" ဘယ်သွားမလို့လဲ "
" အမနဒီဆီလေ မသွားချင်လို့လား "
" မဟုတ်ပါဘူး ငါလည်းအမကိုလွမ်းနေတာ ဒါနဲ့ မင်း အမကို အမလို့ခေါ်ပြီပေါ့ "
" အင်းး လွန်း.. ဘာမင်းလဲ မောင်လို့ခေါ်ပါဆိုနေမှ "
" အော်အင်း ယောင်သွားလို့ပါ မောင်ကလည်း "
မင်းဆိုပြီးသုံးခံလိုက်ရတဲ့ရှိုင်းက လွန်းဘက်အလျင်အမြန်လှည့်ကာ မျက်မှောင်ကြုတ်ကာဆိုသည်။ မောင်ဟုပြန်ခေါ်ပေးလိုက်မှ ခိုးပြုံးကာ တစ်ဖက်ပြန်လှည့်ကာ ကားကိုဆက်မောင်းနေပြန်သည်။ ကားမောင်းရင်းဖြင့်လည်း တစ်ချက်တစ်ချက်ခိုးပြုံးနေတာကြောင့် လွန်းခမျာ မနေနိုင်မထိုင်နိုင်ဖြစ်ရတော့သည်။
" မင်း... အာ.. မောင်ခိုးပြုံးနေတာလား "
" မပြုံးပါဘူး ပြုံးမိလို့လား "
" မဟုတ်တာ ပြုံးလိုက်ပါတယ် ငါမြင်လိုက်တယ် "
" ဟုတ်ပါတယ်ဗျ ကျွန်တော်ခိုးပြုံးလိုက်ပါတယ် အဲ့တာကလည်း ဟောဒီကမောင့်ချစ်သူလေးကို အသည်းယားလို့ပါခဗျ "
လွန်းပါးကို အသာအယာဖျစ်ညှစ်ရင်း Overလုပ်ကာ ပြောနေတဲ့ရှိုင်းကြောင့် ကြက်သီးထလာသလိုလို မအီမသာကြီးဖြစ်သွားရသည်။
" စ..စကားကို ပုံမှန်ပြောစမ်းပါ "
" ဟုတ်ကဲ့ခဗျ "
" တော်..တော်ပြီ ကားကိုဘဲသေချာမောင်းတော့ မင်းနဲ့မပြောတော့ဘူး "
" ဟော..မင်းတဲ့ ခေါ်ပြန်ပြီ မောင်မင်းကို တစ်ခုပြောမယ် မင်းလို့တစ်ခါခေါ်ရင် တစ်ခါနမ်းမယ် ခေါ်ရဲသေးလား မင်းလို့ "
" ဟို.. အဲ့တာက ပြင်ရင်ရပါတယ် အကျင့်မဖြစ်သေးလို့ပါ "
" ဘာဘဲဖြစ်ဖြစ် ဒါမောင့်ရဲ့စည်းမျဉ်းဘဲ "
ဂိမ်းတစ်ခုလိုစည်းမျဉ်ချမှတ်နေတဲ့ရှိုင်းကြောင့် လွန်းဆကြာင်အသွားသည်။ ကလေးလည်းမဟုတ်ပါဘဲလေ။
" ဒါဆို ငါလည်းစည်းမျဉ်းတစ်ခုချမှတ်မယ် "
" ရတယ်လေ မောင်လုပ်နိုင်ရင်ဘာစည်းမျဉ်းမဆိုဖြစ်တယ် "
" သူစိမ်းတွေရှေ့ဆို မင်းလို့ဘဲသုံးမယ် ဒါမဲ့ငါ့ကိုမနမ်းရဘူး "
လွန်းစကားကို တစ်ချက်စဉ်းစားလိုက်ပြီး အဖြေပြန်ပေးလိုက်ပြီ။
" ရတယ်လေ ဒါကလွယ်ပါတယ် "
ရှိုင်းဆီက အဖြေကြားတော့မှ လွန်းကပြုံးကာ တစ်ဖက်လှည့်ပြီး ကားပြတင်းပေါက်မှန်မှအပြင်ဘက်သို့ ရှောက်ကြည့်လိုက်သည်။ ဒီအတောအတွင်းပြောင်းလဲသွားတာမရှိဘူးဘဲ။
နဒီ့အိမ်သို့ဦးတည်မောင်းနှင်နေတဲ့ ကားလေးဟာ မကြာခင်မှာဘဲ ဦးတည်ချက်ပန်းတိုင်သို့ ရောက်ခဲ့ကြသည်။
" အမ "
အိမ်ရှေ့မှလှမ်းခေါ်လိုက်တော့ နဒီကချက်ချင်းပြေးထွက်လာခဲ့ပြီး လွန်းကိုပြေးဖက်သည်။
" လွမ်းနေခဲ့တာ ဟိုမှာအဆင်ပြေရဲ့လား "
" ကျွန်တော်အဆင်ဆပြပါတယ်အမရဲ့ အမကရော ဘာဖြစ်တာလဲ "
" ရှိုင်း အမ ငယ်နဲ့စကားပြောချင်လို့ "
" အာ.. ဟုတ် ပြောပါ ကျွန်တော်ကားထဲမှာစောင့်နေလိုက်မယ် "
နဒီတို့ကိုနှုတ်ဆက်ပြီး ကားထဲပြန်ဝင်ထိုင်ကာ လွန်းကိုလှမ်းကြည့်ရင်းတစ်ချက်ပြုံးပြလိုက်သည်။ သို့သော် ထိုအပြုံးတွင် အသက်တော့ပါမနေခဲ့။
စိုးရိမ်ပါသည်။ အမှန်အတိုင်းသိသွားရင် လွန်းကထွက်သွားမှာလား ဒါမှမဟုတ်ရင် ဖုံးကွယ်ထားခဲ့မိတဲ့ ရှိုင်းကိုစိတ်ဆိုးသွားမလား။
" ဘာပြောစရာရှိလို့လဲ အမ "
အိမ်ထဲတွင် ဝင်ထိုင်ကာ စကားစမေးလိုက်သော်လည်း အမကပြန်မဖြေသေးဘဲ တွန်းဆုတ်နေသည်။
" .......... "
" ဗျာ! အမက ကျွန်တော့်ရဲ့... "
" ဟုတ်တယ်ငယ် အမလည်းအစကအံ့ဩမိတယ် ဒါမဲ့စဉ်းစားကြည့်တော့လည်း ဒီကြားထဲ တိုက်ဆိုင်မှုတွေအရမ်းများလွန်းတယ်လေ။ ဘာဘဲဖြစ်ဖြစ် ငယ့်အမရင်းဖြစ်ရတာ အမရဲ့ကံကောင်းမှုတစ်ခုပါ "
" တစ်..တစ်ကယ်.... "
စကားကိုဆုံးအောင်မပြောပါဘဲ နဒီ့ကိုဖက်ထားလိုက်သည်။
" ရှိုင်းက ကျွန်ဝောာ်တို့ကို ဘာလို့လိမ်ခဲ့တာလဲ "
" ရှိုင်းကိုမပြစ်မတင်ပါနဲ့ငယ်ရယ် သူလည်း
ငယ့်ကိုဆုံးရှုံးရမှာကြောက်လို့ပါ ခုလိုသူကပြောပြတဲ့အတွက်လည်းသူ့ကိုကျေးဇူးတင်ရမှာပါ သူ့အပြစ်မဟုတ်ပါဘူး မမှတ်မိခဲ့တဲ့ အမအပြစ်ပါ "
" အဲ့လိုမပြောပါနဲ့ ဘယ်သူ့အမှားရယ်လို့မဟုတ်ပါဘူး "
" ဘာဘဲဖြစ်ဖြစ်ပါ ရှိုင်းကိုစိတ်ဆိုးမနေနဲ့ဦး ငယ်မရှိတဲ့အတောအတွင်း ရှိုင်းက သနားဖို့ကောင်းခဲ့တာ "
" ဗျာ! "
" ..... "
ရှိုင်းဖြစ်ပျက်နေခဲ့သည်များကို ပြန်ပြောပြလိုက်တော့ လွန်းက မယုံနိုင်စွာဖြင့်
" ကျွန်တော်... သူ့ကိုစိတ်မဆိုးပါဘူး သူကျွန်တော့်ကိုတကယ်ချစ်တဲ့ပုံဘဲ "
" ဒါပေါ့ ငယ်ရဲ့ ငယ့်ကိုရှိုင်းက သိပ်ချစ်ရှာတာ "
" ... "
" အိမ်မပြန်ရသေးဘူးမလား အရင်ပြန်လိုက်လေ ငယ့်ဖေဖေလည်း လွမ်းနေမှာပေါ့ "
" ဟုတ် ဒါဆို ကျွန်တော်ပြန်တော့မယ် "
" အင်း ဘိုင့်ဘိုင် "
အမကိုနှုတ်ဆက်ပြီးနောက် အိမ်ထဲမှထွက်လာကာ အိမ်ရှေ့ရပ်ထားသည့်ကားထဲဝင်ထိုင်လိုက်သည်။
ရှိုင်းက ခေါင်းကိုအောက်ငုံ့ထားပြီး တိတ်ဆိတ်နေခဲ့သည်။
" ရှိုင်း... ငါ.. ငါအကုန်သိပြီးပြီ "
" တောင်း..တောင်းပန်ပါတယ် မင်းကိုဖုံးကွယ်ထားဖို့မရည်ရွယ်ခဲ့ပါဘူး မောင်.. မင်းကို မဆုံးရှုံးချင်ဘူး မောင့်ကိုမထားခဲ့ပါနဲ့နော် တကယ် တောင်းပန်ပါတယ်ဗျာ... "
ရှိုင်းခမျာ လွန်းထိုင်နေသည့်ဘက်သို့လှည့်လာကာ တောင်းပန်နေရှာသည်။ သူတော်တော်ကြောက်နေသည်ထင်ပါရဲ့။ တောင်းပန်စကားဆိုရင်း မျက်ရည်များပင် စီးကျလာသည်ထိ ထားခဲ့ခံရမှာကို ကြောက်နေရှာသည်။
" မောင်ရယ်... ငါမောင့်ကိုဘာလို့ထားခဲ့ရမှာလဲ မောင့်ကိုထားခဲ့မှာလို့ ဘာကြောင့်များ တွေးရတာလဲ ဟင်... "
" မောင်မသိဘူး မင်းထားခဲ့မှာကိုဘဲ ကြောက်တာ မောင်တကယ်မှားသွားပါတယ် "
" ငါတကယ်မောင့်ကိုစိတ်မဆိုးဘူး ထားခဲ့ဖို့ဆိုတွေးတောင်မတွေးရဲဘူး။ ပြီးတော့ မောင့်ကိုကျေးဇူးတင်ပါတယ် ငါ့ကိုချစ်ပေးလို့ ငါမရှိတဲ့အတောအတွင်း မောင်အရမ်းပင်ပန်းခဲ့လား ဟင်... "
ရှိုင်းပါးပြင်ပေါ်စီးကျနေသည့် မျက်ရည်တို့ကို လက်ခုံဖြင့်သုတ်ပေးရင်း ချော့မြူနေသည်။
" ဟင်! အဲ့တာ... "
" အမငါ့ကိုပြောပြတာ ငါမရှိတဲ့အတောအတွင်း မောင်အရမ်းခံစားခဲ့ရတာတဲ့ ငါ့ကို ထပ်မတွေ့ရတော့မှာကို ကြောက်နေခဲ့တာတဲ့လေ မောင်ငါ့ကိုအဲ့လောက်တောင်ချစ်တာလား "
" ဒါပေါ့ လွန်းရဲ့ မောင်မင်းကိုအရမ်းချစ်တာ မောင့်အသက်ကိုပေးရမယ်ဆိုရင်တောင် မောင်မတွန့်ဆုတ်ဘူး မောင်မင်းကို သေ
လောက်အောင်ချစ်တယ် ယုံလားတော့မသိပေမဲ့ တကယ်အရမ်းချစ်တယ် "
ချစ်ကြောင်းကို လေးနက်စွာဖွင့်ဟပြောဆိုနေတဲ့မောင့်နှုတ်ခမ်းထူထူကို တစ်ချက်နမ်းလိုက်သည်။
" ယုံတာပေါ့ မောင့်ကိုယုံပါတယ် ငါလည်းမောင့်ကိုအရမ်းချစ်တယ် "
" ... "
လွန်းစကားအဆုံးမှာ မောင်ဟာတစ်ချက်ပြုံးရင်း လွန်း၏နှုတ်ခမ်းကို ထပ်မံဖိကပ်နမ်းလိုက်သည်။
" မောင်တို့ ဘာပြဿနာဘဲရှိရှိ ဘယ်တော့မှမခွဲဘူးနော် "
" ဒါပေါ့ မောင်ရဲ့ အမြဲတမ်းအတူတူနေမယ် "
ကားပေါ်တွင် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်ကြောင်း ဝန်ခံရင်း နူးညံ့သောအနမ်းချင်းဖလှယ်နေကြသည့်အချစ်ငှက်နှစ်ကောင်ရှိသလို တစ်နေရာမီပြုံးရင်းကြည့်သော ကောင်မလေးတစ်ယောက်လည်းရှိနေခဲ့သည်။
~ မောင် မင်းကိုအရမ်းချစ်တာဘဲဗျာ ~
_____
ဖတ်လို့မှကောင်းရဲ့လားဗျာ🥺❤️