတစ္ေယာက္လို သေဘာထားလို႔..."

"သိပါတယ္ကြယ္..."

"သတင္းဆိုးဆိုတာ ေဘးလူေတြ သိၿပီးမွ ကိုယ္က သိရတာမလား? ဒီအတိုင္း သူ႕သူငယ္ခ်င္းလည္း ျဖစ္ခ်င္ျဖစ္မွာပါ...။ ကြၽန္ေတာ္က ဒီအတိုင္း ပ်ိဳးပင္ငယ္ဘက္ကေတာင္ ကာကြယ္ၿပီး ေျပာခဲ့ပါေသးတယ္...။ ဒါက ေမရီ႕ကို ခင္ၿပီး ကိုယ့္မိသားစု တစ္ခုလို သေဘာထားလို႔ ေျပာျပတာပါေနာ္...။ ကြၽန္ေတာ္က ဒီ႐ြာမွာ ခင္ရာေဆြမ်ိဳး... မိန္ရာဟင္းေကာင္းအျဖစ္နဲ႕က ေမရီတို႔ပဲ ရွိတာ...."

"ေၾသာ္... သိပါတယ္... ဆရာဝန္ေလးရယ္... အေဒၚ နားလည္ပါတယ္...။ ဒါက ကိုယ္က ေစတနာနဲ႕ ေျပာတာပဲ... ။ ဟုတ္တယ္... သတင္းဆိုးဆိုတာ ပတ္ဝန္းက်င္ မၾကားမွ ကိုယ္က ၾကားရတာ...။ အခုလို လာၿပီး ေျပာျပေပးတဲ့ အတြက္ ေက်းဇူးတင္ပါတယ္ေနာ္... ပ်ိဳးငယ္ေလးက အဲ့လိုေတာ့ မဟုတ္တန္ရာဘူး....။"

ေမရီကေတာ့ အခုထက္ထိ ပ်ိဳးပင္ငယ္ဆိုသည့္ တစ္ေယာက္ ေဖာက္ျပန္ေနသည့္ ကိစၥကို ယုံၾကည္ေသးဟန္ မျပ...။
ေနပါဦး...
သူက ဘာေကာင္းေနလို႔လဲ?
ဘာေတြ ေကာင္းေနလို႔ သူ႕ကိုဆို စံပယ္ျဖဴေလးလို ဆက္ဆံေနၾကရတာလဲ?

"ဒီမွာ... သူတို႔ ေျပာေနတုန္း ကြၽန္ေတာ္လည္း မယုံလို႔ အဲ့လို ေမးခဲ့ပါတယ္...။ သူတို႔ကေတာ့ သက္ေသ သကၠာယနဲ႕ဆိုၿပီး ဒီဓာတ္ပုံေတာင္ ျပလိုက္ပါေသးတယ္...။"

ဖုန္းထဲမွာ သိမ္းဆည္းထားသည့္ မိုးပို႔ထားသည့္ ဓာတ္ပုံမ်ားကို အရီးေလးေရွ႕သို႔ ျပလိုက္မိေတာ့သည္...။ အရီးေလးကေတာ့ သူ႕မ်က္စိေရွ႕က ဓာတ္ပုံတစ္ပုံခ်င္းစီကို ခံစားခ်က္မ်ိဳးစုံျဖင့္ပင္ ၾကည့္ေနသည္...။

ေမရီက စိတ္ဝင္တစား ၾကည့္ေနသည့္ အခ်ိန္မွာပင္...

"ဒီတစ္ေယာက္ေလ... မင္းခိုက္ရတုမိုရ္ ဆိုတဲ့ တစ္ေယာက္...။ သူက ဒီကိုလည္း ေဆးအေရာင္းနဲ႕အတူ လိုက္ပါဖူးတယ္တဲ့...။ အဲ့ဒီကေလးက မေကြးမွာပဲ ဘာသာရပ္တစ္ခုကို သင္ယူေနတာ...။ အဲ့ဒါက ကိစၥမရွိေပမယ့္... အဓိက ကေတာ့ သူ႕အေဖ...

သူ႕အေဖက...
ဒီတိုင္းဌာနတစ္ခုခ်င္းစီရဲ႕ အေရးႀကီးတဲ့ တိုင္းမႉးအထိပါ သူ႕အာဏာက ဝင္ဆံ့တယ္တဲ့....။ ေျပာရရင္ေတာ့ သူတို႔နဲ႕ ညွိရင္ အေတာ္ေလး ဆိုးတဲ့ အေနအထားေပါ့....။"

ထိုအခါမွေတာ့ ေမရီက သားျဖစ္သူရဲ႕ လုံၿခဳံမႈအတြက္ အနည္းငယ္ စိုးထိတ္သြားသလို သူ႕ရင္ဘတ္ကို ဖိႏွိပ္ၿပီး ကြၽတ္တသသ သပ္သည္....။

"အမေလး... ဘုရား... ဘုရား..."

"ဟုတ္တယ္.... ဒါက အဲ့ဒီ လူႀကီးရဲ႕ ကားေလ...။ ထင္တာေတာ့ ပ်ိဳးပင္ငယ္ကို ခဏ ခဏလိုက္စီးဖူးတဲ့ ကားေပါ့...။ ထင္တာေတာ့ ပ်ိဳးပင္ငယ္က အဲ့ဒီအိမ္က အေတာ္ေလးကို ခ်စ္တယ္ ထင္တယ္...။"

သံသယဆိုတာ.... အပ္တစ္ေခ်ာင္းႏွင့္ အလားသ႑ာန္ရွိသည္...။ တျဖည္းျဖည္းနဲ႕ ေဖာက္ဝင္ၿပီး ရင္ဘတ္ထဲမွာ အခ်ိန္အေတာ္ၾကာ စိုက္ဝင္ေနတာမ်ိဳးေပါ့...။

ဟန္မေဆာင္နိုင္ေတာ့ေလာက္ေအာင္ ျဖစ္ပ်က္သြားသည့္ ေမရီ႕မ်က္ႏွာကို တစ္ခ်က္ၾကည့္လိုက္ကာ သေဘာက် ၿပဳံးၿပီးသည္ႏွင့္....

"... စိတ္ေတာ့ အရမ္းႀကီး မပူပါနဲ႕...။ အခုဟာက ပ်ိဳးပင္ငယ္ဆီကလဲ ဘာတစ္ခြန္းမွ ထြက္မလာေသးဘူး ဆိုေတာ့ေလ... သာမန္ သူငယ္ခ်င္း ဆက္ဆံမႈမ်ိဳးလည္း ျဖစ္မွာပါ...။"

အနည္းငယ္ ေခ်ာ့လိုက္... ေျဖာင့္ဖ်လိဳက္... သံသယ သြင္းလိုက္ ထားလိုက္မိသည္...။ ဒါကသာ အေကာင္းဆုံးေသာ သံသယဝင္ဖို႔ နည္းလမ္းတစ္ခု ျဖစ္သည္...။

"ဒါဆို ေမရီ... သား ေဆးခန္းကို ျပန္ဦးမယ္... ေန႕ခင္း ခ်ိန္းထားတဲ့ လူနာေတြ ရွိလို႔ပါ...။"

ထိုအခ်ိန္မွာေတာ့ သြက္သြက္လက္လက္ ရွိသည့္ ေမရီ႕က ခ်က္ခ်င္းဆိုသလို အေတြးမ်ားျဖင့္ ငိုင္က်သြားရာမွ...

"ေၾသာ္... ေအးေအး... ဟုတ္တယ္... သြားရမွာေပါ့... သြားသြား...။ ဒါက အေရးႀကီးတယ္... ဒါနဲ႕ အဲ့ဒီပုံေလးကို ဒီဖုန္းထဲ ကူးထားေပးခဲ့လို႔ ရမလား?"

ရတာေပါ့...
သိပ္ကို ရတာေပါ့...။ ဒီလိုပုံေတြက ပ်ိဳးပင္ငယ္ကို အၾကပ္ရိုက္ေအာင္ ေမးၿပီး ဖယ္ထုတ္နိုင္သည့္ အလားအလာေတြေလ..
မိမိ ခ်စ္ရသူ အနားကေပါ့...။

ပ်ိဳးပင္ငယ္...
မင္း ေသရင္ေတာင္ ကိုယ့္ကိုကိုယ္ သတ္ေသလိုက္ေနာ္...။
ငါသေဘာက်တဲ့ လူကို မင္းအတြက္ေၾကာင့္ ဒုကၡေရာက္ခြင့္ မျပဳနိုင္ဘူး....။

"ဟုတ္ကဲ့... ရတယ္... ေမရီ..။ ဒါေပမယ့္ အဲ့ဒီပုံေတြက ငဦးဆီ ေရာက္လို႔ ျဖစ္ပါ့မလား? ၿပီးေတာ့ ပ်ိဳးပင္ငယ္ သိသြားရင္ မေကာင္းသလို... သူတို႔ အိမ္ေထာင္ေရးအတြက္ ၾကားထဲက အျဖစ္အပ်က္တစ္ခု ျဖစ္သြားနိုင္လား? ဒါကေလ... ဘာမွမဟုတ္ခဲ့ရင္ သူတို႔အၾကားက ဆူးငုတ္တစ္ခုျဖစ္မွာ ေၾကာက္တယ္...။ ကြၽန္ေတာ္က ဒီအတိုင္း သိတာေလးကို မွ်ေဝေပးတာေလးပဲဆိုေတာ့ေလ...."

"ရတယ္... ေပးခဲ့လိုက္ပါ...။ အရီးေလး... ပ်ိဳးပင္ငယ္ကို တိုးတိုးႀကိတ္ႀကိတ္ အကဲခတ္လိုက္ပါ့မယ္...။"

"ဟုတ္ကဲ့ အဲ့ဒီနည္းလမ္းက အေကာင္းဆုံးပါပဲ ေမရီ...။ သားဘက္ကလည္း ရတဲ့ သတင္းမွန္သမွ် အကုန္ေပးပါ့မယ္...။"

"ေက်းဇူးတင္ပါတယ္... ဆရာဝန္ေလးရယ္....။"

သဇင္ ကားဂိတ္...

မေကြးၿမိဳ႕ ကြၽန္ေတာ့္အေဆာင္ႏွင့္ အေတာ္ေလး နီးသည့္ ေနရာမွာပင္ ရွိသည္...။ ဘယ္လိုမွ ေျပာမရလို႔ သူ႕ကားျဖင့္ လိုက္ပို႔တာ ခံခဲ့ရေပမယ့္ အခုထက္ထိ သူ႕အိမ္ကို မျပန္နိုင္ေသး....။

အခု ကားေပၚေရာက္ၿပီး ကားက စ တင္ မေကြးၿမိဳ႕က ထြက္ခြာသည့္ အခ်ိန္ကတည္းက ေနာက္ကေန သူ႕ကားျဖင့္ ကပ္လ်က္ ပါလာသည္....။

ဒုကၡပဲ...
႐ြာအနီးစပ္ဆုံး ဂိတ္မွာ လာႀကိဳမည့္ အစ္ကိုႏွင့္ ေတြ႕မွာ စိုးရိမ္ရသည္... ။

အစ္ကိုက သိပ္ကို လ်င္တာ...
ၿပီးေတာ့ ဉာဏ္လည္း ေကာင္းေသးတာ... သူတစ္ခ်က္ ၾကည့္လိုက္တာနဲ႕ သိပ္ၿပီး မူမမွန္ရင္ ဘာဆိုတာ သိၿပီးသားပင္....။

တစ္နာရီခန့္ အၾကာ....

ကြၽန္ေတာ္ အစ္ကို႔ကို လာႀကိဳခိုင္းသည့္ ကားဂိတ္ကို ေရာက္ေနၿပီ ျဖစ္သည္...။ ကားဂိတ္မွာ ထိုင္ေနသည့္ အစ္ကို႔ကို ျမင္လိုက္ၿပီးသည့္ ေနာက္မွာေတာ့.... ကားရဲ႕ျပတင္း မွန္နံေဘးကို ၾကည့္လိုက္မိသည္....။

မင္းခိုက္ရတုမိုရ္...
မင္းခိုက္ရတုမိုရ္က အခုထက္ထိ... ကားရဲ႕ နံေဘးမွာ ကပ္လ်က္ လိုက္ပါေနတုန္းပင္....။

"ေရွ႕ဂိတ္မွာ ဆင္းမယ္ေနာ္...။"

"ဟုတ္ကဲ့... ကားေအာက္မွာ ပစၥည္းပါေသးလား?"

"ဟုတ္ကဲ့... ခရီးေဆာင္ ကားတြန္းအိတ္ တစ္ခုပဲ ပါတာပါ...။"

ထို႔ေနာက္ ေရွ႕က ကားဂိတ္မွ ထိုင္ေနသည့္ အစ္ကိုက ကြၽန္ေတာ့္အရိပ္အေယာင္ ျမင္သည္ႏွင့္ ခ်က္ခ်င္းဆိုသလို ကားအနားသို႔....။

"အစ္ကို..."

ႏူတ္မွ ခပ္ဖြဖြ ေရ႐ြတ္ကာ ၿပဳံးျပလိုက္မိသည္...။ ထိုအခ်ိန္မွာေတာ့ အစ္ကိုက... သူ႕လက္တစ္ဖက္ျဖင့္ပင္ ကြၽန္ေတာ့္ခါးကို ရစ္သိုင္းပတ္ကာ ေအာက္သို႔...

ကြၽန္ေတာ့္အထုပ္မ်ားကို သူ႕ဆိုင္ကယ္ေပၚသို႔ တင္ၿပီးသည္ႏွင့္ ကြၽန္ေတာ့္ကို ဆိုင္ကယ္ေပၚသို႔.... ။ ကြၽန္ေတာ္က ေနာက္ဘက္က တြဲထိုင္ခုံေပၚမွာ ထိုင္ဖို႔ ျပင္လိုက္ေပမယ့္... အစ္ကိုက....

"ဒီေရွ႕ကို လာထိုင္..."

အစ္ကိုကေတာ့ မ်က္ႏွာတည္တည္ အသံျပတ္ျပတ္ျဖင့္ပင္ ေျပာလာခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း အစ္ကို႔ဘက္က အေျခအေနကိုသာ ၾကည့္လိုက္မိသည္....။

"အစ္ကို ေရွ႕က အထုပ္ေတြနဲ႕က အဆင္မေျပေလာက္ဘူး ထင္တယ္...။"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ကြၽန္ေတာ့္ကို ေပြ႕ဖက္ကာ သူ႕ေရွ႕တစ္ေနရာစာမွာ ေပြ႕တင္သည္....။

"ငါ ေျပာၿပီးၿပီပဲ... မင္းကို ငါ့လက္နဲ႕ မဟုတ္ဘဲ... ဘယ္လိုမွ အေသမခံနိုင္ဘူး... လို႔..."

ထို႔ေနာက္ အစ္ကိုက ဆိုင္ကယ္ အေျခအေနကို တစ္ခ်က္ၾကည့္ၿပီးသည္ႏွင့္... ကားဂိတ္မွ ထြက္လာမိေတာ့သည္...။

အစ္ကို႔ဆီမွ ဘာစကားမွ မၾကားရေတာ့...။ အစ္ကိုက အစကတည္းက စကားမ်ားမ်ား ေျပာတတ္သူ မဟုတ္...။ အေတြးမ်ားျဖင့္ ေနနိုင္သလို... လက္ေတြ႕လည္း ဆန္ဆန္ ေနတတ္သည့္သူပင္...။

ကြၽန္ေတာ္ တစ္ေယာက္တည္းႏွင့္ပဲ စကားလုံးမ်ားစြာကို စြန့္က်ဲတတ္သည့္ အစ္ကိုက အခုခ်ိန္မွာေတာ့.... ပုံမွန္မဟုတ္ တိတ္ဆိတ္ေနသည္...။

ဆိုင္ကယ္ကို တစိုက္မတ္မတ္ ေမာင္းႏွင္ေနရင္းမွ အစ္ကိုက...

"ပ်ိဳးငယ္... ကေလးေလးက သူငယ္ခ်င္းေတြ ရေနတာလား?"

ၾကက္သိမ္း ထ ဖြယ္ အသံတစ္ခုေနာက္မွာ ေတာ့...
အစ္ကိုက ခပ္ႀကိတ္ႀကိတ္ ရယ္ေမာလာသည္...။

"အစ္ကို..."

Next part spoiler...

msg ထဲ ဝင္လာသည့္ hotel လိပ္စာအတိုင္း လိုက္သြားမိသည္...။ ထို႔ေနာက္ အခန္းေရွ႕က မတ္တပ္ရပ္ကာ ေစာင့္ေနမိသည္...။

ခဏအၾကာမွာပင္ အခန္းထဲမွ ထြက္လာသည့္ ႏွစ္ေယာက္ထဲမွ တစ္ေယာက္ကေတာ့ျဖင့္ ကြၽန္ေတာ့္ကို ေတ့္လိုက္သည္ႏွင့္....

"အ... အစ္ကို..."

Continue Reading

You'll Also Like

643K 32.8K 82
α€€α€˜α€α€‘α€α€½α€€α€Ί α€α€¬α€α€”α€Ία€Ÿα€¬ မောင့်ထဢပါး ချစ်ခြင်းတို့နှင့် α€α€…α€¬α€Έαα€žα€¬ α€‘α€†α€―α€Άα€Έα€žα€α€Ία€•α€±α€œα€­α€™α€Ία€·α€™α€Šα€Ία‹ ............. Start - 19.2.2022 End - 25.8.2022
697K 37.6K 46
α€€α€‡α€¬α€α€Ία€œα€™α€Ία€Έα€α€½α€„α€Ί α€•α€«α€α€„α€Ία€žα€±α€¬ α€‡α€¬α€α€Ία€œα€™α€Ία€ΈαŠα€‡α€¬α€α€Ία€€α€½α€€α€ΊαŠα€‡α€¬α€α€Ία€€α€±α€¬α€„α€Ία€™α€»α€¬α€Έα€žα€Šα€Ί α€…α€¬α€›α€±α€Έα€žα€°α€›α€²α€· α€…α€­α€α€Ία€€α€°α€Έα€‰α€¬α€α€Ίβ€Œα€±α€žα€Έβ€Œα€±α€žα€Έα€–α€Όα€„α€·α€Ία€žα€¬ α€•α€―α€Άα€–α€±α€¬α€Ία€‘α€¬α€Έα€α€Όα€„α€Ία€Έα€–α€Όα€…α€Ία€œα€­α€―α€· တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...