ကိုရီးယားရဲ့ နွေဦးပြီးဆုံးသွားကာ ကျောင်းဖွင့်ရာသီပြန်ရောက်လာပြီမလို့ ကျောင်းသားအချို့က စာလုပ်ရမှာမလို့ ညည်းညူပြီး အချို့ကတော့သူငယ်ချင်းတွေနဲ့ပြန်တွေ့ရမှာမလို့ပျော်နေကြတယ်လေ
ယွန်းဆောကရော ဘယ်အဖွဲ့ကလဲလို့ မေးရင် အဲ့မေးခွန်းအတွက်က အဖြေရှိမနေပါဘူး ဘာလို့ဆို ယွန်းဆောက ဘာမှမခံစားရလို့လေ ဂျီယွန်းဆောက ခံစားချက်ဆိုတဲ့ feeling မရှိတဲ့လူသား
"ဆောလေး မနက်ဖြန်ကျောင်းဖွင့်ပြီမလား"
"ဟုတ်"
"အမေ မနက်စာ စောစောပြင်ထားပေးမယ် စားသွားနော်"
"ဟုတ်"
"ဂျီယွန်းဆော မင်း ဟုတ် ကလွဲပြီးဘာမှမပြောတတ်ဘူးလား"
"....."
"ဖေကြီးကလဲ ဆောလေးက အရင်ကတည်းက ဒီလိုပဲကို ကလေးကို ဖိအားမပေးပါနဲ့"
"မင်းကျောင်းမှာ သူငယ်ချင်းရောရှိရဲ့လား"
"မရှိဘူး"
"အဲ့တာမင်းဘယ်လိုနေလဲ"
"သူတို့လဲ သားကို စိတ်မဝင်စားသလို သားလဲသူတို့ကို စိတ်မဝင်စားဘူးလေ"
"ငါအရှုံးပေးပါတယ်"
ဒါဟာ ဂျီယွန်းဆောရဲ့ lifestyle ဘယ်သူနဲ့မှလဲ အပေါင်းအသင်းမလုပ်ဘူး တစ်ယောက်တည်းနေရတာကို သဘောကျတဲ့လူ ကမ္ဘာကြီးထဲမှာ သူတစ်ယောက်ပဲရှိရင် သိပ်ကောင်းမယ်လို့ တွေးတဲ့လူ ဒါဟာ ဂျီယွန်းဆော
"မိုချာ မနက်ဖြန်ကျောင်းဖွင့်ပြီ"
အာ ယွန်းဆော စကားပြောတာတစ်ယောက်ရှိတယ် မိုချာတဲ့ မိုချာကလူတော့မဟုတ်ဘူး ယွန်းဆောမွေးထားတဲ့ခွေးလေး
"ငါကျောင်းသွားတုန်း မင်းသေချာနေနော် မိုချာ"
"ဟူး မနက်ဖြန်ဆူညံသံတွေ ကြားရတော့မှာ အဆင်မပြေလိုက်တာ"
Next morning
"ကျတော်ကျောင်းသွားတော့မယ်"
"အယ် မနက်စာစားသွားဦးလေ"
"ဟင့်အင်း"
"ဗိုက်ဆာနေမှာပေါ့"
"ဝယ်စားလိုက်ပါမယ်"
"ဂျီယွန်းဆော မင်းကဝယ်စားမှာလား မဖြစ်နိုင်တာတွေမပြောပဲ လာစားစမ်းပါ"
အဖေပြောလိုက်တဲ့စကားက ယွန်းဆောအရှိုက်ထိသွားသလိုမျိုး ဘာမှမပြောနိုင်ပဲ ဝင်စားလိုက်ရတယ်
"ကျောင်းသွားလိုက်ပါဦးမယ်"
"ကောင်းကောင်းသွားနော်"
"အင်း"
ယွန်းဆော ဒရိုင်ဘာကတံခါးအသင့်ဖွင့်ထားပေးတဲ့ ကားထဲဝင်ထိုင်လိုက်တယ်
"သခင်လေး ဘယ်ချိန်လာကြိုရမလဲဗျ"
"ဖုန်းဆက်လိုက်မယ်"
"မလုပ်ပါနဲ့ဗျာ အရင်နှစ်တွေကလဲ ဖုန်းဆက်မယ်ဆိုပြီး တစ်ခါမှ မဆက် ပြီးတော့ လမ်းလျှောက်ပြန်လာ ပြီးရင် ကျတော်အဆူခံရရော"
ယွန်းဆောတွေးမိတယ် ဒရိုင်ဘာက အရမ်းစကားများတာပဲ စိတ်ရှုပ်ဖို့ကောင်းတယ် အလုပ်ထုတ်လိုက်ရမလား
"၆ နာရီ"
"သင်တန်းကိုပဲမလား သခင်လေး"
"အင်း"
ကျောင်းဆီကို နီးကပ်လာတာနဲ့အမျှ ကျောင်းသားတွေကို တစ်စတစ်စနဲ့ မြင်လာရတာ ကျောင်းရှေ့ရောက်တော့ အရမ်းများနေပြီအချို့က တစ်ယောက်တည်း အချို့ကျ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စကားပြောနေကြတာများ အကျယ်ကြီးတွေ
"စိတ်ရှုပ်လိုက်တာ"
"ကျတော်သွားလိုက်ပါဦးမယ် သခင်လေး"
"အင်း"
ယွန်းဆော ကားပေါ်က ဆင်းတာနဲ့
"အာ့"
ပထမဆုံးနေ့ကတည်းက ကံဆိုးတာပဲ ဝင်တိုက်ခံရပြီ
"တောင်းပန်ပါတယ် အော် ဂျီယွန်းဆော မင်းအဆင်ပြေရဲ့လား"
*ဟင် သူက ငါ့ကိုသိတာလား*
ယွန်းဆော စိတ်ထဲကစကားကိုအပြင်သို့မထုတ်မိချေ
"ရ ရပါတယ်"
"မြန်မြန်ထလေ ငါတို့နောက်ကျတော့မယ်"
ယွန်းဆော ကပျာကယာနဲ့ ထကာ ပြေးသွားမိတယ် သေစမ်း တစ်ကယ်နောက်ကျပြီ ဆရာကလမ်းပိတ်လိုက်ပြီ
"အားရှီး သွားပါပြီ မွန်းဂျောင်ဟျွန်းတို့ကတော့ ပထမနေ့ကတည်းက ကံဆိုးတာဟ"
မွန်းဂျောင်ဟျွန်း ယွန်းဆော ထိုနာမည်ကို သိတာပေါ့ သူတို့အခန်းထဲက ပျာကလက်စိန် စပ်စုစိန် ပျော်ပျော်နေတတ်တဲ့ကောင်လေး
"ဟီး ယွန်းဆော ငါ့ကြောင့်မင်းပါ နောက်ကျရပြီ ဆောတီးနော်"
"မ မဟုတ်တာ ရ ရပါတယ်"
ဂျောင်ဟျွန်းက သွား ၃၂ ချောင်းလုံးပေါ်တော့မည့်အလား ယွန်းဆောကိုရယ်ပြတယ်
"ကဲ ကဲ မင်းတို့က ပထမဆုံးနေ့မှာတောင် နောက်ကျရဲတယ်ပေါ့ နာမည်တွေမှတ်မယ်ပြောကြ ကဲမင်းကစမယ်"
"မွန်းဂျောင်ဟျွန်း အထက်တန်း တတိယနှစ် အခန်း ၃ ကပါ"
ဂျောင်ဟျွန်းက စစ်သားတွေ တန်းစီရင် အော်ငလို အသံဩဩကြီးနဲ့ထအော်တာမလို့ ကျောင်းသားတွေရော ဆရာတွေပါ မအောင့်နိုင်ပဲ ထရယ်ရတဲ့အထိ
"ဟျောင့် မွန်းဂျောင်မင်းဟာလေ အခုထိ မျက်နှာပြောင်တုန်း နောက်နှစ်ဆို နောက်ဆုံးနှစ်ရောက်ပြီကို"
"အိုက်ဂူးဆရာကလဲ ဗီဇက ဖျောက်မရဘူးလေ ဟီး"
"မင်းဟာလေ ကဲနောက်တစ်ယောက်"
"ဂျီယွန်းဆော အထက်တန်း တတိယနှစ် အခန်း၃"
တိုးတိုးလေး တစ်ကယ် တိုးတိုးလေးမလို့ ဆရာကပြန်မေးယူရတယ်
"ဘာတုန်းငါသေချာမကြားရဘူး"
"ဂျီယွန်းဆော"
"ဂျီယွန်းဆော အထက်တန်း တတိယနှစ် အခန်း၃ ပါဆရာ"
ဂျောင်ဟျွန်းက ယွန်းဆောကိုယ်စားပြောပေးလိုက်ခြင်းသာ
"အော် တစ်ခန်းတည်းလား ရပြီ မင်းတို့သွားတော့"
"ဟို"
"ဟင် ဘာလဲပြောလေ"
"ကျေးဇူးပါ"
ယွန်းဆောဘက်က ပထမဆုံးစကားစပြောခြင်းဖြစ်သည်
"ရပါတယ် မင်းက I အကြီးစားကြီးဆိုတော့ နေရခက်တယ်မလား ပြီးတော့ ငါဝင်တိုက်လို့ နောက်ကျသွားတာလေ"
"အင်း"
ဒါပါပဲ သူတို့နှစ်ယောက်ရဲ့ စကားဝိုင်းကပြီးဆုံးသွားပြီး အခန်းထဲဝင်တာနဲ့ ဆရာက ကြိုစောင့်နေလေရဲ့
"ကဲပြောကြည့်ပါဦး ပထမဆုံးနေ့ကတည်းက နောက်ကျရတဲ့အကြောင်းအရင်း"
"အိပ်ရာထနောက်ကျလို့ပါ ဆရာ"
ဂျောင်ဟျွန်းက အကျယ်ကြီးအော်ပြောပြန်တယ် ဂျောင်ဟျွန်းတစ်ခါအော်လိုက်တိုင်း ယွန်းဆော တုန်တက်သွားတယ်ဆိုတာ ဂျောင်ဟျွန်းကိုသိစေချင်လိုက်တာ
"ကဲ နောက်ကတစ်ယောက်ကရော"
"လမ်းမှာချော်လဲလို့"
"လမ်းမှာချော်လဲတာ ကျောင်းနောက်ကျတာပေါ့"
ချီးပဲ ဆရာကစ ရစ်ပြီ ယွန်းဆောဘာပြန်ပြောရမလဲ တစ်ကယ်မသိပါ အားတဲ့ဘုရားဆင်းကယ်ပါလို့ပဲ ပြောနိုင်တယ်
"ကျတော်ဝင်တိုက်တာလေ ပြီးတော့ ကျတော်က လေရှည်တယ်လေ ဟီး အာ့ကြောင့်ပါဆရာ"
ဂျောင်ဟျွန်းက ယွန်းဆောကိုထပ်ကာကွယ်ပေးပြန်ပြီ ဘာလို့ အမြဲ ကာကွယ်ပေးနေတာလဲ စိတ်ရှုပ်ဖို့ကောင်းအောင်
"နောက်နေ့ ထပ်မဖြစ်စေနဲ့ သွားထိုင်တော့"
"ဟုတ်"
ယွန်းဆောရဲ့ နေရာက နောက်ဆုံးတန်း ပြတင်းပေါက်နားက ခုံ သူကျောင်းစတက်ကတည်းက အဲ့နေရာကလွဲရင် အခြားနေရာလုံးဝမထိုင်ဖူးဘူး
"ဟေး မွန်းဂျောင် လွမ်းနေတာ"
ယွန်းဆောအသံလာရာကိုကြည့်တော့ ဂျောင်ဟျွန်းနဲ့ သူ့သူငယ်ချင်းနှုတ်ဆက်နေတာ
"ဟုတ်ပါ့နော် မတွေ့ရတာ မနေ့ကတည်းက"
ဂျောင်ဟျွန်းက တစ်ကယ့် happy virus ပဲ ယွန်းဆောကရော အပယ်ခံတော့မဟုတ်ပေမယ့် လူမသိသူမသိ ဖြစ်တည်မှုတစ်ခု