My Hidden Crush

By Doyiexbunny

253 25 1

ငါ့ကိုကြိုက်တာလား မင်း Yunseo ဟင့်အင်း ငါမင်းကို မကြိုက်တော့ဘူး ငါမင်းကိုချစ်တာ Junghyun More

Ep1
Pt2
Ep3
Ep4
Ep5
Ep7
Ep8
Ep9
Ep10
Ep11
Ep12
Ep13
Ep14
Ep15
Ep16
Ep17
Ep 18
Ep19
Ep 20
Ep21
Ep22
Ep23
Ep 24
Ep 25
Ep 26
Ep 27
Ep 28 [end]

Ep6

9 0 0
By Doyiexbunny

ဂျောင်ဟျွန်း ယွန်းဆောနဲ့ အတူ စနေနေ့ လျှောက်လည်ရမှာမလို့ ဗုဒ္ဓဟူးနေ့ ကျောင်းလာကတည်းက ပြုံးပျော်ရွှင်လို့ ဂျီယွန်းဆောကတော့ အရင်အတိုင်းပဲ မျက်နှာသေနဲ့သာ

ဒီတစ်ခါပိုဆိုးတယ် ဂျောင်ဟျွန်းအနေနဲ့ သူက ယွန်းဆောနဲ့ SNS မှာစာပို့နေကြတဲ့လူအချင်းချင်းမလို့ အရင်ကထက်ရင်းနှီးလာပြီထင်တာ မဟုတ်ခဲ့ဘူး ပိုတောင်စိမ်းသွားကြသလိုပဲ

"မင်းပြော‌ကြည့် ယွန်းဆောက ဘာလို့အမြဲတမ်းတစ်ယောက်တည်းနေတာလို့ထင်လဲ"

ဂျောင်ဟျွန်း မ‌ေနနိုင်တဲ့အဆုံး
ဘေးက သူငယ်ချင်းကိုမေးကြည့်တယ်

"မသိဘူးလေ သူက အလယ်တန်းကတည်းက အဲ့လိုပဲ"

"စိတ်ဒဏ်ရာတစ်ခုခုများရှိလို့လား"

"သူကိုက I အကြီးစားမလို့ပါ"

မွန်းဂျောင်ဘာမှဆက်မပြောဖြစ်တော့ဘူး ရှေ့ဆုံးခုံဖြစ်တဲ့ သူ့အတန်းကနေ ‌ယွန်းဆောခုံ နောက်ဆုံး ခုံကိုသာလှမ်းကြည့်နေလိုက်တယ်

ကြာသပတေး သောကြာ နှစ်ရက်အပြီး စနေနေ့ရောက်လာတော့မှာမလို့ ယွန်းဆောကတော့ ဘယ်လိုနေလဲ မသိပေမယ့် မွန်းဂျောင်ဟျွန်းကတော့ ပျော်နေတဲ့စိတ်ကို မထိန်းနိုင်လို့ ကျောင်းဆင်းတာနဲ့ အိမ်ကို တင်ပါးနဲ့ ဖနောင့် တစ်ပြေးတည်းညီအောင်ပြေးလေတယ် ယွန်းဆောကတော့ ထိုပုံစံကို ကြည့်ပြီး ရယ်နေခဲ့တာ မွန်းဂျောင်ဟျွန်းသာသိရင်

*Noti သံ*

"မနက်ဖြန်စနေနေ့နော် ယွန်းဆော"

သင်တန်းမှာရှိနေတုန်းပို့လာတဲ့ စာကိုဝင်မဖတ်တော့ပဲ noti bar ကနေသာ ကြည့်လိုက်တာ ဖုန်းပိတ်လိုက်တယ်

"ဘယ်သူလဲ ကောင်မလေးလား"

အနောက်ကနေပြီး လေအလျင်လို ရောက်လာတဲ့ ဟျောင်းဝန်းကို ယွန်းဆော မျက်စောင်းနဲ့သာကြည့်လိုက်ပြီး

"မင်းနဲ့ဘာဆိုင်လဲ"

"တစ်ကယ်ကောင်မလေးရနေတာလား"

"ပါးစပ်ပိတ်"

ယွန်းဆောသတိပေးသံအဆုံး ဟျောင်းဝန်းလဲ ဘာမှမပြောတော့ပဲ တိတ်တိတ်လေးသာနေလေရဲ့

...
ဂျောင်ဟျွန်း စာပို့ထားတာ 5 နာရီလောက်ကြာနေသော်လည်း စာလဲဝင်မဖတ် စာလဲမပြန်တဲ့ ယွန်းဆောကြောင့် လူက ဂနာမငြိမ်ပဲ ထိုင်မရ ထမရတွေဖြစ်နေတာမလို့ ဂျောင်ဟျွန်းအမေရဲ့ လက်စာမိသွားလေရဲ့

"နာတယ်ဗျ"

"ဘာလို့ ဂနာမငြိမ်ဖြစ်နေတာလဲ"

ဂျောင်ဟျွန်း သူ့အမေကို မျက်မှောင်ကြုတ်ပြီး ကြည့်တယ်

"အဲ့ရုပ်ကြီးနဲ့မကြည့်ပါနဲ့ မွန်းဂျောင်ရယ်"

ထိုချိန်

*Noti*

"ဆောရီးနော် မင်းခုနက စာပို့တုန်းက ငါကသင်တန်းမှာလေ စာပြန်လို့မရလို့။  အိမ်ရောက်တော့ စာလုပ်နေတာနဲ့ အခုမှအားလို့"

ဂျောင်ဟျွန်းစာကိုမြင်မြင်ချင်း ထခုန်တာများ အိမ်ကြီးပြိုကျပြီလားတောင်ထင်ရတဲ့အထိပဲ

"ဟဲ့ မွန်းဂျောင်ဟျွန်း ဘာဖြစ်တာလဲ"

ဂျောင်ဟျွန်း သူ့အမေကို ပြေးဖက်ပြီး ပါးနှစ်ဖက်ကို နစ်နေအောင် နမ်းလေရဲ့

"ဟဲ့ ဟဲ့ ဘာဖြစ်တာတုန်း"

"သူ့ကိုနမ်းလို့မရသေးလို့ မားကို နမ်းတာ"

ဆိုပြီး ‌အပေါ်ထပ်ကိုပြေးတက်သွားလေရဲ့ ဂျောင်ဟျွန်းအမေကတော့ သူ့သားကိုကြည့်ပြီး ရယ်သာရယ်နေလိုက်တယ် တစ်ကယ်ချစ်ဖို့ကောင်းတဲ့ မွန်းဂျောင်ဟျွန်းလေး

...
ယွန်းဆော အိမ်စာတွေလုပ်ပြီးတာနဲ့ ခိက်ချင်းပဲ ဖုန်းကိုကောက်ကိုင်ကာ ဂျောင်ဟျွန်းကို စာအရင်ပြန်လေတယ် ယွန်းဆော ဝင်မဖတ်တဲ့ message တွေလဲအများကြီးရှိတယ် contact မှာမှတ်ထားတာကတော့ 엄마 တဲ့

*ဆောရီး ငါအခုမှမင်းစာကိုမြင်လို့*

"အလေးမထားရာကျတယ်"

*ဆောရီးနော် မင်းခုနက စာပို့တုန်းက ငါကသင်တန်းမှာလေ စာပြန်လို့မရလို့။ အိမ်ရောက်တော့ စာလုပ်နေတာနဲ့ အခုမှအားလို့*

"အရမ်းများရှည်နေလား မိုချာ ငါ့ကို စဉ်းစားပေးပါဦး ဒီလိုပို့လိုက်သင့်လား"

မိုချာက ယွန်းဆောကို ပို့သာပို့ ဆိုတဲ့ ပုံလေးနဲ့ ဟောင်တယ်

"ငါပို့မယ်နော်"

ယွန်းဆော အားမွေးပြီး ပို့လိုက်တာ ပို့လိုက်တာနဲ့ချက်ချင်း ဝင်ဖတ်သွားတဲ့ ဂျောင်ဟျွန်းကြောင့် ယွန်းဆောလန့်ရပါတယ်

"သူက ငါစာပြန်တာကို တစ်ချိန်လုံးစောင့်နေတာလား"

တစ်ချိန်တည်းမှာပဲ

"ရပါတယ် ဟီး မနက်ဖြန် ငါတို့ ဘယ်မှာချိန်းကြမလဲ"

"မင်းအဆင်ပြေတဲ့နေရာ"

ဂျောင်ဟျွန်းဘက်မှ ခနတိတ်ဆိတ်သွားပြီး

"ငါတို့ကျောင်းနားက တော့ပို့ကီဆိုင်မှာ တွေ့ရအောင်"

ယွန်းဆော စာမပြန်ပဲ ဂျောင်ဟျွန်းပို့တဲ့ စာကို စိုက်ကြည့်နေမိတယ် တော့ပို့ကီဆိုင် ဘာလို့ အမြဲ အဲ့ဆိုင်ပဲ‌လဲ

ယွန်းဆော စာမပြန်လို့ ဂျောင်ဟျွန်းခမျာ ယွန်းဆောစိတ်ဆိုးသွားတယ်ထင်ကာ

*မင်းအဆင်မပြေလဲရပါတယ် မင်း..*

"ရတယ်လေ ဘယ်ချိန်လဲ"

ဂျောင်ဟျွန်း ရိုက်လက်စ စာတွေတောင် လေပေါ် ပျောက်သွားသလိုခံစားလိုက်ရတယ်

"မင်းဘယ်ချိန်နိုးလဲ မင်းအဆင်ပြေတဲ့အချိန်ပေါ့"

"၈နာရီ ရလား"

"အိုကေလေ"

"ဟိုလေ ငါတစ်ကယ် မိုချာ့ကိုပါခေါ်လာလို့ရတယ်မလားဟင်"

"ရတာပေါ့ ငါလဲ မိုချာ့ကိုတွေ့ချင်နေတာ"

ယွန်းဆော မမြင်ရတဲ့ ဂျောင်ဟျွန်းစိတ်ထဲမှာတော့ မင်းဘယ်သူ့ကိုမဆို ခေါ်လာလို့ရပါတယ် လူမဟုတ်ရင်ပြီးရော ဆိုပြီးတွေးနေရာ တစ်ဖက်ကလူမသိဘူး

"အဲ့တာဆို"

ဂျီယွန်းဆော ကြည့်ရတာ တစ်ဝက်တစ်ပြတ်သိပ်ကြိုက်သလိုပဲ အခုလဲ တစ်ဝက်တစ်ပြတ်ထားပြန်ပြီ

"ပြောလေ"

"Goodnight မနက်မှတွေ့ကြမယ်လို့"

"အာ goodnight ယွန်းဆော မနက်ဖြန်မင်းကိုစောင့်နေမယ်"

ယွန်းဆောကတော့ ထွေထွေထူးထူးမရှိ ‌ဂျောင်ဟျွန်းနဲ့ စကားပြောပြီးတာနဲ့ တန်းအိပ်တာ

ဂျောင်ဟျွန်းကတော့မဟုတ်ချေ ပထမဆုံး။ 8 နာရီ alarm အရင်ထားတယ် မနက်ဖြန်ဝတ်ဖို့ အဝတ်ရွေးနေတာ နာရီဝက် ပြီး‌တာနဲ့ စိတ်တိုင်းကျတဲ့ အဝတ်ကို ချိတ်နဲ့ သေချာလှန်း ပြီး စာရေးစားပွဲတွင် ထိုင်ကာ

*ငါ့ ခိုအာလာလေး အိပ်မက်လှလှမက်ပါစေနော် အိပ်မက်ထဲ ငါ့ကိုပါ ထည့်မက်လို့ရရင် ထည့်မက်ပေးပါဦး မင်းကို ချစ်ကြောင်းတွေကို အိပ်မက်ထဲမှာဖြစ်ဖြစ်ပြောပြချင်တာ*

ဟု ရေးပြီး စာအုပ်လေးကို စနစ်တကျပြန်ထားကာ အိပ်ယာ ဝင်လေတယ် မနက်ဖြန် ဟိုက်ပါလေးနဲ့ ဒိတ်ရတော့မှာမလို့ စိတ်လှုပ်ရှားနေတာတော့ အမှန်ပါ

တစ်ဖက်က ဟိုက်ပါလေးကလဲ စိတ်လှုပ်ရှားမှုတွေကြောင့် အိပ်မပျော်ပဲ မနက်နောက်ကျမှာစိုးလို့ တစ်ခါမှမသုံးတဲ့ နှိုးစက်နာရီကို 8 နာရီအချိန်ထားပြီး အိပ်ရလေတယ်

Continue Reading

You'll Also Like

4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
2.8M 162K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
546K 25.8K 31
He's a blind mafia man, the heir who lost his eyesight. She's a kindhearted girl whose job is to take care of him. Will the two of them find their wa...
581K 20.2K 95
"Leave, you're free. Don't ever come back here again." She said, hoping he wouldn't return and she'll get to live Hael was shocked, "Are you abandon...