Unicode
အသည်းကွဲတာဒီလောက်ထိဆိုးပါလားဆိုတာကိုယ်တိုင်ကြုံဖူးမှပဲရောင်စဥ်နားလည်တော့သည်။
သူမမှာအစားတောင်သေချာမစားနိုင်ပဲအိပ်ရာထဲမှာပဲတစ်ချိန်လုံးခွေခေါက်နေမိ၏။
ဖူးသစ်ကတော့တစ်လလောက်ဆိုနေသားကျသွားလိမ့်မယ်လို့ပြောနေပေမယ့်သူမကတော့အဲလိုမထင်ပါ။
ထိုအခိုက်သူမဖုန်းလေးမြည်လာ၍လှမ်းယူကြည့်လိုက်တော့မမလဝန်းဖြစ်နေ၍မဆက်စဖူးမို့ရောင်စဥ်ခပ်သွက်သွက်ပဲကိုင်ကာ
''ဟဲလို မမလဝန်း''
''ရောင်စဥ်အလုပ်ထွက်သွားတယ်ဆို နေလေးကခုနကမှပြောလို့''
တံတိုင်းအစုတ်ပလုတ်ကသူအပြစ်လွတ်အောင်ပြောထားတာပဲ။
''ဟုတ် ဟုတ်တယ်မမလဝန်း''
''ဘာလို့လဲရောင်စဥ်ရယ် ဘာအဆင်မပြေတာရှိလို့လဲ''
''ဒီလိုပါပဲမမ''
''အဲဒါထားပါ မနက်ဖြန်ရောင်စဥ်အားရင်အိမ်ကိုလာခဲ့ပါလား မနက်ဖြန်နေလေးမွေးနေ့လေ ဘယ်သူ့မှမဖိတ်ဘူး မမတို့မိသားစုဝင်တွေရယ် သူ့သူငယ်ချင်းတွေရယ်ပဲရှိမှာ''
''ရောင်စဥ်မလာ...''
''မလာဘူးလို့မပြောနဲ့နော် လာဖြစ်အောင်လာခဲ့ ဟုတ်ပြီလား နေလေးကလည်းရောင်စဥ့်ကိုခေါ်လိုက်တဲ့''
''ရှင် သူကလား''
''အင်းလေ လာခဲ့နော်ရောင်စဥ်''
''ဟုတ်မမ''
''အင်း အဲဒါဆိုဒါပဲနော်''
''ဟုတ်ကဲ့''
ရောင်စဥ်ဖုန်းချပြီးတာနဲ့ကုတင်ပေါ်ကပြေးဆင်းပြီးဗီရိုတံခါးကိုဆွဲဖွင့်လိုက်၏။
တံတိုင်းကိုယ်တိုင်ကခေါ်ခိုင်းတယ်ဆိုတော့သူမနဲ့ပြန်ပြီးပြေလည်တော့မယ်ထင်ပါရဲ့။
ရောင်စဥ်အရင်ကထက်တက်ကြွလာတာအမှန်ပင်။
တစ်ဖက်မှာလည်းဟန်နီတစ်ယောက်အသည်းကွဲကာအခန်းထဲမှာတရှုံ့ရှုံ့ငိုနေတုန်းသူမထံဖုန်းဝင်လာ၍ဓူဝံများလားဆိုပြီးပျော်သွားပေမယ့်တစ်ကယ်တမ်းဆက်လာသူကတံတိုင်းဖြစ်နေ၍စိတ်ထဲညစ်ညူးသွားရကာဖုန်းကိုင်ပြီး
''ဟဲလို''
''အသံကဘာဖြစ်နေတာလဲ''
''ငိုနေတာ ဘာကိစ္စဖုန်းဆက်တာလဲ''
''မင်းကိုအကူအညီတောင်းမလို့''
''ဘာလဲပြော''
''ဘာလဲဆိုတော့...''
______________
နောက်နေ့မှာရောင်စဥ်တစ်ယောက်အနက်ရောင်ဖဲသားဂါဝန်မဝဲတဝဲလေးကိုဝတ်ဆင်ကာတံတိုင်းတို့အိမ်သို့ရောက်လာ၏။
သူမအိမ်ထဲသို့ရောက်လာချိန်တွင်တံတိုင်းတို့မိသားစုဝင်တွေအပြင်ဓူဝံ ဟိန်းထွဋ်နဲ့သုသုအပါအဝင် ဟန်နီ့ကိုပါတွေ့လိုက်ရသည်။
တံတိုင်း သူမျှော်နေတဲ့သူကိုတွေ့လိုက်ရလို့ဝမ်းသာသွားပေမယ့်အတင်းဖုံးဖိဟန်ဆောင်ကာ
''ကဲ ရောင်စဥ်လည်းရောက်လာပြီဆိုတော့ ငါတို့လည်းတစ်ဝိုင်းခင်းရအောင် ငါအားလုံးပြင်ဆင်ထားပြီးပြီ''
''ကောင်းသားပဲ''
ဤသို့ဖြင့်သူတို့ခြောက်ယောက်လည်းခြံထဲကတံတိုင်းပြင်ဆင်ထားသောဝိုင်းဆီသို့ရောက်လာခဲ့ကြ၏။
ဓူဝံက
''ဟိန်းထွဋ်တို့များသွက်ချက် စုဗူးတောင်ရနေပြီ''
သူ့စကားကြောင့်ရောင်စဥ်ကတအံ့တသြနှင့်
''ဘာ ဘာစုဗူးလဲ''
''သူနဲ့သုသုလေ ဒီအပတ်တနင်္ဂနွေနေ့ကျရင်လက်ထပ်တော့မှာ သုသုမှာကိုယ်ဝန်ရှိနေပြီ''
''ဟမ်! ဘယ် ဘယ်တုန်းက''
သုသုကပြုံး၍
''မတော်တဆကနေခုလိုဖြစ်သွားတာပါ တွဲမိကြလို့တော့မဟုတ်ဘူး ပြီးတော့ ဟိန်းထွဋ်ဆီကနေငါအားလုံးသိပြီးပြီ အဲတုန်းကကိစ္စအတွက်တောင်းပန်တယ်နော် ငါလည်းအဲ့ကိစ္စမှာအလိုတူအလိုပါပဲဆိုတော့အရမ်းကိုအားနာမိတယ်''
''ရပါတယ်သုသု ဘာမှမဖြစ်ပါဘူး''
ရောင်စဥ် သူမနဲ့မျက်နှာချင်းဆိုင်ကတံတိုင်းကိုလှမ်းကြည့်ချိန်မှာ တံတိုင်းကသူ့ဘေးမှာထိုင်နေတဲ့ဟန်နီ့လက်ကိုဆုပ်ကိုင်ကာ
''ဟန်နီ အများကြီးမသောက်နဲ့နော် စိတ်ပူလို့''
သူတို့အပြုအမူကြောင့်အားလုံးတိတ်ဆိတ်သွားကြလေ၏။
ဟန်နီကဓူဝံ့ကိုအကဲခတ်ပြီးမှ
''အင်းပါ သိပ်စိတ်ပူတတ်တာပဲနော်''
''ပူရတာပေါ့ တစ်ခြားသူမှမဟုတ်တာ''
မနေ့ကတံတိုင်းကသူမအားရောင်စဥ့်ရှေ့မှာဟန်နီနဲ့သူနဲ့တွဲနေသလိုပုံစံမျိုးဟန်ဆောင်ပေးဖို့ပြောလာ၍ဟန်နီလည်းဓူဝံ့ကိုတမင်အရွဲ့တိုက်ချင်တာကြောင့်လက်ခံလိုက်လေ၏။
အခုတော့ဓူဝံတစ်ယောက်မျက်စိမျက်နှာတွေပျက်နေရှာပြီ။
ဟိန်းထွဋ်က
''မင်းတို့က...''
''တွဲနေတာလေ''
''ဟမ်! ဒါဆိုရောင်စဥ်ကရော''
''ပြ_တ်သွားပြီ''
ထိုစကားကိုပြောလိုက်သူကရောင်စဥ်ပါပဲ။
တံတိုင်းသူမများသဝန်တိုမလား သူ့ကိုချစ်တယ်များပြောလာမလားဆိုပြီးခုလိုလုပ်လိုက်ပေမယ့်သူထင်သလိုမဟုတ်ခဲ့၍လူကစိတ်တိုသွားပေမယ့်လည်း
''ဟုတ်တယ် သူပြောသလိုပဲ''
''ရှင်ကျွန်မကိုခေါ်တာ ရှင်ကောင်မလေးရနေပြီဆိုတာပြောဖို့လား''
သူမစကားကြောင့်ဟန်နီလည်းကြားထဲကနေရခက်သွားရသည်။
''ဟုတ်တယ်''
ရောင်စဥ်ထိုင်ရာကထရပ်ပြီးမှ
''ငါပြန်တော့မယ်''
ပြောပြီးတာနဲ့သူမလည်းနေရာမှပြေးထွက်လာခဲ့လိုက်တော့၏။
မဟုတ်ရင်သူမတံတိုင်းရှေ့မှာငိုမိတော့မှာပါ။
ဓူဝံလည်းနေရာမှထကာရောင်စဥ့်နောက်ကလိုက်ခဲ့လိုက်သည်။
ထိုအခါမှဟန်နီကတံတိုင်းလက်ကိုလွှတ်ကာ
''ရှင်လုပ်တာလွန်သွား...''
''ကျွီ''
''ဒုန်း''
သူမစကားမဆုံးခင်အိမ်ရှေ့ဆီမှတစ်ခုခုတိုက်သွားသံကြားလိုက်ရပြီးတစ်ပြိုင်တည်းဆိုသလိုဓူဝံ့ရဲ့အသံကိုပါကြားလိုက်ရလေ၏။
''ရောင်စဥ်!!!''
ထိုအခါမှအကုန်လုံးနေရာမှထကာခြံရှေ့သို့ပြေးထွက်ကြည့်လိုက်တော့ရောင်စဥ်ကဓူဝံ့လက်ပေါ်မှာသတိလစ်မေ့မျောနေပြီပင်။
''ရောင်စဥ်''
''ဘေဘီ! ဘေဘီ''
တံတိုင်းထိုနေရာသို့အပြေးသွားကာဓူဝံ့လက်ထဲကသူမကိုယ်လေးအားဆွဲယူ၍
''ဘေဘီ ဘေဘီသတိထားဦးလေ ကိုယ်တောင်းပန်ပါတယ်ဘေဘီရယ် ဘေဘီထင်သလိုကိုယ်ရည်းစားအသစ်ရနေတာမဟုတ်ပါဘူး ကိုယ်ဘေဘီ့ကိုပဲချစ်တာဘေဘီရဲ့''
''ဆေးရုံပို့ဖို့အရင်လုပ်လေ''
ထိုအချိန်မှာပဲသူ့မိဘတွေပါထွက်လာပြီးအကုန်အုပ်အော်သောင်းနင်းဖြစ်သွားရလေတော့သည်။
🌳🍁🍁🌳
ဆေးရုံရဲ့အခန်းရှေ့မှာအကုန်လုံးခြေမကိုင်မိလက်မကိုင်မိနှင့်ဗျာများနေကြ၏။
ဟန်နီကလည်းငိုကြီးချက်မနှင့်
''အဲဒါဟန်နီ့ကြောင့် ဟန်နီသာတံတိုင်းအကူအညီတောင်းတာကိုလက်မခံခဲ့ရင်ခုလိုဖြစ်မှာမဟုတ်ဘူး အီးဟီး''
ဓူဝံကသူမလက်ကိုဆုပ်ကိုင်၍
''ရောင်စဥ်ဘာမှမဖြစ်ပါဘူး စိတ်ကိုအေးအေးထားနော်ဟန်နီ''
ဟိန်းထွဋ်နဲ့သုသုလည်းမျက်စိမျက်နှာပျက်နေကြပြီဖြစ်သလို တံတိုင်းမိဘတွေရောလဝန်းရံပါမျက်နှာတွေမကောင်း။
တံတိုင်းဆိုလူကအသက်မဲ့နေသူလိုဘာဆိုဘာသံမှထွက်မလာ။
ထိုအခိုက်ရောင်စဥ့်မိဘတွေနဲ့ဖူးသစ်တို့ကပျာကယာရောက်လာပြီး
''ငါ့သမီးလေးဘယ်မှာလဲ ငါ့သမီးလေးဘာဖြစ်သွားပြီလဲ''
ဒေါ်ပတ္တမြားခင်က
''အစ်မ အစ်မကရောင်စဥ့်အမေလားဟင်''
''ဟုတ်တယ်''
''ရောင်စဥ်အခုအရေးပေါ်ခန်းထဲမှာ''
''အမလေး ငါ့သမီးလေးအဖြစ်ဆိုးလိုက်တာတော် ငါ့သမီးလိုသူတော်ကောင်းမလေးမှခုလိုဖြစ်ရတယ်လို့''
ဖူးသစ်ကတံတိုင်းအင်္ကျီကော်လံစနှစ်ဖက်ကိုဆွဲ၍
''နင့်မွေးနေ့ပွဲကိုသွားတဲ့သူကဘယ်လိုလုပ်ဆေးရုံရောက်နေရတာလဲ ငါ့သူငယ်ချင်းအခုလိုဖြစ်တာနင့်ပယောဂကင်းရဲ့လား''
ဟိန်းထွဋ်ကသူမလက်အားအသာဖြုတ်၍
''စိတ်ကိုအေးအေးထားပါ''
''ဘာလို့ထားရမှာလဲ မထားနိုင်ဘူး လွန်ခဲ့တဲ့ဆယ်နှစ်ကလည်းနင်တို့တွေငါ့သူငယ်ချင်းကိုဝိုင်းပြီးဒုက္ခပေးတယ် အခုလည်းနင်တို့ကြောင့်ပဲမလား နင်တို့အကုန်လုံးကိုတရားစွဲပစ်မယ်ကြည့်ထား''
ရောင်စဥ့်အဖေက
''စိတ်ကိုအေးအေးထားပါငါ့သမီးရာ ဘေဘီလေးဘာမှမဖြစ်လောက်ပါဘူး''
ထိုစဥ်အရေးပေါ်ခန်းတံခါးပွင့်လာပြီးဆရာဝန်ထွက်လာ၍
''ကြယ်ရောင်စဥ်ရဲ့အုပ်ထိန်းသူ''
သူမမိဘတွေကဆရာဝန်ဆီအပြေးတစ်ပိုင်းသွား၍
''ကျွန်မတို့ပါ အခုကျွန်မသမီးလေးဘယ်လိုနေသေးလဲ''
''လူကခြေထောက်ကိုကျောက်ပတ်တီးစည်းလိုက်ရပြီးခေါင်းကိုငါးချက်ချုပ်လိုက်ရတယ် ကျန်တာစိုးရိမ်စရာမရှိတော့ပါဘူး''
ထိုအခါမှအားလုံးစိတ်အေးသွားကြရတော့သည်။
တံတိုင်းလည်းခုမှရင်ထဲကအလုံးကြီးကျသွားရတော့၏။
______________
ရောင်စဥ့်ကိုအခန်းရွှေ့ပြီးသူမလည်းအန္တရာယ်ကင်းသွားပြီးဆိုမှအားလုံးလည်းကိုယ့်အိမ်ကိုပြန်ခဲ့လိုက်ကြ၏။
ဓူဝံကဟန်နီ့ကိုအိမ်လိုက်ပို့ပေးနေတဲ့လမ်းတွင်...
''ငါထင်တာက မင်းနဲ့တံတိုင်းနဲ့တစ်ကယ်ချစ်သူတွေဖြစ်သွားပြီလို့''
''တစ်ကယ်ဆိုရင်ရောရှင်နဲ့ဘာဆိုင်လဲ ပြီးတော့ တံတိုင်းကဟန်ဆောင်တာပေမယ့် ကျွန်မနောက်တစ်ပတ်ထဲကျရင်အိမ်ကသဘောတူထားတဲ့သူနဲ့စေ့စပ်တော့မှာ''
သူကားကိုထိုးရပ်ပစ်ကာ
''ဘာ..ဘာပြောလိုက်တာ''
''ကျွန်မစေ့စပ်တော့မှာလို့''
သူကားစတီယာတိုင်အားခပ်တင်းတင်းဆုပ်ကိုင်ထားပြီးမှ
''ဪ congratulationsပါ''
ဟန်နီသူ့အားမကျေမချမ်းကြည့်လိုက်ပြီးမှ
''အဲဒါဆိုလည်းကျွန်မအိမ်ကိုမြန်မြန်ပြန်ပို့တော့ ကျွန်မအချိန်မရှိဘူး''
သူကားစက်အားပြန်နှိုးလိုက်ပြီးနေရာမှမောင်းထွက်လာခဲ့လိုက်တော့သည်။
နှစ်ယောက်လုံးကရင်ထဲမှာကိုယ်စီခံစားချက်ရှိနေပေမယ့်နှုတ်ကဘာမှထွက်မလာကြပေ။
တစ်ဖက်မှာလည်းဟိန်းထွဋ်ကသုသုအားအိမ်ရှေ့ထိလိုက်ပို့ပေးပြီးမှ
''အသွားအလာဂရုစိုက်နော် အလေးအပင်တွေလျှောက်မ'မ'နဲ့ လမ်းကိုလည်းသေချာကြည့်လျှောက်နော်''
''နင်လျှာမရှည်ပါနဲ့''
ပြောပြီးသုသုကားပေါ်ကဆင်းမယ်လုပ်တော့ဟိန်းထွဋ်ကသူမလက်လှမ်းဆွဲ၍ပါးကိုဖျက်ခနဲနမ်းလာတာကြောင့်သုသုကမျက်လုံးပြူးမျက်စံပြူးနှင့်
''နင်ဒါဘာလုပ်တာလဲ''
''ကိုယ့်မိန်းမကိုနမ်းတာဘာဖြစ်လို့လဲ''
ပြောပြီးသူကသုသုဗိုက်ကိုကိုင်၍အနားသို့တိုးကာ
''ကလေးလေး မကြာခင်ဖေဖေတို့အတူနေကြရတော့မှာနော် အဲကျမှအတိုးချပြီးဂရုစိုက်ပေးမယ် အခုလောလောဆယ်တော့မေမေနဲ့ပဲအတူနေနှင့်ဦး မေမေ့ကိုလည်းဒုက္ခမပေးပဲလိမ်လိမ်မာမာနေနော်''
သုသုစိတ်ထဲကြည်နူးမိပေမယ့်လည်းဘာမှမဖြစ်သလိုဟန်ဆောင်ရင်း
''သွေးခဲလေးပဲရှိသေးတာကိုနင်ပြောတာကိုဘယ်ကြားမလဲ''
''ဘယ်လိုနေနေပေါ့ ငါကငါ့ကလေးနဲ့နေ့တိုင်းစကားပြောပေးမှာ''
''ကဲဖယ်ပါ ပိုကိုပိုတယ် ငါသွားပြီ သေချာပြန်''
ပြောပြီးသုသုလည်းကားပေါ်ကဆင်းလိုက်ပြီးခြံတံခါးကိုတွန်းဖွင့်ကာအိမ်ထဲဝင်ခဲ့လိုက်၏။
သူနမ်းလိုက်တဲ့ပါးကိုကိုင်ကာသူမမျက်နှာမှာအပြုံးပန်းတွေဖုံးမနိုင်ဖိမရပွင့်လန်း၍လာလေတော့သည်။
🌳🍁🍁🌳
ရောင်စဥ်သတိပြန်လာချိန်မှာအရင်မြင်လိုက်ရတာကဖူးသစ်နဲ့တံတိုင်းကိုပါ။
''ဖူးသစ်''
''ချင်းဂူး နင်သတိရပြီလား''
''ဘေဘီ''
ရောင်စဥ်ကသူ့ကိုတစ်ချက်ကြည့်ပြီးမှဖူးသစ်အားပြန်ကြည့်ကာ
''ဖေဖေနဲ့မေမေရော''
''ငါပြန်ခိုင်းလိုက်ပြီ မနက်မှပဲလာခဲ့တော့လို့ပြောလိုက်တယ်''
''အင်း''
တံတိုင်းကဖူးသစ်အား
''အပြင်ခဏထွက်ပေးပါလား''
ဖူးသစ်ကတွေဝေသွား၍ရောင်စဥ်က
''မသွားနဲ့ဖူးသစ် မသွားနဲ့နော်''
အရမ်းစကားနားထောင်သောဖူးသစ်ကချက်ချင်းပဲအခန်းထဲကထွက်သွားလေ၏။
''ဟဲ့ ကောင်မစုတ်''
တံတိုင်းကသူမလက်ကိုလာကိုင်၍
''ဘေဘီ''
''လာမခေါ်နဲ့ ဘာလည်းမထိနဲ့သွား''
ရောင်စဥ်လက်ကိုအတင်းဆွဲဖြုတ်နေပေမယ့်သူကလက်ကိုမလွှတ်တမ်းဆုပ်ကိုင်ကာ
''ဘေဘီ ကိုယ်တောင်းပန်ပါတယ်ဘေဘီရာ ကိုယ်နဲ့ဟန်နီကဘာမှမဟုတ်ပါဘူး ကိုယ်ကဘေဘီသဝန်တိုအောင်လုပ်လိုက်ရုံလေးပါ ကိုယ့်ကိုခွင့်လွှတ်ပါနော် နော်ဘေဘီ''
''ခွင့်မလွှတ်ဘူး မုန်းတယ်နင့်ကို''
''ဟာ ဘေဘီကလည်း ဘယ်လိုကြီးပြောလိုက်တာလဲ ကိုယ်မခံစားနိုင်ဘူးနော်''
''ေ.သပေါ့''
ထိုအချိန်တွင်အခန်းထဲသို့လူတစ်ဦးဝင်လာ၍
''ဟို ဦးလေးကတက္ကစီသမားပါကွယ် ဒီကငါ့တူမကိုကားနဲ့တို-က်မိတဲ့အတွက်ဦးလေးတောင်းပန်ပါတယ်ကွယ် ဦးလေးဆေးဖိုးလျော်ပါ့မယ် ဦးလေးကိုတရားတော့မစွဲပါနဲ့နော်''
တံတိုင်းက
''တောင်းပန်ရုံနဲ့ပြီးမလား ဒီမှာ သူကကျုပ်ကောင်မလေး ကျုပ်မျိုးဆက်ကိုမွေးပေးမယ့်တစ်ဦးတည်းသောမိန်းကလေး သူသာတစ်ခုခုဖြစ်သွားလို့ကျုပ်မျိုးဆက်ပြတ်သွားရင်ခင်ဗျားကိုကျုပ်ဒီအတိုင်းလွှတ်ထားမယ်မထင်နဲ့နော် ခြေတွေလက်တွေအကုန်ရို_က်ချိုးပစ်မယ်''
''ဟဲ့ ဘာတွေပြောနေတာလဲ ငါ့ကိုကုတင်မတ်ပေး''
တံတိုင်းမှုန်ကုပ်ကုပ်နဲ့ပဲသူမကုတင်အားမတ်ပေးလိုက်တော့သူမကတက္ကစီသမားဘက်လှည့်ကာ
''ဦးလေးကိုတရားမစွဲပါဘူး ဆေးဖိုးလည်းလျော်စရာမလိုဘူးနော် ဒါကကျွန်မအမှားလည်းပါလို့ပါ''
''တစ် တစ်ကယ်လားငါ့တူမ''
''တစ်ကယ်ပါ ဦးလေးစိတ်အေးသက်သာနေပါ''
''ကျေးဇူးတင်လိုက်တာငါ့တူမရယ် တစ်ကယ်ကျေးဇူးတင်ပါတယ်ကွယ်''
''ရပါတယ်ဦးလေး ဦးလေးအိမ်ပြန်ပြီးအိပ်ပျော်အောင်အိပ်ပါ''
''အေးပါကွယ် တစ်ကယ်ကျေးဇူးကြီးမားလှပါပေတယ်''
တက္ကစီသမားဦးလေးကြီးပြန်သွားမှရောင်စဥ်ကတံတိုင်းအား
''ဘာနင့်ကောင်မလေးလဲ နင်နဲ့ငါ့ဇာတ်လမ်းပြီးပြီ''
''မပြီးပါဘူး ကိုယ်ဘေဘီ့ကိုဒီလောက်ချစ်တာ ဘာလို့လက်လွှတ်ရမှာလဲ''
''ပြတ်ပြီလို့နင်အရင်ပြောတာလေ''
သူမကချက်ချင်းဆိုသလိုမျက်ရည်တွေဝေ့တက်လာ၍သူပြာပြာသလဲဖြင့်
''ဘေဘီ မငိုပါနဲ့ကွာ ဟုတ်ပါတယ် ကိူယ့်အမှား ဒါပေမယ့်ကိုယ်အခုထိဘေဘီ့ကိုချစ်နေတုန်းပဲ ဘေဘီကိုယ့်ကိုမချစ်လည်းရတယ် လက်စားချေချင်လည်းရတယ် ကိုယ်အကုန်ခံမယ် ကိုယ်တို့ပြန်ပြေလည်ကြရအောင် နော် ကိုယ်ဘေဘီ့ကိုဘယ်လောက်လွမ်းနေလဲသိလား''
''အဟင်း...လစ်!!!''
တစ်ဆက်တည်းဆိုသလိုရောင်စဥ်တွေးလိုက်တာက
''အခုငါ့အလှည့်ပဲ''
လို့..။
🌳🍁🍁🌳
Zawgyi
အသည္းကြဲတာဒီေလာက္ထိဆိုးပါလားဆိုတာကိုယ္တိုင္ႀကဳံဖူးမွပဲေရာင္စဥ္နားလည္ေတာ့သည္။
သူမမွာအစားေတာင္ေသခ်ာမစားႏိုင္ပဲအိပ္ရာထဲမွာပဲတစ္ခ်ိန္လုံးေခြေခါက္ေနမိ၏။
ဖူးသစ္ကေတာ့တစ္လေလာက္ဆိုေနသားက်သြားလိမ့္မယ္လို႔ေျပာေနေပမယ့္သူမကေတာ့အဲလိုမထင္ပါ။
ထိုအခိုက္သူမဖုန္းေလးျမည္လာ၍လွမ္းယူၾကည့္လိုက္ေတာ့မမလဝန္းျဖစ္ေန၍မဆက္စဖူးမို႔ေရာင္စဥ္ခပ္သြက္သြက္ပဲကိုင္ကာ
''ဟဲလို မမလဝန္း''
''ေရာင္စဥ္အလုပ္ထြက္သြားတယ္ဆို ေနေလးကခုနကမွေျပာလို႔''
တံတိုင္းအစုတ္ပလုတ္ကသူအျပစ္လြတ္ေအာင္ေျပာထားတာပဲ။
''ဟုတ္ ဟုတ္တယ္မမလဝန္း''
''ဘာလို႔လဲေရာင္စဥ္ရယ္ ဘာအဆင္မေျပတာရွိလို႔လဲ''
''ဒီလိုပါပဲမမ''
''အဲဒါထားပါ မနက္ျဖန္ေရာင္စဥ္အားရင္အိမ္ကိုလာခဲ့ပါလား မနက္ျဖန္ေနေလးေမြးေန႔ေလ ဘယ္သူ႔မွမဖိတ္ဘူး မမတို႔မိသားစုဝင္ေတြရယ္ သူ႔သူငယ္ခ်င္းေတြရယ္ပဲရွိမွာ''
''ေရာင္စဥ္မလာ...''
''မလာဘူးလို႔မေျပာနဲ႔ေနာ္ လာျဖစ္ေအာင္လာခဲ့ ဟုတ္ၿပီလား ေနေလးကလည္းေရာင္စဥ့္ကိုေခၚလိုက္တဲ့''
''ရွင္ သူကလား''
''အင္းေလ လာခဲ့ေနာ္ေရာင္စဥ္''
''ဟုတ္မမ''
''အင္း အဲဒါဆိုဒါပဲေနာ္''
''ဟုတ္ကဲ့''
ေရာင္စဥ္ဖုန္းခ်ၿပီးတာနဲ႔ကုတင္ေပၚကေျပးဆင္းၿပီးဗီ႐ိုတံခါးကိုဆြဲဖြင့္လိုက္၏။
တံတိုင္းကိုယ္တိုင္ကေခၚခိုင္းတယ္ဆိုေတာ့သူမနဲ႔ျပန္ၿပီးေျပလည္ေတာ့မယ္ထင္ပါရဲ႕။
ေရာင္စဥ္အရင္ကထက္တက္ႂကြလာတာအမွန္ပင္။
တစ္ဖက္မွာလည္းဟန္နီတစ္ေယာက္အသည္းကြဲကာအခန္းထဲမွာတရႈံ႕ရႈံ႕ငိုေနတုန္းသူမထံဖုန္းဝင္လာ၍ဓူဝံမ်ားလားဆိုၿပီးေပ်ာ္သြားေပမယ့္တစ္ကယ္တမ္းဆက္လာသူကတံတိုင္းျဖစ္ေန၍စိတ္ထဲညစ္ညဴးသြားရကာဖုန္းကိုင္ၿပီး
''ဟဲလို''
''အသံကဘာျဖစ္ေနတာလဲ''
''ငိုေနတာ ဘာကိစၥဖုန္းဆက္တာလဲ''
''မင္းကိုအကူအညီေတာင္းမလို႔''
''ဘာလဲေျပာ''
''ဘာလဲဆိုေတာ့...''
______________
ေနာက္ေန႔မွာေရာင္စဥ္တစ္ေယာက္အနက္ေရာင္ဖဲသားဂါဝန္မဝဲတဝဲေလးကိုဝတ္ဆင္ကာတံတိုင္းတို႔အိမ္သို႔ေရာက္လာ၏။
သူမအိမ္ထဲသို႔ေရာက္လာခ်ိန္တြင္တံတိုင္းတို႔မိသားစုဝင္ေတြအျပင္ဓူဝံ ဟိန္းထြဋ္နဲ႔သုသုအပါအဝင္ ဟန္နီ႔ကိုပါေတြ႕လိုက္ရသည္။
တံတိုင္း သူေမွ်ာ္ေနတဲ့သူကိုေတြ႕လိုက္ရလို႔ဝမ္းသာသြားေပမယ့္အတင္းဖုံးဖိဟန္ေဆာင္ကာ
''ကဲ ေရာင္စဥ္လည္းေရာက္လာၿပီဆိုေတာ့ ငါတို႔လည္းတစ္ဝိုင္းခင္းရေအာင္ ငါအားလုံးျပင္ဆင္ထားၿပီးၿပီ''
''ေကာင္းသားပဲ''
ဤသို႔ျဖင့္သူတို႔ေျခာက္ေယာက္လည္းၿခံထဲကတံတိုင္းျပင္ဆင္ထားေသာဝိုင္းဆီသို႔ေရာက္လာခဲ့ၾက၏။
ဓူဝံက
''ဟိန္းထြဋ္တို႔မ်ားသြက္ခ်က္ စုဗူးေတာင္ရေနၿပီ''
သူ႔စကားေၾကာင့္ေရာင္စဥ္ကတအံ့တၾသႏွင့္
''ဘာ ဘာစုဗူးလဲ''
''သူနဲ႔သုသုေလ ဒီအပတ္တနဂၤေႏြေန႔က်ရင္လက္ထပ္ေတာ့မွာ သုသုမွာကိုယ္ဝန္ရွိေနၿပီ''
''ဟမ္! ဘယ္ ဘယ္တုန္းက''
သုသုကၿပဳံး၍
''မေတာ္တဆကေနခုလိုျဖစ္သြားတာပါ တြဲမိၾကလို႔ေတာ့မဟုတ္ဘူး ၿပီးေတာ့ ဟိန္းထြဋ္ဆီကေနငါအားလုံးသိၿပီးၿပီ အဲတုန္းကကိစၥအတြက္ေတာင္းပန္တယ္ေနာ္ ငါလည္းအဲ့ကိစၥမွာအလိုတူအလိုပါပဲဆိုေတာ့အရမ္းကိုအားနာမိတယ္''
''ရပါတယ္သုသု ဘာမွမျဖစ္ပါဘူး''
ေရာင္စဥ္ သူမနဲ႔မ်က္ႏွာခ်င္းဆိုင္ကတံတိုင္းကိုလွမ္းၾကည့္ခ်ိန္မွာ တံတိုင္းကသူ႔ေဘးမွာထိုင္ေနတဲ့ဟန္နီ႔လက္ကိုဆုပ္ကိုင္ကာ
''ဟန္နီ အမ်ားႀကီးမေသာက္နဲ႔ေနာ္ စိတ္ပူလို႔''
သူတို႔အျပဳအမူေၾကာင့္အားလုံးတိတ္ဆိတ္သြားၾကေလ၏။
ဟန္နီကဓူဝံ့ကိုအကဲခတ္ၿပီးမွ
''အင္းပါ သိပ္စိတ္ပူတတ္တာပဲေနာ္''
''ပူရတာေပါ့ တစ္ျခားသူမွမဟုတ္တာ''
မေန႔ကတံတိုင္းကသူမအားေရာင္စဥ့္ေရွ႕မွာဟန္နီနဲ႔သူနဲ႔တြဲေနသလိုပုံစံမ်ိဳးဟန္ေဆာင္ေပးဖို႔ေျပာလာ၍ဟန္နီလည္းဓူဝံ့ကိုတမင္အ႐ြဲ႕တိုက္ခ်င္တာေၾကာင့္လက္ခံလိုက္ေလ၏။
အခုေတာ့ဓူဝံတစ္ေယာက္မ်က္စိမ်က္ႏွာေတြပ်က္ေနရွာၿပီ။
ဟိန္းထြဋ္က
''မင္းတို႔က...''
''တြဲေနတာေလ''
''ဟမ္! ဒါဆိုေရာင္စဥ္ကေရာ''
''ျပ_တ္သြားၿပီ''
ထိုစကားကိုေျပာလိုက္သူကေရာင္စဥ္ပါပဲ။
တံတိုင္းသူမမ်ားသဝန္တိုမလား သူ႔ကိုခ်စ္တယ္မ်ားေျပာလာမလားဆိုၿပီးခုလိုလုပ္လိုက္ေပမယ့္သူထင္သလိုမဟုတ္ခဲ့၍လူကစိတ္တိုသြားေပမယ့္လည္း
''ဟုတ္တယ္ သူေျပာသလိုပဲ''
''ရွင္ကြၽန္မကိုေခၚတာ ရွင္ေကာင္မေလးရေနၿပီဆိုတာေျပာဖို႔လား''
သူမစကားေၾကာင့္ဟန္နီလည္းၾကားထဲကေနရခက္သြားရသည္။
''ဟုတ္တယ္''
ေရာင္စဥ္ထိုင္ရာကထရပ္ၿပီးမွ
''ငါျပန္ေတာ့မယ္''
ေျပာၿပီးတာနဲ႔သူမလည္းေနရာမွေျပးထြက္လာခဲ့လိုက္ေတာ့၏။
မဟုတ္ရင္သူမတံတိုင္းေရွ႕မွာငိုမိေတာ့မွာပါ။
ဓူဝံလည္းေနရာမွထကာေရာင္စဥ့္ေနာက္ကလိုက္ခဲ့လိုက္သည္။
ထိုအခါမွဟန္နီကတံတိုင္းလက္ကိုလႊတ္ကာ
''ရွင္လုပ္တာလြန္သြား...''
''ကြၽီ''
''ဒုန္း''
သူမစကားမဆုံးခင္အိမ္ေရွ႕ဆီမွတစ္ခုခုတိုက္သြားသံၾကားလိုက္ရၿပီးတစ္ၿပိဳင္တည္းဆိုသလိုဓူဝံ့ရဲ႕အသံကိုပါၾကားလိုက္ရေလ၏။
''ေရာင္စဥ္!!!''
ထိုအခါမွအကုန္လုံးေနရာမွထကာၿခံေရွ႕သို႔ေျပးထြက္ၾကည့္လိုက္ေတာ့ေရာင္စဥ္ကဓူဝံ့လက္ေပၚမွာသတိလစ္ေမ့ေမ်ာေနၿပီပင္။
''ေရာင္စဥ္''
''ေဘဘီ! ေဘဘီ''
တံတိုင္းထိုေနရာသို႔အေျပးသြားကာဓူဝံ့လက္ထဲကသူမကိုယ္ေလးအားဆြဲယူ၍
''ေဘဘီ ေဘဘီသတိထားဦးေလ ကိုယ္ေတာင္းပန္ပါတယ္ေဘဘီရယ္ ေဘဘီထင္သလိုကိုယ္ရည္းစားအသစ္ရေနတာမဟုတ္ပါဘူး ကိုယ္ေဘဘီ့ကိုပဲခ်စ္တာေဘဘီရဲ႕''
''ေဆး႐ုံပို႔ဖို႔အရင္လုပ္ေလ''
ထိုအခ်ိန္မွာပဲသူ႔မိဘေတြပါထြက္လာၿပီးအကုန္အုပ္ေအာ္ေသာင္းနင္းျဖစ္သြားရေလေတာ့သည္။
🌳🍁🍁🌳
ေဆး႐ုံရဲ႕အခန္းေရွ႕မွာအကုန္လုံးေျခမကိုင္မိလက္မကိုင္မိႏွင့္ဗ်ာမ်ားေနၾက၏။
ဟန္နီကလည္းငိုႀကီးခ်က္မႏွင့္
''အဲဒါဟန္နီ႔ေၾကာင့္ ဟန္နီသာတံတိုင္းအကူအညီေတာင္းတာကိုလက္မခံခဲ့ရင္ခုလိုျဖစ္မွာမဟုတ္ဘူး အီးဟီး''
ဓူဝံကသူမလက္ကိုဆုပ္ကိုင္၍
''ေရာင္စဥ္ဘာမွမျဖစ္ပါဘူး စိတ္ကိုေအးေအးထားေနာ္ဟန္နီ''
ဟိန္းထြဋ္နဲ႔သုသုလည္းမ်က္စိမ်က္ႏွာပ်က္ေနၾကၿပီျဖစ္သလို တံတိုင္းမိဘေတြေရာလဝန္းရံပါမ်က္ႏွာေတြမေကာင္း။
တံတိုင္းဆိုလူကအသက္မဲ့ေနသူလိုဘာဆိုဘာသံမွထြက္မလာ။
ထိုအခိုက္ေရာင္စဥ့္မိဘေတြနဲ႔ဖူးသစ္တို႔ကပ်ာကယာေရာက္လာၿပီး
''ငါ့သမီးေလးဘယ္မွာလဲ ငါ့သမီးေလးဘာျဖစ္သြားၿပီလဲ''
ေဒၚပတၱျမားခင္က
''အစ္မ အစ္မကေရာင္စဥ့္အေမလားဟင္''
''ဟုတ္တယ္''
''ေရာင္စဥ္အခုအေရးေပၚခန္းထဲမွာ''
''အမေလး ငါ့သမီးေလးအျဖစ္ဆိုးလိုက္တာေတာ္ ငါ့သမီးလိုသူေတာ္ေကာင္းမေလးမွခုလိုျဖစ္ရတယ္လို႔''
ဖူးသစ္ကတံတိုင္းအက်ႌေကာ္လံစႏွစ္ဖက္ကိုဆြဲ၍
''နင့္ေမြးေန႔ပြဲကိုသြားတဲ့သူကဘယ္လိုလုပ္ေဆး႐ုံေရာက္ေနရတာလဲ ငါ့သူငယ္ခ်င္းအခုလိုျဖစ္တာနင့္ပေယာဂကင္းရဲ႕လား''
ဟိန္းထြဋ္ကသူမလက္အားအသာျဖဳတ္၍
''စိတ္ကိုေအးေအးထားပါ''
''ဘာလို႔ထားရမွာလဲ မထားႏိုင္ဘူး လြန္ခဲ့တဲ့ဆယ္ႏွစ္ကလည္းနင္တို႔ေတြငါ့သူငယ္ခ်င္းကိုဝိုင္းၿပီးဒုကၡေပးတယ္ အခုလည္းနင္တို႔ေၾကာင့္ပဲမလား နင္တို႔အကုန္လုံးကိုတရားစြဲပစ္မယ္ၾကည့္ထား''
ေရာင္စဥ့္အေဖက
''စိတ္ကိုေအးေအးထားပါငါ့သမီးရာ ေဘဘီေလးဘာမွမျဖစ္ေလာက္ပါဘူး''
ထိုစဥ္အေရးေပၚခန္းတံခါးပြင့္လာၿပီးဆရာဝန္ထြက္လာ၍
''ၾကယ္ေရာင္စဥ္ရဲ႕အုပ္ထိန္းသူ''
သူမမိဘေတြကဆရာဝန္ဆီအေျပးတစ္ပိုင္းသြား၍
''ကြၽန္မတို႔ပါ အခုကြၽန္မသမီးေလးဘယ္လိုေနေသးလဲ''
''လူကေျခေထာက္ကိုေက်ာက္ပတ္တီးစည္းလိုက္ရၿပီးေခါင္းကိုငါးခ်က္ခ်ဳပ္လိုက္ရတယ္ က်န္တာစိုးရိမ္စရာမရွိေတာ့ပါဘူး''
ထိုအခါမွအားလုံးစိတ္ေအးသြားၾကရေတာ့သည္။
တံတိုင္းလည္းခုမွရင္ထဲကအလုံးႀကီးက်သြားရေတာ့၏။
______________
ေရာင္စဥ့္ကိုအခန္းေ႐ႊ႕ၿပီးသူမလည္းအႏၲရာယ္ကင္းသြားၿပီးဆိုမွအားလုံးလည္းကိုယ့္အိမ္ကိုျပန္ခဲ့လိုက္ၾက၏။
ဓူဝံကဟန္နီ႔ကိုအိမ္လိုက္ပို႔ေပးေနတဲ့လမ္းတြင္...
''ငါထင္တာက မင္းနဲ႔တံတိုင္းနဲ႔တစ္ကယ္ခ်စ္သူေတြျဖစ္သြားၿပီလို႔''
''တစ္ကယ္ဆိုရင္ေရာရွင္နဲ႔ဘာဆိုင္လဲ ၿပီးေတာ့ တံတိုင္းကဟန္ေဆာင္တာေပမယ့္ ကြၽန္မေနာက္တစ္ပတ္ထဲက်ရင္အိမ္ကသေဘာတူထားတဲ့သူနဲ႔ေစ့စပ္ေတာ့မွာ''
သူကားကိုထိုးရပ္ပစ္ကာ
''ဘာ..ဘာေျပာလိုက္တာ''
''ကြၽန္မေစ့စပ္ေတာ့မွာလို႔''
သူကားစတီယာတိုင္အားခပ္တင္းတင္းဆုပ္ကိုင္ထားၿပီးမွ
''ဪ congratulationsပါ''
ဟန္နီသူ႔အားမေက်မခ်မ္းၾကည့္လိုက္ၿပီးမွ
''အဲဒါဆိုလည္းကြၽန္မအိမ္ကိုျမန္ျမန္ျပန္ပို႔ေတာ့ ကြၽန္မအခ်ိန္မရွိဘူး''
သူကားစက္အားျပန္ႏႈိးလိုက္ၿပီးေနရာမွေမာင္းထြက္လာခဲ့လိုက္ေတာ့သည္။
ႏွစ္ေယာက္လုံးကရင္ထဲမွာကိုယ္စီခံစားခ်က္ရွိေနေပမယ့္ႏႈတ္ကဘာမွထြက္မလာၾကေပ။
တစ္ဖက္မွာလည္းဟိန္းထြဋ္ကသုသုအားအိမ္ေရွ႕ထိလိုက္ပို႔ေပးၿပီးမွ
''အသြားအလာဂ႐ုစိုက္ေနာ္ အေလးအပင္ေတြေလွ်ာက္မ'မ'နဲ႔ လမ္းကိုလည္းေသခ်ာၾကည့္ေလွ်ာက္ေနာ္''
''နင္လွ်ာမရွည္ပါနဲ႔''
ေျပာၿပီးသုသုကားေပၚကဆင္းမယ္လုပ္ေတာ့ဟိန္းထြဋ္ကသူမလက္လွမ္းဆြဲ၍ပါးကိုဖ်က္ခနဲနမ္းလာတာေၾကာင့္သုသုကမ်က္လုံးျပဴးမ်က္စံျပဴးႏွင့္
''နင္ဒါဘာလုပ္တာလဲ''
''ကိုယ့္မိန္းမကိုနမ္းတာဘာျဖစ္လို႔လဲ''
ေျပာၿပီးသူကသုသုဗိုက္ကိုကိုင္၍အနားသို႔တိုးကာ
''ကေလးေလး မၾကာခင္ေဖေဖတို႔အတူေနၾကရေတာ့မွာေနာ္ အဲက်မွအတိုးခ်ၿပီးဂ႐ုစိုက္ေပးမယ္ အခုေလာေလာဆယ္ေတာ့ေမေမနဲ႔ပဲအတူေနႏွင့္ဦး ေမေမ့ကိုလည္းဒုကၡမေပးပဲလိမ္လိမ္မာမာေနေနာ္''
သုသုစိတ္ထဲၾကည္ႏူးမိေပမယ့္လည္းဘာမွမျဖစ္သလိုဟန္ေဆာင္ရင္း
''ေသြးခဲေလးပဲရွိေသးတာကိုနင္ေျပာတာကိုဘယ္ၾကားမလဲ''
''ဘယ္လိုေနေနေပါ့ ငါကငါ့ကေလးနဲ႔ေန႔တိုင္းစကားေျပာေပးမွာ''
''ကဲဖယ္ပါ ပိုကိုပိုတယ္ ငါသြားၿပီ ေသခ်ာျပန္''
ေျပာၿပီးသုသုလည္းကားေပၚကဆင္းလိုက္ၿပီးၿခံတံခါးကိုတြန္းဖြင့္ကာအိမ္ထဲဝင္ခဲ့လိုက္၏။
သူနမ္းလိုက္တဲ့ပါးကိုကိုင္ကာသူမမ်က္ႏွာမွာအၿပဳံးပန္းေတြဖုံးမႏိုင္ဖိမရပြင့္လန္း၍လာေလေတာ့သည္။
🌳🍁🍁🌳
ေရာင္စဥ္သတိျပန္လာခ်ိန္မွာအရင္ျမင္လိုက္ရတာကဖူးသစ္နဲ႔တံတိုင္းကိုပါ။
''ဖူးသစ္''
''ခ်င္းဂူး နင္သတိရၿပီလား''
''ေဘဘီ''
ေရာင္စဥ္ကသူ႔ကိုတစ္ခ်က္ၾကည့္ၿပီးမွဖူးသစ္အားျပန္ၾကည့္ကာ
''ေဖေဖနဲ႔ေမေမေရာ''
''ငါျပန္ခိုင္းလိုက္ၿပီ မနက္မွပဲလာခဲ့ေတာ့လို႔ေျပာလိုက္တယ္''
''အင္း''
တံတိုင္းကဖူးသစ္အား
''အျပင္ခဏထြက္ေပးပါလား''
ဖူးသစ္ကေတြေဝသြား၍ေရာင္စဥ္က
''မသြားနဲ႔ဖူးသစ္ မသြားနဲ႔ေနာ္''
အရမ္းစကားနားေထာင္ေသာဖူးသစ္ကခ်က္ခ်င္းပဲအခန္းထဲကထြက္သြားေလ၏။
''ဟဲ့ ေကာင္မစုတ္''
တံတိုင္းကသူမလက္ကိုလာကိုင္၍
''ေဘဘီ''
''လာမေခၚနဲ႔ ဘာလည္းမထိနဲ႔သြား''
ေရာင္စဥ္လက္ကိုအတင္းဆြဲျဖဳတ္ေနေပမယ့္သူကလက္ကိုမလႊတ္တမ္းဆုပ္ကိုင္ကာ
''ေဘဘီ ကိုယ္ေတာင္းပန္ပါတယ္ေဘဘီရာ ကိုယ္နဲ႔ဟန္နီကဘာမွမဟုတ္ပါဘူး ကိုယ္ကေဘဘီသဝန္တိုေအာင္လုပ္လိုက္႐ုံေလးပါ ကိုယ့္ကိုခြင့္လႊတ္ပါေနာ္ ေနာ္ေဘဘီ''
''ခြင့္မလႊတ္ဘူး မုန္းတယ္နင့္ကို''
''ဟာ ေဘဘီကလည္း ဘယ္လိုႀကီးေျပာလိုက္တာလဲ ကိုယ္မခံစားႏိုင္ဘူးေနာ္''
''ေ.သေပါ့''
ထိုအခ်ိန္တြင္အခန္းထဲသို႔လူတစ္ဦးဝင္လာ၍
''ဟို ဦးေလးကတကၠစီသမားပါကြယ္ ဒီကငါ့တူမကိုကားနဲ႔တို-က္မိတဲ့အတြက္ဦးေလးေတာင္းပန္ပါတယ္ကြယ္ ဦးေလးေဆးဖိုးေလ်ာ္ပါ့မယ္ ဦးေလးကိုတရားေတာ့မစြဲပါနဲ႔ေနာ္''
တံတိုင္းက
''ေတာင္းပန္႐ုံနဲ႔ၿပီးမလား ဒီမွာ သူကက်ဳပ္ေကာင္မေလး က်ဳပ္မ်ိဳးဆက္ကိုေမြးေပးမယ့္တစ္ဦးတည္းေသာမိန္းကေလး သူသာတစ္ခုခုျဖစ္သြားလို႔က်ဳပ္မ်ိဳးဆက္ျပတ္သြားရင္ခင္ဗ်ားကိုက်ဳပ္ဒီအတိုင္းလႊတ္ထားမယ္မထင္နဲ႔ေနာ္ ေျခေတြလက္ေတြအကုန္႐ို_က္ခ်ိဳးပစ္မယ္''
''ဟဲ့ ဘာေတြေျပာေနတာလဲ ငါ့ကိုကုတင္မတ္ေပး''
တံတိုင္းမႈန္ကုပ္ကုပ္နဲ႔ပဲသူမကုတင္အားမတ္ေပးလိုက္ေတာ့သူမကတကၠစီသမားဘက္လွည့္ကာ
''ဦးေလးကိုတရားမစြဲပါဘူး ေဆးဖိုးလည္းေလ်ာ္စရာမလိုဘူးေနာ္ ဒါကကြၽန္မအမွားလည္းပါလို႔ပါ''
''တစ္ တစ္ကယ္လားငါ့တူမ''
''တစ္ကယ္ပါ ဦးေလးစိတ္ေအးသက္သာေနပါ''
''ေက်းဇူးတင္လိုက္တာငါ့တူမရယ္ တစ္ကယ္ေက်းဇူးတင္ပါတယ္ကြယ္''
''ရပါတယ္ဦးေလး ဦးေလးအိမ္ျပန္ၿပီးအိပ္ေပ်ာ္ေအာင္အိပ္ပါ''
''ေအးပါကြယ္ တစ္ကယ္ေက်းဇူးႀကီးမားလွပါေပတယ္''
တကၠစီသမားဦးေလးႀကီးျပန္သြားမွေရာင္စဥ္ကတံတိုင္းအား
''ဘာနင့္ေကာင္မေလးလဲ နင္နဲ႔ငါ့ဇာတ္လမ္းၿပီးၿပီ''
''မၿပီးပါဘူး ကိုယ္ေဘဘီ့ကိုဒီေလာက္ခ်စ္တာ ဘာလို႔လက္လႊတ္ရမွာလဲ''
''ျပတ္ၿပီလို႔နင္အရင္ေျပာတာေလ''
သူမကခ်က္ခ်င္းဆိုသလိုမ်က္ရည္ေတြေဝ့တက္လာ၍သူျပာျပာသလဲျဖင့္
''ေဘဘီ မငိုပါနဲ႔ကြာ ဟုတ္ပါတယ္ ကိူယ့္အမွား ဒါေပမယ့္ကိုယ္အခုထိေဘဘီ့ကိုခ်စ္ေနတုန္းပဲ ေဘဘီကိုယ့္ကိုမခ်စ္လည္းရတယ္ လက္စားေခ်ခ်င္လည္းရတယ္ ကိုယ္အကုန္ခံမယ္ ကိုယ္တို႔ျပန္ေျပလည္ၾကရေအာင္ ေနာ္ ကိုယ္ေဘဘီ့ကိုဘယ္ေလာက္လြမ္းေနလဲသိလား''
''အဟင္း...လစ္!!!''
တစ္ဆက္တည္းဆိုသလိုေရာင္စဥ္ေတြးလိုက္တာက
''အခုငါ့အလွည့္ပဲ''
လို႔..။
🌳🍁🍁🌳