( တချို့ စာလုံးတွေ uni နဲ့ပေါင်းလို့မရလို့ဖြည့်ဖတ်ပေးပါ)
"ဟင့် ဆောင်ဟွန်း ဆောင်ဟွန်း!"
"ယွန်း! ဘာလို့လဲ ယွန်းငယ်"
ဂျယ်ယွန်း က ငိုပြီးအိမ်ထဲကိုပြေးဝင်လာပြီးဆောင်ဟွန်းကိုရှာတာကြောင့် အပေါ်ကနေ ပြေးဆင်းလာတဲ့ဆောင်ဟွန်း။
"ဟင့် ဆောင်ဟွန်း မင်လေး ပျောက်သွားပြီ"
"မင်လေး ပျောက်သွားတယ် ဟုတ်လား"
"ဆောင်ဟွန်း မင်လေးကို ရှာပေး"
"ကိုယ်ရှာပေးမယ်နော် ခနလေး"
"မရဘူး အခု ရှာပေးလို့ ဟင့်"
ဂျယ်ယွန်းက အရမ်းငိုပြီးပြောတယ်။
"ယွန်းငယ် ကိုယ်ရှာပေးမှာမို့ ယွန်းက ဘယ်လိုပျောက်ခဲ့တာလဲဆိုတာ ကိုယ့်ကိုပြောပြရမယ်"
"ငါ..ငါပြောပြမယ်
ဆောနူ မနက်က လာခေါ်တာ မင်းသိတယ်မလား။ ငါတို့ ကစားကွင်းကိုလာခဲ့ကြတာ။ ငါတို့သုံးယောက်လုံး ကားမောင်းတဲ့ဂိမ်းဆော့နေတာ ငါလဲ တစ်ချိန်လုံး မင်လေးကို ကြည့်နေခဲ့တာ..ဟင့် ဒါမဲ့ ငါနောက်တစ်ခါထပ်ကြည့်တော့ မင်လေးမရှိတော့ဘူး။ ငါလဲ ကစားကွင်းတစ်ခုလုံးပတ်ရှာပါသေးတယ်။ ဒါမဲ့မတွေ့ခဲ့ဘူး ဟင့်"
"ဟုတ်တယ်ဟျောင်းရဲ့"
"ယွန်းဘာမှစိတ်မပူနဲ့ ကိုယ်ရှာပေးမယ်"
(sunoo became a third preson)
ဆောင်ဟွန်းလဲ သူ့လူတွေလွှတ်ပြီး ရှာခိုင်းထားပေမဲ့ 10နာရီထိုးတဲ့ထိပြန်မလာခဲ့ဘူး။ ဂျယ်ယွန်းက အရမ်းငိုနေခဲ့တယ်။
"ယွန်းရယ်မငိုပါနဲ့ မင်လေးက ပြန်လာမှာပါ"
*တီတီတီ*
"ဟယ်လို ဒေါ်လေး"
"ရား ရှင်းမ်ဂျယ်ယွန်း နင်ကလေးကို ဘယ်လို စောင့်ရှောက်ထားတာလဲ"
"ဟင်"
"ဂျယ်မင် ပျောက်သွားတယ်မလား အခု ငါ့အိမ်မှာ အမြန်လာခဲ့"
"ဟင် မင်လေးက ဒေါ်လေးအိမ်မှာလား ကျတော်အခုလာခဲ့မယ်"
ဆောင်ဟွန်းနဲ့တူတူထွက်လာခဲ့လိုက်တယ်။
"အော် ဂျယ်ယွန်းရောက်ပြီလား ဝင်"
"ဟုတ်ကဲ့ ဒေါ်လေး မင်လေးရော"
"အထဲမှာ"
"ကိုကို"
"ကိုကိုက စိတ်ပူနေတာမင်လေးရယ် ဘာတွေသွားနေခဲ့တာလဲ"
"ရှင်းမ်ဂျယ်ယွန်း နင်ကလေးကို ဘယ်လိုစောင့်ရှောက်တာလဲ"
"သားသား toilte သွားတာ ကိုကို့ ကိုမပြောခဲ့မိလို့ပါ ဒေါ်လေးရဲ့ ကိုကို့အပြစ်မဟုတ်ပါဘူး"
"မင်လေး ဒီကိုဘယ်လိုရောက်လာတာလဲ"
"တော်သေးတယ် ရှင်းမ်ဂျယ်ယွန်းရေ နင်တို့သွားတဲ့ကစားကွင်းက အရင်က သွားနေကြဆို ဟုတ်လား ငါမသိအောင်ခိုးထွက်နေတာလား"
"ကျွန်တော် အဲ့လိုသွားပေးနေလို့ အခု မင်လေးက အိမ်ကိုလမ်းသိပြီးပြန်လာနိုင်တာမလား"
"အေးပါဟယ် နောက်တစ်ခါကလေးကိုသေချာကြည့် ဂျယ်မင် မင်းကလည်း တစ်နေရာရာသွားရင် လူကြီးကိုပြောသွား ကြားလား နှစ်ယောက်လုံး"
"nae"
"ဒေါ်လေး ကျွန်တော်တို့ ပြန်တော့မယ်"
"အေး ဂရုစိုက်သွားကြ"
အိမ်ကိုအတူပြန်လာခဲ့ကြပြီး အိပ်ဖို့ပြင်ကြတယ်။ ဂျယ်ယွန်းက ဂျယ်မင်ကို ဖက်ပြီးမအိပ်ချင်သေးတာမို့ လှဲနေလိုက်ပါတယ်။ အဲ့အချိန် အနောက်ကနေ လာဖက်တဲ့လက်တစ်ဆုံကြောင့် လန့်သွားခဲ့တယ်။
"အမလေး ဟင် ဆောင်ဟွန်း ဘယ်လိုရောက်လာတာလဲ"
"ကိုယ် ယွန်းကိုလွမ်းလို့"
ဂျယ်ယွန်းတို့လဲ ဂျယ်မင်အိပ်နေလို့ အောက်မှာဆင်းထိုင်နေကြရင် ပျင်းလာလို့ ခြံရှေ့က ခုံတန်းလေးမှာထွက်ထိုင်နေကြတယ်။
"ဟိုမှာကြည့်ဆောင်ဟွန်း ကြယ်တွေအများကြီးပဲ လှလိုက်တာ"
"ဟုတ်တယ် ယွန်းက ကြယ်တွေနဲ့တူတယ် သိပ်လှတယ်"
ဂျယ်ယွန်းရဲ့ နီရဲလာတဲ့ နားရွက်လေးတွေကို ဆောင်ဟွန်းက သူ့ လက်သွယ်သွယ်လေးတွေနဲ့ ပွတ်သပ်နေခဲ့တယ်။
"ယားတယ်လို့"
"ယားတာလား ယားရင် ကလိထိုးမယ်ကွာ"
"အ့ အဟား ဆောင်ဟွန်း အားဟားယားတယ်"
"ယွန်း"
"ဟွန်"
"ချစ်တယ်"
"ဟင်"
"ချစ်တယ်"
"ဆောင်ဟွန်း မစနဲ့ကွာ ငါရှက်တယ်"
"ကိုယ် ယွန်းကို ချစ်တယ် ကိုယ်တကယ်ပြောနေတာ ယွန်းကိုယ့်အချစ်ကိုလက်ခံတယ်မလား"
"ငါ..ငါ မသိဘူး အွတ်"
ဆောင်ဟွန်းက ဂျယ်ယွန်း မျက်နှာလေးကို ဆွဲလှည့်လိုက်ပြီး နမ်းလိုက်တယ်။
"ဆောင်..ဆောင်ဟွန်း ငါအထဲဝင်တော့မယ်"
"ကိုယ့်ကို စောင့်ပါအုံး ယွန်းရဲ့"
"မစောင့်ဘူးဟာ"
________________________
ဘား သွားမယ်ပြောပြီး
ထား သွားတဲ့ ကိုကိုဟွန်းကို
ဘောကျတယ် 😞