Only One Limited Edition (Com...

By wangkyiphyu

15.2K 479 40

ကိုယ့္အပိုင္ေလးျဖစ္ခ်င္ရဲ႕လား baby ကိုယ့်အပိုင်လေးဖြစ်ချင်ရဲ့လား baby (19.3.2024- 6.5.2024 ) More

Note
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6***********
Chapter 7
Chapter 8
Chapter 9
Chapter 10**********
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
The End

Chapter 1

1.9K 39 0
By wangkyiphyu

Unicode

မြူနှင်းများဝေနေ၏ ။ ဖြူလွလွ မြူနှင်းစက်များဟာမြောက်လေ အဝေ့မှာ ဖွင့်ထားသော ကားမှန်မှတစ်ဆင့် လွင့်စင်ကုန်၏ ။ အဖြူရောင် ကားလေးတစ်စီးသည် လတ်ဆတ်သန့်ရှင်းလှသောအရုဏ်ဦးလေပြေကြားမှ တိတ်ဆိတ်ငြိမ်သက်လျက်ပင်ရှိနေသေးသော မြို့တွင်းလမ်းမများ မှ မြို့၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ဖြတ်သန်းမောင်းနှင်လာခဲ့သည် ။
လေဆိပ်ဂိတ်ဝသို့ ရောက်တော့ ဖုန်းကနာရီ ကိုတစ်ချက်ကြည့်လိုက်သည် ။ မနက် 8နာရီ ။ ညက နိုင်ငံတကာ လူငယ်များ E-sports ပြိုင်ပွဲ Final ရှိတာကြောင့် မနက် 3နာရီလောက်မှ အိပ်တာမလို့ ခေါင်းထဲ မူးဝေဝေ နှင့်ပင် ။ သို့ပေမဲ့ တန်ပါတယ် ။ ကိုကို တို့အဖွဲ့ ညက အနိုင်ရရှိခဲ့ သည် ။ ခခတို့ ဒီဖက်နိုင်ငံမှာ အချိန်က ညဖြစ်ပေမဲ့ ကိုကိုတို့ ပြိုင်ပွဲရှိရာနိုင်ငံကတော့မနက်ပင် ။ ပြည်တွင်းများ လည်းအကြိုပြိုင်ပွဲ များလုပ်ခဲ့ရတာမလို့ ကိုကို၏ ကျောင်းပျက်ရက် က 1ပတ်ကျော်နေလေပြီ ။
ပြိုင်ပွဲ video screen တွေမှာ မြင်ရပေမဲ့ ကျောင်းမှာ ခိုးငေးနေကြ ခခ အဖို့တော့အလွမ်းပေါ် အလွမ်းဆင့်နေရလေပြီ ။
ကိုကို.........
ကာယကံရှင် ကိုကိုကိုယ်တိုင်တာင်မှမသိလေဘဲ တိတ်တခိုးသတ်မှတ်ထားသော နာမ်စားလေး ။
ငယ်စဉ်ကတော့ ခင်မင်လေးစားရသော အစ်ကို
ဖြစ်ခဲ့ပေမဲ့ အရောင်ပြောင်းလဲလာသော အချစ်တွေ ဟာ ခခ ရင်ထဲမှာ နေရာ အပြည့်ယူခဲ့ပြီး ကိုကိုဟာခခ အချစ်ဦးဖြစ်လာခဲ့ပေသည် ။ ကိုကို ဟာ ကိန်းကြီးခမ်းနားလှသော အိမ်တော် ရဲ့ နောက်ဆုံးမျိုးဆက် သခင်လေး ပီပီ အရာရာတိုင်းတွင် လွန်စွာထူးချွန်လှပေးသည် ။ Computer Engineeringand Information Technology Private Universityမှာ တက်ရောက်နေသူ ကိုကို နှင့် တက္ကသိုလ်မြေမှာ ခြေချ ချင်သူ ခခအတွက် အထက်တန်းနောက်ဆုံးနှစ်မှာ စာတွေကို နှာခေါင်းသွေး လျှံမတတ် ပင် ကျက်ခဲ့ရသည် ။ အောင်မြင်မှုရလဒ် အဖြစ် ကိုကို ကို ခိုးငေးနိုင်ခွင့်ဆုတံဆိပ်ကိုရရှိခဲ့ပေသည် ။

" သားသား....သားသား "
ဒေါ်နုသစ်ဟာ အတွေးလွန်နေပုံရသော သားငယ်
လေးကို ခေါ်နေခြင်းပင် ။ချမ်း​အေးလှသော ဆောင်းရာသီ နံနက်ခင်း​ကြောင့် အဖြူရောင် သိုးမွှေးအင်္ကျီ၊ အဖြူရောင် မွှေးပွ ဘောင်းဘီ၊ အဖြူရောင် သိုးမွှေးခေါင်းစွပ် ကလေး နှင့်အဖြူရောင် အလုံးထုပ်ကလေးလို ဖြစ်နေ​သော​ တွေ​တွေ​ငေး​ငေး သားပုံစံ​လေးက အသည်းယားစရာလေးပင် ။ သူတို့ရှေ့မှဖြတ်သွားသူတိုင်းငေးရအောင်ကို ချစ်စရာ​ကောင်းနေပေသည် ။ သူတို့သားအမိသည် လေဆိပ်ဂိတ်ဝတွင် ကားပါကင်ထိုးနေသော အမျိုးသားဖြစ်သူကိုစောင့်နေခြင်းပင် ။ ယနေ့တွင် နိုင်ငံရပ်ခြားမှ ပြန်လာမည်ဖြစ်သော သားကြီးနှင့် သားလတ်အားကြိုရန် လေဆိပ်သို့ လာရောက်ခြင်းပင် ။

" သားသား...... သားသား"
" ဗျာ "
ခခအတွေးလွန်နေရာမှ လန့်သွားခြင်းကြောင့် နဂို
ကြည်လင်းဝင်းပသော ဖန်ဂေါ်လီပမာ
မျက်လုံးဝိုင်းလေးများဟာ ပိုမို၍ ဝိုင်းသွားရသည် ။
" သားသား.. ဟိုမှာသားဖေဖေလာနေပြီ... "
" မနက်8နာရီ ကျော်ပြီးဆိုတော့ သားကိုကြီးတို့
လေယာဉ် ဆိုက်ခါနီးနေပြီ .. သားသား လာတဲ့လမ်းမှာ ပဲနို့တွေ သောက်လာတာမလား..ဗိုက်ဆာနေပြီလား... သားသား.."
" ဟုတ်... သားမဆာပါဘူး..မေမေ... "
" နု.. သားသား.. အထဲမှာဝင်စောင့်တာမဟုတ်ဘူး."
" အထဲဝင်မလို့ အကို ကိုစောင့်နေတာ.. "
" မေမေ...ဖေဖေ.. သားသန့်စင်ခန်းသွားမလို့.."
" အင်း..ဖေဖေလိုက်ပို့ရအုန်းမလား.. "
" ရပါတယ်..သား ကိုယ့်ဟာကို သွားပါ့မယ် "
ဖေဖေ အဖြေကိုပင်မစောင့်ဘဲ ခခ သန့်စင်ခန်း
ဘက် ​လျှောက်လာလိုက်သည် ။သန့်စင်ခန်းမှ
ပြန်အထွက် ဖေဖေတို့ ရှိရာ ခုံတန်းတွေဆီ ပြန်
အလာ ရင်းနှီးလှသော ကျောပြင်ကျယ်ကြီး တစ်ခုကြောင့် ခခ ခြေလှမ်းများရပ်တန့်သွားသည် ။
ယနေ့ ညနေမှ ပြန်လာမည်ဖြစ်သော ကိုကို........

...........................................................................

အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်လာသော
လူငယ်တစ်ဦး ။အနက်ရောင် လျှာထုပ်ဦးထုပ် ကို
ခပ်ငိုက်ငိုက်ဆောင်းထားပြီး အနက်ရောင်mask
တပ်ထားသော်လည်း အနက်ရောင် outfit နှင့်
ရှည်လျားမြင့်မားသော အရပ်က လူအများကြား
တွင် ထင်းနေပေသည် ။
လေဆိပ်ပြင်ပသို့ ရောက်သည်နှင့် ထိုလူငယ်ရှေ့
တွင် ထိုးရပ်လာသော အိမ်တော်တံဆိပ်ပါ အနက်
ရောင် ကားရှည် တစ်စီး ။ ဖွင့်ပေးလာသော ကား
​နောက်ခန်းထဲသို့ ဝင်ရောက်ပြီးသည်နှင့် maskကို
ချွတ်ပစ်လိုက်ပြီး ခန္ဓာကိုယ် ကို သက်တောင့်သက်သာ အနေအထားသို့ ပြောင်းလိုက်သည် ။
" မောင်းတော့ "
စကားလုံးနှစ်လုံးပင် ဖြစ်လင့်ကစား သခင်လေး၏ သြရှပြီး အေးစက်ပြတ်သားသော အသံသည် မောင်းနှင်သူနှင့််ဘေးမှတစ်ယောက်အား ကျောအားမတ်သွားစေလေသည် ။ ထို့နောက် ကားသည် မြို့တွင်းလမ်းမများ မှ အာဏာအိမ်တော်ရှိရာသို့ မောင်းနှင်လာပေသည် ။

အာဏာအိမ်တော်
နိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းများ ကိုသာမက
ပြည်ပရှိ စီးပွားရေးလုပ်ငန်းများ တွင် ထိပ်တန်းဝင်သည့်စီးပွားရေး လုပ်ငန်းကြီး တစ်ခု ။
အာဏာအိမ်တော် ဟူ၍ ခြံတံခါးဘေးတွင် ရေးထိုးထားသောရွှေရောင်စာလုံးများ ၊ ဧကပေါင်းများစွာကျယ်ဝန်းသော ခြံကြီး၏ အလယ် အဖြူရောင်ငါးထပ်တိုက်
အဆောက်အဦးကြီး နှင့်အလုပ်သမားပေါင်း30ကျော်နှင့် ကိန်းကြီးခမ်းနားလှပေးသည် ။
အိမ်တော်ရှေ့ထိုးရပ်လာသော ကားနောက်ခန်း
တံခါးကို ဖွင့်ပေးပြီးသည်နှင့် အိမ်တော်ထိန်းကြီး
သည် အလုပ်သမားများ နှင့်အတူ သခင်လေး
အား ဦးညွှတ်လိုက်လေသည် ။
အလုပ်သမား များသည် ကားနောက်ခန်းတွင်းမှ
ထွက်လာသော ဖိနပ်ထိပ်ဦးကိုသာ မရဲတရဲ ခိုး
ကြည့်ကြသည် ။ သူတ်ို့ အလုပ်စဝင်ကတည်းက
သခင်လေး၏ သူတစ်ပါးအပေါ် နိုင်ထက်စီးနှင်း
အမူအရာမျိုး မတွေ့ရသော်လည်း အေးစက်
ပြတ်သားစူးရှသာမျက်ဝန်း ၊ အရှိန်အဝါ ကြီးသောသခင်လေး၏ ပုံစံ ကြောင့် သူတို့ဟာ ယခုလို ဖြစ်နေရခြင်းပင် ။

ဒေါက်...ဒေါက်..
တံခါးခေါက်သံနောက် တံခါးဖွင့်သံနှင့်အတူ အခန်းတွင်းသို့ ဝင်ရောက်လာသူ ။ အခန်းတွင်းရှိသူများအားလုံး လှည့်ကြည့်လာကြသည် ။အာဏာအိမ်တော်၏ နောက်ဆုံးမျိုးဆက် သခင်လေး ၊ အိမ်ကြီးရှင် ၏ အချစ်ဆုံးမြေးလေးပင် ။ အခန်းတွင်းသို့ဝင်ရောက်လာသူကြောင့် အိမ်တော်၏ အရှင်သခင် ဦးဘုန်းအာဏာ တစ်ယောက် ရောဂါတစ်ဝက်သက်သာသွားသကဲ့သို့ အပြုံးပန်းဝေဆာသွားလေသည် ။
" မြေး.. ပြိုင်ပွဲပြီးပြီးချင်းပြန်လာတာလား.."
" ဟုတ်...ဖိုးဖိုး..."
မြေးလေး က ပြိုင်ပွဲပြီးပြီးချင်း ပြန်လာတာမလို့ ပင်ပန်းနေမှာပင် ။ မြေးအားလှမ်းပြောလိုက်
သည့် သားဖြစ်သူဦးမင်းအာဏာအား သတိပေးသလို တစ်ချက်ကြည့်လိုက်မိသည် ။ ဖိုးဖိုး ၏ ထိုအကြည့်ကိုမြင်လိုက်ရသည့် ဘုရင်အာဏာ တစ်ယောက် ဘယ်ဘက်ပါးပြင်ရှိ ပါးချိုင့်ပင် ပေါ်လာအောင်ပြုံးမိလေသည် ။
"ဖိုး က ရာသီဥတု အကူးအပြောင်းမလို့အစားမှားပြီးအားနည်းသွားရုံပါ.."
" မြေး.... ခရီးပန်းလာတာမလား.. သွားနားချေတော့..သွား.. "
" ဟုတ်...ဖိုးဖိုး.. "
ပြန်ဖြေပြီးသည်နှင့် ထွက်ခွာသွား​သော သခင်လေးဘုရင်အာဏာသည် အခန်းတွင်းရှိသူများ ကိုနှုတ်ဆက်ခြင်းမရှိသလို အကြည့်လေး တစ်ချက်တောင်စွန့်ကျဲခြင်းမရှိချေ ။
အပေါ်ယံဂုဏ်ပကာသန အရေခွံခြုံကာရေပေါ်ဆီ
များနှင့် မပတ်သတ်ချင်သူမို့ပင် ။

...........................................................................

Zawgyi

ျမဴႏွင္းမ်ားေဝေန၏ ။ ျဖဴလြလြ ျမဴႏွင္းစက္မ်ားဟာေျမာက္ေလ အေဝ့မွာ ဖြင့္ထားေသာ ကားမွန္မွတစ္ဆင့္ လြင့္စင္ကုန္၏ ။ အျဖဴေရာင္ ကားေလးတစ္စီးသည္ လတ္ဆတ္သန္႔႐ွင္းလွေသာအ႐ုဏ္ဦးေလေျပၾကားမွ တိတ္ဆိတ္ၿငိမ္သက္လ်က္ပင္ရိွေနေသးေသာ ၿမိဳ႕တြင္းလမ္းမမ်ား မွ ၿမိဳ႕၏ အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ျဖတ္သန္းေမာင္းႏွင္လာခဲ့သည္ ။
ေလဆိပ္ဂိတ္ဝသို႔ ေရာက္ေတာ့ ဖုန္းကနာရီ ကိုတစ္ခ်က္ၾကည့္လိုက္သည္ ။ မနက္ 8နာရီ ။ ညက ႏိုင္ငံတကာ လူငယ္မ်ား E-sports ၿပိဳင္ပြဲ Final ရိွတာေၾကာင့္ မနက္ 3နာရီေလာက္မွ အိပ္တာမလို႔ ေခါင္းထဲ မူးေဝေဝ ႏွင့္ပင္ ။ သို႔ေပမဲ့ တန္ပါတယ္ ။ ကိုကို တို႔အဖြဲ႔ ညက အႏိုင္ရရိွခဲ့ သည္ ။ ခခတို႔ ဒီဖက္ႏိုင္ငံမွာ အခ်ိန္က ညျဖစ္ေပမဲ့ ကိုကိုတို႔ ၿပိဳင္ပြဲရိွရာႏိုင္ငံကေတာ့မနက္ပင္ ။ ျပည္တြင္းမ်ား လည္းအႀကိဳၿပိဳင္ပြဲ မ်ားလုပ္ခဲ့ရတာမလို႔ ကိုကို၏ ေက်ာင္းပ်က္ရက္ က 1ပတ္ေက်ာ္ေနေလၿပီ ။ ၿပိဳင္ပြဲ video screen ေတြမွာ ျမင္ရေပမဲ့ ေက်ာင္းွမွာ ခိုးေငးေနၾက ခခ အဖို႔ေတာ့အလြမ္းေပၚ အလြမ္းဆင့္ေနရေလၿပီ ။
ကိုကို.........
ကာယကံ႐ွင္ ကိုကိုကိုယ္တိုင္တာင္မွမသိေလဘဲ တိတ္တခိုးသတ္မွတ္ထားေသာ နာမ္စားေလး ။
ငယ္စဥ္ကေတာ့ ခင္မင္ေလးစားရေသာ အစ္ကို
ျဖစ္ခဲ့ေပမဲ့ အေရာင္ေျပာင္းလဲလာေသာ အခ်စ္ေတြ ဟာ ခခ ရင္ထဲမွာ ေနရာ အျပည့္ယူခဲ့ၿပီး ကိုကိုဟာခခ အခ်စ္ဦးျဖစ္လာခဲ့ေပသည္ ။ ကိုကို ဟာ ကိန္းႀကီးခမ္းနားလွေသာ အိမ္ေတာ္ ရဲ႕ ေနာက္ဆံုးမ်ိဳးဆက္ သခင္ေလး ပီီပီ အရာရာတိုင္းတြင္ လြန္စြာထူးခြၽန္လွေပးသည္ ။ Computer Engineeringand Information Technology Private Universityမွာ တက္ေရာက္ေနသူ ကိုကို ႏွင့္တကၠသိုလ္ေျမမွာ ေျခခ် ခ်င္သူ ခခအတြက္ အထက္တန္းေနာက္ဆံုးႏွစ္မွာ စာေတြကို ႏွာေခါင္းေသြး လ်ွံမတတ္ ပင္ က်က္ခဲ့ရသည္ ။ ေအာင္ျမင္မႈ
ရလဒ္ အျဖစ္ ကိုကို ကို ခိုးေငးႏိုင္ခြင့္ဆုတံဆိပ္ကိုရရိွခဲ့ေပသည္ ။

" သားသား....သားသား "
ေဒၚႏုသစ္ဟာ အေတြးလြန္ေနပံုရေသာ သားငယ္ေလးကို ေခၚေနျခင္းပင္ ။ခ်မ္း​ေအးလွေသာ ေဆာင္းရာသီ နံနက္ခင္း​ေၾကာင့္ အျဖဴေရာင္ သိုးေမႊးအက်ႌ၊ အျဖဴေရာင္ ေမႊးပြ ေဘာင္းဘီ၊ အျဖဴေရာင္ သိုးေမႊး
ေခါင္းစြပ္ ကေလး ႏွင့္အျဖဴေရာင္ အလံုးထုပ္ကေလးလို ျဖစ္ေန​ေသာ​ ေတြ​ေတ​ြ​ေငး​ေငး သားပံုစံ​ေလးက အသည္းယားစရာေလးပင္ ။ သူတို႔ေ႐ွ႕မွျဖတ္သြားသူတိုင္းေငးရေအာင္ကို ခ်စ္စရာ​ေကာင္းေနေပသည္ ။ သူတို႔သားအမိသည္ ေလဆိပ္ဂိတ္ဝ
တြင္ ကားပါကင္ထိုးေနေသာ အမိ်ဳးသားျဖစ္သူကိုေစာင့္ေနျခင္းပင္ ။ ယေန႔တြင္ ႏိုင္ငံရပ္ျခားမွ ျပန္လာမည္ျဖစ္ေသာ သားႀကီးႏွင့္ သားလတ္အားႀကိဳရန္ ေလဆိပ္သို႔ လာေရာက္ျခင္းပင္ ။

" သားသား...... သားသား"
" ဗ်ာ "
ခခအေတြးလြန္ေနရာမွ လန္႔သြားျခင္းေၾကာင့္ နဂိုၾကည္လင္းဝင္းပေသာ ဖန္ေဂၚလီပမာ မ်က္လံုးဝိုင္းေလးမ်ားဟာ ပိုမို၍ ဝိုင္းသြားရသည္ ။
" သားသား.. ဟိုမွာသားေဖေဖလာေနၿပီ... "
" မနက္8နာရီ ေက်ာ္ၿပီးဆိုေတာ့ သားကိုႀကီးတို႔ေလယာဥ္ ဆိုက္ခါနီးေနၿပီ .. သားသား လာတဲ့လမ္းမွာ ပဲႏို႔ေတြ ေသာက္လာတာမလား..ဗိုက္ဆာေနၿပီလား... သားသား.."
" ဟုတ္... သားမဆာပါဘူး..ေမေမ... "
" ႏု.. သားသား.. အထဲမွာဝင္ေစာင့္တာမဟုတ္ဘူး."
" အထဲဝင္မလို႔ အကို ကိုေစာင့္ေနတာ.. "
" ေမေမ...ေဖေဖ.. သားသန္႔စင္ခန္းသြားမလို႔.."
" အင္း..ေဖေဖလိုက္ပို႔ရအုန္းမလား.. "
" ရပါတယ္..သား ကိုယ္ဟာကို သြားပါမယ္ "
ေဖေဖ အေျဖကိုပင္မေစာင့္ဘဲ ခခ သန္႔စင္ခန္းဘက္ ​ေလ်ွာက္လာလိုက္သည္ ။သန္႔စင္ခန္းမွ
ျပန္အထြက္ ေဖေဖတို႔ ရိွရာ ခံုတန္းေတြဆီ ျပန္အလာ ရင္းႏွီးလွေသာ ေက်ာျပင္က်ယ္ႀကီး တစ္ခုေၾကာင့္ ခခ ေျခလွမ္းမ်ားရပ္တန္႔သြားသည္ ။
ယေန႔ ညေနမွ ျပန္လာမည္ျဖစ္ေသာ ကိုကို........

...........................................................................

အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွ ထြက္လာေသာ
လူငယ္တစ္ဦး ။အနက္ေရာင္ လ်ွာထုပ္ဦးထုပ္ ကို
ခပ္ငိုက္ငိုက္ေဆာင္းထားၿပီး အနက္ေရာင္maskတပ္ထားေသာ္လည္း အနက္ေရာင္ outfit ႏွင့္႐ွည္လ်ားျမင့္မားေသာ အရပ္က လူအမ်ားၾကားတြင္ ထင္းေနေပသည္ ။
ေလဆိပ္ျပင္ပသို႔ ေရာက္သည္ႏွွင့္ ထိုလူငယ္ေ႐ွ႕တြင္ ထိုးရပ္လာေသာ အိမ္ေတာ္တံဆိပ္ပါ အနက္ေရာင္ ကား႐ွည္ တစ္စီး ။ ဖြင့္ေပးလာေသာ ကား​ေနာက္ခန္းထဲသို႔ ဝင္ေရာက္ၿပီးသည္ႏွင့္ maskကိုခြၽတ္ပစ္လိုက္ၿပီး ခနၶာကိုယ္ ကို သက္ေတာင့္သက္သာ အေနအထားသို႔ ေျပာင္းလိုက္သည္ ။
" ေမာင္းေတာ့ "
စကားလံုးႏွစ္လံုးပင္ ျဖစ္လင့္ကစား သခင္ေလး၏ ၾသ႐ွၿပီး ေအးစက္ျပတ္သားေသာ အသံသည္ ေမာင္းႏွင္သူႏွင့့္္ ေဘးမွတစ္ေယာက္အား ေက်ာအားမတ္သြားေစေလသည္ ။ ထို႔ေနာက္ ကားသည္ ၿမိဳ႕တြင္းလမ္းမမ်ား မွ အာဏာအိမ္ေတာ္ရိွရာသို႔ ေမာင္းႏွင္လာေပသည္ ။

အာဏာအိမ္ေတာ္
ႏိုင္ငံတြင္းရိွ စီးပြားေရးလုပ္ငန္းမ်ား ကိုသာမကျပည္ပရိွ စီးပြားေရးလုပ္ငန္းမ်ား တြင္ ထိပ္တန္းဝင္သည့္စီးပြားေရး လုပ္ငန္းၾကီး တစ္ခု ။
အာဏာအိမ္ေတာ္ ဟူ၍ ျခံတံခါးေဘးတြင္ ေရးထိုးထားေသာေရႊေရာင္စာလံုးမ်ား ၊ ဧကေပါင္းမ်ားစြာက်ယ္ဝန္းေသာ ျခံႀကီး၏ အလယ္ အျဖဴေရာင္ငါးထပ္တိုက္ အေဆာက္အဦးႀကီး ႏွင့္အလုပ္သမားေပါင္း30ေက်ာ္ႏွင့္ ကိန္းႀကီးခမ္းနားလွေပးသည္ ။
အိမ္ေတာ္ေ႐ွ႕ထိုးရပ္လာေသာ ကားေနာက္ခန္းတံခါးကို ဖြင့္ေပးၿပီးသည္ႏွင့္ အိမ္ေတာ္ထိန္းႀကီးသည္ အလုပ္သမားမ်ား ႏွင့္အတူ သခင္ေလးအား ဦးၫႊတ္လိုက္ေလသည္ ။
အလုပ္သမား မ်ားသည္ ကားေနာက္ခန္းတြင္းမွ
ထြက္လာေသာ ဖိနပ္ထိပ္ဦးကိုသာ မရဲတရဲ ခိုး
ၾကည့္ၾကသည္ ။ သူတ္ို႔ အလုပ္စဝင္ကတည္းကသခင္ေလး၏ သူတစ္ပါးအေပၚ ႏိုင္ထက္စီးႏွင္းအမူအရာမ်ိဳး မေတြ႔ရေသာ္လည္း ေအးစက္ ျပတ္သားစူးရွသာမ်က္ဝန္း ၊ အ႐ွိန္အဝါ ႀကီးေသာသခင္ေလး၏ ပံုစံ ေၾကာင့္ သူတို႔ဟာ ယခုလို ျဖစ္ေနရျခင္းပင္ ။

ေဒါက္...ေဒါက္..
တံခါးေခါက္သံေနာက္ တံခါးဖြင့္သံႏွင့္အတူ အခန္းတြင္းသို႔ ဝင္ေရာက္လာသူ ။ အခန္းတြင္းရိွသူမ်ားအားလံုး လွည့္ၾကည့္လာၾကသည္ ။အာဏာအိမ္ေတာ္၏ ေနာက္ဆံုးမ်ိဳးဆက္ သခင္ေလး ၊ အိမ္ႀကီး႐ွင္ ၏ အခ်စ္ဆံုးေျမးေလးပင္ ။ အခန္းတြင္းသို႔
ဝင္ေရာက္လာသူေၾကာင့္ အိမ္ေတာ္၏ အ႐ွင္သခင္ ဦးဘုန္းအာဏာ တစ္ေယာက္ ေရာဂါတစ္ဝက္သက္သာသြားသကဲ႔သို႔ အျပံဳးပန္းေဝဆာသြားေလသည္ ။
" ေျမး.. ၿပိဳင္ပြဲၿပီးၿပီးခ်င္းျပန္လာတာလား.."
" ဟုတ္...ဖိုးဖိုး..."
ေျမးေလး က ၿပိဳင္ပြဲၿပီးၿပီးခ်င္း ျပန္လာတာမလို႔ ပင္ပန္းေနမွာပင္ ။ ေျမးအားလွမ္းေျပာလိုက္သည္ သားျဖစ္သူဦးမင္းအာဏာအား သတိေပးသလို တစ္ခ်က္ၾကည့္လိုက္မိသည္ ။ ဖိုးဖိုး ၏ ထိုအၾကည့္ကိုျမင္လိုက္ရသည့္ ဘုရင္အာဏာ တစ္ေယာက္ ဘယ္ဘက္ပါးျပင္ရိွ ပါးခ်ိဳင့္ပင္ ေပၚလာေအာင္ျပံဳးမိေလသည္ ။
"ဖိုး က ရာသီဥတု အကူးအေျပာင္းမလို႔အစားမွားၿပီးအားနည္းသြား႐ုံပါ.."
" ေျမး.... ခရီးပန္းလာတာမလား.. သြားနားေခ်ေတာ့..သြား.. "
" ဟုတ္...ဖိုးဖိုး.. "
ျပန္ေျဖၿပီးသည္ႏွင့္ ထြက္ခြာသြား​ေသာ သခင္ေလးဘုရင္အာဏာသည္ အခန္းတြင္းရိွသူမ်ား ကိုႏႈတ္ဆက္ျခင္းမရိွသလို အၾကည့္ေလး တစ္ခ်က္ေတာင္စြန႔္က်ဲျခင္းမရိွေခ် ။
အေပၚယံဂုဏ္ပကာသန အေရခြံျခံဳကာ ေရေပၚဆီမ်ားႏွင့္ မပတ္သတ္ခ်င္သူမို႔ပင္ ။

..........................................................................












Continue Reading

You'll Also Like

23.5K 226 46
Yuga Mikado has figured out how to travel through time, resulting in him meeting his father, Gao from 23 years ago. But he doesn't seem to be the onl...
479 81 8
ကိုယ်က ချစ်မိသွားတယ်ဆိုတာ ရှားပါတယ် တော်ရုံဘယ်အရာကိုမှ မစွဲလန်းတတ် အလေးအနက်မထားတတ်တဲ့ လူတစ်ယောက်ပေါ့ကွယ် အင်း...ကြောင်လေးနဲ့တူတဲ့ မင်းကိုတော့ မင်းကို...
52.6K 2.8K 26
အချစ်သည် ရွက်ကြွေနှောင်းဟုအမည်ရသည့်ရွာငယ်လေးမှအစတည်၍...
2.9M 66.8K 21
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...