♬EPISODE-2♬
************************************
Sulli တို့အိမ်ရှေ့တွင် ..........
''Arjima...Arjima... Sulli ရှိလား..?''
ဟု Kris က အော်မေးလေသည် ။ အိမ်ထဲ
ကနေ ပြန်ထူးသံမကြားရတော့ Kris နောက်ထပ်
တစ်ခေါက်ထပ်ခေါ်ကြည့်ပြန်သည်။
''Arjima..........Arjima ...............
Sulli........!!''
ဒီတစ်ခေါက်လည်း ပြန်ထူးသံ မကြားရတော့
Kris တစ်ယောက် စိုးရိမ်သွားသည် ။ အလျင်အ
မြန်ပဲ အိမ်ထဲ ပြေးဝင်သွားသည် ။ အိမ်ထဲမှာလည်း
ဘယ်သူ့ကိုမှ မတွေ့။
Sulli's omma အခန်းထဲကို ၀င်ကြည့်
လိုက်တဲ့ အချိန်မှာတော့ ........
အိပ်ယာပေါ်တွင်လဲနေသောSulli's omma ကို တွေ့ရလေသည်။
''Arjima...နေမကောင်းဘူးလား ......?
Sulli ..ရော....?''
ဟု Kris ကအခန်းထဲ ပြေးဝင်လာရင်းမေး
လိုက်သည်။
''အော်အင်းခေါင်းနဲနဲမူးနေလို့ပါ။Sulliဆေး
သွားဝယ်နေတယ်လေ...''
ဟုပြောရင်း အိပ်ယာမှ လူးလဲထလာသည်။
Kris ကပြေး၍ထူပေးရင်း .......
''ဆေးခန်း သွားပြလိုက်ပါလား Arjima
ရယ်....အခုတလော ခဏခဏနေမကောင်းဖြစ်နေ
တယ်မဟုတ်လား ....?''
''အင်း.... ဒီလိုပဲ Kris ရယ် ဆေးသောက်
လိုက်ရင်ကောင်းသွားမှာပါ....စိတ်မပူပါနဲ့.အဟွတ်
.....အဟွတ်......အဟွတ်.......''
ဟုပြောနေရင်းချောင်းကထဆိုးလာသည်။
''တကယ်ရောရရဲ့လားဗျာ....ဆေးခန်းသွား
မယ်လေ ...ကျွန်တော်လိုက်ပို့ပေးမယ် ....''
''နေပါစေတော့ Kris ရယ်...Arjima က
ဘယ်ကပိုက်ဆံနဲ့ သွားရမှာလဲ ? Sulli's ရှေ့ရေး
က ရှိသေးတယ်လေ ''
''Sulli's ရှေ့ရေးက Arjima အသက်
ဆက်ရှင်ဖို့လိုအပ်တယ်လေ...''
ဟု Krisဒေါသတကြီး ပြောလိုက်မိသည်။
Sulli's omma လည်း ခဏတာ တိတ်ဆိတ်
သွားသည်။
*အော်...Arjima ရယ်.....ကျွန်တော်တို့
ဘ၀တွေက ဘာလို့ဒီလောက်ထိခက်ခဲနေရတာလဲ
ဗျာ...Wae....? ဘာကြောင့်လဲ?လောကကြီးရယ်
ကျွန်တော်တို့ကို ဘာကြောင့် ဒီလောက်ထိရက်
စက်ရတာလဲဗျာ.....?*
ဟု Kris စိတ်မကောင်းစွာ စိတ်ထဲမှာ
ပြောနေမိသည်။
'' ဂျီး.....''
Kris တံခါးဖွင့်သံကြားတော့ လှည့်ကြည့်
့်လိုက်တာ Sulli ဖြစ်နေသည်။
''အော်Kris oppa ရောက်နေတာကိုး''
''အင်း ..အခုပဲရောက်တာ ...''
''ဒါဆို omma နဲ့စကားပြောနေအုံး ......
Sulli .., omma စားဖို့ ဆန်ပြုတ်သွားထည့်
့်လိုက်အုံးမယ်''
ဟု ပြောပြီး ပြန်ထွက်သွားသည် ။ Sulli
ထွက်သွားတော့ Sulli's omma က......
''Kris ''
''Nae...Arjima ...''
''Arjima ဒီစကားကို မင်းကို ပြောသင့်
လား မပြောသင့်ဘူးလားတော့ မသိဘူး ။ဒါပေမဲ့..
Arjima မှာလည်းတိုင်ပင်စရာ ဆိုလို့ Sulli က လွဲရင် မင်းပဲရှိတယ်လေ ''
''အာ...ရပါတယ် ...ပြောပါ ''
''ဟိုလေ......Arjimaမရှိတော့ရင် Sulli
လေးကို မင်းညီမအရင်းတစ်ယောက် အနေနဲ့ပဲဖြစ်
်ဖြစ်စောင့်ရှောက်ပေးပါလား..?''
''ဟာ!Arjima ကဘာလို့မရှိရမှာလဲ ? အဲ
ဒီလိုတော့ မပြောပါနဲ့ Arjima ရယ်..ကျွန်တော်
်ဝမ်းနည်းလွန်းလို့ပါဗျာ..Arjima ကရော ဘယ်ကို
သွားဖို့လဲ...?''
ဟု ၀မ်းနည်းကြေကွဲစွာမေးမိလေ သည်။
''Arjima's ကျန်းမာရေး အခြေအနေ
Arjima သိတယ် ။ Arjima က ကြာကြာနေရ
တော့မှာ မဟုတ်ဘူး ။ ဒီအကြောင်းလေး ကိုတော့
Sulli လေးကိုပြန်မပြောပြနဲ့နော် ။ သူသိရင် စိတ်မ
ကောင်းဖြစ်နေအုံးမယ်''
''ဖြစ်မှဖြစ်ရလေ Arjima ရယ်...''
ဟု ပြောရင်း Kris မျက်ရည်တွေ တသွင်
သွင် လိမ့်ဆင်းလာသည်။
''ကံတရားအတိုင်းပေါ့ .....Kris ရယ်...''
ဟုပြောပြီး Sulli's ommaလည်း ငိုမိ
ိလေသည်။
ခဏကြာတော့ ..... Sulli က
''ဘာတွေပြောနေကြတာလဲ?Sulli့မကောင်း
ကြောင်း ပြောနေကြတာတော့ မဟုတ်လောက်ပါ
ဘူးနော်...''
ဟုပြောရင်း စားစရာထည့်ထားသော ဗန်းနဲ့
အတူအခန်းထဲဝင်လာလေသည်။
Kris မျက်ရည်တွေကို Sulli မမြင်အောင်
အလျင်အမြန်သုတ်လိုက်ရသည်။
''မဟုတ်ပါဘူး .. Arjima က Sulli လေး ကို ညီမလေးတစ်ယောက်လို စောင့်ရှောက် ပေးဖို့
oppa ကိုပြောနေတာပါ''
''ဟုတ်လား...omma ...?''
''အင်း...ဟုတ်တယ် လေ..''
''Omma က ဘာလို့ သွားပြောရတာလဲ?
Oppa ကလူဆိုးကြီး ဘယ်လိုလုပ် သမီးကိုစောင့်
ရှောက်လို့ရမှာလဲ...?omma မသိဘဲနဲ့...''
ဟု Sulli က၀င်နောက်လိုက်သည်။
''Arigoo.......တကယ်ကြီးလား...? ဒါဆို
Omma က လူဆိုးကို အိမ်ထဲ ၀င်ခွင့်ပြုထားတာ
မှားပြီးပေါ့ ...''
ဟု Sulli's omma ကလည်း အတည်
ပေါက်နှင့် ပြန်နောက်၏ ။ Krisတောင်ဘယ်နားမှာ
မျက်နှာသွားထားရမှန်းမသိဖြစ်သွားသည်။စောစော
က ၀မ်းနည်းမှုတွေတောင် ဘယ်ရောက်သွားမှန်းမ
သိ။ အဲဒီလိုပင် Sulli လေးကပျော်ရွှင်စရာ တွေကို
သယ်ဆောင်လာတတ်တဲ့ နတ်သမီးလေးလေ ။ ။
Sulli က Kris ဘေးမှာ ၀င်ထိုင်လိုက်
်ရင်း.....
''Omma ဆန်ပြုတ်လေး စားလိုက်ပါ
နော်...ပြီးရင်းဆေးသောက်ရအောင်လေ...''
''အင်း...ကောင်းပြီးလေ ...''
''Omma ..,ဟ...သမီးခွံ့ကျွေးမယ်''
ဟု ပြောပြီး သူ့ omma ကိုခွံ့ ကျွေးနေ
တော့သည်။
Kris ကအပြစ်ကင်းစင်သော Sulli ရဲ့
မျက်နှာလေးကိုငေးကြည့်နေမိသည်။
*အော်.. Sulli လေးရယ်မင်းကို Oppa
တစ်သက်လုံး စောင့်ရှောက်ပေးသွားမှာပါ Oppa
သေသွားရင်တောင်Oppaရဲ့ဝိဥာည်ကမင်းရဲ့ဘေး
နားမှာ ဆက်လက်တည်ရှိနေအုံးမှာပါ။ သေချာတာ
ကတော့...Oppa မင်းကိုချစ်မိနေပြီဆိုတာပဲ။ ညီမ
လေးတစ်ယောက်လိုမဟုတ်ဘူး ။ သူငယ်ချင်းတစ်
်ယောက်လိုလဲ မဟုတ်ဘူး။ မိန်းလေးတစ်ယောက်
အနေနဲ့ပေါ့ကွာ*
ဟုKris စိတ်ထဲမှာပြော နေမိသည်။
တကယ်တော့.. Sulli's ဘ၀လေး က
ဂရုဏာသက်စရာပင် ။ သားအမိနှစ်ယောက်ထဲဘဝ
ကို ရုန်းကန်လှုပ်ရှားနေရသည် ။ Sulli's Appa
သည်Sulli ခြောက်နှစ်သမီးအရွယ်ကတည်းကပင်
နောက်အိမ်ထောင် ထူကာSulli တို့ကိုစွန့်ပစ်သွား
ခဲ့သည် ။ ယနေ့ထိ လူရော သတင်းပါ အစအနပင်
ရှာလို့မရအောင် ပျောက်ချက်က ကောင်းလှသည်။
Sulliကသူ့Appa ကိုစိတ်နာသော်လည်းသတိရမိ
တာအမှန် ။တစ်နေ့ကျ Appa ပြန်လာရင် ကောင်း
မှာပဲ ဟု မျှော်နေမိတတ်သည်။ Omma ကိုလည်း
သနားမိသည်။ ယခုတောင် Omma နေမကောင်း
ဖြစ်နေတာ တော်တော်ကြာပြီ ။ Appa ရယ် တစ်
ခေါက်လောက်တော့ပဲဖြစ်ဖြစ် မျက်စိလည် လမ်းမှား
ပြီး ရောက်လာပေးရင် အရမ်းကောင်းမှာပဲဟုလည်း
စိတ်ကူးယဉ်နေတတ်သေးသည်။
အခုတော့.......Appa ရယ်.........။ ။
''Omma...,ဆေးသောက်ပြီးပြီဆိုတော့
တစ်ရေးအိပ်လိုက်အုံးနော် နိုးလာရင် ကောင်းသွား
မယ်သိလား...?''
''အင်း..သိပါပြီ Arigoo ငါ့သမီးအလိမ္မာ
တုံးလေး ...''
ဟုပြောပြီး Sulli ရဲ့ပါးလေးကိုဆွဲညှစ်လိုက်
်သည်။Sulli's omma ကသူ မရဲ့ဝမ်းနည်းမှုတွေ
ကို သမီးဆီမကူးစက်စေချင်မိ တာအမှန် ။ဖတစ်ဆိုး
သမီးလေးအတွက် သူမ အကောင်းဆုံးနေထိုင်ပြ
ရမည်မဟုတ်လား....? သမီး ရှေ့မှာ အတတ်နိုင်ဆုံး
သူမပြုံးပြနေရမည်။ ။
ဘေးနားက ကြည့်နေသော Kris တောင်
ဘာကြောင့်မှန်းမသိပြုံးမိသွားသည်။
''Omma.... ,အိပ်လိုက်တော့လေ သမီး
ဆိုင်ဘက်သွားလိုက်အုံးမယ် ''
''အော်..အင်း....ဆိုင်စောစောသိမ်းအုံးနော်
သိပ်မိုးမချုပ်စေနဲ့သမီးတစ်ယောက်တည်း ဆိုတော့''
''သမီးလည်း Omma ကို မိုးချုပ်တဲ့ထိ
အိမ်မှာ တစ်ယောက်တည်း ပစ်မထားရက်ပါဘူးစော
စော ပြန်လာခဲ့မယ်။ဒါကြောင့်စိတ်ပူမနေနဲ့Omma
သာမြန်မြန်နေကောင်းအောင်ကြိုးစားနော်...''
''အေးပါ ကွယ်....''
''ဒါဆိုသမီးသွားပြီးနော်..''
''အင်း...''
''ကျွန်တော်လည်းSulliကိုလိုက်ပို့ပေးလိုက်
အုံးမယ် ..နောက်မှတွေ့မယ်နော် ... Arjima ...''
''အေး..အေး..ကောင်းကောင်းသွားကြ ''
''Nae...''
Sulli's ommaကိုနှုတ်ဆက်ပြီးKris နဲ့
Sulliတို့နှစ်ယောက်ဆိုင်ဘက်ထွက်လာခဲ့ကြသည်။
Sulli တို့သားအမိကပင်လယ်ကမ်းစပ်က
ရလာသော ခရုခွံများ ၊ ဆန်းပြားသော ကျောက်တုံး
ကျောက်စရစ်များ ၊ ပုလဲလုံးများ ၊ အပင်များ ဖြင့်
Fancyပစ္စည်းများ ဖန်တီး ပြုလုပ်ကာ ရောင်းချကြ
သည်။ဘယ်လိုပြောရမှာလဲ.....? သူတို့တွေ လည်း
ပညာရှင်တွေပဲပေါ့ ။ ဒါပေမဲ့ တိမ်မြှပ်နေတဲ့ ပညာရှင်
တွေလေ။ Sulli လေးလည်းသူ့မ Omma ရဲ့သင်
်ကြားပေးမှုကြောင့် တော်တော်များများ ဖန်တီးတတ်
်နေပြီ ။ ဒါပေမဲ့ ထိုခေတ် ထိုအခါက Fancy ပစ္စည်း
များကို စိတ်ဝင်စားသူ နည်းပါးလွန်းသည့် အတွက်
်ကြောင့် အရောင်းအ၀ယ် သိပ်မကောင်းလှပါ။ယနေ့
ခေတ်မှသည်ထိုပစ္စည်းများကတစ်ဖန်ပြန်လည်ဆန်း
သစ်ကာလူကြိုက်များလာသည်။Sulliလည်း Kris လိုပင် ကျောင်းထွက်ထားသည် ။ သူ့မOmma က
ကျောင်းဆက်တက်ဖို့ ပြောသော်လည်း သူမကိုယ်
တိုင်က ကျောင်းတက်ချင်စိတ် မရှိတဲ့အတွက်ဘယ်
လိုမှ ပြောလို့မရပါ ။ သူမအဖို့ ကျောင်းစာထက် ပင်
လယ်ကမ်းစပ်က ခရုခွံတွေကို ပိုပြီး စိတ်ဝင်စားမိ
သည်။
{စာဖတ်သူလည်း...ပျင်းနေလောက်ပြီး
ထင်တယ် ။ Sulliအကြောင်းပဲပြောနေလို့။သည်းခံ
ပေးပါခင်ဗျာ...}
****** ****** ****** ******
ကမ်းနားလမ်းတစ်နေရာရောက်တော့...
Sulli က ပင်လယ်ပြင်ကို ငေးကြည့်ရင်း
...Kris ကို
''Oppa ...,ပင်လယ်ပြင်ကြီးက အရမ်းလှ
တာပဲနော်....Sulli လေ.. ပင်လယ်ပြင်ကြီးဖြစ်ချင်
်လိုက်တာ...''
Kris က လတ်ဆတ်တဲ့ လေကို ရှူသွင်း
လိုက်ရင်း ....
''အင်း.....သိပ်လှတာပေါ့ ... ဒါပေမဲ့ သူ့မှာ
လည်းအခက်အခဲတွေကအများကြီးပဲလေ...''
'' သူ့မှာ ဘယ်လို အခက်အခဲမျိုး တွေရှိတာ လဲ...?''
''ရှိတာပေါ့..ပြင်းထန်တဲ့လေတွေတိုက်ခတ်
ခြင်းခံရတယ် ။ ကြမ်းတမ်းတဲ့ လှိုင်းလုံးကြီးတွေပုတ်
ခတ်ခြင်း ခံရတယ်။တစ်ခါတစ်ရံ သူ့ဘ၀မှာ ခက်ထန်
်ကြမ်းတမ်းတဲ့ မုန်းတိုင်တွေတောင် ရှိခဲ့တာ။အဲဒါတွေ
ကို သူ ကျော်ဖြတ်ခဲ့ပြီးမှ အလှဆိုတာ သူ ရရှိခဲ့တယ်
လေ။ ဒါပေမဲ့ အဲဒီအလှတွေက တည်မြဲမှာ မဟုတ်ပါ
ဘူး။ဘာလို့လဲဆိုတော့ နောက်ထပ် အခက်အခဲတွေ
က အချိန်မရွေး ရောက်လာတတ် လို့ပဲလေ...။ ဘဝ
ဆိုတာလည်း ပင်လယ်ပြင်ကြီးပဲ....ဘယ်တော့မှငြိမ်
သက်ပြီး လှပမနေနိုင်ဘူး ။ တစ်ချိန်လုံးရုန်းကန်လှုပ်
ရှားနေရတာပဲမဟုတ်လား.. .?အဲဒါတွေပြီးရင်တော့ ဘ၀က လှပချင် လှပလာလိမ့်မယ် ။ ဒါပေမဲ့ ဘ၀က
ပင်လယ်ပြင်ကြီးနဲ့တူတဲ့အတွက်ကြောင့် အခက်အခဲ
ဲတွေကဆက်လက်တည်ရှိနေအုံးမှာပါ။ အဲဒီအတွက်
်ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားရလိမ့်မယ်။ အဲဒီလိုမှ
မ ပြင်ဆင်ထားဘူးဆိုရင် ဘ၀က ဘယ်တော့မှ လှပ
လာမှာ မဟုတ်တော့ဘူး။ဘယ်လိုလဲ....? ပင်လယ်
ပြင်ကြီးဖြစ်ချင်သေးလား..?''
ဟုKris ကရှည်လျားစွာရှင်းပြလေသည်။
''Wow......Oppa ပြောတာ ဟုတ်သားပဲ
Sulliတစ်ခါမှမတွေးမိဘူး။ တစ်သက်လုံး မှတ်ထား
ပါ့မယ်။ ဘ၀ဆိုတာပင်လယ်ပြင်ကြီးတဲ့။ ဟုတ်တယ်
....ဟုတ်တယ်...''
ဟု Sulli က သဘောကျစွာ ရေရွတ်နေမိ
သည်။ Kris က Sulliရဲ့ခေါင်းကို တစ်ချက်ခေါက်
လိုက်ကာ...
''အရူးမလေး ...''
ဟု တိုးတိုးလေဆိုလိုက်သည်။ Sulliလေး
ကြားမိပုံမပေါ်။
''အား...!! ကျွတ်....ကျွတ်.....Oppa .,
ဘာလို့ ခေါင်းကို ခေါက်တာလဲ.?နာသွားပြီး ''
''အပြစ်ပေးတာ မနက်က Oppa's မွေး
နေ့ကို မလာတဲ့အတွက်ကြောင့်...''
ဟုပြောပြီး Kris တစ်ခြားဘက် ကိုလှည့်
့်ကာ စိတ်ဆိုးချင် ဟန်ဆောင်လိုက်သည်။
''ကောင်းပြီးလေOppaကSulliကိုအပြစ်
ပေးပြီးပြီးဆိုတော့ Sulli လည်းOppa ကို မွေးနေ့
လက်ဆောင် ပြန်ပေးနေစရာ မလိုတော့ဘူးပေါ့....
...သွားပြီး...Bye..Bye...''
ဟု ပြောပြီး Sulli က ပြေးထွက်သွားသည်။
လက်ထဲမှာတော့ပါဆယ်ဘူးလေးဟုထင်ရသောဘူး
သေးသေးလေးတစ်လုံးကိုကိုင်မြောက်ထားလျက်နဲ့ပေါ့။
Kris လှည့်ကြည့်လိုက်တော့ တော်တော်
ဝေးဝေးကိုရောက်နေလေပြီး။
''ဟေ့..!! Sulli ...ခဏနေဦးလေ..ဟေ့...
ဟေ့....ya...! ...ဒီကောင်မလေးတော့..''
ဟုKris အော်ပြောလိုက်သည်။ Krisအော်
သံကြောင့် Sulli ပြေးနေတာကိုရပ်လိုက်ပြီး...
''Wae...? လိုချင်ရင်လာယူလေ..ဒီမှာ''
ဟုပြောပြီး ပါဆယ်ဘူးလေးကိုမြောက်ပြကာ
လျှာထုတ်ပြပြီး ဆက်ပြေးသွားသည်။
''ကောင်းပြီးလေ လွတ်အောင်သာ ပြေးပေ
တော့ ...''
ဟု Kris အော်ပြောလိုက်ပြီးလိုက်ပြေးသွား
သည်။
Sulli က ရှေ့ကနေ ပြေးပြီး Kris နောက်
နေပြေးလိုက်သွားတာ ကမ်းနားလမ်း တစ်လျှောက်
လုံးသူတို့နှစ်ယောက်ရဲ့အော်သံတွေရောရယ်သံတွေ
ပါဆူညံသွားသည်။ကမ်းစပ်မှာကျက်စားနေကြသော
စင်ယော်ငှက်တွေတောင်လန့်ဖျန့်ကာ ပျံပြေးကြကုန်
၏ ။ တော်တော်ကြည်နူးဖို့ ကောင်းတဲ့မြင်ကွင်းလေး
ပေါ့ဗျာ.....။ ။
****** ****** ******** ********
''မိပြီး...''
Kris က Sulli ရဲ့အင်္ကျီစကို ဆွဲမိသွား
ရင်းပြောလိုက်သည်။
''ဟူး.မောလိုက်တာ Sulliမင်းခြေထောက်
်မှာ ဒုံးကျည်တပ်ထား သလား.. အောက်မေ့တယ်
ပြေးတာမြန်လိုက်တာ..မနည်းလိုက်ရတယ် .....ဟူး
..ဟူး....''
ဟု Kris ကလက်နှစ်ဖက်ကို ဒူးမှာထောက်
ရင်း မောဟိုက်စွာ ပြောလိုက်သည်။
''Oppaအခုမှသိတာလား?Sulliအပြေးမြန်
တယ်ဆိုတာ..Arigoo မောလိုက်တာ......ရော့... ဒီမှာ...''
ဟု Sulli က ပါဆယ်ဘူးလေးကိုကမ်းပေး
လိုက်သည်။ မနက်ကရတဲ့လက်ဆောင်ထက် အခုရ
တဲ့လက်ဆောင်ကပိုပြီးစိတ်လှုပ်ရှားမိသည်ဟု Kris
ခံစားမိသည်။
Kris ကလှမ်းယူလိုက်ပြီး....
''ဘာထည့်ထားတာလဲ ...?''
''ဖွင့်ကြည့်လေ...''
Kris ဖွင့်ကြည့်လိုက်တော့....ဆွဲကြိုးတစ်
ကုံး......ခရုခွံနဲ့ပြုလုပ်ထားတဲ့ လော့ကတ်တစ်ခုရော
ပေါ့.....။
''Sulli , မင်းလုပ်ထားတာလား?''
''Wae...?မလှလို့လား ...?''
''Arnyi.....လှပါတယ် ။ Oppa ကြိုက်
တယ်...''
''Oppa ...ဒီမှာကြည့်ပြမယ် ...''
ဟုပြောပြီး Sulli က Kris လက်ထဲကဆွဲ
ကြိုး နှင့် ခရုခွံလော့ကတ်ကိုယူကာ...
''တွေ့လား Oppa ဒီမှာ...? Oppa ရဲ့
နာမည်ရေးထားပေးတယ်''
Krisကြည့်ကြည့်လိုက်တော့ဟုတ်သားပဲ
အတွင်းဘက်မှာသူ့နာမည်ကို ရေးထားပေးသည်။
''အင်း ...''
''ဒါဆိုလာခဲ့ Oppa ကို Sulli ဆွဲကြိုး ဆွဲပေးမယ်''
''Gomawow ...''
ဟုKris ပြောပြီးခေါင်းငုံ့ပေးလိုက်တော့
Sulli က ဆွဲကြိုးဆွဲပေးလိုက်သည် ။ ထိုအချိန်မှာပဲ
Sulli က Kris ရဲ့ လည်ဂုတ်က အမှတ်တစ်ခုကို
တွေ့သွား၏။
''Oppa...!လည်ဂုတ်မှာ အမှတ်ရှိနေ
တယ်နော်....''
''အင်း...ဟုတ်တယ်လေ....ဘာဖြစ်လို့
လဲ...?''
''ဘာမှမဖြစ်ပါဘူး ....Sulli အခုမှတွေ့
ဖူးလို့ မေးကြည့်တာပါ...''
''အော်...အင်း..''
''ဒါနဲ့...Suho လေးရောနေကောင်းရဲ့
လား...Oppa ...?''
''မနက်ကတောင် သူ Oppa ကိုမေးနေ
သေးတယ်...မင်းကို မတွေ့လို့လေ...''
''Arigoo.....!Suho လေးက Sulli ကို သတိရသားပဲ...ရော့....! သူ့အတွက် ပေးလိုက်
်တော်ကြာ Oppa ကရပြီးသူမရရင်စိတ်ကောက်နေ
်ဦးမယ်...''
ဟုပြောပြီး Sulli က Kris ကို ဘူးလေး
တစ်ခု ကမ်းပေးလိုက်သည် ။ Sulli လည်း Suho
လေးကို မောင်လေးအရင်း တစ်ယောက်လို ချစ်ရှာ
်သည်။
{ Suho လေးက ချစ်ဖို့ကောင်းတယ်
ကိုးနော်..... }
''အင်း...ပေးလိုက်မယ်''
''ဒါဆို Sulli သွားတော့မယ်..။ Oppa
လည်းပြန်တော့လေ တော်ကြာအိမ်က စိတ်ပူနေအုံး
မယ်......Oppa's Omma ကိုလည်းပြောလိုက်
အုံးနောက်မှ Sulli လာလည်မယ်လို့...''
''Inn.....ကောင်းပြီးလေ နောက်မှ ထပ်
တွေ့ကြတာပေါ့....''
''Nae...Jal-ga-yo''
ဟု Sulliက Kris ကိုနှုတ်ဆက်ပြီး ပြေး
ထွက်သွားသည်။Kris က Sulliရဲ့သွက်လက်ပေါ့
ပါးသော ပုံရိပ်လေးကိုငေးကြည့်ရင်း.....
''ဘာမှမသိတဲ့အရူးမလေး...''
ဟု တိုးတိတ်စွာ ရေရွတ်လိုက်ရင်း မျက်
ဝန်းအိမ်အတွင်းမှ မျက်ရည်တစ်စက် ကြွေကျသွား
လေ၏။
************************************
************************************
ဘူဆန်မြို့၏ အလယ်တန်းကျောင်းတစ်ခု
မှာတော့........။
''ကဲသားတို့ သမီးတို့ရေ.... ဒီနေ့Report
Card ရပြီး။ဘယ်သူအဆင့် ၁ ရမယ်ထင်လဲ?''
ဟုဆရာမ ဖြစ်သူက ကျောင်းသားတွေကို
မေးလိုက်၏။
ထိုအခါကျောင်းသားတွေက...
'' Suho ''
'' Xiu Min ''
'' Suho ''
'' Xiu Min ''
'' Xiu Min ''
'' Suho ''
'' Suho ''
ဟု ကျောင်းသားတွေ တစ်ယောက် တစ်
ပေါက်စီ ကိုယ်ထင်ရာကို အပြိုင်အဆိုင်ပြောကြ၏။
လစဉ်တိုင်းလည်းSuho မဟုတ်ရင် Xiu
Min ကသာ အဆင့်(၁) ရတတ်စမြဲပင်။ယခင်လက
တော့Suho ဗိုလ်ဆွဲထားသည်။ဒါကိုXiu Minက
သိပ်ပြီး မကျေနပ်ချင်။ ဒီလမှာတော့ Xiu Min က
သူရမယ်လို့ ယုံကြည်ထားသည်။ Xiu Min သည်
ချမ်းသာတဲ့ မိသားစုက မွေးဖွားလာတယ် ဆိုတဲ့ အ
တွက် အနည်းငယ် မောက်မာသည်။ သူများအပေါ်
ဗိုလ်ကျချင်သည် ။ အဆင့်အတန်း ခွဲခြား ဆက်ဆံ
တတ်သည်။Suhoလည်း သူ့မာနနဲ့သူပင်။သူမှန်နေ
ရင်ဘယ်တော့မှ အရှုံးမပေးတတ် ။ သူများကိုကူညီ
လိုစိတ်ရှိသည် ။ Xiu Min လို ချမ်းသာတဲ့မိသားစု
ကမဟုတ်ပေမဲ့ သူ့အိမ်မှာတော့သူလည်းဆရာကြီးပဲ
ဲမဟုတ်ပါလား....?
အဲဒီလို မာနခဲလေးနှစ်ယောက် ထိပ်တိုက်
တွေ့ဆုံကြတဲ့အခါမှာတော့.......။ ။
''ကဲကဲ.....တိတ်ကြတော့စမ်း...! ဆရာမ
ပြောပြမယ။် ဒီလမှာအဆင့် (၁) ရသွားတဲ့သူက
တော့..............................................................................................................
****To Be Continued****
#########################
90° bow to my readers
Waiting your Feedback