Unicode
အချိန်အားဖြင့်ညရှစ်နာရီခန့်ဖြစ်၏။
မိုးသားနေ့လယ်ကတည်းငိုယိုပြီးအိပ်ပျော်သွားတာခုချိန်ထိဖြစ်သည်။
သူမအိပ်ရာမှအားယူကာထပြီးလက်ကပတ်တီးကိုကြည့်လိုက်တော့ပတ်တီးသွေးတွေတောင်စိုနေပြီပင်။
''သွေးကလည်း ဘာလို့အဲလောက်ထွက်နေရတာလဲ''
မိုးသား ပိုက်ဆံအိတ်ထဲကဆရာဝန်ပေးလိုက်တဲ့ဆေးနဲ့ပတ်တီးတွေကိုထုတ်ကာလက်ကပတ်တီးကိုပါဖြည်ပစ်လိုက်၏။
ဒါပေမယ့်သူမပတ်တီးဘယ်လိုပြန်စည်းရမလဲမသိ။
လက်ကဒဏ်ရာကလည်းတော်တော်ဆိုးဆိုးမို့ကြည့်ပင်မကြည့်ရဲ။
ထိုစဥ်သူအခန်းတံခါးပွင့်လာပြီးကိုကိုကသူမအခန်းထဲဝင်လာ၍လက်ထဲကပတ်တီးကိုယူပြီးသူမလက်ကိုပါဆွဲယူလိုက်တာကြောင့်မိုးသားကြောင်အမ်းအမ်းနဲ့လက်ကိုပြန်ဆွဲယူလိုက်ပြီး
''ဘာလုပ်တာလဲ''
''ပါးစပ်ပိတ်ထား''
ပြောပြီးကိုကိုကသူမလက်ကိုပြန်ဆွဲယူ၍ပတ်တီးစည်းပေးလာလေသည်။
''စေတနာရှိလို့တော့မဟုတ်ဘူး ငါ့ကြောင့်ဖြစ်တာမို့မသိချင်ယောင်ဆောင်နေရင်ယုတ်မာရာကျမှာမို့လို့''
''ကိုကို့ကိုဘယ်သူကဘာပြောနေလို့လဲ''
''မင်းစိတ်ထဲတစ်မျိုးထင်ပြီးငါ့ကိုရင်ခုန်နေမှာစိုးလို့''
''ဘယ်သူကမှရင်ခုန်မနေဘူး''
သူပတ်တီးစည်းပေးနေရင်းမှသူမမျက်နှာအားအပေါ်စီးကနေငုံ့မိုးကြည့်လိုက်တော့အရင်နဲ့မတူပဲမျက်နှာကအတော်လေးချောင်ကျသွားတာကိုသတိထားမိလိုက်သည်။
နေမကောင်းတာတွေရောစိတ်ဆင်းရဲရတာတွေကြောင့်ရောဖြစ်မည်။
သူသတိပြန်ဝင်လာတော့ထိုသို့တွေးမိတဲ့ကိုယ့်အဖြစ်ကိုအံ့သြလို့မဆုံး။
''မင်းကဝိတ်ချနေတာလား''
''ဘာလို့လဲ''
''ညစာအငတ်ခံနေလို့လေ''
''ကိုကိုဘယ်တုန်းကမိုးသားနဲ့ပတ်သက်ပြီးစိတ်ဝင်စားသွားတာလဲ''
''စိတ်ဝင်စားချင်လွန်းလို့မဟုတ်ပါဘူး မင်းတစ်ခုခုဖြစ်သွားရင်ငါ့ကိုအပြစ်လာတင်နေကြမှာစိုးလို့ မင်းနဲ့ပတ်သက်ပြီးငါအပြစ်တင်မခံနိုင်ဘူး''
''ဘယ်သူကအပြစ်တင်မှာလဲ မမလား''
''အေး''
''အဲဒါဆိုရင်တော့ပူမနေပါနဲ့ မိုးသားေ.သသွားရင်တောင်မှမေမေတစ်ယောက်ပဲမိုးသားအတွက်ငိုပေးမယ့်သူရှိတာ''
''မင်းစကားကဘာစကားလဲ မင်းပြောပုံကမသိရင်သမုကပဲမင်းကိုစိတ်ထဲမရှိသလိုနဲ့ သမုကမင်းကိုဘယ်လောက်ချစ်လဲမင်းအသိဆုံးပဲမလား''
''အဲဒါအရင်ကပဲဖြစ်မှာပေါ့ အခုတော့မိုးသားကိုအားလုံးကဝိုင်းပယ်ထားတာပဲလေ''
''အဲဒါကတော့မင်းအပြစ်နဲ့မင်းပဲလေ''
''ကိုကိုကအခုထိမိုးသားကလုပ်ကြံခဲ့တယ်ပဲထင်တာလား မိုးသားဘယ်လိုလုပ်မှကိုကိုယုံမှာလဲ''
''မင်းဘာပြောပြောငါလုံးဝမယုံဘူး''
''ဟုတ်ပြီလေ အဲဒါဆိုလည်းမိုးသားဘာမှမပြောတော့ဘူး ထပ်လည်းမရှင်းပြတော့ဘူး မိုးသားတစ်ခုပဲဆုတောင်းချင်တယ် အကယ်၍ မိုးသားဘက်ကမဟုတ်တာမလုပ်ခဲ့ရင်ကိုကိုနဲ့မိုးသားတို့ဘယ်တော့မှပြန်မဆုံနိုင်လောက်အောင်ဝေးပါစေလို့''
''အဲ့ဆုကတော့ငါလည်းပြည့်စေချင်တယ်''
ထို့နောက်သူတို့ဘာစကားမှထပ်မပြောဖြစ်ကြပဲတစ်ယောက်ကိုတစ်ယောက်သာစိုက်ကြည့်နေမိခဲ့ကြ၏။
တစ်ကယ်တော့အချစ်ဆိုတာစကားလုံးလေးလှအောင်ပဲပေးထားကြတာ။
တစ်ကယ်ကအချစ်ဆိုတာကလည်းဝဋ်ကြွေးတစ်မျိုးပါပဲ။
💙💙
နောက်နေ့ တိမ်ယံဆိုင်မသွားဖြစ်၍အိပ်ရာကိုနောက်ကျမှထဖြစ်၏။
သူအောက်ထပ်ကိုဆင်းလာတော့မိုးသားကလက်မသန်ပေမယ့်ခေါက်ဆွဲပြုတ်အားကြိုးစားပမ်းစား စားနေတာမို့သူအမြင်မတော်ပဲခေါက်ဆွဲပြုတ်ပန်းကန်နဲ့သူမလက်ထဲကတူကိုဆွဲယူပြီး
''လက်မသန်ရင်လည်းတစ်ခြားလွယ်လွယ်ကူကူဟာစားမယ်မရှိဘူး တော်တော်ကိုယ့်ဒုက္ခကိုရှာတယ်''
''အိမ်မှာဒါပဲရှိတာလေ ဒါပဲစားရမှာပေါ့''
ကိုကိုကခေါက်ဆွဲအားတူနဲ့ညှပ်ယူပြီးဇွန်းထဲထည့်ကာသူမပါးစပ်ရှေ့ထိုးပေးလာတော့မိုးသား ကိုကို့အားပြူးကြောင်ကြောင်နဲ့မော့ကြည့်ပြီး
''ဘာလဲ''
''ပါးစပ်ဟ''
''ကိုယ့်ဘာသာစားမယ်''
တိမ်ယံကစိတ်မရှည်စွာနဲ့သူမပါးနှစ်ဖက်အားဆွဲညှစ်ပြီးပါးစပ်ဟစေကာလက်ထဲကခေါက်ဆွဲဇွန်းအားသူမပါးစပ်ထဲထည့်ပေးလိုက်၏။
''အမြင်မတော်လို့လုပ်ပေးတာ စေ''
''စေတနာရှိလွန်းလို့မဟုတ်ဘူး''
သူမကသူ့ထက်အရင်ဦးအောင်ပြောလာတာမို့သူရုပ်ကိုမချိုမချဥ်ဖြင့်
''သိရင်လည်းပြီးတာပဲ ငါလေကုန်ခံစရာမလိုတော့တာပေါ့''
နှုတ်ကသာထိုသို့ပြောနေပေမယ့်လက်ကတော့သူမအားခေါက်ဆွဲအားအဆက်မပြတ်ခွံ့ကျွေးနေတုန်းပင်။
___________
နေ့လယ်ရောက်တော့ဟိုသတိုးရာဇာဆိုတဲ့ကောင်ကအိမ်ကိုရောက်လာပြန်လေ၏။
သူဧည့်ခန်းထဲမှာစာအုပ်ဖတ်နေရင်းမှသူ့ကိုလှမ်းကြည့်ပြီး
''ဘာလဲ တံခါးမရှိဓားမရှိပါလား''
သတိုးကခနဲ့တဲ့တဲ့ရုပ်နဲ့သူ့ရှေ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်ပြီးခြေထောက်ကိုချိတ်ကာ
''ဒါပေါ့ ကျုပ်ကမိုးသားရဲ့vipလေ''
သူ့စိတ်ထဲအချဥ်ပေါက်သွားတုန်းမိုးသားကအဖြူပေါ်မှာအနီရောင်ပန်းပွင့်လေးတွေပါသောဂါဝန်တိုလေးနဲ့သူတို့နားရောက်လာပြီး
''ငါပြီးပြီသတိုး သွားမယ်''
တိမ်ယံသူမကိုကြည့်ပြီးမှသတိုးကိုပြန်ကြည့်တော့သကောင့်သားကလည်းအနီရောင်တီရှပ်ကိုအပေါ်ကြယ်သီးနှစ်လုံးဖြုတ်ပြီးလက်တွေကိုတံတောင်ဆစ်ထိခေါက်တင်ကာစတိုင်လ်ပန်အဖြူရောင်နဲ့တွဲဖက်ဝတ်ဆင်ထားတာပင်။
သူကြည့်နေတုန်းမှာပဲသတိုးကမိုးသားရှေ့သွားကာသူမလက်ကိုဆွဲယူ၍
''လက်ကဒဏ်ရာကသက်သာလား ဘယ်လိုနေသေးလဲ''
''သိပ်မနာတော့ပါဘူး''
''ငါနင့်ကိုဆေးခန်းပါလိုက်ပို့ပေးမယ်''
''အင်း သွားရအောင်လေ''
''အင်း''
တိမ်ယံ့မျက်နှာကပြိုတော့မယ့်မိုးလိုမဲမှောင်လျက်ဖြင့်
''မင်းကဘယ်လဲ''
''သတိုးနဲ့မုန့်သွားစားမလို့''
''အပြင်မှာလမ်းသလားရအောင်မင်းကိုယ်မင်းအပျိုလေးများမှတ်နေလား''
''ဟုတ်တယ်လေ''
သူမစကားကဘာအဓိပ္ပါယ်လဲဆိုတာတိမ်ယံသိတာမို့လူကဟန်မဆောင်နိုင်လောက်အောင်ဒေါသထွက်သွားရသည်။
''လာသတိုး သွားမယ်''
သတိုးရဲ့လက်ဖျံကိုဖက်တွယ်၍အိမ်ထဲကထွက်သွားသောသူမကိုကြည့်ပြီးသူ့ဒေါသတွေကငယ်ထိပ်ကိုဆောင့်တက်သွားရ၏။
အိမ်ထောင်သည်မိန်းမကကိုယ့်ယောကျ်ားမဟုတ်တဲ့သူရဲ့လက်ကိုချိတ်စရာလား။
မိုးသားတို့လမ်းရောက်တော့သတိုးက
''မိုးသား ခုနကစကားကလေ''
''အင်း''
''နင်နဲ့သူနဲ့က အခုထိ''
သူစကားကိုထိုနေရာမှာရပ်လိုက်၏။
''သူကငါ့ကိုသ.တ်ပစ်ချင်လောက်အောင်မုန်းနေတာလေ သူဘယ်လိုလုပ်ငါ့ကိုထိတွေ့ချင်ပါ့မလဲ နင်စဥ်းစားကြည့်ပေါ့''
''အဲဒါများဘာကိစ္စအဲ့ကောင်ကနင့်ကိုမကွာပေးတာလဲ ကွာပေးလိုက်ရင်ပြီးနေတာကို''
''မမကငါနဲ့သူကွာရှင်းရင်သူ့ကိုမုန်းပစ်မယ်ပြောလို့ သူငါ့ကိုမကွာပေးဘူးတဲ့''
''ဒီခွေးတိရစ္ဆာန်ကောင်ကတော့''
''နင်နော် ကိုကို့ကိုမဆဲပါနဲ့''
''အဟင်း ဒီလိုကောင်ဘက်ကနာနေသေးတယ်''
တစ်ဖက်မှာတော့တိမ်ယံတစ်ယောက်ထိုင်မရထမရနဲ့ဒေါသတွေအလိပ်လိုက်ထွက်နေရ၏။
သူအိမ်မှာမရှိတဲ့အချိန်တွေဆိုလည်းဒီကောင်နဲ့ခုလိုသွားလာနေတာပဲဖြစ်မည်။
''တောက်!''
သူစိတ်တိုနေတဲ့ကြားကဗိုက်ကအလိုက်မသိစွာဆာလာတာမို့မီးဖိုချောင်ထဲဝင်ခဲ့ပြီးအိုးခွက်ပန်းကန်တွေကိုလှန်လှောကြည့်တော့စားစရာဆိုလို့ကြက်ဥတောင်မရှိ။
''ဒီမိန်းမကတော့ကွာ စားစရာမရှိရင်လည်းငါ့ကိုတစ်ခါတည်းမပြောခဲ့ဘူး သဘောတွေ့စရာတစ်ခုမှကိုမရှိတဲ့မိန်းမ အပြင်ထွက်လည်ဖို့ပဲသိတယ်''
သူကသာစိတ်တိုနေပေမယ့်သူမကတော့ဟိုကောင်နဲ့ပျော်မြူးနေမှာကျိန်းသေသည်။
''စိတ်ပျက်စရာမိန်းမ''
💙💙
သဲယမုံတစ်ယောက်စားသောက်ဆိုင်တစ်ဆိုင်မှာမုန့်စားနေတုန်းဆိုင်ထဲဝင်လာတဲ့သူကြောင့်လူကမျက်လုံးတွေအရောင်တလက်လက်တောက်ပသွားရ၏။
''ကိုတိမ်ယံခ''
တိမ်ယံအသံလာရာကိုလှည့်ကြည့်တော့မိန်းကလေးတစ်ယောက်ကသူ့အားလက်လှမ်းနေတာမို့သူချက်ချင်းဦးနှောက်ကိုအလုပ်ပေးကာစဥ်းစားကြည့်လိုက်တော့သူ့ဆိုင်မှာကိတ်လာဝယ်ဖူးတဲ့သူပင်။
နာမည်ကတော့ရေးတေးတေးပါပဲ။
''ကိုတိမ်ယံခ ဒီမှာလာထိုင်ပါလား''
သူလည်းထိုမိန်းကလေးဆီသွားကာသူမနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်၏။
''သဲကိုမှတ်မိလားဟင်''
''အမ်''
''သဲလေ သဲယမုံလေ''
''ဪ အင်း မှတ်မိပါတယ်''
''နေ့လယ်စာလာစားတာလား''
''အင်း''
''သဲကဒီနားကသဲသူငယ်ချင်းရဲ့ပန်းဆိုင်ကိကအလည်လာတာ သူမရှိလို့ပြန်လာရင်းဗိုက်ဆာလို့ဒီမှာနေ့လယ်စာဝင်စားတာ''
''အင်း''
''အင်းပဲပြောနေတော့မှာလားဟင်''
သူ့စိတ်ထဲတွင်...
''သေချာမသိတဲ့မိန်းမကိုဘာတွေများရေပက်မဝင်အောင်ပြောရဦးမှာလဲ''
''ကိုတိမ်ယံခ''
''ဟင်''
''ဘာတွေငူငိုင်ငိုင်ကြီးဖြစ်နေတာလဲ ဒါမှမဟုတ်သဲကအရမ်းစကားများလို့များစိတ်ထဲတစ်မျိုးဖြစ်သွားတာလား''
''အဲလိုမဟုတ်ပါဘူး သိပ်ပြီးမရင်းနှီးသေးတော့''
''အဲဒါဆိုအခုရင်းနှီးလိုက်ကြမယ်လေ''
သူမကပြောပြောဆိုဆိုနဲ့သူ့ပိုက်ဆံအိတ်ထဲကလိပ်စာကဒ်ကိုထုတ်၍သူ့ရှေ့ချပေးကာ
''ဒါကသဲရဲ့လိပ်စာကဒ်''
''ကျွန်တော့်လိပ်စာကဒ်ကတော့မပါဘူး''
''ကိစ္စမရှိပါဘူး ကိတ်ဆိုင်ကိုလာခဲ့မှာပေါ့''
သူ့စိတ်ထဲချက်ချင်းကြီးနေရထိုင်ရတာကျဥ်းကြပ်သွားသလိုပင်။
''အင်း''
သဲယမုံကတော့သူ့ဖြစ်ချင်တာဖြစ်သွားရ၍ရုပ်ကပြုံးစေ့စေ့ဖြင့်။
____________
တိမ်ယံအိမ်ပြန်ရောက်လာသည်ထိမိုးသားကအိမ်ပြန်မရောက်လာသေးတာကြောင့်သူ့ရင်ထဲဒေါသတွေကကိန်းအောင်းလာရပြန်၏။
သူဘောင်းဘီအိတ်ကပ်ထဲကဖုန်းကိုထုတ်ပြီးသူမအားဖုန်းခေါ်မယ်လုပ်ပြီးမှ
''နေပါဦး ငါကဘာကိစ္စသူ့ကိုဖုန်းခေါ်ရမှာလဲ သူ့ဘာသာဘယ်လိုနေနေဘယ်ကောင်နဲ့သွားသွားငါနဲ့ဘာဆိုင်လို့လဲ''
သူဖုန်းကိုပြန်သိမ်းလိုက်ပြီးမှအိမ်ပေါ်တက်မလို့လုပ်တုန်းခြံရှေ့မှကားသံကြောင့်သူခြေထောက်ကချက်ချင်းဆိုသလိုပဲအိမ်ပေါက်ဝရောက်သွားလေ၏။
သူခြံရှေ့ကိုလှမ်းကြည့်တော့မိုးသားကသတိုးကားပေါ်ကဆင်းလာပြီးမှပြုံးရွှင်စွာဖြင့်
''တာ့တာ သေချာဂရုစိုက်ပြန်''
''အင်း နင်လည်းလက်ကဒဏ်ရာကိုဂရုစိုက်''
''အင်းပါ ငါသွားပြီ''
ပြောပြီးသူမကခြံထဲဝင်လာတော့တိမ်ယံလည်းဧည့်ခန်းထဲဝင်ခဲ့လိုက်ပြီးမသိသလိုဖြင့်ဝင်ထိုင်နေလိုက်သည်။
မိုးသားအိမ်ထဲဝင်လာတော့သူက
''မုန့်ကဘယ်ဂြိုဟ်ထိသွားစားနေတာမို့ခုမှပြန်လာတာလဲ''
''အင်္ဂါဂြိုဟ်ထိ''
သူကစိတ်တိုသွားဟန်နဲ့ထိုင်ရာမှထကာသူမရှေ့သို့ခြေလှမ်းကြဲကြီးတွေနဲ့လျှောက်လာပြီးလက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်ကာ
''မင်းငါ့ကိုလာမရွဲ့နဲ့ မင်းအဲ့ကောင်နဲ့ပျော်တယ်ဆိုရင်လည်းဘာလို့အဲကောင်ကိုမယူပဲငါ့ဘဝကိုလာပြီးကမောက်ကမဖြစ်အောင်လုပ်တာလဲ''
''မိုးသားကိုကိုနဲ့ပြိုင်မပြောချင်တော့ဘူး အဲလောက်တောင်ဖြစ်နေရင်လည်းကွာကြမယ် မမပြောရင်မိုးသားကိုယ်တိုင်ကကွာရှင်းချင်တာလို့ပြောလိုက်မယ် အခုချက်ချင်းရှေ့နေခေါ်လိုက်''
ပြောပြီးမိုးသားလည်းကိုကိုလက်တွေကိုလွှတ်ချကာအိမ်ပေါ်သို့တက်လာခဲ့လိုက်၏။
ကိုကိုကသူမနောက်ကထပ်ကြပ်မခွာလိုက်လာပြီးမှ
''မင်းအခုမှဘာလို့ငါနဲ့အဲလောက်ကွာချင်နေရတာလဲ မင်းအဲ့သတိုးရာဇာဆိုတဲ့ကောင်နဲ့ပေါင်းထုတ်ချင်လို့မလား''
မိုးသားလည်းသူပြောတာတွေကိုဂရုမစိုက်ပဲအခန်းထဲသာတန်းတန်းမတ်မတ်ဝင်ခဲ့လိုက်သည်။
ကိုကိုကသူမအခန်းထဲထိလိုက်ခဲ့ပြီးသူမပုခုံးကိုဆွဲလှည့်ကာ
''မင်းငါမေးတာကိုဖြေစမ်းမိုးသားချို''
''ဟုတ်တယ်! သူနဲ့ပေါင်းထုတ်ချင်လို့ ကိုကိုနဲ့ကွာပြီးသူနဲ့ယူမှာ ရပြီလား''
''ဘာ!''
မိုးသားထင်ထားတာကကိုကိုကမိုးသားအားအရင်တုန်းကလိုနာနာကျင်ကျင်တစ်ခုခုလုပ်မယ်ထင်လိုက်ပေမယ့်တစ်ကယ်တမ်းကိုကိုကမိုးသားနှုတ်ခမ်းကိုနမ်းလာတာကြောင့်သူမမှာကျောက်ရုပ်လေးလိုငြိမ်ကျသွားလေတော့၏။
တိမ်ယံသတိလွတ်သွားချိန်သူ့ကိုယ်သူဘာလုပ်လိုက်မိမှန်းမသိလိုက်ပေမယ့်သတိပြန်ဝင်လာတော့လည်းသူမအားလွှတ်မပေးပဲပိုတိုးကာနမ်းလိုက်ပစ်လိုက်လေသည်။
ခြံထဲကပိတောက်ပင်ကသစ်ရွက်တွေကလေတစ်ချက်အဝေ့မှာအချင်းချင်းထိခတ်ကာသစ်ရွက်လှုပ်သံတွေကိုပါသူတို့ကြားနေရလောက်တဲ့ထိအရာအားလုံးကတိတ်ဆိတ်သွားလေသည်။
မိုးသားတစ်ချိန်လုံးတွေးထင်ထားသည်ကကိုကိုကသူမနဲ့ဘယ်တော့မှသွေးသားနှီးနှောမှာမဟုတ်ဘူးလို့။
ဒါပေမယ့်...။
💙💙
Zawgyi
အခ်ိန္အားျဖင့္ညရွစ္နာရီခန္႔ျဖစ္၏။
မိုးသားေန႔လယ္ကတည္းငိုယိုၿပီးအိပ္ေပ်ာ္သြားတာခုခ်ိန္ထိျဖစ္သည္။
သူမအိပ္ရာမွအားယူကာထၿပီးလက္ကပတ္တီးကိုၾကည့္လိုက္ေတာ့ပတ္တီးေသြးေတြေတာင္စိုေနၿပီပင္။
''ေသြးကလည္း ဘာလို႔အဲေလာက္ထြက္ေနရတာလဲ''
မိုးသား ပိုက္ဆံအိတ္ထဲကဆရာဝန္ေပးလိုက္တဲ့ေဆးနဲ႔ပတ္တီးေတြကိုထုတ္ကာလက္ကပတ္တီးကိုပါျဖည္ပစ္လိုက္၏။
ဒါေပမယ့္သူမပတ္တီးဘယ္လိုျပန္စည္းရမလဲမသိ။
လက္ကဒဏ္ရာကလည္းေတာ္ေတာ္ဆိုးဆိုးမို႔ၾကည့္ပင္မၾကည့္ရဲ။
ထိုစဥ္သူအခန္းတံခါးပြင့္လာၿပီးကိုကိုကသူမအခန္းထဲဝင္လာ၍လက္ထဲကပတ္တီးကိုယူၿပီးသူမလက္ကိုပါဆြဲယူလိုက္တာေၾကာင့္မိုးသားေၾကာင္အမ္းအမ္းနဲ႔လက္ကိုျပန္ဆြဲယူလိုက္ၿပီး
''ဘာလုပ္တာလဲ''
''ပါးစပ္ပိတ္ထား''
ေျပာၿပီးကိုကိုကသူမလက္ကိုျပန္ဆြဲယူ၍ပတ္တီးစည္းေပးလာေလသည္။
''ေစတနာရွိလို႔ေတာ့မဟုတ္ဘူး ငါ့ေၾကာင့္ျဖစ္တာမို႔မသိခ်င္ေယာင္ေဆာင္ေနရင္ယုတ္မာရာက်မွာမို႔လို႔''
''ကိုကို႔ကိုဘယ္သူကဘာေျပာေနလို႔လဲ''
''မင္းစိတ္ထဲတစ္မ်ိဳးထင္ၿပီးငါ့ကိုရင္ခုန္ေနမွာစိုးလို႔''
''ဘယ္သူကမွရင္ခုန္မေနဘူး''
သူပတ္တီးစည္းေပးေနရင္းမွသူမမ်က္ႏွာအားအေပၚစီးကေနငုံ႔မိုးၾကည့္လိုက္ေတာ့အရင္နဲ႔မတူပဲမ်က္ႏွာကအေတာ္ေလးေခ်ာင္က်သြားတာကိုသတိထားမိလိုက္သည္။
ေနမေကာင္းတာေတြေရာစိတ္ဆင္းရဲရတာေတြေၾကာင့္ေရာျဖစ္မည္။
သူသတိျပန္ဝင္လာေတာ့ထိုသို႔ေတြးမိတဲ့ကိုယ့္အျဖစ္ကိုအံ့ၾသလို႔မဆုံး။
''မင္းကဝိတ္ခ်ေနတာလား''
''ဘာလို႔လဲ''
''ညစာအငတ္ခံေနလို႔ေလ''
''ကိုကိုဘယ္တုန္းကမိုးသားနဲ႔ပတ္သက္ၿပီးစိတ္ဝင္စားသြားတာလဲ''
''စိတ္ဝင္စားခ်င္လြန္းလို႔မဟုတ္ပါဘူး မင္းတစ္ခုခုျဖစ္သြားရင္ငါ့ကိုအျပစ္လာတင္ေနၾကမွာစိုးလို႔ မင္းနဲ႔ပတ္သက္ၿပီးငါအျပစ္တင္မခံႏိုင္ဘူး''
''ဘယ္သူကအျပစ္တင္မွာလဲ မမလား''
''ေအး''
''အဲဒါဆိုရင္ေတာ့ပူမေနပါနဲ႔ မိုးသားေ.သသြားရင္ေတာင္မွေမေမတစ္ေယာက္ပဲမိုးသားအတြက္ငိုေပးမယ့္သူရွိတာ''
''မင္းစကားကဘာစကားလဲ မင္းေျပာပုံကမသိရင္သမုကပဲမင္းကိုစိတ္ထဲမရွိသလိုနဲ႔ သမုကမင္းကိုဘယ္ေလာက္ခ်စ္လဲမင္းအသိဆုံးပဲမလား''
''အဲဒါအရင္ကပဲျဖစ္မွာေပါ့ အခုေတာ့မိုးသားကိုအားလုံးကဝိုင္းပယ္ထားတာပဲေလ''
''အဲဒါကေတာ့မင္းအျပစ္နဲ႔မင္းပဲေလ''
''ကိုကိုကအခုထိမိုးသားကလုပ္ႀကံခဲ့တယ္ပဲထင္တာလား မိုးသားဘယ္လိုလုပ္မွကိုကိုယုံမွာလဲ''
''မင္းဘာေျပာေျပာငါလုံးဝမယုံဘူး''
''ဟုတ္ၿပီေလ အဲဒါဆိုလည္းမိုးသားဘာမွမေျပာေတာ့ဘူး ထပ္လည္းမရွင္းျပေတာ့ဘူး မိုးသားတစ္ခုပဲဆုေတာင္းခ်င္တယ္ အကယ္၍ မိုးသားဘက္ကမဟုတ္တာမလုပ္ခဲ့ရင္ကိုကိုနဲ႔မိုးသားတို႔ဘယ္ေတာ့မွျပန္မဆုံႏိုင္ေလာက္ေအာင္ေဝးပါေစလို႔''
''အဲ့ဆုကေတာ့ငါလည္းျပည့္ေစခ်င္တယ္''
ထို႔ေနာက္သူတို႔ဘာစကားမွထပ္မေျပာျဖစ္ၾကပဲတစ္ေယာက္ကိုတစ္ေယာက္သာစိုက္ၾကည့္ေနမိခဲ့ၾက၏။
တစ္ကယ္ေတာ့အခ်စ္ဆိုတာစကားလုံးေလးလွေအာင္ပဲေပးထားၾကတာ။
တစ္ကယ္ကအခ်စ္ဆိုတာကလည္းဝဋ္ေႂကြးတစ္မ်ိဳးပါပဲ။
💙💙
ေနာက္ေန႔ တိမ္ယံဆိုင္မသြားျဖစ္၍အိပ္ရာကိုေနာက္က်မွထျဖစ္၏။
သူေအာက္ထပ္ကိုဆင္းလာေတာ့မိုးသားကလက္မသန္ေပမယ့္ေခါက္ဆြဲျပဳတ္အားႀကိဳးစားပမ္းစား စားေနတာမို႔သူအျမင္မေတာ္ပဲေခါက္ဆြဲျပဳတ္ပန္းကန္နဲ႔သူမလက္ထဲကတူကိုဆြဲယူၿပီး
''လက္မသန္ရင္လည္းတစ္ျခားလြယ္လြယ္ကူကူဟာစားမယ္မရွိဘူး ေတာ္ေတာ္ကိုယ့္ဒုကၡကိုရွာတယ္''
''အိမ္မွာဒါပဲရွိတာေလ ဒါပဲစားရမွာေပါ့''
ကိုကိုကေခါက္ဆြဲအားတူနဲ႔ညႇပ္ယူၿပီးဇြန္းထဲထည့္ကာသူမပါးစပ္ေရွ႕ထိုးေပးလာေတာ့မိုးသား ကိုကို႔အားျပဴးေၾကာင္ေၾကာင္နဲ႔ေမာ့ၾကည့္ၿပီး
''ဘာလဲ''
''ပါးစပ္ဟ''
''ကိုယ့္ဘာသာစားမယ္''
တိမ္ယံကစိတ္မရွည္စြာနဲ႔သူမပါးႏွစ္ဖက္အားဆြဲညႇစ္ၿပီးပါးစပ္ဟေစကာလက္ထဲကေခါက္ဆြဲဇြန္းအားသူမပါးစပ္ထဲထည့္ေပးလိုက္၏။
''အျမင္မေတာ္လို႔လုပ္ေပးတာ ေစ''
''ေစတနာရွိလြန္းလို႔မဟုတ္ဘူး''
သူမကသူ႔ထက္အရင္ဦးေအာင္ေျပာလာတာမို႔သူ႐ုပ္ကိုမခ်ိဳမခ်ဥ္ျဖင့္
''သိရင္လည္းၿပီးတာပဲ ငါေလကုန္ခံစရာမလိုေတာ့တာေပါ့''
ႏႈတ္ကသာထိုသို႔ေျပာေနေပမယ့္လက္ကေတာ့သူမအားေခါက္ဆြဲအားအဆက္မျပတ္ခြံ႕ေကြၽးေနတုန္းပင္။
___________
ေန႔လယ္ေရာက္ေတာ့ဟိုသတိုးရာဇာဆိုတဲ့ေကာင္ကအိမ္ကိုေရာက္လာျပန္ေလ၏။
သူဧည့္ခန္းထဲမွာစာအုပ္ဖတ္ေနရင္းမွသူ႔ကိုလွမ္းၾကည့္ၿပီး
''ဘာလဲ တံခါးမရွိဓားမရွိပါလား''
သတိုးကခနဲ႔တဲ့တဲ့႐ုပ္နဲ႔သူ႔ေရွ႕မ်က္ႏွာခ်င္းဆိုင္မွာဝင္ထိုင္ၿပီးေျခေထာက္ကိုခ်ိတ္ကာ
''ဒါေပါ့ က်ဳပ္ကမိုးသားရဲ႕vipေလ''
သူ႔စိတ္ထဲအခ်ဥ္ေပါက္သြားတုန္းမိုးသားကအျဖဴေပၚမွာအနီေရာင္ပန္းပြင့္ေလးေတြပါေသာဂါဝန္တိုေလးနဲ႔သူတို႔နားေရာက္လာၿပီး
''ငါၿပီးၿပီသတိုး သြားမယ္''
တိမ္ယံသူမကိုၾကည့္ၿပီးမွသတိုးကိုျပန္ၾကည့္ေတာ့သေကာင့္သားကလည္းအနီေရာင္တီရွပ္ကိုအေပၚၾကယ္သီးႏွစ္လုံးျဖဳတ္ၿပီးလက္ေတြကိုတံေတာင္ဆစ္ထိေခါက္တင္ကာစတိုင္လ္ပန္အျဖဴေရာင္နဲ႔တြဲဖက္ဝတ္ဆင္ထားတာပင္။
သူၾကည့္ေနတုန္းမွာပဲသတိုးကမိုးသားေရွ႕သြားကာသူမလက္ကိုဆြဲယူ၍
''လက္ကဒဏ္ရာကသက္သာလား ဘယ္လိုေနေသးလဲ''
''သိပ္မနာေတာ့ပါဘူး''
''ငါနင့္ကိုေဆးခန္းပါလိုက္ပို႔ေပးမယ္''
''အင္း သြားရေအာင္ေလ''
''အင္း''
တိမ္ယံ့မ်က္ႏွာကၿပိဳေတာ့မယ့္မိုးလိုမဲေမွာင္လ်က္ျဖင့္
''မင္းကဘယ္လဲ''
''သတိုးနဲ႔မုန္႔သြားစားမလို႔''
''အျပင္မွာလမ္းသလားရေအာင္မင္းကိုယ္မင္းအပ်ိဳေလးမ်ားမွတ္ေနလား''
''ဟုတ္တယ္ေလ''
သူမစကားကဘာအဓိပၸါယ္လဲဆိုတာတိမ္ယံသိတာမို႔လူကဟန္မေဆာင္ႏိုင္ေလာက္ေအာင္ေဒါသထြက္သြားရသည္။
''လာသတိုး သြားမယ္''
သတိုးရဲ႕လက္ဖ်ံကိုဖက္တြယ္၍အိမ္ထဲကထြက္သြားေသာသူမကိုၾကည့္ၿပီးသူ႔ေဒါသေတြကငယ္ထိပ္ကိုေဆာင့္တက္သြားရ၏။
အိမ္ေထာင္သည္မိန္းမကကိုယ့္ေယာက်္ားမဟုတ္တဲ့သူရဲ႕လက္ကိုခ်ိတ္စရာလား။
မိုးသားတို႔လမ္းေရာက္ေတာ့သတိုးက
''မိုးသား ခုနကစကားကေလ''
''အင္း''
''နင္နဲ႔သူနဲ႔က အခုထိ''
သူစကားကိုထိုေနရာမွာရပ္လိုက္၏။
''သူကငါ့ကိုသ.တ္ပစ္ခ်င္ေလာက္ေအာင္မုန္းေနတာေလ သူဘယ္လိုလုပ္ငါ့ကိုထိေတြ႕ခ်င္ပါ့မလဲ နင္စဥ္းစားၾကည့္ေပါ့''
''အဲဒါမ်ားဘာကိစၥအဲ့ေကာင္ကနင့္ကိုမကြာေပးတာလဲ ကြာေပးလိုက္ရင္ၿပီးေနတာကို''
''မမကငါနဲ႔သူကြာရွင္းရင္သူ႔ကိုမုန္းပစ္မယ္ေျပာလို႔ သူငါ့ကိုမကြာေပးဘူးတဲ့''
''ဒီေခြးတိရစာၦန္ေကာင္ကေတာ့''
''နင္ေနာ္ ကိုကို႔ကိုမဆဲပါနဲ႔''
''အဟင္း ဒီလိုေကာင္ဘက္ကနာေနေသးတယ္''
တစ္ဖက္မွာေတာ့တိမ္ယံတစ္ေယာက္ထိုင္မရထမရနဲ႔ေဒါသေတြအလိပ္လိုက္ထြက္ေနရ၏။
သူအိမ္မွာမရွိတဲ့အခ်ိန္ေတြဆိုလည္းဒီေကာင္နဲ႔ခုလိုသြားလာေနတာပဲျဖစ္မည္။
''ေတာက္!''
သူစိတ္တိုေနတဲ့ၾကားကဗိုက္ကအလိုက္မသိစြာဆာလာတာမို႔မီးဖိုေခ်ာင္ထဲဝင္ခဲ့ၿပီးအိုးခြက္ပန္းကန္ေတြကိုလွန္ေလွာၾကည့္ေတာ့စားစရာဆိုလို႔ၾကက္ဥေတာင္မရွိ။
''ဒီမိန္းမကေတာ့ကြာ စားစရာမရွိရင္လည္းငါ့ကိုတစ္ခါတည္းမေျပာခဲ့ဘူး သေဘာေတြ႕စရာတစ္ခုမွကိုမရွိတဲ့မိန္းမ အျပင္ထြက္လည္ဖို႔ပဲသိတယ္''
သူကသာစိတ္တိုေနေပမယ့္သူမကေတာ့ဟိုေကာင္နဲ႔ေပ်ာ္ျမဴးေနမွာက်ိန္းေသသည္။
''စိတ္ပ်က္စရာမိန္းမ''
💙💙
သဲယမုံတစ္ေယာက္စားေသာက္ဆိုင္တစ္ဆိုင္မွာမုန္႔စားေနတုန္းဆိုင္ထဲဝင္လာတဲ့သူေၾကာင့္လူကမ်က္လုံးေတြအေရာင္တလက္လက္ေတာက္ပသြားရ၏။
''ကိုတိမ္ယံခ''
တိမ္ယံအသံလာရာကိုလွည့္ၾကည့္ေတာ့မိန္းကေလးတစ္ေယာက္ကသူ႔အားလက္လွမ္းေနတာမို႔သူခ်က္ခ်င္းဦးေႏွာက္ကိုအလုပ္ေပးကာစဥ္းစားၾကည့္လိုက္ေတာ့သူ႔ဆိုင္မွာကိတ္လာဝယ္ဖူးတဲ့သူပင္။
နာမည္ကေတာ့ေရးေတးေတးပါပဲ။
''ကိုတိမ္ယံခ ဒီမွာလာထိုင္ပါလား''
သူလည္းထိုမိန္းကေလးဆီသြားကာသူမနဲ႔မ်က္ႏွာခ်င္းဆိုင္မွာဝင္ထိုင္လိုက္၏။
''သဲကိုမွတ္မိလားဟင္''
''အမ္''
''သဲေလ သဲယမုံေလ''
''ဪ အင္း မွတ္မိပါတယ္''
''ေန႔လယ္စာလာစားတာလား''
''အင္း''
''သဲကဒီနားကသဲသူငယ္ခ်င္းရဲ႕ပန္းဆိုင္ကိကအလည္လာတာ သူမရွိလို႔ျပန္လာရင္းဗိုက္ဆာလို႔ဒီမွာေန႔လယ္စာဝင္စားတာ''
''အင္း''
''အင္းပဲေျပာေနေတာ့မွာလားဟင္''
သူ႔စိတ္ထဲတြင္...
''ေသခ်ာမသိတဲ့မိန္းမကိုဘာေတြမ်ားေရပက္မဝင္ေအာင္ေျပာရဦးမွာလဲ''
''ကိုတိမ္ယံခ''
''ဟင္''
''ဘာေတြငူငိုင္ငိုင္ႀကီးျဖစ္ေနတာလဲ ဒါမွမဟုတ္သဲကအရမ္းစကားမ်ားလို႔မ်ားစိတ္ထဲတစ္မ်ိဳးျဖစ္သြားတာလား''
''အဲလိုမဟုတ္ပါဘူး သိပ္ၿပီးမရင္းႏွီးေသးေတာ့''
''အဲဒါဆိုအခုရင္းႏွီးလိုက္ၾကမယ္ေလ''
သူမကေျပာေျပာဆိုဆိုနဲ႔သူ႔ပိုက္ဆံအိတ္ထဲကလိပ္စာကဒ္ကိုထုတ္၍သူ႔ေရွ႕ခ်ေပးကာ
''ဒါကသဲရဲ႕လိပ္စာကဒ္''
''ကြၽန္ေတာ့္လိပ္စာကဒ္ကေတာ့မပါဘူး''
''ကိစၥမရွိပါဘူး ကိတ္ဆိုင္ကိုလာခဲ့မွာေပါ့''
သူ႔စိတ္ထဲခ်က္ခ်င္းႀကီးေနရထိုင္ရတာက်ဥ္းၾကပ္သြားသလိုပင္။
''အင္း''
သဲယမုံကေတာ့သူ႔ျဖစ္ခ်င္တာျဖစ္သြားရ၍႐ုပ္ကၿပဳံးေစ့ေစ့ျဖင့္။
____________
တိမ္ယံအိမ္ျပန္ေရာက္လာသည္ထိမိုးသားကအိမ္ျပန္မေရာက္လာေသးတာေၾကာင့္သူ႔ရင္ထဲေဒါသေတြကကိန္းေအာင္းလာရျပန္၏။
သူေဘာင္းဘီအိတ္ကပ္ထဲကဖုန္းကိုထုတ္ၿပီးသူမအားဖုန္းေခၚမယ္လုပ္ၿပီးမွ
''ေနပါဦး ငါကဘာကိစၥသူ႔ကိုဖုန္းေခၚရမွာလဲ သူ႔ဘာသာဘယ္လိုေနေနဘယ္ေကာင္နဲ႔သြားသြားငါနဲ႔ဘာဆိုင္လို႔လဲ''
သူဖုန္းကိုျပန္သိမ္းလိုက္ၿပီးမွအိမ္ေပၚတက္မလို႔လုပ္တုန္းၿခံေရွ႕မွကားသံေၾကာင့္သူေျခေထာက္ကခ်က္ခ်င္းဆိုသလိုပဲအိမ္ေပါက္ဝေရာက္သြားေလ၏။
သူၿခံေရွ႕ကိုလွမ္းၾကည့္ေတာ့မိုးသားကသတိုးကားေပၚကဆင္းလာၿပီးမွၿပဳံး႐ႊင္စြာျဖင့္
''တာ့တာ ေသခ်ာဂ႐ုစိုက္ျပန္''
''အင္း နင္လည္းလက္ကဒဏ္ရာကိုဂ႐ုစိုက္''
''အင္းပါ ငါသြားၿပီ''
ေျပာၿပီးသူမကၿခံထဲဝင္လာေတာ့တိမ္ယံလည္းဧည့္ခန္းထဲဝင္ခဲ့လိုက္ၿပီးမသိသလိုျဖင့္ဝင္ထိုင္ေနလိုက္သည္။
မိုးသားအိမ္ထဲဝင္လာေတာ့သူက
''မုန္႔ကဘယ္ၿဂိဳဟ္ထိသြားစားေနတာမို႔ခုမွျပန္လာတာလဲ''
''အဂၤါၿဂိဳဟ္ထိ''
သူကစိတ္တိုသြားဟန္နဲ႔ထိုင္ရာမွထကာသူမေရွ႕သို႔ေျခလွမ္းႀကဲႀကီးေတြနဲ႔ေလွ်ာက္လာၿပီးလက္ေမာင္းႏွစ္ဖက္ကိုဆုပ္ကိုင္ကာ
''မင္းငါ့ကိုလာမ႐ြဲ႕နဲ႔ မင္းအဲ့ေကာင္နဲ႔ေပ်ာ္တယ္ဆိုရင္လည္းဘာလို႔အဲေကာင္ကိုမယူပဲငါ့ဘဝကိုလာၿပီးကေမာက္ကမျဖစ္ေအာင္လုပ္တာလဲ''
''မိုးသားကိုကိုနဲ႔ၿပိဳင္မေျပာခ်င္ေတာ့ဘူး အဲေလာက္ေတာင္ျဖစ္ေနရင္လည္းကြာၾကမယ္ မမေျပာရင္မိုးသားကိုယ္တိုင္ကကြာရွင္းခ်င္တာလို႔ေျပာလိုက္မယ္ အခုခ်က္ခ်င္းေရွ႕ေနေခၚလိုက္''
ေျပာၿပီးမိုးသားလည္းကိုကိုလက္ေတြကိုလႊတ္ခ်ကာအိမ္ေပၚသို႔တက္လာခဲ့လိုက္၏။
ကိုကိုကသူမေနာက္ကထပ္ၾကပ္မခြာလိုက္လာၿပီးမွ
''မင္းအခုမွဘာလို႔ငါနဲ႔အဲေလာက္ကြာခ်င္ေနရတာလဲ မင္းအဲ့သတိုးရာဇာဆိုတဲ့ေကာင္နဲ႔ေပါင္းထုတ္ခ်င္လို႔မလား''
မိုးသားလည္းသူေျပာတာေတြကိုဂ႐ုမစိုက္ပဲအခန္းထဲသာတန္းတန္းမတ္မတ္ဝင္ခဲ့လိုက္သည္။
ကိုကိုကသူမအခန္းထဲထိလိုက္ခဲ့ၿပီးသူမပုခုံးကိုဆြဲလွည့္ကာ
''မင္းငါေမးတာကိုေျဖစမ္းမိုးသားခ်ိဳ''
''ဟုတ္တယ္! သူနဲ႔ေပါင္းထုတ္ခ်င္လို႔ ကိုကိုနဲ႔ကြာၿပီးသူနဲ႔ယူမွာ ရၿပီလား''
''ဘာ!''
မိုးသားထင္ထားတာကကိုကိုကမိုးသားအားအရင္တုန္းကလိုနာနာက်င္က်င္တစ္ခုခုလုပ္မယ္ထင္လိုက္ေပမယ့္တစ္ကယ္တမ္းကိုကိုကမိုးသားႏႈတ္ခမ္းကိုနမ္းလာတာေၾကာင့္သူမမွာေက်ာက္႐ုပ္ေလးလိုၿငိမ္က်သြားေလေတာ့၏။
တိမ္ယံသတိလြတ္သြားခ်ိန္သူ႔ကိုယ္သူဘာလုပ္လိုက္မိမွန္းမသိလိုက္ေပမယ့္သတိျပန္ဝင္လာေတာ့လည္းသူမအားလႊတ္မေပးပဲပိုတိုးကာနမ္းလိုက္ပစ္လိုက္ေလသည္။
ၿခံထဲကပိေတာက္ပင္ကသစ္႐ြက္ေတြကေလတစ္ခ်က္အေဝ့မွာအခ်င္းခ်င္းထိခတ္ကာသစ္႐ြက္လႈပ္သံေတြကိုပါသူတို႔ၾကားေနရေလာက္တဲ့ထိအရာအားလုံးကတိတ္ဆိတ္သြားေလသည္။
မိုးသားတစ္ခ်ိန္လုံးေတြးထင္ထားသည္ကကိုကိုကသူမနဲ႔ဘယ္ေတာ့မွေသြးသားႏွီးေႏွာမွာမဟုတ္ဘူးလို႔။
ဒါေပမယ့္...။
💙💙
11.3.2024