စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 10
____________
မနက်ခင်းထမင်းစားပွဲမှာထုံးစံအတိုင်းရှောင်ကျန့်ကိုမတွေ့ချေ အိမ်ရှေ့စံကတော့ လေ့ကျင့်ရေးအကျီ၀တ်လို့ စိတ်အား
ထက်သန်နေလေပြီ။
"စားတော့"
"စစ်သူကြီးကတော်ရော"
"သူထမှာမဟုတ်သေးဘူး"
"အော်...."
အိမ်ရှေ့စံက မျက်နှာတွေရဲလို့ ထမင်းပန်းကန်လေးကို
ကောက်ကိုင်ကာ မသိမသာလက်နဲ့ကွယ်ပြီးစားသည်
စစ်သူကြီးကတော်က ခါးများနာနေတာလား ဒါဆိုသူတို့တွေ
မဟုတ်သေးဘူး ဒါမထူးဆန်းဘူး ဒါလင်မယားကြားက
ကိစ္စပဲ သူနဲ့ တပ်မှူးကြီးနဲ့ဆိုရင်လည်း အဲ့လိုဖြစ်မှာပဲ။
"စိတ်အားထက်သန်နေတဲ့ပုံပဲ"
"ဗျာ...ဟုတ်ကဲ့!.."
"မြှားပစ်တတ်လား"
"ဟို...ဟင့်အင်း"
"...."
"မယ်တော်က မြှားတွေ ဓားတွေကိုင်ရင် လက်ကြမ်းတယ်လို့
ပြောဖူးတယ် မကိုင်ခိုင်းဘူး ကိုင်တာတွေ့ရင်ရိုက်လို့"
"မကိုင်လို့မရတော့ဘူး နောင်မှာ မင်းကြီးဖြစ်လာမှာ အဲ့တော့
ကိုယ်တိုင်စစ်ထွက်တိုက်ရတာတွေရှိတယ်"
"ဟုတ်ကဲ့"
"ဘယ်သူမှမကာကွယ်ဘူး ကိုယ့်ကိုယ်ကိုယ်ပဲကာကွယ်ရမယ်"
"ဟုတ်ကဲ့ မှတ်သားထားပါ့မယ်"
"ဝှား.....မနက်စာတောင်စားနေပြီပဲ"
ရှောင်ကျန့်က အိပ်ချင်မူးတူးနဲ့ထလာကာ ထမင်းစားပွဲမှာ၀င်ထိုင်ရင်းနဲ့ ဟင်းပွဲတွေကိုကြည့်နေသည် ။
"မုန့်ရော..."
"မလုပ်ရသေးပါဘူးဗျ"
"လုပ်ပေး!...မုန့်ပဲစားချင်တယ်...ဒါကြီးမစားချင်ဘူး"
"ဟုတ်ကဲ့"
"ရှောင်ကျန့် မနက်ခင်းမှာ ထမင်းစားရမယ်"
"မစားချင်ဘူး...."
"မရဘူး...စားရမယ်"
"မစားဘူး....မစားပါဘူးဆို!...မစားချင်ဘူး...ထမင်းမစားဘူး!
ထမင်းမစားဘူးလို့!"
စစ်သူကြီး၀မ်ကတော့ဆက်မပြောတော့ချေ ဒီဟာလေးကို
ဧည့်သည်ရှေ့မှာမို့လို့ သည်းခံနေရတာ မဟုတ်ရင်ဒီမှာတင်
မနက်ခင်းရန်ပွဲဖြစ်နေပြီ ။
"ဟို....စစ်သူကြီးကတော်...ဟင်းတွေကကောင်းပါတယ်ဗျ...
တစ်လုတ်လောက်စားကြည့်ပါလား"
"မစားပါဘူးဆိုနေမှ!"
"...."
ရှောင်ကျန့်က ထမင်းစားပွဲပေါ်ခေါင်းချလို့ စစ်သူကြီး၀မ်ကို
မကျေမချမ်းနဲ့ကြည့်နေလိုက်သည် သူကတော့နဂိုအတိုင်း
ဒီအချေရုပ်ကြီးပဲ နည်းနည်းပါးပါးလေးပြုံးမယ်မရှိဘူး။
"ကျင်း၀မ့်...ခပ်သွက်သွက်စားစမ်း"
"ဟုတ်ကဲ့...စစ်သူကြီး"
"မင်းစစ်ပွဲရောက်ရင် ဒီလိုမျိုးစားချိန်တောင်မရှိဘူး"
"ဟုတ်ကဲ့!"
"၀မ်က အမြဲဆူနေတာပဲ အိမ်ရှေ့စံက ထမင်းကိုနင်မှာကြောက်လို့ ဖြေးဖြေးစားနေတာ ဖြေးဖြေးစားနော်"
"ဟုတ်ကဲ့ စစ်သူကြီးကတော်"
"မြန်မြန်စား!"
"ဖြေးဖြေးစား!"
သူတို့နှစ်ယောက်ကြားထဲမှာ ပဲလှော်စားကြားညှပ်နေသလိုပဲ
အိမ်ရှေ့စံမှာဟိုကြည့်ဒီကြည့်နဲ့ ဘယ်သူပြောတာနာခံရမှာလဲ
ဟင်။
"စစ်ပွဲထဲမှာဒီလိုနှေးတိနှေးကွေးစားလို့မရဘူး"
"စားလဲဘာဖြစ်လဲ အနည်းဆုံးတော့ မသေခင်မှာထမင်းလေး
၀သွားတာပေါ့ ထမင်းစားပြီးမှစစ်တိုက်တော့ အားရှိတာပေါ့"
"အဲ့ထမင်းစားနေတဲ့အချိန်မှာ ရန်သူတွေက ဝင်လာရင်ရော"
"ဟို...အမ်...ခဏနေဦး ငါထမင်းစားနေတယ်လို့ပြောပြီးမှ
တိုက်ပေါ့"
"ကလေးကလား တွေရှောင်ကျန့်..."
"ဟွန်း!.."
"ထမင်းစားပြီးပါပြီဗျ"
"လိုက်ခဲ့...လေ့ကျင့်ရေးဆင်းမဲ့နေရာစီ"
"ဟုတ်ကဲ့"
စစ်သူကြီး၀မ်ကအရှေ့ကထွက်သွားတော့ အနောက်ကနေ
အိမ်ရှေ့စံက ကောက်ကောက်ပါအောင်လိုက်သွားသည်
ရှောင်ကျန့်မှာတော့ စစ်သူကြီး၀မ်ကို အနိုင်မပိုင်းရလို့မကျေနပ်။
"စစ်သူကြီးကတော်...မုန့်ရပါပြီ"
"ပေး....ဟွန့်!..လုပ်တာကြာတယ် နောက်ဆိုမနက်တိုင်းမုန့်လုပ်
ထား "
"ဟုတ်ကဲ့..."
"လောင်ကုန်း!...လောင်ကုန်း!...ခဏစောင့်! ကျန့်ကျန့်လည်း
လိုက်မယ်!"
ရှောင်ကျန့်ကစစ်သူကြီး၀မ်နောက်အတင်းပြေးလိုက်သည်
မုန့်တွေကပြည့်နေလို့ ပြုတ်ကျသွားမှာစိုးတာကြောင့်
ပါးစပ်ထဲ နှစ်ခုလောက်ထည့်ထားလိုက်သေးသည်။
လေ့ကျင့်ရေးနေရာက ဥယျာဉ်ထဲက ပန်းတွေမစိုက်ထားသော
နေရာဖြစ်သည် နေရာလေးက ကျယ်ကျယ်၀န်း၀န်းပါပဲ ။
"စိတ်အေးအေးထား အာရုံစိုက် ပုခုံးကိုလျော့ထား လက်ကတန်းတန်းထား"
"ဟုတ်ကဲ့..."
"ပစ်"
*ဝှစ်*
ဝှစ်ခနဲပဲ မြှားက သတ်မှတ်နေရာကိုမရောက်ပဲနဲ့ ဘေးနားက အုတ်နံရံကိုပဲထိကာ အောက်ပြုတ်ကျသွားလေတယ် ။
"ထပ်လေ့ကျင့်"
"ဟုတ်"
"အဲ့လောက်ထိလည်း မတင်းကြပ်သင့်ဘူးနော်"
ရှောင်ကျန့်က မုန့်စားရင်းနဲ့ ဘေးနားလာရပ်သည် တစ်မနက်
ထဲရန်ပွဲနှစ်ခုဖြစ်မလားပဲ ထိုကြောင့်ဘာမှပြန်မပြော။
"ဘာလို့ပြန်မပြောတာလဲ"
"...."
"လောင်၀မ်!... "
"..."
"ကျန့်ကျန့် ကြောင်မွေးချင်တယ် ဒါမှမဟုတ်ယုန်လေးမွေးချင်တယ်"
"ဘာမှ မမွေးနဲ့ ရှုပ်တယ်"
"လောင်ကုန်းကလည်း...လုပ်ပါ တစ်ကောင်ထဲကို"
"ဟိုမှာ လိပ်ပြာလေးတွေမွေးထားတယ်"
"ဟာ!...အဲ့တာ သူ့ဘာသာသူလာနားတဲ့ဟာကို...."
"မမွေးရဘူးဆို မမွေးရဘူးပေါ့"
"ဟွန်း...! အင့်!...."
ရှောင်ကျန့်ကလက်ပိုက်လို့ ခုံပေါ်မှာသွားထိုင်နေကာ ကောက်သည် ဘာဖြစ်လဲကောက်ပေါ့ ကိုယ်နဲ့သူနဲ့ကဘာခံစားချက်မှမရှိတာ မချော့နိုင်ဘူး ။
*ဝှစ်*
"ဟာကွာ...နီးစပ်နေပြီကို"
သတ်မှတ်ထားသောအဝိုင်းအတွင်းမှာ မြှားတွေနဲ့ပြည့်နေလေပြီ အဲ့တာကိုတောင်မှ အလယ်ဗဟိုပဲလွတ်နေသေးတာ ဒါလေးကိုတောင်မထိ ။
"စစ်သူကြီး၀မ်...တပ်မှူးလီချန်လာပါတယ်"
"အင်း လွှတ်လိုက်ဒီကို"
"ဟုတ်ကဲ့"
တပ်မှူးလီချန်ရောက်လာလေပြီ ရှောင်ကျန့်က ပြုံးကာ ကြိုဆိုတယ် ရှောင်ကျန့်အတွက် မုန့်တွေပါယူလာသေးတယ်တဲ့လေ။
"အိမ်ရှေ့စံရောက်နေတာလား...ကျွန်တော်မျိုးမသိလို့ပါ"
"ရ...ရ..ရပါတယ်"
စကားတွေက ထစ်ငေါ့လို့ ပြောရှာသည် ဒုက္ခပါပဲ တပ်မှူး
တစ်မျိုးများထင်သွားလေမလား ဘာလို့များ သူ့ရှေ့မှာမှစကားထစ်ရတာလဲ ။
"တော်တော်အားနေလား"
"ဗျာ"
"ဒီကိုတောင်မုန့်လာပေးဖို့အချိန်ရှိတယ်ဆိုတော့"
"အဲ...ဟုတ်...နည်းနည်းပေါ့"
"ကောင်းတယ်...အိမ်ရှေ့စံကိုမြှားပစ်သင်ပေးလိုက်"
"ဗျာ...စစ်..စစ်သူကြီး"
ရှောင်ကျန့်ကဘေးနားကနေကြည့်နေတာ အိမ်ရှေ့စံကအံ့ဩ
သွားတဲ့ပုံစံနဲ့ ဘာလဲ သူ့လောင်ကုန်းကမသင်ပေးတော့လို့
ဒီလိုဖြစ်နေတာလား။
"လီချန်ကလည်း မြှားပစ်တာပဲကို ဝင်သင်ပေးလိုက်ပါလား"
"ဟုတ်ကဲ့..."
သူပြောတာကြတော့မရဘဲနဲ့ ရှောင်ကျန့်ပြောမှနားထောင်သောတပ်မှူးလီချန်ကိုစစ်သူကြီး၀မ်က မျက်ခုံးတွေစုကြုံ့လို့
ကြည့်လိုက်သည် ။
ရှောင်ကျန့်က အိမ်ရှေ့စံကို
သူ့ယောကျာ်းရဲ့ အာရုံစိုက်မူ့ရထားတယ်ဆိုပြီးမကျေနပ်
စစ်သူကြီး၀မ်ရိပေါ်ကလည်း သူ့စကားမဟုတ် ရှောင်ကျန့်ပြောစကားမှနားထောင်တယ်ဆိုပြီး တပ်မှူးလီချန်ကို မကျေနပ်။
"အဲ့တာ အိမ်ရှေ့စံပစ်ထားတာလား"
"ဗျာ...ဟုတ်..ဟုတ်ကဲ့"
"ပထမဆုံးသင်တာဆိုတော့လည်း ဒီလိုဖြစ်မှာပါလေ ကျွန်တော်ပြမယ် မြှားနဲ့လေးနဲ့ ခနငှားနော်"
အိမ်ရှေ့စံလက်ထဲကနေယူလို့ တပ်မှူးလီချန်က မြှားကိုချိန်ရွယ်လိုက်သည် ထိုယောကျာ်းရဲ့လှုပ်ရှားပုံတွေ ထင်သွားသော
မေရိုး အနည်းငယ်ညိုသောအသားအရည် ဟော မြှားကိုအားပါပါနဲ့ဆွဲလိုက်တဲ့ ထိုသူရဲ့လက်တွေကို မျက်တောင်မခတ်တမ်းကြည့်နေလိုက်သည်။
*ဝှစ်*
မြှားကအလယ်တည့်တည့်ထိုးဖောက်သွားလေပြီ ရှောင်ကျန့်ကလက်ခုပ်တီးပေးတယ်။
"ဝါး...လီချန်က ဗဟိုတည့်တည့်မှန်အောင်ပစ်နိုင်တာပဲ တော်လိုက်တာ"
"အဲ့လောက်လဲမဟုတ်ပါဘူးဗျ"
"ကျစ်!...ဘာမဟုတ်တာလေးနဲ့ ချီးကျူးနေတယ်"
ဘေးနားကနေ ပါးစပ်လှုပ်ရုံပဲပြောလိုက်သော စကားကို
ရှောင်ကျန့်ကနားနဲ့ မရှင်းမရှင်းကြားလိုက်ရသည် စစ်သူကြီး၀မ်ကိုမျက်စောင်းလေးထိုးလိုက်တော့ ဟိုကအရှေ့ကိုပဲကြည့်နေသည်။
"ဒီလောက်ဆိုရလောက်ပြီလား အိမ်ရှေ့စံ..."
"ဟို...ကျွန်တော်..."
"ဒါမှမရသေးရင်လည်း...ကျုပ်ပြမယ်"
စစ်သူကြီး၀မ်ကပြောပြောဆိုဆိုနဲ့ လီချန်စီကနေမြှားနဲ့ လေးနဲ့ကိုဆွဲယူလို့ ပစ်မှတ်စီအတည့်ချိန်ကာ မြှားကိုပစ်လွှတ်လိုက်သည်။
*ဝှစ်*
တပ်မှူးလီချန် ပစ်လွှတ်ထားသော မြှားကို ပြန်လည်ဖောက်ထွင်းသွားကာ အလယ်ဗဟိုကိုပဲထပ်စိုက်သွားပြန်သည်။
"ဝါး...စစ်သူကြီး၀မ်...တကယ်လေးစားစရာပဲ အားကျတယ်"
"ဒါပေါ့ စစ်သူကြီး၀မ်ကအရမ်းတော်တယ်"
သူ့ကို လီချန် နဲ့ အိမ်ရှေ့စံ ကျင်း၀မ့် နဲ့ကသာ ချီးကျူးကြပေမဲ့
ဟိုဟာလေးကတော့ လက်ခုပ်တောင်မတီးချေ တစ်ဖက်လှည့်ပြီး မုန့်ဖောက်စားနေသည် ဒီဟာလေး....နည်းနည်းပါးပါးကြည့်ပြီး ချီးကျူးမယ်လို့မရှိဘူး ။
ရှောင်ကျန့်ကလည်း တစ်ဖက်ကိုမုန့်လှည့်စားရင်းနဲ့ မကျေနပ်
သူ့ယောကျာ်းမြှားပစ်တာကို ဟိုအိမ်ရှေ့စံက အားကျတယ်
ဘာညာနဲ့ ဟွန်း!...ဟိုဟာကြီးကလည်း လီချန်ကတစ်ခါမြှားပစ်ပြရင်တော်ပြီပေါ့ သူကပါ၀င်ပစ်သေးတယ် ။
"ဒီနေ့မြှားပစ်တာဒီလောက်ပဲ...ကျန်တာကတော့ အပြင်မှာလုပ်ရမယ်"
"ဟုတ်ကဲ့"
"ပြန်ခွင့်ပြုပါဦးနော်..ကျွန်တော့်ကို"
"အင်း"
စစ်သူကြီး၀မ်က အပြင်ထွက်သွားလေပြီ ရှောင်ကျန့်ကနောက်ကနေမကျေမချမ်းနဲ့လိုက်သွားကာ ဟိုးအိမ်ရှေ့မှမုန့်
သွားထိုင်စားနေသည် သူ့ယောကျာ်းကသူ့ကိုဂရုမစိုက်သလိုပဲ
အေးပေ့ါလေ...တစ်ယောက်နဲ့တစ်ယောက်ချစ်ပြီးယူကြတာမှ
မဟုတ်တာ ခံစားချက်တွေဘယ်လိုလုပ်ပြီးဖြစ်မှာလဲ။
ဒုတိယသင်ခန်းစာက တောင်ပေါ်သွားရတာပင် ခြေလျင်နဲ့
ပထမဆုံးခရီးဖြစ်တာကြောင့် အရမ်းပင်ပန်းလှပါတယ်
အမြဲတမ်း ဝေါယာဉ်နဲ့ပဲသွားနေကြကို ဒီလိုမျိုးခရီးကြမ်း
ကြီးကို ဖြတ်ရမယ်လို့ အိမ်မက်တောင်မမက်ဘူး။
"မြန်မြန်တက်!..."
"ဟုတ်...ဟုတ်ကဲ့"
"စစ်ဖြစ်ရင် လမ်းတွေရွေးလို့မရဘူး "
"ဟုတ်ကဲ့ စစ်သူကြီး"
"ဟော..ဟဲ...မောလိုက်တာ..."
"...."
အိမ်ရှေ့စံထက်နောက်ကျမှရောက်လာပြီးတော့ မောနေတဲ့သူကတော့ရှောင်ကျန့်ပါပင် အိမ်တော်ကနေ တောင်အောက်ခြေ
အထိ လှည်းစီးပြီးလာခဲ့ပြီးပြီ ဒီလောက် ၁၀မိနစ်ပဲရှိသေးတာကိုမောနေပြီတဲ့လေ အိမ်ရှေ့စံ နဲ့ စစ်သူကြီး၀မ်က ဟိုးအိမ်တော်ကနေ ဒီအထိ ခြေလျင်ပဲလာတာ။
"ဘာလိုက်လုပ်တာလဲ"
"ဟွန်း!...ခင်ဗျားနဲ့ ကျန့်ကျန့်နဲ့သိလို့လား"
"..."
လက်ပိုက်လို့တစ်ဖက်လှည့်သွားပြန်သည် ဒီဟာလေး ဒီနေ့ဘာဖြစ်နေတာလဲ ။
"စစ်သူကြီးနားပါရစေ..."
"နား..နား ၃မိနစ်ရမယ်"
"ဟုတ်ကဲ့...ဟူး..."
အိမ်ရှေ့စံက မြက်ခင်းတွေပေါ်မှာပစ်လှဲလိုက်သည် ဒီလောက်ပင်ပန်းတာကို မွေးကတည်းကနေ ဒီအရွယ်ထိတစ်ခါမှ မကြုံဖူးဘူး ခြေထောက်တွေလည်းညောင်းလှပြီ စစ်သူကြီး၀မ်
ကလည်း ပြင်းပြင်းထန်ထန် ခိုင်းနေတော့တာပဲ။
နားနေရင်းနဲ့ကောင်းကင်ကိုကြည့်လိုက်တော့ မိုးရိပ်တွေတက်လာလေပြီ ဒီအတိုင်းဆိုဆက်သွားလို့မဖြစ်တော့ ပြန်ဆင်းရတော့ပေမည် ။
"ထတော့...ပြန်ဆင်းမယ်"
"ဗျာ..."
"မိုးရွာတော့မယ်...လာခဲ့တော့"
"ဟုတ်ကဲ့ စစ်သူကြီး"
အိမ်ရှေ့စံကတော့ ကုန်းထလို့မနည်းလမ်းလျှောက်ရသည်
ခုနမှပဲတက်တာကို အခုပြန်ဆင်းရတော့မယ်တဲ့ သေအောင်သတ်နေတာများလား။
ဆင်းလာလို့ ခြေလှမ်းဆယ်လှမ်းထိရောက်တော့ စစ်သူကြီး၀မ်က နောက်ပြန်လှည့်ကြည့်သည် အိမ်ရှေ့စံက
တော့ပါလာလေရဲ့ ဟိုဟာလေးကတော့ မပါလာ။
"လောင်ကုန်း!!"
ကြည့်နေလို့မှန်းသိသွားသလားအောက်မေ့ရတယ် အော်ခေါ်နေပြီ ။
"လာချီ..."
"မင်းနဲ့ငါနဲ့သိလို့လား"
ရှောင်ကျန့်ပြောခဲ့တဲ့စကားကိုပြန်ပြောလိုက်တော့ ရှောင်ကျန့်ကခဏတာတိတ်သွားသည် ဟုတ်သားပဲစောနလေးတင်
သူစိတ်ကောက်လို့ပြောမိလိုက်တာပဲကို။
"စတာကို...လာချီ"
"ကျစ်!...ဂဂျီဂဂျောင်ကျလွန်းတယ်"
စစ်သူကြီး၀မ်ကပွစိပွစိနဲ့ရှောင်ကျန့်ရှေ့စီသွားရပ်တော့
မော့ကာ ရီပြလာတယ် ။
"ဟီး...ကျောပိုးသွားပေး...ကျန့်ကျန့်ညောင်းလို့"
"ရှုပ်ကိုရှုပ်လွန်းတယ် မင်းက"
"လောင်၀မ်ကလည်း ပြောမယ်ဆိုတာကြီးပဲ ကျန့်ကျန့်စိတ်မကောင်းဖြစ်အောင်လို့"
"လာ...တက်"
"မတက်ဘူး!...စိတ်ဆိုးတယ်...ကျန့်ကျန့်ကိုရှုပ်တယ်လို့ပြောတာ မလိုက်ဘူး !...."
"အဲ့တာဆိုလည်းနေခဲ့ချည်"
"နေခဲ့မှာ....အင့်!...မခေါ်ဘူး...သေသေရှင်ရှင် ပစ်ထားခဲ့"
"ပြီးရော...မင်းနေခဲ့ရင် မင်းရဲ့မုန့်တွေအကုန်လုံးကို အခြားသူစီပေးပစ်မှာနော်"
"....."
"လာစမ်းပါ...မိုးရွာတော့မှာ"
"...."
"ရှောင်ကျန့် မကောက်စမ်းနဲ့ ကျုပ်ကချော့မဲ့သူမျိုးမဟုတ်ဘူး "
"....."
ရှောင်ကျန့်ကဂရုမစိုက်ဘဲနဲ့ တစ်ဖက်သို့လှည့်ကာ အောက်နှုတ်ခမ်းကိုကိုက်ထားသည် ရုပ်ကလည်းငိုတော့မဲ့ရုပ်နဲ့
စစ်သူကြီး၀မ်သက်ပြင်းချကာ ရှောင်ကျန့်ကို မလို့
ထမ်းလိုက်ကာ တောင်အောက်ပြန်ဆင်းလာခဲ့သည်
စစ်သူကြီး၀မ်ပြောသလိုပါပဲ မိုးကရွာလာလေတော့ အိမ်တော်စီကိုအမြန်ပြေးရသည် အိမ်တော်နဲ့သိပ်မဝေးတော့တဲ့နေရာလေးမှာမိုးရွာချတာဆိုတော့လည်း တော်သေးတယ်လို့ပြောရမည်။
"စစ်သူကြီးတို့ ကျွန်တော်အခုပဲ မြင်းလှည်းသမားတွေကိုလွှတ်တော့မလို့ အဆင်ပြေရဲ့လား"
"မိုးနည်းနည်းစိုသွားတယ် ဘာမှမဖြစ်ပါဘူး ကျင်း၀မ့်...ဒီနေ့တော့ ဒီလောက်ပဲ "
"ဟုတ်ကဲ့ စစ်သူကြီး"
စစ်သူကြီးအိမ်တော်ရောက်လာတောင်မှပဲ ရှောင်ကျန့်ကစိတ်ဆိုးမပြေသေး သူတို့အခန်းကိုရောက်လို့
ရှောင်ကျန့်ကိုချပေးလို့ကြည့်လိုက်တာ
ဆံပင်တွေနဲ့ အကျီတွေကအနည်းငယ်စိုသွားလေပြီ။
"အကျီလဲ အအေးပတ်မယ်"
"...."
"ကောက်မနေနဲ့ အကျီသာလဲစမ်းပါ..."
"...."
ရှောင်ကျန့်က ခုတင်ပေါ်တက်ကာ တစ်ဖက်လှည့်ပြီးကောက်နေသေးတယ် ကောက်ကိုကောက်နိုင်လွန်းတယ် ။
"ရော့...ဒီမှာ ခေါင်းကိုသုတ်ချည်"
သပတ်ကိုဘေးနားလာချတော့လည်း ရှောင်ကျန့်ကမယူချေ
ထိုင်မြဲအတိုင်းသာထိုင်နေတော့သည် သူ့ကိုရှုပ်တယ်လို့ပြောတာ စစ်သူကြီး၀မ်ကပထမဆုံးပင်...မိဘတွေတောင်မပြောဖူးဘူး ။
"ဒီအတိုင်းထိုင်နေတော့မှာလား..."
"ကျန့်ကျန့်ဘာသာ ဘယ်လိုနေနေပေါ့ ဘာလို့ဂရုစိုက်နေတာလဲ"
"မင်းဖျားရင် မကောင်း..."
"ဖျားရင် အသေပဲခံလိုက်မယ်..."
"ရှောင်ကျန့် ကျုပ်ကိုမရွဲ့နဲ့နော်"
"...."
သူတို့နှစ်ယောက်ကြားမှာ စကားသံတွေကတိတ်ဆိတ်သွားလေပြီ အပြင်မှာမိုးတွေကသည်းလို့
ခဏကြာတော့ စစ်သူကြီး၀မ်က ခုတင်ပေါ်တက်လာကာ သပတ်ကိုလှမ်းယူပြီးနောက် ရှောင်ကျန့်ခေါင်းကိုသုတ်ပေးသည်။
"မင်းဆံပင်ကရှည်တယ် တော်ရုံမခြောက်ဘူး"
"...."
ဖြစ်သလိုပဲ စည်းထားသော ရှောင်ကျန့်ခေါင်းကိုဖြည်လို့ သပတ်နဲ့သုတ်ပေးတော့ ရှောင်ကျန့်ဆံပင်တွေက ခါးထိရှည်လျားတယ် ပြီးတော့ နူးညံ့တယ် ဒါကသူပထမဆုံးအနေနဲ့ ရှောင်ကျန့် ဆံပင်တွေကိုထိတွေ့ဖူးတာပင်။
"ဖယ်တော့...ကိုယ့်ဘာသာကိုယ်ပဲသုတ်တော့မယ်"
"နေစမ်းပါ...မင်းကသုတ်ရင် ပြောင်မှာမဟုတ်ဘူး"
"ဖယ်စမ်းပါ!...ကျန့်ကျန့်ခေါင်းကိုမထိနဲ့!.."
"...."
စစ်သူကြီး၀မ်ကရှောင်ကျန့်စကားဆိုနားမထောင်ချေ
ဆံပင်ကိုခြောက်အောက်သုတ်ပေးနေသည် ။
"ရပြီ"
"အင့်!.."
ခေါင်းပေါ်ကသပတ်ကိုဖယ်ချလို့ ရှောင်ကျန့်က ရှေ့နည်းနည်းတိုးကာ ကောက်သည်။
"ရှောင်ကျန့်...."
"...."
"ခေါ်နေတာကို ထူးလေ"
"..."
"ကောက်စမ်းပါ...ဘယ်အတိုင်းအတာထိကောက်မလဲဆိုတာ
ကြည့်ကြတာပေါ့....ကျုပ်ကလည်းချော့မဲ့သူမဟုတ်ဘူးဆို
တာမင်းမြဲအောင်မှတ်ထားလိုက် "
"...."
သူတို့နှစ်ယောက်လုံးရဲ့ကြားထဲမှာဘာခံစားချက်မှမရှိတာကို
ရှောင်ကျန့်သိသည် သူကစိန်ခေါ်တယ်ဆိုမှတော့ ကိုယ်လည်းသူစိန်ခေါ်သလိုကောက်ပြရတာပေါ့ ။
___________________
(19.3.2024)
#Su🐼
စစ္သူႀကီးကေတာ္ျဖစ္လာျခင္း
Part 10
____________
မနက္ခင္းထမင္းစားပြဲမွာထုံးစံအတိုင္းေရွာင္က်န႔္ကိုမေတြ႕ေခ် အိမ္ေရွ႕စံကေတာ့ ေလ့က်င့္ေရးအက်ီ၀တ္လို႔ စိတ္အား
ထက္သန္ေနေလၿပီ။
"စားေတာ့"
"စစ္သူႀကီးကေတာ္ေရာ"
"သူထမွာမဟုတ္ေသးဘူး"
"ေအာ္...."
အိမ္ေရွ႕စံက မ်က္ႏွာေတြရဲလို႔ ထမင္းပန္းကန္ေလးကို
ေကာက္ကိုင္ကာ မသိမသာလက္နဲ႔ကြယ္ၿပီးစားသည္
စစ္သူႀကီးကေတာ္က ခါးမ်ားနာေနတာလား ဒါဆိုသူတို႔ေတြ
မဟုတ္ေသးဘူး ဒါမထူးဆန္းဘူး ဒါလင္မယားၾကားက
ကိစၥပဲ သူနဲ႔ တပ္မႉးႀကီးနဲ႔ဆိုရင္လည္း အဲ့လိုျဖစ္မွာပဲ။
"စိတ္အားထက္သန္ေနတဲ့ပုံပဲ"
"ဗ်ာ...ဟုတ္ကဲ့!.."
"ျမႇားပစ္တတ္လား"
"ဟို...ဟင့္အင္း"
"...."
"မယ္ေတာ္က ျမႇားေတြ ဓားေတြကိုင္ရင္ လက္ၾကမ္းတယ္လို႔
ေျပာဖူးတယ္ မကိုင္ခိုင္းဘူး ကိုင္တာေတြ႕ရင္႐ိုက္လို႔"
"မကိုင္လို႔မရေတာ့ဘူး ေနာင္မွာ မင္းႀကီးျဖစ္လာမွာ အဲ့ေတာ့
ကိုယ္တိုင္စစ္ထြက္တိုက္ရတာေတြရွိတယ္"
"ဟုတ္ကဲ့"
"ဘယ္သူမွမကာကြယ္ဘူး ကိုယ့္ကိုယ္ကိုယ္ပဲကာကြယ္ရမယ္"
"ဟုတ္ကဲ့ မွတ္သားထားပါ့မယ္"
"ဝွား.....မနက္စာေတာင္စားေနၿပီပဲ"
ေရွာင္က်န႔္က အိပ္ခ်င္မူးတူးနဲ႔ထလာကာ ထမင္းစားပြဲမွာ၀င္ထိုင္ရင္းနဲ႔ ဟင္းပြဲေတြကိုၾကည့္ေနသည္ ။
"မုန႔္ေရာ..."
"မလုပ္ရေသးပါဘူးဗ်"
"လုပ္ေပး!...မုန႔္ပဲစားခ်င္တယ္...ဒါႀကီးမစားခ်င္ဘူး"
"ဟုတ္ကဲ့"
"ေရွာင္က်န႔္ မနက္ခင္းမွာ ထမင္းစားရမယ္"
"မစားခ်င္ဘူး...."
"မရဘူး...စားရမယ္"
"မစားဘူး....မစားပါဘူးဆို!...မစားခ်င္ဘူး...ထမင္းမစားဘူး!
ထမင္းမစားဘူးလို႔!"
စစ္သူႀကီး၀မ္ကေတာ့ဆက္မေျပာေတာ့ေခ် ဒီဟာေလးကို
ဧည့္သည္ေရွ႕မွာမို႔လို႔ သည္းခံေနရတာ မဟုတ္ရင္ဒီမွာတင္
မနက္ခင္းရန္ပြဲျဖစ္ေနၿပီ ။
"ဟို....စစ္သူႀကီးကေတာ္...ဟင္းေတြကေကာင္းပါတယ္ဗ်...
တစ္လုတ္ေလာက္စားၾကည့္ပါလား"
"မစားပါဘူးဆိုေနမွ!"
"...."
ေရွာင္က်န႔္က ထမင္းစားပြဲေပၚေခါင္းခ်လို႔ စစ္သူႀကီး၀မ္ကို
မေက်မခ်မ္းနဲ႔ၾကည့္ေနလိုက္သည္ သူကေတာ့နဂိုအတိုင္း
ဒီအေခ်႐ုပ္ႀကီးပဲ နည္းနည္းပါးပါးေလးၿပဳံးမယ္မရွိဘူး။
"က်င္း၀မ့္...ခပ္သြက္သြက္စားစမ္း"
"ဟုတ္ကဲ့...စစ္သူႀကီး"
"မင္းစစ္ပြဲေရာက္ရင္ ဒီလိုမ်ိဳးစားခ်ိန္ေတာင္မရွိဘူး"
"ဟုတ္ကဲ့!"
"၀မ္က အၿမဲဆူေနတာပဲ အိမ္ေရွ႕စံက ထမင္းကိုနင္မွာေၾကာက္လို႔ ေျဖးေျဖးစားေနတာ ေျဖးေျဖးစားေနာ္"
"ဟုတ္ကဲ့ စစ္သူႀကီးကေတာ္"
"ျမန္ျမန္စား!"
"ေျဖးေျဖးစား!"
သူတို႔ႏွစ္ေယာက္ၾကားထဲမွာ ပဲေလွာ္စားၾကားညႇပ္ေနသလိုပဲ
အိမ္ေရွ႕စံမွာဟိုၾကည့္ဒီၾကည့္နဲ႔ ဘယ္သူေျပာတာနာခံရမွာလဲ
ဟင္။
"စစ္ပြဲထဲမွာဒီလိုေႏွးတိေႏွးေကြးစားလို႔မရဘူး"
"စားလဲဘာျဖစ္လဲ အနည္းဆုံးေတာ့ မေသခင္မွာထမင္းေလး
၀သြားတာေပါ့ ထမင္းစားၿပီးမွစစ္တိုက္ေတာ့ အားရွိတာေပါ့"
"အဲ့ထမင္းစားေနတဲ့အခ်ိန္မွာ ရန္သူေတြက ဝင္လာရင္ေရာ"
"ဟို...အမ္...ခဏေနဦး ငါထမင္းစားေနတယ္လို႔ေျပာၿပီးမွ
တိုက္ေပါ့"
"ကေလးကလား ေတြေရွာင္က်န႔္..."
"ဟြန္း!.."
"ထမင္းစားၿပီးပါၿပီဗ်"
"လိုက္ခဲ့...ေလ့က်င့္ေရးဆင္းမဲ့ေနရာစီ"
"ဟုတ္ကဲ့"
စစ္သူႀကီး၀မ္ကအေရွ႕ကထြက္သြားေတာ့ အေနာက္ကေန
အိမ္ေရွ႕စံက ေကာက္ေကာက္ပါေအာင္လိုက္သြားသည္
ေရွာင္က်န႔္မွာေတာ့ စစ္သူႀကီး၀မ္ကို အႏိုင္မပိုင္းရလို႔မေက်နပ္။
"စစ္သူႀကီးကေတာ္...မုန႔္ရပါၿပီ"
"ေပး....ဟြန႔္!..လုပ္တာၾကာတယ္ ေနာက္ဆိုမနက္တိုင္းမုန႔္လုပ္
ထား "
"ဟုတ္ကဲ့..."
"ေလာင္ကုန္း!...ေလာင္ကုန္း!...ခဏေစာင့္! က်န႔္က်န႔္လည္း
လိုက္မယ္!"
ေရွာင္က်န႔္ကစစ္သူႀကီး၀မ္ေနာက္အတင္းေျပးလိုက္သည္
မုန႔္ေတြကျပည့္ေနလို႔ ျပဳတ္က်သြားမွာစိုးတာေၾကာင့္
ပါးစပ္ထဲ ႏွစ္ခုေလာက္ထည့္ထားလိုက္ေသးသည္။
ေလ့က်င့္ေရးေနရာက ဥယ်ာဥ္ထဲက ပန္းေတြမစိုက္ထားေသာ
ေနရာျဖစ္သည္ ေနရာေလးက က်ယ္က်ယ္၀န္း၀န္းပါပဲ ။
"စိတ္ေအးေအးထား အာ႐ုံစိုက္ ပုခုံးကိုေလ်ာ့ထား လက္ကတန္းတန္းထား"
"ဟုတ္ကဲ့..."
"ပစ္"
*ဝွစ္*
ဝွစ္ခနဲပဲ ျမႇားက သတ္မွတ္ေနရာကိုမေရာက္ပဲနဲ႔ ေဘးနားက အုတ္နံရံကိုပဲထိကာ ေအာက္ျပဳတ္က်သြားေလတယ္ ။
"ထပ္ေလ့က်င့္"
"ဟုတ္"
"အဲ့ေလာက္ထိလည္း မတင္းၾကပ္သင့္ဘူးေနာ္"
ေရွာင္က်န႔္က မုန႔္စားရင္းနဲ႔ ေဘးနားလာရပ္သည္ တစ္မနက္
ထဲရန္ပြဲႏွစ္ခုျဖစ္မလားပဲ ထိုေၾကာင့္ဘာမွျပန္မေျပာ။
"ဘာလို႔ျပန္မေျပာတာလဲ"
"...."
"ေလာင္၀မ္!... "
"..."
"က်န႔္က်န႔္ ေၾကာင္ေမြးခ်င္တယ္ ဒါမွမဟုတ္ယုန္ေလးေမြးခ်င္တယ္"
"ဘာမွ မေမြးနဲ႔ ရႈပ္တယ္"
"ေလာင္ကုန္းကလည္း...လုပ္ပါ တစ္ေကာင္ထဲကို"
"ဟိုမွာ လိပ္ျပာေလးေတြေမြးထားတယ္"
"ဟာ!...အဲ့တာ သူ႔ဘာသာသူလာနားတဲ့ဟာကို...."
"မေမြးရဘူးဆို မေမြးရဘူးေပါ့"
"ဟြန္း...! အင့္!...."
ေရွာင္က်န႔္ကလက္ပိုက္လို႔ ခုံေပၚမွာသြားထိုင္ေနကာ ေကာက္သည္ ဘာျဖစ္လဲေကာက္ေပါ့ ကိုယ္နဲ႔သူနဲ႔ကဘာခံစားခ်က္မွမရွိတာ မေခ်ာ့ႏိုင္ဘူး ။
*ဝွစ္*
"ဟာကြာ...နီးစပ္ေနၿပီကို"
သတ္မွတ္ထားေသာအဝိုင္းအတြင္းမွာ ျမႇားေတြနဲ႔ျပည့္ေနေလၿပီ အဲ့တာကိုေတာင္မွ အလယ္ဗဟိုပဲလြတ္ေနေသးတာ ဒါေလးကိုေတာင္မထိ ။
"စစ္သူႀကီး၀မ္...တပ္မႉးလီခ်န္လာပါတယ္"
"အင္း လႊတ္လိုက္ဒီကို"
"ဟုတ္ကဲ့"
တပ္မႉးလီခ်န္ေရာက္လာေလၿပီ ေရွာင္က်န႔္က ၿပဳံးကာ ႀကိဳဆိုတယ္ ေရွာင္က်န႔္အတြက္ မုန႔္ေတြပါယူလာေသးတယ္တဲ့ေလ။
"အိမ္ေရွ႕စံေရာက္ေနတာလား...ကြၽန္ေတာ္မ်ိဳးမသိလို႔ပါ"
"ရ...ရ..ရပါတယ္"
စကားေတြက ထစ္ေငါ့လို႔ ေျပာရွာသည္ ဒုကၡပါပဲ တပ္မႉး
တစ္မ်ိဳးမ်ားထင္သြားေလမလား ဘာလို႔မ်ား သူ႔ေရွ႕မွာမွစကားထစ္ရတာလဲ ။
"ေတာ္ေတာ္အားေနလား"
"ဗ်ာ"
"ဒီကိုေတာင္မုန႔္လာေပးဖို႔အခ်ိန္ရွိတယ္ဆိုေတာ့"
"အဲ...ဟုတ္...နည္းနည္းေပါ့"
"ေကာင္းတယ္...အိမ္ေရွ႕စံကိုျမႇားပစ္သင္ေပးလိုက္"
"ဗ်ာ...စစ္..စစ္သူႀကီး"
ေရွာင္က်န႔္ကေဘးနားကေနၾကည့္ေနတာ အိမ္ေရွ႕စံကအံ့ဩ
သြားတဲ့ပုံစံနဲ႔ ဘာလဲ သူ႔ေလာင္ကုန္းကမသင္ေပးေတာ့လို႔
ဒီလိုျဖစ္ေနတာလား။
"လီခ်န္ကလည္း ျမႇားပစ္တာပဲကို ဝင္သင္ေပးလိုက္ပါလား"
"ဟုတ္ကဲ့..."
သူေျပာတာၾကေတာ့မရဘဲနဲ႔ ေရွာင္က်န႔္ေျပာမွနားေထာင္ေသာတပ္မႉးလီခ်န္ကိုစစ္သူႀကီး၀မ္က မ်က္ခုံးေတြစုႀကဳံ႕လို႔
ၾကည့္လိုက္သည္ ။
ေရွာင္က်န႔္က အိမ္ေရွ႕စံကို
သူ႔ေယာက်ာ္းရဲ႕ အာ႐ုံစိုက္မူ႔ရထားတယ္ဆိုၿပီးမေက်နပ္
စစ္သူႀကီး၀မ္ရိေပၚကလည္း သူ႔စကားမဟုတ္ ေရွာင္က်န႔္ေျပာစကားမွနားေထာင္တယ္ဆိုၿပီး တပ္မႉးလီခ်န္ကို မေက်နပ္။
"အဲ့တာ အိမ္ေရွ႕စံပစ္ထားတာလား"
"ဗ်ာ...ဟုတ္..ဟုတ္ကဲ့"
"ပထမဆုံးသင္တာဆိုေတာ့လည္း ဒီလိုျဖစ္မွာပါေလ ကြၽန္ေတာ္ျပမယ္ ျမႇားနဲ႔ေလးနဲ႔ ခနငွားေနာ္"
အိမ္ေရွ႕စံလက္ထဲကေနယူလို႔ တပ္မႉးလီခ်န္က ျမႇားကိုခ်ိန္႐ြယ္လိုက္သည္ ထိုေယာက်ာ္းရဲ႕လႈပ္ရွားပုံေတြ ထင္သြားေသာ
ေမ႐ိုး အနည္းငယ္ညိဳေသာအသားအရည္ ေဟာ ျမႇားကိုအားပါပါနဲ႔ဆြဲလိုက္တဲ့ ထိုသူရဲ႕လက္ေတြကို မ်က္ေတာင္မခတ္တမ္းၾကည့္ေနလိုက္သည္။
*ဝွစ္*
ျမႇားကအလယ္တည့္တည့္ထိုးေဖာက္သြားေလၿပီ ေရွာင္က်န႔္ကလက္ခုပ္တီးေပးတယ္။
"ဝါး...လီခ်န္က ဗဟိုတည့္တည့္မွန္ေအာင္ပစ္ႏိုင္တာပဲ ေတာ္လိုက္တာ"
"အဲ့ေလာက္လဲမဟုတ္ပါဘူးဗ်"
"က်စ္!...ဘာမဟုတ္တာေလးနဲ႔ ခ်ီးက်ဴးေနတယ္"
ေဘးနားကေန ပါးစပ္လႈပ္႐ုံပဲေျပာလိုက္ေသာ စကားကို
ေရွာင္က်န႔္ကနားနဲ႔ မရွင္းမရွင္းၾကားလိုက္ရသည္ စစ္သူႀကီး၀မ္ကိုမ်က္ေစာင္းေလးထိုးလိုက္ေတာ့ ဟိုကအေရွ႕ကိုပဲၾကည့္ေနသည္။
"ဒီေလာက္ဆိုရေလာက္ၿပီလား အိမ္ေရွ႕စံ..."
"ဟို...ကြၽန္ေတာ္..."
"ဒါမွမရေသးရင္လည္း...က်ဳပ္ျပမယ္"
စစ္သူႀကီး၀မ္ကေျပာေျပာဆိုဆိုနဲ႔ လီခ်န္စီကေနျမႇားနဲ႔ ေလးနဲ႔ကိုဆြဲယူလို႔ ပစ္မွတ္စီအတည့္ခ်ိန္ကာ ျမႇားကိုပစ္လႊတ္လိုက္သည္။
*ဝွစ္*
တပ္မႉးလီခ်န္ ပစ္လႊတ္ထားေသာ ျမႇားကို ျပန္လည္ေဖာက္ထြင္းသြားကာ အလယ္ဗဟိုကိုပဲထပ္စိုက္သြားျပန္သည္။
"ဝါး...စစ္သူႀကီး၀မ္...တကယ္ေလးစားစရာပဲ အားက်တယ္"
"ဒါေပါ့ စစ္သူႀကီး၀မ္ကအရမ္းေတာ္တယ္"
သူ႔ကို လီခ်န္ နဲ႔ အိမ္ေရွ႕စံ က်င္း၀မ့္ နဲ႔ကသာ ခ်ီးက်ဴးၾကေပမဲ့
ဟိုဟာေလးကေတာ့ လက္ခုပ္ေတာင္မတီးေခ် တစ္ဖက္လွည့္ၿပီး မုန႔္ေဖာက္စားေနသည္ ဒီဟာေလး....နည္းနည္းပါးပါးၾကည့္ၿပီး ခ်ီးက်ဴးမယ္လို႔မရွိဘူး ။
ေရွာင္က်န႔္ကလည္း တစ္ဖက္ကိုမုန႔္လွည့္စားရင္းနဲ႔ မေက်နပ္
သူ႔ေယာက်ာ္းျမႇားပစ္တာကို ဟိုအိမ္ေရွ႕စံက အားက်တယ္
ဘာညာနဲ႔ ဟြန္း!...ဟိုဟာႀကီးကလည္း လီခ်န္ကတစ္ခါျမႇားပစ္ျပရင္ေတာ္ၿပီေပါ့ သူကပါ၀င္ပစ္ေသးတယ္ ။
"ဒီေန႔ျမႇားပစ္တာဒီေလာက္ပဲ...က်န္တာကေတာ့ အျပင္မွာလုပ္ရမယ္"
"ဟုတ္ကဲ့"
"ျပန္ခြင့္ျပဳပါဦးေနာ္..ကြၽန္ေတာ့္ကို"
"အင္း"
စစ္သူႀကီး၀မ္က အျပင္ထြက္သြားေလၿပီ ေရွာင္က်န႔္ကေနာက္ကေနမေက်မခ်မ္းနဲ႔လိုက္သြားကာ ဟိုးအိမ္ေရွ႕မွမုန႔္
သြားထိုင္စားေနသည္ သူ႔ေယာက်ာ္းကသူ႔ကိုဂ႐ုမစိုက္သလိုပဲ
ေအးေပ့ါေလ...တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ၿပီးယူၾကတာမွ
မဟုတ္တာ ခံစားခ်က္ေတြဘယ္လိုလုပ္ၿပီးျဖစ္မွာလဲ။
ဒုတိယသင္ခန္းစာက ေတာင္ေပၚသြားရတာပင္ ေျခလ်င္နဲ႔
ပထမဆုံးခရီးျဖစ္တာေၾကာင့္ အရမ္းပင္ပန္းလွပါတယ္
အၿမဲတမ္း ေဝါယာဥ္နဲ႔ပဲသြားေနၾကကို ဒီလိုမ်ိဳးခရီးၾကမ္း
ႀကီးကို ျဖတ္ရမယ္လို႔ အိမ္မက္ေတာင္မမက္ဘူး။
"ျမန္ျမန္တက္!..."
"ဟုတ္...ဟုတ္ကဲ့"
"စစ္ျဖစ္ရင္ လမ္းေတြေ႐ြးလို႔မရဘူး "
"ဟုတ္ကဲ့ စစ္သူႀကီး"
"ေဟာ..ဟဲ...ေမာလိုက္တာ..."
"...."
အိမ္ေရွ႕စံထက္ေနာက္က်မွေရာက္လာၿပီးေတာ့ ေမာေနတဲ့သူကေတာ့ေရွာင္က်န႔္ပါပင္ အိမ္ေတာ္ကေန ေတာင္ေအာက္ေျခ
အထိ လွည္းစီးၿပီးလာခဲ့ၿပီးၿပီ ဒီေလာက္ ၁၀မိနစ္ပဲရွိေသးတာကိုေမာေနၿပီတဲ့ေလ အိမ္ေရွ႕စံ နဲ႔ စစ္သူႀကီး၀မ္က ဟိုးအိမ္ေတာ္ကေန ဒီအထိ ေျခလ်င္ပဲလာတာ။
"ဘာလိုက္လုပ္တာလဲ"
"ဟြန္း!...ခင္ဗ်ားနဲ႔ က်န႔္က်န႔္နဲ႔သိလို႔လား"
"..."
လက္ပိုက္လို႔တစ္ဖက္လွည့္သြားျပန္သည္ ဒီဟာေလး ဒီေန႔ဘာျဖစ္ေနတာလဲ ။
"စစ္သူႀကီးနားပါရေစ..."
"နား..နား ၃မိနစ္ရမယ္"
"ဟုတ္ကဲ့...ဟူး..."
အိမ္ေရွ႕စံက ျမက္ခင္းေတြေပၚမွာပစ္လွဲလိုက္သည္ ဒီေလာက္ပင္ပန္းတာကို ေမြးကတည္းကေန ဒီအ႐ြယ္ထိတစ္ခါမွ မႀကဳံဖူးဘူး ေျခေထာက္ေတြလည္းေညာင္းလွၿပီ စစ္သူႀကီး၀မ္
ကလည္း ျပင္းျပင္းထန္ထန္ ခိုင္းေနေတာ့တာပဲ။
နားေနရင္းနဲ႔ေကာင္းကင္ကိုၾကည့္လိုက္ေတာ့ မိုးရိပ္ေတြတက္လာေလၿပီ ဒီအတိုင္းဆိုဆက္သြားလို႔မျဖစ္ေတာ့ ျပန္ဆင္းရေတာ့ေပမည္ ။
"ထေတာ့...ျပန္ဆင္းမယ္"
"ဗ်ာ..."
"မိုး႐ြာေတာ့မယ္...လာခဲ့ေတာ့"
"ဟုတ္ကဲ့ စစ္သူႀကီး"
အိမ္ေရွ႕စံကေတာ့ ကုန္းထလို႔မနည္းလမ္းေလွ်ာက္ရသည္
ခုနမွပဲတက္တာကို အခုျပန္ဆင္းရေတာ့မယ္တဲ့ ေသေအာင္သတ္ေနတာမ်ားလား။
ဆင္းလာလို႔ ေျခလွမ္းဆယ္လွမ္းထိေရာက္ေတာ့ စစ္သူႀကီး၀မ္က ေနာက္ျပန္လွည့္ၾကည့္သည္ အိမ္ေရွ႕စံက
ေတာ့ပါလာေလရဲ႕ ဟိုဟာေလးကေတာ့ မပါလာ။
"ေလာင္ကုန္း!!"
ၾကည့္ေနလို႔မွန္းသိသြားသလားေအာက္ေမ့ရတယ္ ေအာ္ေခၚေနၿပီ ။
"လာခ်ီ..."
"မင္းနဲ႔ငါနဲ႔သိလို႔လား"
ေရွာင္က်န႔္ေျပာခဲ့တဲ့စကားကိုျပန္ေျပာလိုက္ေတာ့ ေရွာင္က်န႔္ကခဏတာတိတ္သြားသည္ ဟုတ္သားပဲေစာနေလးတင္
သူစိတ္ေကာက္လို႔ေျပာမိလိုက္တာပဲကို။
"စတာကို...လာခ်ီ"
"က်စ္!...ဂဂ်ီဂေဂ်ာင္က်လြန္းတယ္"
စစ္သူႀကီး၀မ္ကပြစိပြစိနဲ႔ေရွာင္က်န႔္ေရွ႕စီသြားရပ္ေတာ့
ေမာ့ကာ ရီျပလာတယ္ ။
"ဟီး...ေက်ာပိုးသြားေပး...က်န႔္က်န႔္ေညာင္းလို႔"
"ရႈပ္ကိုရႈပ္လြန္းတယ္ မင္းက"
"ေလာင္၀မ္ကလည္း ေျပာမယ္ဆိုတာႀကီးပဲ က်န႔္က်န႔္စိတ္မေကာင္းျဖစ္ေအာင္လို႔"
"လာ...တက္"
"မတက္ဘူး!...စိတ္ဆိုးတယ္...က်န႔္က်န႔္ကိုရႈပ္တယ္လို႔ေျပာတာ မလိုက္ဘူး !...."
"အဲ့တာဆိုလည္းေနခဲ့ခ်ည္"
"ေနခဲ့မွာ....အင့္!...မေခၚဘူး...ေသေသရွင္ရွင္ ပစ္ထားခဲ့"
"ၿပီးေရာ...မင္းေနခဲ့ရင္ မင္းရဲ႕မုန႔္ေတြအကုန္လုံးကို အျခားသူစီေပးပစ္မွာေနာ္"
"....."
"လာစမ္းပါ...မိုး႐ြာေတာ့မွာ"
"...."
"ေရွာင္က်န႔္ မေကာက္စမ္းနဲ႔ က်ဳပ္ကေခ်ာ့မဲ့သူမ်ိဳးမဟုတ္ဘူး "
"....."
ေရွာင္က်န႔္ကဂ႐ုမစိုက္ဘဲနဲ႔ တစ္ဖက္သို႔လွည့္ကာ ေအာက္ႏႈတ္ခမ္းကိုကိုက္ထားသည္ ႐ုပ္ကလည္းငိုေတာ့မဲ့႐ုပ္နဲ႔
စစ္သူႀကီး၀မ္သက္ျပင္းခ်ကာ ေရွာင္က်န႔္ကို မလို႔
ထမ္းလိုက္ကာ ေတာင္ေအာက္ျပန္ဆင္းလာခဲ့သည္
စစ္သူႀကီး၀မ္ေျပာသလိုပါပဲ မိုးက႐ြာလာေလေတာ့ အိမ္ေတာ္စီကိုအျမန္ေျပးရသည္ အိမ္ေတာ္နဲ႔သိပ္မေဝးေတာ့တဲ့ေနရာေလးမွာမိုး႐ြာခ်တာဆိုေတာ့လည္း ေတာ္ေသးတယ္လို႔ေျပာရမည္။
"စစ္သူႀကီးတို႔ ကြၽန္ေတာ္အခုပဲ ျမင္းလွည္းသမားေတြကိုလႊတ္ေတာ့မလို႔ အဆင္ေျပရဲ႕လား"
"မိုးနည္းနည္းစိုသြားတယ္ ဘာမွမျဖစ္ပါဘူး က်င္း၀မ့္...ဒီေန႔ေတာ့ ဒီေလာက္ပဲ "
"ဟုတ္ကဲ့ စစ္သူႀကီး"
စစ္သူႀကီးအိမ္ေတာ္ေရာက္လာေတာင္မွပဲ ေရွာင္က်န႔္ကစိတ္ဆိုးမေျပေသး သူတို႔အခန္းကိုေရာက္လို႔
ေရွာင္က်န႔္ကိုခ်ေပးလို႔ၾကည့္လိုက္တာ
ဆံပင္ေတြနဲ႔ အက်ီေတြကအနည္းငယ္စိုသြားေလၿပီ။
"အက်ီလဲ အေအးပတ္မယ္"
"...."
"ေကာက္မေနနဲ႔ အက်ီသာလဲစမ္းပါ..."
"...."
ေရွာင္က်န႔္က ခုတင္ေပၚတက္ကာ တစ္ဖက္လွည့္ၿပီးေကာက္ေနေသးတယ္ ေကာက္ကိုေကာက္ႏိုင္လြန္းတယ္ ။
"ေရာ့...ဒီမွာ ေခါင္းကိုသုတ္ခ်ည္"
သပတ္ကိုေဘးနားလာခ်ေတာ့လည္း ေရွာင္က်န႔္ကမယူေခ်
ထိုင္ၿမဲအတိုင္းသာထိုင္ေနေတာ့သည္ သူ႔ကိုရႈပ္တယ္လို႔ေျပာတာ စစ္သူႀကီး၀မ္ကပထမဆုံးပင္...မိဘေတြေတာင္မေျပာဖူးဘူး ။
"ဒီအတိုင္းထိုင္ေနေတာ့မွာလား..."
"က်န႔္က်န႔္ဘာသာ ဘယ္လိုေနေနေပါ့ ဘာလို႔ဂ႐ုစိုက္ေနတာလဲ"
"မင္းဖ်ားရင္ မေကာင္း..."
"ဖ်ားရင္ အေသပဲခံလိုက္မယ္..."
"ေရွာင္က်န႔္ က်ဳပ္ကိုမ႐ြဲ႕နဲ႔ေနာ္"
"...."
သူတို႔ႏွစ္ေယာက္ၾကားမွာ စကားသံေတြကတိတ္ဆိတ္သြားေလၿပီ အျပင္မွာမိုးေတြကသည္းလို႔
ခဏၾကာေတာ့ စစ္သူႀကီး၀မ္က ခုတင္ေပၚတက္လာကာ သပတ္ကိုလွမ္းယူၿပီးေနာက္ ေရွာင္က်န႔္ေခါင္းကိုသုတ္ေပးသည္။
"မင္းဆံပင္ကရွည္တယ္ ေတာ္႐ုံမေျခာက္ဘူး"
"...."
ျဖစ္သလိုပဲ စည္းထားေသာ ေရွာင္က်န႔္ေခါင္းကိုျဖည္လို႔ သပတ္နဲ႔သုတ္ေပးေတာ့ ေရွာင္က်န႔္ဆံပင္ေတြက ခါးထိရွည္လ်ားတယ္ ၿပီးေတာ့ ႏူးညံ့တယ္ ဒါကသူပထမဆုံးအေနနဲ႔ ေရွာင္က်န႔္ ဆံပင္ေတြကိုထိေတြ႕ဖူးတာပင္။
"ဖယ္ေတာ့...ကိုယ့္ဘာသာကိုယ္ပဲသုတ္ေတာ့မယ္"
"ေနစမ္းပါ...မင္းကသုတ္ရင္ ေျပာင္မွာမဟုတ္ဘူး"
"ဖယ္စမ္းပါ!...က်န႔္က်န႔္ေခါင္းကိုမထိနဲ႔!.."
"...."
စစ္သူႀကီး၀မ္ကေရွာင္က်န႔္စကားဆိုနားမေထာင္ေခ်
ဆံပင္ကိုေျခာက္ေအာက္သုတ္ေပးေနသည္ ။
"ရၿပီ"
"အင့္!.."
ေခါင္းေပၚကသပတ္ကိုဖယ္ခ်လို႔ ေရွာင္က်န႔္က ေရွ႕နည္းနည္းတိုးကာ ေကာက္သည္။
"ေရွာင္က်န႔္...."
"...."
"ေခၚေနတာကို ထူးေလ"
"..."
"ေကာက္စမ္းပါ...ဘယ္အတိုင္းအတာထိေကာက္မလဲဆိုတာ
ၾကည့္ၾကတာေပါ့....က်ဳပ္ကလည္းေခ်ာ့မဲ့သူမဟုတ္ဘူးဆို
တာမင္းၿမဲေအာင္မွတ္ထားလိုက္ "
"...."
သူတို႔ႏွစ္ေယာက္လုံးရဲ႕ၾကားထဲမွာဘာခံစားခ်က္မွမရွိတာကို
ေရွာင္က်န႔္သိသည္ သူကစိန္ေခၚတယ္ဆိုမွေတာ့ ကိုယ္လည္းသူစိန္ေခၚသလိုေကာက္ျပရတာေပါ့ ။
___________________
(19.3.2024)
#Su🐼