𝘾𝙤𝙢𝙚 𝙃𝙚𝙧𝙚! 𝘽𝙖𝙗𝙚

By okey-dokey-yo-

8.3K 1.2K 732

အလွန်ရှက်တတ်တဲ့ အဆိုတော်ပေါက်စလေးနဲ့ အလွန်အရှက်မဲ့တဲ့ နာမည်ကျော်သရုပ်ဆောင်မင်းသားရဲ့ကြားက ဆက်ဆံရေးဟာ နည်းနည်း... More

1
2
3
4
5
6
8
9
10
11
12

7

593 109 93
By okey-dokey-yo-

"ပြန်ပြောကြည့် မင်းအခန်းထဲကိုရောက်နေတာဘယ်သူလဲ"



ဂျယ်ယွန်းက ဆောင်းဟွန်း၏ အနီးကပ်မျက်နှာချောချောထံမှ ချက်ချင်း ဖမ်းစားခံလိုက်ရပြီး အတော်ကြာ တိတ်ဆိတ်ကာမိန်း‌ေမာနေမိ‌သည်။



ကောင်လေးက သူ့ကို အူကြောင်ကြောင်ဖြင့်မော့‌ကြည့်နေတာကြောင့် ဆောင်းဟွန်းမျက်၀န်းနက်များက စိတ်မရှည်သည့်အရိပ်အယောင် ဖြတ်ပြေးသွားရင်း လျှာကို စုပ်သပ်လိုက်သည်။



"ကျစ် ပြောလေ ကိုယ့်နာမည်ကဘယ်သူလဲ"



ဂျယ်ယွန်းက ဆောင်းဟွန်းအသံကြားမှ သတိကပ်သွားပြီး ခပ်မြန်မြန်ဖြေလိုက်သည်။



"စီ...စီနီယာ ဆောင်းဟွန်း"



ဆောင်းဟွန်းနှင့် သူ၏မျက်နှာက စင်တီမီတာအနည်းငယ်သာကွာဝေးနေပြီး ဆောင်းဟွန်း၏ လက်မက ဂျယ်ယွန်း၏ လှပသေသပ်သော မေးစေ့ထိပ်ဖျားအား ခပ်ဖွဖွပွတ်သပ်နေတာကြောင့် ဂျယ်ယွန်းခမျာ စင်ပေါ်တက်ဖျော်ဖြေရခြင်းထက် ရင်တုန်ပန်းတုန်ရှိနေသည်။



"သန့်ရှင်းရေးအဒေါ်ကြီးမဟုတ်တော့ဘူးလား"




မျက်ခုံးပင့်ကာ‌ေမးလာ‌ေသာဆောင်းဟွန်း‌ေကြာင့် ဂျယ်ယွန်းမှာ တစ်စက္ကန့်မှမတုံ့ဆိုင်းရဲဘဲ လျှင်မြန်စွာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။




"မဟုတ်ပါဘူး"




ဆောင်းဟွန်းက ဘာမှမပြောဘဲ သူ့ကိုသာစူးစိုက်ကြည့်နေတာကြောင့် ထိုအကြည့်စူးစူးတွေကိုမရင်ဆိုင်ရဲသည့်ဂျယ်ယွန်းက ‌ခေါင်းကိုငုံ့ကာ အပြစ်မကင်းဟန်လေးဖြင့် တိုးတိုးလေး‌ေတာင်းပန်လိုက်သည်။




"ကျွန်တော်...တောင်းပန်ပါတယ်"



ဆောင်းဟွန်းက ခေါင်းငုံ့ထားသည့် ကောင်လေး၏မေးဖျားကို ထပ်မံပင့်တင်လိုက်ပြီးအကြည့်ချင်းဆုံစေ၏။



ထိုလူ၏လက်ချောင်းထိပ်များ က သူ့ အရေပြားကိုထိ‌‌ေတွ့‌ေနပြီးထိုသူလှုပ်ရှားလိုက်တိုင်း သူ့ခန္ဓာကိုယ်တွင်စွဲနေသော စီးကရက်အနံ့က ပိုပြင်းလာသည်။




ဂျယ်ယွန်းက ဆောင်းဟွန်းရဲ့ မျက်၀န်းနက်တွေကိုကြည့်လိုက်တိုင်း ထွက်ပေါက်မရှိတဲ့ ထောင်ချောက်ထဲတွင် ပိတ်မိနေသလိုမျိုး ခံစားရသည်။



စက္ကန့်အနည်းငယ်ကြာသည်အထိ သူတို့နှစ်ယောက်က ထိုအတိုင်းအကြည့်ချင်းဆုံနေခဲ့ပြီး တစ်ယောက်၏ထွက်သက်‌‌ေနွး‌ေနွးက တစ်‌ေယာက်မျက်နှာအား ရိုက်ခတ်နိုင်သည်အထိ နီးကပ်‌ေနသည်။




ဂျယ်ယွန်းက သူလိမ်ပြောမိသည်အား နောင်တရနေပြီး တောင်းပန်တိုးလျှိုးနေသည့် အကြည့်များဖြင့် တစ်ဖက်လူအား မော့ကြည့်နေသည်။



ဆောင်းဟွန်းကတော့ ပုံမှန်မဟုတ်ဘဲတိတ်ဆိတ်နေပြီး သူ့ရှေ့ကလူကိုကြည့်နေဆဲပင်။



သူ့မျက်၀န်းများက နက်နဲလွန်းလို့ သူ၏ စိတ်အခြေအနေကို ဂျယ်ယွန်းဘယ်လိုမှ မခန့်မှန်း‌နိုင်အောင်ဖြစ်နေသည်။



ထိုအခိုက်အတန့်တွင် ဂျယ်ယွန်းက သားရဲကောင်၏ လက်သည်းများကြား ပိတ်မိနေသည့် သားကောင်လေးလိုပင် ကူကယ်ရာမဲ့နေသည်။




ခုနက သူ့ခြေထောက်များကို ဖိကာချုပ်နှောင်ခံထားရခြင်းကြောင့် ထွက်ပေါ်လာသည့် ဒေါသများပင် ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်သည်။



သို့သော် ဂျယ်ယွန်း သတိမထားမိသည်မှာ သူ့ခြေထောက်ကိုဖိထားသော ဆောင်းဟွန်းလက်ချောင်းထိပ်များ မသိမသာ လှုပ်ရှားသွားသည်ကိုပင်။



တကယ်တမ်းတွင် သူ၏ သနားချင့်စဖွယ်အကြည့်‌ေကြာင့်  ကောင်လေး၏ ခေါင်းကိုပွတ်သပ်ချော့မြှူပေးချင်စိတ်‌ဖြင့် ဆောင်းဟွန်း၏ လက်များယားယံလာခြင်းဖြစ်သည်။



သူ့ကိုအသနားခံသလိုကြည့်နေသည့် ပါပီမျက်၀န်းလေးများကြားတွင် အကြောင်းပြချက်မရှိဘဲ ရင်၌ တောက်လောင်နေသော ဒေါသမီးတချို့ဟာ ရေနှင့်ငြှိမ်းလိုက်သည့်အလား ချုပ်ငြိမ်းသွားသည်ထင်ပါရဲ့။




ဆောင်းဟွန်းက နီးကပ်သောအကွာအဝေးမှနေ၍ အချိန်တစ်ခုကြာအောင် ဂျယ်ယွန်းမျက်၀န်းလေးများအား စူးစိုက်ကြည့်နေပြီး ဂျယ်ယွန်းတစ်ယောက် ‌အနေခက်လာသည့်အခါ၌ ရုတ်တရက် လွှတ်ပေးလိုက်လေသည်။



ရုတ်ချည်းဆိုသလို သူ့ကိုဖိနှိပ်ထားသည့် ဆောင်းဟွန်း၏ လက်နှစ်ဖက်က ဂျယ်ယွန်းကို လွှတ်ပေးလိုက်ပြီး ဆောင်းဟွန်းတစ်ကိုယ်လုံးကလဲ နောက်သို့ပြန်ဆုတ်သွားတာကြောင့် ဂျယ်ယွန်း အံ့ဩသွားသည်။



*အာ...ဒီလောက်နဲ့ပြီးသွားပြီလား ခုလေးတင် သူ့ကို သန့်ရှင်းရေးအဒေါ်ကြီးလို့ ပြောမိလို့ သေချာပေါက် စိတ်ဆိုးနေတာပါ*




ဂျယ်ယွန်းက ဆေးရုံကုတင်ဘေးနားရှိ ခုံတန်းရှည်တွင် ပုံမှန်အတိုင်း ပြန်ထိုင်နေသော ဆောင်းဟွန်းအားမဝံ့မရဲကြည့်လိုက်သည်။



သူက ကျောပြင်ကိုဖြောင့်မတ်ထားပြီး ပေါင်ပေါ်လက်တင်လျက် ကျက်သရေရှိစွာထိုင်နေသည်။



ထိုင်‌ေနရုံနှင့်မျှ မသေမျိူးတစ်ဦးကဲ့သို့ တင့်တယ်သောအနှီအမျိုးသားသည် တခြားကမ္ဘာမှ အလှတရားတစ်ခုလိုဖြစ်လာပြီး ခုနက ဒေါသတကြီးနှင့် အန္တရာယ်များလွန်းသော လူသားနှင့် မတူသော လူတစ်ဦးကဲ့သို့ပင် ထင်ရလေသည်။




ဆောင်းဟွန်း၏ ရုပ်ရှင်ဆန်ဆန် အသွင်ပြောင်းလဲမှုကြီးက ဂျယ်ယွန်းအား မျက်လုံးပြူးကာ "အပြောင်းအလဲမြန်ချက်က ထိပ်တန်းသရုပ်ဆောင် ရုပ်ရှင်ဧကရာဇ်ပီသပါပေ့"ဟု မရေရွတ်ဘဲမနေနိုင်အောင်ဖြစ်ရရှာသည်။



ဂျယ်ယွန်းက သူ့ဘေးကလူအား  တခဏလောက် အကြည့်မလွှဲနိုင်ဖြစ်‌နေခဲ့သည်။




ထိုအချိန်တွင် ဆေးရုံခန်း၏ ပြတင်းပေါက်အပြင်ဘက်မှ နေရောင်ခြည်က ဆောင်းဟွန်း၏ တစ်ကိုယ်လုံးပေါ်တွင် အနည်းငယ်ဖြာကျလျက်ရှိသည်။




‌နေရောင်ရသောပြတင်းပေါက်ကိုကျောပေးထားသဖြင့် ဂျယ်ယွန်း ရှု‌ေထာင့်မှကြည့်လျှင် ဆောင်းဟွန်း၏မျက်နှာအမူအရာက အနည်းငယ်မှုန်ဝါးနေသည်။



ယမန်နေ့ကလို ၀တ်စုံပြည့်မဟုတ်ဘဲ ထသွားထလာ၀တ်စုံကိုသာ‌ေပါ့‌ေပါ့ပါးပါး၀တ်ဆင်ထားသည့်ထိုအမျိုးသားသည် ရွှေရောင်လွှမ်းသော နေရောင်ခြည်အောက်တွင် ငြိမ်သက်တိတ်ဆိတ်စွာထိုင်နေသည်မှာ အန္တရာယ်ကင်းနေဟန်ရှိသည်။



လူနာ၀တ်စုံ၀တ်ထားသော ကုတင်ပေါ်မှကောင်လေးက ဘေးဘက်ခုံတန်းရှိလူငယ်အား ပြုစားခံထားရသည့်နှယ် မမှိတ်မသုန်‌ေငးမိ‌ေနသည်။




ဂျယ်ယွန်း၏ ဖြေးဖြေးမှန်မှန်နှင့် ခုန်နေသော နှလုံးခုန်သံဟာ သူမသိလိုက်ခင်အချိန်မှာပင် မြန်ဆန်လို့လာလေပြီ။



ဂျယ်ယွန်းနှင့်ခြားနားစွာ ဆောင်းဟွန်းကတော့ ဂျယ်ယွန်းအား ပြန်မော့မကြည့်လာဘဲ မျက်လွှာချလျက် ‌လက်ကောက်၀တ်က တန်ဖိုးကြီးနာရီအား ငုံ့ကြည့်ကာ ကစားနေပုံရသည်။




သူက ဂျယ်ယွန်းကို‌ေမာ့မကြည့်ဘဲ ရုတ်တရက်ဆိုသလိုမေးလိုက်သည်။



"ခုနကဘယ်သူနဲ့ဖုန်းပြောနေတာလဲ"



ဆောင်းဟွန်းအသံက ပျင်းရိမှုတချို့ရောယှက်လျက် ပေါ့ပါးနေပြီး ခုနက လေးနက်စွာ‌ေပြာနေသည့်လေသံနှင့်ယှဉ်ရင် အန္တရာယ်မရှိဟုထင်ရနိုင်သည်။



"အမ်?"



ဂျယ်ယွန်းက စိတ်နဲ့လူနဲ့မကပ်သည့်အပြင် ရုတ်တရက်ထွက်ပေါ်လာသည့် မေးခွန်းကြောင့် ကြောင်နေပြီး ပြန်ဖြေဖို့မေ့သွားကာ ဆောင်းဟွန်းအား အူတူတူရုပ်လေးဖြင့်သာ ကြည့်နေသည်။



ဆောင်းဟွန်းက ပြန်‌‌ေဖြသံမကြားတာ‌ေကြာင့် ထိုကောင်‌ေလးအားမော့ကြည့်လိုက်ပြီး ပြုံးလိုက်သည်။



"ကိုယ်က မေးနေရင် ချက်ချင်းအဖြေရရမှ ကျေနပ်တာ
သိလား ဂျယ်ယွန်း"



ထိုသူက ပြုံးစစလုပ်ရင်း ပြောလာသည့်အခါ သူ့ပါးပေါ်က ပါးချိုင့်လေးက ထင်းကနဲထွက်ပေါ်လျက်ရှိသည်။



သူမတူအောင်ချောမောသည့်ရုပ်ရည်ပိုင်ရှင်ထိုလူသားက သူ့အား အန္တရာယ်ကင်းစွာ ပြုံးပြနေသော်ငြား ဂျယ်ယွန်းကတော့ ကျောရိုတစ်‌ေလျှာက်အေးစိမ့်စိမ့်ခံစားချက်ကို ခံစားလိုက်ရသေးသည်။



ဂျယ်ယွန်းပင်မသိလိုက်ဘဲ သူ၏ကျောပြင်လေးက မတ်သွားပြီး နာခံမှုရှိသည့်အနေအထားဖြစ်သွားသည်။



သူက ဆောင်းဟွန်းအား ခိုးကြည့်လိုက်ပြီး သတိထားလျက်မေးလိုက်၏။



"စီနီယာက ကျွန်တော်နဲ့ဖုန်းပြောနေတဲ့လူဘယ်သူလဲလို့ မေးတာလား"



ဆောင်းဟွန်းက ထောက်ခံသည့်အနေဖြင့် "အမ်း~"ဟု အသံပြုလိုက်သည်။




ဂျယ်ယွန်းစိတ်ထဲကနေ သူနဲ့ဘာဆိုင်လို့ ပြန်ဖြေရမှာလဲဟု တွေးလိုက်သော်လည်း လက်တွေ့တွင် မသိစိတ်မှနေ၍ ဆောင်းဟွန်းမေးသမျှ ပြန်ဖြေပြီးနေပြီဖြစ်သည်။



"ခုနအစောပိုင်းက ကျွန်တော့်မိသားစုနဲ့ဖုန်းဆက်နေတာ‌ေလ ပြီးတော့ ဟျောင်း...အာ မဟုတ်ဘူး...စီနီယာအီသန်ဆီကဖုန်းလာလို့ သူနဲ့ပြောနေတာပါ စီနီယာပတ်ခ်ဘာလို့မေးတာလဲမသိဘူးဗျ"



ဆောင်းဟွန်းက ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေပြီး အပြုံးမပျက်မေးလာသည်။



"အီသန်ကဘယ်သူလဲ"



ဂျယ်ယွန်းက ဘာကြောင့်မှန်းမသိဘဲ ဆောင်းဟွန်း၏အပြုံးက ကျောချမ်းဖို့ကောင်းသည်ဟုခံစားနေရသည်။


‌ခုနကလိုဒေါသထွက်နေမှန်းသိသာနေသည့်ဆောင်းဟွန်းက ကြောက်ဖို့ကောင်းတယ်ဆိုလျှင် ပြုံးနေသော ဆောင်းဟွန်းက ပိုလို့ပင်ကြောက်ဖို့ကောင်းနေသလိုလိုပင်။



အပြင်လောကမှာသာ ထိုစကားကိုထုတ်ပြောမိလျှင် ဆောင်းဟွန်းဖန်‌ေတွထံမှ သူ့အား အမှုန့်ကြိတ်ခံရကိန်းရှိသည်ဟု  ဂျယ်ယွန်း တွေးလိုက်မိသေးသည်။




သို့ပေမဲ့ ဂျယ်ယွန်းမသိလိုက်သည်မှာ ဆောင်းဟွန်း၏ အေးဂျင့်လေးဂျောင်၀န်းသာ သူ့စကားကြားလို့ကတော့ "မှန်လိုက်လေခြင်း"ဆိုပြီး ချီးကျူးနေမှာအမှန်ပင်။




မည်သို့ပင်ဆိုစေကာမူ အတွေးများနေသော ဂျယ်ယွန်းခမျာ နဖူးထက်မှနာကျင်မှုကြောင့် နိုးထလာလေသည်။



ဂျယ်ယွန်းက သူ့ကိုနဖူး‌ေတာက်လိုက်‌ေသာ ဆောင်းဟွန်းကို စိတ်ဆိုးစွာကြည့်လိုက်စဥ်တွင် ထိုလူက သူ့အား ပြုံးပြလာပြန်သည်။



"ကိုယ်နဲ့စကားပြောနေတုန်း အာရုံလွင့်တာကိုအမုန်းဆုံးပဲ ဒါကြောင့် အပြစ်ပေးတာ"



ဂျယ်ယွန်းက အနည်းငယ်နာကျင်သွားသော နဖူးအားပွတ်ရင်း ဆောင်းဟွန်းကိုမကျေမနပ်ကြည့်လိုက်သော်လည်း ဘာမှပြန်ပြီး အထွန့်မတက်ရဲပေ။




ဆောင်းဟွန်းက သူ့အား အန္တရာယ်ကင်းသည့်ဟန်ဖြင့် ပြုံးပြလိုက်ပြီး ခုနကမေးခွန်းကိုသာထပ်မေးသည်။




"ဆိုတော့...အီသန်ကဘယ်သူလဲ"



ဂျယ်ယွန်း : *နေပါဦး ‌ပတ်ဆောင်းဟွန်းက အီသန်ဟျောင်းကိုဘာလို့ဒီလောက်စိတ်၀င်စားနေတာလဲ မဟုတ်မှလွဲရော သူကဂေးလို့၀န်ခံထားတယ်တော့ ငါ့အစ်ကိုကို မျက်စိကျသွားတာတော့မဟုတ်ဘူးလား*




ဂျယ်ယွန်းအတွေးတွေကနက်နဲနေပြီး ဆောင်းဟွန်းအား ပြန်မေးမိလေသည်။




"ဘာလို့သိချင်တာလဲဟင်"



"ဒီအတိုင်းပဲလေ မင်းဆီကိုလာတာ ကိုယ်ပါဆိုပြီးမပြောနိုင်ဘဲ လိမ်ပြောရလောက်အောင် တစ်ဖက်လူက ဘယ်သူများဖြစ်နေမလဲလို့ သိချင်စိတ်ဖြစ်မိလို့"



တခြားလူက သူလိမ်‌ပြောမိသည့် အကြောင်းထည့်ပြောလာသည့်အခါ ဂျယ်ယွန်း အနည်းငယ်မျှ အပြစ်မကင်းဖြစ်သွားကာ ရှက်မိသွားသည်။



ထို့ကြောင့် သူက စိတ်လှုပ်ရှားစွာဖြင့် သူ့‌လက်ချောင်းလေးတွေကို ငုံကြည့်နေပြီး တိုးတိုးလေးပြန်ဖြေလိုက်သည်။



" အဲ့လိုမဟုတ်ပါဘူး အီသန်‌ေဟျာင်းက ကျွန်တော့်နဲ့ entertainment တစ်ခုတည်းက စီနီယာတစ်‌ေယာက်ပါ

စီနီယာပတ်ခ်က ဒီစက်ဝိုင်းထဲမှာ အရမ်းနာမည်ကြီးတဲ့သူတစ်ဦးဆိုတော့ မလိုအပ်ဘဲနဲ့  စီနီယာ့နာမည်ကို လက်လွတ်စပယ်ထုတ်မပြောတာကောင်းမယ်ထင်လို့‌ပါ မဟုတ်ရင် တခြားလူတွေအထင်လွဲ‌ေကာင်းလွဲနိုင်တယ်‌ေလ

ပြီးတော့ တစ်ယောက်ယောက်ကျွန်တော်နဲ့ စီနီယာရဲ့ဆက်ဆံရေးကို မေးခွန်းထုတ်လာခဲ့ရင်လဲ ဘယ်လိုပြန်ဖြေရမလဲမသိဘူး

အဲ့ဒါကြောင့် အမှန်အတိုင်း မပြောလိုက်မိတာပါ စီနီယာစိတ်အနှောင့်အယှက်ဖြစ်သွားအောင်လုပ်မိရင် တောင်းပန်ပါတယ်"




ဆောင်းဟွန်း သူ့အား ဂရုတစိုက်ရှင်းပြနေသည့်ကောင်လေးကို တွေးတွေးဆဆကြည့်လိုက်သည်။



တကယ်တော့ ဂျယ်ယွန်းပြောတာ အလုံးစုံတော့လဲမမှားပါဘူး



သူတို့နှစ်ဦးက အခုမှ နှစ်ကြိမ်မျှသာတွေ့ဖူးတာဖြစ်ပြီး ခင်မင်ရင်းနှီးသည့်ဆက်ဆံရေးလဲမရှိသေးတာမို့ အထွေအထူးပြောပြနေစရာမလိုပေ။



ဆောင်းဟွန်းက ဂျယ်ယွန်းအတွေးကိုနားလည်‌ေပးနိုင်သည်ဆိုပေမဲ့ ထိုအတွေးနဲ့ပတ်သတ်ပြီး ပျော်ရွှင်နေသည်လို့တော့မဆိုနိုင်ပါ။




အကြောင်းမှာ ဂျယ်ယွန်းက သူ့(ဆောင်းဟွန်း)ဖြစ်တည်မှုအား  ထိုအီသန်ဆိုလား ဘယ်သန်ဆိုလား ထိုလူကိုမသိစေချင်ဘဲလိမ်ညာ‌ေပြာဆိုလိုက်ခြင်းကြောင့်ပင်။



နဂိုထဲက ကျိုး‌ေကြာင်းဆီ‌ေလျာ်မှုသိပ်မရှိသည့် ဆောင်းဟွန်းက ဘာကြောင့်မှန်းမသိ တွေးလေလေမပျော်မရွှင်ဖြစ်လာလေသည်။



ဆောင်းဟွန်းသည် ဂျယ်ယွန်းပါးစပ်မှ အီသန်ဟျောင်းဟု တစ်ခါခေါ်လိုက်တိုင်း ချဉ်စူးစူးခံစားချက်ကိုရနေသော်လည်း တစ်ခါမှ မချစ်မိဖူးသည့်အတွက် ယခုခံစားနေရသော သ၀န်တိုသည့်ခံစားချက်ကို နားမလည်ခဲ့ပေ။



သူက ဂျယ်ယွန်းကို မှုန်ကုတ်ကုတ်ဖြင့်ကြည့်ကာ "အီသန်ဆိုတဲ့တစ်ယောက်နဲ့ရင်းနှီးလား" ကလေးဆန်စွာဟုမေးလိုက်သည်။



ဂျယ်ယွန်းက ဘာကြောင့်မေးလာမှန်းမသိပေမဲ့ "သေချာတာပေါ့ သူက ကျွန်တော့်စီနီယာပဲ‌ေလ"ဟု ရိုးသားစွာဖြေနေဆဲပင်။




ထိုအခါတွင် ဆောင်းဟွန်း၏စိတ်က နဂိုထက် ၁.၅ဆလောက် ပိုပြီး မပျော်မရွှင်ဖြစ်လာသည်။



ထို့ကြောင့် ဆောင်းဟွန်းက ချက်ချင်းဆိုသလို ခနဲ့တဲ့တဲ့လေသံဖြင့် ရွဲ့ပြောလေသည်။



"အိုး~ ဟိုလူကိုလဲ စီနီယာ‌ေခါ်လိုက် ဒီလူကိုလဲစီနီယာခေါ်လိုက်နဲ့ မင်းမှာစီနီယာတွေအများကြီးရှိတာလား"




ထိုသို့သောမေးခွန်းဖြင့် ရင်ဆိုင်လိုက်ရသည့်ဂျယ်ယွန်းက  ‌မျက်မှောင်ကြုတ်ကာ ဆွံ့အနေရုံသာရှိတော့သည်။




*ဒါကရော ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ စကားပါလိမ့်?

ငါက debutတာ တစ်နှစ်ပဲရှိ‌ေသးတဲ့ လူသစ်လေးပဲလေ ငါ့ထက်ဝါကြီးတဲ့ အနုပညာ‌ရှင်‌ေတွအားလုံးက သေချာပေါက် ငါ့စီနီယာတွေပဲမဟုတ်ဘူးလားလို့*



ဂျယ်ယွန်းက ဆောင်းဟွန်းကိုကြည့်လိုက်ပြီး တစ်ဖက်လူက ဘာကြောင့်မှန်းမသိ စိတ်ကောက်နေတဲ့ ကလေးကြီးနဲ့တူနေတယ် ဟု ‌ရုတ်တရက်တွေးမိသွားသည်။



ထိုသို့တွေးပြီး နောက်တစ်စက္ကန့်အကြာတွင် ဂျယ်ယွန်းခမျာ သူ့အတွေးနှင့်သူပြန်ထိတ်လန့်သွားလေသည်။



*နေမကောင်းလို့ရူးသွားတာလား ရှင်းမ်ဂျယ်ယွန်းရေ

ကြည့်စမ်းပါဦး ဒီလူကဘယ်လိုလုပ် ကလေးကြီးဖြစ်နိုင်မှာလဲ ဖြစ်ချင်းဖြစ် ကလေး‌ေတွကိုဖမ်းစားတတ်တဲ့ နတ်ဆိုးကြီးပဲဖြစ်မှာပေါ့*




ဆောင်းဟွန်းကတော့ သူ့ကိုဘာမှပြန်မဖြေတဲ့ကောင်လေးကိုသာ မမှိတ်မသုန် ကြည့်မိနေသည်။



ဂျယ်ယွန်း၏အကျင့်မှာ တခါတလေ သူ့ဘာသူတစ်ယောက်တည်း အတွေးထဲနစ်နစ်နေတတ်ကြောင်း ဆောင်းဟွန်းသတိထားမိသည်။



စကားပြောနေရင်းတန်းလန်းဖြင့် သူ့အား အူတူတူအတတငေးကြည့်နေတတ်သည်မှာ ဉာဏ်တုံးတဲ့ ခွေးပေါက်လေးတစ်ကောင်ဖြင့်ဆင်တူနေတတ်သည်။



မပါးနပ်တဲ့သူတွေကိုဆောင်းဟွန်းက မကြိုက်ပေမဲ့ ဂျယ်ယွန်း၏ အနှီပုံစံလေးမှာဝောာ့ ဆောင်းဟွန်းမျက်စိထဲတွင် ချစ်ဖို့ကောင်းနေဟန်ပေါ်သည်။



ထိုကဲ့သို့‌ ဆောင်းဟွန်း၏ အကြည့်စူးစူးတွေနှင့်ရင်ဆိုင်ရသည့်အခါအတွေးထဲနစ်နေသည့်ဂျယ်ယွန်းက စိတ်နှင့်လူနှင့်ပြန်ကပ်သွားတော့သည်။




ဂျယ်ယွန်းက စိတ်မမှန်သည့်ထိုလူကြီး ဒေါသပေါက်ကွဲမှာလဲကြောက်နေတာကြောင့် သူ၏မေးခွန်းအား မယုတ်မလွန်သာပြန်ဖြေမိ၏။



"ကျွန်တော်က အခု‌ rookie တစ်ဦးဆိုတော့လေ  စီနီယာ‌တွေက အနည်းနဲ့အများတော့ ရှိတာပေါ့ဗျာ"





ဂျယ်ယွန်းက ‌ထိုသို့ပြောပြီးနောက် တစ်ဖက်လူ၏မျက်နှာအရိပ်အကဲအား ခိုးကြည့်လိုက်သည်။


ဆောင်းဟွန်း‌ကမူ ဂျယ်ယွန်းအဖြေကို ထောက်ခံသည့်ဟန်ဖြင့် ခေါင်းတဆတ်ဆတ်ပင်ညိတ်ပြနေလိုက်သေးသည်။



သို့ပါသော်လည်း သူ့နှုတ်ကထွက်လာသည့်စကားမှာဝောာ့ သူ့အမူအရာနှင့် ဆန့်ကျင်ဘက်ပင်။



"ဒါဆိုရင် မင်းက အဲ့ဒီ့အရမ်းများတဲ့စီနီယာတွေအားလုံးကို ဟျောင်းလို့ခေါ်နေကြပေါ့လေ ဟုတ်လား"



ဂျယ်ယွန်းက စိတ်သက်သာရာရမယ်မကြံသေးဘဲ ဆက်ပြောလာသည့် ဆောင်းဟွန်းစကားကြောင့် စိတ်ရှုပ်သွားရလေသည်။



ဂျယ်ယွန်းစိတ်ထဲတွင်တွေးနေသည်က *ဒီလူကစကားပြောရင် အတော်လက်ပေါက်ကပ်တဲ့သူပဲ*ဟူ၍ပင်။




အနှီ ထိပ်တန်းတကာ့ထိပ်တန်း ရုပ်ရှင်ဧကရာဇ်ကြီး၏ ဦးနှောက်ပတ်လမ်းက အတော်ကိုထူးဆန်းလွန်းတာပဲဟု ဂျယ်ယွန်း တွေးမိသွား၏။



"ကျွန်တော်နဲ့ ရင်းနှီးတဲ့သူ‌ေတွကိုတော့ ဟျောင်းလို့ ခေါ်မိတယ်ထင်တာပဲ ဘာလို့လဲဟင်"



ဆောင်းဟွန်းက အပြုံးမမည်သော အပြုံးဖြင့် ပြုံးလိုက်ပြီး ပြန်ဖြေ၏။



"ဘာမှမဟုတ်ပါဘူး မေးကြည့်ရုံပါ"



ဂျယ်ယွန်းလဲ ထိုလူ၏ အတွေး‌အခေါ်တွေကို နားလည်အောင် ကြိုးစားဖို့မ‌ဖြစ်နိုင်သဖြင့် မှုန်ကုပ်ကုပ်လေးဖြင့်သာကြည့်နေမိတော့သည်။



အခန်းထဲက တိတ်ဆိတ်မှုက အနည်းငယ် ကြာမြင့်သွားသည့်အခါ မနေနိုင်တော့သောဂျယ်ယွန်းက စတင်မေးလိုက်မိသည်။




"ဟို စီနီယာပတ်ခ် ဒီနေ့ရောက်လာတာ ကိစ္စတစ်ခုခုများရှိလို့လားဟင်"




ဆောင်းဟွန်းက လက်ပိုက်လျက် ဂျယ်ယွန်းကို သေချာကြည့်လိုက်ပြီး ပြန်ဖြေသည်။



"ကိစ္စလား...ရှိတာပေါ့"



"ဘာကိစ္စများလဲမသိဘူး?"



"ဘာလဲဆိုတော့ တစ်ယောက်‌ေသာသူက ပေးစရာရှိတဲ့အကြွေးမဆပ်ဘဲ ထွက်ပြေးသွားမှာကြောက်လို့ လာcheckတာလို့ပြောရမလား"




ထိုသူ့အဖြေကြောင့်ဂျယ်ယွန်း စိတ်လေသွားသည်။



*တကတည်း ပြောနေပုံက ငါကပဲသူ့ဆီက ငွေတွေသန်းနဲ့ချီပြီးချေးထားတဲ့ပုံနဲ့*


ဂျယ်ယွန်းက မကျေမနပ်နှင့်မို့ မနေနိုင်ဘဲ ပြန်ပြောမိသွားသည်။



"စီနီယာကလဲဗျာ...ကျွန်တော်က လူလိမ်မဟုတ်ပါဘူး ပြောထားပြီးရင် ကတိတည်ပါတယ်"



ဆောင်းဟွန်းက‌ေတာ့ ဘာမှဆက်မပြောဘဲ သွားစွယ်တွေပေါ်အောင် ပြုံးကာ ဂျယ်ယွန်းကိုသာကြည့်နေသည်။




ဂျယ်ယွန်းကတော့ ဆောင်းဟွန်း‌ပြုံးတာမြင်လိုက်တိုင်း အကြည့်မလွှဲနိုင်အောင်ဖြစ်နေရသည်။



ပျိုမဒီလေးတွေရဲ့ နှင်းဆီခိုင်ဖြစ်နေတာကိုမပြောနှင့်ဦး...ထိုသူ၏အပြုံးကြောင့် ဂျယ်ယွန်းပင် ခဏတိုင်း သွေးဆောင်ခံနေရလေသည်။



ဂျယ်ယွန်းက လျှင်မြန်စွာအကြည့်လွှဲလိုက်ပြီး စိတ်ထဲတွင် ခေါင်းကိုပြင်းထန်စွာခါယမ်းလျက် စိတ်ထဲစွဲနေသော ဆောင်းဟွန်း၏ ဖျားယောင်းသွေးဆောင်နိုင်စွမ်းရှိသည့် အပြုံးကို ပယ်ဖျောက်ဖို့ကြိုးစားနေခဲ့သည်။




*စိတ်ထိန်းစမ်း ဂျယ်ယွန်း

အပြင်ပန်း အလှတရား‌ေကြာင့် လှည့်စားခံရလို့မဖြစ်ဘူးနော်

သူ့ရဲ့အတွင်းက နှလုံးသားက ဒီလောက် မည်းနက်နေတာကို*



ဂျယ်ယွန်းကစိတ်ထဲကနေ သူ့ကိုသူ ပြန်ဆုံးမနေရင်း တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်



*ဟူး~သူကအရမ်းအန္တရာယ်များတာပဲ ငါတကယ်ဆုံးဖြတ်လိုက်ပြီ အခုကစပြီး ဒီနတ်ဆိုးကြီးနဲ့ တတ်နိုင်သလောက်ဝေးဝေးမှာနေရမယ်*



ဂျယ်ယွန်း၏အတွေးကိုမသိသော ပတ်ခ်-နတ်ဆိုးကြီး-‌‌ေဆာင်းဟွန်းက‌‌ေတာ့ ၀တ်ရုံနီကောင်မလေးကိုလှည့်စားဖို့ကြံနေတဲ့ ဝံပုလွေကြီး၏အပြုံးနှင့် သူ့ရှေ့ကလူငယ်လေးအား ပြုံးကြည့်နေဆဲပင်။



ဂျယ်ယွန်းခမျာတော့ ထိုသူတခါပြုံးပြလိုက်တိုင်း ကြက်သီးမွှေးညင်းတွေပါထလာသလိုလို။



ဆောင်းဟွန်းက သူ့အကြည့်ကို လွှဲဖယ်ကာ အရှက်သည်းနေသောကောင်လေးအား သဘောကျစွာကြည့်လိုက်သည်။



"ဟုတ်ပါပြီ ဆေးရုံကဆင်းရင် ပြောထားတဲ့အတိုင်း ကတိတည်ဖို့မမေ့နဲ့ဦးနော် ကောင်လေး"




ထိုသို့ပြောလာသည့်အခါ ဂျယ်ယွန်းခမျာ "ဟုတ်ကဲ့ သိပါပြီ"ဟုပြောရုံကလွဲပြီး ဘာတတ်နိုင်ဦးမှာလဲ။



ဂျယ်ယွန်း၏နာခံမှုအပြည့်ရှိသည့်ပုံလေးကိုကြည့်ရင်း ဆောင်းဟွန်းကျေနပ်သွားသည်။

သူ့ကိုစိတ်ဆိုးဒေါသထွက်နေသည့်အခါလည်း ချစ်ဖို့ကောင်းသည်။

ယခုလို လိမ္မာရေးခြားရှိနေသည့်အခါတွင်လည်း ဂျယ်ယွန်းက ချစ်ဖို့ကောင်းနေဆဲပင်။

ချစ်ဖို့ကောင်းလွန်းလို့ တချိန်လုံးထိုင်ကြည့်နေမိရင်တောင် ငြီးငွေ့ပါ့မလားဟု ဆောင်းဟွန်းတွေးနေမိသည်။


ရှင်းမ်ဂျယ်ယွန်းဆိုသည့်ကောင်လေးကိုတွေ့ဖူးတာနှစ်ခါပင်ရှိသေးသော်ငြား ထို‌ေကာင်ငယ်‌ေလးက ဆောင်းဟွန်းစ်ိတ်ထဲတွင် အလွန်စိုးမိုးနေပြီဖြစ်သည်။



လူနာ၀တ်စုံ၀တ်ထားသည့် ကောင်လေး၏ မျက်နှာလှလှလေးကိုကြည့်ရင်း ဆောင်းဟွန်းမျက်၀န်းတွေထဲတွင် အမျိုးအမည်မသိ မီးတောက်လေးတစ်ခုလောင်ကျွမ်းလို့နေသည်။



*ဘယ်လိုလုပ်ရမလဲ သူနဲ့အခုထပ်ပိုပြီး နီးစပ်ချင်‌တယ်*



အချစ်ရေးအား တစ်ခါမှ အလေးမထားဖူးသည့် ဆောင်းဟွန်းက ယခုလို တစုံတယောက်အပေါ် လောဘရှိနေမိတာဟာ သူ့အတွက်တော့ ပထမဆုံးပင်။



သူ၏ ယခင် ဆက်ဆံရေးများကလဲ အပျင်းပြေကစားရုံထက်ပင်မပိုချေ။



သူ့ကိုလာကပ်သည့်မည်သူမဆို အကြိမ်အနည်းငယ် တွေ့ဆုံပြီးတာနှင့် ငြီးငွေ့လာတတ်တာကြောင့် ဤစက်ဝိုင်းအတွင်းတွင် ဆောင်းဟွန်း၏ နာမည်က အလံနီတလူလူလွင့်နေသည့် ပလေးဘွိုင်းအဖြစ် နာမည်ကြီးနေတာဖြစ်သည်။




ဆောင်းဟွန်းကတော့ သူများတွေပြောကြတာနှင့်ပတ်သတ်ပြီး အထွေအထူး ဂရုစိုက်မနေပါ။



သူက သူစိတ်ထဲရှိရာလုပ်တတ်သူဖြစ်ပြီး သူ့ကိုယ်သူလဲ လူကောင်းတစ်ယောက်လို့မထင်သည်မို့ တဖက်လူ၏ ခံစားချက်ကိုထည့်တွက်နေမှာမဟုတ်ပေ။



ဤမျှ အသည်းမာသော လူသားက ယခုအခါတွင်တော့ အနည်းငယ်အခက်ကြုံနေရပြီဖြစ်သည်။



ဂျယ်ယွန်းနှင့် နီးစပ်ချင်မိသော်လည်း အရင်လို အပျော်ကစားချင်ရုံလားဆိုတာကို ဆောင်းဟွန်းကသူ့ကိုယ်သူဝေခွဲမရပေ။



ထိုအပြင် ဤကလေး၏ ဖြူစင်သော မျက်၀န်းများကိုကြည့်လိုက်တိုင်း ထိုဖြူစင်မှုကို မဖျက်စီးရက်ဖြစ်နေတာကြောင့် သူ့ခံစားချက်များကို ပြန်လည်ဆန်းစစ်ဖို့ ကြိုးစားရုံသာရှိ‌ေတာ့သည်။



သူ့အ‌ေနနဲ့ ဂျယ်ယွန်းအပေါ်ဘယ်လိုသဘောထားလဲ သေချာမသိသေးပေမဲ့ သေချာတာတစ်ခုကတော့ ဂျယ်ယွန်းက တခြားလူများနှင့် ရင်းနှီးနေတာကိုကြည့်ရတာ မပျော်နေပေ။



ဂျယ်ယွန်း၏ အပြုံးချိုချိုလေးများက အီသန်ဆိုသည့်လူအတွက်မဟုတ်ဘဲ သူ့အတွက်သာဖြစ်စေချင်သည်။



ဆောင်းဟွန်းက ပေါက်ကွဲထွက်လာသည့် ပိုင်ဆိုင်လိုစိတ်တွေကို ထိန်းချုပ်ကာ ဂျယ်ယွန်းကြောက်မသွားအောင် ကြိုးစားနေရသည်။



ယခုအချိန်မှာအရေးအကြီးဆုံးအရာက ဂျယ်ယွန်းက သူ့အပေါ်ပိုပြီး ရင်းနှီးလာဖို့ပင်။


နတ်ဆိုးကြီးထံမှ ဖမ်းစားခံရမဲ့အရေးကိုမသိရှာသော ဂျယ်ယွန်းကတော့ ဆောင်းဟွန်းနှင့် ကောင်းကောင်းမွန်မွန်ပင် စကားစမြည်ပြော‌နေခဲ့သည်။



" နောက်တစ်ပတ်ကျရင် ဆေးရုံဆင်းရ‌ေတာ့မှာလား"



"အွန်း ဟုတ်တယ်လေ"




"ဘာလို့တစ်လလောက်မနေတာလဲ ကျန်းမာရေးကဖြင့်ကောင်းသေးတာမဟုတ်ဘူး"



"မဟုတ်တာဗျာ ကျွန်တော်သာ တစ်လလောက်ဆေးရုံမှာ‌နားနေရင် ကျွန်တော့်အေးဂျင့်က ဒေါသပေါက်ကွဲကုန်လိမ့်မယ်"



"မင်းကိုဘယ်သူဂရုစိုက်ပေးနေတာလဲ လူနာစောင့်တောင်မတွေ့ပါလား"



"အ‌ချိန်ပိုင်းလာလုပ်ပေးတဲ့အဒေါ်တော့ရှိပါတယ် အချိန်ပြည့်ငှားစရာလဲမလိုဝောာ့ ခဏတဖြုတ်ပဲခေါ်ထားလိုက်တာ"



"ကိုယ်ပြောတာ မင်းရဲ့ အေးဂျင့်တို့ဘာတို့ကိုပြောတာ"




ဆောင်းဟွန်းအမေးကြောင့် ဂျယ်ယွန်းကအနည်းငယ်တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလာသည်။



"ကျွန်တော့်အေးဂျင့်က ဒီမြို့မှာမရှိဘူးရယ်

ကျွန်တော်က သူ့လက်အောက်က တစ်ဦးတည်းသောအနုပညာရှင်မဟုတ်တော့ တခြားလူတွေကိုလဲ ဂရုစိုက်ရသေးတယ်လေ

သူစီစဉ်ပေးထားတဲ့ လက်ထောက်လေးတွေကတော့ တစ်ရက်ခြားတစ်ခါလောက် လာကြည့်ပါတယ်"




ဆောင်းဟွန်းနှုတ်ခမ်းထောင့်လေးက လှပစွာကွေးညွတ်သွားပြီး လှောင်ပြုံးတစ်ခုဖြစ်လာသည်။




သူက လက်ပိုက်မဖြုတ်ဘဲ ပြုံးကာရေရွတ်လိုက်သည်။




"မင်းအေးဂျင့်က တော်တော်တော့ကောင်းသားပဲ...."




ဂျယ်ယွန်းကအံ့အားသင့်စွာလှည့်ကြည့်လာသည့်အခါ ဆောင်းဟွန်းက ပြောလို့မပြီးသေးသည့် သူ့စကားကိုဆက်ပြောလိုက်သည်။



"တော်တော်ကောင်းတယ်....စိတ်ပျက်ဖို့"



တစ်ဖက်လူ၏ ခနဲ့ပြုံးကိုကြည့်ရင်း ဘာကြောင့်မှန်းမသိ ဂျယ်ယွန်း အနည်းငယ် ရယ်ချင်လာသည်။



*ရုပ်ချောတဲ့လူတွေက ဘာလုပ်လုပ် တင့်တယ် တယ်ဆိုတဲ့စကားက တကယ်မှန်တာပဲ*ဟု တွေးလိုက်သည်။



ဆောင်းဟွန်း၏မျက်နှာချောချောဖြင့် လူတစ်ယောက်အား ကျိန်ဆဲ‌ကာမကောင်းပြောနေရင်တောင် ကြည့်ရမဆိုးလှပေ။



ဂျယ်ယွန်းက စိတ်ထဲ‌ကနေခိုးရယ်နေတုန်း ဆောင်းဟွန်းက ဂျယ်ယွန်း၏ အေးဂျင့်အား အဆိပ်ပြင်းသော သူ၏လျှာနှင့် ဆက်လက်ဝေဖန်နေသည်။



ဂျယ်ယွန်းက ငြိမ်ငြိမ်လေးနားထောင်နေသော်ငြား သူ့စိတ်ထဲတွင်တော့ အနည်းငယ်ကျေနပ်နှစ်သိမ့်မှုဖြစ်ပေါ်နေသည်။




သူ၏အေးဂျင့်က သူ့အပေါ်ကောင်းမကောင်း သူကိုယ်တိုင်အသိဆုံးဖြစ်သော်လည်း အနုပညာလောကထဲစဝင်ကတည်းက တွေ့ဆုံခဲ့သည့် ထိုသူက ဂျယ်ယွန်းအပေါ်ကျေးဇူးတရားတချို့လဲရှိနေသေးတာကြောင့် ဂျယ်ယွန်းက ပြဿနာမရှာဘဲ သည်းခံစိတ်ကိုမွေးမြူထားခြင်းသာ။




သူ့အေးဂျင့်၏ သဘောထားနှင့်သူ့အပေါ်ဆက်ဆံမှုတို့ကို ဘယ်သောအခါကမှ အထွန့်မတက်ဖူးသော်ငြား တစုံတယောက်က သူ့အစား ပြောဆိုပေးနေတာကို ကြားရတဲ့ခံစားချက်က နည်းနည်းတော့ ကောင်းသလိုလိုပင်။




ဆောင်းဟွန်းက ဂျယ်ယွန်း အေးဂျင့်၏ တာ၀န်မကျေမှုကို ပြောနေရင်း ရွှင်မြူးနေဟန်ပေါ်သော ဂျယ်ယွန်းမျက်လုံးလေးတွေကိုကြည့်ရင်း သူ့နှုတ်‌ခမ်းထောင့်တွေက အနည်းငယ် ကော့တက်သွားသည်။




သူက ဂျယ်ယွန်း၏ လက်ဖမိုးလေးကို တို့ထိလိုက်ရင်း ပြောလိုက်၏။



"မင်း company ကမကောင်းဘူး
ကိုယ်တို့ company ကိုပြောင်းခဲ့ပါလား"



ဂျယ်ယွန်းက ဆောင်းဟွန်း၏ ပြုံးယောင်သန်းနေတဲ့ နှုတ်ခမ်းထောင့်ကိုကြည့်မိပြီး သူ့မျက်နှာက အနည်းငယ်ပူလာတာကိုခံစားလိုက်ရသည်။



သူက ဆောင်းဟွန်းအား  ပြန်လည် ပြုံးပြလိုက်ပြီးနောက် ပြန်ဖြေ၏။



"စီနီယာကဝောာ့နောက်နေပြန်ပြီ"




ဆောင်းဟွန်းက မျက်ခုံးကိုပင့်လိုက်ရင်း ဂျယ်ယွန်း၏ အပြုံးမျက်နှာလေးကိုစိုက်ကြည့်နေသည်။



*အာ...ဒီကလေးရဲ့ ပြုံးနေတဲ့ပုံလေးက တကယ်ချစ်ဖို့ကောင်းသားပဲ*



"မနောက်ပါဘူး မင်းသာ လာချင်ရင် ကိုယ့်companyက ကောင်းကောင်းဆက်ဆံမှာပါ"



"ဟီး အနုပညာရှင်တစ်ယောက်နဲ့စာချုပ်ချုပ်ဖို့ကိုတောင် စီနီယာက ပြောပေးနိုင်တယ်ပေါ့လေ တကယ်မိုက်တယ်"



ဂျယ်ယွန်းက သိပ်ပြီးလေးနက်မနေပါ။



ရုပ်ရှင်ဧကရာဇ်ကိုယ်တိုင်ကလဲ အနုပညာရှင်တစ်ဦးပဲဖြစ်နေသေးတာမို့ ဆောင်းဟွန်း၏စကားက company မှာ ဘယ်လောက်အရာရောက်မှာမို့လဲလေ။



သို့ပေမဲ့ တကယ်တမ်း ဂျယ်ယွန်းမသိခဲ့တာက ဆောင်းဟွန်း၏ company က ဆောင်းဟွန်း၏ အပိုင်ဆိုတာပါပဲ။



အလွန်အမင်းချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဌေးသားတစ်ဦးအနေနဲ့ Entertainment တစ်ခုလောက်ပိုင်ဆိုင်နိုင်သည်မှာ အထူးတဆန်းတော့မဟုတ်ချေ။



ဆောင်းဟွန်းဘက်က သိုသိုဝှက်ဝှက်နေခြင်းကြောင့် ထိုအကြောင်းကို company ၏ ထိပ်ပိုင်းရာထူးကြီးများနှင့် ဂျောင်၀န်းတို့လိုလူတွေသာ သိနေခြင်းဖြစ်သည်။




မည်သို့ပင်ဆိုစေကာမူ ‌ဂျယ်ယွန်းက ယုံကြည်တဲ့ပုံမပေါ်တာကြောင့် ဆောင်းဟွန်းက ဆက်ပြီးမပြောတော့ပေ။



ရလဒ်ကောင်းတွေရဖို့ အချိန်တော့ယူရမှာပါပဲ... ကောင်ကလေးနဲ့နီးစပ်ဖို့လဲ တစ်လှမ်းချင်းသွားတာကောင်းပါတယ်လေ




ဆောင်းဟွန်းက ဂျယ်ယွန်း၏ မျက်နှာလေးကိုကြည့်ကာ ယခုမှသာ လူနာကိုသီတင်းမေးဖို့သတိရတော့သည်။




"ဘယ်လိုနေသေးလဲ ဗိုက်အောင့်နေလား"



ဂျယ်ယွန်းက ရုပ်ရှင်ဧကရာဇ်ကြီး၏ နူးညံ့မှုကိုနေသားမကျတာကြောင့် အနည်းငယ်ကြောင်အနေပြီးမှ ပြန်ဖြေသည်။



"သက်သာပါတယ် တခါတလေပဲအောင့်တာပါ"



"သက်သာရင်ပြီးတာပဲ ဆေးရုံကဆင်းရင်သာ ကိုယ့်ကို ညစာကျွေးဖို့မမေ့နဲ့ပေါ့"



ဂျယ်ယွန်းက အကြွေးရှင်ကြီးအားကြည့်ကာ တိတ်တိတ်လေးမျက်လုံးလှန်လိုက်သည်။



"သိပါတယ်နော်"



ဂျယ်ယွန်း၏ လှုပ်ရှားမှု‌ေသး‌ေသ‌ေး‌ေလးက သူ့ကိုတောက်လျှောက်ကြည့်နေတဲ့ ဆောင်းဟွန်း သတိမထားမိဖို့ မဖြစ်နိုင်ပါချေ။



သူက သဘောကျသည့်ဟန်ဖြင့် အသံထွက်သည်အထိရယ်ရင်း ဂျယ်ယွန်း ဆံပင်တွေကိုဆွဲဖွလေသည်။



ဂျယ်ယွန်းက သူ့ဆံပင်တွေကိုထိတွေ့နေသည့် လက်ပိုင်ရှင်အား မျက်စောင်းထိုးရင်း ‌စိတ်ထဲကဝေဖန်လိုက်သည်။




*ဒီလူကဝောာ့ တော်တော် skinship ကြိုက်တဲ့လူပဲ*




ဆေးရုံခန်းထဲကလေထုက အချင်းများမှုတွေမရှိဘဲ အနည်းငယ်သင့်မြတ်နေသည်။




ဆောင်းဟွန်းနှင့်စကားစမြည်ပြောဖြစ်နေတာကြောင့် ဂျယ်ယွန်း၏ အထီးကျန်မှုက လျော့ပါးနေတာကိုတော့ ၀န်ခံရလိမ့်မည်။




ဆောင်းဟွန်းက စကားပြောကောင်းမွန်ပြီး သူ့ကိုကြည့်နေရသည်မှာ မျက်စိပသာဒဖြစ်သည်။



တခါတရံမှာ သူ့ပုံစံက ရည်မွန်ပြီး အန္တရာယ်ကင်းဟန်ပေါက်တာကြောင့် သူ၏ ဒေါသကြီးပြီးစိတ်မမှန်တဲ့ပုံရိပ်ကိုသာ မျက်စိဖြင့်တပ်အပ်မမြင်ဖူးရင်  ဂျယ်ယွန်းပင်လှည့်စားခံရနိုင်လေသည်။



ဂျယ်ယွန်း၏ အတွေးထဲတွင်တော့ စိတ်မမှန်ပုံ‌ေပါ်သည့် ဆောင်းဟွန်း၏ ပုံစံကသာ အစစ်အမှန်ဖြစ်သည်ဟု ထင်မိသည်။




ထို့နောက်တွင်‌ေတာ့ ဆောင်းဟွန်းမှာ နာရီနှင့်ချီသည်အထိ မထွက်သွားသေးတာကြောင့် ဂျယ်ယွန်းတစ်‌ေယာက် တရေးတမောအိပ်ချင်လာပြီး ခိုး‌ေကြာင်ခိုး၀ှက်ဖြင့် သမ်းဝေနေမိသည်။



ဆောင်းဟွန်းက ထိုသည်ကို သတိပြုမိပြီး သူ့ဖုန်းကိုထုတ်ကာ ဂျယ်ယွန်းကိုပြောလိုက်သည်။




"မင်းရဲ့ဖုန်းနံပါတ်ပြော"



ဂျယ်ယွန်းက ငြင်းလို့လဲရမှာမဟုတ်မှန်းသိနေတာကြောင့် လိမ်မာစွာပင် ပြောပြလိုက်သည်။




ဆောင်းဟွန်းက သူ့ဖုန်းနံပါတ်ကို ရိုက်ထည့်ကာ contact name အား "ချစ်စရာမျက်ရည်အိတ်လေး"ဟု မှတ်ထားလိုက်သည်။



ထို့နောက် သူက ဂျယ်ယွန်း၏ ဖုန်းနံပါတ်ကို ‌ဖုန်းခေါ်လိုက်သည့်အခါ ကုတင်ဘေးတွင်တင်ထားသည့် ဂျယ်ယွန်းဖုန်းက သီချင်းသံမြည်လာသည်။



ဂျယ်ယွန်းက မတုံ့ပြန်ရသေးခင် ဂျယ်ယွန်း၏ဖုန်းအား ဆောင်းဟွန်းက အရင်ယူလိုက်ပြီး screen မှာပေါ်နေသည့် သူ့နံပါတ်ကို ကြည့်လိုက်သည်။



သူက ပြုံးလိုက်ပြီး ဂျယ်ယွန်းကိုလှည့်ကြည့်ကာမေး၏။



"ကိုယ့်နံပါတ်ကိုမမှတ်ထားဘူးပေါ့လေ"



ဂျယ်ယွန်းမှာ သူ့ကိုပြုံးကာကြည့်နေသည့်ထိုသူကိုကြည့်ရင်း ကြက်သီးများထလာသည်။



"ကျွန်တော်မေ့သွားလို့ ဟိုဖုန်းနံပါတ်ကိုတော့ မပျောက်အောင်သိမ်းထားပါတယ် ဒီမှာ"



ဂျယ်ယွန်းမှာ သူ့အိတ်ကပ်ထဲက ဆောင်းဟွန်းချန်ထားခဲ့သည့် စာရွက်ကို အမြန်ထုတ်ကာ ‌ပြလိုက်သည်။




ဆောင်းဟွန်းက ဂျယ်ယွန်းကိုကြည့်နေသေးသော်လည်း အခန်းတွင်းရှ် အေးစက်နေသည့်လေထုက လျော့ကျသွားသည်ကိုခံစားရသည်မို့ ဂျယ်ယွန်းမှာ သက်ပြင်းခိုးချလိုက်သည်။


ဆောင်းဟွန်းက ပိုင်စိုးပိုင်နင်းဖြင့်  ဂျယ်ယွန်းဖုန်းကို ယူလိုက်ပြီး သူ့နံပါတ်ကို saveလုပ်လိုက်သည်။



ဂျယ်ယွန်းက သူ့ဖုန်း screen ပေါ်မှ "ကိုကိုဆောင်းဟွန်း"ဆိုသည့်နာမည်ကို မြင်ပြီးနောက် သူ့နှုတ်ခမ်းထောင့်တွေတွန့်သွားသော်လည်း နတ်ဆိုး၏ ဒေါသကိုမဆွချင်တာကြောင့် ပါးစပ်သာပိတ်နေလိုက်တော့သည်။



ဆောင်းဟွန်းက ကျေနပ်စွာဖြင့်ပြုံးလိုက်ပြီး  မတ်တပ်ထရပ်လိုက်သည်။




ဂျယ်ယွန်းကမော့ကြည့်လိုက်ချိန်တွင် ဆောင်းဟွန်းက ရုတ်ချည်းဆိုသလို အရှေ့သို့ငုံ့ကိုင်းလာပြီး ဂျယ်ယွန်းမှာ ထိုသူ၏ နွေးထွေးသော ပွေ့ဖက်မှုကိုခံလိုက်ရသည်။



ဆောင်းဟွန်းဟလက်မောင်းများက ဂျယ်ယွန်း‌ေကျာပြင်ကို ရစ်သိုင်းထားပြီး တဖက်လူ၏ ပူပြင်းသောကိုယ်ငွေ့က သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလို့သွားသည်။




ဂျယ်ယွန်းက မျက်လုံးပြူးလေးဖြင့် ကြောင်အနေစဉ်မှာပင် ဆောင်းဟွန်းကနောက်ကိုပြန်ဆုတ်သွားပြီး သူ့ကို‌ေပြာလိုက်သည်။




"ကိုယ်ငယ်ငယ်က ပြည်ပမှာကြီးပြင်းခဲ့တာဆိုတော့ နှုတ်ဆက်တဲ့အခါကျရင် ဒီလိုမျိုးနှုတ်ဆက်တတ်တယ်လေ"



ဂျယ်ယွန်းက ဘာမှပြန်မပြောနိုင်သေးခင်မှာဘဲ သူက ထပ်ပြောလေသည်။



"ကိုယ်‌တို့တွေက အချင်းချင်း ဖုန်းနံပါတ်လဲပြီးတဲ့ ဆက်ဆံ‌ေရးဆို‌ေတာ့ စီနီယာမဟုတ်ဘဲ ကိုကိုလို့ခေါ်လို့ရတယ်မလား"


ဂျယ်ယွန်းက တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်သော်လည်း ထိုလူကတော့ သူ့အဖြေက်ိုမ‌ေစာင့်ဘဲ နောက်‌ေကျာလှည့်ကာ တာ့တာပြသွားလေပြီဖြစ်သည်။



"ကိုကိုသွားပြီ Bye"



ဂျယ်ယွန်းက ပါးစပ်ဟကာ ဘာပြောရမှန်းမသိတာကြောင့် "တာ့တာ"ဟုသာတိုးတိုးလေးပြောရင်း ဖြောင့်မတ်ကျော့ရှင်းတဲ့ ကျောပြင်ကိုသာ ကူကယ်ရာမဲ့စွာ ကြည့်နေမိတော့သည်။






{ဆက်ရန်}



Okey-Dokey-Yo has something to say: long time no seeပါချစ်တို့ရေ စာရေးဖို့မိုတီလေးရအောင် တစ်ပိုင်း‌ေလာက်လာတင်‌တာရယ် နောက်အပိုင်းတွေကစပြီး Complete ဖြစ်တဲ့ထိရေးပြီးမှအကုန်ပေါင်းတင်ပေးမယ်လို့စဥ်းစားထားတာမို့ အပ်ဒိတ်ကြာပါဦးမယ်ရှင်🥲(တစ်ပိုင်းချင်းစီတင်ပေးစေချင်ရင်တော့ မန့်ခဲ့နော်)

Continue Reading

You'll Also Like

483K 14.6K 98
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
327K 9.8K 105
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
610K 9.5K 88
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
619K 18.7K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...