*EPISODE-3*
**************************
''ကဲကဲတိတ်ကြတော့စမ်း...ဆရာမပြောပြ
မယ်...ဒီလအဆင့်(၁)ရသွားတဲ့သူကတော့....''
ဆရာမကပြောနေတာကိုရပ်လိုက်ပြီး....
ကျောင်းသားတွေကိုဝေ့၀ဲကြည့်လိုက်သည်။ဆရာ
မရဲ့အကြည့်တွေက Suho ရှေ့ရောက်တော့ ရပ်
သွားသည်။ Suho ကမျက်လုံးမှိတ်ထားတော့ မ
မြင်ဘူးပေါ့။ဒါပေမဲ့ ဆရာမရဲ့အသံတိတ်သွားတော့
Suhoရင်ထဲမှာ ပိုပြီး ပလောင်ဆူသွားလေသည်။
တဖြည်းဖြည်းနဲ့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာ
ပဲ....
''Kim Suho''
ဟုဆရာမက Suho ကိုလက်ညှိုးထိုး
ရင်းပြောလိုက်သည်။Suho တစ်ယောက်အခုမှပဲ
ရင်ထဲအေးသွားသည်။ချမ်းသာတဲ့ဂုဏ်နဲ့မောက်မာ
နေသော Xiu Min ဆိုတဲ့ကောင်ကို ရှုံးသွားလို့
မဖြစ်။ဒီတစ်ခါလည်းသူလုပ်နိုင်ခဲ့ပြန်ပြီဟု Suho
စိတ်ထဲမှာပြောနေမိသည်။
''ဖြောင်း.....ဖြောင်း.....ဖြောင်း.....''
''Kim Suho .....Suho...''
ဟုကျောင်းသားတွေ လက်ခုပ်တီးသူက
တီး Suho နာမည်ကိုအော်သူကအော်ပြီးချီးမွမ်း
ကြသည်။ လက်ခုပ်မတီးနိုင်တဲ့သူတစ်ယောက်က
တော့ အံတစ်ကျိတ်ကျိတ်နဲ့ Xiu Min။ အိမ်မှာ
လိုချင်တာကို အမြဲရခဲ့သော Xiu Min။ အခု
Suho နဲ့တွေ့တဲ့အခါကျမှ သူအရှုံးပေးရပြီ။
Suho ကနိုင်သူ အပြုံးနဲ့ လှည့်ကြည့်
လိုက်တော့ Xiu Min ကကောက်ကျစ်တဲ့အပြုံး
နဲ့ပြန်ပြုံးပြလေသည်။အတွေးထဲမှာလည်း Suho
ဒီတစ်ခါတော့ မင်းပြုံးထားအုံးပေါ့ကွာ..ဟုမကျေမ
နပ်ရေရွတ်လိုက်သည်။
****** ****** ******
နေ့လည် ကျောင်းဆင်းချိန်ရောက်သော်
Suho ထမင်းစားဖို့လုပ်တော့...
အတန်းထဲက မိန်းကလေး သူငယ်ချင်း
တွေက Suho နားကို ၀ိုင်းလာကြသည်။ ထိုအ
ထဲမှ အင်မတန်မှ သွက်လက်တဲ့ Sumi ဆိုတဲ့
ကောင်းမလေးက
''Suho oppa အတွက်''
ဆိုပြီးသူ့ လက်ထဲက ထမင်းဘူးကို
Suho အားကမ်းပေးလိုက်သည်။
Suho အတွေးမှာတော့.....
''Arigoo ..ငါ့ကို oppa တဲ့။ အရွယ်
တူတွေပဲဟာကို ။ဘယ်လိုဟာတွေလဲမသိ...?နား
ထောင်ရတာတစ်မျိုးပဲ ...ခိခိ...''
Suho အတွေးကောင်းနေစဉ်........
''Oppa ...မကြားဘူးလား..?''
ဟု Sumi ကအတွေးလွန်နေသော
Suho ကို မေးလိုက်၏။
''အော်...အင်း..ကြား...ကြား.....ပါ
တယ်...''
ဟုပြောပြီးSuho ရှက်ရှက်နဲ့ Sumi
လက်ထဲက ထမင်းဘူးကို လှမ်းယူလိုက်သည်။
Sumi က Suho ယူလိုက်တဲ့အတွက်ကြောင့်
မျောက်အုန်းသီး ရသလိုမျိုး ပျော်ရွှင်သွားသည်။
နောက်မှ Suho သတိဝင်ကာ
''ဟေ့ ..ဟေ့ ..ဒါဘာအတွက်လဲ?''
ဟုSuho ကလှည့်ထွက်သွားဖို့လုပ်နေ
သော Sumi ကိုအလျင်အမြန်မေးလိုက်သည်။
''Arnyi ...ဘာမှမဟုတ်ပါဘူး oppa
ကို ကျွေးချင်လို့ပါ ''
''နင်ငါ့ကိုကျွေးလိုက်ရင် နောက်နင်စားဖို့
ကရော..?''
''အာ.......မဟုတ်တာ oppa ကလည်း
Sumi ကအိမ်ကနေနှစ်ဘူးထည့်ခဲ့တာ Sumi
အတွက် တစ်ဘူးကျန်သေးတယ် ဟီး ...ဟီ...''
ဟုပြောပြီး Sumi က သူ့နေရာကို ပြန်
သွားလေသည်။တစ်ခြားကောင်းမလေးတွေလည်း
လာပေးကြသည်။
''Arigoo ....!ငါ့ကိုအသေသတ်နေကြ
တာလားမသိ...?နောက်နေ့ကျရင် Omma ကို
ထမင်းဘူးမထည့်ခိုင်းတော့ရင်ကောင်းမယ်။ခိခိ ''
ဟု Suho တွေးနေမိသည်။ Suho
လည်း မတတ်သာတော့မည့်အဆုံး ဟိုဘူးကနဲနဲ
ဒီဘူးကနဲနဲ ယူစားလိုက်ရသည်။နောက်မဟုတ်
ရင်သူ့ဘေးနားကနေ ဘယ်လိုမှ ထွက်သွားကြပုံ
မပေါ်။ နောက်တစ်ခုက Xiu Min ကိုလည်းအ
ရွဲ့တိုက်ချင်လို့လေ ။ Xiu Min လည်း အတန်း
ထဲမှာပဲဆိုတော့ မြင်နေမှာသေချာတkယ်လေ။
ခဏကြာတော့ .....
Xiu Min ကသူစားလက်စ ထမင်းဘူး
ကိုကိုင်လာရင်း Suho ဆီကို လျှောက်လာလေ
သည်။ Suho ရှေ့ ရောက်တော့ ...
'' ငါတို့ အတန်းမှာ သူတောင်းစားတစ်
ယောက်ရောက်နေတာကိုး''
ဟု ပြောပြီး သူစားလက်စထမင်းဘူးကို
Suhoရှေ့ ချပေးလိုက်သည်။ Suho ဒေါသ
တွေ အထွတ်အထိပ်ရောက်ရှိသွားသည်။Suho
ချက်ချင်းပဲ မတ်တပ်ထရပ် လိုက်ပြီး
''XiuMin!ဒါမင်းဘာလုပ်တာလဲ?''
''မင်း မြင်တဲ့ အတိုင်းပဲလေ...ဘာလဲငါ
ပြောတာမဟုတ်လို့လား...တံငါးသည်သားရဲ့''
ဟု Xiu Min က Suho ရဲ့ခေါင်း
ကို လက်ညှိုးနဲ့ ထောက်ပြီး ပြောလိုက်သည်။
''မင်း...မင်း....တော်တော် လွန်လာပြီ
နော်''
''ဟုတ်လား...?အေးတော့ မင်းဘာလုပ်
ချင်လဲပြော...ဒါနဲ့ မင်းအကိုရော?ဒီအချိန်ဆိုဘယ်
နားမှာ အလေသွားလိုက်နေလဲမသိ သနားစရာ
လေးပဲ ...ဟ...ဟ....''
ဒီတစ်ခါတော့ Suho's ဒေါသမီးတွေ
180' F အထက်မြင့်တက်သွားပြီ။သူအချစ်ရဆုံး
သော hyung ကိုများ အလေလိုက်တယ်လေး
ဘာလေးနဲ့။
''မင်း...ကွာ..မြို့အုပ်ရဲ့သားဆိုပြီးမင်း
လုပ်ချင်တိုင်းလုပ်လို့ရ မှာလားကွ ''
''ခွပ်....!''
Suho က Xiu Min ကို လက်သီး
တစ်လုံး ကျွေးလိုက်သည်။ ရုတ်တရက်ဆိုတော့
Xiu Min ရှောင်ဖို့ အခွင့်အရေး မရလိုက်ပါ။
Xiu Min နှာခေါင်းမှသွေးများ စီးကျလာသည်။
''Wow..!တံငါးသည်ရဲ့သားကလက်
သီးသိပ်ပြင်းတာပဲကိုး...အား...ကျွတ်...ကျွတ်''
ဟု Xiu Min ကနှာခေါင်းမှ စီးကျလာ
သောသွေးတွေကို လက်ဖမိုးဖြင့် သုတ်ရင်း ပြော
လိုက်သည်။
''ဟော......မင်းပြောလေ....ကဲလေပါ
လား...?''
ဟု Suho ပြောပြီးနောက်ထပ်တစ်
လုံးကျွေးဖို့ လက်သီးပြင်လိုက်တော့ ....
Suho လက်တွေ Xiu Min's
မျက်နှာဆီ မရောက်ခင် လေထဲမှာပဲ ရပ်တန့်သွား
သည်။Xiu Min ကမြို့အုပ်ရဲ့သား.......ဆိုတဲ့
အသိက သူ့ကို တားဆီးနေသလိုပင်။
''အား.......ဒုန်း!''
Suho က စားပွဲကိုထိုးလိုက်ခြင်းဖြစ်
သည်။
''ဘာလဲ...?ထိုးလေကွာ ငါ့ကို........
ဘာလို့ အပြစ်မရှိတဲ့ ခုံကိုသွားထိုးနေတာလဲကွ?''
ဟု Xiu Min က Suho ဒေါသ
ကို ထပ်ဆွ လိုက်သည်။ Xiu Min က သူမထိုး
ဘဲ ဘာကြောင့် ငြိမ်ခံနေတယ် ထင်လဲ? Suho
အပြစ်တွေပိုကြီးသွားအောင်ပေါ့။ သူအထိအခိုက်
များလေSuho အပြစ်ကပိုကြီးလေလေပဲမဟုတ်
လား..?သူ့အဖေ မြို့အုပ်ကရော သူဒီလိုမျိုးသွေး
ထွက်သွားမှန်းသိရင်ဒီအတိုင်းငြိမ်ခံနေမှာတဲ့လား
?
Suho နှင့် Xiu Min ရန်ဖြစ်နေတာ
ကို ကျန်တဲ့ သူများက ဘာလုပ်လို့ လုပ်ရမယ်မှန်း
မသိတော့ဘဲ ကြောင်ကြည့်နေကြသည်။Sumi
ဆိုတဲ့ ကောင်းမလေးကအဆိုးဆုံး။ပါးစပ်ဟောင်း
လောင်းကြီးနဲ့ ယင်ကောင်တောင် ၀င်ဥသွားနိုင်
သည်။သူ့ဘေးနားကသူငယ်ချင်းကိုလည်း...
''Mi Mi ကြည့်စမ်းငါ့ oppa ကမိုက်
လိုက်တာနော်။Arigoo...ရုပ်ရှင်မင်းသားကျနေ
တာပဲ။ ဒေါသထွက်နေတဲ့ပုံကိုက အသည်းယားစ
ရာ...ဟီး ..ဟီး ...''
ဟုSumi က MiMi ကိုပြောလိုက်
ခြင်းဖြစ်သည်။
''Arigoo ....Sumi ဒါရုပ်ရှင်ရိုက်
နေတာမဟုတ်ဘူး။တကယ်ထိုးနေကြတာ။တော်
ကြာနင့် Oppa ထိနေအုံးမယ်နော်။ငါတို့တစ်ခုခု
လုပ်ရအောင်''
ဟု Mi Mi ၀င်သတိပေးမှ Sumi
က
''အဲ...ဟုတ်တယ်ဟုတ်တယ်...နင်ဘာ
ထိုင်လုပ်နေလဲ ...ဆရာမကိုသွားခေါ်လေ''
''နင်သွားပါလား?ဘာလို့ငါ့ကိုလာခိုင်းနေ
လဲ?''
''တော်ပြီး တော်ပြီး နင့်ကိုမပြောတော့ဘူး
ငါ့ဘာသာပဲ သွားခေါ်တော့မယ်''
ဟုပြောပြီး Sumi ဆရာမကိုခေါ်ဖို့ အ
ခန်းထဲကနေ ပြေးထွက်သွားသည်။
ခဏကြာတော့ ...
ဆရာမရောက်လာလေသည်။ ဆရာမက
ကြည့်လိုက်တော့ .....
''Arigoo... Kim Suho, မင်းဘယ်
လိုလုပ်လိုက်တာလဲ....?ကြည့်စမ်း...Xiu Min
လေးကိုလဲ ကြည့်ပါအုံး သွေးတွေတောင်ထွက်နေ
တယ်။မင်းတို့ဘယ်လိုဖြစ်ကြတာလဲ ပြောစမ်း''
ဟု ဆရာမ က Xiu Min နှာခေါင်းမှ
ထွက်ကျနေသောသွေးတွေကိုသုတ်ပေးလိုက်ရင်း
မေးလိုက်သည်။
ထိုအအခါ Suho က
''သူ ကျွန်တော့်ကိုအရင်လာစတာ''
''ဟုတ်လား.?Xiu Min ''
ဟုဆရာမက မေးလိုက်သည်။
Xiu Min ကလည်း
''ကျွန်တော် ကောင်းကောင်းပဲ လာပေး
တာကို သူကအတွန့်တက်ပြီးတော့ပြဿနာရှာချင်
တာလေ ကျွန်တော် သူ့ကိုဘာမှ မလုပ်လိုက်မိပါ
ဘူး...အာ...ကျွတ်..ကျွတ် ...နာလိုက်တာ''
ဟု Xiu Min ကပြောင်ငြင်းလိုက်၏။
Xiu Min ရဲ့စကားကြောင့်Suhoက
''Xiu Min..! မင်းယောကျာ်းမဟုတ်ဘူး
လား..?ဘာလို့လာလိမ် နေတာလဲ?အမှန်အတိုင်း
ပြောလေ...''
''ငါဘာမှလိမ်စရာအကြောင်းမရှိဘူးအမှန်
အတိုင်းပြောတာပဲ...''
''မင်းကွာ......''
''Arigoo .....တော်ကြတော့စမ်း.!ငါ့ရှေ့
မှာတောင် မင်းတို့ ရန်ဖြစ်ရဲကြသေးတယ်ပေါ့.....
Suho မင်းလွန်တယ်ဆိုတာ မင်းသိလား..?အခု
ချက်ချင်း မင်းတို့မိဘတွေကို ရုံးခန်းကို ခေါ်မယ်။
Suho...! မင်း ရုံးခန်းရှေ့မှာ ဒူးသွားထောက်နေ
စမ်း။ Xiu Min ရုံးခန်းထဲမှာ စောင့်နေ''
ဟုဆရာမရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့်
နှစ်ယောက်စလုံး ရုံးခန်းဘက်သို့ ထွက်သွားကြ
သည်။
''မင်းတို့တွေလည်း ကြပ်ကြပ်သတိထား''
ဟု ဆရာမက ၀ိုင်းကြည့်နေကြသော
ကျောင်းသားတွေကို ပြောပြီး အတန်းထဲမှ ထွက်
သွားသည်။
***** ****** *******
ကျောင်းရုံးခန်းရှေ့မှာတော့ ...
Suho ဒူးထောက်နေရသည်။ဒီလိုမှန်းသိ
ရင် Xiu Min ဆိုတဲ့ ကောင်ကို နောက်ထပ်၁၀
ချက်လောက် ထပ်ထိုးလိုက်ဦးမည်။
'' တောက်...!''
ဟု Suho မကျေမနပ်တောက်ခေါက်
လိုက်သည်။
****** ******* *******
ခဏကြာတော့ Xiu Min's Omma
ဟုထင်ရသောArjimaတစ်ယောက် ။မြို့အုပ်က
တော် ဆိုသည့်အတိုင်းဝတ်စားထားတာ ခေတ်မှီ
သေသပ်သည်။ အနီရောင် အပေါ်ကုတ်အင်္ကျီနှင့်
ဒူးဖုံးရုံသာ ရှိသောအနီရောင်စကတ်တို့ကိုတွဲဖက်
်ဝတ်ဆင်ထားသည့်အတွက်တန်ခိုးအရှိန်အ၀ါတွေ
ထွက်နေသည့်အလား ထင်မှား ရလောက်သည်။
ရုံးခန်းရှေ့ရောက်တော့ ဒူးထောက် နေရသော
Suho ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ရုံး
ခန်းထဲဝင်သွားလေသည်။
''အော် ...မြို့အုပ်ကတော် ရောက်လာပြီး
လား?''
ဟု ဆရာမ က ရုံးခန်းထဲကိုဝင်လာသော
Xiu Min's Omma ကို ပြာသလဲလဲ နှုတ်
ဆက်လိုက်ရသည်။
Xiu Min's Omma က ဆရာမရဲ့
စကားကို တုန့်ပြန်ခြင်းမရှိဘဲ Xiu Min ဆီကို
သာလျှောက်သွားလေသည်။
''Xiu Min လေး .. ဘာဖြစ်သွားသေး
လဲ....?နှာခေါင်းသွေးတောင်ထွက်သွားတယ်ဆို
ပြစမ်း Omma ကို ''
ဟု Xiu Min's Omma က Xiu
Min မျက်နှာလေးကိုပင့်၍ကြည့်လိုက်တော့....
''Arigoo ....!ဆရာမ ဒါဘယ်လိုဖြစ်ရ
တာလဲ? ကြည့်ပါအုံး ကျွန်မသားမျက်နှာ။ ကျွန်မ
တောင်တစ်ခါမှ မရိုက်ရက်ခဲ့တာအခုတော့ကြည့်
ပါဦး...''
''တောင်း....တောင်းပန်ပါတယ် မြို့အုပ်
ကတော် ရယ်။ကျွန်မတစ်ချက်လေး အပြင်ထွက်
သွားတာ...''
''တော်စမ်း...အခုမှ ဘာမှ လာရှင်းပြမနေ
နဲ့။ဘယ်မှာလဲ သူ့ကိုထိုးတဲ့ကောင် ''
''ကျွန်မ သူ့ကိုအပြစ် ပေးထားပါတယ်''
''မလိုချင်ဘူး ...ကျွန်မရှေ့ခေါ်ခဲ့ပေးစမ်း
ပါ''
''ဟုတ်...ဟုတ်ကဲ့..''
ဟု ပြောပြီး ဆရာမ က ရုံးခန်းရှေ့မှာ ဒူး
ထောက်နေရသော Suho ကို အော်ခေါ်လိုက်
သည်။
''Kim Suho , အခန်းထဲဝင်လာခဲ့
စမ်း..!''
ဆရာမရဲ့ ခေါ်သံကြောင့် Suho အ
ခန်းထဲဝင်ဖို့ မတ်တပ်ထရပ် လိုက်တော့ဒူးအကြာ
ကြီးထောက်ထားရတဲ့ အတွက်ရုတ်တရက်ထလို့
မရဘဲ လဲကျသွားသည်။
''Kim Suho ခေါ်နေတယ်မကြား
ဘူးလား...မြန်မြန်ဝင်လာခဲ့စမ်း''
ဟု ဆရာမ ကနောက်ထပ်တစ်ခေါက်
ခေါ်လိုက်ပြန်သည်။
Suho ထော့နင့်ထော့နင့်နဲ့ အခန်းထဲ
ဝင်လာသည်။ Xiu Min's Omma ရဲ့မျက်
လုံးကိုတော့ ရင်မဆိုင်ရဲဘဲ ခေါင်းငုံ့ထားလျက်နဲ့
ပေါ့။
Xiu Min's Omma က Suho
ကို တွေ့တော့ ၀ါးစားမည့်အလား စိုက်ကြည့်နေ
သည်။ Suho ခေါင်းမော့ကြည့်လိုက်တော့....
''ဖြောင်း...!''
လျင်မြန်စွာပဲ Xiu Min's omma
ရဲ့ လက်တစ်ဖက်က Suho's ပါးပေါ်ကျရောက်
သွားသည်။ လူကြီးတစ်ယောက်ရဲ့ အားနဲ့ရိုက်ချ
လိုက်တဲ့ အရှိန်ကြောင့် Suhoကိုယ်ကိုထိန်းမနိုင်
ဘဲ ပြုတ်ကျသွားသည်။ပါးမှာလဲ လက်ရာထင်းခနဲ
နီရဲစွာ ထင်သွားလေသည်။ဘေးနားကရပ်နေသော
ဆရာမတောင် ဘာမှမပြောနိုင်ဘဲ Xiu Min's
Omma ရဲ့လုပ်ရက်ကြောင့် အံ့သြစွာ ကြောင်
ကြည့်နေ၏ ။ XiuMin's Omma ဒီလောက်
ထိ လုပ်လိမ့်မယ်လို့ ဆရာမက မထင်ခဲ့မိ။
ထိုအချိန်မှာပဲ Suho's Omma အ
ပြေးတစ်ပိုင်းနဲ့ အခန်းထဲ ရောက်ချလာသည်။အ
ခြေအနေတွေ ကြည့်ရတာ ဟိုဘက်သား ရှင်က
Suho ကိုတစ်ခုခု လုပ်လိုက်ပြီ ဆိုတာ သေချာ
သည်။ လဲကျ နေသော Suho ကိုပြေး၍ထူပေး
ရင်း Suho's မျက်နှာပေါ်ကလက်ဝါးရာကိုတွေ့
သွားသည်။
''ကလေးတွေ အချင်းချင်းရန်ဖြစ်ကြတာ
ကို ရှင်ဒီလိုလုပ်စရာလား?''
ဟု Suho's Omma ကပြောပြီး
ခေါင်းထောင်ကြည့်လိုက်တော့ ဟိုဘက်သားရှင်
က မြို့အုပ်ရဲ့ကတော်ဆိုတာသိသွားသည်။ဒါဆို
ရင် Suho နဲ့ ရန်ဖြစ်တဲ့ ကလေးက ....ဘုရား
ဘုရား.......ဟု Suho's Omma ဘုရားတ
သွားရသည်။
''အော်...ကျွန်မသားမျက်နှာကိုလည်း
ကြည့်ကြည့်အုံး အဒေါ်ကြီးရဲ့''
ဟု Xiu Min's omma ရဲ့ပြော
စကားကြောင့် Suho's omma က Xiu
Min ကိုကြည့်လိုက်တော့ ..အင်းသူလည်းထိ
သွားတာပဲကိုး...။
''ကျွန်မ တောင်းပန်ပါတယ်ရှင်။နောက်
တစ်ခါမဖြစ်စေရ ပါဘူး ကျွန်မ ကတိပေးပါတယ်။
အဲဒီအတွက် ကျွန်မသားကို ခွင့်လွှတ်ပေးပါနော်။
ကျွန်မ ရဲ့သားကို ကောင်းကောင်းမဆုံးမနိုင်ခဲ့တဲ့
ကျွန်မအပြစ်တွေပါ ''
ဟု Suho's omma က မျက်ရည်
စက်လက်နဲ့ Xiu Min's ommaကိုအောက်
ကျို့ခံတောင်းပန် ရှာသည်။
ဒါကိုကြည့်ပြီး Suho ရင်ထဲမှာ ဘယ်
လိုမှမခံစားနိုင်ပါ ။အမှန်ဆိုရင် Xiu Min ဘယ်
လောက်မှားမှား သူငြိမ်ခံနေနိုင်ရမည်။ XiuMin
သူ့ကို ထိုးရင်တောင် သူအထိုးခံ နိုင်ရမည်။ အခု
တော့ သူ့ရဲ့ လုပ်ရပ် ကြောင့်သူ့ Omma ကသူ
များကို တောင်းပန်နေရပြီး မဟုတ်လား။ သူလည်း
ကိစ္စတွေ မြန်မြန်ပြတ်အောင်ဆိုပြီးဘာမှ မပြောဘဲ
ငြိမ်နေလိုက်သည်။
''နားညည်းလိုက်တာ. ဘာမှလာပြောမ
နေနဲ့ ။ ဒီတစ်ခါနောက်ဆုံးကြိမ်ဖြစ်ပါစေ ။နောက်
တစ်ခါဆိုရင် ဒီမြို့ကနေ အထုပ်ကောက်ပြီးထွက်
သွားရမယ် နားလည်လား?''
ဟု Xiu Min's Omma ကပြော
ပြီး Xiu Min ကိုခေါ်ကာ ရုံးခန်းထဲကနေထွက်
သွားသည်။Xiu Min က Suhoကိုမိုက်ကြည့်
ကြည့်ပြီးလျှိ့ဝှက်သောအပြုံးတစ်ခုကိုပြုံးပြလိုက်
သွားသေး၏ ။
Xiu Min တို့သားအမိ ထွက်သွား
တော့မှ Suho's omma က ကိုယ့်ရဲ့သားကို
သေချာပြန်ကြည့်လိုက်မိသည်။
''Omma သားတောင်းပန်ပါတယ်
Omma ကိုဒုက္ခတွေပေး မိပြန်ပြီထင်တယ်''
''Arigoo..ငါ့သားရဲ့ ဘာလို့မြို့အုပ်
ရဲ့သားနဲ့မှ ရန်သွားဖြစ်ရတာလဲ?သူက မြို့အုပ်ရဲ့
သားဆိုတာ မသိဘူးလား?''
''သိပါတယ်...သူပြောတာ သားမခံနိုင်
လွန်းလို့ပါOmmaရယ်။နောက်သားမလုပ်တော့
ဘူးလို့ ကတိပေးပါတယ် ''
ဟု Suho ပြောပြီး သားမိနှစ်ယောက်
ဖက်ကာသည်းခံထားသမျှငိုချလိုက်ကြသည်။ဘေး
နားက ရပ်ကြည့်နေသောဆရာမတောင် ငိုချင်လာ
သည်။Suhoကိုလည်းသနားသွားသည်။ Suho
မမှားဘူးဆိုတာ Sumi ဆိုတဲ့ကောင်မလေးတို့ရဲ့
ပြောကြားချက်အရသူမသိပြီးပြီး။ဒါပေမဲ့သူမလည်း
ဘာမှမတတ်နိုင်ပါ ။ တော်ကြာအလုပ်ပြုတ်သွားရ
အုံးမည်မဟုတ်ပါလား..?
''Suho's omma လည်းပြန်လိုက်
တော့လေ။ Suho လည်း ညနေပိုင်း အတန်းမ
တက်နဲ့တော့ ပြန်နားလိုက်ပါဦး ''
''Nae ...ဆရာမ ..ဒါဆိုခွင့်ပြုပါဦး''
'' အင်း...''
****** ****** ******
****** ****** ******
ကမ်းစပ်တစ်ခုမှာတော့....
''♬~~~~♬~~~~~♬
~~~♬~~~♬~~~~♬~~~
♬~~~♬''
သာယာငြိမ့်ညောင်းသော တေးသွား
တစ်ခု ။ လှိုင်းလုံး ပုတ်ခတ်သံ နှင့် သာဘာဝကျ
ကျရောထွေး နေသော တေးသွားတစ်ခု ။စင်ရော်
တွေရဲ့ အော်သံ နှင့် စည်းချက်ကျကျ ထွက်ပေါ်
နေသော တေးသွားတစ်ခု စသည်စသည် တို့နှင့်
ပြည့်စုံနေသော တေးသွားတစ်ခု ကို Kris သ
ဘောကျစွာမျက်စိမှိတ်ပြီးလတ်ဆတ်တဲ့ပင်လယ်
လေပြေကိုရှူရှိုက်ရင်းခံစားနားထောင်နေမိသည်။
သူ ဒီတေးသွားကိုနားထောင်နေရင်အရာအားလုံး
ကို သူမေ့ထားနိုင်သည်။ ပျော်ရွှင်မှုတွေရော ၀မ်း
နည်းမှု တွေကိုရောပေါ့ ။ ကြယ်တွေ ကင်းမဲ့တဲ့
့ကောင်းကင်ပြင်ကြီးထဲကိုသူရောက်သွားသလိုပင်
ခံစားရသည်။
''ကြယ်ကြွေတေးသွား''
လို့သူအမည်ပေးထားသည်။ဒီတေးသွား
ကို တီးခတ်နေသော Luhan ဆိုတဲ့ Arjishi
ကို ကြည့်လိုက်မယ် ဆိုရင်လည်း သူ့ဘဝမှာဘာ
ကို မှတွယ်တာစရာ ဆိုတာ မရှိဘဲ ဆွေးမြေ့သော
မျက်လုံးတွေနဲ့ ပင်လယ်ပြင်ကိုသာ ငေးကြည့်ပြီး
တီးခတ်နေတတ်သည်။အရာအားလုံးကိုသူမေ့ပစ်
ချင်နေပုံရသည်။ ဒီတေးသွားအပေါ်ကိုသာ သူ့ရဲ့
စိတ်တွေ စီးမျောခွင့်ပေးထားသည်။ အေးဒီလိုမျိုး
ခံစားမှုအပြည့်နဲ့ ဖန်တီးထားသော တေးသွားတစ်
ပုဒ်က နောင်တစ်ချိန်မှာ ကမ္ဘာကျော်တဲ့တေးသွား
တစ်ပုဒ်မဖြစ်နိုင်ဘူးလို့ ဘယ်သူ ကြိုသိနိုင်မှာလဲ
နော်....။ ။
''♬~~~~♬~~~~။''
Kris ခံစားလို့ကောင်းနေတုန်းတေး
သွားက ရပ်သွားသည်။ထို့ကြောင့် Kris မျက်
လုံးဖွင့်လိုက်ပြီ ...
''ဖြောင်း....ဖြောင်း......ဖြောင်း ''
လက်ခုပ်တီးပြီး အားပေးလိုက်သည်။
Luhan Arjishi က လက်ခုပ်သံ
ကြားတော့လှည့်ကြည့်လိုက်တာလက်မှာတယော
တစ်လက်ကိုင်ထားသော Kris ကိုတွေ့သွားလေ
သည်။
''အော်...Kris ဒီကိုလာခဲ့လေဘယ်
ချိန်ကတည်းက ခိုးနားထောင်နေတာလဲ?''
''Nae...တေးသွားစကတည်းက နား
ထောင် နေတာ''
ဟုပြောပြီးKrisကLuhan arjishi
ဆီ လျှောက်သွားလိုက်သည်။
''လက်မှာလည်း တယောလေးနဲ့ ဆို
တော့ ဘာလဲ မင်းက ငါ့ကို တယောတီးသင်ခိုင်း
တော့မလို့လား?''
''အင်း....သေချာတာပေါ့ Arjishi
ရယ် ..သင်ပေးမယ် မဟုတ်လား ?''
''မင်း တကယ်သင်ချင်လို့လား..?''
''တကယ်ပေါ့ ..ကျွန်တော် Arjishi
တီးနေတဲ့တေးသွားကို အရမ်းတီးတတ်ချင်တာပဲ''
''ဒါဆို ခဏက Arjishi တီးနေတဲ့
တေးသွားကို ဘယ်လိုခံစားရ လို့ကြိုက်တာလဲ?''
''အင်း........ကျွန်တော် အဲ့ဒီတေးသွား
ကို နားထောင်နေရရင် အရမ်းလွတ်လပ်တယ်လို့
ခံစားရတယ်။ပြီးတော့ အရာအားလုံးကိုလည်းမေ့
ပျောက်ထားနိုင်တယ် လို့လည်းခံစားမိတယ်''
Luhan Arjishi ရဲ့အတွေးမှာ
တော့
*အင်း.ဒီကောင်လေးဒီတေးသွားအပေါ်
ခံစားရတဲ့ ခံစားချက်ကငါ့ခံစားချက်နဲ့တူနေပါလား
ဘာပဲ ဖြစ်ဖြစ် ငါ့ရဲ့ပညာကို အမွေဆက်ခံပေးဖို့
တစ်ယောက်တော့ ရပြီပေါ့ *
''Luhan Arjishi , သင်ပေးမယ်မ
ဟုတ်လား?''
''Ok...ok သင်ပေးမယ် လာ..ဒီမှာ
လာထိုင် ''
Kris က Luhan Arjishi ဘေး
မှာ ၀င်ထိုင်လိုက်သည်။
'' Kris ...ဒီမှာ ကြည့် တယော ကိုဒီ
လို လေး ဘယ်ဘက်ပုခုံးပေါ် တင်လိုက် ပြီးရင်
ဘယ်လက်က ဒီနေရာကို ကိုင်ထား...............
................................................''
Kris က Luhan Arjishi ပြော
သမျှကို လိုက်လုပ်ကြည့်သည်။
အေးဒီလို နဲ့ ကမ်းစပ်မှာ နှစ်ယောက်
သား တယောတီးသင်နေကြတာ ညနေဆည်း
ဆာ ချိန် ရောက်တာတောင် သတိမထားမိလိုက်
ကြပါ။
နေလုံးကြီးက ပင်လယ်ထဲ ကို နစ်မြှပ်
စပြု တော့မည်။ပင်လယ်ပြင်မှာ လည်းလှိုင်းကြက်
ခွပ် ကလေးများပြေးလွှားလှုပ်ရှားနေကြသည်။နေ
ရောင်ကြောင့် နီညိုရောင်သန်းနေသော ပင်လယ်
ရေမျက်နှာပြင်ထက်မှာစင်ရော်ငှက်ကလေးများက
Krisတို့တီးခတ်နေသောတယောသံနဲ့အတူပျော်
မြူးစွာပျံသန်းနေကြ၏။ ။
***To Be Continued***
#########################
90 ° bow to my readers
Waiting your vote and Feedback