စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချေ...

By Ichika2104

601K 70.9K 1.2K

သူများလှောင်ရယ်ခံရလောက်အောင် ၀ပြီး ရုပ်ဆိုးတဲ့ ကောင်မလေးတစ်ယောက် သူမရဲ့ စေ့စပ်ထားတဲ့ သူနဲ့ စေ့စပ်ပွဲပြတ်ပြီး... More

Intro
တန်ပြန်တိုက်စစ်
ချွတ်စွပ်တူသော ကလေး
ကလေးတွေရဲ့ အဖေ
စုံစမ်းမှု၏ရလဒ်
Monster နာမည်ရဲ့ နောက်ဆုံးစာလုံးက Hunt
no update 😁😁
ဒုတိယအကြိမ်
ကျွန်တော့မာမီလား။
မေမေကဟိုမှာ
ငါက သူ့ကို ဘယ်လိုမြူဆွယ်လို့လဲ။
ဒီညနေ ၈နာရီမှာ တွေ့ကြမယ်
သူမစကားများပျောက်ရှ
ငါက တစ်ယောက်ထဲ အဖွဲ့လိုက်မဟုတ်ဘူး
Cherryက သူ့အဖေကို ရှာနေတယ်
No update
ကိုယ့်ကိုယ်ကိုအထင်ကြီးခြင်းသည်လဲ ရောဂါတစ်မျိုးဖြစ်သည့်အတွက် ကုသရန်လိုအပ်ပေသည်
မောင်နှမ၂ယောက် တွေ့ဆုံခြင်း
ဘာလို့ ငါနဲ့တူနေရတာလဲ
ဘယ်လိုတောင် သူမ အမေကို စော်ကားတာလဲ အကို့ကိုပါ ခုလိုရိုက်နေတာလား
ကျူရှင်ဆရာရဲ့ သင်ခန်းစာ
အကိုက ငါနဲ့ အရမ်းတူတယ်
Dateလုပ်ကြစို့ Mommy,Daddy!!
ခွဲစိတ်ခြင်း!!
Anti!!
အံ့အားသင့်ခြင်း
တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံခြင်း
For paid group
အစပျိုးတဲ့သူ
ဆဲလ်တစ်ခုပဲရှိတဲ့ သက်ရှိ
မင်းသမီးငယ်လေးPete
မင်းရဲ့သား ဘယ်မှာလဲဆိုတာ ငါသိတယ်
ပထမဆုံး အကူအညီ
သူအသက်ရှင်တယ်
Anti
သူမရဲ့ ကိုယ်ရေးအချက်ကို မြင်သာအောင်ပြခြင်း
အခု သူသိသွားပြီ
ဆင်းရဲတဲ့ဆွေမျိုးတွေလား
နယူးယော့ခ်မှ Andersonမိသားစုများ
Pete၂ယောက်တောင်လား။
ငါတို့ကို ရှာတွေ့သွားပြီ
Noraက Peteရဲ့အမေ?
အခန်းအတူတူမျှဝေခြင်း
သူ့စကားနဲ့သူ ပိတ်မိ
သူတို့လာတာ အရမ်းနောက်ကျတယ်
မာမီ အဘွားကို ကယ်ပေးပါ
ရှင့်ရဲ့ သားဘယ်မှာလဲ
သူ့သား အကြောင်းကို စုံစမ်းပေး
သူမကို ပြောခွင့်မပေးဘူး
Noraရဲ့ သား
Noraအမေရဲ့ လျှို့ဝှက်ချက်
အခု ဘယ်သူ့ကို နှိမ့်ချတဲ့ အကြည့်နဲ့ လာကြည့်တာလဲ
၀န်ခံချက်
တောင်းပန်ပါတယ် မေမေ!!
သူက တစ်ကယ်ပဲ ငါ့ရဲ့ ဟာလား
အိပ်ယာထဲမှာ အနိုင်ယူခြင်း
ဆေးလုံးများ
Mr Hunt ထပ်ပြီး ဘ၀င်မြင့်ခြင်း
ရှင့်သားကလဲ ကျွန်မရဲ့ သားပါပဲ
spoil 😁😁
၇ရက်အကြာ
သူမ ပြောစရာ မရှိလောက်အောင်
Justin မင်းမှာ တကယ်တော့ သမီးလေးတစ်ယောက် ရှိတယ်
Noraဆီကိုသာ သွားရင် မင်းမှာ သားတစ်ယောက် သမီးတစ်ယောက် ရှိလာနိုင်တယ်
ကျွန်မ သမီးက သူ့အဖေနဲ့တူတယ်
သူမရဲ့ သမီးအကြောင်း စုံစမ်းမေးမြန်ခြင်း
၄င်းက အမှန်တကယ် Carefree Pillsပဲ
Carefree Pill က Andersons နှင့်သက်ဆိုင်တယ်။
မင်းလိုချင်တာ မှန်သမျှ ငါပေးမယ်
တစ်ယောက်ယောက်က ငါ့သမီးအကြောင်းကို စုံစမ်းနေတယ်
ကုသ၍ မရသော ရောဂါ
တိုက်ရိုက် ဆက်ခံသူ
အဘိုး၊ ဉာဏ်စမ်းတချို့ကို ဘာကြောင့် မပြောတာလဲ။
ဖေဖေ လာပြီ
ကျွန်မတို့ နေရာတစ်ခုရှိနေပြီ။
Andersonမိသားစုရဲ့ လျှို့ဝှက်ထားသော သူဌေး
အင်တာဗျူး ကင်းလွတ်ခွင့်
Hello, Miss Smith
အရင်က သူမ ဘယ်လို ကိုယ်၀န်ရခဲ့တာလဲ။
ပျင်းရိသော ကြောင်လေး
ပရော်ဖက်ရှင်နယ် တစ်ဦး
Cameraမဖွင့်ရဲဘူးလို့ ဘယ်သူပြောလဲ
သူမ ကင်မရာဖွင့်လိုက်ပြီ
Cherryကို အနည်းငယ်ရင်းနှီးနေပုံပဲ
Tanya Turner
💔💔💔
ရှင့်ရဲ့ စျေးနှုန်းကို ပြောပါ၊ Mr Hunt
Rachel Wood၊ နင့်ရဲ့ အရှက်မရှိမျက်နှာနဲ့ ဝေးဝေးသွား
ကပွဲမှာ သူမတို့ စကားများခြင်း ( ၁ )
ကပွဲမှာ သူမတို့ စကားများခြင်း ( ၂ )
ကပွဲမှာ သူမတို့ စကားများခြင်း ( ၃ )
🥰🥰🥰
ကျွန်တော့သားကို ဘာလို့ အရမ်းစိတ်၀င်စားနေရတာလဲ။
နင်က ဆိုးတဲ့ မိန်းကလေး တစ်ယောက်။
လူတိုင်းတွင် အလွန်တက်ကြွသော စိတ်ကူးစိတ်သန်းရှိကြတယ်
ငါတို့က တစ်ချိန်တုန်းက တစ်လှေထဲစီးလာခဲ့ကြတဲ့သူတွေလေ။
တစ်ထပ်ထဲ တူတဲ့ ကလေး။
သူမသည် မစ္စစ်Huntဖြစ်ရန် အရည်အချင်းပြည့်မီပါသလား။
ဘေးကလူ
တိုက်ရိုက်ထုတ်လွှင့်မှုမှ ဓာတ်ပုံ
Wet Dream
နင် ဘယ်လိုလုပ် ယောက်ျားလေး ဖြစ်သွားတာလဲ။
တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်။
Sweetcherryရဲ့ ပုတ်ခတ်ပြောဆိုမှုကြောင့် တိုးလာသောလူများ။
Nora Smithက ငွေရှာပေးတဲ့သူ
အမြတ်များ
မစ္စတာ Hunt ဒီနေ့ ရူးသွားတာလား။
မွေးနေ့လက်ဆောင်
မင်းရဲ့ အသက် အန္တရာယ် ရှိလာလိမ့်မယ်...
အဖေ့အတွက် မွေးနေ့လက်ဆောင်
အပိုင်း ( ၁၀၆ )- Sweetcherry က ရေပန်းစားနေသည်~
အပိုင်း ( ၁၀၇ ) - ချယ်ရီသေးသေးလေးက အခု နာမည်ကြီးနေပြီ။
အပိုင်း ( ၁၀၄ )- အဖေ့မွေးနေ့ပွဲကို ကျင်းပနဲ့တော့
အပိုင်း ( ၁၀၅ )-အဖေ၊ တကယ်တော့ မင်းမှာ သမီးတစ်ယောက်ရှိသေးတယ်။
အပိုင်း ( ၁၀၈ ) - ဖေဖေ၊ အိပ်ပျော်နေပြီလား။
အန်ကယ်က ဖေဖေ မဖြစ်ချင်ဘူးလား။
အဖေနှင့်သမီး အချင်းချင်း အသိအမှတ်ပြုခြင်းကို မတားမြစ်သင့်ပါ။
တိုက်ရိုက်လွှင့်တဲ့သူက Peteတဲ့လား။
ဒါက တကယ်ကို Peteပဲ
Sponsor Daddyဆိုတာ ကိရိယာတစ်ခုလား။
သူ့မှာ သမီးတစ်ယောက် တကယ်ရှိတယ်!!
Cherry မင်းမျက်နှာကို ထုတ်ဖော်ပြသလိုက်မိပြီ။
ဒုက္ခရောက်နေတဲ့ မိန်းကလေးကို ကယ်တင်ခြင်း
Bossy CEO၊ Yo~
သူ့တွင် ကလေးရှိလျှင်
ငါ့အဖေက Justin Hunt။
ခင်ဗျားကျတော့ ကောင်းကင်ကို သွားပြီး မေးကြည့်ရုံတင်
😁😁😁
အပိုင်း ( ၁၂၁ )- နူးညံ့ပြီး ချစ်စရာကောင်း‌သောသမီး။
အပိုင်း ( ၁၂၂ ) - သူက အရင်ထဲက အရာအားလုံးကို မြင်တွေ့ခဲ့ရပြီးပြီ
အပိုင်း ( ၁၂၃ ) - ကြင်နာတတ်တဲ့ အဖေ နဲ့ နာခံမှုရှိတဲ့ သမီး
အပိုင်း (၁၂၄) - Carefree Pillsရဲ့ ပိုင်ဆိုင်မှုအခွင့်အရေးများ
အပိုင်း ( ၁၂၅ ) - Lowesမိသားစု ဒေဝါလီခံရလုနီးပါးဖြစ်ခြင်း
အပိုင်း ( ၁၂၆ ) - Mrs.Levin ကို သူ့စကားကြောင့် သူပြန်အရှက်ရခြင်း
အပိုင်း ( ၁၂၇ ) - သူမကို လက်ထပ်ဖို့လား။
အပိုင်း ( ၁၂၈ ) - အမေက ခွေးပေါက်လေးတွေကို ကြိုက်တယ်~
အပိုင်း ( ၁၂၉ ) - နောက်ကွယ်က အမှန်တရား
အပိုင်း ( ၁၃၀ )
အပိုင်း ( ၁၃၁ )- မေမေနှင့်သမီး ၂ယောက်သား တွေ့ဆုံခြင်း
အပိုင်း ( ၁၃၂ ) - အမေ၊ သမီးကို ထားမသွားပါနဲ့...
အပိုင်း ( ၁၃၃ ) - သူတို့က တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် တူတယ်။
အပိုင်း ( ၁၃၄ ) - သူ့သား ~
အပိုင်း ( ၁၃၅ ) - သူတို့က လက်ထပ်ပြီးသွားကြပြီလား
အပိုင်း ( ၁၃၆ ) - Justinရဲ့ ရှေ့တိုးလာသော ခြေလှမ်းများ
အပိုင်း ( ၁၃၇ ) - အဖေနှင့်သမီး အကြွေးတောင်းနေ။
အပိုင်း ( ၁၃၈) - အကူအညီပေးဖို့ လာပြီ~
အပိုင်း ( ၁၃၉ ) - Hillary သူ့သေတွင်း သူတူးခြင်း။
အပိုင်း ( ၁၄၀ )- အဓိပ္ပါယ်မရှိ စွန့်လွတ်ခြင်း
အပိုင်း ( ၁၄၁ ) - ချယ်ရီ ဆေးရုံတက်နေရတယ်~
အပိုင်း ( ၁၄၂ ) - Joel Smith အသဲကွဲနေတယ်။
အပိုင်း ( ၁၄၃ ) - Mr. Hunt နဲ့ မစ္စ Smith ရဲ့ဆက်ဆံရေးကဘာလဲ။
အပိုင်း ( ၁၄၄ ) - Nora သည် နားလည်မှုလွဲမှားနေတာကို အမုန်းဆုံး။
အပိုင်း ( ၁၄၅ ) - မွေးစားအမေ... Tanya???
အပိုင်း ( ၁၄၆ ) - သေးငယ်သောကမ္ဘာလေးတစ်ခု
အပိုင်း ( ၁၄၇ ) - သူတို့က တကယ် အဖေနှင့်သမီး တော်တာလား။
အပိုင်း ( ၁၄၈ ) - ဟုတ်တယ်၊ ငါ နင့်ကို အနိုင်ကျင့်တယ်။ အဲ့တော့ ဘာဖြစ်လဲ?
အပိုင်း ( ၁၄၉ ) - လူတွေ့စစ်ဆေးခြင်း သတိပေးချက်
အပိုင်း ( ၁၅၀ ) - အတွေ့များနေသော ကားအမျိုးအစား
အပိုင်း ( ၁၅၁ ) - ဝင်ခွင့်ရလဒ်များ ထွက်ပြီ။
အပိုင်း ( ၁၅၂ ) - အကျော်ကြားဆုံးလမ်းညွှန်ဆရာ။
အပိုင်း ( ၁၅၃ ) - ငါက သူ့အဖေပဲ
အပိုင်း ( ၁၅၄ )- ရောင်းပါ။
အပိုင်း ( ၁၅၅ ) - သူသည် သူ့သမီး၏ကျွန်ဖြစ်တယ်
အပိုင်း ( ၁၅၇ )
အပိုင်း ( ၁၅၆ )
အပိုင်း ( ၁၅၇ )
အပိုင်း ( ၁၅၈ )
အပိုင်း ( ၁၅၉ )
အပိုင်း ( ၁၆၀ )
အပိုင်း ( ၁၆၁ )
အပိုင်း ( ၁၆၂ )
အပိုင်း ( ၁၆၃ )
အပိုင်း ( ၁၆၄ )
အပိုင်း ( ၁၆၅ . ၁၆၆ )
အပိုင်း ( ၁၆၇ )
အပိုင်း ( ၁၆၈ )
အပိုင်း ( ၁၆၉ )
အပိုင်း ( ၁၇၀ )
အပိုင်း ( ၁၇၁ )
အပိုင်း ( ၁၇၂ )
အပိုင်း ( ၁၇၃ )
အပိုင်း ( ၁၇၄ )
အပိုင်း ( ၁၇၅ )
အပိုင်း ( ၁၇၆ )
အပိုင်း ( ၁၇၇ )
အပိုင်း ( ၁၇၈ )
အပိုင်း ( ၁၇၉ )

အပိုင်း ( ၁၈၀ )

1.5K 111 18
By Ichika2104

အပိုင်း ( ၁၈၀ ) - မျက်နှာကို ပါးရိုက်လိုက်သလိုမျိုး။

စိတ်လှုပ်ရှားနေသော Quentin သည် ဆံပင်ထည့်ထားတဲ့ အိတ်ကို သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။  နောက်တစ်ကြိမ် မော့ကြည့်လိုက်တော့ အဲဒီလူက ထိုနေရာမှာ မရှိတော့ပေ။

Quentin က စိတ်ဆိုးစွာဖြင့် သူ့ကိုယ်သူ ခေါင်းကို ရိုက်လိုက်သည်။

Smiths ၏အကြီးအကဲ Joel က မစ္စ Smith နှင့် ဦးလေး Ian ၏ DNA ကို စစ်ကြည့်ရန် တောင်းဆိုခဲ့သော်လည်း၊ ဆိုလိုသည်မှာ သူတို့သည် သားအဖများဖြစ်ကြောင်း သံသယဖြစ်ဖွယ်ရှိနေလို့ ဖြစ်သည်။

သူတို့တကယ် အဖေနဲ့သမီးသာ ဖြစ်ရင် Noraက သူ့ဝမ်းကွဲဖြစ်သွားလိမ့်မယ်။

အဲဒီလူက သူ့ဝမ်းကွဲကို သတ်ဖို့ ကြိုးစားလောက်ရတဲ့ အထိ  သတ္တိရှိနေပြီလေ။  သူ့ကိုဖမ်းပြီး အန်ကယ်Ianကို အပ်သင့်တယ်။  သို့သော် ထိုလူသည် အမှန်တကယ် လျင်မြန်ကြောင်း ဝန်ခံရမည်။  သူ့မှာ ကြံ့ခိုင်မှု သိပ်မရှိပေမယ့် သွက်လက်ချက်ချာတယ်။

Quentin မျက်လုံးပြူးသွားသည်။  New York မှာ ဒီလိုမျိုး တစ်စုံတစ်ယောက် ဘယ်တုန်းက ပေါ်လာတာလဲ။  အဲဒါကို သူတို့စစ်ဆေးသင့်တဲ့အချိန်ရောက်ပြီထင်တယ်။

သူ့ဖုန်းကိုထုတ်ပြီး Joel ကိုဖုန်းဆက်လိုက်တယ်။

"နမူနာတွေ ငါရပြီ။"

ထို့နောက် ဖြစ်စဉ်အကျဉ်းချုပ်ကို တင်ပြလိုက်သည်။

တစ်စုံတစ်ယောက်သည် နိုရာကို ပစ်မှတ်ထားနေကြောင်း အကြောင်းကြားလာသောအခါ၊ Joel ၏အသံသည် အနည်းငယ် ဒေါသထွက်သွားခဲ့သည်။

“သူမကို ကာကွယ်ပေး။ ဘာမှ မဖြစ်စေနဲ့ဦး။     သူက တကယ်ပဲ ငါတို့ရဲ့ဝမ်းကွဲဖြစ်နေမှာ...။"

“ကောင်းပြီ။”

Joel က “နမူနာတွေက မပြောင်းထားတာ သေချာရဲ့လား”

"သေချာတာပေါ့။"

Quentin က အရမ်းသေချာတယ်။  သူ့ကိုယ်သူလည်း ထူးထူးခြားခြား ယုံကြည်တယ်။  သူက “နမူနာယူပြီးနောက် တချိန်လုံး သူ့ကို ကြည့်နေခဲ့တာ။  သူတို့ကြားထဲမှာ ပြောင်းဖို့ အချိန်မရှိဘူး”

“ကောင်းပြီ။”

ပေါ့လျော့မှုမရှိသော Noraသည် အန်ဒါဆင်မိသားစုသို့ ပြန်ရောက်သွားသည့်တိုင် ကြောက်ရွံ့ထိတ်လန့်မှုကို လုံးဝမခံစားရပေ။ သူမသည် သူမ၏လက်ပ်တော့ကိုထုတ်ကာ သူ့သမီးအတွက် Sponsor အဘိုးရဲ့ အထောက်အထားကို စတင်ရှာဖွေခဲ့သည်။

ဒါပေမယ့်!

တစ်စုံတစ်ယောက်သည် သူ့ရဲ့ Messenger အက်ပ်ကို ကုဒ်ဝှက်ထားသည်။  သူမသည် ၎င်းကို အမှန်ပင် ကုဒ်ဝှက်ထားတာကို ရှာဖွေတွေ့ရှိနိုင်သော်လည်း Firewall ကို အတင်းအဓမ္မ ဖောက်ထွင်းဝင်ရောက်လိုက်လျှင် ဟက်ကာQ လို့ ဖော်ထုတ်မိသား ဖြစ်သွားလိမ့်မည်။   သို့သော်၊ အကယ်၍ firewall ကို မချိုးဖျက်ဘဲ ကျော်ဖြတ်ရမည်ဆိုလျှင် အချိန်အနည်းငယ် ကြာမည်ဖြစ်သည်။

Nora သည် အစီအစဉ်ကို မလုပ်မီ ခဏလောက် တုံ့ဆိုင်းသွားသည်။  ထို့နောက်  သူမသည် Cherry သို့ မက်ဆေ့ခ်ျပို့ခဲ့သည်- 'သူက New Yorker တစ်ယောက်ဆိုတာ  သိလိုက်ရတယ်။  တခြားဘာမှ မတွေ့ရဘူး။'

Cherryက သူ့စာကို စောင့်နေရတဲ့အတိုင်း သူမကို ပြန်စာ မြန်မြန်ပြန်ပို့ခဲ့တယ် 'အမေ အစွမ်းကုန် မကြိုးစားရသေးဘူး မလား။  မေမေရဲ့ မယုံကြည်နိုင်လောက်တဲ့ ကျွမ်းကျင်မှုနဲ့သာဆိုရင် လိုချင်တာကို စူးစမ်းရှာဖွေဖို့ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး။'

ခွဲခွာနေရသည့်ရက်အနည်းငယ်ကြာသော်ငြားလည်း ကလေးမလေးသည် ယခင်ကထက် ပို၍ ချွဲ့နွဲ့ ပြောတတ်နေသေးသည်။

Nora သူ့သမီးအကြောင်း နောကျေနေတာကြောင့် သက်ပြင်းသာချလိုက်သည်။  "အမေ အခု အိပ်တော့မယ်။  မနက်ဖြန် ခွဲစိတ်ပြီးရင် သူ့ကို ရှာပေးထားမယ်။"

"Okie-Dokie!  အမေက အကောင်းဆုံးဆိုတာ သိပါတယ်။  Cherryက ချစ်တယ် မွ~"

Noraသည် သူမ၏ အရူးအမူး မြှောက်ပင့်ပြောဆိုမှုများကို စိတ်မ၀င်စားနိုင်ပေ။  အသံမက်ဆေ့ခ်ျတွေကို ရပ်လိုက်ပြီး အိပ်ယာဝင်လိုက်တော့တယ်။

ကလေးငယ်ရဲ့ခွဲစိတ်မှုကို နောက်နေ့တွင် စီစဉ်ထားတာကြောင့် ယနေ့တွင် ကောင်းမွန်စွာ အိပ်စက်ရမည်ဖြစ်သည်။

ခွဲစိတ်မှုကို နယူးယောက်ဆေးရုံတွင် ပြုလုပ်တာ ဖြစ်သည်။

ဒါရိုက်တာ Shaw သည် ဆေးရုံရှိ အာရုံကြောခွဲစိတ်မှုဌာန၏ အကြီးအကဲဖြစ်သည်။  နာမည်ဂုဏ်သတင်းကျော်ကြားသော Hospital Finest နှင့်တန်းတူ ကြီးမားသောဆေးရုံတစ်ခုလည်းဖြစ်သည်။

Nora က ဆေးရုံကို မောင်းလာပြီး ကားပါကင်ကို အချိန်မီ ရောက်သွားတယ်။  ထို့နောက် သီးသန့်ဓာတ်လှေကားထဲသို့ ဝင်ကာ အပေါ်ထပ်သို့ တက်ခဲ့သည်။

ဆရာဝန်များသည် လူနာများ၏ မိသားစုဝင်များနဲ့ မတူညီသော လမ်းကြောင်းများကို အသုံးပြုသည်။  Michaelနှင့် အခြားသူများသည် ခွဲစိတ်ခန်းပြင်ပတွင် Anti ကို စောင့်နေပြီဖြစ်သည်။

Lisa သည် ပိုးသတ်ထားသော ခွဲစိတ်ခန်းသုံး ဂါဝန်ကို ၀တ်ဆင်ထားပြီး သူမ၏ မျက်လုံးများ တောက်ပ တောက်ပြောင်ကာ လူအုပ်၏ နောက်ဘက်တွင် ရပ်နေသည်။

နောက်ဆုံးတော့ သူမ Antiနဲ့တွေ့တော့မယ်။  Anti က သူမကို ဘွဲ့လွန်ကျောင်းသားအဖြစ် ခေါ်သွားပေမယ့် ဒါက Lisa  Anti နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာပဲ ဖြစ်တယ်။

တစ်ယောက်တည်း တွေးနေမိရင်း သူမ အရမ်း စိတ်လှုပ်ရှားနေသည်။

ဒီအကြောင်းတွေးနေရင်းနဲ့ သူ့ဘေးနားကလူတွေကလည်း အသံတွေလျှော့ပြီး အချင်းချင်းပြောနေကြတယ်။  သူတို့ထဲက တစ်ယောက်က “အိုဘုရား။  ငါတကယ် Anti နဲ့ အတူတူ ခွဲစိတ်မှုစစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာတော့မှာ!”

"ဟုတ်တယ် ကျွန်တော်လဲ အရမ်းကံကောင်းတယ်လို့ ခံစားရတယ်။  ဒါပေမယ့် အပျော်ဆုံးကတော့ Lisaပဲ ဖြစ်ရမယ်။ အစက သူစာရင်းထဲမှာ မပါဘူးလို့ ကြားတယ်။ ပြီးတော့ ဒီခွဲစိတ်မှုက  အလွန်အရေးကြီးလို့ ပါရဂူကျောင်းသားများနှင့် ပါမောက္ခတွေပဲ ဝင်ရောက်ကြည့်ရှုလေ့လာလိုကြတယ်။  Lisa က သူတို့အထဲမှာ တစ်ယောက်တည်းသော ဘွဲ့လွန်ကျောင်းသားပဲ!”

"အဲဒါက ဘာလဲ။  ငါ့အမြင်အရတော့ Lisa က  အနာဂတ်မှာ Anti ရဲ့ စစ်ဆင်ရေးအားလုံးမှာ သေချာပေါက် ပါဝင်နိုင်လိမ့်မယ်!”

ချီးမွမ်းသံများကြောင့် အနည်းငယ်ရှက်သွားသော Lisa သည်  ခေါင်းကို ငုံ့လိုက်သည်။

သို့သော် Tina က မျက်မှောင်ကြုတ်ကာ ပြစ်တင်ရှုတ်ချလိုက်သည်။  “အတင်းအဖျင်းပြောတာတွေကို ရပ်ပြီး ပိုးသတ်ဖို့ အခန်းထဲဝင်ဖို့ ပြင်ပါ။”

Tina သည် ခွဲစိတ်မှုတွင် ဦးဆောင်ဆရာအဖြစ်လည်းကောင်း၊ ဒုတိယခွဲစိတ်ဆရာဝန်အဖြစ်လည်းကောင်း ယူဆနိုင်သည်။  သူကိုယ်တိုင်လုပ်ရမယ့် အရေးကြီးတဲ့ အပိုင်းတွေအပြင် Anti က တခြားအလုပ်တချို့ကို သူ့အတွက် တာဝန်ပေးလိမ့်မယ်။

ထို့ကြောင့်၊ သူတို့ကို ဘေးချင်းယှဉ်၍ လုပ်ကိုင်တယ်လို့ လုံးဝယူဆနိုင်သည်။

သင်ကြားပြသပြီးနောက် အခြားသူများသည် အချင်းချင်း ပါးစပ်တွေ ပိတ်ကာ ပိုးသတ်ဆေးကြောသည့်နေရာကို ဝင်ရောက်ကာ မျက်နှာဖုံးများ၊ ဦးထုပ်များ စသည်တို့ကို ၀တ်ဆင်ကြသည်။

Lisa က သူတို့နောက်ကို လိုက်သွားတယ်။  Tina က ရုတ်တရက် လှောင်ပြောင်ရင်း “နင်က Anti ရဲ့ ကျောင်းသားပဲ၊ ဒါပဲလေ။  အဲဒါအပြင် ဂုဏ်ယူစရာ ဘာရှိသေးလို့လဲ။  Antiက နိုင်ငံခြားမှာ အမြဲနေပြီး သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့  ပြည်နယ်ကို ပြန်လာမှာမဟုတ်တာ လူတိုင်းသိတယ်။  မင်းကတော့ ဒီတိုင်းပြည်ထဲမှာနေနေရတာ   အတော်လေး အဆင်မပြေဖြစ်ပြီး အရှက်ရစေမယ့် အခြေအနေကတော့ သေချာတယ်!”

Lisa က သူမပြောသည်ကိုကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။

သူမ တစ်ခုခုပြောချင်သော်လည်း တစ်ဖက်လူက ပရော်ဖက်ဆာဖြစ်တာကြောင့် သူမပါးစပ်ကိုသာ ပိတ်ထားနိုင်ခဲ့သည်။

သူတို့ကိုယ်သူတို့ ပိုးသတ်ပြီးနောက် Tina က သူမကို တည့်တည့်ကြည့်ကာ "ခွဲစိတ်ကိရိယာနဲ့ ခွဲစိတ်ရေမြှုပ်ကို ထောက်ပံ့ပေးဖို့ မင်းမှာ တာဝန်ရှိတယ်!"

Lisa အံ့အားသင့်သွားသည်။

ခွဲစိတ်ခန်းထဲရှိ ခွဲစိတ်ကိရိယာများနှင့် ခွဲစိတ်မှုဆိုင်ရာပစ္စည်းများကို လိုက်ပါလာသော သူနာပြုများက ကိုင်တွယ်မည်ဟု ယူဆခဲ့သော်လည်း Tina က သူမအား အမှန်တကယ်ပဲ တာဝန်ပေးအပ်နေတာလား။

ဒါက သူမကို သိသိသာသာ နှိပ်ကွပ်နေတာမဟုတ်ဘူးလား။

Lisa နှုတ်ခမ်းကို ကိုက်လိုက်သော်လည်း အဆုံးတွင် ဘာမှမပြောနိုင်ပဲ ခေါင်းသာ ညိတ်ပြနိုင်ခဲ့သည်။

ထို့နောက် သူတို့ထဲမှ အနည်းငယ်သည် ခွဲစိတ်ဆရာဝန်ကြီး ရောက်ရှိလာခြင်းကို စောင့်ဆိုင်းနေခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် Tina သည် တံခါးအပြင်ဘက်ရှိ ပြတင်းပေါက်များမှ ရင်းနှီးသော လူတစ်ယောက်ကို ရုတ်တရက် လှမ်းမြင်လိုက်ရသည်။

သူမ အံ့ဩသွားသည်။

Nora Smith?

သူမဘာလို့ဒီမှာရှိနေတာလဲ!

သူမ လက်မလျှော့သေးဘဲ ခွဲစိတ်ခန်းထဲဝင်ဖို့ ကြံနေသေးတာလား?

"ပါမောက္ခ York၊ မင်းဘာကြည့်နေတာလဲ"  ဘေးကဆရာဝန်ကိုမေးတယ်။

Tina သည် သူမအကြည့်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။  သူမ၏မျက်လုံးများသည် သူမဘက်ခြမ်းကို လှည့်ကြည့်လိုက်ရာ ခွဲစိတ်မှုအတွင်း သူအာရုံစိုက်ရမည့်အရာများနှင့် သူ့ကို ကြောက်ရွံ့ထိတ်လန့်စေသောသူဖြစ်တဲ့ Michael ကို တွေ့လိုက်ရသည်။  သူပုံက အရမ်းလေးနက်ထားပုံပေါ်တယ်။

သူမသည် အမှတ်မထင် လမ်းလျှောက်ဟန်ဆောင်ကာ “ဒေါက်တာLange၊ ရှင်
မစ္စ Smith ကိုတွေ့လိုက်လား။"

မိုက်ကယ် ထိတ်လန့်သွားသည်။  "ဘာ?"

Tina က ချက်ချင်းပဲ "သူမက အ၀တ်လဲခန်းထဲဝင်သွားပုံရတယ်။"

အဝတ်လဲခန်းလား?

Michaelလဲ  အံ့ဩသွားသည်။

Tinaက  ဆက်ပြောတယ်။  "Antiက  အခု အဝတ်လဲခန်းထဲမှာ ရှိနေတယ် မဟုတ်လား?  ဒီလိုမျိုး အဝတ်လဲခန်းထဲ ဝင်သွားတာက မစ္စ Smith က Anti ကို ဒုက္ခပေးမလို့လား။"

Michaelသည် ထိုစကားကိုကြားပြီးနောက် ပြေးသွားတော့သည်။

Anti က သူ့မျက်နှာကို ထုတ်ဖော်ပြရတာ မကြိုက်ဘူး။  ဒါက ခွဲစိတ်မှုလုပ်ဖို့ မလာခင်ကတည်းက သူတို့အားလုံး သိပြီးသားပါ။  ထို့ကြောင့် ဒါရိုက်တာ Shaw သည် Anti အတွက် အ၀တ်လဲခန်းကို အထူးပြင်ဆင်ပေးခဲ့သည်။  အဲ့နေရာသည် Antiသာ ဝင်ခွင့်ရသူ တစ်ဦးတည်းဖြစ်သည်။ 

ယနေ့ Anti ၏ပုံပန်းသဏ္ဌာန်ကို လူတစ်ဦးတည်းသာ မြင်နိုင်မည်ဖြစ်ပြီး၊ ထိုလူမှာ Michaelသာဖြစ်သည်။ ဘာလို့ဆို သူသည် ယနေ့ Anti ၏ လက်ထောက်ဖြစ်သောကြောင့် ဖြစ်သည်။

Michaelသည် အဝတ်လဲခန်းနားသို့ ရောက်သောအခါ တံခါးကို တွန်းဖွင့်ပြီး ဝင်တော့မည့် Noraကို တွေ့လိုက်ရသည်။

ပါးစပ်ကလဲ ပြောရင်း ရှေ့သို့ ခြေတစ်လှမ်းတိုးကာ Nora၏လက်ကို လှမ်းဆွဲလိုက်သည်။  "မင်း ဘာလုပ်နေတာလဲ?  ဒီနေရာက ဘာလဲဆိုတာ သိလား။  ဒါက Anti တစ်ယောက်တည်းအတွက် ပြင်ဆင်ထားတဲ့ အဝတ်လဲခန်း။”

Noraသည် မျက်ခုံးပင့်ကာ အေးအေးဆေးဆေး ကြည့်သည်။  "ကျွန်မ အဲဒါကိုသိတယ်လေ။"

Michaelက မျက်မှောင်ကြုတ်ကာ ဒေါသတကြီးပြောသည် “ဒါဆို မင်းဘာလို့ ဝင်နေသေးတာလဲ။  Anti ကို နှောင့်ယှက်ပြီး ဒီနေ့ ခွဲစိတ်မှုကို  ထိခိုက်သွားရင် မင်း တာဝန်ယူနိုင်လား။  မင်းခွဲစိတ်ခန်းထဲကို အရမ်းဝင်ချင်နေတာ ငါသိပါတယ်၊ ဒါပေမယ့် အလုပ်ရှာဖွေရေးမှာသုံးတဲ့ အရှက်မရှိ နှောင့်ယှက်တဲ့နည်းတွေက ဒီနေရာမှာ မသင့်တော်ပါဘူး။  မင်း…”

သူပြောလို့ ပြီးခါနီးတွင် Noraသည် သူမ၏လက်ကို ဆုပ်ကိုင်ထားရာမှ ဆွဲထုတ်လိုက်သည်။  အမျိုးသမီးကာ အနည်းငယ် ရယ်လိုက်ပေမဲ့ အံကြိတ်ကာ သူ့ကို မေးလာသည်။

“အေး ငါက အကျီမလဲရင် ဘယ်လိုလုပ် ခွဲစိတ်လို့ရမှာလဲ”

သူ့စကားကြောင့် Michael၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။  "ဘာပြောလိုက်တာလဲ" 

Unicode

အပိုင်း ( ၁၈၀ ) - မျက်နှာကို ပါးရိုက်လိုက်သလိုမျိုး။

စိတ်လှုပ်ရှားနေသော Quentin သည် ဆံပင်ထည့်ထားတဲ့ အိတ်ကို သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။  နောက်တစ်ကြိမ် မော့ကြည့်လိုက်တော့ အဲဒီလူက ထိုနေရာမှာ မရှိတော့ပေ။

Quentin က စိတ်ဆိုးစွာဖြင့် သူ့ကိုယ်သူ ခေါင်းကို ရိုက်လိုက်သည်။

Smiths ၏အကြီးအကဲ Joel က မစ္စ Smith နှင့် ဦးလေး Ian ၏ DNA ကို စစ်ကြည့်ရန် တောင်းဆိုခဲ့သော်လည်း၊ ဆိုလိုသည်မှာ သူတို့သည် သားအဖများဖြစ်ကြောင်း သံသယဖြစ်ဖွယ်ရှိနေလို့ ဖြစ်သည်။

သူတို့တကယ် အဖေနဲ့သမီးသာ ဖြစ်ရင် Noraက သူ့ဝမ်းကွဲဖြစ်သွားလိမ့်မယ်။

အဲဒီလူက သူ့ဝမ်းကွဲကို သတ်ဖို့ ကြိုးစားလောက်ရတဲ့ အထိ  သတ္တိရှိနေပြီလေ။  သူ့ကိုဖမ်းပြီး အန်ကယ်Ianကို အပ်သင့်တယ်။  သို့သော် ထိုလူသည် အမှန်တကယ် လျင်မြန်ကြောင်း ဝန်ခံရမည်။  သူ့မှာ ကြံ့ခိုင်မှု သိပ်မရှိပေမယ့် သွက်လက်ချက်ချာတယ်။

Quentin မျက်လုံးပြူးသွားသည်။  New York မှာ ဒီလိုမျိုး တစ်စုံတစ်ယောက် ဘယ်တုန်းက ပေါ်လာတာလဲ။  အဲဒါကို သူတို့စစ်ဆေးသင့်တဲ့အချိန်ရောက်ပြီထင်တယ်။

သူ့ဖုန်းကိုထုတ်ပြီး Joel ကိုဖုန်းဆက်လိုက်တယ်။

"နမူနာတွေ ငါရပြီ။"

ထို့နောက် ဖြစ်စဉ်အကျဉ်းချုပ်ကို တင်ပြလိုက်သည်။

တစ်စုံတစ်ယောက်သည် နိုရာကို ပစ်မှတ်ထားနေကြောင်း အကြောင်းကြားလာသောအခါ၊ Joel ၏အသံသည် အနည်းငယ် ဒေါသထွက်သွားခဲ့သည်။

“သူမကို ကာကွယ်ပေး။ ဘာမှ မဖြစ်စေနဲ့ဦး။     သူက တကယ်ပဲ ငါတို့ရဲ့ဝမ်းကွဲဖြစ်နေမှာ...။"

“ကောင်းပြီ။”

Joel က “နမူနာတွေက မပြောင်းထားတာ သေချာရဲ့လား”

"သေချာတာပေါ့။"

Quentin က အရမ်းသေချာတယ်။  သူ့ကိုယ်သူလည်း ထူးထူးခြားခြား ယုံကြည်တယ်။  သူက “နမူနာယူပြီးနောက် တချိန်လုံး သူ့ကို ကြည့်နေခဲ့တာ။  သူတို့ကြားထဲမှာ ပြောင်းဖို့ အချိန်မရှိဘူး”

“ကောင်းပြီ။”

ပေါ့လျော့မှုမရှိသော Noraသည် အန်ဒါဆင်မိသားစုသို့ ပြန်ရောက်သွားသည့်တိုင် ကြောက်ရွံ့ထိတ်လန့်မှုကို လုံးဝမခံစားရပေ။ သူမသည် သူမ၏လက်ပ်တော့ကိုထုတ်ကာ သူ့သမီးအတွက် Sponsor အဘိုးရဲ့ အထောက်အထားကို စတင်ရှာဖွေခဲ့သည်။

ဒါပေမယ့်!

တစ်စုံတစ်ယောက်သည် သူ့ရဲ့ Messenger အက်ပ်ကို ကုဒ်ဝှက်ထားသည်။  သူမသည် ၎င်းကို အမှန်ပင် ကုဒ်ဝှက်ထားတာကို ရှာဖွေတွေ့ရှိနိုင်သော်လည်း Firewall ကို အတင်းအဓမ္မ ဖောက်ထွင်းဝင်ရောက်လိုက်လျှင် ဟက်ကာQ လို့ ဖော်ထုတ်မိသား ဖြစ်သွားလိမ့်မည်။   သို့သော်၊ အကယ်၍ firewall ကို မချိုးဖျက်ဘဲ ကျော်ဖြတ်ရမည်ဆိုလျှင် အချိန်အနည်းငယ် ကြာမည်ဖြစ်သည်။

Nora သည် အစီအစဉ်ကို မလုပ်မီ ခဏလောက် တုံ့ဆိုင်းသွားသည်။  ထို့နောက်  သူမသည် Cherry သို့ မက်ဆေ့ချ်ပို့ခဲ့သည်- 'သူက New Yorker တစ်ယောက်ဆိုတာ  သိလိုက်ရတယ်။  တခြားဘာမှ မတွေ့ရဘူး။'

Cherryက သူ့စာကို စောင့်နေရတဲ့အတိုင်း သူမကို ပြန်စာ မြန်မြန်ပြန်ပို့ခဲ့တယ် 'အမေ အစွမ်းကုန် မကြိုးစားရသေးဘူး မလား။  မေမေရဲ့ မယုံကြည်နိုင်လောက်တဲ့ ကျွမ်းကျင်မှုနဲ့သာဆိုရင် လိုချင်တာကို စူးစမ်းရှာဖွေဖို့ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး။'

ခွဲခွာနေရသည့်ရက်အနည်းငယ်ကြာသော်ငြားလည်း ကလေးမလေးသည် ယခင်ကထက် ပို၍ ချွဲ့နွဲ့ ပြောတတ်နေသေးသည်။

Nora သူ့သမီးအကြောင်း နောကျေနေတာကြောင့် သက်ပြင်းသာချလိုက်သည်။  "အမေ အခု အိပ်တော့မယ်။  မနက်ဖြန် ခွဲစိတ်ပြီးရင် သူ့ကို ရှာပေးထားမယ်။"

"Okie-Dokie!  အမေက အကောင်းဆုံးဆိုတာ သိပါတယ်။  Cherryက ချစ်တယ် မွ~"

Noraသည် သူမ၏ အရူးအမူး မြှောက်ပင့်ပြောဆိုမှုများကို စိတ်မ၀င်စားနိုင်ပေ။  အသံမက်ဆေ့ချ်တွေကို ရပ်လိုက်ပြီး အိပ်ယာဝင်လိုက်တော့တယ်။

ကလေးငယ်ရဲ့ခွဲစိတ်မှုကို နောက်နေ့တွင် စီစဉ်ထားတာကြောင့် ယနေ့တွင် ကောင်းမွန်စွာ အိပ်စက်ရမည်ဖြစ်သည်။

ခွဲစိတ်မှုကို နယူးယောက်ဆေးရုံတွင် ပြုလုပ်တာ ဖြစ်သည်။

ဒါရိုက်တာ Shaw သည် ဆေးရုံရှိ အာရုံကြောခွဲစိတ်မှုဌာန၏ အကြီးအကဲဖြစ်သည်။  နာမည်ဂုဏ်သတင်းကျော်ကြားသော Hospital Finest နှင့်တန်းတူ ကြီးမားသောဆေးရုံတစ်ခုလည်းဖြစ်သည်။

Nora က ဆေးရုံကို မောင်းလာပြီး ကားပါကင်ကို အချိန်မီ ရောက်သွားတယ်။  ထို့နောက် သီးသန့်ဓာတ်လှေကားထဲသို့ ဝင်ကာ အပေါ်ထပ်သို့ တက်ခဲ့သည်။

ဆရာဝန်များသည် လူနာများ၏ မိသားစုဝင်များနဲ့ မတူညီသော လမ်းကြောင်းများကို အသုံးပြုသည်။  Michaelနှင့် အခြားသူများသည် ခွဲစိတ်ခန်းပြင်ပတွင် Anti ကို စောင့်နေပြီဖြစ်သည်။

Lisa သည် ပိုးသတ်ထားသော ခွဲစိတ်ခန်းသုံး ဂါဝန်ကို ၀တ်ဆင်ထားပြီး သူမ၏ မျက်လုံးများ တောက်ပ တောက်ပြောင်ကာ လူအုပ်၏ နောက်ဘက်တွင် ရပ်နေသည်။

နောက်ဆုံးတော့ သူမ Antiနဲ့တွေ့တော့မယ်။  Anti က သူမကို ဘွဲ့လွန်ကျောင်းသားအဖြစ် ခေါ်သွားပေမယ့် ဒါက Lisa  Anti နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာပဲ ဖြစ်တယ်။

တစ်ယောက်တည်း တွေးနေမိရင်း သူမ အရမ်း စိတ်လှုပ်ရှားနေသည်။

ဒီအကြောင်းတွေးနေရင်းနဲ့ သူ့ဘေးနားကလူတွေကလည်း အသံတွေလျှော့ပြီး အချင်းချင်းပြောနေကြတယ်။  သူတို့ထဲက တစ်ယောက်က “အိုဘုရား။  ငါတကယ် Anti နဲ့ အတူတူ ခွဲစိတ်မှုစစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာတော့မှာ!”

"ဟုတ်တယ် ကျွန်တော်လဲ အရမ်းကံကောင်းတယ်လို့ ခံစားရတယ်။  ဒါပေမယ့် အပျော်ဆုံးကတော့ Lisaပဲ ဖြစ်ရမယ်။ အစက သူစာရင်းထဲမှာ မပါဘူးလို့ ကြားတယ်။ ပြီးတော့ ဒီခွဲစိတ်မှုက  အလွန်အရေးကြီးလို့ ပါရဂူကျောင်းသားများနှင့် ပါမောက္ခတွေပဲ ဝင်ရောက်ကြည့်ရှုလေ့လာလိုကြတယ်။  Lisa က သူတို့အထဲမှာ တစ်ယောက်တည်းသော ဘွဲ့လွန်ကျောင်းသားပဲ!”

"အဲဒါက ဘာလဲ။  ငါ့အမြင်အရတော့ Lisa က  အနာဂတ်မှာ Anti ရဲ့ စစ်ဆင်ရေးအားလုံးမှာ သေချာပေါက် ပါဝင်နိုင်လိမ့်မယ်!”

ချီးမွမ်းသံများကြောင့် အနည်းငယ်ရှက်သွားသော Lisa သည်  ခေါင်းကို ငုံ့လိုက်သည်။

သို့သော် Tina က မျက်မှောင်ကြုတ်ကာ ပြစ်တင်ရှုတ်ချလိုက်သည်။  “အတင်းအဖျင်းပြောတာတွေကို ရပ်ပြီး ပိုးသတ်ဖို့ အခန်းထဲဝင်ဖို့ ပြင်ပါ။”

Tina သည် ခွဲစိတ်မှုတွင် ဦးဆောင်ဆရာအဖြစ်လည်းကောင်း၊ ဒုတိယခွဲစိတ်ဆရာဝန်အဖြစ်လည်းကောင်း ယူဆနိုင်သည်။  သူကိုယ်တိုင်လုပ်ရမယ့် အရေးကြီးတဲ့ အပိုင်းတွေအပြင် Anti က တခြားအလုပ်တချို့ကို သူ့အတွက် တာဝန်ပေးလိမ့်မယ်။

ထို့ကြောင့်၊ သူတို့ကို ဘေးချင်းယှဉ်၍ လုပ်ကိုင်တယ်လို့ လုံးဝယူဆနိုင်သည်။

သင်ကြားပြသပြီးနောက် အခြားသူများသည် အချင်းချင်း ပါးစပ်တွေ ပိတ်ကာ ပိုးသတ်ဆေးကြောသည့်နေရာကို ဝင်ရောက်ကာ မျက်နှာဖုံးများ၊ ဦးထုပ်များ စသည်တို့ကို ၀တ်ဆင်ကြသည်။

Lisa က သူတို့နောက်ကို လိုက်သွားတယ်။  Tina က ရုတ်တရက် လှောင်ပြောင်ရင်း “နင်က Anti ရဲ့ ကျောင်းသားပဲ၊ ဒါပဲလေ။  အဲဒါအပြင် ဂုဏ်ယူစရာ ဘာရှိသေးလို့လဲ။  Antiက နိုင်ငံခြားမှာ အမြဲနေပြီး သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့  ပြည်နယ်ကို ပြန်လာမှာမဟုတ်တာ လူတိုင်းသိတယ်။  မင်းကတော့ ဒီတိုင်းပြည်ထဲမှာနေနေရတာ   အတော်လေး အဆင်မပြေဖြစ်ပြီး အရှက်ရစေမယ့် အခြေအနေကတော့ သေချာတယ်!”

Lisa က သူမပြောသည်ကိုကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။

သူမ တစ်ခုခုပြောချင်သော်လည်း တစ်ဖက်လူက ပရော်ဖက်ဆာဖြစ်တာကြောင့် သူမပါးစပ်ကိုသာ ပိတ်ထားနိုင်ခဲ့သည်။

သူတို့ကိုယ်သူတို့ ပိုးသတ်ပြီးနောက် Tina က သူမကို တည့်တည့်ကြည့်ကာ "ခွဲစိတ်ကိရိယာနဲ့ ခွဲစိတ်ရေမြှုပ်ကို ထောက်ပံ့ပေးဖို့ မင်းမှာ တာဝန်ရှိတယ်!"

Lisa အံ့အားသင့်သွားသည်။

ခွဲစိတ်ခန်းထဲရှိ ခွဲစိတ်ကိရိယာများနှင့် ခွဲစိတ်မှုဆိုင်ရာပစ္စည်းများကို လိုက်ပါလာသော သူနာပြုများက ကိုင်တွယ်မည်ဟု ယူဆခဲ့သော်လည်း Tina က သူမအား အမှန်တကယ်ပဲ တာဝန်ပေးအပ်နေတာလား။

ဒါက သူမကို သိသိသာသာ နှိပ်ကွပ်နေတာမဟုတ်ဘူးလား။

Lisa နှုတ်ခမ်းကို ကိုက်လိုက်သော်လည်း အဆုံးတွင် ဘာမှမပြောနိုင်ပဲ ခေါင်းသာ ညိတ်ပြနိုင်ခဲ့သည်။

ထို့နောက် သူတို့ထဲမှ အနည်းငယ်သည် ခွဲစိတ်ဆရာဝန်ကြီး ရောက်ရှိလာခြင်းကို စောင့်ဆိုင်းနေခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် Tina သည် တံခါးအပြင်ဘက်ရှိ ပြတင်းပေါက်များမှ ရင်းနှီးသော လူတစ်ယောက်ကို ရုတ်တရက် လှမ်းမြင်လိုက်ရသည်။

သူမ အံ့ဩသွားသည်။

Nora Smith?

သူမဘာလို့ဒီမှာရှိနေတာလဲ!

သူမ လက်မလျှော့သေးဘဲ ခွဲစိတ်ခန်းထဲဝင်ဖို့ ကြံနေသေးတာလား?

"ပါမောက္ခ York၊ မင်းဘာကြည့်နေတာလဲ"  ဘေးကဆရာဝန်ကိုမေးတယ်။

Tina သည် သူမအကြည့်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။  သူမ၏မျက်လုံးများသည် သူမဘက်ခြမ်းကို လှည့်ကြည့်လိုက်ရာ ခွဲစိတ်မှုအတွင်း သူအာရုံစိုက်ရမည့်အရာများနှင့် သူ့ကို ကြောက်ရွံ့ထိတ်လန့်စေသောသူဖြစ်တဲ့ Michael ကို တွေ့လိုက်ရသည်။  သူပုံက အရမ်းလေးနက်ထားပုံပေါ်တယ်။

သူမသည် အမှတ်မထင် လမ်းလျှောက်ဟန်ဆောင်ကာ “ဒေါက်တာLange၊ ရှင်
မစ္စ Smith ကိုတွေ့လိုက်လား။"

မိုက်ကယ် ထိတ်လန့်သွားသည်။  "ဘာ?"

Tina က ချက်ချင်းပဲ "သူမက အ၀တ်လဲခန်းထဲဝင်သွားပုံရတယ်။"

အဝတ်လဲခန်းလား?

Michaelလဲ  အံ့ဩသွားသည်။

Tinaက  ဆက်ပြောတယ်။  "Antiက  အခု အဝတ်လဲခန်းထဲမှာ ရှိနေတယ် မဟုတ်လား?  ဒီလိုမျိုး အဝတ်လဲခန်းထဲ ဝင်သွားတာက မစ္စ Smith က Anti ကို ဒုက္ခပေးမလို့လား။"

Michaelသည် ထိုစကားကိုကြားပြီးနောက် ပြေးသွားတော့သည်။

Anti က သူ့မျက်နှာကို ထုတ်ဖော်ပြရတာ မကြိုက်ဘူး။  ဒါက ခွဲစိတ်မှုလုပ်ဖို့ မလာခင်ကတည်းက သူတို့အားလုံး သိပြီးသားပါ။  ထို့ကြောင့် ဒါရိုက်တာ Shaw သည် Anti အတွက် အ၀တ်လဲခန်းကို အထူးပြင်ဆင်ပေးခဲ့သည်။  အဲ့နေရာသည် Antiသာ ဝင်ခွင့်ရသူ တစ်ဦးတည်းဖြစ်သည်။ 

ယနေ့ Anti ၏ပုံပန်းသဏ္ဌာန်ကို လူတစ်ဦးတည်းသာ မြင်နိုင်မည်ဖြစ်ပြီး၊ ထိုလူမှာ Michaelသာဖြစ်သည်။ ဘာလို့ဆို သူသည် ယနေ့ Anti ၏ လက်ထောက်ဖြစ်သောကြောင့် ဖြစ်သည်။

Michaelသည် အဝတ်လဲခန်းနားသို့ ရောက်သောအခါ တံခါးကို တွန်းဖွင့်ပြီး ဝင်တော့မည့် Noraကို တွေ့လိုက်ရသည်။

ပါးစပ်ကလဲ ပြောရင်း ရှေ့သို့ ခြေတစ်လှမ်းတိုးကာ Nora၏လက်ကို လှမ်းဆွဲလိုက်သည်။  "မင်း ဘာလုပ်နေတာလဲ?  ဒီနေရာက ဘာလဲဆိုတာ သိလား။  ဒါက Anti တစ်ယောက်တည်းအတွက် ပြင်ဆင်ထားတဲ့ အဝတ်လဲခန်း။”

Noraသည် မျက်ခုံးပင့်ကာ အေးအေးဆေးဆေး ကြည့်သည်။  "ကျွန်မ အဲဒါကိုသိတယ်လေ။"

Michaelက မျက်မှောင်ကြုတ်ကာ ဒေါသတကြီးပြောသည် “ဒါဆို မင်းဘာလို့ ဝင်နေသေးတာလဲ။  Anti ကို နှောင့်ယှက်ပြီး ဒီနေ့ ခွဲစိတ်မှုကို  ထိခိုက်သွားရင် မင်း တာဝန်ယူနိုင်လား။  မင်းခွဲစိတ်ခန်းထဲကို အရမ်းဝင်ချင်နေတာ ငါသိပါတယ်၊ ဒါပေမယ့် အလုပ်ရှာဖွေရေးမှာသုံးတဲ့ အရှက်မရှိ နှောင့်ယှက်တဲ့နည်းတွေက ဒီနေရာမှာ မသင့်တော်ပါဘူး။  မင်း…”

သူပြောလို့ ပြီးခါနီးတွင် Noraသည် သူမ၏လက်ကို ဆုပ်ကိုင်ထားရာမှ ဆွဲထုတ်လိုက်သည်။  အမျိုးသမီးကာ အနည်းငယ် ရယ်လိုက်ပေမဲ့ အံကြိတ်ကာ သူ့ကို မေးလာသည်။

“အေး ငါက အကျီမလဲရင် ဘယ်လိုလုပ် ခွဲစိတ်လို့ရမှာလဲ”

သူ့စကားကြောင့် Michael၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။  "ဘာပြောလိုက်တာလဲ"

Continue Reading

You'll Also Like

2.8M 61.8K 81
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...
1.4M 93.5K 68
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1M 46.6K 105
Unicode ဒုက္ခိတ ဖြစ်​​နေတဲ့ သူ​ေဋ္ဌး​ချော​ချော​လေး ကို လက်​မခံနိုင်​တဲ့ညီမဖြစ်​သူက အမဖြစ်​သူရဲ့ ရည်​းစားကိုလုပြီး သူမလိုချင်​တဲ့ ဒုက္ခိတ သူ​ေဋ္ဌးနဲ့...