🌟You🌟

By tiaotiaotang612

4.1K 370 113

လူတစ်ယောက်ကိုချစ်ဖို့ သင့်ရဲ့နှလုံးသားတစ်ခုပဲလိုပါတယ်။ More

Point
🌟🌟ep 1🌟🌟
🌟🌟ep2🌟🌟
🌟🌟ep3🌟🌟
🌟🌟ep4🌟🌟
🌟🌟ep5🌟🌟
🌟🌟ep6🌟🌟
🌟🌟ep7🌟🌟
🌟🌟ep9🌟🌟
🌟🌟ep10🌟🌟
🌟🌟ep11🌟🌟
🌟🌟ep12🌟🌟
🌟🌟ep13🌟🌟
🌟🌟ep14🌟🌟
🌟🌟ep15🌟🌟
🌟🌟ep16🌟🌟
🌟🌟ep17🌟🌟
🌟🌟ep18🌟🌟
🌟🌟ep19🌟🌟
🌟🌟ep20🌟🌟

🌟🌟ep8🌟🌟

155 14 2
By tiaotiaotang612

မိုးချုပ်ခါနီး  နေဝင်တရောအချိန်ဖြစ် သောကြောင့် လမ်းမထက် လူသူအများလှုပ်ရှားသွားလာနေကြပေ၏။*Violent time*
ဆိုသည့် ဆိုင်လေးထဲကို ချန်းယောလ်တံခါးဖွင့်ကာဝင်လာခဲ့ပေသည်။
ဆိုင်ထဲတွင်  လူအများကြီးရှိမနေဘဲ အခွေရွေးနေသော လူတစ်ယောက်၊နှစ်ယောက်လောက်ကိုသာတွေ့လိုက်ရပေသည်။ချန်း ယောလ်  ဟိုဒီ ခဏရပ်ကြည့်လိုက်ပြီး‌ နောက်
ကောင်တာတွင်  ထိုင်နေသော ဆိုင်ဝန်ထမ်းလေးဆီ   ဦးတည်ကာ သွားလိုက်မိပေ၏။

"ညီလေး ဟိုရက်ကအစ်ကို  မေးထားတဲ့ အခွေ ရောက်ပြီလား မသိဘူး။ အသစ်ရောက်တဲ့ အခွေ‌ တွေက ဘယ်နားမှာစီတာလဲ အစ်ကိုကိုပြောပြ ပေးပါလား "

ဂျင်ယောင်း  အသစ်ရောက်လာသည့် ပစ္စည်းစာရင်းကို စစ်နေစဉ် ထွက်ပေါ်လာသည့်အသံကြောင့် မိမိရှေ့က ဈေးဝယ်သူကိုကြည့်လိုက်မိပေသည်။အညိုရောင်အနွေးထည်ရှည်ကိုဝတ်ဆင်ထားပြီး  ရုပ်ရည်လဲသန့်ပြန့်သည့်အစ်ကိုက မိမိကိုပြုံးကာကြည့်လာပေ၏။

"အစ်ကို ဒီကနေတန်းတန်းသွားပြီး ဘယ်ချိုးလိုက်ရင် အခွေသစ်တွေစီထားတဲ့အတန်းကိုတွေ့ရမှာပါ။ညာဘက်မှာတော့ ဂီတတူရိယာပစ္စည်းတွေနဲ့အသစ်ရောက်တဲ့ Playerတွေကို တွေ့ရမှာပါ ဗျ "

ချန်းယောလ် ပျူငှာသည့် ဝန်ထမ်းကောင်လေးကို ကျေးဇူးတင်လိုက်မိကာ သူညွှန်ပြသည့်နေရာဆီသို့လျှောက်လာမိပေသည်။များစွာသော cassette tape 📼တွေထဲမှ မိမိလိုချင်သောအဆိုတော်၏ အခွေသစ်ကိုရှိမရှိ သေချာရှာကြည့်နေမိ၏။အ‌ ခွေများကို အထပ်လိုက်စီထားသည်မို့ ချန်းယောလ် လက်ညိုးဖြင့်ထောက်ကာနာမည်တစ်ခုချင်းစီကို သေချာဖတ်လာမိပေသည်။

"Mario ရဲ့ အခွေကမတွေ့ပါလား ။ကျိန်းသေပေါက် ဒီအပတ်ထဲ ရမယ့်ဆိုပြီးတော့ ဆိုင်ရှင်ကလိမ်ပြန်ပြီထင်တယ် "

ချန်းယောလ် အခွေတွေရွေးနေရင်း နှုတ်ကနေ ခပ်တိုးတိုးပြောလိုက်မိပေသည်။စိတ်ထဲမှာလည်း နည်းနည်းဘဝင်မကျဖြစ်လာရပေ၏။တအားလိုချင်နေသည့်အခွေမို့ ဆိုင်တိုင်းမှာလိုက်မေးကြည့်နေခြင်းဖြစ်‌ ပေသည်။သို့သော်လည်း ယခုအချိန်ထိကို ထိုအခွေက ဝယ်လို့မရသေးပေ။

"ဒီမှာ ခင်ဗျ"

ရုတ်တရက် ထွက်ပေါ်လာသော အသံနှင့်အတူ
မိမိပုခုံးကိုလာ ပုတ်သောလူကြောင့်
ချန်းယောလ် ထိုလူစိမ်းကိုအမြန်လှည့်ကြည့်လိုက်မိပေသည်။
ဆွယ်တာအညိုကိုဂျင်းဘောင်းဘီရှည်နှင့်တွဲဝတ်ထားပြီး Walkman ကိုနား ထောင်နေပုံရသောသူက နားကြပ်ကိုချွတ်ထား‌ ပေသည်။နဖူး‌ ပေါ်ဝဲကျနေသောဆံစ‌ တွေက သူ့မျက်ဝန်းတွေကိုပင်ဖုံးနေပေ၏။သူ့ကြည့်ရတာ ငယ်သေးသည့်ပုံမို့ မိမိကျောင်းသားတွေထဲကလားဟူသော အသိကချန်းယောလ်ကိုလှုပ်ခတ်လာပေသည်။

"ကျွန်တော်ကိုသိလို့လား "

ချန်းယောလ်မေးလိုက်သောအခါ ထိုလူငယ်လေး၏မျက်ဝန်းများကဝိုင်းစက်သွားပေသည်။သူ့ကဆံပင်တွေကိုလှန်တင်လိုက်ပြီး  သက်ပြင်းတစ်ချက်ကိုချလာ‌ ပေ၏။သူ့မျက်ဝန်း‌ များက စိတ်ပျက်သွားပုံပင်။ချက်ချင်းကို အကြည့်တို့က ပြောင်းလဲသွား ပေ၏။ပြောင်ရှင်းသွားသောမျက်နှာလေးကြောင့် ချန်းယောလ် ထိုလူကိုမှတ်မိသွား‌ ပေသည်။ဟိုရက် က စက်ဘီးနှင့် ဝင်ချိတ်သွားသော အရိုင်းအစိုင်းလေးပင်။အခုလည်း ဘာတွေလာရှုပ်မလို့လဲ မသိ။သူ့ကိုမြင်လိုက်ရသည်နှင့် အလိုလိုစိတ်ခံစားချက်တို့ကမကောင်းတော့ပေ။

"မျက်နှာအမူအရာက ချက်ချင်းကြီးပြောင်းသွားတာဆိုတော့ အခု မှတ်မိသွားပြီ ထင်တယ် ။အဲ့တာလည်း ကောင်းပါတယ်။ဦး သာ မေ့လိုက်ရင် ကျွန်တော်ကြေကွဲရမှာ ။မတွေ့ရတာကြာပြီနော် ဦး ။ဒဏ်ရာတွေရောသက်သာရဲ့လား "

ပြုံးရွှင်ကာမေးလာသောသူကမသိရင် ကိုယ်နှင့်ပခုံးဖက်ပေါင်းလာသော ငယ်သူငယ်ချင်းလိုစတိုင်နှင့်ဖြစ်ပေသည်။ကြေကွဲရမှာထိုစကားက မိမိကိုလာရွဲ့လိုက်သလိုပင်။ဝင်တိုက်မိသည့်နေ့ကတည်းက မတွေ့ရတော့သည်မို့
ချန်းယောလ် ထိုကောင်လေးကို မေ့သွားခြင်းဖြစ်ပေသည်။

"ဒီမှာ ဦးလို့ခေါ်ရလောက်အောင် ငါကမအိုသေးဘူး။ ပြီးတော့ မင်းနဲ့စကားပြောဖို့ ကိုယ်တို့ကအဲ့လောက်ထိ ရင်းနှီးမနေဘူး  ဟုတ်ပြီလား "

ချန်းယောလ် စီတန်းထားသောတိတ်ခွေများဆီသာ အကြည့်ကိုပြန်လည်ပို့လိုက်မိ၏။ဖြစ်နိုင်ရင်
ဒီကောင်‌ လေး အမြန်ထွက်သွား‌ လေ ကောင်းလေ ဖြစ်‌ ပေသည်။သို့‌ သော် တစ်ခါတစ်ရံ အထင်နှင့်အမြင်က ပြောင်းပြန်အချိုးကျ‌ ပေ၏။

ဂယောင်ဆူးသူ့ကိုယ်ကိုဆွဲလှည့်လိုက်သည်နှင့်  မှုန်ကုတ်နေသောလူက လက်တွေကိုချက်ချင်းပြန်ပုတ်ထုတ်လာပေ၏။ချန်းယောလ် အနောက်ကို အမြန်ဆုတ်လိုက်မိပေသည်။ထိုကဲ့သို့ စည်းမရှိဘာမရှိ မိမိကိုယ်ကိုလာထိကိုင်ခြင်းကို ချန်းယောလ် လုံးဝကိုမကြိုက်ပေ။ကိုယ်နှင့် တစ်ခါသာတွေ့ဖူးသောလူက ပိုင်စိုးပိုင်နင်းလုပ်လာသော အပြုအမှုက ချန်းယောလ်ကို ရွံရှာသွားစေ၏။

"မင်းဒါက ဘယ်လိုအပြုအမှုလဲ ။
ရိုင်းလိုက်တာ "

ချန်းယောလ်၏အသံက ဒေါသကြောင့်  အနည်းငယ်ကျယ်သွားပေသည်။ဂယောင်ဆူး သူ့အသံကြောင့် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်မိလိုက်၏။ဆက်ပြောလာသည့် သူ့အသံကပိုကျယ်နေသည့်မို့
သူ့ပါးစပ်ကို ဂယောင်‌ဆူး  အမြန်လှမ်းပိတ်လိုက်ရပေသည်။ရလဒ်အနေဖြင့် မိမိလက်ဖဝါးစောင်းကို သူ့ပါးစပ်ဖြင့် ကိုက်လာပေ၏။ဂယောင်ဆူးမှာ နာနေသော်လည်း လက်ကိုမဖယ်ရဲပေ။

"ဘယ်လိုဖြစ်ပြီး ဒေါသ‌ တွေ တရစပ်ထွက်နေတာလဲ ။ဒါကဆိုင်ဗျ တခြားလူတွေမြင်သွားရင် ခင်ဗျားပဲသိက္ခာကျလိမ့်မယ်။ ကိုယ့်ကို ကိုယ်လည်း ဆရာဆိုတာ သတိရဦး "

ချန်းယောလ် မိမိပါးစပ်ကိုပိတ်ထားသောသူ့လက်ကိုအမြန် ဖယ်လိုက်ရလေသည်။အသန့်ကြိုက်သူမို့ စိတ်ကအခြေအနေပိုဆိုးလာတော့၏။သူ့လက်မှာလည်း မိမိကိုက်လိုက်သည့် သွားရာကထင်းနေပေသည်။

မျက်နှာလေးကရှုံ့မဲ့သွားသော်လည်း စက်ဘီးနှင့် အတိုက်ခံလိုက်ရသည့် ကိုယ့်လောက် နာကျင်ရမည့်မဟုတ်ပေ။သူ့အလှည့်တုန်းက လုံးဝမတောင်းပန်ခဲ့တာမို့ အခုလည်း ချန်းယောလ် တောင်းပန်ချင်စိတ်ရှိမနေပေ ။ဒီထက်ပိုပြင်းပြင်းလေးကိုက်ခဲ့ရမှာဖြစ်သော်လည်း အခုကသွေးတောင်မထွက်တာမို့ ချန်းယောလ် အနည်းငယ် စိတ်ပျက်မိသွားပေသည်။

"ငါဘာသာနေတာကို မင်းကလာရှုပ်နေတာလေ ။သိက္ခာကျကျမကျကျ မင်းအပူ တစ်ပြားသားမှမပါဘူး "

ဂယောင်ဆူး မာနခဲလေးကို တကယ်မနိုင်ပေ။စွာလိုက်တာမှ တကယ်ကိုပရိုကျပေသည်။မိမိထက်အသက်ပိုကြီးသော်လည်း ကိုယ်ထက်ပင် ကလေးဆန်သေးပေသည်။လက်ကသွားဆိပ်တတ်လာသည်မို့ အခုမှပိုနာလာသလိုပင်။

"ဦး စိတ်လေးလည်းလျော့ ဟုတ်ပြီလား ။ကျွန်တော် ပြောတာလေးလည်း နားထောင်ပေးပါဦး ။ကိုယ့်အထင်နဲ့ ကိုယ်ပဲ ပြောမနေနဲ့ ။ကျွန်‌ တော်ဘက်ကအရှုံး ပေးပြီးသားမို့ ဦးမကျေနပ်ရင် ထပ်ပြီးကိုက်လို့ရသေးတယ်။လက်တင်မကဘူး ဒီကိုယ်တစ်ခုလုံးကြိုက်တဲ့နေရာ ကိုက်လို့ရတယ်  "

သူ့ရှေ့မှာ ဂယောင်ဆူးဒူးထောက်လိုက်ကာ တောင်းပန်ဂါဝရတရားပင်ပြုလိုက်‌ပေသည်။

ရုတ်တရက်ကြီးဒူးထောက်ကာ တောင်းပန်လာသောသူကြောင့် ချန်းယောလ် ပင်ပျာယာခတ်သွားရပေသည်။အမြန်ဘေးဘီကိုလှည့်ကြည့်လိုက်ရ၏။တစ်ခြားလူတွေလည်းလှည့်ကြည့်နေကြတာမို့
ချန်းယောလ်  မိမိအရှေ့က ပြဿနာအိုးလေးကိုအမြန်ဆွဲထူလိုက်ရပေသည်။မသိရင် ကိုယ်ကပဲလူဆိုးလိုလို ဘာလိုလိုဖြစ်နေပေ၏။သူကလူအများရှေ့မှာ မိမိကို တောင်း ပန်နေသည်နှင့်မတူဘဲ အရှက်ခွဲနေခြင်းနှင့် ပင်တူနေတော့ပေသည်။

"မင်း ဒါဘာလုပ်တာလဲ ။ငါ့ကိုလူရှေ့သူရှေ့မှာ လူဆိုးဇာတ်သွင်းနေတာလား။မင်းအခုထနော် မဟုတ်ရင် ငါမင်းကို ထထိုးတော့မှာ  "

အသံကိုဖိကာပြောလာသောသူက အကြည့်တွေကပါအစ ခက်ထန်နေပေ၏။
ဂယောင်ဆူးလည်းအခြေအနေကပိုတင်းမာလာသည်မို့ ရှေ့ဆက်တိုးဖို့ကြိုးစားလေ ပိုအဆင်မပြေလေဟုခံစားလာရပေသည်။သူ့ဘက်က အခုထိစိတ်ခုနေသေးသည်မို့ ဂယောင်ဆူးတတ်နိုင်သမျှ အောက်ဆုံးထိ စိတ်ကိုလျော့ကာ တောင်းပန်ခဲ့ခြင်းဖြစ်ပေသည်။သို့သော် ဘာက ထပ်လွဲသွားပြန်ပြီလဲ မသိတော့ပေ။

"ကျွန်တော် တောင်းပန်နေတာလေ။ ဦးကအဲ့ကိစ္စကို အခဲမကြေတာမလား ။ဟို့နေ့က ကျွန်တော်ဘက်ကမှားတာမတောင်းပန်လိုက်ရလို့ပါ။ခင်ဗျားကနာမည်လဲမပြောသွားတော့ ဘယ်လိုရှာရမလဲမသိလို့ ဒီကြားထဲ  ကြာနေခဲ့တာ ။"

ဂယောင်ဆူး မျက်နှာလေးငယ် သွား ကာ ခပ်တိုးတိုးပြောလိုက်မိ၏။အိမ်မှာဆို အခုလိုမျက်နှာဖြစ်သွားသည်နှင့် မမကစိတ်ကိုလျော့ကာ ဂယောင်ဆူးကို ခွင့်လွှတ်သွားမြဲပင်။အခုလည်း မတတ်နိုင် ။ဒီနည်းလမ်းသာရှိပေ တော့သည်။

"မလိုပါဘူး။ကိုယ်မင်းနဲ့လည်း မပတ်သတ်ချင်ဘူး ။ပြီးတော့လူဆိုတာ ကိုယ်လုပ်တာမှားရင် အဲ့အချိန်ကတည်းကတောင်းပန်တတ်ရတယ် ။နောက်ကျရင် ဘယ်နေရာမှမကောင်းဘူး သေတာတစ်ခုကလွဲလို့ "

ချန်းယောလ် ဒီနေ့တော့ အခွေဝယ်ချင်စိတ်လဲရှိမနေတော့ပေ။ပြောလိုက်ပြန်တော့လည်း မျက်နှာကဇီးရွက်လောက်နဲ့ခေါင်းကိုငုံ့ထားလေသည်။အဲ့လို့ကျတော့  ချန်းလည်းစိတ်ထဲမကောင်းပေ။ဘာပဲဖြစ်ဖြစ်သူ့ပုံစံ က ဖိုင်နယ်ကျောင်းသားဆိုသော်လည်း ကလေးစိတ်ပဲရှိသေးသည့်ပုံပင်။မိမိသင်နေရသည့် ကျောင်းသားတွေအရွယ်မို့ ချန်းယောလ် မကျေနပ်တာတွေကို လျော့ချလိုက်ရပေသည်။

"ကျွန်တော်တကယ် တောင်းပန်ပါတယ်။လိုက်ရှာနေခဲ့ပေမဲ့ မေဂျာနဲ့ နာမည်မသိတာမို့ နောက်ကျသွားတာပါ။စိတ်ရင်းနဲ့ကို တောင်းပန်ပါတယ် "

ခါးလေးကိုင်းကာပြောလာသောသူက အသံပင် သိပ်မကြားရတော့ပေ။မိမိကိုခါးကျိုးမတတ်တောင်းပန်နေသူကြောင့် ချန်းယောလ် မနေတတ်ဖြစ်လာရပေသည်။သူများတွေကလည်း ကွက်ကြည့် ကွက်ကြည့်မို့ ချန်းယောလ် ထွက်သာပြေးချင်လာတော့‌သည်။ဒီပြဿနာအိုးလေးကတကယ်ကိုဒုက္ခအိုးလေးပင်။

"ရပါတယ်။ငါအဲ့ကိစ္စကို စိတ်ထဲတောင်မရှိဘူး ။တကယ်ဆို ငါအမှားလဲမကင်းပါဘူး ။ပထမဆုံး‌ အမိမြေက ကလေးတွေကို စာပြန်သင်ရမယ့်နေဆိုတော့ ရင်ခုန်နေမိတာ။အတွေးလဲများနေတာမို့ မင်းကိုမမြင်မိတာ။ အဲ့တော့  မင်းလဲ စိတ်ထဲထားမနေနဲ့တော့ "

ချန်းယောလ် သူ့ပုခုံးကိုပုတ်ကာပြောလိုက်မိ၏။
ထိုအခါ အုပ်မှိုင်းနေသောသူ့မျက်နှာက ချက်ချင်းကို ပြန်လည်တောက်ပသွားပေသည်။သွားတွေပေါ်လာသည့်အထိ ပြုံးပြလာ၏။ချန်းယောလ် တကယ်ကို
မူယာမာယာများသောသူနှင့် လာဆုံနေရခြင်းဖြစ်ပေသည်။အချိုးက တကယ်ကိုခဏချင်းပြောင်းသွားပေ၏။

"ဒါဆို ဆရာ ကျွန်တော်ကို ခွင့်လွှတ်တယ်ပေါ့နော် "

ဂယောင်ဆူး ချန်းယောလ်လက်လေးကိုဆုပ်ကိုင်ကာပြောလိုက်မိ၏။မဆီမဆိုင်မိမိလက်ကိုလာကိုင်သည်မို့ ချန်းယောလ် ကြောင်အသွားမိပေသည်။လက်ကိုအမြန်ပြန်ရုတ်လိုက်ကာ မိမိဘောင်းဘီအိတ်ကပ်ထဲသာ ချန်းယောလ် ထည့်ထားလိုက်ရပေသည်။ဒီချာတိတ်က တကယ်ကို လက်မြန်ခြေမြန်သမားပင်။

"ငါ့ကို ဆရာလို့မခေါ်ပါနဲ့ ကျောင်းမှာမှ မဟုတ်တာ။ပြီးတော့ မင်းကငါ့တပည့်လဲမဟုတ်ဘူး  "

ချန်းယောလ်မိမိဆံပင်ကိုသပ်ကာပြောလိုက်မိ၏။တကယ်လဲ ကျောင်းပြင်ပအချိန်တွင် သာမန်လူလိုသာနေထိုင်ချင်ပေသည်။ဖြစ်နိုင်ရင် တပည့်တွေနှင့်လည်း မတွေ့ချင်ပေ။ဆရာတွေမှာလည်း ကိုယ်ပိုင်ဘဝဆိုတာရှိသောကြောင့်ဖြစ်ပေသည်။

"အဲ့တာဆို ဆရာနာမည်ကို ပြောပြ လေ "

ဂယောင်ဆူးပြုံးကာမေးလိုက်မိ၏။ချန်းယောလ်မိမိရှေ့က ပြဿနာအိုးလေးကို တစ်ချက်စိုက်ကြည့်မိလိုက်ပေသည် ။သူ့ပုံစံကြည့်ရတာ လူကောင်းလို့တော့ထင်ရပေသည်။တစ်ခါတစ်လေ မိုက်ကန်းကန်းအကြည့်တေ‌ွကတော့ ချွင်းချက်တစ်ခုထားလို့ရ၏။

"မင်းသိတယ်မလား အဲ့တာကြောင့် စတွေ့တော့ ဦးဆိုပြီးခေါ်ခဲ့တာ။ညာမနေစမ်းပါနဲ့
မပိရိဘူး "

ချန်းယောလ် အခွေကိုလှမ်းယူလိုက်ပြီး ထွက်သွားဖို့ပြင်လိုက်မိ၏။သို့ သော်လည်း မိမိလက်ကိုလှမ်းဆွဲထား‌သောလူကြောင့် ချန်းယောလ် မျက်ခုံးပင့်ပြမိသည်။ဒီကောင်လေးပေါက်စကအခုထိဘာတွေလုပ်ချင်နေလဲမသိပေ။

"ဒါပေမဲ့ ဆရာကိုယ်တိုင်ပြောတာကို ကြားချင်တာ ကျွန်တော်တောင် နာမည်ကိုသေချာပြောခဲ့တာပဲ။အခုအချင်းချင်းပြန်ပြောကြမယ်လေ ကျွန်တော်နာမည်က ဒိုဂယောင်ဆူးပါ သူငယ်ချင်းသိပ်မရှိဘူး။အဲ့တာကြောင့် လူမှုရေးညံ့တယ် ကျွန်တော်ကလူတွေကြားထဲ သိပ်မနေတတ်လို့ အပြောအဆိုလဲ မညက်ဘူးဆရာရော "

ကြည်လင်သောမျက်ဝန်းတွေကအမှန်တွေဆိုနေသည့်သဖွယ် စူးရှနေ၏။မျက်နှာကတည်ငြိမ်နေသည်မို့ သူ့ဟန်ပန်ကလုပ်ယူထားသလိုလည်းဖြစ်မနေပေ။မျှော်လင့်တကြီးစိုက်ကြည့်လာသည်မို့ ချန်းယောလ် မပြောချင်သော်လည်း ပြောရပေဦးမည်။မဟုတ်ရင် ဒီည ဒီဆိုင်ထဲကထွက်လို့ရမည့်ပုံမပေါ်ပေ။အနောက်က တကောက်ကောက်လိုက်မေးမည့် အနေအထားရှိပေသည်။

"ကိုယ့်နာမည်ကချန်းယောလ် ကျန်တာတွေတော့ မင်းလဲသိပြီးသားဖြစ်မှာပါ "

ချန်းယောလ် ထိုကောင်လေး၏လက်တွေကိုဆွဲဖြုတ်ကာ ငွေရှင်းဖို့ကောင်တာဆီကိုထွက်လာလိုက်ပေသည်။ကျသင့်ငွေတန်ဖိုးကို ရှင်းပြီးနောက်
ချန်းယောလ် အပြင်ဘက်ကိုအမြန်ထွက်လာမိ‌ ပေသည်။တိုက်ခတ်သွားသောလေ ညှင်းနှင့် အတူ ချန်းယောလ်၏စိတ်များအေးချမ်းသွား ရပေ၏။

"ဦး "

ပြတ်သားသော အသံနှင့် ထပ်တူ ပြေးလာသောခြေသံများကြောင့် ချန်းယောလ် ခြေထောက်တို့ရပ်တန့်သွားရပေသည်။ပြေးလာသောကောင်လေးက
ချန်းယောလ် ရှေ့ရောက်မှ ပေါင်ပေါ်လက်ထောက်ကာခေတ္တ အမောဖြေ၏။ဆိုင်နှင့် သိပ်မလှမ်းသည်မို့ ဒီကောင်လေးကြည့်ရတာ သိပ်အမောမခံနိုင်သည့်ပုံပေါ်ပေသည်။စတွေ့တုန်းကလည်း ထိုကောင်လေး၏ နှုတ်ခမ်းတွေကအနည်းငယ်ဖြူလျော့နေသည်ကို
ချန်းယောလ် သတိထားမိပေသည်။

"ဦးကလည်း မြန်လိုက်တာ ကျွန်တော် လိုက်မမှီတော့ဘူးထင်နေတာ ကျွန်တော်တောင်းပန်တဲ့အနေနဲ့ ဒီအခွေလေး လက်ဆောင်ပေးချင်လို့ "

ကမ်းပေးလာသော cassette tape အခွေလေးကို
ချန်းယောလ် မယူသေးဘဲ စိုက်ကြည့်နေမိ၏။သူ့ပုံစံကြည့်ရတာ နောက်နေသည့်ပုံတော့မပေါ်ပေ။ခဲရောင်ကာဗာပေါ်က အဆိုတော်ပုံက ချန်းယောလ်၏စိတ်ကိုတစ်ခဏချင်းအမြန်ဆွဲငင်ခေါ်ဆောင်သွားပေသည်။ချန်းယောလ်ပတ်ရှာနေခဲ့ရသည့် အဆိုတော် Mario Lanza ၏အကောင်းဆုံးလက်ရွေးစင်သီချင်း20 Famous songs အခွေဖြစ်လေသည်။

ချန်းယောလ်အစကငြင်းမလို့ဖြစ်သော်လည်း အတွေးနှင့်ဆန့်ကျင်စွာ လက်ကယူပြီးနေပြီဖြစ်ပေသည်။တအားလိုချင်နေသည့် အခွေမို့  အမှန်တကယ်ကိုပျော်သွားမိ၏။ပါးချိုင့်တွေပေါ်လာသည့်အထိ ပြုံးနေသောသူကြောင့် ဂယောင်ဆူး ဆိုင်တကာပတ်ရှာခဲ့ရသည့်အချိန်တွေကအခုတော့ ကုန်ဆုံးရကျိုးနပ်ခဲ့လေပြီ။

"ဦး ကြိုက်ရဲ့လား "

ဂယောင်ဆူး အသံ ခပ်တိုးတိုးက
ချန်းယောလ်၏အသိစိတ်ကိုပြန်လည်ဆွဲခေါ်လာပေသည်။မိမိကို စိုက်ကြည့်နေသော ကောင်လေးက သိချင်စိတ်အပြည့်ရှိနေသည့်ပုံပင်။မျက်တောင်မခတ်တမ်းငေးကြည့်လာသည်မို့ ချန်းယောလ်ပင်အနေခက်မိသွားပေသည်။

"ကျေးဇူးပဲနော် ကိုယ်ဒီမြို့ကို စရောက်ကတည်းက ဒီအခွေကိုပတ်ရှာနေခဲ့တာ အခုမှရတော့တယ်။ဒီလိုလုပ်လေ ကိုယ့်ကိုလက်ဆောင်ပေးတာဆိုတော့ ကိုယ်ကလဲ သူများဆီကအလကားမယူတတ်ဘူး ကိုယ်လဲဒီ တိတ်ခွေလေး
လက်ဆောင်ပြန်ပေးမယ် "

ချန်းယောလ် မိမိဝယ်ယူလာခဲ့သည့်  Lava Hay ရဲ့Self Title cassette tape ကိုပြန်ကမ်းပေးလိုက်၏။တကယ်တော့ ဒီအခွေကမိမိဆီမှာလည်း ရှိပြီးသားဖြစ်သည်။နားထောင်ပြီးသား သီချင်းခွေမို့ အသစ်လည်း ထပ်မလိုချင်တော့ပေ။ဒီကောင်လေးပုံကြည့်ရတာ နားမထောင်ရသေးသည့်ပုံပေါ်နေပေသည်။

အခွေကို တလေးတစားလှမ်းယူလာသည့်အပြင် မိမိလက်ကိုပါဆွဲထားသူကြောင့် ချန်းယောလ်ပါ လက်ကိုပြန်ရုတ်ရနိုးမရုတ်ရနိုး အနေခက်ရပေသည်။ပြောလိုက်ချင်သည်က အခွေပဲပေးတာဖြစ်ပြီးလက်ကိုပါမကိုင်ထားဖို့ပင်။သို့သော်လည်း ပြုံးပြလာသူကြောင့်
ချန်းယောလ် ပင်ငေးမိသွားပေသည်။

ရယ်လိုက်တိုင်းမို့တက်သွားသောပါးဖောင်းဖောင်းလေးတွေနှင့်အတူ နှုတ်ခမ်းကလဲ အသည်းပုံ ပေါ်လာပေသေးသည်။သူ့အပြုံးက လှိုက်လှိုက်လဲလဲရှိသည့်အပြင် ဘေးနားကလူကိုပါ ရှိန်နေခြင်းမရှိစေဘဲ စိတ်ကို သက်သောင့်သက်သာဖြစ်စေနိုင်စွမ်းရှိပေသည်။ချန်းယောလ်လက်ကိုအမြန်ပြန်ရုတ်လိုက်ရ၏။ကြည့်ရတာ မိမိကပဲအတွေးတွေ လွန်နေပုံရပေသည်။

ဂယောင်ဆူးမိမိလက်ထဲက အခွေလေးကို မြတ်နိုးစွာကိုင်ထားမိပေသည်။ကိုယ်သဘောကျရသည့်လူဆီက ပထမဆုံးရသည့် လက်ဆောင်မို့ တကယ်ကို တန်ဖိုးထားရပေ၏။အခွေကာဗာပုံလေးကပင် တလက်လက်တောက်ပလာသလိုခံစားလိုက်ရပေသည်။

"ဦး ခဏ ...."

ပြောပြီးသည်နှင့် ဆိုင် ကိုတစ်ဖန်ပြန်ပြေးသွားသောသူကြောင့် ချန်းယောလ် ထိုကောင်လေးကို နားမလည်နိုင်အောင်ဖြစ်ရပေသည်။လှမ်း‌‌ ခေါ်ဖို့ကလည်း မကြားရတော့သည်မို့ ချန်းယောလ် အဖို့ ထိုင်စောင့်နေဖို့သာ ရှိတော့ပေသည်။လမ်း‌ ပေါ်မှာ မတ်တပ်ရပ်‌ နေဖို့ကလည်း အဆင်မပြေသည်မို့ ချန်း‌ ယောလ် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရင်း အနီးမှ လမ်းမီးတိုင်ဘေးနားကိုသာ လျှောက်သွားမိပေ၏။

ဝါကျင့်ကျင့် လမ်းမီးများက ချန်းယောလ် အပေါ်
ဖြာကျလျက်ရှိပေသည်။
လမ်းဘေးပလက်ဖောင်းပေါ်ငုတ်တုတ်လေးထိုင်ကာ ထိုကောင်လေးကို ခဏစောင့်လိုက်မိပေသည်။လက်ထဲက တိတ်ခွေလေးကိုလည်း တမြတ်တနိုးကြည့်လိုက်မိပေ၏။ဒီအခွေကို ချန်းယောလ် ဆိုင်တိုင်းပတ်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ပေ။

ကြည့်ရတာ ဂယောင်ဆူးက ဒီမြို့ကို အတော်ကျွမ်းပုံရပေသည်။ မိမိဒီအခွေလေး ယူချင်နေမှန်း သူ့ဘယ်လိုသိသွားလဲ ချန်းယောလ်လည်းမသိတော့ပေ။တစ်ခါတစ်လေကျ ဒီကောင်လေး က မြင်နေရသည်ထက် ပိုရှုပ်ထွေးသလိုပင်။တစ်ခါတစ်လေ စိတ်ဆက်ပြီး တစ်ခါတစ်လေကျတော့လည်း တောက်ပစွာပြုံးနေတတ်ပေသည်။တစ်ခါတစ်လေဆက်ဆက်ထိမခံ တုန့်ပြန်တတ်ပြီး အခုကျတော့လည်း သူ့မဟုတ်သည့်အတိုင်း လိမ္မာသည့် ကလေးဖြစ်နေပြန်လေသည်။

တကယ်တော့ ချန်းယောလ်လဲ ဒီမြို့ကို ရောက်တာမကြာသေးပြီမို့ သူငယ်ချင်းများများစားစားလဲမရှိပေ။ဒါကြောင့် တစ်ခါတစ်ရံ အထီးကျန်သလို ခံစားရပေသည်။အိမ်ပြန်ပြီး သင်ရိုးအတွက်ပြင်ဆင်ရမည်ဆိုတာ သိသော်လည်း ခဏလောက်အပြင်မှာနေချင်သေးပေသည်။အချိန်ကွာခြားချက်တွေက အိပ်ချိန်တွေကိုလည်း ကမောက်ကမဖြစ်စေ၏။အစားအသောက်အတွက်က အမိမြေပြန်ရောက်လာပြီမို့ အရင်လိုပေါင်မုန့်မျိုးစုံကနေကင်းဝေးသွားပြီမို့ စိတ်ချမ်းသာရပေသည်။

"ဦး "

ချန်းယောလ်လည်း ဒီကောင်လေးနှင့်ဆုံတာခဏလေးရှိသေးသော်လည်း ဦးဟူသောစကားက နားထဲ ပဲ့တင်ထပ်လျက်ရှိပေသည်။အမှန်ဆို အဲ့လို့‌ ခေါ်တာကိုမကြိုက်သော်လည်း ပြောလို့နိုင်မည် မဟုတ်ကြောင့် ခေါ်ခွင့်ပြုလိုက်ရခြင်းဖြစ်ပေသည်။ပြီးတော့ ဘယ်သူမှသူ့ကိုဒီလို လည်းမခေါ်ရဲပေ။

"ထပ်ပြီး ဘာဖြစ်ပြန်ပြီလဲ "

ချန်းယောလ် လမ်းမကိုငေးကြည့်နေရင်း အနားမှာလာထိုင်သောသူကိုမေးလိုက်မိ၏။ကပျာကယာပြေးထိုင်လာသောသူက ချန်းယောလ် မစောင့်မှာစိုးသည်နှယ်
ချန်းယောလ်အင်္ကျီစကိုပင် ဆွဲထားပေသည်။

"ကျွန်တော်ကို Sign ထိုးပေးပါလား "

ဆော့ပင်တစ်ချောင်းနှင့်အတူ လက်ဆောင်ပေးထားသောအခွေလေးကို ဂယောင်ဆူးက ကမ်းပေးလာ၏။ချန်းယောလ်ထိုအခွေလေးကိုတစ်လှည့် ဂယောင်ဆူးကိုတစ်လှည့်ကြည့်နေမိပေသည်။ဒီကောင်လေးက တကယ်ကို တစ်ခုခုတော့ တစ်ခုခုပင်။အမြဲသူ့အတွေးတွေကို ချန်းယောလ် နားမလည်နိုင်ပေ။

"ဟေး ကိုယ်ကအဆိုတော် မဟုတ်ဘူးနော် "

ချန်းယောလ်စကားဆုံးသည်နှင့် ထိုကောင်လေးဆီမှ ရယ်သံတစ်ချို့ထွက်ပေါ်လာပေသည်။ဘယ်ကတည်းကသွားဝယ်လိုက်လဲမသိသည့် စပါကလင် အချိုရည်ကိုလဲ မော့သောက်နေသေး၏။မိမိကိုလည်း တစ်ပုလင်း ကမ်းပေးလာပေသည်။အေးစက်နေသည့် အထိအတွေ့ကြောင့် အခုမှ ထုတ်လာသည့်ပုံပင်။

"ဦးကလည်း အမှတ်တရဆိုတာ ထာဝရပါသွားမှာလေ။ မိုးပေါ်ကအပ်တစ်‌စင်းနဲ့ လူ့ပြည်ကအပ်တစ်စင်းဝင်တိုက်နိုင်ပေမဲ့ လူတစ်ဦးနှင့်တစ်ဦးသိရဖို့ကပိုခက်တယ်တဲ့ ။ကျွန်တော်တို့စတွေ့တဲ့နေ့က အမှတ်တရကမကောင်းပေမဲ့ အခုလိုငြိမ်းချမ်းနေတဲ့အမှတ်တရလေးကိုတော့ အမြဲမှတ်မိချင်တယ်  "

ဝါကျင့်ကျင့် မီးရောင် အောက်မှာ ထိုကောင်လေး၏မျက်ဝန်းများက ကျွန်တော်ကို စူးစိုက်ကြည့်နေပေသည်။ထိုအကြည့်များက စူးရှပြီးတောက်ပလွန်းသည်မို့ ချန်းယောလ် ပင် ငေးကြည့်မိသွား၏။

ထူထဲသောမျက်ခုံးအောက်မှာ မျက်တောင်တိုစိပ်စိပ်များကလှပစွာတည်ရှိကာမျက်ဝန်း၏အလှကို ပိုမိုပံ့ပိုးပေးနေ‌လေသည်။ရယ်လိုက်တိုင်းဖောင်းတတ်သွားသောပါးလေးက တကယ်ကို အသည်းယားချင်ဖွယ်အတိဖြစ်ပေသည်။ပန်းသီးလေး တစ်လုံးနှယ် ဆွဲကိုက်ချင်စရာကောင်းလှ၏။

မညာတမ်းဝန်ခံရရင် ထိုကောင်လေး၏ နှုတ်ခမ်းသားတွေကဒီနေ့မှနီစွေးကာပိုလှပနေသလို ချန်းယောလ် ခံစားလိုက်ရ၏။မျိုးတူ ယောကျာ်းလေးတစ်ယောက်၏နှုတ်ခမ်းကို ငေးကြည့်ရင်း စိတ်ထဲ တစ်မျိုးဖြစ်သွားသည်မို့
ချန်းယောလ် အမြန်သတိကပ်လိုက်ရပေသည်။ဒီကောင်လေးနှင့်အတူရှိနေရခြင်းက အန္တရယ်များလွန်းလှပေသည်။

"ဘာစာရေးပေးရဦးမလဲ "

ချန်းယောလ် လက်မှတ်ထိုးပြီးသည်နှင့် မိမိကို ငေးကြည့်နေသော ကောင်လေးကို သတိပြန်ဝင်အောင်မေးလိုက်မိ၏။ဒီကောင်လေးကြည့်တိုင်းသာ အဖိုးအခတောင်းရမည်ဆိုလျှင် ချန်းယောလ် မီလျံနာ သူဌေး ဖြစ်လောက်ပေသည်။စူးစူးစိုက်စိုက်ကြည့်နေပုံက တစ်ဖက်လူကို အားနာဖို့လဲသတိမရတော့သည့်ပုံပေါက်နေလေသည်။

"ဒီအတိုင်း ဦးစိတ်ထဲရှိတဲ့အရာပေါ့ "

ဒီကောင်လေးကြည့်ရတာ တကယ်ကိုသူစိမ်းတွေနှင့်ဆို စကားနည်းသည့်ပုံပေါ်ပေသည်။ချန်းယောလ် ရေးပြီးသည်နှင့် သူ့ဆီကိုအမြန်ကမ်းပေးလိုက်ပေသည်။
စပါကလင်ကိုမော့သောက်ရင်း ပတ်ဝန်းကျင်ကို ငေးကြည့်မိ၏။ဒီလို လမ်းဘေးမှာ မထိုင်ရတာတောင်ကြာပေပြီ။

"မကောင်းဆိုးဝါး‌ လေး အတွက် လက်ဆောင်မွန် "

ဂယောင်ဆူး Cassette tape အခွေပေါ်မှစာလေးကိုအသံထွက်ဖတ်လိုက်မိပေသည်။တစ်ချိန်တည်းမှာပင် ချန်းယောလ်ကို အမြင်မကြည့်စွာကြည့်လိုက်မိပေ၏။ ဂယောင်ဆူး မိမိသောက်ထားသည့် အချိုရည် ပုလင်းဖြင့် ပြေးရိုက်မိချင်သွား၏။ဦးကလေ တကယ်ကို အကျင့်မကောင်းပေ။

"ဘာလို့ ကျွန်တော်က မကောင်းဆိုးဝါးဖြစ်ရတာလဲ ဒီလောက်ချစ်ဖို့ကောင်းတာကို "

ဂယောင်ဆူးဆီကဆူဆောင့်ဆောင့် စကားအချို့ကြောင့် ချန်းယောလ် ရယ်လိုက်မိပေသည်။ထိုကောင်လေး၏ ဆံပင်အချို့ကိုဆွဲဖွလိုက်ပြီး မတ်တပ်ထရပ်လိုက်မိပေ၏။ချန်းယောလ်သူနှင့် နီးကပ်သည့်အချိန်တိုင်းအမြဲအနံ့သင်းသင်းလေးတစ်ခုကိုရမိပေသည်။ဟိုနေ့ကလှမ်းဆွဲပေးထားတုန်းကလည်း သူ့ကိုယ်မှ ထိုအနံ့လေးကိုရရှိခဲ့၏။အခုလည်း ထိုအနံ့လေးက မိမိနှာခေါင်းဝဆီလာကျီစယ်နေသလိုခံစားလိုက်ရပေသည်။

"မင်းကိုကြည့်ရတာ နည်းနည်းလေးမှ ချစ်ဖို့ကောင်းမနေဘူးနော် လူကိုဝါးမတတ်  စားမတတ်စိုက်ကြည့်နေတာကိုက  မကောင်းဆိုးဝါးနဲ့ပဲတူတယ်
ကိုယ်သွားတော့မယ် "

ချန်းယောလ်အင်္ကျီစကို ဂယောင်ဆူးအမြန်ဆွဲလိုက်မိပြီး သူ့လက်ထဲက မိမိပေးထားသောတိတ်ခွေလေးကိုအမြန်ပြန်ယူမိ၏။

"စိုက်မကြည့်စေချင်ရင် ဦးက  အလိုက်သိ ဆက်ဆံပေါ့ "

သူကဘာမှမပြောလာဘဲ ကျွန်တော်လုပ်သမျှကိုသာငေးကြည့်လာပေသည်။
ဂယောင်ဆူးဆော့ပင်နဲ့အမြန်စာရေးလိုက်ပြီး သူ့လက်ထဲကို အခွေပြန်ထည့်ပေးလိုက်‌‌၏။

" Mario Lanza သီချင်းနားထောင်တိုင်း ကျွန်တော်ကိုသတိရပေးနော် ။ကျွန်တော်အပင်ပန်းခံပြီးရအောင်ဝယ်ပေးခဲ့တာမို့ "

ဂယောင်ဆူးပြောပြီးသည်နှင့်  Violent time ဆိုင်လေးဆီသာပြေးသွားမိပေ၏။အနောက်ကိုပြန်လှည့်ကြည့်ချင်သောစိတ်ကို အတတ်နိုင်ဆုံးထိန်းထားမိပေသည်။
ကိုယ်ကို့ထားခဲ့မည့်နောက်ကျောထက် ကိုယ်ကသာထားခဲ့ဖို့ ဂယောင်ဆူးကြိုးစားမိပေ လိမ့်မည်။

ပြေးထွက်သွားသော ကောင်လေးကို ငေးကြည့်နေရာမှ  ချန်းယောလ် လက်ထဲကအခွေလေးကိုသတိတရ ပြန်ကြည့်မိလိုက်ပေသည်။

"ချစ်ဖို့ကောင်းလား မကောင်းလား ဦး
စမ်းချစ်ကြည့်လိုက်လေ သိလာမှာပေါ့
ပုံ~မကောင်းဆိုးဝါးလေး"

ချန်းယောလ် ဖတ်ပြီးသည်နှင့် နှုတ်ခမ်းလှုပ်ယုံ ရယ်လိုက်မိပေသည်။တကယ် အခုက ယောကျာ်းလေးတစ်ယောက်ဆီက ပရောပရည် အလုပ်ခံရခြင်း ဖြစ်ပေသည်။ပြီးတော့လည်း ကိုယ်မွေးရင် ကိုယ့်သားအရွယ် ကလေးတစ်ယောက်ဆီကဖြစ်လေသည်။ချန်းယောလ် မိမိဆံပင်ကိုသာ ဆွဲဖွလိုက်မိတော့သည်။

အရိပ်ပင်မတွေ့ရတော့သည့် ကောင်လေးကိုတွေ့လို့တွေ့ငြားရှာကြည့်မိလိုက်ပေသည်။ဒီကောင်လေးကတကယ်ကို တစ်ခုခုတော့ တစ်ခုခုပင်။အကြောက်အရွံလည်းမရှိ ၊မပြောရဲတာလည်းမရှိပေ။အစအနောက်လည်း တကယ်သန်ပေသည်။ရုပ်ရည်လေးကလည်းချောသည်မို့ ရည်စားလည်းများမည့်ပုံပင်။
ချန်းယောလ် လက်ကျန် အချိုရည်ကိုသာ မော့သောက်လိုက်မိပေ၏။ခံတွင်းချဉ်လာသည်မို့ ဆိုးဂျူသောက်မှဖြစ်ပေတော့မည်။

ဂယောင်ဆူးစက်ဘီးကိုနင်းနေရင်း ပြုံးမိလိုက်ပေသည်။အခုဆို ဦးက ဂယောင်ဆူးကို မစိမ်းကားလောက်တော့ပေ။အနည်းဆုံးတော့ တွေ့လို့ နှုတ်ဆက်ရင်တောင် ပြန်ပြုံး‌ပြသည့် အဆင့်လောက်တော့ရှိပေပြီ။ဂယောင်ဆူး ပြုံးနေရင်းမှ တည်သွားမိပေသည်။တစ်ခါတစ်လေတော့ အခုလို့ ရှေ့ဆက်တိုးနေခြင်းကအမှန်လား အမှားလားဆိုတာ ဂယောင်ဆူး ကိုယ်တိုင်လည်းမသိပေ။

လူငယ်တစ်ယောက်မို့ တစ်ခြားလူတွေလိုကိုယ်ချစ်ရသည့်လူတစ်ယောက်ကို ဂယောင်ဆူး လိုက်ကြည့်ချင်ပေသည်။အဆုံးမှာနာကျင်ရမည့်ဆိုတောင် မစကြည့်ဘဲ သေဆုံးသွားရသည့် အချစ်ပုံပြင်တော့မဖြစ်ချင်ပေ။မဖွင့်ပြောလိုက်ရသည့် နောင်တကို ဂယောင်ဆူးမရချင်ဆုံးဖြစ်ပေသည်။ထို့ကြောင့် အဆုံးမှာ နာကျင်မှုကသာ အဖော်ပြုနေမည်ဆိုလျင်လည်း ဂယောင်ဆူး ဦးအနားကို သွားဖို့သာရှေ့ဆက်တိုးမည်သာဖြစ်ပေသည်။

အန်တွန်သက်ပြင်းတစ်ခုကိုသာခပ်သဲ့သဲ့ချလိုက်မိပေသည်။အဖြစ်အပျက်တစ်ခုလုံးအသေးစိတ်မြင်လိုက်ရသည့် အပြင် ဂယောင်ဆူးခံစားချက်တစ်ခုလုံးပါသိနေသည်မို့ အဆုံးမှာဘာတွေဖြစ်လာမလဲ အန်တွန်လဲမ‌တွေးချင်တော့ပေ။ဂယောင်ဆူးခါးကိုသာ
ညင်ညင်သာသာဖက်လိုက်မိပေသည်။

အန်တွန်ထပ်သိလိုက်ရတာတစ်ခုရှိပေ၏။အဲ့တာက အန်တွန်ကအမြဲတမ်းဂယောင်ဆူးရှိသည့်နေရာတိုင်း
ရှိနေရခြင်းဖြစ်ပေသည်။အန်တွန်တို့ ခေတ်စကားနှင့်ဆို ဘော်ဒီဂတ်လို့ ဆိုရပေမည်။ပိုကောင်းသည်က အန်တွန်ကသာ အားလုံးကိုမြင်တွေ့နေရပေမဲ့ သူတို့ကတော့ အန်တွန်တည်ရှိမှုကိုပင် မသိရပေ။မမြင်နိုင်ပေ။

"ကျွန်တော်လည်း ဆူးလေးလောက်သာ သတ္တိရှိခဲ့မယ်ဆို အစ်ကိုဝန်ဘင်းရဲ့ ဘေးနားမှာ ရှိ‌နေခွင့်ရမယ်ထင်တယ်။ဆူးလေးက ကျွန်တော်ထက် အများကြီးသတ္တိရှိတယ် ။ချစ်တာကို ချစ်ကြောင်းဖော်ပြရဲတယ်။ကျွန်တော်ကတော့ အမြဲတွန့်ဆုတ်နေခဲ့မိတာ ။အခုဆိုဟိုဘက်ခေတ်မှာ ဘာတွေဖြစ်နေပြီလဲ မသိဘူး ။ကျွန်တော်ကို အစ်ကိုဝန်ဘင်းကရော သတိရနေပါ့မလား ။"

အန်တွန်စက်ဘီးနောက်ခုံမှာထိုင်နေရသည်မို့ ဂယောင်ဆူးကျောပြင်ပေါ်ခေါင်းမှီလိုက်မိပေသည်။လေပြေညှင်းနှင့်အတူ ဂယောင်ဆူးဆီမှ စံပယ်ရနံ့သင်းသင်းကိုပါ အန်တွန်ရနေမိ၏။အန်တွန်လည်း နှာခေါင်းယဉ်သွားသည်လားမပြောတတ်ပေ။စံပယ်ရနံ့ကိုပါအတော်သဘောကျလာမိပေသည်။

"ဆူးလေး နောက်ကျလှချည်လား မမကအခုထိမပြန်လာသေးလို့ စိတ်ပူနေတာ ဖုန်းလဲမကိုင်တော့ "

မမဟယ်ရာက ခြံရှေ့မှာတင်ထွက်ကြိုလေ၏။အန်တွန်လဲစက်ဘီးပေါ်ကဆင်းလိုက်ပြီး မမဟယ်ရာကိုပြေးဖက်လိုက်ပေသည်။အန်တွန်ဖက်လိုက်သော်လည်း မမဟယ်ရာကမမြင်ရမခံစားရသည်မို့ တံခါးဘေးမှာသာဒီအတိုင်းလေးရပ်နေပေ၏။
အန်တွန် တစ်ခါတစ်လေတော့လည်း ရိုက်ပြီးသားရုပ်ရှင်ကားထဲ ဝင်သွားရသလို ခံစားရပေသည်။

ဇာတ်ကောင်တွေကသူ့ဇာတ်အတိုင်း သရုပ်ဆောင်နေကြပြီး မိမိကသာ
ဆိုသည်ဖြစ်စေကသည်ဖြစ်စေ ဒီဇာတ်လမ်းတစ်ခုလုံးကရိုက်ပြီးသားကြီးမို့ ဘာမှပြောင်းလဲသွားမည်မဟုတ်ပေ။မိမိကသာမှားယွင်းစွာ ဒီလောကကြီးထဲရောက်လာသကဲ့သို့ ခံစားနေရပေ၏။

"အပြင်မှာမစောင့်နေလဲရပါတယ်ဗျာ မိုးချုပ်နေပြီ မိန်းကလေးတစ်ယောက်တည်း အပြင်မှာစောင့်မနေသင့်ဘူး "

ဂယောင်ဆူးကဟယ်ရာကို ဖက်ကာပြောလာလေသည်။ဟယ်ရာခေါင်းညိတ်ပြပြီး ဂယောင်ဆူး၏ လက်မောင်းကိုကိုင်ကာခြံထဲဝင်လာမိ၏။ဂယောင်ဆူးစက်ဘီးကိုတွန်းလာပြီး မမပြောသမျှကို နားထောင်ပေးလိုက်ပေသည်။

အန်တွန်လဲ အိမ်ပြန်ရောက်နေပြီဖြစ်သောကြောင့် ဂယောင်ဆူး နှင့်အတူ အပေါ်ထပ်ကိုသာတတ်လာမိပေသည်။ဂယောင်ဆူးက နားမှာတပ်ထားသည့် နားကြပ်ကိုချွတ်လိုက်ပြီး Walkman ကို စားပွဲပေါ်တင်လိုက်ပေသည်။ဦးချန်း ပေးလိုက်သည့် တိတ်ခွေကိုလဲ ဒိုင်ယာရီစာအုပ်ထည့်နေကျ အံဆွဲထဲ ထည့်လိုက်ပေ၏။

အန်တွန် ခုတင်ပေါ်ကိုသာပြေးတတ်လိုက်ပြီး အရုပ်ကြိုးပြတ်လှဲချလိုက်ပေသည်။ခုတင်ခေါင်းရင်းမှာတင်ထားသော စံပယ်ပန်းများကြောင့် ပန်းနံ့ခပ်သင်းသင်းကပျံ့လွင့်နေပေသည်။အန်တွန်မိမိလည်ပင်းက ဆွဲကြိုးလေးကိုကြည့်လိုက်မိပေ၏ ။ဘယ်အချိန်ထိ ဒီမှာနေရမလဲ၊ဘယ်တော့မှ အိမ်ပြန်ခွင့်ရမလဲ
အန်တွန်တွေးနေမိပေသည်။

ပျံ့လွင့်လာသော တယောသံကြောင့် အန်တွန်လှဲနေရာမှထလိုက်မိပေသည်။ပြတင်းဘောင်ကိုမှီပြီး တယောထိုးနေသော ဂယောင်ဆူး၏ပုံစံကမြင်နေကျပုံစံထက် အများကြီးကွဲထွက်သွားပေသည်။လက်ချောင်းလေးတွေလှုပ်ရှားသွားတာပါအစ အန်တွန်ငေးနေမိပြီး မျက်ဝန်းကိုမှိတ်ကာ ဂီတကိုခံစားတီးခတ်နေသော ဂယောင်ဆူးကလရောင်အောက်တွင် တကယ်ကို ချောမောပြည့်စုံလှပေသည်။

နားထဲပျံ့လွင့်လာသည့်တေးဂီတက တစ်ယောက်သောသူကို မျက်ဝန်းထဲပြေးမြင်လာစေပေသည်။အန်တွန်သံစဉ်ကိုနားထောင်နေရင်း သူ့တီးခတ်နေသည့် သီချင်းနာမည်ကို သိသွားမိပေ၏။ Mario Lanza ရဲ့ My romance so in love သီချင်းဖြစ်ပေသည်။အန်တွန်သီချင်းစာသားကို ခပ်တိုးတိုးညည်းဆိုရင်း ဂယောင်ဆူးအနားကို ကပ်သွားမိပေသည်။

ဂီတထဲစီးမြောနေသူက မျက်ဝန်းပင်
တစ်ချက်မဖွင့်ဘဲ တယောသံစဉ်ကြားထဲသာ နစ်မြုပ်နေပေသည်။

"ကျွန်တော် Mario Lanza ရဲ့သီချင်းတွေ တစ်ခါမှ နားမထောင်ဖူးဘူး ၊အခုဆူးလေးတီးနေတဲ့ သံစဉ်ကိုရောပဲ ။ဒါပေမဲ့ အထပ်ထပ်အခါခါတီးဖူးသလို နားထောင်ဖူးသလို စာသားတွေပါအစ အလွတ်ရနေမိတယ် ။
အစ်ကိုချန်းယောလ်ကိုတွေ့ရင် ဘာလို့မှန်းမသိ ရင်ထဲကနာကျင်လာမိတယ်။သူ့မျက်ဝန်းတွေကို စိုက်ကြည့်မိရင် အစ်ကိုဝန်ဘင်းကိုကြည့်နေရသလို ရင်ထဲက အဆက်မပြတ်တုန်ယင်လာတယ် ။ခင်ဗျားက ဘယ်သူလဲ ဒိုဂယောင်ဆူး။ပြီးတော့ ကျွန်တော်ကရော ဘာလို့ ဒီကိုရောက်နေရတာလဲ။ဒီပတ်ဝန်းကျင်၊ဒီမိသားစု ၊ဒီအပေါင်းအသင်းတွေက ဘာလို့ကျွန်တော်အနားမှာ အမြဲရှိပေးခဲ့သလို ခံစားနေရတာလဲ ။ဘာလို့ ကျွန်တော်က ခင်ဗျားရဲ့အတွေးတွေခံစားနေရသလို ထပ်တူခံစားနေရတာလဲ ။ကျေးဇူးပြုပြီး ဖြေပေးပါဦး ၊ဖြေပေးပါဦးလို့ "

အန်တွန်ဂယောင်ဆူးကိုယ်ကိုဆွဲလှုပ်ကာမေးနေမိပေသည်။သို့သော် ဂယောင်ဆူးကဘာမှမကြားရသလို အထိအတွေ့ကိုမသိရှိသကဲ့သို့ တယောကိုသာ ဆက်တီးနေလေသည်။
အန်တွန်မှာသာ အမေးပုစ္ဆာတွေထဲ တစ်ဝဲလည်လည်ဖြစ်နေရပေသည်။

ချန်းယောလ် လိုချင်တဲ့ Mario Lanza Tape 📼ပါ။

ဂယောင်ဆူးကို ချန်းယောလ် လက်ဆောင်ပေးခဲ့တဲ့ Tape ပါ။

ဒါကဂယောင်ဆူးနားထောင်နေတဲ့Walkmanပါ။အခုခေတ်ဆိုMp3လို့ပြောရမလား။

နားကြပ်နဲ့လည်းရပါတယ်ဗျ။

Cassette tape shop



[Zawgyi]မိုးခ်ဳပ္ခါနီး  ေနဝင္တေရာအခ်ိန္ျဖစ္ ေသာေၾကာင့္ လမ္းမထက္ လူသူအမ်ားလႈပ္ရွားသြားလာေနၾကေပ၏။*Violent time*
ဆိုသၫ့္ ဆိုင္ေလးထဲကို ခ်န္းေယာလ္တံခါးဖြင့္ကာဝင္လာခဲ့ေပသည္။
ဆိုင္ထဲတြင္  လူအမ်ားႀကီးရိွမေနဘဲ အေခြေရြးေနေသာ လူတစ္ေယာက္၊ႏွစ္ေယာက္ေလာက္ကိုသာေတြ့လိုက္ရေပသည္။ခ်န္း ေယာလ္  ဟိုဒီ ခဏရပ္ၾကၫ့္လိုက္ၿပီး‌ ေနာက္
ေကာင္တာတြင္  ထိုင္ေနေသာ ဆိုင္ဝန္ထမ္းေလးဆီ   ဦးတည္ကာ သြားလိုက္မိေပ၏။

"ညီေလး ဟိုရက္ကအစ္ကို  ေမးထားတဲ့ အေခြ ေရာက္ၿပီလား မသိဘူး။ အသစ္ေရာက္တဲ့ အေခြ‌ ေတြက ဘယ္နားမွာစီတာလဲ အစ္ကိုကိုေျပာျပ ေပးပါလား "

ဂ်င္ေယာင္း  အသစ္ေရာက္လာသၫ့္ ပစၥည္းစာရင္းကို စစ္ေနစဉ္ ထြက္ေပၚလာသၫ့္အသံေၾကာင့္ မိမိေရ႔ွက ေဈးဝယ္သူကိုၾကၫ့္လိုက္မိေပသည္။အညိုေရာင္အေနြးထည္ရွည္ကိုဝတ္ဆင္ထားၿပီး  ရုပ္ရည္လဲသန႔္ျပန႔္သၫ့္အစ္ကိုက မိမိကိုၿပံဳးကာၾကၫ့္လာေပ၏။

"အစ္ကို ဒီကေနတန္းတန္းသြားၿပီး ဘယ္ခ်ိဳးလိုက္ရင္ အေခြသစ္ေတြစီထားတဲ့အတန္းကိုေတြ့ရမွာပါ။ညာဘက္မွာေတာ့ ဂီတတူရိယာပစၥည္းေတြနဲ႔အသစ္ေရာက္တဲ့ Playerေတြကို ေတြ့ရမွာပါ ဗ် "

ခ်န္းေယာလ္ ပ်ူငွာသၫ့္ ဝန္ထမ္းေကာင္ေလးကို ေက်းဇူးတင္လိုက္မိကာ သူၫႊန္ျပသၫ့္ေနရာဆီသို႔ေလ်ွာက္လာမိေပသည္။မ်ားစြာေသာ cassette tape 📼ေတြထဲမွ မိမိလိုခ်င္ေသာအဆိုေတာ္၏ အေခြသစ္ကိုရိွမရိွ ေသခ်ာရွာၾကၫ့္ေနမိ၏။အ‌ ေခြမ်ားကို အထပ္လိုက္စီထားသည္မို႔ ခ်န္းေယာလ္ လက္ညိုးျဖင့္ေထာက္ကာနာမည္တစ္ခုခ်င္းစီကို ေသခ်ာဖတ္လာမိေပသည္။

"Mario ရဲ့ အေခြကမေတြ့ပါလား ။က်ိန္းေသေပါက္ ဒီအပတ္ထဲ ရမယ့္ဆိုၿပီးေတာ့ ဆိုင္ရွင္ကလိမ္ျပန္ၿပီထင္တယ္ "

ခ်န္းေယာလ္ အေခြေတြေရြးေနရင္း ႏႈတ္ကေန ခပ္တိုးတိုးေျပာလိုက္မိေပသည္။စိတ္ထဲမွာလည္း နည္းနည္းဘဝင္မက်ျဖစ္လာရေပ၏။တအားလိုခ်င္ေနသၫ့္အေခြမို႔ ဆိုင္တိုင္းမွာလိုက္ေမးၾကၫ့္ေနျခင္းျဖစ္‌ ေပသည္။သို႔ေသာ္လည္း ယခုအခ်ိန္ထိကို ထိုအေခြက ဝယ္လို႔မရေသးေပ။

"ဒီမွာ ခင္ဗ်"

ရုတ္တရက္ ထြက္ေပၚလာေသာ အသံႏွင့္အတူ
မိမိပုခံုးကိုလာ ပုတ္ေသာလူေၾကာင့္
ခ်န္းေယာလ္ ထိုလူစိမ္းကိုအျမန္လွၫ့္ၾကၫ့္လိုက္မိေပသည္။
ဆြယ္တာအညိုကိုဂ်င္းေဘာင္းဘီရွည္ႏွင့္တြဲဝတ္ထားၿပီး Walkman ကိုနား ေထာင္ေနပံုရေသာသူက နားၾကပ္ကိုခြၽတ္ထား‌ ေပသည္။နဖူး‌ ေပၚဝဲက်ေနေသာဆံစ‌ ေတြက သူ႔မ်က္ဝန္းေတြကိုပင္ဖံုးေနေပ၏။သူ႔ၾကည့္ရတာ ငယ္ေသးသည့္ပံုမို႔ မိမိေက်ာင္းသားေတြထဲကလားဟူေသာ အသိကခ်န္းေယာလ္ကိုလႈပ္ခတ္လာေပသည္။

"ကြၽန္ေတာ္ကိုသိလို႔လား "

ခ်န္းေယာလ္ေမးလိုက္ေသာအခါ ထိုလူငယ္ေလး၏မ်က္ဝန္းမ်ားကဝိုင္းစက္သြားေပသည္။သူ႔ကဆံပင္ေတြကိုလွန္တင္လိုက္ၿပီး  သက္ျပင္းတစ္ခ်က္ကိုခ်လာ‌ ေပ၏။သူ႔မ်က္ဝန္း‌ မ်ားက စိတ္ပ်က္သြားပံုပင္။ခ်က္ခ်င္းကို အၾကၫ့္တို႔က ေျပာင္းလဲသြား ေပ၏။ေျပာင္ရွင္းသြားေသာမ်က္ႏွာေလးေၾကာင့္ ခ်န္းေယာလ္ ထိုလူကိုမွတ္မိသြား‌ ေပသည္။ဟိုရက္ က စက္ဘီးႏွင့္ ဝင္ခ်ိတ္သြားေသာ အရိုင္းအစိုင္းေလးပင္။အခုလည္း ဘာေတြလာရႈပ္မလို႔လဲ မသိ။သူ႔ကိုျမင္လိုက္ရသည္ႏွင့္ အလိုလိုစိတ္ခံစားခ်က္တို႔ကမေကာင္းေတာ့ေပ။

"မ်က္ႏွာအမူအရာက ခ်က္ခ်င္းႀကီးေျပာင္းသြားတာဆိုေတာ့ အခု မွတ္မိသြားၿပီ ထင္တယ္ ။အဲ့တာလည္း ေကာင္းပါတယ္။ဦး သာ ေမ့လိုက္ရင္ ကြၽန္ေတာ္ေၾကကြဲရမွာ ။မေတြ့ရတာၾကာၿပီေနာ္ ဦး ။ဒဏ္ရာေတြေရာသက္သာရဲ့လား "

ၿပံဳးရႊင္ကာေမးလာေသာသူကမသိရင္ ကိုယ္ႏွင့္ပခံုးဖက္ေပါင္းလာေသာ ငယ္သူငယ္ခ်င္းလိုစတိုင္ႏွင့္ျဖစ္ေပသည္။ေၾကကြဲရမွာထိုစကားက မိမိကိုလာရြဲ႔လိုက္သလိုပင္။ဝင္တိုက္မိသည့္ေန့ကတည္းက မေတြ့ရေတာ့သည္မို႔
ခ်န္းေယာလ္ ထိုေကာင္ေလးကို ေမ့သြားျခင္းျဖစ္ေပသည္။

"ဒီမွာ ဦးလို႔ေခၚရေလာက္ေအာင္ ငါကမအိုေသးဘူး။ ၿပီးေတာ့ မင္းနဲ႔စကားေျပာဖို႔ ကိုယ္တို႔ကအဲ့ေလာက္ထိ ရင္းႏွီးမေနဘူး  ဟုတ္ၿပီလား "

ခ်န္းေယာလ္ စီတန္းထားေသာတိတ္ေခြမ်ားဆီသာ အၾကၫ့္ကိုျပန္လည္ပို႔လိုက္မိ၏။ျဖစ္ႏိုင္ရင္
ဒီေကာင္‌ ေလး အျမန္ထြက္သြား‌ ေလ ေကာင္းေလ ျဖစ္‌ ေပသည္။သို႔‌ ေသာ္ တစ္ခါတစ္ရံ အထင္ႏွင့္အျမင္က ေျပာင္းျပန္အခ်ိဳးက်‌ ေပ၏။

ဂေယာင္ဆူးသူ႔ကိုယ္ကိုဆြဲလွၫ့္လိုက္သည္ႏွင့္  မႈန္ကုတ္ေနေသာလူက လက္ေတြကိုခ်က္ခ်င္းျပန္ပုတ္ထုတ္လာေပ၏။ခ်န္းေယာလ္ အေနာက္ကို အျမန္ဆုတ္လိုက္မိေပသည္။ထိုကဲ့သို႔ စည္းမရိွဘာမရိွ မိမိကိုယ္ကိုလာထိကိုင္ျခင္းကို ခ်န္းေယာလ္ လံုးဝကိုမႀကိဳက္ေပ။ကိုယ္ႏွင့္ တစ္ခါသာေတြ့ဖူးေသာလူက ပိုင္စိုးပိုင္နင္းလုပ္လာေသာ အျပဳအမႈက ခ်န္းေယာလ္ကို ရြံရွာသြားေစ၏။

"မင္းဒါက ဘယ္လိုအျပဳအမႈလဲ ။
ရိုင္းလိုက္တာ "

ခ်န္းေယာလ္၏အသံက ေဒါသေၾကာင့္  အနည္းငယ္က်ယ္သြားေပသည္။ဂေယာင္ဆူး သူ႔အသံေၾကာင့္ ပတ္ဝန္းက်င္ကို တစ္ခ်က္ေဝ့ၾကၫ့္မိလိုက္၏။ဆက္ေျပာလာသၫ့္ သူ႔အသံကပိုက်ယ္ေနသၫ့္မို႔
သူ႔ပါးစပ္ကို ဂေယာင္‌ဆူး  အျမန္လွမ္းပိတ္လိုက္ရေပသည္။ရလဒ္အေနျဖင့္ မိမိလက္ဖဝါးေစာင္းကို သူ႔ပါးစပ္ျဖင့္ ကိုက္လာေပ၏။ဂေယာင္ဆူးမွာ နာေနေသာ္လည္း လက္ကိုမဖယ္ရဲေပ။

"ဘယ္လိုျဖစ္ၿပီး ေဒါသ‌ ေတြ တရစပ္ထြက္ေနတာလဲ ။ဒါကဆိုင္ဗ် တျခားလူေတျြမင္သြားရင္ ခင္ဗ်ားပဲသိကၡာက်လိမ့္မယ္။ ကိုယ့္ကို ကိုယ္လည္း ဆရာဆိုတာ သတိရဦး "

ခ်န္းေယာလ္ မိမိပါးစပ္ကိုပိတ္ထားေသာသူ႔လက္ကိုအျမန္ ဖယ္လိုက္ရေလသည္။အသန႔္ႀကိဳက္သူမို႔ စိတ္ကအေျခအေနပိုဆိုးလာေတာ့၏။သူ႔လက္မွာလည္း မိမိကိုက္လိုက္သၫ့္ သြားရာကထင္းေနေပသည္။

မ်က္ႏွာေလးကရႈံ႔မဲ့သြားေသာ္လည္း စက္ဘီးႏွင့္ အတိုက္ခံလိုက္ရသၫ့္ ကိုယ့္ေလာက္ နာက်င္ရမၫ့္မဟုတ္ေပ။သူ႔အလွၫ့္တုန္းက လံုးဝမေတာင္းပန္ခဲ့တာမို႔ အခုလည္း ခ်န္းေယာလ္ ေတာင္းပန္ခ်င္စိတ္ရိွမေနေပ ။ဒီထက္ပိုျပင္းျပင္းေလးကိုက္ခဲ့ရမွာျဖစ္ေသာ္လည္း အခုကေသြးေတာင္မထြက္တာမို႔ ခ်န္းေယာလ္ အနည္းငယ္ စိတ္ပ်က္မိသြားေပသည္။

"ငါဘာသာေနတာကို မင္းကလာရႈပ္ေနတာေလ ။သိကၡာက်က်မက်က် မင္းအပူ တစ္ျပားသားမွမပါဘူး "

ဂေယာင္ဆူး မာနခဲေလးကို တကယ္မႏိုင္ေပ။စြာလိုက္တာမွ တကယ္ကိုပရိုက်ေပသည္။မိမိထက္အသက္ပိုႀကီးေသာ္လည္း ကိုယ္ထက္ပင္ ကေလးဆန္ေသးေပသည္။လက္ကသြားဆိပ္တတ္လာသည္မို႔ အခုမွပိုနာလာသလိုပင္။

"ဦး စိတ္ေလးလည္းေလ်ာ့ ဟုတ္ၿပီလား ။ကြၽန္ေတာ္ ေျပာတာေလးလည္း နားေထာင္ေပးပါဦး ။ကိုယ့္အထင္နဲ႔ ကိုယ္ပဲ ေျပာမေနနဲ႔ ။ကြၽန္‌ ေတာ္ဘက္ကအရႈံး ေပးၿပီးသားမို႔ ဦးမေက်နပ္ရင္ ထပ္ၿပီးကိုက္လို႔ရေသးတယ္။လက္တင္မကဘူး ဒီကိုယ္တစ္ခုလံုးႀကိဳက္တဲ့ေနရာ ကိုက္လို႔ရတယ္  "

သူ႔ေရ႔ွမွာ ဂေယာင္ဆူးဒူးေထာက္လိုက္ကာ ေတာင္းပန္ဂါဝရတရားပင္ျပဳလိုက္‌ေပသည္။

ရုတ္တရက္ႀကီးဒူးေထာက္ကာ ေတာင္းပန္လာေသာသူေၾကာင့္ ခ်န္းေယာလ္ ပင္ပ်ာယာခတ္သြားရေပသည္။အျမန္ေဘးဘီကိုလွၫ့္ၾကၫ့္လိုက္ရ၏။တစ္ျခားလူေတြလည္းလွၫ့္ၾကၫ့္ေနၾကတာမို႔
ခ်န္းေယာလ္  မိမိအေရ႔ွက ျပႆနာအိုးေလးကိုအျမန္ဆြဲထူလိုက္ရေပသည္။မသိရင္ ကိုယ္ကပဲလူဆိုးလိုလို ဘာလိုလိုျဖစ္ေနေပ၏။သူကလူအမ်ားေရ႔ွမွာ မိမိကို ေတာင္း ပန္ေနသည္ႏွင့္မတူဘဲ အရွက္ခြဲေနျခင္းႏွင့္ ပင္တူေနေတာ့ေပသည္။

"မင္း ဒါဘာလုပ္တာလဲ ။ငါ့ကိုလူေရ႔ွသူေရ႔ွမွာ လူဆိုးဇာတ္သြင္းေနတာလား။မင္းအခုထေနာ္ မဟုတ္ရင္ ငါမင္းကို ထထိုးေတာ့မွာ  "

အသံကိုဖိကာေျပာလာေသာသူက အၾကၫ့္ေတြကပါအစ ခက္ထန္ေနေပ၏။
ဂေယာင္ဆူးလည္းအေျခအေနကပိုတင္းမာလာသည္မို႔ ေရ႔ွဆက္တိုးဖို႔ႀကိဳးစားေလ ပိုအဆင္မေျပေလဟုခံစားလာရေပသည္။သူ႔ဘက္က အခုထိစိတ္ခုေနေသးသည္မို႔ ဂေယာင္ဆူးတတ္ႏိုင္သမ်ွ ေအာက္ဆံုးထိ စိတ္ကိုေလ်ာ့ကာ ေတာင္းပန္ခဲ့ျခင္းျဖစ္ေပသည္။သို႔ေသာ္ ဘာက ထပ္လြဲသြားျပန္ၿပီလဲ မသိေတာ့ေပ။

"ကြၽန္ေတာ္ ေတာင္းပန္ေနတာေလ။ ဦးကအဲ့ကိစၥကို အခဲမေၾကတာမလား ။ဟို႔ေန့က ကြၽန္ေတာ္ဘက္ကမွားတာမေတာင္းပန္လိုက္ရလို႔ပါ။ခင္ဗ်ားကနာမည္လဲမေျပာသြားေတာ့ ဘယ္လိုရွာရမလဲမသိလို႔ ဒီၾကားထဲ  ၾကာေနခဲ့တာ ။"

ဂေယာင္ဆူး မ်က္ႏွာေလးငယ္ သြား ကာ ခပ္တိုးတိုးေျပာလိုက္မိ၏။အိမ္မွာဆို အခုလိုမ်က္ႏွာျဖစ္သြားသည္ႏွင့္ မမကစိတ္ကိုေလ်ာ့ကာ ဂေယာင္ဆူးကို ခြင့္လႊတ္သြားၿမဲပင္။အခုလည္း မတတ္ႏိုင္ ။ဒီနည္းလမ္းသာရိွေပ ေတာ့သည္။

"မလိုပါဘူး။ကိုယ္မင္းနဲ႔လည္း မပတ္သတ္ခ်င္ဘူး ။ၿပီးေတာ့လူဆိုတာ ကိုယ္လုပ္တာမွားရင္ အဲ့အခ်ိန္ကတည္းကေတာင္းပန္တတ္ရတယ္ ။ေနာက္က်ရင္ ဘယ္ေနရာမွမေကာင္းဘူး ေသတာတစ္ခုကလြဲလို႔ "

ခ်န္းေယာလ္ ဒီေန့ေတာ့ အေခြဝယ္ခ်င္စိတ္လဲရိွမေနေတာ့ေပ။ေျပာလိုက္ျပန္ေတာ့လည္း မ်က္ႏွာကဇီးရြက္ေလာက္နဲ႔ေခါင္းကိုငံု႔ထားေလသည္။အဲ့လို႔က်ေတာ့  ခ်န္းလည္းစိတ္ထဲမေကာင္းေပ။ဘာပဲျဖစ္ျဖစ္သူ႔ပံုစံ က ဖိုင္နယ္ေက်ာင္းသားဆိုေသာ္လည္း ကေလးစိတ္ပဲရိွေသးသၫ့္ပံုပင္။မိမိသင္ေနရသၫ့္ ေက်ာင္းသားေတြအရြယ္မို႔ ခ်န္းေယာလ္ မေက်နပ္တာေတြကို ေလ်ာ့ခ်လိုက္ရေပသည္။

"ကြၽန္ေတာ္တကယ္ ေတာင္းပန္ပါတယ္။လိုက္ရွာေနခဲ့ေပမဲ့ ေမဂ်ာနဲ႔ နာမည္မသိတာမို႔ ေနာက္က်သြားတာပါ။စိတ္ရင္းနဲ႔ကို ေတာင္းပန္ပါတယ္ "

ခါးေလးကိုင္းကာေျပာလာေသာသူက အသံပင္ သိပ္မၾကားရေတာ့ေပ။မိမိကိုခါးက်ိဳးမတတ္ေတာင္းပန္ေနသူေၾကာင့္ ခ်န္းေယာလ္ မေနတတ္ျဖစ္လာရေပသည္။သူမ်ားေတြကလည္း ကြက္ၾကၫ့္ ကြက္ၾကၫ့္မို႔ ခ်န္းေယာလ္ ထြက္သာေျပးခ်င္လာေတာ့‌သည္။ဒီျပႆနာအိုးေလးကတကယ္ကိုဒုကၡအိုးေလးပင္။

"ရပါတယ္။ငါအဲ့ကိစၥကို စိတ္ထဲေတာင္မရိွဘူး ။တကယ္ဆို ငါအမွားလဲမကင္းပါဘူး ။ပထမဆံုး‌ အမိေျမက ကေလးေတြကို စာျပန္သင္ရမယ့္ေနဆိုေတာ့ ရင္ခုန္ေနမိတာ။အေတြးလဲမ်ားေနတာမို႔ မင္းကိုမျမင္မိတာ။ အဲ့ေတာ့  မင္းလဲ စိတ္ထဲထားမေနနဲ႔ေတာ့ "

ခ်န္းေယာလ္ သူ႔ပုခံုးကိုပုတ္ကာေျပာလိုက္မိ၏။
ထိုအခါ အုပ္မိႈင္းေနေသာသူ႔မ်က္ႏွာက ခ်က္ခ်င္းကို ျပန္လည္ေတာက္ပသြားေပသည္။သြားေတြေပၚလာသၫ့္အထိ ၿပံဳးျပလာ၏။ခ်န္းေယာလ္ တကယ္ကို
မူယာမာယာမ်ားေသာသူႏွင့္ လာဆံုေနရျခင္းျဖစ္ေပသည္။အခ်ိဳးက တကယ္ကိုခဏခ်င္းေျပာင္းသြားေပ၏။

"ဒါဆို ဆရာ ကြၽန္ေတာ္ကို ခြင့္လႊတ္တယ္ေပါ့ေနာ္ "

ဂေယာင္ဆူး ခ်န္းေယာလ္လက္ေလးကိုဆုပ္ကိုင္ကာေျပာလိုက္မိ၏။မဆီမဆိုင္မိမိလက္ကိုလာကိုင္သည္မို႔ ခ်န္းေယာလ္ ေၾကာင္အသြားမိေပသည္။လက္ကိုအျမန္ျပန္ရုတ္လိုက္ကာ မိမိေဘာင္းဘီအိတ္ကပ္ထဲသာ ခ်န္းေယာလ္ ထၫ့္ထားလိုက္ရေပသည္။ဒီခ်ာတိတ္က တကယ္ကို လက္ျမန္ေျချမန္သမားပင္။

"ငါ့ကို ဆရာလို႔မေခၚပါနဲ႔ ေက်ာင္းမွာမွ မဟုတ္တာ။ၿပီးေတာ့ မင္းကငါ့တပၫ့္လဲမဟုတ္ဘူး  "

ခ်န္းေယာလ္မိမိဆံပင္ကိုသပ္ကာေျပာလိုက္မိ၏။တကယ္လဲ ေက်ာင္းျပင္ပအခ်ိန္တြင္ သာမန္လူလိုသာေနထိုင္ခ်င္ေပသည္။ျဖစ္ႏိုင္ရင္ တပၫ့္ေတြႏွင့္လည္း မေတြ့ခ်င္ေပ။ဆရာေတြမွာလည္း ကိုယ္ပိုင္ဘဝဆိုတာရိွေသာေၾကာင့္ျဖစ္ေပသည္။

"အဲ့တာဆို ဆရာနာမည္ကို ေျပာျပ ေလ "

ဂေယာင္ဆူးၿပံဳးကာေမးလိုက္မိ၏။ခ်န္းေယာလ္မိမိေရ႔ွက ျပႆနာအိုးေလးကို တစ္ခ်က္စိုက္ၾကၫ့္မိလိုက္ေပသည္ ။သူ႔ပံုစံၾကၫ့္ရတာ လူေကာင္းလို႔ေတာ့ထင္ရေပသည္။တစ္ခါတစ္ေလ မိုက္ကန္းကန္းအၾကၫ့္ေတ‌ြကေတာ့ ခြၽင္းခ်က္တစ္ခုထားလို႔ရ၏။

"မင္းသိတယ္မလား အဲ့တာေၾကာင့္ စေတြ့ေတာ့ ဦးဆိုၿပီးေခၚခဲ့တာ။ညာမေနစမ္းပါနဲ႔
မပိရိဘူး "

ခ်န္းေယာလ္ အေခြကိုလွမ္းယူလိုက္ၿပီး ထြက္သြားဖို႔ျပင္လိုက္မိ၏။သို႔ ေသာ္လည္း မိမိလက္ကိုလွမ္းဆြဲထား‌ေသာလူေၾကာင့္ ခ်န္းေယာလ္ မ်က္ခံုးပင့္ျပမိသည္။ဒီေကာင္ေလးေပါက္စကအခုထိဘာေတြလုပ္ခ်င္ေနလဲမသိေပ။

"ဒါေပမဲ့ ဆရာကိုယ္တိုင္ေျပာတာကို ၾကားခ်င္တာ ကြၽန္ေတာ္ေတာင္ နာမည္ကိုေသခ်ာေျပာခဲ့တာပဲ။အခုအခ်င္းခ်င္းျပန္ေျပာၾကမယ္ေလ ကြၽန္ေတာ္နာမည္က ဒိုဂေယာင္ဆူးပါ သူငယ္ခ်င္းသိပ္မရိွဘူး။အဲ့တာေၾကာင့္ လူမႈေရးညံ့တယ္ ကြၽန္ေတာ္ကလူေတြၾကားထဲ သိပ္မေနတတ္လို႔ အေျပာအဆိုလဲ မညက္ဘူးဆရာေရာ "

ၾကည္လင္ေသာမ်က္ဝန္းေတြကအမွန္ေတြဆိုေနသၫ့္သဖြယ္ စူးရွေန၏။မ်က္ႏွာကတည္ၿငိမ္ေနသည္မို႔ သူ႔ဟန္ပန္ကလုပ္ယူထားသလိုလည္းျဖစ္မေနေပ။ေမ်ွာ္လင့္တႀကီးစိုက္ၾကၫ့္လာသည္မို႔ ခ်န္းေယာလ္ မေျပာခ်င္ေသာ္လည္း ေျပာရေပၪီးမည္။မဟုတ္ရင္ ဒီည ဒီဆိုင္ထဲကထြက္လို႔ရမၫ့္ပံုမေပၚေပ။အေနာက္က တေကာက္ေကာက္လိုက္ေမးမၫ့္ အေနအထားရိွေပသည္။

"ကိုယ့္နာမည္ကခ်န္းေယာလ္ က်န္တာေတြေတာ့ မင္းလဲသိၿပီးသားျဖစ္မွာပါ "

ခ်န္းေယာလ္ ထိုေကာင္ေလး၏လက္ေတြကိုဆြဲျဖဳတ္ကာ ေငြရွင္းဖို႔ေကာင္တာဆီကိုထြက္လာလိုက္ေပသည္။က်သင့္ေငြတန္ဖိုးကို ရွင္းၿပီးေနာက္
ခ်န္းေယာလ္ အျပင္ဘက္ကိုအျမန္ထြက္လာမိ‌ ေပသည္။တိုက္ခတ္သြားေသာေလ ၫွင္းႏွင့္ အတူ ခ်န္းေယာလ္၏စိတ္မ်ားေအးခ်မ္းသြား ရေပ၏။

"ဦး "

ျပတ္သားေသာ အသံႏွင့္ ထပ္တူ ေျပးလာေသာေျခသံမ်ားေၾကာင့္ ခ်န္းေယာလ္ ေျခေထာက္တို႔ရပ္တန႔္သြားရေပသည္။ေျပးလာေသာေကာင္ေလးက
ခ်န္းေယာလ္ ေရ႔ွေရာက္မွ ေပါင္ေပၚလက္ေထာက္ကာေခတၲ အေမာေျဖ၏။ဆိုင္ႏွင့္ သိပ္မလွမ္းသည္မို႔ ဒီေကာင္ေလးၾကၫ့္ရတာ သိပ္အေမာမခံႏိုင္သၫ့္ပံုေပၚေပသည္။စေတြ့တုန္းကလည္း ထိုေကာင္ေလး၏ ႏႈတ္ခမ္းေတြကအနည္းငယ္ျဖဴေလ်ာ့ေနသည္ကို
ခ်န္းေယာလ္ သတိထားမိေပသည္။

"ဦးကလည္း ျမန္လိုက္တာ ကြၽန္ေတာ္ လိုက္မမွီေတာ့ဘူးထင္ေနတာ ကြၽန္ေတာ္ေတာင္းပန္တဲ့အေနနဲ႔ ဒီအေခြေလး လက္ေဆာင္ေပးခ်င္လို႔ "

ကမ္းေပးလာေသာ cassette tape အေခြေလးကို
ခ်န္းေယာလ္ မယူေသးဘဲ စိုက္ၾကၫ့္ေနမိ၏။သူ႔ပံုစံၾကၫ့္ရတာ ေနာက္ေနသၫ့္ပံုေတာ့မေပၚေပ။ခဲေရာင္ကာဗာေပၚက အဆိုေတာ္ပံုက ခ်န္းေယာလ္၏စိတ္ကိုတစ္ခဏခ်င္းအျမန္ဆြဲငင္ေခၚေဆာင္သြားေပသည္။ခ်န္းေယာလ္ပတ္ရွာေနခဲ့ရသၫ့္ အဆိုေတာ္ Mario Lanza ၏အေကာင္းဆံုးလက္ေရြးစင္သီခ်င္း20 Famous songs အေချြဖစ္ေလသည္။

ခ်န္းေယာလ္အစကျငင္းမလို႔ျဖစ္ေသာ္လည္း အေတြးႏွင့္ဆန႔္က်င္စြာ လက္ကယူၿပီးေနၿပီျဖစ္ေပသည္။တအားလိုခ်င္ေနသၫ့္ အေခြမို႔  အမွန္တကယ္ကိုေပ်ာ္သြားမိ၏။ပါးခ်ိဳင့္ေတြေပၚလာသၫ့္အထိ ၿပံဳးေနေသာသူေၾကာင့္ ဂေယာင္ဆူး ဆိုင္တကာပတ္ရွာခဲ့ရသၫ့္အခ်ိန္ေတြကအခုေတာ့ ကုန္ဆံုးရက်ိဳးနပ္ခဲ့ေလၿပီ။

"ဦး ႀကိဳက္ရဲ့လား "

ဂေယာင္ဆူး အသံ ခပ္တိုးတိုးက
ခ်န္းေယာလ္၏အသိစိတ္ကိုျပန္လည္ဆြဲေခၚလာေပသည္။မိမိကို စိုက္ၾကၫ့္ေနေသာ ေကာင္ေလးက သိခ်င္စိတ္အျပၫ့္ရိွေနသၫ့္ပံုပင္။မ်က္ေတာင္မခတ္တမ္းေငးၾကၫ့္လာသည္မို႔ ခ်န္းေယာလ္ပင္အေနခက္မိသြားေပသည္။

"ေက်းဇူးပဲေနာ္ ကိုယ္ဒီၿမိဳ႔ကို စေရာက္ကတည္းက ဒီအေခြကိုပတ္ရွာေနခဲ့တာ အခုမွရေတာ့တယ္။ဒီလိုလုပ္ေလ ကိုယ့္ကိုလက္ေဆာင္ေပးတာဆိုေတာ့ ကိုယ္ကလဲ သူမ်ားဆီကအလကားမယူတတ္ဘူး ကိုယ္လဲဒီ တိတ္ေခြေလး
လက္ေဆာင္ျပန္ေပးမယ္ "

ခ်န္းေယာလ္ မိမိဝယ္ယူလာခဲ့သၫ့္  Lava Hay ရဲ့Self Title cassette tape ကိုျပန္ကမ္းေပးလိုက္၏။တကယ္ေတာ့ ဒီအေခြကမိမိဆီမွာလည္း ရိွၿပီးသားျဖစ္သည္။နားေထာင္ၿပီးသား သီခ်င္းေခြမို႔ အသစ္လည္း ထပ္မလိုခ်င္ေတာ့ေပ။ဒီေကာင္ေလးပံုၾကၫ့္ရတာ နားမေထာင္ရေသးသၫ့္ပံုေပၚေနေပသည္။

အေခြကို တေလးတစားလွမ္းယူလာသၫ့္အျပင္ မိမိလက္ကိုပါဆြဲထားသူေၾကာင့္ ခ်န္းေယာလ္ပါ လက္ကိုျပန္ရုတ္ရႏိုးမရုတ္ရႏိုး အေနခက္ရေပသည္။ေျပာလိုက္ခ်င္သည္က အေခြပဲေပးတာျဖစ္ၿပီးလက္ကိုပါမကိုင္ထားဖို႔ပင္။သို႔ေသာ္လည္း ၿပံဳးျပလာသူေၾကာင့္
ခ်န္းေယာလ္ ပင္ေငးမိသြားေပသည္။

ရယ္လိုက္တိုင္းမို႔တက္သြားေသာပါးေဖာင္းေဖာင္းေလးေတြႏွင့္အတူ ႏႈတ္ခမ္းကလဲ အသည္းပံု ေပၚလာေပေသးသည္။သူ႔အၿပံဳးက လိႈက္လိႈက္လဲလဲရိွသၫ့္အျပင္ ေဘးနားကလူကိုပါ ရိွန္ေနျခင္းမရိွေစဘဲ စိတ္ကို သက္ေသာင့္သက္သာျဖစ္ေစႏိုင္စြမ္းရိွေပသည္။ခ်န္းေယာလ္လက္ကိုအျမန္ျပန္ရုတ္လိုက္ရ၏။ၾကၫ့္ရတာ မိမိကပဲအေတြးေတြ လြန္ေနပံုရေပသည္။

ဂေယာင္ဆူးမိမိလက္ထဲက အေခြေလးကို ျမတ္ႏိုးစြာကိုင္ထားမိေပသည္။ကိုယ္သေဘာက်ရသၫ့္လူဆီက ပထမဆံုးရသၫ့္ လက္ေဆာင္မို႔ တကယ္ကို တန္ဖိုးထားရေပ၏။အေခြကာဗာပံုေလးကပင္ တလက္လက္ေတာက္ပလာသလိုခံစားလိုက္ရေပသည္။

"ဦး ခဏ ...."

ေျပာၿပီးသည္ႏွင့္ ဆိုင္ ကိုတစ္ဖန္ျပန္ေျပးသြားေသာသူေၾကာင့္ ခ်န္းေယာလ္ ထိုေကာင္ေလးကို နားမလည္ႏိုင္ေအာင္ျဖစ္ရေပသည္။လွမ္း‌‌ ေခၚဖို႔ကလည္း မၾကားရေတာ့သည္မို႔ ခ်န္းေယာလ္ အဖို႔ ထိုင္ေစာင့္ေနဖို႔သာ ရိွေတာ့ေပသည္။လမ္း‌ ေပၚမွာ မတ္တပ္ရပ္‌ ေနဖို႔ကလည္း အဆင္မေျပသည္မို႔ ခ်န္း‌ ေယာလ္ ပတ္ဝန္းက်င္ကိုလွၫ့္ပတ္ၾကၫ့္ရင္း အနီးမွ လမ္းမီးတိုင္ေဘးနားကိုသာ ေလ်ွာက္သြားမိေပ၏။

ဝါက်င့္က်င့္ လမ္းမီးမ်ားက ခ်န္းေယာလ္ အေပၚ
ျဖာက်လ်က္ရိွေပသည္။
လမ္းေဘးပလက္ေဖာင္းေပၚငုတ္တုတ္ေလးထိုင္ကာ ထိုေကာင္ေလးကို ခဏေစာင့္လိုက္မိေပသည္။လက္ထဲက တိတ္ေခြေလးကိုလည္း တျမတ္တႏိုးၾကၫ့္လိုက္မိေပ၏။ဒီအေခြကို ခ်န္းေယာလ္ ဆိုင္တိုင္းပတ္ရွာခဲ့ေပမဲ့ မေတြ့ခဲ့ေပ။

ၾကၫ့္ရတာ ဂေယာင္ဆူးက ဒီၿမိဳ႔ကို အေတာ္ကြၽမ္းပံုရေပသည္။ မိမိဒီအေခြေလး ယူခ်င္ေနမွန္း သူ႔ဘယ္လိုသိသြားလဲ ခ်န္းေယာလ္လည္းမသိေတာ့ေပ။တစ္ခါတစ္ေလက် ဒီေကာင္ေလး က ျမင္ေနရသည္ထက္ ပိုရႈပ္ေထြးသလိုပင္။တစ္ခါတစ္ေလ စိတ္ဆက္ၿပီး တစ္ခါတစ္ေလက်ေတာ့လည္း ေတာက္ပစြာၿပံဳးေနတတ္ေပသည္။တစ္ခါတစ္ေလဆက္ဆက္ထိမခံ တုန႔္ျပန္တတ္ၿပီး အခုက်ေတာ့လည္း သူ႔မဟုတ္သၫ့္အတိုင္း လိမၼာသၫ့္ ကေလးျဖစ္ေနျပန္ေလသည္။

တကယ္ေတာ့ ခ်န္းေယာလ္လဲ ဒီၿမိဳ႔ကို ေရာက္တာမၾကာေသးၿပီမို႔ သူငယ္ခ်င္းမ်ားမ်ားစားစားလဲမရိွေပ။ဒါေၾကာင့္ တစ္ခါတစ္ရံ အထီးက်န္သလို ခံစားရေပသည္။အိမ္ျပန္ၿပီး သင္ရိုးအတြက္ျပင္ဆင္ရမည္ဆိုတာ သိေသာ္လည္း ခဏေလာက္အျပင္မွာေနခ်င္ေသးေပသည္။အခ်ိန္ကြာျခားခ်က္ေတြက အိပ္ခ်ိန္ေတြကိုလည္း ကေမာက္ကမျဖစ္ေစ၏။အစားအေသာက္အတြက္က အမိေျမျပန္ေရာက္လာၿပီမို႔ အရင္လိုေပါင္မုန႔္မ်ိဳးစံုကေနကင္းေဝးသြားၿပီမို႔ စိတ္ခ်မ္းသာရေပသည္။

"ဦး "

ခ်န္းေယာလ္လည္း ဒီေကာင္ေလးႏွင့္ဆံုတာခဏေလးရိွေသးေသာ္လည္း ဦးဟူေသာစကားက နားထဲ ပဲ့တင္ထပ္လ်က္ရိွေပသည္။အမွန္ဆို အဲ့လို႔‌ ေခၚတာကိုမႀကိဳက္ေသာ္လည္း ေျပာလို႔ႏိုင္မည္ မဟုတ္ေၾကာင့္ ေခၚခြင့္ျပဳလိုက္ရျခင္းျဖစ္ေပသည္။ၿပီးေတာ့ ဘယ္သူမွသူ႔ကိုဒီလို လည္းမေခၚရဲေပ။

"ထပ္ၿပီး ဘာျဖစ္ျပန္ၿပီလဲ "

ခ်န္းေယာလ္ လမ္းမကိုေငးၾကၫ့္ေနရင္း အနားမွာလာထိုင္ေသာသူကိုေမးလိုက္မိ၏။ကပ်ာကယာေျပးထိုင္လာေသာသူက ခ်န္းေယာလ္ မေစာင့္မွာစိုးသည္ႏွယ္
ခ်န္းေယာလ္အက်ႌစကိုပင္ ဆြဲထားေပသည္။

"ကြၽန္ေတာ္ကို Sign ထိုးေပးပါလား "

ေဆာ့ပင္တစ္ေခ်ာင္းႏွင့္အတူ လက္ေဆာင္ေပးထားေသာအေခြေလးကို ဂေယာင္ဆူးက ကမ္းေပးလာ၏။ခ်န္းေယာလ္ထိုအေခြေလးကိုတစ္လွၫ့္ ဂေယာင္ဆူးကိုတစ္လွၫ့္ၾကၫ့္ေနမိေပသည္။ဒီေကာင္ေလးက တကယ္ကို တစ္ခုခုေတာ့ တစ္ခုခုပင္။အၿမဲသူ႔အေတြးေတြကို ခ်န္းေယာလ္ နားမလည္ႏိုင္ေပ။

"ေဟး ကိုယ္ကအဆိုေတာ္ မဟုတ္ဘူးေနာ္ "

ခ်န္းေယာလ္စကားဆံုးသည္ႏွင့္ ထိုေကာင္ေလးဆီမွ ရယ္သံတစ္ခ်ိဳ႕ထြက္ေပၚလာေပသည္။ဘယ္ကတည္းကသြားဝယ္လိုက္လဲမသိသၫ့္ စပါကလင္ အခ်ိဳရည္ကိုလဲ ေမာ့ေသာက္ေနေသး၏။မိမိကိုလည္း တစ္ပုလင္း ကမ္းေပးလာေပသည္။ေအးစက္ေနသၫ့္ အထိအေတြ့ေၾကာင့္ အခုမွ ထုတ္လာသၫ့္ပံုပင္။

"ဦးကလည္း အမွတ္တရဆိုတာ ထာဝရပါသြားမွာေလ။ မိုးေပၚကအပ္တစ္‌စင္းနဲ႔ လူ႔ျပည္ကအပ္တစ္စင္းဝင္တိုက္ႏိုင္ေပမဲ့ လူတစ္ဦးႏွင့္တစ္ဦးသိရဖို႔ကပိုခက္တယ္တဲ့ ။ကြၽန္ေတာ္တို႔စေတြ့တဲ့ေန့က အမွတ္တရကမေကာင္းေပမဲ့ အခုလိုၿငိမ္းခ်မ္းေနတဲ့အမွတ္တရေလးကိုေတာ့ အၿမဲမွတ္မိခ်င္တယ္  "

ဝါက်င့္က်င့္ မီးေရာင္ ေအာက္မွာ ထိုေကာင္ေလး၏မ်က္ဝန္းမ်ားက ကြၽန္ေတာ္ကို စူးစိုက္ၾကၫ့္ေနေပသည္။ထိုအၾကၫ့္မ်ားက စူးရွၿပီးေတာက္ပလြန္းသည္မို႔ ခ်န္းေယာလ္ ပင္ ေငးၾကၫ့္မိသြား၏။

ထူထဲေသာမ်က္ခံုးေအာက္မွာ မ်က္ေတာင္တိုစိပ္စိပ္မ်ားကလွပစြာတည္ရိွကာမ်က္ဝန္း၏အလွကို ပိုမိုပံ့ပိုးေပးေန‌ေလသည္။ရယ္လိုက္တိုင္းေဖာင္းတတ္သြားေသာပါးေလးက တကယ္ကို အသည္းယားခ်င္ဖြယ္အတိျဖစ္ေပသည္။ပန္းသီးေလး တစ္လံုးႏွယ္ ဆြဲကိုက္ခ်င္စရာေကာင္းလွ၏။

မညာတမ္းဝန္ခံရရင္ ထိုေကာင္ေလး၏ ႏႈတ္ခမ္းသားေတြကဒီေန့မွနီေစြးကာပိုလွပေနသလို ခ်န္းေယာလ္ ခံစားလိုက္ရ၏။မ်ိဳးတူ ေယာက်ာ္းေလးတစ္ေယာက္၏ႏႈတ္ခမ္းကို ေငးၾကၫ့္ရင္း စိတ္ထဲ တစ္မ်ိဳးျဖစ္သြားသည္မို႔
ခ်န္းေယာလ္ အျမန္သတိကပ္လိုက္ရေပသည္။ဒီေကာင္ေလးႏွင့္အတူရိွေနရျခင္းက အႏၲရယ္မ်ားလြန္းလွေပသည္။

"ဘာစာေရးေပးရဦးမလဲ "

ခ်န္းေယာလ္ လက္မွတ္ထိုးၿပီးသည္ႏွင့္ မိမိကို ေငးၾကၫ့္ေနေသာ ေကာင္ေလးကို သတိျပန္ဝင္ေအာင္ေမးလိုက္မိ၏။ဒီေကာင္ေလးၾကၫ့္တိုင္းသာ အဖိုးအခေတာင္းရမည္ဆိုလ်ွင္ ခ်န္းေယာလ္ မီလ်ံနာ သူေဌး ျဖစ္ေလာက္ေပသည္။စူးစူးစိုက္စိုက္ၾကၫ့္ေနပံုက တစ္ဖက္လူကို အားနာဖို႔လဲသတိမရေတာ့သၫ့္ပံုေပါက္ေနေလသည္။

"ဒီအတိုင္း ဦးစိတ္ထဲရိွတဲ့အရာေပါ့ "

ဒီေကာင္ေလးၾကၫ့္ရတာ တကယ္ကိုသူစိမ္းေတြႏွင့္ဆို စကားနည္းသၫ့္ပံုေပၚေပသည္။ခ်န္းေယာလ္ ေရးၿပီးသည္ႏွင့္ သူ႔ဆီကိုအျမန္ကမ္းေပးလိုက္ေပသည္။
စပါကလင္ကိုေမာ့ေသာက္ရင္း ပတ္ဝန္းက်င္ကို ေငးၾကၫ့္မိ၏။ဒီလို လမ္းေဘးမွာ မထိုင္ရတာေတာင္ၾကာေပၿပီ။

"မေကာင္းဆိုးဝါး‌ ေလး အတြက္ လက္ေဆာင္မြန္ "

ဂေယာင္ဆူး Cassette tape အေခြေပၚမွစာေလးကိုအသံထြက္ဖတ္လိုက္မိေပသည္။တစ္ခ်ိန္တည္းမွာပင္ ခ်န္းေယာလ္ကို အျမင္မၾကၫ့္စြာၾကၫ့္လိုက္မိေပ၏။ ဂေယာင္ဆူး မိမိေသာက္ထားသၫ့္ အခ်ိဳရည္ ပုလင္းျဖင့္ ေျပးရိုက္မိခ်င္သြား၏။ဦးကေလ တကယ္ကို အက်င့္မေကာင္းေပ။

"ဘာလို႔ ကြၽန္ေတာ္က မေကာင္းဆိုးဝါးျဖစ္ရတာလဲ ဒီေလာက္ခ်စ္ဖို႔ေကာင္းတာကို "

ဂေယာင္ဆူးဆီကဆူေဆာင့္ေဆာင့္ စကားအခ်ိဳ႕ေၾကာင့္ ခ်န္းေယာလ္ ရယ္လိုက္မိေပသည္။ထိုေကာင္ေလး၏ ဆံပင္အခ်ိဳ႕ကိုဆြဲဖြလိုက္ၿပီး မတ္တပ္ထရပ္လိုက္မိေပ၏။ခ်န္းေယာလ္သူႏွင့္ နီးကပ္သၫ့္အခ်ိန္တိုင္းအၿမဲအနံ႔သင္းသင္းေလးတစ္ခုကိုရမိေပသည္။ဟိုေန့ကလွမ္းဆြဲေပးထားတုန္းကလည္း သူ႔ကိုယ္မွ ထိုအနံ႔ေလးကိုရရိွခဲ့၏။အခုလည္း ထိုအနံ႔ေလးက မိမိႏွာေခါင္းဝဆီလာက်ီစယ္ေနသလိုခံစားလိုက္ရေပသည္။

"မင္းကိုၾကၫ့္ရတာ နည္းနည္းေလးမွ ခ်စ္ဖို႔ေကာင္းမေနဘူးေနာ္ လူကိုဝါးမတတ္  စားမတတ္စိုက္ၾကၫ့္ေနတာကိုက  မေကာင္းဆိုးဝါးနဲ႔ပဲတူတယ္
ကိုယ္သြားေတာ့မယ္ "

ခ်န္းေယာလ္အက်ႌစကို ဂေယာင္ဆူးအျမန္ဆြဲလိုက္မိၿပီး သူ႔လက္ထဲက မိမိေပးထားေသာတိတ္ေခြေလးကိုအျမန္ျပန္ယူမိ၏။

"စိုက္မၾကၫ့္ေစခ်င္ရင္ ဦးက  အလိုက္သိ ဆက္ဆံေပါ့ "

သူကဘာမွမေျပာလာဘဲ ကြၽန္ေတာ္လုပ္သမ်ွကိုသာေငးၾကၫ့္လာေပသည္။
ဂေယာင္ဆူးေဆာ့ပင္နဲ႔အျမန္စာေရးလိုက္ၿပီး သူ႔လက္ထဲကို အေချြပန္ထၫ့္ေပးလိုက္‌‌၏။

" Mario Lanza သီခ်င္းနားေထာင္တိုင္း ကြၽန္ေတာ္ကိုသတိရေပးေနာ္ ။ကြၽန္ေတာ္အပင္ပန္းခံၿပီးရေအာင္ဝယ္ေပးခဲ့တာမို႔ "

ဂေယာင္ဆူးေျပာၿပီးသည္ႏွင့္  Violent time ဆိုင္ေလးဆီသာေျပးသြားမိေပ၏။အေနာက္ကိုျပန္လွၫ့္ၾကၫ့္ခ်င္ေသာစိတ္ကို အတတ္ႏိုင္ဆံုးထိန္းထားမိေပသည္။
ကိုယ္ကို႔ထားခဲ့မၫ့္ေနာက္ေက်ာထက္ ကိုယ္ကသာထားခဲ့ဖို႔ ဂေယာင္ဆူးႀကိဳးစားမိေပ လိမ့္မည္။

ေျပးထြက္သြားေသာ ေကာင္ေလးကို ေငးၾကၫ့္ေနရာမွ  ခ်န္းေယာလ္ လက္ထဲကအေခြေလးကိုသတိတရ ျပန္ၾကၫ့္မိလိုက္ေပသည္။

"ခ်စ္ဖို႔ေကာင္းလား မေကာင္းလား ဦး
စမ္းခ်စ္ၾကၫ့္လိုက္ေလ သိလာမွာေပါ့
ပံု~မေကာင္းဆိုးဝါးေလး"

ခ်န္းေယာလ္ ဖတ္ၿပီးသည္ႏွင့္ ႏႈတ္ခမ္းလႈပ္ယံု ရယ္လိုက္မိေပသည္။တကယ္ အခုက ေယာက်ာ္းေလးတစ္ေယာက္ဆီက ပေရာပရည္ အလုပ္ခံရျခင္း ျဖစ္ေပသည္။ၿပီးေတာ့လည္း ကိုယ္ေမြးရင္ ကိုယ့္သားအရြယ္ ကေလးတစ္ေယာက္ဆီကျဖစ္ေလသည္။ခ်န္းေယာလ္ မိမိဆံပင္ကိုသာ ဆြဲဖြလိုက္မိေတာ့သည္။

အရိပ္ပင္မေတြ့ရေတာ့သၫ့္ ေကာင္ေလးကိုေတြ့လို႔ေတြ့ျငားရွာၾကၫ့္မိလိုက္ေပသည္။ဒီေကာင္ေလးကတကယ္ကို တစ္ခုခုေတာ့ တစ္ခုခုပင္။အေၾကာက္အရြံလည္းမရိွ ၊မေျပာရဲတာလည္းမရိွေပ။အစအေနာက္လည္း တကယ္သန္ေပသည္။ရုပ္ရည္ေလးကလည္းေခ်ာသည္မို႔ ရည္စားလည္းမ်ားမၫ့္ပံုပင္။
ခ်န္းေယာလ္ လက္က်န္ အခ်ိဳရည္ကိုသာ ေမာ့ေသာက္လိုက္မိေပ၏။ခံတြင္းခ်ဉ္လာသည္မို႔ ဆိုးဂ်ူေသာက္မျွဖစ္ေပေတာ့မည္။

ဂေယာင္ဆူးစက္ဘီးကိုနင္းေနရင္း ၿပံဳးမိလိုက္ေပသည္။အခုဆို ဦးက ဂေယာင္ဆူးကို မစိမ္းကားေလာက္ေတာ့ေပ။အနည္းဆံုးေတာ့ ေတြ့လို႔ ႏႈတ္ဆက္ရင္ေတာင္ ျပန္ၿပံဳး‌ျပသၫ့္ အဆင့္ေလာက္ေတာ့ရိွေပၿပီ။ဂေယာင္ဆူး ၿပံဳးေနရင္းမွ တည္သြားမိေပသည္။တစ္ခါတစ္ေလေတာ့ အခုလို႔ ေရ႔ွဆက္တိုးေနျခင္းကအမွန္လား အမွားလားဆိုတာ ဂေယာင္ဆူး ကိုယ္တိုင္လည္းမသိေပ။

လူငယ္တစ္ေယာက္မို႔ တစ္ျခားလူေတြလိုကိုယ္ခ်စ္ရသၫ့္လူတစ္ေယာက္ကို ဂေယာင္ဆူး လိုက္ၾကၫ့္ခ်င္ေပသည္။အဆံုးမွာနာက်င္ရမၫ့္ဆိုေတာင္ မစၾကၫ့္ဘဲ ေသဆံုးသြားရသၫ့္ အခ်စ္ပံုျပင္ေတာ့မျဖစ္ခ်င္ေပ။မဖြင့္ေျပာလိုက္ရသၫ့္ ေနာင္တကို ဂေယာင္ဆူးမရခ်င္ဆံုးျဖစ္ေပသည္။ထို႔ေၾကာင့္ အဆံုးမွာ နာက်င္မႈကသာ အေဖာ္ျပဳေနမည္ဆိုလ်င္လည္း ဂေယာင္ဆူး ဦးအနားကို သြားဖို႔သာေရ႔ွဆက္တိုးမည္သာျဖစ္ေပသည္။

အန္တြန္သက္ျပင္းတစ္ခုကိုသာခပ္သဲ့သဲ့ခ်လိုက္မိေပသည္။အျဖစ္အပ်က္တစ္ခုလံုးအေသးစိတ္ျမင္လိုက္ရသၫ့္ အျပင္ ဂေယာင္ဆူးခံစားခ်က္တစ္ခုလံုးပါသိေနသည္မို႔ အဆံုးမွာဘာေတျြဖစ္လာမလဲ အန္တြန္လဲမ‌ေတြးခ်င္ေတာ့ေပ။ဂေယာင္ဆူးခါးကိုသာ
ညင္ညင္သာသာဖက္လိုက္မိေပသည္။

အန္တြန္ထပ္သိလိုက္ရတာတစ္ခုရိွေပ၏။အဲ့တာက အန္တြန္ကအၿမဲတမ္းဂေယာင္ဆူးရိွသၫ့္ေနရာတိုင္း
ရိွေနရျခင္းျဖစ္ေပသည္။အန္တြန္တို႔ ေခတ္စကားႏွင့္ဆို ေဘာ္ဒီဂတ္လို႔ ဆိုရေပမည္။ပိုေကာင္းသည္က အန္တြန္ကသာ အားလံုးကိုျမင္ေတြ့ေနရေပမဲ့ သူတို႔ကေတာ့ အန္တြန္တည္ရိွမႈကိုပင္ မသိရေပ။မျမင္ႏိုင္ေပ။

"ကြၽန္ေတာ္လည္း ဆူးေလးေလာက္သာ သတၲိရိွခဲ့မယ္ဆို အစ္ကိုဝန္ဘင္းရဲ့ ေဘးနားမွာ ရိွ‌ေနခြင့္ရမယ္ထင္တယ္။ဆူးေလးက ကြၽန္ေတာ္ထက္ အမ်ားႀကီးသတၲိရိွတယ္ ။ခ်စ္တာကို ခ်စ္ေၾကာင္းေဖာ္ျပရဲတယ္။ကြၽန္ေတာ္ကေတာ့ အၿမဲတြန႔္ဆုတ္ေနခဲ့မိတာ ။အခုဆိုဟိုဘက္ေခတ္မွာ ဘာေတျြဖစ္ေနၿပီလဲ မသိဘူး ။ကြၽန္ေတာ္ကို အစ္ကိုဝန္ဘင္းကေရာ သတိရေနပါ့မလား ။"

အန္တြန္စက္ဘီးေနာက္ခံုမွာထိုင္ေနရသည္မို႔ ဂေယာင္ဆူးေက်ာျပင္ေပၚေခါင္းမွီလိုက္မိေပသည္။ေလေျပၫွင္းႏွင့္အတူ ဂေယာင္ဆူးဆီမွ စံပယ္ရနံ႔သင္းသင္းကိုပါ အန္တြန္ရေနမိ၏။အန္တြန္လည္း ႏွာေခါင္းယဉ္သြားသည္လားမေျပာတတ္ေပ။စံပယ္ရနံ႔ကိုပါအေတာ္သေဘာက်လာမိေပသည္။

"ဆူးေလး ေနာက္က်လွခ်ည္လား မမကအခုထိမျပန္လာေသးလို႔ စိတ္ပူေနတာ ဖုန္းလဲမကိုင္ေတာ့ "

မမဟယ္ရာက ၿခံေရ႔ွမွာတင္ထြက္ႀကိဳေလ၏။အန္တြန္လဲစက္ဘီးေပၚကဆင္းလိုက္ၿပီး မမဟယ္ရာကိုေျပးဖက္လိုက္ေပသည္။အန္တြန္ဖက္လိုက္ေသာ္လည္း မမဟယ္ရာကမျမင္ရမခံစားရသည္မို႔ တံခါးေဘးမွာသာဒီအတိုင္းေလးရပ္ေနေပ၏။
အန္တြန္ တစ္ခါတစ္ေလေတာ့လည္း ရိုက္ၿပီးသားရုပ္ရွင္ကားထဲ ဝင္သြားရသလို ခံစားရေပသည္။

ဇာတ္ေကာင္ေတြကသူ႔ဇာတ္အတိုင္း သရုပ္ေဆာင္ေနၾကၿပီး မိမိကသာ
ဆိုသည္ျဖစ္ေစကသည္ျဖစ္ေစ ဒီဇာတ္လမ္းတစ္ခုလံုးကရိုက္ၿပီးသားႀကီးမို႔ ဘာမွေျပာင္းလဲသြားမည္မဟုတ္ေပ။မိမိကသာမွားယြင္းစြာ ဒီေလာကႀကီးထဲေရာက္လာသကဲ့သို႔ ခံစားေနရေပ၏။

"အျပင္မွာမေစာင့္ေနလဲရပါတယ္ဗ်ာ မိုးခ်ဳပ္ေနၿပီ မိန္းကေလးတစ္ေယာက္တည္း အျပင္မွာေစာင့္မေနသင့္ဘူး "

ဂေယာင္ဆူးကဟယ္ရာကို ဖက္ကာေျပာလာေလသည္။ဟယ္ရာေခါင္းညိတ္ျပၿပီး ဂေယာင္ဆူး၏ လက္ေမာင္းကိုကိုင္ကာၿခံထဲဝင္လာမိ၏။ဂေယာင္ဆူးစက္ဘီးကိုတြန္းလာၿပီး မမေျပာသမ်ွကို နားေထာင္ေပးလိုက္ေပသည္။

အန္တြန္လဲ အိမ္ျပန္ေရာက္ေနၿပီျဖစ္ေသာေၾကာင့္ ဂေယာင္ဆူး ႏွင့္အတူ အေပၚထပ္ကိုသာတတ္လာမိေပသည္။ဂေယာင္ဆူးက နားမွာတပ္ထားသၫ့္ နားၾကပ္ကိုခြၽတ္လိုက္ၿပီး Walkman ကို စားပြဲေပၚတင္လိုက္ေပသည္။ဦးခ်န္း ေပးလိုက္သၫ့္ တိတ္ေခြကိုလဲ ဒိုင္ယာရီစာအုပ္ထၫ့္ေနက် အံဆြဲထဲ ထၫ့္လိုက္ေပ၏။

အန္တြန္ ခုတင္ေပၚကိုသာေျပးတတ္လိုက္ၿပီး အရုပ္ႀကိဳးျပတ္လွဲခ်လိုက္ေပသည္။ခုတင္ေခါင္းရင္းမွာတင္ထားေသာ စံပယ္ပန္းမ်ားေၾကာင့္ ပန္းနံ႔ခပ္သင္းသင္းကပ်ံ့လြင့္ေနေပသည္။အန္တြန္မိမိလည္ပင္းက ဆြဲႀကိဳးေလးကိုၾကၫ့္လိုက္မိေပ၏ ။ဘယ္အခ်ိန္ထိ ဒီမွာေနရမလဲ၊ဘယ္ေတာ့မွ အိမ္ျပန္ခြင့္ရမလဲ
အန္တြန္ေတြးေနမိေပသည္။

ပ်ံ့လြင့္လာေသာ တေယာသံေၾကာင့္ အန္တြန္လွဲေနရာမွထလိုက္မိေပသည္။ျပတင္းေဘာင္ကိုမွီၿပီး တေယာထိုးေနေသာ ဂေယာင္ဆူး၏ပံုစံကျမင္ေနက်ပံုစံထက္ အမ်ားႀကီးကြဲထြက္သြားေပသည္။လက္ေခ်ာင္းေလးေတြလႈပ္ရွားသြားတာပါအစ အန္တြန္ေငးေနမိၿပီး မ်က္ဝန္းကိုမိွတ္ကာ ဂီတကိုခံစားတီးခတ္ေနေသာ ဂေယာင္ဆူးကလေရာင္ေအာက္တြင္ တကယ္ကို ေခ်ာေမာျပၫ့္စံုလွေပသည္။

နားထဲပ်ံ့လြင့္လာသၫ့္ေတးဂီတက တစ္ေယာက္ေသာသူကို မ်က္ဝန္းထဲေျပးျမင္လာေစေပသည္။အန္တြန္သံစဉ္ကိုနားေထာင္ေနရင္း သူ႔တီးခတ္ေနသၫ့္ သီခ်င္းနာမည္ကို သိသြားမိေပ၏။ Mario Lanza ရဲ့ My romance &So in love သီခ်င္းႏွစ္ပုဒ္ျဖစ္ေပသည္။အန္တြန္သီခ်င္းစာသားကို ခပ္တိုးတိုးညည္းဆိုရင္း ဂေယာင္ဆူးအနားကို ကပ္သြားမိေပသည္။

ဂီတထဲစီးေျမာေနသူက မ်က္ဝန္းပင္
တစ္ခ်က္မဖြင့္ဘဲ တေယာသံစဉ္ၾကားထဲသာ နစ္ျမဳပ္ေနေပသည္။

"ကြၽန္ေတာ္ Mario Lanza ရဲ့သီခ်င္းေတြ တစ္ခါမွ နားမေထာင္ဖူးဘူး ၊အခုဆူးေလးတီးေနတဲ့ သံစဉ္ကိုေရာပဲ ။ဒါေပမဲ့ အထပ္ထပ္အခါခါတီးဖူးသလို နားေထာင္ဖူးသလို စာသားေတြပါအစ အလြတ္ရေနမိတယ္ ။
အစ္ကိုခ်န္းေယာလ္ကိုေတြ့ရင္ ဘာလို႔မွန္းမသိ ရင္ထဲကနာက်င္လာမိတယ္။သူ႔မ်က္ဝန္းေတြကို စိုက္ၾကၫ့္မိရင္ အစ္ကိုဝန္ဘင္းကိုၾကၫ့္ေနရသလို ရင္ထဲက အဆက္မျပတ္တုန္ယင္လာတယ္ ။ခင္ဗ်ားက ဘယ္သူလဲ ဒိုဂေယာင္ဆူး။ၿပီးေတာ့ ကြၽန္ေတာ္ကေရာ ဘာလို႔ ဒီကိုေရာက္ေနရတာလဲ။ဒီပတ္ဝန္းက်င္၊ဒီမိသားစု ၊ဒီအေပါင္းအသင္းေတြက ဘာလို႔ကြၽန္ေတာ္အနားမွာ အၿမဲရိွေပးခဲ့သလို ခံစားေနရတာလဲ ။ဘာလို႔ ကြၽန္ေတာ္က ခင္ဗ်ားရဲ့အေတြးေတြခံစားေနရသလို ထပ္တူခံစားေနရတာလဲ ။ေက်းဇူးျပဳျပီး ေျဖေပးပါဦး ၊ေျဖေပးပါဦးလို႔ "

အန္တြန္ဂေယာင္ဆူးကိုယ္ကိုဆြဲလႈပ္ကာေမးေနမိေပသည္။သို႔ေသာ္ ဂေယာင္ဆူးကဘာမွမၾကားရသလို အထိအေတြ့ကိုမသိရိွသကဲ့သို႔ တေယာကိုသာ ဆက္တီးေနေလသည္။
အန္တြန္မွာသာ အေမးပုစၧာေတြထဲ တစ္ဝဲလည္လည္ျဖစ္ေနရေပသည္။

Continue Reading

You'll Also Like

3.7M 240K 98
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
704K 54.8K 35
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
189K 19.2K 28
Bossဖြစ်သူမိန်းက​လေး အဝတ်အစား​ဝတ်နေတဲ့အချိန် သူ့ရဲ့ဝန်ထမ်းက မြင်သွားတဲ့အခါ ဘယ်လိုဖုံးကွယ်ဖို့ ကြိုးစားမလဲ သူတို့နှစ်​ယောက်ကြားမှာ အချစ်​တွေ ဘယ်လို​ပ...
8.8K 1K 10
လျှို့ဝှက်ချက် ၊ ကတိ ၊ အလိမ်အညာ ။ - I don't ask for happiness , just a little less pain -