The Challenge of Love (OC)

Por Eaint_Shin_Sitt

348K 13.7K 701

ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှ... Más

Introduction
Part (1) Uni/Zawgyi
Part (2) Uni/Zawgyi
Part (3) Uni/Zawgyi
Part (4) Uni/Zawgyi
Part (5) Uni/Zawgyi
Character Introduction
Part (6) Uni/Zawgyi
Part (7) Uni/Zawgyi
Part (8) Uni/Zawgyi
Part (9) Uni/Zawgyi
Part (10) Uni/Zawgyi
Part (11) Uni/Zawgyi
Part (12) Uni/Zawgyi
Part (13) Uni/Zawgyi
Part (14) Uni/Zawgyi
Part (15)Uni/Zawgyi
Part (16) Uni/Zawgyi
Part (17) Uni/Zawgyi
Part (18) Uni/Zawgyi
Part (19) Uni/Zawgyi
Part (20) Uni/Zawgyi
Part (21) Uni/Zawgyi
Part (22) Uni/Zawgyi
Part (23) Uni/Zawgyi
Part (24) Uni/Zawgyi
Part (25) Uni/Zawgyi
Part (26) Uni/Zawgyi
Part (27) Uni/Zawgyi
Part (28) Uni/Zawgyi
Part (29) Uni/Zawgyi
Part (31) Uni/Zawgyi
Part (32) Uni/Zawgyi
Part (33) Uni/Zawgyi
Part (34) Uni/Zawgyi
Part (35) Uni/Zawgyi
Part (36) Uni/Zawgyi
Part (37) Uni/Zawgyi
Part (38) Uni/Zawgyi
Part (39) Uni/Zawgyi

Part (30) Uni/Zawgyi

10K 396 30
Por Eaint_Shin_Sitt

The Challenge of Love
Part (30)

ဒီနေ့ ရန်ကြီးတို့ Sky Bar မှာ ဘီယာ Date ဖြစ်ကြသည်။ အကြောင်းအရင်းကတော့နေကပူတာနဲ့ လေတိုက်မည့်အမြင့်ဆုံး ခေါင်းမိုးထပ်Barကိုရွေးလာခဲ့ခြင်းဖြစ်၏။

သင်္ကြန်ပြီးလို့ ထူးမြတ်လင်းအိမ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေသွားယူတုန်းက မတော်တဆတွေ့ခဲ့ပြီးကတည်းက ထပ်မတွေ့ဖြစ်ကြတာမို့ဒီတစ်ခေါက်အေးဆေးတွေ့ကြသည်။

၃ယောက်သား ဝရန်တာအစွန်ကဝိုင်းမှာထိုင်ကြပြီး Budweiser Beer ကိုတစ်ယောက်တစ်ပုလင်းနှုန်းနဲ့၃ပုလင်းမှာထားလိုက်ကြသည်။

နွေပူပူမှာ ဘီယာအေးအေးလေးသောက်ရတာလောက် ကောင်းတာမရှိ။

ခိုင်မြဲသည်ဘီယာကိုပုလင်းလိုက်မော့ပြီး ရင်ထဲအေးသွားတဲ့ခံစားမှုကိုအတိအကျခံစားနေသည်။

"ဟျောင့် ဟိုနေ့က ကိစ္စဆက်ပါဦး "

ထူးမြတ်လင်းက အစမရှိအဆုံးမရှိနဲ့ ခိုင်မြဲအားပြောသည်။

"ဘယ်ကိစ္စလဲ "

"ဟိုဟာမလား ဆုယွန်းယွန်းထက်လာAddတဲ့ကိစ္စ"

ရန်ကြီးက သူလည်းသိချင်နေတာမို့ ဘယ်ကိစ္စကိုပြောတာလဲဆိုတာတန်းသိသည်။

"သြော်...ဟုတ်တယ် ရုတ်တရက်ကြီးလာAddတော့ ငါတောင်လန့်သွားတာ "

"ဆိုတော့ ဘာဆက်ဖြစ်ကြလဲ မင်းတို့Friend ဖြစ်တာ တစ်ပတ်လောက်ရှိပြီဆိုတော့ "

ထူးမြတ်လင်းက ခိုင်မြဲအဖြေကိုနားထောင်ပြီးဆက်မေးသည်။

"ဘာမှမဖြစ်ဘူး Friend ပဲ ဖြစ်တာ"

"မင်းကလည်းကွာ ညံ့တာ ဟိုကလာတောင်Addတာကို မင်းကနည်းနည်းပါးပါးတော့ဇာတ်လမ်းစလေကွာ"

"ဟ...ငါမှသူ့ကိုအရင်လိုစိတ်မဝင်စားတာ ဘာစရမှာလဲ"

"ဟျောင့် လာaddတဲ့ဟာကို ငါတို့ Screenshot လာပြကတည်းက မင်းသူ့အပေါ်မှာစိတ်ဝင်စားနေသေးလို့ပေါ့"

ရန်ကြီးက တစ်ချက်ဝင်ပြောပြီးဘီယာကိုတစ်ငုံငုံလိုက်သည်။

"မင်းအဲ့ဒီလို တုံးလို့ စော်မရှိတာအခုထိ!"

"ငါတစ်ယောက်တည်းမဟုတ်ဘူး ဟျောင့် မင်းဖေကိုရှေ့တည့်တည့်ထားပြီးမေ့မနေနဲ့"

ခိုင်မြဲသည် ထူးမြတ်လင်းနဲ့မျက်နှာချင်းဆိုင်ထိုင်နေတဲ့ရန်ကြီးကိုရည်ရွယ်ပြီးပြောလိုက်တာမို့ ရန်ကြီးဘီယာမော့ဖို့ပုလင်းကလေထဲတင်ရပ်သွား၏။

ရုတ်တရက်လည်းကိုယ့်ကိုယ်ကိုယ်မလုံမလဲဖြစ်လာရသည်။ အကြောင်းအရင်းကတော့သူတို့ထင်သလိုကိုယ်ဟာSingleဟုတ်မနေဘဲ ရည်းစားရှိနေပြီဖြစ်သောကြောင့်ဖြစ်၏။

ပြီးတော့တွဲနေတဲ့ရည်းစားကလည်း ကိုယ့်ဘေးကကောင်ရဲ့ညီမဆိုတော့ဘီယာမမူးသေးဘဲခေါင်းမူးလာတော့သည်။

ထိုစဥ် ဘောင်းဘီအိတ်ထောင်ထဲက ဖုန်းကတုန်လာတော့ရန်ကြီးလည်းဘီယာပုလင်းကိုစားပွဲပေါ်ပြန်ချပြီး အိတ်ထောင်ထဲကဖုန်းကိုနှိုက်ယူကာဖွင့်ကြည့်လိုက်သည်။

ရည်းစားသက်တမ်း၅ရက်ရှိပြီဖြစ်တဲ့ကောင်မလေးဆီကဖြစ်သည်။

•• ကိုကို ဘယ်မှာလဲ အိမ်ပြန်ရောက်ပြီလား••

ရန်ကြီးတစ်ယောက် ဘေးမှာခိုင်မြဲရှိနေတာမို့ တွယ်တာ့ဆီစာပြန်ဖို့ အဆင်မပြေဖြစ်နေသည်။
သို့သော် Reply မပြန်ရင် ဖုန်းပါချက်ချင်းခေါ်မယ့်ကောင်မလေးဖြစ်တာကြောင့် ရန်ကြီးလည်း ခိုင်မြဲမမြင်အောင်ဖုန်းကိုအောက်မှာဖွက်ပြီး စာပြန်လိုက်ပါသည်။

•• မရောက်သေးဘူး ဆိုင်မှာပဲရှိသေးတယ် တရုတ်ကြီးရှိလို့ဖုန်းမခေါ်နဲ့နော် အိမ်ရောက်ရင်ပြောမယ် ••

ရန်ကြီး စာပြန်ပြီး ဖုန်းကို စားပွဲပေါ်သို့တင်ကာ မှောက်ထားလိုက်သည်။

တွယ်တာ့ဆီစာပြန်ပို့နေတုန်းလွတ်သွားတဲ့စကားဝိုင်းကိုပြန်Joinဖို့ဟို၂ကောင်ပြောနေတာကိုပြန်နားထောင်နေရသည်။

>ကလင် >>

ထပ်ပြီးMessage ဝင်တဲ့ Noti တက်တော့ရန်ကြီး မှောက်ထားတဲ့ဖုန်းကို တစ်ချက်လှန်ကြည့်လိုက်တဲ့အခါ ဝင်လာတဲ့ကောင်မလေးဆီကစာ​ကိုဖတ်ပြီး ကြိတ်ပြုံးရတော့သည်။

•• ဖုန်းမဆက်ပါဘူးနော် ဒီတိုင်းကိုကို့ကိုလွမ်းတယ်လို့ပြောချင်လို့ ••

ဖုန်းကို စားပွဲပေါ်မှာပြန်မှောက်လိုက်ပြီး ပြုံးနေတဲ့နှုတ်ခမ်းတွေကိုစားပွဲပေါ်မှာတံတောင်နဲ့ထောက်ထားသောလက်များဖြင့်ကွယ်ထားလိုက်ရတော့သည်။

တကယ့်အတတ်ကလေး!

"ဟုတ်တယ်မလား ရန်ကြီး "

"ဟေ....အေး ဟုတ်တယ်"

ခိုင်မြဲက ရန်ကြီးပုခုံးကိုပုတ်ပြီး ပြောလာတော့ရန်ကြီးခမျာဘာမှမသိဘဲ ထောက်ခံပေးလိုက်ရသည်။

"ဒါနဲ့မင်းတို့မပြန်သေးဘူးလား"

"ဘာလို့လဲ အခုမှ 8နာရီပဲရှိသေးတာ မပြန်သေးဘူး"

ထူးမြတ်လင်းကနာရီကြည့်ပြီးပြောလာသည်။

"ဘာမှမဟုတ်ပါဘူး "

"မသိဘူးလေ ပြန်မယ့်အချိန်တွေမေးနေတော့ ဘာရှိလို့လဲလို့"

"အေးဆေးဘာမှမရှိဘူးရယ် "

ကောင်မလေးနဲ့ဖုန်းပြောချင်လှပြီဆိုပေမဲ့ သူငယ်ချင်းတွေကိုလည်းအချိန်မပေးလို့မရတာနဲ့ ရန်ကြီး အဲ့ဒီ၂ကောင်ပြန်မယ့်အထိဆိုင်မှာထိုင်ပေးနေရသည်။

*
*
*

တွယ်တာတို့ ရည်းစားဖြစ်တာဒီနေ့တစ်ပတ်ပြည့်တာဖြစ်ပြီး အကသင်တန်းကဆင်းရင် ရန်ကြီးကို Training ဆင်းတဲ့ဆီလာတွေ့မည်ဟုဖုန်းဆက်ထားသည်။

ကိုကိုကတော့အဲ့ဒီကိုလာတာသိပ်မကြိုက်ပေမဲ့တွယ်တာကတော့ အကသင်တန်းရှိတဲ့နေ့တွေဆိုရင်သင်တန်းဆင်းတာနဲ့ကိုကိုရှိတဲ့ဆီသို့ဘယ်နေရာဖြစ်ဖြစ်ရောက်အောင်သွားသည်။

ဒီနေ့က အေးဆေးတွေ့လို့ရမယ့်နေရာမှာချိန်းတွေ့ကြဖို့ တွယ်တာ့ကို စဥ်းစားခိုင်းထားသည်။တွယ်တာဘယ်နေရာကိုရွေးမလဲဆိုတာကိုကိုသိရင်တွယ်တာ့ကိုခေါ်ပါ့မလားမသိ။

ပြီးတော့မနေ့ညကပဲကိုကို့ခွင့်ပြုချက်နဲ့ပန်းနုနဲ့လဝန်းကိုတွယ်တာနဲ့ကိုကိုတွဲနေကြပြီဖြစ်ကြောင်းပြောပြလိုက်သည်။

ကိုကိုဟာတွယ်တာနဲ့သူ့ရဲ့Relationship အတွက်တော်တော်စိတ်ပူပုံရသည်။ ပန်းနုနဲ့လဝန်းကိုပြောပြဖို့တောင် အများကြီးဖြောင်းဖျလိုက်ရသည်။

သူမသူငယ်ချင်းတွေမည်ကဲ့သို့နှုတ်လုံကြောင်း၊ ၃ယောက်စလုံးတစ်သွေးတည်းတစ်သားတည်းဖြစ်တာမို့စိတ်ချရကြောင်းတွေအများကြီးရှင်းပြပြီးမှတွယ်တာ သူတို့၂ယောက်ကိုမပြောဘဲမနေနိုင်တာမို့ပြောပြချင်သည်အားခွင့်တောင်းခဲ့သည်။

ကိုကို့ခွင့်ပြုချက်ရတာနဲ့တွယ်တာသည် Gp chat ထဲသွားပြီး Video Call ဖြင့် သူမတို့အကြောင်းအကြမ်းဖျင်းရှင်းပြလိုက်သည်။

ပန်းနုရောလဝန်းရောဟင်ခနဲဟာခနဲဖြစ်သွားရပြီး တွယ်တာ့အားလည်းတစ်ပတ်ပြည့်မှပြောလို့ဝိုင်းမေတ္တာပို့ကြ၏။ ဒီကောင်မတွေကတစ်ပတ်တောင်ဒီလောက်ပြောနေတာကိုကိုပြောခိုင်းတဲ့အချိန်မှသာဆိုရင်အကြာကြီးစိတ်ကောက်ကြမည်ဖြစ်သည်။

သူငယ်ချင်းမ၂ယောက်ကို ကိုကြီးအားမပြောဖို့အတန်တန်မှာကြားခဲ့ပြီးတာမို့စိတ်ချရမည်ထင်ပါသည်။ ပြီးတော့မနက်ကျGymနားရက်ဖြစ်သဖြင့် သူတို့၂ယောက်နဲ့ချိန်းထားပြီးမေးသမျှဖြေပေးရဦးမည်ဖြစ်သည်။

အခုတော့ ချစ်မဝတဲ့ကိုကိုရှိရာသို့ကားကိုတန်းတန်းမတ်မတ်မောင်းလာပြီး အဆောက်အဦးရှေ့ကားရပ်လိုက်တာနဲ့သူမကားဆီပြေးလာသော ကိုကို့ကိုကားထဲကနေVideoလှမ်းရိုက်ထားသည်။

ခြေတံအရှည်ကြီးတွေနဲ့ပြေးလာတဲ့ကိုကိုဟာ Videoနဲ့မှတ်တမ်းတင်ထားလောက်ရတဲ့အထိကြည့်ကောင်းနေတာဖြစ်သည်။

ကားထဲဝင်ထိုင်လာတဲ့အထိ ဖုန်းထောင်ပြီး Video ရိုက်နေတဲ့တွယ်တာကြောင့် ရန်ကြီးက မျက်မှောင်ကုပ်ကြည့်လိုက်သည်။

"ဘာလုပ်နေတာလဲ ဖုန်းကြီးနဲ့ကွယ်ပြီး "

တွယ်တာက ရန်ကြီးရဲ့မျက်နှာကိုမေးစေ့ကနေလှမ်းကိုင်လိုက်ကာ ကင်မရာရှေ့တည့်တည့်သို့လှည့်စေသည်။

"တွယ်တာ့ရည်းစားကို Video ရိုက်နေတာလေ ကြည့်ပါဦး ချစ်စရာကြီး "

ရန်ကြီးက ထိုအခါ ခေါင်းကိုတိမ်းရှောင်လိုက်သည်။

"ဘာလို့လျှောက်ရိုက်နေတာလဲ "

"ကိုကို့ကိုလွမ်းတဲ့အခါထုတ်ကြည့်ဖို့လေ"

"ဖုန်းဆက်လိုက်ပေါ့ လျှောက်မရိုက်နဲ့ "

"မရဘူး ရိုက်မှာပဲ ဒီဘက်လှည့်ပါဆို "

"ပိတ်လိုက်တော့အဲ့ဒီကင်မရာကြီး သွားကြစို့ "

"ဒီဘက်လှည့် ကင်မရာကိုကြည့်ပြီး တွယ်တာ့ကိုအာဘွားလို့ပြောရင်ပိတ်ပေးမယ် "

"တွယ်တာကကွာ ဘာတွေလျှောက်ခိုင်းနေတာလဲ "

"ကိုကိုကလည်း တွယ်တာ သိမ်းထားချင်လို့ပါဆို လုပ်ပါ ပြောပါ "

ရန်ကြီးလည်း သူ့အား ချွဲကာဇွတ်ခိုင်းနေသော ကလေးမကြောင့် ကင်မရာဘက်သို့မလှည့်ချင်လှည့်ချင်နဲ့လှည့်လာပြီး

"အာဘွား အာဘွား ရပြီလား "

ရုပ်တည်ကြီးနဲ့ အာဘွားအာဘွားလုပ်နေတဲ့ ကိုကို့ကြောင့်တွယ်တာ ကင်မရာကိုပိတ်ပေးလိုက်ပြီး တဟီးဟီး ရယ်တော့သည်။

"ရယ်မနေနဲ့ သွားမယ် ငါမောင်းရမလား "

"ဟင့်အင်းတော်ပါပြီ တွယ်တာပဲမောင်းပါ့မယ် ကိုကိုက တွယ်တာ့ကိုထိုင်ကြည့်နေ "

တွယ်တာက ကားကိုပြန်ခေါက်ကွေ့ကာ လမ်းမပေါ်သို့မောင်းလိုက်သည်။

"ဘယ်သွားမှာလဲ နေရာကစဥ်းစားခဲ့ပြီလား "

"စဥ်းစားခဲ့ပြီ ဟိုတယ်သွားမယ် "

တွယ်တာကကားမောင်းရင်း ရုပ်တည်လေးနဲ့ပြောလာတော့ရန်ကြီးကတွယ်တာ့အားမျက်လုံးပြူးပြီးလှည့်ကြည့်သည်။

"ဘယ်သွားမယ်?"

"ဟိုတယ်လေ အေးအေးဆေးဆေးတွေ့လို့ရတယ် ဘယ်သူမှလည်းမမြင်တော့ဘူး အခန်းထဲမှာ "

"မသွားဘူး "

"ဘာလို့လဲ ကိုကိုကလည်း "

"အခန်းထဲသာမမြင်တာ ဟိုတယ်ထဲဝင်သွားတာမြင်မှာပေါ့ "

"မြင်တော့ဘာဖြစ်လဲ"

"တရုတ်ကြီးက သူ့ညီမဟိုတယ်ခေါ်တာသိရင် ငါ့တော့မတွေးရဲစရာပဲ"

"ကိုကိုခေါ်တာမှမဟုတ်တာ တွယ်တာကခေါ်တာလို့ပြောလိုက်လေ "

"မဟုတ်တာတွေမပြောစမ်းပါနဲ့ တွယ်တာ ဟိုတယ်တော့မသွားနဲ့တခြားကြိုက်တဲ့ဆီသွားကွာ"

"ကိုကို့အိမ် "

စိတ်လိုလက်ရနဲ့ သူ့လက်သို့လှည့်ပြီးပြောလာတော့ ရန်ကြီးဘယ်လိုငြင်းရမလဲမသိ။

"မခေါ်ချင်ပြန်ဘူးလား "

"မဟုတ်ပါဘူး ခေါ်ချင်တာမှ တစ်ပိုင်းကိုသေနေပြီ"

"အဲ့တာဆိုသွားမယ်လေ တွယ်တာ့ကိုလမ်းပြ "

ဟိုတယ်မှာအချိန်ပိုင်းနဲ့အခန်းယူပြီး တွေ့တာထက်စာရင် အိမ်ကိုအလည်ခေါ်တာကတော်ပါသေးတယ်ဟု တွေးလိုက်ပြီးရန်ကြီးလည်း တွယ်တာ့အားသူ့ကွန်ဒိုရှိရာသို့လမ်းပြပေးလိုက်သည်။

ပါကင်မှာကားထိုးပြီးတော့ ၂ယောက်အတူ ကားထဲကထွက်ထွက်ချင်း ရန်ကြီးဟာ တွယ်တာ့ဘက်သို့ရောက်လာပြီး နေထိုးနေတဲ့တွယ်တာ့မျက်နှာကိုသူ့ကိုယ်ကြီးနဲ့ ရှေ့ကနေ ကာလိုက်သည်။

"ဟာ....ဟိုမှာ ပိတောက်ပင်ကြီးရှိတာပဲ တွယ်တာ့ကိုခူးလာပေးတာအဲ့ဒီအပင်ကလား"

ရန်ကြီးက တွယ်တာပြတဲ့အဆောက်အဦးရှေ့ပိတောက်ပင်ကြီးကိုလှည့်ကြည့်ပြီး ခေါင်းညိတ်ဖြေလိုက်သည်။

"အင်း ဟုတ်တယ်မြန်မြန်လာ နေပူတယ်"

ရန်ကြီးက တွယ်တာ့ကို ပါကင်ကနေအဆောက်အဦးထဲဝင်တဲ့အထိ နေမပူအောင်ဘေးကနေ ကပ်လျှောက်ပေး၏။

လှေကားကို အတူတက်လာရင်းသူနေတဲ့အလွှာကိုရောက်တော့အခန်းတံခါးကိုဖွင့်ကာ အထဲသို့သူမအားအရင်ဝင်စေသည်။

"ကိုကို တွယ်တာ့ကိုနေပူမှာအဲ့လောက်စိုးရိမ်လား"

"အင်း မင်းကို နေပူထဲမထွက်စေချင်ဘူး"

"ဘာလို့လဲ "

"အသားတွေမဲသွားစိုးလို့ "

အင်္ကျီလက်တိုလေးဝတ်ထားတဲ့တွယ်တာဟာ သူမရဲ့ဖြူစွတ်နေတဲ့လက်ကအသားအရေကိုငုံ့ကြည့်ပြီး ရယ်သည်။

"တွယ်တာဒီလောက်ဖွေးစွတ်နေတာကို မဲမှာစိတ်ပူရမှာကိုကိုပါနော် "

တွယ်တာကပြောပြီး ရန်ကြီးကိုခါးကနေလှမ်းဖက်လိုက်သည်။

ရင်ခွင်ထဲမှာလူကောင်သေးသေးလေးနဲ့ဝင်လာသော တွယ်တာ့အားရန်ကြီးငုံ့ကြည့်ပြီးအသည်းယားရ၏။

"ငါကမဲပြီးသားလေ မင်းကဒီလောက်ဖြူဖွေးနုဖက်နေတာ နေလောင်သွားရင်ဘယ်လိုလုပ်မလဲ "

"မမဲပါဘူးနော် ကိုကိုက ညိုတာပါ တွယ်တာ့ရဲ့ ချစ်မဝတဲ့ကိုကို့ကို ​ဖြူလာအောင် Skin Care ပေးဦးမယ် "

တွယ်တာက ရင်ခွင်ထဲကနေခြေဖျားထောက်ပြီး ရန်ကြီးရဲ့ပါးနှစ်ဖက်ကိုဆွဲဖဲ့သည်။

ရန်ကြီးက သူမအခုမှပွေ့ဖက်လိုက်တော့ သူ့လက်ထဲခန္ဓာကိုယ်လေးကမြောက်တက်ပြီးပါသွားရ၏။

"မင်းဟာမင်းသာသုံးပါ ငါကရတယ် "

"တွယ်တာကတော့မရပါဘူး ဒီမျက်နှာကြီးကိုတွယ်တာနမ်းရမယ့်ဟာကို ဖွေးလာအောင်ကို Skin Care ပေးပစ်မယ် "

"သြော...အခုတော့မနမ်းချင်ဘူးပေါ့"

"ဟယ်မဟုတ်ပါဘူး အခုလည်းနမ်းချင်တာမှနှစ်ပိုင်းလုံးကိုသေလို့ ကားပေါ်မှာနမ်းရင် ဆူမှာစိုးလို့ လာ အာဘွားပေးမယ် "

တွယ်တာက ရန်ကြီးမြှောက်ထားတဲ့အတိုင်း ခါးကိုခြေထောက် ၂ဖက်နှင့်ခွဖက်လိုက်ပြီး မျက်နှာတစ်လုံးကို  တမွမွနဲ့လိုက်နမ်းနေလို့ ရန်ကြီးလည်း ရယ်နေမိပါတော့သည်။

သူမကိုချီထားလျှက် ဆိုဖာပေါ်သို့ထိုင်ချလိုက်တော့မှ အာဘွားပေးတာရပ်ပြီး ရန်ကြီးရဲ့ပါးနှစ်ဖက်ကိုအုပ်ကိုင်ထားသည်။

"ဝပြီလား "

တွယ်တာက ​ခေါင်းညိတ်ပြတော့ ရန်ကြီးက တွယ်တာ့ခေါင်းကလေးကိုနောက်ကနေထိန်းကိုင်ကာပြောလာသည်။

"မင်းပြီးရင် ကိုကို့အလှည့် "

တွယ်တာ့နှုတ်ခမ်းကလေးကိုသူ့နှုတ်ခမ်းတွေနဲ့စုပ်ယူလိုက်လေသည်။

အောက်နှုတ်ခမ်းကလေးအား ပြွက်ကနဲမြည်အောင်စုပ်လိုက်တော့ တွယ်တာ့မှာရင်တွေခုန်ပြီးရန်ကြီးရဲ့အင်္ကျီကိုပုခုံးကနေလှမ်းဆွဲထားလိုက်သည်။

တွယ်တာမျက်လုံးဖွင့်ကြည့်တော့ ကိုကိုဟာမျက်လုံးတွေမှိတ်ထားကာ အပြည့်အဝခံစားပြီးနမ်းနေတာဖြစ်သည်။

ရုတ်တရက်တွယ်တာ့ခါးကလေးကိုသူနဲ့ပိုကပ်လာအောင်ဆွဲလိုက်တာမို့တွယ်တာယောင်ရမ်းပြီးမျက်လုံးတွေမှိတ်လိုက်ရသည်။

ကိုကို့အပေါ်မှာခွထိုင်ထားတာဖြစ်သဖြင့် ခါးကလေးကော့ပြီးပါသွားတဲ့တွယ်တာအား တင်ပါးပြည့်ပြည့်ကလေးကိုတစ်ခါကိုင်ပြီး ရှေ့တိုးလာစေသည်။

တင်ပါးပေါ်ရောက်လာတဲ့ကိုကို့လက်ကြောင့်တွယ်တာမှာအသက်ရှူမဝတဲ့ကြားကအသက်အောင့်ထားလိုက်ရသည်။

အောက်နှုတ်ခမ်းကလေးကိုချိုချဥ်တစ်လုံးကိုစုပ်ငုံထားပြီးတွယ်တာက သူ့ပုခုံးတွေတွန်းလာတော့လွှတ်ပေးလိုက်သည်။

"မောတယ် ကိုကို ဘာလို့အကြာကြီးစုပ်ထားတာလဲကျင်နေတာပဲ"

တွယ်တာဟာ သူမဖြစ်လာတဲ့ဝေဒနာမရှက်တတ်ဘဲဤကဲ့သို့ပွင့်ပွင့်လင်းလင်းပြောတတ်သည်။

"ကောင်းလို့လေ နောက်တစ်ခါကိုကိုစုပ်တာကိုပဲငြိမ်မခံဘဲ မင်းကပြန်စုပ် အဲ့တာဆိုမမောတော့ဘူး"

တွယ်တာ ရန်ကြီးစကားကိုကြားပြီးသူမနှုတ်ခမ်းကလေးကိုတင်းတင်းစေ့ပိတ်လိုက်သည်။

"ထ... ရေတိုက်မယ်"

ရန်ကြီးကသူမတင်ပါးကလေးကိုပုတ်ပြီးသူ့အပေါ်ထခိုင်းသည်။ တွယ်တာကဘေးသို့ပြောင်းထိုင်လိုက်တော့ရန်ကြီးက ရေခဲသေတ္တာထဲကနေရေဘူးသွားယူသည်။

တွယ်တာက ရန်ကြီးယူလာတဲ့ရေကို၂ငုံလောက်မော့သောက်ပြီးစားပွဲပေါ်သို့ပြန်ချတင်ထားလိုက်၏။



************************************
အမှားပါရင်ခွင့်လွှတ်ပါ။
Part (31) ဆက်ရန်

Zawgyi Version

The Challenge of Love
Part (30)




နွပေူပူမှာ ဘီယာအေးအေးလေးသောက်ရတာလောက် ကောင်းတာမရှိ။




"ဘယ်ကိစ္စလဲ "























>ကလင် >>




တကယ့်အတတ်ကလေး!

"ဟုတ်တယ်မလား ရန်ကြီး "

"ဟေ....အေး ဟုတ်တယ်"





"ဘာမှမဟုတ်ပါဘူး "




*
*
*


























"အာဘွား အာဘွား ရပြီလား "








"ဘယ်သွားမယ်?"


"မသွားဘူး "

"ဘာလို့လဲ ကိုကိုကလည်း "


"မြင်တော့ဘာဖြစ်လဲ"




"ကိုကို့အိမ် "


"မခေါ်ချင်ပြန်ဘူးလား "












"ဘာလို့လဲ "
















"ဝပြီလား "














"ထ... ရေတိုက်မယ်"





************************************
Part (31) ဆက်ရန်

Seguir leyendo

También te gustarán

2.3M 151K 96
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
110K 4.7K 59
ယောင်္ကျားလေး ယောင်ဆောင်ပြီး ကျမ အဖေ နောက်မိန်းမရဲ့ သားကို ကျမက ကလဲ့စားချေမလို့ ပါဆိုနေမှ အခုတော့ ကျမက သူ့ကို မမြင်ရရင် မနေနိုင်မထိုင်နိုင်တဲ့အထိ ချစ်မ...
323K 8.2K 78
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."