(တစ်ချို့စာလုံးတွေ uni နဲ့ပေါင်းလို့မရလို့ ဖြည့်ဖတ်ပေးပါ)
3ရက်လောက်ကြာတော့ နေပြန်ကောင်းလာပေမဲ့ ပျို့အန်နေသေးတာကြောင့် ဆေးခန်းသွားပြတော့ ဆရာဝန်ပြောတဲ့အဖြေက..။
"ဟော့ဒီက လူနာ ဗိုက်ထဲမှာ ကလေးလေးရှိနေပါပြီရှင့်"
"ဗျာ.."
လန့်သွားပေမဲ့ ပျော်မိတာတော့ အမှန်ပင်။
"ဟုတ်ကဲ့ ကျေးဇူးပါ ဆရာမ"
"ရပါတယ်ရှင်"
ဆေးခန်းကနေ ပြန်လာခဲ့ကြတယ်။ ဂျယ်ယွန်း ပုံကတော့ ပျော်သည့်ပုံမပေါ်။
"ယွန်း ဗိုက်ထဲမှာကလေးလေးရှိနေပြီတဲ့"
"...."
ဂျယ်ယွန်းက ဘာမှပြန်မပြောပဲ အပြင်ကိုသာ ငေးကြည့်နေခဲ့တယ်။ မျက်ရည်စလေးတွေလဲ ဝိုင်းလို့။
"ယွန်း? ဘာလို့လဲ ယွန်းမပျော်ဘူးလား"
"မောင်"
"ဗျာ ကလေးလေး ဘာလို့လဲ ယွန်း မျက်ရည်လေးတွေဝဲလို့ ယွန်းရယ် ဘာလို့များလဲ"
"မောင် ငါ ဗိုက်ကြီးပူလာရင် မင်းငါ့ကိုချစ်အုံးမှာလား"
"ချစ်မှာပေါ့ယွန်းရယ် ဘာလို့များကိုက ယွန်းကို မချစ်ရမှာလဲ"
"ငါသိတယ် ငါဗိုက်ပူလာရင် ချောတော့မှမဟုတ်ဘူး"
"ဘာဆိုင်လို့လဲ ယွန်းရဲ့ ယွန်းက ဗိုက်လုံးလုံးလေးနဲ့ ချစ်ဖို့အရမ်းကောင်းနေမှာ ကိုယ် အဲ့ပုံစံလေးကို မြင်ချင်နေပြီ"
"မင်းက အခုသာ ချစ်မယ်ပြောတာ တကယ်ဖြစ်လာရင် ချစ်မှာမဟုတ်တော့ဘူး"
"ချစ်ပါတယ်ဆို ယွန်းကလည်း မောင်က ယွန်းကို သိပ်ချစ်တာ"
"ငါ ရေခဲမုန့်ထားချင်တယ်"
"အင်း မောင်သွားဝယ်ပေးမယ်"
ဆောင်ဟွန်းက ဂျယ်ယွန်းကို ကားပေါ် ထားခဲ့ပြီးရေခဲမုန့်သွားဝယ်ပေးတယ်။ ဂျယ်ယွန်းကားပေါ်မှာဖုန်းကြည့်နေတုန်း ကားတံခါးဆွဲဖွင့်လိုက်ပြီး လူတစ်ယောက်က လက်ကောက်ဝတ် ကနေ ဆွဲခေါ်သွားခြင်းကို ခံခဲ့ရတယ်။
"ဒါဘာလုပ်တာလဲ လွှတ်"
"ငြိမ်ငြိမ်နေစမ်း"
"မောင်!"
ဂျယ်ယွန်း ဆောင်ဟွန်းကို လှမ်းခေါ်ပေမဲ့ ဝေးနေတာကြောင့် ဆောင်ဟွန်းက မကြားခဲ့ပါဘူး။ ထိုလူကလဲ ဂျယ်ယွန်း ပါးစပ်ကို ပဝါတစ်ခုနဲ့ အုပ်လိုက်တယ်။ ဂျယ်ယွန်းလည်း လောကကြီးနဲ့ ခဏတာ အဆက်အသွယ် သွားတယ်။ ဂျယ်ယွန်းပြန်တိုးလာတော့ hotel အခန်းတစ်ခန်းထဲရောက်နေပြီး လက်တွေကို ကြိုးနဲ့ ချုပ်ထားခြင်းခံနေရတယ်။
"နိုးလာပြီးလား အလှလေး"
နေပါအုံး ဒီလူ ဟုတ်တယ် သူ့ကိုမြင်ဖူးနေသလိုရှိတာမို့ သေချာကြည့်လိုက်တော့ ဟိုတစ်ခေါက် ဘားမှာတွေ့ခဲ့တဲ့ ဆောင်ဟွန်း သူငယ်ချင်း ဆိုတဲ့လူဖြစ်နေခဲ့တယ်။
"ကိုယ့်ကို မှတ်မိလား အလှလေး ကိုယ် ဂျွန်ဆောင်းပါ"
"အခုချက်ချင်းလွှတ်ပေး"
"အို ကိုယ်ဒီလို အလှလေးကို ဘာမှမလုပ်ဘဲ လွှတ်ပေးလိုက်ရင် ကိုယ် အရူးဖြစ်သွားမှာပေါ့"
"ကျတော့်ကို လွှတ်ပေး ခဗျား ကိုယ့်သူငယ်ချင်းရဲ့ မျက်နှာကိုထောက်ပြီး ကျတော့်ကို လွှတ်ပေးပါ"
"ထောက်စရာလား ကိုယ်က လိုချင်တာကိုရအောင်ယူတတ်တဲ့ လူမျိုး"
"တောင်းပန်ပါတယ် လွှတ်ပေးပါ"
"ကိုယ်အခု မင်းကို လိုချင်တယ်"
"လွှတ်ပေးပါ"
ဂျွန်ဆောင်းက ဂျယ်ယွန်း အကျီ်ကို ်တင်းဆွဲဖြဲတယ်။
"မလုပ်ပါနဲ့ တောင်းပန်ပါတယ်"
ဂျယ်ယွန်းကိုလည်း အတင်းနမ်းဖို့ကြိုးစားတယ်။ ဂျယ်ယွန်းက အတင်းရုန်းတယ်။
*ခွက်*
ဆောင်ဟွန်းက ရုတ်တရပ်ရောက်ချလာပြီး ဂျွန်ဆောင်းရဲ့ ခေါင်းကို တုတ် နဲ့ ရိုက်ချလိုက်တယ်။
"မောင်"
ဆောင်ဟွန်း ဂျယ်ယွန်းကို ကြိုးဖြည်ပေးဖို့ လုပ်နေပေမဲ့ ဂျွန်ဆောင်းက ပြန်ထလာခဲ့တယ်။ ဆောင်ဟွန်းကို ဆောင့်တွန်းလိုက်ပြီး ဂျယ်ယွန်း ဗိုက်ကို ဓားနဲ့ထောက်ထားတယ်။ ရဲတွေလည်းရောက်လာခဲ့တယ်။
"ပတ်ဆောင်ဟွန်း မင်းအရှေ့တိုးလာရင် ငါသူ့ကို ဓားနဲ့ထိုးမှာနော်"
"မင်းဓားကိုချလိုက် ဂျွန်ဆောင်း ငါမင်းကို ဘယ်လောက်ခင်လဲ ဆိုတာ မင်းသိတယ်မလား"
"ငါမသိချင်ဘူး!"
တကယ်တော့ ဂျွန်ဆောင်းက အရင်က ဂျယ်ယွန်း အတန်းဖော်ဖြစ်ခဲ့ပြီး ဂျယ်ယွန်းကို သဘောကျခဲ့တာ။ ဂျယ်ယွန်းက ပြန်မကြိုက်ပဲ ခါးခါးသီးသီးဆက်ဆံခဲ့ပြီး အခုပြန်တွေ့တဲ့အခါ ပြန်လည်ရယူချင်တာဖြစ်သည်။
ဆောင်ဟွန်း လက်ထဲက တုတ်နဲ့ ဂျွန်ဆောင်းကို ပြစ်ပေါက်လိုက်တော့ ဂျွန်ဆောင်းက ဂျယ်ယွန်း ဗိုက်ကို ဓားနဲ့ဆောင့်ထိုးလိုက်တယ်။
"မဖြစ်ဘူး ယွန်း!!"
ဆောင်ဟွန်းတို့ ဆေးရုံကို အမြန်ပြေးသွားရပြီး ဂျယ်ယွန်းကို အရေးပေါ် ခွဲစိတ်ခန်းဆီ ပို့ထားလိုက်ရတယ်။ ဆောင်ဟွန်းက စိတ်ကိုငြိမ်ငြိမ်မထားနိုင်ပဲ ခွဲစိတ်ခန်းရှေ့မှာ အခါပေါင်းမရည်တွက်နိုင်အောင် လမ်းလျှောက်နေခဲ့တယ်။
"စိတ်အေးအေးထားပါ သူဘာမှမဖြစ်လောက်ပါဘူး"
"ကျတော် စိတ်ငြိမ်ငြိမ်ထားလို့မရဘူးအ့ပါး ကျတော် ယွန်းကို တကယ်စိတ်ပူတယ် ယွန်းမရှိတော့ရင် ကျတော် သေမှာ အ့ပါးရဲ့"
အချစ်ရူး ရူးနေတဲ့ သူ့သားကို mafia ကြီးလဲ ဘာမှကိုမပြောနိုင်တော့ပါဘူး။
ခဏကြာတော့ ဆရာဝန်ထွက်လာခဲ့တယ်။
"ဆရာ လူနာအခြေအနေ အဆင်ပြေတယ်မလား"
"ကျတော်တို့ အခက်အခဲလေးတစ်ခုရှိနေပါတယ်ဗျ"
"ဗျာ...ဘာများဖြစ်လို့လဲ"
"လူနာရဲ့ဗိုက်ထဲမှာကလေးရှိနေတယ်ဗျ ကျတော်တို့ နှစ်ယောက်လုံးကိုကယ်ဖို့မဖြစ်နိုင်တာမို့..."
"လူနာကိုပဲ ကယ်ပေးပါ"
"ဟုတ်ကဲ့"
ဆရာဝန်က တစ်ခေါက်ပြန်ဝင်သွားပြီး ခဏအကြာ ပြန်ထွက်လာတယ်။
"ဆရာ လူနာ့ အခြေအနေလေး"
"ဘာမှစိတ်မပူပါနဲ့တော့ဗျ လူနာ အဆင်ပြေသွားပါပြီ ကလေးကိုတော့ ဆုံးရှုံးလိုက်ရပါတယ်"
"ကျေးဇူးပါ ဆရာ"
ဂျယ်ယွန်း သတိပြန်ရလာတော့ ဆေးရုံခန်းလို့ထင်ရတဲ့ အခန်းတစ်ခုထဲ ရောက်နေသလိုပဲ။
"မောင် ငါဘယ်ရောက်နေတာလဲ"
"ယွန်းဆေးရုံကို ရောက်နေခဲ့တာ ဂျွန်ဆောင်းက ယွန်းဗိုက်ကို ဓားနဲ့ထိုးခဲ့တာ"
"ငါ့ဗိုက်ကို..ဒါ..ဒါဆို ငါ့ကလေးရော"
"..."
ဆောင်ဟွန်းဘာမှပြန်မပြောနိုင်ခဲ့ဘူး
"ငါ့ကလေးရောလို့ ငါထင်သလိုမဟုတ်ဘူးလို့ပြောစမ်းပါ"
"ဆရာဝန်က နှစ်ယောက်ထဲက တစ်ယောက်ပဲကယ်ရမယ်ပြောလို့ မောင်က.."
"မင်း ကလေး ကိုရွေးခဲ့သင့်တာ ဘာလို့ ဘာမှအသုံးမဝင်တဲ့ငါ့ကိုရွေးခဲ့တာလဲ"
ဂျယ်ယွန်းက အရမ်းငိုနေခဲ့ပြီး ဆောင်ဟွန်း ရင်ဘက်ကို ထုပြီးပြောတယ်။
"မောင် ကလေးကို ရွေးဖို့ အင်အားမရှိခဲ့ဘူး ယွန်းမရှိရင် မောင် သေလိမ့်မယ်"
"အခု ငါ့ကြောင့် ဘာမှအပြစ်မရှိတဲ့ ငါ့ကလေး..ငါ့ကလေးက အသက်ပေးသွားရပြီ"
"မောင်တို့ နောက်ထပ် ကလေးတွေ အများကြီးမွေးပြီး ပျော်ပေဖာ်ရွှင်ရွှင်နေသွားကြမယ်လေနော်"
"အခု မရှိတော့တဲ့ ငါ့ကလေးကရော ငါသိတယ် သူငါ့ကို ကုတင်ပေါ် ပစ်ချလိုက်ကတည်းက ငါဗိုက်နာနေခဲ့တာ"
ဂျယ်ယွန်းက လုံးဝအငိုမတိတ်ခဲ့ဘူး။ နောက်တော့ ငိုရ လွန်းလို့ ပင်ပန်းပြီးအိပ်ပျော်သွားခဲ့တယ်။
ဆောင်ဟွန်းကလည်း ဂျယ်ယွန်းလက်ကလေးကို စုပ်ကိုင်ထားရင်း အိပ်ပျော်သွားခဲ့တယ်။
______________________
ကျွန်မရဲ့ လိပ်ပြာငယ်လေးတွေ ငိုတော့ မငိုလိုက်ရဘူးမဟုတ်လား။
အာဘွား ယူပါရှင့် ^-^