100_Days of being in love

By ThetTantYoung

5.2K 650 102

"ခင်ဗျားကြိုက်တဲ့ကော်ဖီကိုကျွန်တော်ကိုယ်တိုင်ဖျော်ပေးချင်သေးတယ်။ ခင်ဗျားကိုစက်ဘီးပေါ်မှာတင်ပြီး တမြို့လုံးကို... More

Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11

Part-1

1.5K 87 19
By ThetTantYoung

"ဟေး။ မင်ဂယူ။"

စက်ဘီးဂိတ်မှာ စက်ဘီးကိုထိုးရပ်နေရင်း လှည့်ကြည့်လိုက်တော့ အီဆော့မင်ကို တွေ့လိုက်ရသည်။ တကယ်တော့ လှည့်ကြည့်စရာပင်မလိုပါ။ မနေ့တနေ့ကလောက်မှ ကျောင်းပြောင်းလာတဲ့ မင်ဂယူအတွက် သူငယ်ချင်းဆိုလို့ ဆော့မင်သာရှိသည်မဟုတ်ပါလား။

"မျက်နှာဘာဖြစ်နေတာလဲ။ မင်းနေမကောင်းဘူးလား။"

"ကောင်းပါတယ်။ ညကဒေါ်လေးဆိုင်အတွက် ကူလုပ်ပေးလိုက်ရတာ အိပ်ရေးသိပ်မဝလို့။"

စိုးရိမ်တကြီးမေးလာတဲ့ ဆော့မင်ကိုသာမန်ကာလျှံကာဖြေပြီးနောက် နှာခေါင်းကို တစ်ချက်နှစ်ချက်ရှုံ့လိုက်ကာ စက်ဘီးသော့ကို ဘောင်းဘီအိတ်ထဲကောက်ထည့်လိုက်သည်။

ရိုးရိုးကျောင်းယူနီဖောင်းအဖြူရှပ်ကလေးသာဝတ်ထားတဲ့ မင်ဂယူ့မျက်နှာလေးက မှုန်ပေပေနှင့်။ ဖြီးလိမ်းထားခြင်း အလျင်းမရှိတဲ့ ဆံပင်တိုနံ့နံ့လေးတွေက ဟိုထောင်ဒီထောင်ဖြစ်နေပေမဲ့ သိပ်ဂရုမစိုက်မိပါ။ ကိုယ့်အတန်းရှိရာဘက်ဆီသို့ ခြေဦးလှည့်လိုက်တော့ အတန်းတူတဲ့ ဆော့မင်ကပါ မင်ဂယူ့ပုခုံးကိုဖက်ရင်းလိုက်လာလေသည်။

"ငါတို့ဒီနေ့ညနေကျောင်းပြီးရင် ဘယ်သွားမလဲ။ နောက်အပတ်စာမေးပွဲမစခင်လေး ကာရာအိုကေသွားဆိုကြမလား။"

ဆိုးလ်လောက်လည်း မြို့မကြီး၊ အစွန်နယ်တွေလောက်လည်း တောမကျတဲ့ ဒီမြို့လေးမှာ အပန်းဖြေစရာက အတော်ရှားတဲ့ထဲ ကာရာအိုကေဆိုရတာက ဆော့မင်သဘောအကျဆုံးပင်။ သို့သော် မင်ဂယူမှာ တဝါးဝါးသမ်းလို့သာနေရင်း ဆော့မင်ပြောသမျှ ဘာမှသေချာပြန်မပြောနိုင်။ သူဆွဲခေါ်ရာတောက်လျှောက်ကိုသာ အလိုက်သင့်လေး လိုက်နေရင်း တစ်နေရာအရောက်တွင်တော့ ဆော့မင်သည် မင်ဂယူ့လက်ကို ဖျတ်ခနဲဆွဲချသွားလေသည်။

"လာ။ ဟိုဘက်ကသွားရအောင်။"

ထူးထူးဆန်းဆန်း လမ်းကြောကို ပြောင်းချလိုက်တဲ့ ဆော့မင်။ ဘာလို့များလဲဆိုပြီး လှမ်းကြည့်လိုက်တော့ မင်ဂယူမြင်လိုက်သမျှက လမ်းတစ်ဖက်ခြမ်းကကျောင်းဆောင်ကနေ ဆင်းချလာတဲ့ လူသုံးယောက်သာ။

"သူတို့နဲ့ထိပ်တိုက်မတွေ့တာ အကောင်းဆုံးပဲ။"

ထိုစကားကြောင့် အိပ်ချင်စိတ်လေးပင်ပြယ်ပြီး မင်ဂယူ့မျက်လုံးလေးကလယ်ကလယ် ဖြစ်သွားရသည်။

"ဘာဖြစ်လို့လဲ။"

လမ်းလျှောက်နေရင်းကနေ ရပ်သွားပြီး ဆော့မင်ရဲ့မျက်လုံးသေးသေးလေးတွေက မင်ဂယူကိုလှည့်ကြည့်လာသည်။ ဒါလေးတောင် မသိရကောင်းလားဆိုတဲ့ အကြည့်။ နောက်တော့ ဆော့မင်သည် မင်ဂယူ့လက်ကိုပြန်ဆွဲခေါ်သွားလေသည်။

"ဟိုမှာသေချာကြည့်။"

အကွယ်ကနေ မေးငေါ့ပြလိုက်တော့ မင်ဂယူလှမ်းမြင်လိုက်ရသည်က ချယ်ရီပင်အောက်က လူသုံးယောက်။ ခုနက ဆင်းလာတဲ့ လူသုံးယောက်ပင်ဖြစ်သော်လည်း သေချာကြည့်လျှင် သူတို့သုံးယောက်ကြားတွင် ကောင်လေးတစ်ယောက်ရောက်နေသည်ကိုတွေ့ရမည်ဖြစ်သည်။

"အဲ့သုံးယောက်က အထက်တန်းနောက်ဆုံးနှစ်က။ သူတို့ကို Devil Trioလို့ခေါ်တယ်။"

နာမည်ကြားရုံနှင့် မင်ဂယူကြက်သီးဖြန်းခနဲ ထသွားလေသည်။ Devil ဆိုတဲ့အသုံးအနှုန်းနဲ့ဆိုလျှင် သာမန်အဖွဲ့တော့မဟုတ်လောက်ဘူးမလား။

"ချွဲဆွန်းချော..သူ့အဖေက ရုရှားနဲ့ ဆက်နွယ်တဲ့ မာဖီးယားဂိုဏ်းကလို့ကြားတာပဲ။ပြီးတော့ သူကိုယ်တိုင်က တိုက်ကွမ်ဒိုခါးပတ်နက်အဆင့်။"

ဆော့မင်ပြောတဲ့သူကို မင်ဂယူသေချာကြည့်မိသည်။ အရပ်ခပ်မြင့်မြင့်နှင့် ကျောင်းယူနီဖောင်းကိုပါလေရုံဝတ်ကာ အောက်က စွပ်ကျယ်အနက်ကို အတိုင်းသားမြင်နေရသည်။ နှာတံကချွန်ချွန်၊ မေးရိုးထင်းထင်းနှင့် အကြည့်တွေက ရဲတင်းကာ မထီမဲ့မြင်အပြုံးတွေနှင့်။ ခုနကသူတို့အလယ်က ကျောင်းသားလေးဆိုလျှင် သူ့ရှေ့မှာ ဒူးထောက်မတတ်တောင်းပန်လို့နေလေသည်။

"မနှစ်က သူ့လက်သီးစာမိသွားတဲ့ ဒုတိယနှစ်ကျောင်းသား ဘာဖြစ်သွားတယ်ထင်လဲ။"

မင်ဂယူသည်မအူမလည်နှင့်ခေါင်းရမ်းပြလိုက်လေသည်။

"ရှေ့သွားလေးချောင်းလုံးကျွတ်ထွက်သွားတယ်။"

မသိလိုက်တဲ့အချိန်မှာပင် မင်ဂယူကိုယ့်ပါးစပ်ကိုယ်အုပ်လိုက်မိသည်။ ကြားလိုက်ရုံဖြင့် ၃၂ချောင်းသော သွားတွေ အမြစ်ကနေ ယားလာသလိုပဲ။

"ပြီးတော့ ဟိုဘက်မှာ ခပ်ပိန်ပိန်တစ်ယောက်ကို တွေ့လား။"

လှမ်းကြည့်လိုက်တော့ မျက်နှာချိုချိုကလေးနှင့် ခပ်ပြုံးပြုံးရှိတဲ့တစ်ယောက်။ ပန်းရောင်ဖျော့ဖျော့ ဆံပင်လေးတွေနှင့် မြင်လိုက်ရုံနှင့်တင် နေရောင်ခြည်လို နွေးထွေးသွားစေမဲ့ အပြုံးမျိုးလေး။ နေပါဦး။ သူကတော့ နည်းနည်းသဘောကောင်းမဲ့ပုံလေးပါ။

"အဲ့တာ ဟုန်းဂျီဆူး..သူ့မိဘတွေက LA မှာ။ သူ့ကိုမနိုင်လို့ ဒီမှာရှိတဲ့အဘိုးအဘွားတွေဆီကို ပို့လိုက်တာတဲ့။ ဟိုမှာဘာတွေဖြစ်ခဲ့လဲ ဆိုတာ အတိအလင်းမသိပေမဲ့ တစွန်းတစကြားမိတဲ့ဟာတွေတော့ရှိတယ်။"

မင်ဂယူသည်ဘာတဲ့လဲဆိုတဲ့ အကြည့်နဲ့ စိတ်ဝင်တစားလှည့်ကြည့်မိသည်။

"သူနဲ့တစ်ညလုံးအတူရှိနေခဲ့တဲ့သူက နောက်နေ့မနက်ကျတော့ တံတားပေါ်ကနေ ခုန်ချပြီးသတ်သေသွားတယ်တဲ့။"

နောက်ထပ်တစ်ကြိမ် ပါးစပ်ကို လက်နှင့်အုပ်လိုက်မိသည်။ မင်ဂယူ့မျက်လုံးတွေက အတိုင်းထက်အလွန်ပြူးဟလို့။ အဲ့ရုပ်ချောချောကလေးကလေ။ ထင်တောင်မထင်ရက်စရာ။

"မင်းခန့်မှန်းလို့တောင်မရတဲ့ နှိပ်စက်နည်းပေါင်းမျိုးစုံ သူ့ဆီမှာ ရှိတယ်။"

ဆော့မင် မျက်ခုံးကိုပင့်ပြီးပြောလာသည်ကိုက ခြိမ်းခြောက်ဟန်အပြည့်ပင်။ မင်ဂယူသည် ခပ်ပါးပါးထလာတဲ့ ကြက်သီးတွေကိုသပ်ချရင်း သူတို့သုံးယောက်ရှိနေရာကို ထပ်လှမ်းကြည့်မိသည်။ နောက်ဆုံးကျန်ရစ်သူ ကတော့ ခုံပေါ်မှာ ဒူးချိတ်ထိုင်လျက် ခပ်အေးအေးပင်ရှိနေလေသည်။

"နောက်တစ်ယောက်ကရော။"

မင်ဂယူသည်မျက်လုံးလေးဝင့်ရင်းဖြင့် စူးစမ်းလိုက်မိသည်။

"သူက ယွန်းဂျောင်ဟန်လေ။ Devil Trio အဖွဲ့ခေါင်းဆောင်။"

မင်ဂယူ့မျက်လုံးသေးသေးလေးများသည် အတိုင်းအဆမရှိပြူးသွားရသည်။

ဘယ်လို။ ဘယ်လို။အဲ့လိုနူးနူးညံ့ညံ့လေးက အဖွဲ့ခေါင်းဆောင်ပေါ့လေ။

ပုံစံလေးကိုလည်း ကြည့်ကြပါဦး။ လေတိုးရင်တောင် လဲတော့မဲ့ကိုယ်လုံးလေးနဲ့  ထိုင်နေတဲ့ပုံကိုက ခြေချိတ်ပြီး သက်တောင့်သက်သာလေး။ Stepပုံစံခုတ်ထားတဲ့ အနက်ရောင်ဖျော့ဖျော့ဆံပင်ရှည်လေးတွေကဂုတ်တဝိုက် ခပ်ဝဲဝဲ။စုတ်လုံးတစ်လုံးကို ပါးစောင်ထဲငုံခဲထားတာမို့ ပါးလေးတစ်ဖက်ကတော့ အနည်းငယ်ဖောင်းလို့။

"အဖေကအစိုးရဘက်အဖွဲ့အစည်းက။ ဆိုးလ်ကနေ ဒီနယ်ကိုပြောင်းလာတာ။ ဒီကျောင်းကိုလည်း ပိုက်ဆံတွေအများကြီးလှူထားတယ်။ ငါတို့အတန်းထဲက စာသင်ခုံတွေတောင် သူတို့မိသားစု နာမည်တွေနဲ့လေ။"

"သူကရောဘာမှမလုပ်ဘူးလား။"

ဆော့မင်ကပခုံးကိုတစ်ချက်တွန့်ပြသည်။

"ဘာမှလုပ်စရာမလိုဘူးလေ။ သူ့အစား ဟုန်းဂျီဆူးနဲ့ ချွဲဆွန်းချောကလုပ်နေတာကို။"

"သြော်.."

မင်ဂယူသည်ဘာဆက်ပြောရမလဲတောင်မသိတော့။

"အဲ့တော့ မင်ဂယူ.."

နောက်ဆုံးတော့ ဆော့မင်သည် မင်ဂယူကိုလှည့်ကြည့်လာခဲ့သည်။

"မင်းဒီကျောင်းမှာ အထိအခိုက်အနာတရမရှိဘဲနဲ့ ကောင်းကောင်းမွန်မွန်ရှေ့ဆက်ချင်တယ်ဆိုရင် သူတို့မျက်လုံးထဲမရောက်အောင် အတတ်နိုင်ဆုံးသာရှောင်နေ။ အကြည့်ချင်းတောင်မဆုံနဲ့။ ကြားလား။"

မင်ဂယူသည် ဆော့မင်ကိုခေါင်းညိတ်ပြလိုက်ပေမဲ့ တံတွေးတစ်စက်က လည်ချောင်းထဲသို့ ခြောက်ကပ်ကပ်ဖြင့်စီးဆင်းသွားလေသည်။ တကယ်တော့ ဆော့မင်သတိပေးတာ အရမ်းနောက်ကျသွားခဲ့လေပြီ။

***

မင်ဂယူအခုတက်နေသောကျောင်းတွင် ကျောင်းသားတွေက အလှည့်ကျစီ သန့်ရှင်းရေးအနေဖြင့် ကျောင်းဆောင်နောက်ဘက်တွေက အမှိုက်တွေကိုကောက်ရသည်။ မင်ဂယူနှင့် ဆော့မင် သည်အတန်းတူသော်လည်း အဖွဲ့မတူသောကြောင့် မင်ဂယူတစ်ယောက်တည်းသာ ထွက်လာခဲ့သည်။

အမှိုက်အိတ်တစ်လုံးနှင့် မီးညှပ်တစ်ချောင်းကိုကိုင်ကာ ကုန်းကုန်းကွကွနှင့် အမှိုက်ကောက်နေတုန်း နားထဲတိုးဝင်လာသည့် လေချွန်သံလေးက ရွှီခနဲ။ အသံလာရာသို့မော့ကြည့်လိုက်တော့ အပေါ်ထပ်ပြတင်းပေါက်မှ မင်ဂယူ့ကိုလှမ်းကြည့်နေသော လူတစ်ယောက်နှင့် အကြည့်ချင်းတန်းဆုံသွားခဲ့လေသည်။

ယွန်းဂျောင်ဟန်။

ပြတင်းပေါက်ကို လက်ထောက်လျက် ကြည့်နေတဲ့ သူ့ပုံစံက လုံးဝကို သက်တောင့်သက်သာပင်။ အညိုရင့်ရောင်မျက်ဝန်းတွေက တည်တည်ငြိမ်ငြိမ်ရှိသလို လေးကိုင်းသဏ္ဏာန် နှုတ်ခမ်းလေးတွေကလည်း ပြုံးမယောင်ရှိနေသည်။ အနည်းငယ်ဖောင်းနေတဲ့ ပါးမို့မို့လေးတွေဟာ နေရောင်အောက်မှာ ဝင်းပ ကြည်စင်လို့။ ထုံးစံအတိုင်း စုတ်လူံးလေးကိုတော့ ပါးစပ်ထဲခဲထားလေသည်။

အဲ့လိုလူမျိုးကို ကျောင်းတွင်းလူမိုက်ခေါင်းဆောင်လို့ပြောလျှင် ဘယ်သူကများ ယုံမတဲ့လဲ။ အဲ့အစား မိုးပေါ်က နတ်သက်ကြွေလာတဲ့ နတ်သားလေးဆိုလျှင်တောင် ပိုပြီး ယုတ္တိရှိမလားပင်။

အဲ့မြင်ကွင်းလေးမှာ မင်ဂယူဘယ်လောက်ထိကြာကြာ နစ်မျောသွားလဲမသိ။ ကြည့်နေတုန်းမှာ သူကစုတ်လုံးကိုပါးစပ်ထဲကထုတ်လိုက်သည်။ အဲ့နောက်
သူ့နှုတ်ခမ်းလေးတွေက နှင်းဆီဖူးလေးတစ်ခုနှယ်
စုချွန်ကာ ရှေ့သို့စူထွက်လာတဲ့အခါမှာတော့ မင်ဂယူ့
ပါးနှစ်ဖက်လုံးရှိန်းခနဲ ဖြစ်သွားရသည်။ မြွက်ဆိုတဲ့ အသံလေးကိုပင် ကြားယောင်လိုက်သလို။

ခေါင်းကိုအောက်သို့ ချက်ချင်းငုံ့ချလိုက်ရင်း မရှိတဲ့အမှိုက်တွေကို လိုက်ပတ်ကောက်တာများ အဆောင်နောက်ကမြေကြီးတွေပင် မွထွက်ကုန်သည်။ မင်ဂယူပြန်မော့ကြည့်မိတဲ့အချိန်မှာတော့ ပြတင်းပေါက်နေရာမှာ သူမရှိတော့။

လက်ထဲရှိနေတဲ့ အမှိုက်ထုပ်ကို ကြိုးစည်းပြီး အမှိုက်တောင်းထဲသွားပစ်ပြီးလို့ အတန်းထဲ ပြန်ဝင်လာချိန်ထိ မင်ဂယူ့မျက်နှာတပြင်လုံးကနွေးနေဆဲ။ သူမင်ဂယူ့ကိုတွေ့တိုင်း သိသိသာသာ စိုက်ကြည့်လေ့ရှိတဲ့ အဲ့လူ။ အခုတော့နှုတ်ခမ်းထော်ပြပြီး အာဘွားပေးသလို လုပ်ပြတဲ့အဆင့်ထိရောက်လာပြီ။

ဒီလိုတွေလုပ်ပြနေတာကို ဆော့မင်ကို မင်ဂယူပြောပြသင့်လား မပြသင့်လားတော့မသိ။

ဒါပေမဲ့ ဆော့မင်ပြောတဲ့အတိုင်းဆို မင်ဂယူအန္တရာယ်ရှိနေပြီမဟုတ်လား။

အခုအခြေအနေအတိုင်းဆို Devil Trio အဖွဲ့ခေါင်းဆောင် ယွန်းဂျောင်ဟန် မျက်လုံးထဲရောက်တာထက်ကို ပိုနေပြီထင်တာပဲ။

ဟူးခနဲ သက်ပြင်းချလိုက်ရင်း အရိပ်အမြွက်လောက်တော့ ပြောမှ ဖြစ်မည်ဟုတွေးလိုက်မိသည်။ တွေးရင်း ခုံမှာထိုင်လိုက်ပေမဲ့ ဘေးကပ်လျက်ခုံကနေရာကွက်လပ်။ ဒီနေ့က ဆော့မင်တို့အဖွဲ့သန့်ရှင်းရေးလုပ်ရမဲ့ ရက်မဟုတ်တာမို့ ကျိန်းသေပေါက် အတန်းထဲမှာပဲရှိရမည်သာ။ မင်ဂယူသည်ထိုင်နေရာမှ ထလိုက်ပြီး အခန်းထဲခုမှဝင်လာတဲ့ကောင်မလေးတစ်ယောက်ကို လှမ်းမေးလိုက်မိသည်။

"ဆော့မင်ကိုတွေ့မိသေးလား။"

ထိုနာမည်ကိုကြားတာနှင့် ထိုကောင်မလေးရဲ့မျက်နှာသည် သွေးမရှိတော့သလို ဖြူဖျော့သွားလေသည်။ ဆက်ပြောလာတဲ့ စကားနောက်မှာတော့ မင်ဂယူသည် ချက်ချင်းပင် လေလိုအလျင်ဖြင့် အတန်းထဲကနေ ဝုန်းခနဲ ပြေးထွက်လာမိတော့သည်။

သူ့ကို စီနီယာချွဲ အားကစားခန်းမဟောင်းဘက်ကို ခေါ်သွားတာ တွေ့တယ်..

ထိုအားကစားခန်းမဟောင်းသည် အခုအချိန်တွင်ဘယ်သူမှ အသုံးမပြုတော့တဲ့အပြင် ကျောင်းရဲ့ချောင်ဘက်လည်းကျရာ Devil Trio အဖွဲ့ကျက်စားရာ နေရာပင်။

ဆိုရိုးစကားတစ်ခုရှိတယ်။

အဲ့ခန်းမကိုခြေချမိရင် မတ်တပ်ရပ်လျက် ပြန်ထွက်မလာနိုင်ဘူးတဲ့။

အီဆော့မင်။ လူတိုင်းကိူစိတ်ရင်းနဲ့ခင်မင်ပြီးကူညီတတ်ပေမဲ့ အရေးအကြောင်းဆိုသိပ်ကြောက်တတ်တဲ့ကောင်။ မင်ဂယူ့မှာသူ့အတွက်တွေးပူရင်း လှမ်းနေတဲ့ခြေလှမ်းတွေကို အရှိန်ပိုမြှင့်လိုက်မိလေသည်။

"ဂျိန်း!"

စေ့ရုံစေ့ထားတဲ့ အားကစားခန်းမတံခါးပေါက်ဝကြီးသည် မင်ဂယူ့ကိုယ်နှင့်တစ်ချက်ဆောင့်တွန်းလိုက်ရုံဖြင့် ပွင့်သွားလေသည်။ အသံကြောင့်အလျှိုလျှိုလှည့်ကြည့်လာတဲ့ လူတွေထဲချွဲဆွန်းချော၊ဟုန်းဂျီဆူး၊ အီဆော့မင် အစဉ်လိုက်ပင်။ တစ်ချက်ကလေးမှလှည့်မကြည့်လာသူက ခုံတစ်လုံးပေါ်ဒူးလေးချိတ်ကာ သက်သက်သာသာလေးထိုင်နေတဲ့ တစ်ယောက်တည်းသောသူသာ။

"ခင်ဗျားတို့ အဲ့တာဘာလုပ်တာလဲ။"

မင်ဂယူအော်ဟစ်ရင်း အထဲသို့တန်းဝင်သွားတဲ့အခါ လူတွေက လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ အထူးသဖြင့် ချွဲဆွန်းချော။ ထိုင်ရာကနေထရပ်လိုက်
ရင်းသူ့လက်ဆစ်တွေကိုချိုးလိုက်တဲ့ တဖျစ်ဖျစ်မြည်သံကတောင် အတော်ကျယ်လောင်လှသည်။

"မင်ဂယူ..."

ဆော့မင်ဟာအသံပင်ရဲရဲမထွက်နိုင်ရှာ။ ဘေးမှာ ဟုန်းဂျီဆူးက အနီးကပ်အနေအထားဖြင့် စောင့်ကြပ်နေသလို ဆော့မင်ကိုလက်ပြန်ကြိုးတုပ်ထားတဲ့ ခုံကိုလည်း ထိန်းကိုင်ထား သေးသည်။ ယွန်းဂျောင်ဟန်ကတော့ ဒီမြင်ကွင်းမျိုးကို ရင်းနှီးအသားကျပြီးတဲ့ လူတစ်ယောက်ပီသစွာ သူ့လက်ချောင်းလေးတွေကိုသာ အပြန်ပြန်အလှန်လှန် ကော့ကြည့်နေလေသည်။

သာမန်အချိန်ဆို မင်ဂယူသူတို့ကိုကြောက်ရင်ကြောက်မယ်။ တစ်ကျောင်းလုံးဘာဖြစ်ဖြစ်လည်း မင်ဂယူငြိမ်နေနိုင်သေးတယ်။ ဒါပေမဲ့ အချစ်ဆုံးသူငယ်ချင်း ဆော့မင်ကို ဒီလိုပုံစံနဲ့ မြင်လိုက်ရတဲ့အချိန်မှာတော့ သည်းမခံနိုင်တော့။ Devil Trio သောဘာသော နားမလည်ဘူး။ အကုန်လုံးကို ငရဲပို့ပစ်လိုက်မယ်။

"ခင်ဗျားတို့ ကျွန်တော့်သူငယ်ချင်းကို ခုလွှတ်ရင်လွှတ်..မလွှတ်ရင်..."

မင်ဂယူအော်ဟစ်ရင်း ယွန်းဂျောင်ဟန်ရှိရာဆီသို့ အရှိန်နှင့်ပြေးဝင်သွားလိုက်မိသည်။ သို့သော် မင်ဂယူရဲ့စကားလည်း မဆုံးလိုက်သလို ယွန်းဂျောင်ဟန်ရှိတဲ့နေရာထိလည်း မရောက်လိုက်။ ကြားထဲမှာပင် ချွဲဆွန်းချောကဖမ်းဆွဲတားလိုက်ကာ မင်ဂယူရဲ့လက်နှစ်ဖက်လုံး နောက်ပြန်ဆွဲချုပ်ခံလိုက်ရလေသည်။

"ဖယ်စမ်း။ ဘာကို Devil Trio လဲ။ စောက်ဘဝင်ရူးတွေ။"

"ဟာ့။"

စွာနိုင်လွန်းတဲ့ မင်ဂယူကြောင့် ချွဲဆွန်းချောသည်ပင် မျက်ခုံးပင့်သွားရသည်။

"ဒီဟာလေးကို မှတ်လောက်အောင် တစ်ချက်လောက်ကျွေးပေးလိုက်ရမလား။ ဟမ်။ဂျောင်ဟန်.."

လက်သည်းတွေကို စိမ်ပြေနပြေကြည့်နေရင်းကနေ ယွန်းဂျောင်ဟန်မျက်လုံးဝင့်ကြည့်လာသည်။ ဆွန်းချောရဲ့လက်ထဲမှာ တစ်ချက်ကလေးမှ အငြိမ်မနေဘဲ လှမ်းဟပ်ဖို့ချည်းလုပ်နေတဲ့ ခွေးပေါက်လေးကြောင့် ဂျောင်ဟန်ပြုံးလိုက်မိသည်။

ထိုင်နေရာမှ ထလာတဲ့အခါ ဆွန်းချောသည် အလိုက်သိစွာဖြင့်ပင် မင်ဂယူ့ကို ကြမ်းပြင်ထိဖိချလိုက်လေသည်။ ကြမ်းပြင်ထက် ဒူးထောက်လျက်သားကျသွားတဲ့ မင်ဂယူသည် ခေါင်းကိုတော့ဦးမညွတ်။ အဲ့အစား မင်ဂယူဆီတည့်တည့်လျှောက်လာတဲ့ ယွန်းဂျောင်ဟန်ကိုမျက်တောင်မခတ်တမ်း ကြည့်နေမိသည်မှာ မျက်ခမ်းတွေပါစပ်လာတဲ့အထိ။

တကယ်ပါ။ ရုပ်ကလေးလှသလောက် အကြင်နာတရားခေါင်းပါးတဲ့လူမျိုးတွေကို မင်ဂယူအမုန်းဆုံးပဲ။ အဲ့လိုလူမျိုးရှေ့မှာ ဒူးထောက်လျက်ရှိနေရတဲ့ ကိုယ့်ကိုယ်ကို ပိုတောင်မုန်းမိသေးသည်။ မင်ဂယူ့ခမျာ သူ့ကိုကြည့်နေရင်းကို မျက်ရည်တွေပင် ဝဲတက်လာရသည်။ ဝမ်းနည်းလို့မဟုတ်ဘဲ ဒေါသထွက်လွန်းသောကြောင့်ပင်။

ထိုသူကတော့ မင်ဂယူ့ရှေ့မှာဒူးတစ်ဖက်ထောင်ကာထိုင်ချလာသည်။ ထိုမျက်နှာလှလှလေးက အနားသို့ အတော်လေးကပ်လာတဲ့အချိန်ထိ မင်ဂယူတစ်ချက်ကလေးမှ မျက်နှာမလွှဲမိ။ မျက်နှာကို ဒူးဆစ်နှင့်ဖြတ်ကန်ထည့်လိုက်မလား၊ နားရင်းကိုဖြောင်းခနဲ ရိုက်ချလိုက်လေမလား။ တစ်ခုမဟုတ်တစ်ခုကို ကြိုမျှော်လင့်ထားတဲ့ မင်ဂယူ့အတွက် ထွက်လာတဲ့ ရလဒ်က တစ်ခုမှဟုတ်မနေ။ အဲ့အစား နှုတ်ခမ်းပေါ်သို့ ချိုမြိန်ပြီးရှိန်းမြနေတဲ့အထိအတွေ့လေးက ကျရောက်လာတဲ့အခါမှာတော့ မင်ဂယူ့မျက်ဝန်းတွေ ဝိုင်းစက်သွားရလေတော့သည်။

.................

(A/N)

ကဲ။ တို့တွေရဲ့အာလူးလေး 27နှစ်ပြည့်သွားခဲ့ပါပြီနော်။ ကိုကိုကတော့ အာလူးလေးကို မင်ဂူးရီလို့ခေါ်ပြီး happy birthday ပြီးသွားပြီ။><

တန့်ကတော့
ကလေးတွေကို မင်ဂယူလေးမွေးနေ့မှာတစ်ခုခုတင်ပေးမယ်လို့ ကတိပေးထားခဲ့တာမို့ update စတင်တဲ့အမှတ်တရနေ့က အာလူးမွေးနေ့လေးလည်းဖြစ်အောင် တင်ပေးလိုက်တာပါ။ ထုံးစံအတိုင်း ဇာတ်လမ်းကိုတိူတိုမရေးတတ်တဲ့အကျင့်ကြောင့် one shotကနေရှည်သွားရပြန်ပါပြီ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ အရမ်းမရှည်ပါဘူး။ အလွန်ဆုံး၅ပိုင်းလောက်လေးပဲရယ်။
ဒါပေမဲ့ သိတဲ့အတိုင်း တန့်တန့်မှာမပြီးသေးတဲ့ Oc worksတွေလည်း ရှိနေပါသေးတယ်။ အဲ့မို့ updateကိူအရမ်းမြန်မြန်မမျှော်လင့်စေချင်ပါဘူးနော်။ ပြီးတဲ့အထိတော့ရေးပေးမယ်လို့ ကတိပေးပါတယ်။

Continue Reading

You'll Also Like

18.7K 1.7K 22
Unicode သစ္စာဖောက်ဖို့အတွက် မင်းပြတဲ့ အကြောင်းပြချက်က အချစ် ဟုတ်လား Lee Jeno! #NaJaemin မင်းယုံမှာတော့မဟုတ်ဘူးJun! ဒါပေမဲ့ ငါ့အချစ်က မင်းနဲ့တွေ့မှ အသ...
287K 49.5K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
176K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."