𝘗𝘺𝘳𝘢𝘮𝘪𝘥 𝘎𝘢𝘺 𝘈𝘭𝘭...

By Hyacinth_yar_yar

3.2K 260 135

ပြန်မွေးဖွားလာတိုင်း ခင်ဗျားကိုဘဲ ချစ်မှာ။ ခင်ဗျားက ငါ့ရဲ့ အရာ အားလုံးဖြစ်ခဲ့တာမို့.... More

MTF 2 ʰᵃʳⁱⁿ ˣ ᵈᵒᵃʰ
MTF 3 (end) ʰᵃʳⁱⁿ ˣ ᵈᵒᵃʰ
𝖲𝖡𝖬𝖲 1 ʰᵃʳⁱⁿ ˣ ʸᵉʳⁱᵐ
SBMS 2 (𝗲𝗻𝗱) ʰᵃʳⁱⁿ ˣ ʸᵉʳⁱᵐ
𝗨 𝗿 1 (ᴇɴᴅ) ʰᵃʳⁱⁿ ❤︎ ˢᵘʲⁱ

MTF 1 ʰᵃʳⁱⁿ ˣ ᵈᵒᵃʰ

1.2K 61 35
By Hyacinth_yar_yar


Mᴏʀᴇ Tʜᴀɴ Fʀɪᴇɴᴅ

𝖨 𝗅𝗈𝗏𝖾 𝗁𝖾𝗋 𝗆𝗈𝗋𝖾 𝗍𝗁𝖺𝗇 𝖺 𝖿𝗋𝗂𝖾𝗇𝖽, 𝖻𝗎𝗍
𝗂 𝖽𝗈𝗇'𝗍 𝗍𝗁𝗂𝗇𝗄 𝗌𝗁𝖾 𝖼𝖺𝗇 𝖻𝖾 𝗆𝗈𝗋𝖾 𝗍𝗁𝖺𝗇
𝖺 𝖿𝗋𝗂𝖾𝗇𝖽 𝗍𝗈 𝗆𝖾.



Unicode

ဒီနေ့ ဒိုအာ ကျောင်းတက်ရမဲ့ ပထမဆုံး
နေ့ ဖြစ်သည်။ တတိယနှစ်မို့လို့ အရင်
ကထက် စာတွေကိုပိုအာရုံစိုက်ရမည်
လည်း ဖြစ်သည်။ ဒိုအာအတွက် အရေး
ကြီးဆုံးက...

နံပါတ် တစ် စာ

နံပါတ် နှစ် စာ

နံပါတ် သုံး စာ ဖြစ်သည်။

ကျောင်းသူဘဝမှာ စာကလွဲရင် ဘယ်
အရာမှ ဒိုအာ စိတ်ဝင်စားမည်မဟုတ်။
ဒိုအာရဲ့ ဆောင်းပုဒ်က ကျောင်းနေပျော်
၍ စာတော်ရမည်ဖြစ်သည်။

ဒိုအာရဲ့ နှစ်ယောက်မရှိတဲ့ သူငယ်ချင်း
လေး ဟာရင်းကတော့...

စာသင်ချိန် အိပ်ခြင်းဖြင့် ဦးနှောက်
ချောင်ခြင်းမှ သက်သာပါသည်တဲ့လေ။
ဟာရင်းက အတန်းထဲမှာ အမြဲ အဆင့်
2နဲ့3ဝင်နေကြ။ အတန်းချိန်မှာ အမြဲ
အိပ်လည်း ဉာဏ်ကောင်းတဲ့ ဟာရင်းက
တော့ 2နဲ့3ကနေ လုံးဝမဆင်းပါ။

ထုံးစုံအတိုင်း ဒိုအာက ရှေ့ဆုံးအတန်း
မှာဆို ဟာရင်းက နောက်ဆုံးအတန်း
မှာဘဲ။ အတန်းထဲ ဝင်လာတဲ့ သူမကို
ဟာရင်းက လက်ပြကာနှုတ်ဆက်
သည်။

"အန်ညော်... ဒိုအာ။ "

"အန်ညော်"

လွယ်အိတ်ကို ခုံအနောက်မှာ ချလိုက်
တော့ သူမဆီကို တန်းတန်းမတ်မတ်
လာနေသည့် ဟာရင်း။ သူ့လက်ထဲမှာ
banana milkတစ်ဘူးကိုင်လာပြီး
နောက်ထပ် banana milkတစ်ဘူး
ကို သောက်ရင်းလာခဲ့သည်။

"ရော့... နင့်အတွက်။"

ဒိုအာ ဟာရင်းကို ပြုံးပြလိုက်ပြီး...

"ကျေးဇူးပါ ဟာရင်း။"

"မပြုံးပါနဲ့။"

ရုပ်တည်ကြီးနဲ့ ပြောတော့ ဘာများ
ဖြစ်လို့လဲပေါ့။ ဒိုအာမှာ စိုးရိမ်စိတ်
နဲ့ ပြန်မေးရသည်။ ဟာရင်းက သူ့ရဲ့
ရင်ဘတ်ကို လက်နဲ့ဖိပြီး ခေါင်းငုံ့
လိုက်သည်။

"ဘာဖြစ်တာလဲ ဟာရင်း။ တစ်ခုခု
နေမကောင်း..

"ဟတ်ထိသွားလို့။"

ကလေးလေးလို ပြုံးပြီးပြောလာသည့်
ဟာရင်း။ ဒိုအာကသာ မှားတာပါ။
ဟာရင်းရဲ့ အကျွမ်းကျင်ဆုံးအလုပ်
က Flirtတာပင်။ ဒါကလည်း သူမ
တစ်ယောက်ထဲအပေါ်ကိုသာ။

အမှန်တိုင်း ဝန်ခံရရင် ပထမနှစ် စတက်
ကတည်းက ဟာရင်းက သူမကို ချစ်
ကြောင်း ဝန်ခံထားတာ။ ကျောင်းနေ
အရွယ်မှာ စာသာကြိုးစားချင်သေး
တယ်ဆိုပြီး ငြင်းခဲ့ရသည်။

ငြင်းခဲ့ပေမဲ့ ဟာရင်းကော၊ သူမကော
အနေမခက်ကြဘဲ အရင်လိုခင်ခင်မင်
မင်နဲ့ ရှိနေတုန်းပါဘဲ။

"နင်ကတော့ မလွယ်ကြောဘဲ။ ငါ
စာကြိုကြည့်မလို့ ။ နင်ကော ကြည့်
မလာ။"

"ဟင့်အင်း။ တော်ပါပြီး ဒိုအာရဲ့။
မနက်စောစောစီးစီး ကြည်လင်နေတဲ့
စိတ်ကလေးတွေ မညိုးနွမ်းချင်ဘူး။
နင့်မျက်နှာဘဲ ထိုင်ငေးတော့မယ်။"

ဒိုအာ ခေါင်းခါပြီး ဘာမှ ဆက်မပြော
တော့။ အတန်းချိန်ရောက်လာတော့
ဟာရင်းလည်း သူ့အတန်းကို ပြန်သွား
သည်။

ပထမဆုံးနေ့မို့လို့ အများကြီးတော့
မသင်လိုက်ဘူး။ ဘာဘဲဖြစ်ဖြစ် ဒီနေ့
သင်ထားတဲ့ စာတွေက ဒိုအာ ကြို
လေ့လာထားတာမလို့ ခက်မနေ။

တစ်နေ့လုံး ကျောင်းမှာ ပုံမှန်အတိုင်း
လည်ပတ်နေရတာက စက်ရုပ်ကြီးလို
ခံစားရကြောင်း ဟာရင်းက အိမ်ပြန်
လမ်းမှာ ညည်းငြူရင်းဆိုပြန်သည်။
ဒိုအာ အတွက်တော့ ကြားနေကြ
စကားမို့ ပြုံးနေရုံသာ တတ်နိုင်သည်။

ဒိုအာနဲ့ ဟာရင်းက မျက်နှာချင်းဆိုင်
အိမ်နီးချင်းဖြစ်ပြီး ငယ်ပေါင်းလည်း
ဖြစ်သည်။ အိမ့်ရှေ့ရောက်တော့
ဟာရင်းက သူမကို လက်ပြပြီး...

"ညနေမှ စာအတူလုပ်ဖို့ လာတော့
မယ်။"

"အွန်း။ စောင့်နေမယ်။"

ဆေးရုံအုပ်မို့ အိမ်မှာ ဖေဖေက မရှိပေ။
မေမေက ငယ်ငယ်ကတည်းက ဆုံးသွား
တာမို့ ဒိုအာတို့မှာ သားဖနှစ်ယောက်
တည်းသာ ရှိသည်။ အထီးကျန်ပြီး
ပျင်းစရာကောင်းတယ်ဆိုပေမဲ့
ဟာရင်းလာတဲ့ အချိန်တိုင်း ဒိုအာ
အတွက်မပျင်းရပါ။

ဟာရင်းက စာလုပ်ပြီးရင် ဒိုအာနဲ့
ဇာတ်ကားအတူကြည့်တာတို့ အပြင်
ထွက်မုန့်ဝယ်စားတာတို့ အမျိုးမျိုး
လှည့်ပတ်ပြီး တောင်းဆိုတတ်လို့ ဒိုအာ
လည်း အမြဲတမ်း ဟာရင်းအလိုကျ
လုပ်ပေးမိသည်။ ကိုယ်တိုင်လည်း အဲ့
လိုမျိုးကို သဘောကျလို့ ဖြစ်ပါလိမ့်
မည်။

****တီး****

ဟာရင်း လာနေပြီးမို့ ဒိုအာ တံခါး
သွားဖွင့်ပေးလိုက်သည်။ လူက အခုမှ
ရေချိုးပြီးတာမို့ ခေါင်းကရေကို
ကောင်းကောင်း မသုတ်ခြောက်ရသေး။
တံဘက်ကို ဒီတိုင်းခေါင်းပေါ်ဘဲ တင်
ထားဖြစ်သည်။

ဒါကို ဟာရင်းကတွေ့တော့ အဖွားကြီး
ပေါက်စလေးလို သူမကို ဆူပြန်တယ်။

"ရား... ဆံပင်ကို အစိုနဲ့ အကြာကြီး
မထားနဲ့လို့ပြောထားတယ်မလား။"

"ငါခုဏကဘဲ ရေချိုးပြီးတာ။ ခေါင်း
သုတ်ခြောက်နေရင်း နင် လာလို့
တံခါးလာဖွင့်ပေးတာ။"

သူမအိမ်ရဲ့ ဘယ်နေမှာဘာရှိ အခြေ
အနေကို အားလုံးသိနေသူပီပီ ဟာရင်း
က သူမရဲ့လက်ကောက်ဝတ်ကို ဆွဲပြီး
အိပ်ခန်းထဲ ခေါ်လာသည်။ ပြီးနောက်
Dryer နဲ့သေချာ မှုတ်ပေးသည်။
ဆံပင်အရှည်ကြီး မဟုတ်တာမို့
ခဏလေးနဲ့ ခြောက်သွားသည်။

"ဒီနေ့ဘာစာ မရလို့လဲ။"

ဟာရင်းက စာလုပ်တာနည်းနည်း
သူမကို စာရှင်းပြခိုင်းတာ များများ
မို့ မေးလိုက်သည်။

"ဒီနေ့သင်တဲ့စာက လွယ်လွယ်လေး
ငါရတယ်။ နင်လည်းရတယ်မဟုတ်
လာ ဒိုအာ။"

"အင်း။ ဒါပေမဲ့ ငါရှေ့စာ ကြိုကြည့်
ထားရအုံးမယ်။"

"ဒါဆို နင်ကြိုပြီး ကြည့်ထားလိုက်။
ငါ ခေါက်ဆွဲသွားပြုတ်ထားလိုက်
မယ်။ နင်ဘာမှ မစားရသေးဘူး
မဟုတ်လာ။ "

"မစားရသေးဘူးဆိုပေမဲ့ နင် စာကြို
မကြည့်ဘူးလာ။ "

"ဟင့်အင်း။ မနက်ဖြန် ဆရာရှင်းပြ
တာ နားမလည်ရင် ညကြရင် နင့်ဆီ
ငါလာမေးမယ်လေ။"

စိတ်မပါတဲ့သူကို အတင်းခေါ်လို့
မရမှာ သိနေတာကြောင့် ဒိုအာခေါင်း
သာ ငြိမ့်ပြလိုက်သည်။

"ဒိုဒိုရေ... ငါ ခေါက်ဆွဲပြုတ်ပြီးပြီး။
အတူစားကြမယ်။"

"အွန်း ။ ငါ ဒီမှာ တွက်တာ အဖြေထွက်
နေပြီး။ ပြီးရင် လာခဲ့မယ်။"

"အွန်း။ မြန်မြန်လေး။"

ဟာရင်း စားပွဲပေါ်မှာ စားစရာတွေ
တင်ထားလိုက်ပြီး ဒိုအာ လာတာကို
ထိုင့်စောင့်နေလိုက်သည်။ သုံးမိနစ်
မကြာပါ။ ဒိုအာရောက်လာသည်။

"မြန်မြန်လာ။ နင့်ကို စောင့်နေရင်း
ငါ့ ဗိုက်ကအော်နေပြီး။"

"တောင်းပန်ပါတယ် မမလေးရယ်။
ကျွန်မနောက်ဆို မကြာစေရပါဘူး။"

ဟာရင်း ပြုံးလိုက်သည်။ ဒိုအာက
အရမ်းချစ်ဖို့ကောင်းသည်။ အခုလို
အိမ်နေရင်း အကျီ.. လေးနဲ့ ကလေး
လေးလိုဘဲ။

ဟာရင်း ပြုံးတော့ ဒိုအာက စားနေရင်း
နှင့် ...

"ဘာလို့ ပြုံးနေတာလဲ။"

ဟာရင်းက ဆက်မစားတော့ဘဲ သူမကို
မေးထောက်ကြည့်ကာ...

"ချစ်ဖို့ကောင်းလို့။ ဒိုဒိုက အရမ်းချစ်
ဖို့ကောင်းနေတော့ ငါ စားတဲ့ဆီကို
တောင် အာရုံမစိုက်နိုင်တော့ဘူး။"

"ငါ့ကို အများကြီး မflirtပါနဲ့။ နင်
တကယ် ချစ်တဲ့သူတွေ့ရင် Flirtဖို့
လည်း ထားပါအုံး။"

ဆက်ပြောလည်း Flirtတယ်ဘဲ ထင်မှာ
သိနေလို့ ဟာရင်း ဘာမှဆက်မပြော
တော့ဘဲ ပြုံး၍သာကြည့်နေမိတော့
သည်။ တစ်နေ့ကြရင် နင်ငါ့အချစ်
တွေကို လက်ခံပေးနိုင်ဖို့ မျှော်လင့်မိ
ပါရဲ့။

Continue Reading

You'll Also Like

593K 21.5K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
19.7K 1.3K 19
ရှင်သန်ခြင်းအကြောင်း ပြောကျကြေးဆို မ'ကတော့ ကလေးရဲ့အကြောင်းတွေဘဲ ပြောဖြစ်မယ်ထင်တယ်^^^ ~ I'm living for you~ only for you Love, Rosie Nothing...
899K 55.1K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1.2K 91 5
Annyeongz အဓိကနဲ့ တစ်ခြားအတွဲလေးတွေလည်းပါမည်။