နတ်နဂါးစစ်သည်

By purefeather199

17.2K 1.5K 21

နတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရ... More

အခန်း 1+2 (ငါ ပြန်လာခဲ့မယ်)
အခန်း 3+4 (အရင်းနှီးဆုံး သူစိမ်း)
အခန်း 5+6(အခန်းဖော်)
အခန်း 7+8(အလှနတ်သမီး၏အခြွေံအရံများ)
အခန်း 9+10(ရှောင်ဖို့ပဲတတ်တာလား)
အခန်း 11+12(အဓိပ္ပါယ်မရှိတဲ့ အောက်ဆုံးစည်း)
အခန်း 13+14(အားလုံးကို ထိန်းသိမ်း)
အခန်း 15+16(ရှေ့နေများ၏အဝိုင်းခံရခြင်း)
အခန်း 17+18(ပျားရည်ထောင်ချောက်များပင် အလုပ်မဖြစ်)
အခန်း 19+20(ဒီခန္ဓာကတော့တစ်ခုခုမှားနေပြီ)
အခန်း 21+22(ချောင်ပိတ်မိခြင်း)
အခန်း 23+24(လိမ္မာပါးနပ်တဲ့ရဲ)
အခန်း 25+26(ရုတ်တရက်ရောက်လာသောသတင်းထောက်များ)
အခန်း 27+28(အနည်းငယ်ခံစားသွားရခြင်း)
အခန်း 29+30(မထိန်းချုပ်နိုင်သောစွမ်းအားများ)
အခန်း 31+32(ဂိုဏ်းလေးဂိုဏ်း၏နောက်ခံ)
အခန်း 33+34(၅ မိနစ်တည်းနဲ့ အမှောက်သိပ်မယ်)
အခန်း 35+36 (သူ့ကို ခေါ်သွားချင်ရင် ငါတို့ စည်းကမ်းအတိုင်း လုပ် ))
အခန်း 37+38( ပြဿနာဒုတ်ထိုးရှာသူ )
အခန်း 39+40(အကြီးအကဲများ)
အခန်း 41+42(ခွန်အား စမ်းသပ်မှု )
အခန်း 43+44(အမှတ်မထင် တိုက်ပွဲတခု )
အခန်း 45+46(အမျိုးသမီး နှစ်ဦးကြားမှ အလောင်းအစား )
အခန်း 47+48 (ငါ မဖမ်းရဲတဲ့သူ မရှိဘူး )
အခန်း 49+50 ( ပန်းကလေး၏ စောင့်ရှောက်သူများ ဒေါသထွက်ခြင်း )
အခန်း 51+52( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )
အခန်း 53+54 (သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )
55+56 (သေမင်းတမန် ထိုးသတ်ပွဲအား လက်ခံခြင်း )
57+58( ကြိုတင်ပြင်ဆင်ခြင်း )
59+60( အကဲဖြတ်မှု ( ၁ ) ( တုံ့ပြန်မှု အမြန်နှုန်း )
61+62(မျက်လုံးအုပ်၍ ပစ်ခတ်ခြင်း )
63+64(အားကုန်သုံးပြီး ငါ့ကို ထိုးစမ်းပါ...)
65+66(လုံးဝ အကြံပြုတယ်...)
67+68( စောင့်နေရတာ တန်ရဲ့လား.... )
69+70(အခြေအနေ)
71+72(သူ ငါ့ရည်းစားဖြစ်လာရစေမယ်)
73+74( မတူညီသော အတွေးကိုယ်စီ )
75+76(မခူးဆွတ်ရက်သောပန်းတစ်ပွင့်)
77+78(ဒီအရူးကောင်ကတော့)
79+80(ကြောက်မက်ဖွယ်ရာတို့၏အစ)
အခန်း ၈၁ (ငါတို့ မစ်ရှင်ကို နင်ဘယ်လိုသိတာလဲ)
အခန်း ၈၂ (ငါမင်းနဲ့ကစားမယ်)
အခန်း ၈၃ (လှည့်စားမှု)
အခန်း ၈၄ - ငါ့မှာ သဘောကျတဲ့သူ ရှိပြီးသား
အခန်း ၈၅ ( ရှုချန်း လုပွဲ )
အခန်း ၈၆( လင်ချူရွယ်အား ပိုးပန်းနေသူ )
အခန်း ၈၇ ( တဲဗက်စ် မိသားစုပိုင် ကာစီနိုသို့ အလည်တခေါက် )
အခန်း ၈၈( လောင်းကစားဟူသည် အနုပညာတမျိုး...)
အခန်း ၈၉(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )
အခန်း ၉၀ (အလောင်းအစား)
အခန်း ၉၁ ( ဒီကောင်လေး ပြောင်းလဲသွားပြီ )
အခန်း ၉၂ (စာစဥ် ၇) (အချစ်လေး... ကိုယ့်ကို ဖဲဆော့ဖို့ ပိုက်ဆံ နည်းနည်းချေး )
အခန်း ၉၃ (မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )
အခန်း ၉၄ ( အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု )
အခန်း ၉၅(ဒီခံစားချက်ကို လွမ်းတာ ကြာပြီ )
အခန်း ၉၆(ခေါင်းဆောင် ရဲ့ အမိန့်ကို နာခံ )
အခန်း ၉၇
အခန်း ၉၈ +၉၉
အခန်း ၁၀၀+၁၀၁
102+103
104+105
106+107
108+109
110+111
112+113
114+115
116+117
118+119
120+121
122+123
124+125
126+127
128+129
131+132
133+134
အခန်း ၁၃၅ ( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )
အခန်း ၁၃၆ ( ပုန်းလျှိုးကွယ်လျှိုး )
အခန်း ၁၃၇ ( မယုံနိုင်ဖွယ် ဖြစ်ရပ် )
အခန်း ၁၃၈ ( ရှန်ဝမ်ဆန်း )
အခန်း ၁၃၉ ( အဲဒီ ရှုချန်း အစစ်ပဲ... )
အခန်း ၁၄၀
အခန်း ၁၄၁
၁၄၂( အထီးဖြစ်ဖြစ် အမ ဖြစ်ဖြစ် ဂရုမစိုက်ဘူး )
၁၄၃( ဒီကလေးက ငယ်လွန်းသေးပါတယ်... )
၁၄၄( အသန်မာဆုံး B အဆင့် )
၁၄၅( လင်လဲ့ နေထိုင်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက် )
၁၄၆( လီတ့ဟွမ်၏ အဆုံးသတ် )
၁၄၇( ကျုပ်မသွားခင် တံခါးဝဂိုဏ်း လေးခုလုံးကို ရှင်းသွားမယ်...)
၁၄၈( လုပ်ရိုးလုပ်စဥ် အတိုင်း စစ်ဆေးမယ် )
၁၄၉( ဟဲထျန်း ၏ ဗျူဟာ )
၁၅၀( အားလုံးကို ဖမ်းဆီးထိန်းသိမ်းခြင်း )
၁၅၁( ကျုပ်တို့ သူဌေးက ခင်ဗျားကို စကား တစ်ခွန်းလောက် ပြောချင်လို့တဲ့... )
၁၅၂( ကျုပ်ကို ခြိမ်းခြောက်ခဲ့တဲ့သူတွေ အခု ဘာဖြစ်နေလဲ သိလား... )
၁၅၃( ညီလေး... စားနော်...)
၁၅၄( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )
၁၅၅( တကယ်ကို ထိုက်တန်ပါတယ်... )
၁၅၆(နောက်ယောင်ခံ လိုက်ခြင်း )
၁၅၇( ကျုပ် ရှာဖွေရေး ဝရမ်း လိုတယ် )
၁၅၈(ဖော်ထုတ်ခံရပြီ )
၁၅၉(အင်အားသုံး )
၁၆၀( ဟာကွက် အပြည့်နှင့် )
၁၆၁( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )
၁၆၂( အနာဂတ်မှာ မင်းဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ငါ တကယ်ကိုမြင်ချင်ပါတယ်...)
၁၆၃( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )
၁၆၄
၁၆၅( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)
၁၆၆( နင့်သူငယ်ချင်းက နင့် ယောက်ျားကို ဖွင့်ပြောလိုက်ပြီ...
၁၆၇( ရှန်ယောင် ချန်ခဲ့သော စာတစ်စောင် )
၁၆၈( ကတိ )
၁၆၉( ငါပြန်လာပြီ )
၁၇၀( မောက်မာသော လူသစ် )
၁၇၁( စီနီယာများနှင့် ဂျူနီယာများ အကြားမှ စစ်ရေးလေ့ကျင့်မှု )
၁၇၂( တစ်ကိုယ်တော် အစွမ်း )
၁၇၃( ဒီကောင် ဘာ အခွင့်အရေးမှ မရစေရဘူး )
၁၇၄( ပြည့်စုံသော လမ်းကြောင်း )
၁၇၅( မခုတ်တတ်တဲ့ကြောင် )
၁၇၆( စိတ်လှုပ်ရှားစရာ မရှိသလောက်ပါပဲ... )
၁၇၇( ငါတို့ TV အစီအစဥ် တစ်ခုမှ ပါရမယ် )
၁၇၈( ငါ လုပ်နိုင်တယ် )
၁၇၉( လင်ချူရွယ် )
၁၈၀( လေးလေးနက်နက် တွေးတောခြင်း )
အခန်း ၁၈၁( ထပ်ပြီးတော့ ရှုချန်းပဲလား... )
၁၈၂ + ၁၈၃( စစ်ဒေသ ငါးတွင် လူသစ်ကလေး ထင်တိုင်းကြဲရမည့် အလှည့် မရောက်သေးချေ...)
အခန်း ၁၈၄( အသက်တွေလည်း ကြီးပါပြီ... လှေကားက ဆင်းတာပဲ ကောင်းပါတယ်...)
အခန်း ၁၈၅ + ၁၈၆( မင်း မျက်ခွက် )
အခန်း ၁၈၇ + ၁၈၈(တစ်လောကလုံး နဲ့ စစ်ပြိုင်မယ် )
အခန်း ၁၈၉ + ၁၉၀( အရှက်မရှိ... )
အခန်း ၁၉၁ + ၁၉၂ + ၁၉၃( အမျိုးသမီး စစ်ယူနီဖောင်း )
အခန်း ၁၉၄ + ၁၉၅( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)
၁၉၆ + ၁၉၇( ခင်ဗျား ရုပ်ရှင် ရိုက်ရင်လည်း ဒီလို အက်ရှင်ကားမျိုး ရိုက်စမ်းဗျာ... )
အခန်း ၁၉၈+၁၉၉( နဖူးပြင်ထက်မှ အနမ်းပန်း တစ်ပွင့် )
အခန်း ၂၀၀+၂၀၁( ခေါင်းမာသူ )
အခန်း ၂၀၂ + ၂၀၃( အဲဒါ ငါ့အိပ်မက်ပဲ... )
အခန်း ၂၀၄ (မင်းက ဆရာကြီးပဲ... )
အခန်း ၂၀၅+၂၀၆( ပြင်းထန်သော ပြိုင်ဆိုင်မှု )
အခန်း ၂၀၇+၂၀၈( ပြည့်စုံသော အစပြုခြင်း တစ်ခု )
အခန်း ၂၀၉+၂၁၀(ပစ်ချက် )
၂၁၁ + ၂၁၂( အသံမထွက်အောင် ဘယ်လို လျှောက်လာတာလဲ... )
အခန်း ၂၁၃ + ၂၁၄( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)
အခန်း ၂၁၅ + ၂၁၆( သောက်ရမ်း မိုက်ချက်ပဲ )
အခန်း ၂၁၇ + ၂၁၈( ဒါဆို ငါ စ လှုပ်ရှားပြီ )
အခန်း ၂၁၉ + ၂၂၀( လူယုတ်မာ )
အခန်း ၂၂၁ + ၂၂၂(ခက်ခဲတဲ့ ပြိုင်ဘက် )
အခန်း ၂၂၃ + ၂၂၄(အရှက်မရှိ )
အခန်း ၂၂၅(မင်း ထပ်ပစ်ချင်သေးရင် ပစ်လေ )
အခန်း ၂၂၆ + ၂၂၇(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )
အခန်း ၂၂၈ + ၂၂၉(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ခြင်း )
အခန်း ၂၃၀ + ၂၃၁(ထိပ်တန်းအထူးအဖွဲ့ )
အခန်း ၂၃၂ + ၂၃၃(အဖွဲ့ နှစ်ခု အကြား ကွာြခားချက် )
အခန်း ၂၃၄ +​၂၃၅(ဆုပေးပွဲ )
အခန်း ၂၃၆ +​၂၃၇(ကျွန်မရဲ့ သခင်ကြီး ကာနယ် )
အခန်း ၂၃၈ +​၂၃၉ + ၂၄၀(ရည်ရွယ်ချက် ရှိရှိ )
အခန်း ၂၄၁ + ၂၄၂(ငါ သူ့ကို ယုံတယ် )
အပိုင်း - ၂၄၃ +၂၄၄(ဖယ်ရှားပစ်မယ် ( ၂ )
အပိုင်း - ၂၄၅ + ၂၄၆ + ၂၄၇( ငါ တောင်းပန်ဖို့ ရွေးချယ်တယ် )
အပိုင်း - ၂၄၈ + ၁၄၉(ငြင်းပယ်ခြင်း )
အပိုင်း - ၂၅၀ + ၂၅၁(ဒီကောင်လေး မဆိုးဘူးပဲ )
အပိုင်း ၂၅၂ + ၂၅၃( ကျုပ်က နဂါးတပ်ဖွဲ့ကို ကိုယ်စားပြုတယ် )
အပိုင်း ၂၅၄ + ၂၅၅( အရိပ်လက်သီး )
စာရေးသူ မှ ပြန်ကြားလွှာ
အပိုင်း ၂၅၆ + ၂၅၇( နှစ်လေး )
အခန်း ၂၅၈ + ၂၅၉( ငါ့ဇနီးလောင်းနဲ့ တစ်ခြားလူ လက်ထပ်သွားတော့ ငါဘယ်လို ခံစားရမလဲ )
အပိုင်း ၂၆၀ + ၂၆၁( တတိယမင်းသား၏ မဖြစ်စလောက် အကြံ )
အပိုင်း ၂၆၂ + ၂၆၃( စစ်ဆင်ရေးအောင်မြင်ခြင်း )
အပိုင်း ၂၆၄ + ၂၆၅( ကြားဖြတ်ခံရခြင်း )
အပိုင်း ၂၆၆ +​၂၆၇( ငါ ဒီမြို့က မပြန်တော့ဘူး )
အပိုင်း ၂၆၈ +​၂၆၉ + ၂၇၀( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )
အပိုင်း ၂၇၁ + ၂၇၂( ငါ့ကို သောက်ရှက်ခွဲနေတာလား )
အပိုင်း ၂၇၃ + ၂၇၄ + ၂၇၅( အဘိုးကြီးတောင် မင်းလောက် ချော့မသွင်းတတ်ဘူး )
အပိုင်း ၂၇၆ + ၂၇၇ + ၂၇၈(သူ့ကို ဒီမှာ ထိန်းသိမ်းထား )
အပိုင်း ၂၇၉ + ၂၈၀ + ၂၈၁( ညစာစားပွဲ )
အခန်း ၂၈၂ + ၂၈၃( ခင်ဗျားတို့ ဘယ်လောက်ရောင်းမှာလဲ... ကျုပ် အကုန်ဝယ်မယ်... )
အခန်း ၂၈၆ + ၂၈၇ + ၂၈၈(နောက်ဆုံး )
အခန်း ၂၈၉ + ၂၉၀( သူမကိုယ်သူမ အပြစ်တင်ခြင်း )
အခန်း ၂၉၁ + ၂၉၂(မင်း သန္ဓေပြောင်းလူသား ဖြစ်လာလိမ့်မယ် )
အခန်း ၂၉၃ + ၂၉၄ + ၂၉၅( ကျုပ်လက်သီး တွေကို လုံးဝ ရပ်မရတော့ဘူး... )
အခန်း ၂၉၆ + ၂၉၇ + ၂၉၈( ချောက်ချခြင်း.... )
အခန်း ၂၉၉ + ၃၀၀( လျှိုထားမယ်.... )
အခန်း ၃၀၁+၃၀၂( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )
အခန်း ၃၀၃ + ၃၀၄( ရင်ဆိုင်ရန် မဖြစ်နိုင်သော )
အခန်း ၃၀၅+၃၀၆( ရှုချန်း ခြေရာ လိုက်နင်းဖို့ဆိုတာ...)
အခန်း ၃၀၇+၃၀၈( ခြိမ်းခြောက်ခြင်း )
အခန်း ၃၀၉+၃၁၀( ပွဲပြီးသွားပြီ )
၃၁၁+၃၁၂+၃၁၃( ရှုံးသူ ချီးစားကြေး )
အခန်း ၃၁၄+၃၁၅( ကျေးဇူးနော် ချူရွယ် )

အခန်း ၂၈၄ + ၂၈၅( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)

99 4 0
By purefeather199

နတ်နဂါးစစ်သည်

အခန်း ၂၈၄

( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)

( သတိပေးချက် - ဤအခန်းတွင် ရှေးအတိတ်ဆီမှ လူမျိုးရေး ရန်ငြိုးရန်စတို့ အနည်းငယ် ပါဝင်သည်။ သို့သော်လည်း ဇာတ်လမ်းကို ဇာတ်လမ်းကဲ့သို့သာ သဘောထား၍ ခံစားဖတ်ရှုပါရန်။ )

စိတ်လှုပ်ရှားနေသော လင်ချူရွယ်က ရှုချန်းကို မျက်နှာငယ်လေးနှင့် ကြည့်ပြီး ...

"နင် အရင်သွားလိုက်ပါ... စိတ်မပူနဲ့... ကုမ္ပဏီက အဆင်ပြေသွားပြီဆိုတော့ ငါ့ကို သူတို့ဘာမှ အသုံးချလို့ မရတော့ဘူး... နင်ကလွဲပြီး ငါ ဘယ်သူ့ကိုမှ လက်ထပ်မှာ မဟုတ်ဘူး..."

ရှုချန်းက လင်ချူရွယ်၏ စကားကို နားမထောင်ဘဲ ဘုရင်မကြီးကို လှည့်ကြည့်၍ ...

"ဘာဖြစ်လို့ ထွက်မသွားခိုင်းလဲဆိုတာ မေးလို့ရမလား..."

ဘုရင်မကြီးက ...

"မင်းက ငါတို့နိုင်ငံသားမဟုတ်ဘူး... ဒါ့ကြောင့် မင်းကို အမိန့်ပေးလို့မရဘူး... ပြီးတော့ ဘာမှလည်း အပြစ်ပေးလို့မရဘူး... ဒါပေမဲ့ နီကိုးလ်က ငါတို့နိုင်ငံသားပဲ... သူက မင်းမိန်းမ မဟုတ်လား... ဒါ့ကြောင့် မင်းရဲ့မဆင်မခြင်လုပ်ခဲ့တဲ့ ပြစ်ဒဏ်ကို မင်းအစား သူ့ကို ပေးမှာ..."

ရှုချန်း ဟက်ခနဲ ရယ်မောလိုက်၏။

"ဘုရင်မကြီး... ခင်ဗျား ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာတော့ သိတယ်နော်... ဘာကိစ္စ ကျုပ်နဲ့ တိုက်ရိုက် မပြောတာလဲ... အမျိုးသမီးတစ်ယောက်ကို ဘာကိစ္စ ခက်ခဲတဲ့ အခြေအနေရောက်အောင် လုပ်ရတာလဲ... ရှင်းရှင်းပြောရရင် ခင်ဗျားလည်း အမျိုးသမီးတစ်ယောက်ပဲလေ... ကိုယ့်အမျိုးသမီးကို ချစ်တဲ့ယောက်ျားက သူမကို နာကျင်စေချင်စိတ် လုံးဝမရှိဘူးဆိုတာ ခင်ဗျား သိသင့်တယ်... ဒါမှမဟုတ် ဒီလိုလူမျိုး မတွေ့ဖူးတာလား... ဒါ့ကြောင့်လည်း ခင်ဗျား နှလုံးသားက ကျောက်တုံးလိုမျိုး မာကျောနေတာ..."

ဘုရင်မကြီးက ရှုချန်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး ...

"မင်း တစ်ယောက်တည်း ထွက်သွားလို့ရတယ်... ဒါပေမဲ့ မင်းက သူမနဲ့အတူ ထွက်သွားဖို့လုပ်နေတယ်..."

လင်ချူရွယ် ထိတ်ထိတ်ပျာပျာဖြင့် ...

"ရှုချန်း မြန်မြန်သွားတော့..."

ထို့အပြင် ဘုရင်မကြီးက ...

"ဟွာရှမှာ တရားဝင်ဖြစ်တဲ့ မင်းရဲ့လက်ထပ်စာချုပ်ကို ငါတို့နိုင်ငံမှာ အသိအမှတ်မပြုဘူး... နီကိုးလ်က ငါ့နိုင်ငံသား ဖြစ်နေတုန်းဆိုတော့ ငါ့ရဲ့မြေးတော်မင်းသားနဲ့ လက်ထပ်ပေးမယ်လို့ ငါကြေညာလိုက်မယ်..."

မင်းသား ဝေလ် စိတ်လှုပ်ရှားသွားကာ ရင်ကိုကော့၍ မတ်မတ်ရပ်လိုက်၏။ သူ၏ နောက်တွင် ဘုရင်မကြီးဖြစ်သော အဘွားတစ်ယောက်လုံး ရှိနေပြီဖြစ်၍ မည်သည့်ပြိုင်ဘက်ကိုမှ မကြောက်ရွံ့တော့ချေ။

ထိုစကားကိုကြားသောအခါ ရှုချန်း နှာတစ်ချက်ရှုံ့လိုက်ပြီး နောက်သို့ ပြန်လှည့်၍ လင်ချူရွယ်ကို သူ့နောက်သို့ ထားလိုက်သည်။ ထို့နောက် အရှေ့တည့်တည့်မှ မင်းသား ဝေလ် ကို စူးစူးရဲရဲ စိုက်ကြည့်ပြီး ...

"မင်းက ငါ့မိန်းမကို ခိုးချင်တာလား... မင်းတို့ထဲမှာ ဘယ်သူအရည်အချင်းရှိလဲ... လာစမ်းပါ..."

ရှုချန်းကို သည်းခံခဲ့သည့်အတိုင်းအတာ ကျော်လွန်သွားသော ဝေလ် က ရှေ့သို့တက်လာပြီး ...

"အထက်တန်းကျောင်းတုန်းက မင်း ငါ့ကိုထိုးခဲ့တာ မှတ်မိသေးလား..."

"သိပ်မှတ်မိတာပေါ့... မင်းကိုတင် ထိုးခဲ့တာမကဘူး... ဒီလူအုပ်ကြီးထဲက နီကိုးလ်အကြောင်း တွေးနေတဲ့ လူကြီးလူကောင်းတွေကိုပါ ငါထိုးခဲ့တာ... ငါ့လက်သီးလေး မြည်းဖူးရင် တစ်ချက်လောက် လက်ထောင်ပြစမ်းပါဦး... "

ထိုစကားကြောင့် အားလုံးက ရှုချန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြ၏။

ထိုအထဲမှ အများစုမှာ ယခင်အချိန်တုန်းက လင်ချူရွယ်နှင့်လက်ထပ်ရန် အကြံအစည်ရှိခဲ့သူများ ဖြစ်သည့်အတွက် ရှုချန်း လက်ဆကို ကောင်းကောင်း မြည်းစမ်းဖူးသူများ ဖြစ်ကြသည်။

တစ်ဦးမှ လက်မမြှောက်ဘဲနေသည်ကို မြင်သောအခါ ရှုချန်း လှောင်ရယ် ရယ်လိုက်ပြီး ...

"ကြည့်စမ်းပါဦး... ပြောတော့ မြင့်မြတ်တဲ့သူတွေဆို... အခုတော့ အရင်ကလုပ်ခဲ့တဲ့ ကိစ္စတွေကိုတောင် ဝန်ခံဖို့ သတ္တိမရှိဘူး... မင်းတို့ကိုကြည့်ရတာ ကြောက်လို့ အခွံထဲမှာပုန်းနေတဲ့ လိပ်တွေလိုပဲ..."

ထိုစကားကြောင့် ရှုချန်းနှင့်အတူ ကျောင်းတက်ဖူးသူများအားလုံး ရှေ့သို့ ဒေါသတကြီး ထွက်လာကြ၏။ ထိုသူများကို လက်ညှိုးထိုးပြီး ရှုချန်းက ...

"လာစမ်းပါ... ဒီနတ်ဆိုးလေးတွေကို ကြည့်ရအောင်... မင်းတို့ ဘယ်သူ့သားသမီးတွေလဲ... မင်းတို့ ကျောင်းတက်တုန်းက အကြောင်းလေးတွေ ပြန်ပြောဦးမှပဲ... ဒီကောင်တွေက စက်ဆုပ်ဖို့ကောင်းတဲ့ နည်းလမ်းတွေနဲ့ အားနည်းတဲ့သူတွေကို အနိုင်ကျင့်တတ်တဲ့ တိရစ္ဆာန်သာသာကောင်တွေပဲ... ဒီကောင်တွေက လူကြီးလူကောင်း ဟုတ်လား... မင်းတို့ ခေါ်တဲ့ လယ်သမားဆိုတဲ့ ငါတောင် မင်းတို့ထက် လူကြီးလူကောင်းပိုဆန်သေးတယ်..."

" တစ်ချိန်လုံး အမဲဖျက်ဖို့ချောင်းနေတဲ့ ဒီအထက်တန်းလွှာ အသိုင်းအဝိုင်းကို ကြောက်လာတော့ လင်ချူရွယ်လည်း နောက်ဆုံး ငါနဲ့အတူ ဒီတိုင်းပြည်က ထွက်ခွာဖို့ ရွေးချယ်ခဲ့တယ်... တကယ်တော့ မင်းတို့ကမှ လင်ချူရွယ်ကို ဒီတိုင်းပြည်က ထွက်သွားအောင် တွန်းအားပေးခဲ့တဲ့သူတွေပဲ..."

မင်းသား ဝေလ် က ...

"မင်း ပြောလို့ ပြီးပြီလား... ဘယ်သူအရည်အချင်းရှိလဲလို့ မင်း ခုနက မေးတယ်မလား... ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘာတွေပြောင်းလဲသွားလဲဆိုတာ မင်းကို ငါ ပြမယ်..."

မင်းသား ဝေလ် က အင်္ကျီချွတ်လိုက်ပြီး ရှုချန်းကို ရုတ်တရက် ဝင်ထိုး၏။

သို့သော် သူ့လက်သီးများ ရှုချန်းဆီ မရောက်ခင်မှာပင် ရှုချန်း၏ခြေထောက်မှာ ဝေလ် ရင်ဘတ်ပေါ်သို့ ရောက်နေလေပြီ။ ဝေလ် တစ်ယောက် ခုနှစ် မီတာခန့် လွင့်ထွက်သွားပြီး ဘူဖေးစားပွဲနှင့်တိုက်မိကာ လဲကျသွား၏။

ရှုချန်းက မထီလေးစားဟန်ဖြင့် ...

"နောက်ထပ် အနှစ် ၃၀၀ လေ့ကျင့်ရင်တောင် မင်းက အမှိုက်ပဲ..."

ထို့နောက် သူ့အား တိုက်ခိုက်ရန် စိတ်အားထက်သန်နေသော အခြားသောသူများကိုပါ တစ်ချက်လှည့်ကြည့်ပြီးမှ ...

"ဆောရီး... ဒီကောင့်ကိုပဲ အမှိုက်လို့ပြောတာမဟုတ်ဘူး... မင်းတို့အားလုံးကိုပြောတာ... မင်းတို့အားလုံးက သုံးစားလို့မရတဲ့ အမှိုက်တွေပဲ..."

ရှုချန်းအား တိုက်ခိုက်လိုသူ ၁၃ ဦးခန့် ရှိနေသည်။ သူတို့အားလုံး ရှုချန်းကို မကြာမီ သေရတော့မည့်သူတစ်ဦးကဲ့သို့ ကြည့်ပြီး ...

"မင်းက ကိုယ့်နေရာကိုယ် မသိတဲ့ကောင်ပဲ..."

ပြောပြောဆိုဆိုဖြင့် သူတို့အားလုံး ရှုချန်းကို ဝိုင်းထားလိုက်ကြ၏။ ထိုသူများအားလုံးမှာ အရွယ်ရောက်ပြီးသူများ ဖြစ်သည့်အပြင် ဥရောပတိုက်သားများဖြစ်၍ ကိုယ်လုံးကိုယ်ထည်ကြီးထွားလှ၏။

ရှုချန်းက လင်ချူရွယ်ရှေ့မှ ကာဆီးထားရင်း ထိုသူအားလုံးကို သက်ညှာခြင်းအလျဉ်းမရှိ ကြမ်းကြမ်းတမ်းတမ်း ဆက်တိုက် တိုက်ခိုက်ခဲ့၏။ ရှုချန်း၏ လက်သီးချက်နှင့် ကန်ချက်များအားလုံးမှာ ပြင်းထန်လှသည့်အတွက် သွေးများနှင့် ကျိုးပဲ့သွားသော သွားများ နေရာအနှံ့ ပြန့်ကျဲနေ၏။ ပုံမှန်အားဖြင့်ဆိုလျှင် ရှုချန်း၏လက်သီးတစ်ချက် သို့မဟုတ် ကန်ချက်တစ်ချက်ဖြင့် ယောက်ျားသားတစ်ဦးကို မှောက်လှဲနိုင်ပေသည်။

ရှုချန်းမှာ နေရာတွင်သာ ရပ်လျှက်သားရှိနေပြီး သူ့အားတိုက်ခိုက်ခဲ့သူ ၁၃ ဦးလုံးမှာတော့ ကြမ်းပြင်ပေါ်တွင် နာကျင်စွာ အော်ဟစ် ညည်းညူနေရ၏။

ငါးစက္ကန့်...

ထိုနေရာတွင် ရှုချန်း မတ်တပ်ရပ်နေဆဲ ဖြစ်သည်။ ထို့နောက် လူအုပ်ကြီးကို ကြည့်လိုက်ပြီး ...

"ငါ မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်... ငါ့ကို အနိုင်တိုက်နိုင်တဲ့သူက နီကိုးလ်ကို ငါ့ဆီက ယူရလောက်အောင် အရည်အချင်းရှိတယ်... လာလေ..."

ထိုစဉ် ကိုယ်ရံတော်အများအပြားက ရှုချန်းကို ရိုင်ဖယ်သေနတ်များဖြင့် ဝိုင်းချိန်ထားလိုက်ကြသည်။

နှာခေါင်းသွေးများအဆက်မပြတ်ကျဆင်းနေသော မင်းသား ဝေလ် တစ်ယောက် ကုန်းရုန်းထလာပြီး ကိုယ်ရံတော်တစ်ဦးလက်မှ ရိုင်ဖယ်သေနတ်ကို ဆွဲယူ၍ ရှုချန်းကို ချိန်ကာ ...

"ဟား ဟား... ထပ်ပြောစမ်းပါဦး... တိုက်ခိုက်နိုင်မယ်မထင်ဘူး ဟုတ်လား... တခြားသူတွေထက်ပိုပြီး ထူးထူးချွန်ချွန် တိုက်ခိုက်နိုင်ရတဲ့အကြောင်းအရင်းက ဘာလဲ... ငါ မင်းကို သတိပေးလိုက်မယ်... ဒါ အထက်တန်းကျောင်း မဟုတ်တော့ဘူး... ငါတို့တွေ အရွယ်ရောက်နေပြီ... မောက်မာထောင်လွှားနေရင် ဒီကျည်ဆန်တွေ မင်းရင်ဘတ်ထဲ စိုက်ဝင်သွားလိမ့်မယ်... ထပ်ပြောစမ်းပါဦး... ဘာဖြစ်တယ်... မင်းက နီကိုးလ်ကို ဘယ်လို ကာကွယ်ပေးမှာလဲ..."

ရှုချန်းက မင်းသား ဝေလ် ကိုင်ထားသော ရိုင်ဖယ်ကို သူ့နဖူးနှင့် တေ့လိုက်ပြီး ဟွာရှတပ်မတော်၏ ဒုတိယ စစ်ဗိုလ်မှူးချုပ် အရှိန်အဝါများ တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။ ထို့နောက် ပြတ်သားသော အသံနက်ကြီးဖြင့် ...

"ပစ်လိုက်စမ်းပါ... ငါက ဟွာရှရဲ့ စစ်သားတစ်ယောက်ပဲ... ငါ့ကို ပစ်စမ်းပါ... လာလေ... ခလုတ်နှိပ်လိုက်... သေရမှာကြောက်နေရင် ငါက ဟွာရှရဲ့စစ်သားတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး... ခလုတ်နှိပ်လိုက်စမ်းပါ... ဘယ်နိုင်ငံမှာ ပိုအားကောင်းတဲ့စစ်တပ်ရှိလဲဆိုတာ ကြည့်ကြတာပေါ့... ပစ်စမ်းပါ..."

ထိုကဲ့သို့ ရှုချန်း အားပါးတရ စိန်ခေါ်ကြုံးဝါးနေသည့်အတွက် အားလုံး ထိတ်လန့်တုန်လှုပ်နေကြ၏။

မင်းသား ဝေလ် လည်း တုန်လှုပ်နေပေသည်။ ထို့အပြင် ရှုချန်းလက်ထဲမှ စစ်တပ်အမှတ်အသားကို တွေ့သည့်အခါ အနည်းငယ် အံ့အားသင့်သွားသည်။

အကယ်၍ ရှုချန်းသာ ဤနေရာတွင် သေဆုံးသွားပါက သံတမန်ရေးရာအငြင်းပွားမှု ပြဿနာများဆီသို့ ဦးတည်ပေတော့မည်။ အမှန်တော့ ယနေ့အခမ်းအနားတွင် ဥရောပရှိ အခြားနိုင်ငံများမှ လူများစွာလည်း ရှိနေသေးသည့်အတွက် အဖြစ်အပျက်ကို အလုံးစုံ ဖုံးကွယ်နိုင်မည် မဟုတ်ချေ။

သေနတ်ကိုင်ထားသော ဝေလ် ၏ လက်တို့ တဆတ်ဆတ် တုန်ခါလာသည်။

ဝေလ် ထိတ်လန့်စပြုလာသည်ကို မြင်သောအခါ ရှုချန်းက ရိုင်ဖယ်သေနတ်ကို ဆောင့်ဆွဲလိုက်ပြီး တစ်ချက် ကန်လိုက်ရာ ဝေလ် ခမျာ မီတာ တစ်ဒါဇင်ခန့်အဝေးသို့ လွင့်ထွက်သွားပြန်သည်။

"အမှိုက်ကောင်..."

ထို့နောက် အားလုံးရှေ့မှာပင် ထိုရိုင်ဖယ်သေနတ်ကို ရှုချန်း ထက်ပိုင်းချိုးပစ်လိုက်၏။

ဘုရင်မကြီးလည်း ထိုင်နေရာမှထလာပြီး စားပွဲကို ဒေါသတကြီးရိုက်၍ ...

"မင်းကို ငါ မသတ်ရဲဘူး ထင်နေလား..."

ရှုချန်း စူးစူးရဲရဲ ပြန်စိုက်ကြည့်ပြီး ...

"မထင်ပါဘူး... ခင်ဗျားက ဘုရင်မကြီးလေ... ခင်ဗျား လက်ထဲမှာ အခွင့်အာဏာရှိတယ်... ဒါပေမဲ့ ကျုပ်မိသားစုကို ဖျက်ဆီးမယ်ဆိုရင်တော့ ကျုပ် အသက်သေတဲ့အထိ ပြန်တိုက်ခိုက်ရလိမ့်မယ်..."

"ကောင်းပြီ... မင်းက နီကိုးလ်ကို ချစ်တယ်လို့ပြောခဲ့တယ်မလား... အခု ဒီနန်းတော်ထဲက ထွက်သွားတော့... အသက်ရှင်လျှက် ထွက်သွားနိုင်ရင် ငါ မင်းကို နီကိုးလ်နဲ့ အတူနေခွင့်ပေးမယ်..."

"ခင်ဗျား တကယ် ကတိတည်မှာလား..."

"ရှုချန်း နင်ရူးနေလား..."

လင်ချူရွယ် ထိတ်လန့်တကြား ပြောလိုက်၏။ တိုက်ခိုက်ရန်အဆင်သင့်ဖြစ်နေသော ကိုယ်ရံတော်များအားလုံးမှာ အရပ်ရှည်ရှည် တုတ်တုတ်ခိုင်ခိုင်များ ဖြစ်သည့်အတွက် လင်ချူရွယ် ထိတ်လန့်မည်ဆိုပါကလည်း ထိတ်လန့်ချင်စရာပင်။ ထို့အပြင် ထိုသူများအားလုံးမှာ စစ်တပ်၏အထူးချွန်ဆုံးသူများဖြစ်၍ တော်ဝင်မိသားစု ကိုယ်ရံတော်အဖြစ် ရွေးချယ်ခံထားရသူများဖြစ်ပေသည်။

ထို့ကြောင့် လင်ချူရွယ်က ဘုရင်မကြီးဘက်သို့ လှည့်၍ ...

"ဘုရင်မကြီး... ကျွန်မ အပြစ်ဒဏ်ခံယူပါ့မယ်... ကျေးဇူးပြုပြီး သူ့ကို လွှတ်ပေးပါနော်..."

နတ်နဂါးစစ်သည်

အခန်း ၂၈၅

( သွေးကြောင်းစီး တိုက်ခိုက်ခြင်း )

ရှုချန်းက လင်ချူရွယ် စကားကို လျစ်လျူရှုလိုက်ပြီး ဘုရင်မကြီးကို စူးစူးရဲရဲ စိုက်ကြည့်၍ ...

"ခင်ဗျားရဲ့ကတိကို စောင့်ထိန်းမယ်လို့ မျှော်လင့်ပါတယ်..."

ထို့နောက် ကိုယ်ရံတော်များ တစ်ဖက်တစ်ချက်စီတန်းနေသော လမ်းကြောင်းအတိုင်း ရှုချန်း လျှောက်လာခဲ့၏။

ရှုချန်းကို လင်ချူရွယ် ပြေးတားရန် ဟန်ပြင်လိုက်သော်လည်း လင်ကွေ့ရန်က ချက်ချင်းဆွဲထားလိုက်၏။

"သမီး အခုချိန်မှာလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ရှုချန်းကို ယုံကြည်ဖို့ပဲ..."

လင်ချူရွယ် မျက်နှာမှာ စိုးရိမ်လွန်း၍ ပျိုတော့မည့်မိုးနှယ် ဖြစ်နေသည်။

"ဒီလူတွေက ရှန်ချန်းက လူဆိုးလူမိုက်တွေနဲ့ မတူဘူး... အထူးတပ်ဖွဲ့ဝင်တွေ... စုစုပေါင်း ၁၀၀ ကျော်လောက် ရှိမယ်... ရှုချန်းတော့ ဒဏ်ရာရတော့မှာပဲ..."

ရှုချန်းက အရိပ်ခြေလှမ်း အသုံးပြုပြီး သူ့ထံသို့ လျှောက်လာသော ကိုယ်ရံတော်နှစ်ဦး ဘာမှ မလုပ်နိုင်ခင်မှာပင် တစ်ဦးကို လည်ပင်းမှ ဖမ်းကိုင်၍ ဘေးသို့ပစ်ချလိုက်၏။ အခြားတစ်ဦးက လက်သီးဖြင့်ထိုးရန် ဟန်ပြင်သော်လည်း ထိုလက်သီးကို ရှုချန်း လိမ်ချိုးပြန်သည်။

ဂျွတ်...

"အား..."

လက်တစ်ဖက်လုံး ပုံပျက်ပန်းပျက်ကွေးသွားသော သက်တော်စောင့်မှာ မြေပြင်ပေါ်သို့ လဲကျ၍ ဝမ်းနည်းစွာ အော်ဟစ် ငိုကြွေးနေခဲ့၏။ ထိုစဉ် သူ့လည်ပင်းကို ရှုချန်း ကန်လိုက်သည့်အတွက် အသက်ရှူကြပ်၍ ချက်ချင်း သတိလစ်သွားတော့သည်။

ထို့နောက် သူ့ထံသို့ ပြေးဝင်လာသော ကိုယ်ရံတော်သုံးဦးဆီသို့ ပြေးဝင်ဆောင့်လိုက်၏။ အဆောင့်ခံရသူမှာ ရထားတစ်စင်းဖြင့် တိုက်မိသည့်အလား လွင့်စင်သွားပြီး သုံးဦးသား မြေပြင်ပေါ် ခွေခွေလေး ပြုတ်ကျသွား၏။ သို့သော် နှစ်ဦးက ချက်ချင်း ကုန်းရုန်းထလာပြီး ရှုချန်းကို ထိုးလိုက်သော်လည်း ခါးအသာကိုင်း၍ ထိုသူနှစ်ဦး၏ မျက်နှာများကို လက်သီးဖြင့် ထိုးလိုက်၏။

"အား..."

နှစ်ဦးသား နှာခေါင်းကို လက်ဖြင့်အုပ်၍ နာကျင်စွာ အော်ညည်းနေကြသည်။

ထို့နောက် ထပ်မံရောက်ရှိလာသူငါးဦးကို ခပ်ပြင်းပြင်း ထိုးနှက်တိုက်ခိုက်ခဲ့ပြန်သည်။ ရှုချန်း၏ ပြင်းထန်လှသော လက်သီးချက်၊ အားပါလှသော ကန်ချက်များကြောင့် ထိုသူများ ဒဏ်ရာအနာတရ ရကုန်ကြ၏။

ထိုအချိန်တွင် ရှုချန်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး ပြင်းထန်သော ကိုယ်ရောင်ကိုယ်ဝါများလည်း တောက်ပနေ၏။

အခြားသူတစ်ဦးက ရှုချန်း၏ နောက်ကျောကို တံတောင်ဖြင့်ထောင်းရန် ကြိုးစားသော်လည်း နောက်စေ့တွင် မျက်လုံးရှိနေသူအလား ရှုချန်း ဆတ်ခနဲလှည့်ကြည့်ပြီး ထိုသူ၏ လက်ကောက်ဝတ်မှ ဆွဲကိုင်၍ အဝေးသို့ လွှင့်ပစ်လိုက်၏။ ထိုမြင်ကွင်းကို ကြည့်ရသည်မှာ ရှုချန်း၏ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်တတ်ပုံကို ပေါ်လွင်စေပေသည်။

ဤမျှ လျင်လျင်မြန်မြန် ဖြစ်ပျက်သွားသည်တို့ကို ကြည့်ပြီး နန်းတော်အတွင်းရှိလူအားလုံး အံ့အားသင့်နေကြသည်။ ရှုချန်း ဤမျှလောက် အားကောင်းမည်ဟုလည်း လုံးဝ မျှော်လင့်မထားကြပေ။ ရှုချန်း၏ တိုက်ခိုက်မှုကြောင့် အလဲလဲအပြိုပြိုဖြစ်နေသူများမှာ ဗြိတိန်၏ အစွမ်းထက်ဆုံး ကိုယ်ရံတော်များ၊ တော်ဝင်တပ်ဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်နေသူများဖြစ်ပေသည်။ သို့သော် ရှုချန်းရှေ့တွင်မှု အပျော်တမ်း တိုက်ခိုက်ရေးသမားများအလား တစ်မိနစ်ပင် တောင့်မခံနိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျနေရ၏။

ထိုစဉ်မှာပင် ကိုယ်ရံတော်များ ထပ်မံရောက်ရှိလာပြီး ရှုချန်းကို ဝိုင်းထားလိုက်ပြန်သည်။ စုစုပေါင်း ၃၀ ဦးခန့် ရှိပေမည်။

အစောပိုင်းက တိုက်ခိုက်ထား၍ သွေးဆူနေပြီဖြစ်သော ရှုချန်းက ဇက်ချိုး၊ လက်ချိုး ပြုလုပ်လိုက်၏။ ထို့နောက် ထိုက်ချိနှင့် ခပ်ဆင်ဆင်တူသော တိုက်ကွက်များ သရုပ်ပြလိုက်လေသည်။ သို့သော် ၄င်းမှာ အရိပ်လက်သီး တိုက်ကွက်များ ဖြစ်ပေသည်။

သို့သော် အားလုံးက ရှုချန်း သရုပ်ပြနေသည်ဟုသာ ထင်ပြီး ဒေါသတကြီး ဝင်ရောက်တိုက်ခိုက်ကြတော့သည်။ အချို့ဆိုလျှင် ဓားမြှောင်များကို ဆွဲထုတ်ပြီး ရှုချန်းကို ဆောင့်ထိုးကြ၏။

ရှုချန်း၏လက်များမှာ ဖော့ဖယောင်းအလား ပျော့ပျောင်းညင်သာစွာ ရွေ့လျားပြီး ထိုသူများ၏ လက်ကောက်ဝတ်များကို ဖြတ်ရိုက်၍ ဓားမြှောင်များ လွတ်ကျသွားအောင် တိုက်ခိုက်၏။ လက်မှ လွတ်သွားသော ဓားမြှောင်တစ်လက် မြေပြင်ပေါ်မကျမီမှာပင် ရှုချန်း ဖမ်းကိုင်လိုက်ပြီးနောက် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို စတင်ဖွင့်လှစ်လိုက်တော့၏။

ရှုချန်းလက်ထဲမှ ဓားမြှောင်မှာ လေထဲတွင် လူးလွန့်ကခုန်နေပေသည်။ ထိုလူးလွန့်ကခုန်နေသော ဓားမြှောင်မှာ ကိုယ်ရံတော်များစွာ၏ လက်နှင့်ခြေထောက်များကို သွေးရဲရဲနီစေခဲ့၏။ ထို့အပြင် အရိပ်ခြေလှမ်းတိုက်ကွက်၏ အရှိန်အဟုန်ဖြင့်ပါ ပေါင်းစပ်ထားသည့်အခါ ကိုယ်ရံတော်များခမျာ လက်ကောက်ဝတ်နှင့် ခြေထောက်များတွင် အေးစက်စက်ခံစားမှုတစ်ခု သိလိုက်ရသည်မှလွဲ၍ ဘာဆိုဘာမှ မခံစားရပေ။ သို့သော် ခေတ္တအကြာတွင်မှ လက်နှင့် ခြေထောက်များမှာ အပိုင်းပိုင်းလှီးဖြတ်ခံရသော တိုဟူးတုံးများကဲ့သို့ ပြတ်ကျကာ သွေးများ ယိုစီးလာသည်ကို မြင်ရ၏။

မိမိအား ကန်သူတစ်ဦး၏ ဒူးခေါင်းကို ရှုချန်း ဓားမြှောင်ဖြင့် စိုက်ထိုးလိုက်၏။ ထို့နောက် ဓားမြှောင်ကို ရက်ရက်စက်စက် တစ်ပတ်လှည့်လိုက်ပြီးမှ ဆတ်ခနဲ ပြန်ထုတ်သည်။ ထိုခြေထောက်မှာ မွေးရာပါအတိုင်း ဘယ်တော့မှ ပြန်ဖြစ်တော့မည် မဟုတ်ပေ။

"အား... ငါ့ခြေထောက်..."

ကိုယ်ရံတော်က နာကျင်နေသော ခြေထောက်ကို ဆုပ်ကိုင်ထားရင်း ညည်းညူနေ၏။ သူ၏ မျက်နှာထက်တွင်လည်း ချွေးများ တဒီးဒီးစီးကျနေပုံမှာ နာကျင်မှုကို မခံစားနိုင်တော့၍ ချက်ချင်း သေချင်နေပုံပင်။

ထို့နောက် ရှုချန်းလည်း ဆန်းသစ်သော တိုက်ကွက်များကို အသုံးမပြုဘဲ ဓားမြှောင်တစ်ချောင်းဖြင့် တွေ့လေရာရာကို ခုတ်ပိုင်းလိုက်၏။ နေရာအနှံ့တွင် အသားအပိုင်းအစများ၊ သွေးများ ပြန့်ကျဲနေပေသည်။

ရှုချန်း အလစ်အငိုက်စောင့်၍ ကိုယ်ရံတော်တစ်ဦးက လှမ်းကန်လိုက်၏။ သို့သော် ထိုခြေထောက်ကို ရှုချန်း ရုတ်တရက် ဆွဲပြီး လိမ်ချိုးလိုက်၏။

ထိုမြင်ကွင်းမှာ မြင်ရသူအပေါင်းအား ကျောရိုးထဲမှ စိမ့်ခနဲဖြစ်သွားသည်အထိ ထိတ်လန့်စေနိုင်ပေသည်။ ဘုရင်မကြီးပင်လျှင် ထိတ်လန့်သွား၏။ ဤအသက်အရွယ်အထိရောက်သည့်တိုင် ဤမျှလောက် ကြမ်းကြုတ် ရက်စက်သော မြင်ကွင်းမျိုး မမြင်ဖူးသေးပေ။

ရှုချန်း ဤမျှလောက် ကောင်းကောင်းမွန်မွန် တိုက်ခိုက်နိုင်လိမ့်မည်ဟုလည်း သူမ ထင်မထားပေ။ ထိုအချိန်တွင် မြေပြင်ထက်၌ နာကျင် ညည်းညူ လဲလျောင်းနေသူ ၄၀ ကျော် ရှိနေလေပြီ။ ရှုချန်းမှာ နန်းတော်ထဲမှ ထွက်ခွာရာ လမ်းတစ်ဝက်ခန့်တွင် ရောက်နေပြီဖြစ်ပြီး ရှုချန်း သွားရာလမ်းတစ်လျှောက် သွေးစက်များလည်း အတိုင်းသားကျနေ၏။

တိုက်ခိုက်သူများ များပြားလာသည်နှင့်အမျှ ရှုချန်းတွင်လည်း ဒဏ်ရာဒဏ်ချက်တို့ ရလာခဲ့သည်။ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး နာကျင်မှု ဝေဒနာကို တောင့်ခံလိုက်၏။ ထို့နောက် ကိုယ်ရံတော်တစ်ဦးဆီ ပြေးဝင်သွားပြီး ထိုသူ၏မျက်လုံးနှစ်လုံးကို လက်ဖြင့် ထိုးဖောက်ပြီးမှ မျက်နှာကို ခပ်ပြင်းပြင်း ဖြတ်ကန်လိုက်၏။ ဂျွတ်ခနဲ မြည်သံနှင့်အတူ ထိုသူ နှာခေါင်းရိုး ကျိုးသွားလေသည်။

ထိုသူ၏ အဝတ်အစားများအားလုံး သွေးများ ရွှဲရွှဲစိုနေ၏။

"သူ ဒဏ်ရာရနေတဲ့နေရာကို တိုက်ခိုက်ကြ... "

ရှုချန်းပုခုံးမှ သွေးထွက်နေသော ဒဏ်ရာကိုမြင်၍ ကိုယ်ရံတော်တစ်ဦးက အော်ဟစ်သတိပေးလိုက်၏။ ကိုယ်ရံတော်များအားလုံး သွေးညှီနံ့ရသော ငါးမန်းများကဲ့သို့ ရှုချန်းကို ဝန်းရံထားလိုက်သည်။

ပြေးဝင်လာသော ကိုယ်ရံတော်နှစ်ဦးကို ရှုချန်းဖမ်းဆွဲလိုက်ပြီး မြေပြင်နှင့်ဦးခေါင်း မိတ်ဆက်ပေးလိုက်၏။

ရှုချန်း၏ ခပ်ပြင်းပြင်းဆောင့်ချက်ကြောင့် မြေပြင်ပင်လျှင် ကွဲအက်သွားသည်။

ထို့နောက် ဝိုင်းအုံတိုက်ခိုက်လာသူများ အားလုံးကိုလည်း ဓားမြှောင်ကိုင်ထားသော လက်တစ်ဖက်တည်းဖြင့် ခုခံတိုက်ခိုက်လိုက်၏။

နန်းတော်ထွက်ပေါက်တံခါးဆီသို့ ရှုချန်း တစ်လှမ်းလျှောက်လိုက်တိုင်း နာကျင်စွာ ညည်းညူငိုကြွေးသံတို့က တသဲ့သဲ့ ထွက်ပေါ်လာ၏။ ရှုချန်း လျှောက်ခဲ့သည့် လမ်းတစ်လျှောက်ရှိ မြေပြင်ပေါ်တွင် နာကျင်စွာ လဲလျောင်းနေသော ကိုယ်ရံတော် ၆၀ ကျော်နေလေပြီ။ အချို့မှာ မျက်နှာများ စုတ်ပြတ်သွားကြ၏။ အချို့က ခြေကျိုး လက်ကျိုးဖြစ်နေ၏။ အချို့မှာမူ ဓားမြှောင်အစွမ်းကြောင့် ခြေပြတ် လက်ပြတ်ဖြစ်နေလေတော့သည်။ ထိုမြင်ကွင်းမှာ ငရဲဘုံတစ်ခုအလား တုန်လှုပ်ချောက်ချားဖွယ်အထိ။

ရှုချန်းနှင့် ရင်ဆိုင်ရမည်ကို မကြောက်ဟုဆိုပါက ထိုသူများ လိမ်ညာနေခြင်းသာ ဖြစ်ပေလိမ့်မည်။ ရှုချန်း၏ ရက်စက်ကြမ်းကြုတ်မှုမှာ ထိုသူအားလုံးကို လိပ်ပြာလွင့်မတတ် ကြောက်ရွံ့စေခဲ့၏။

နန်းတော်ထွက်ပေါက်နှင့် ရှုချန်း နီးလာသည်နှင့်အမျှ မြေပြင်ပေါ်တွင် နာကျင်စွာ လူးလွန့်အော်ဟစ်နေသူများ တစ်စတစ်စ များလာခဲ့၏။ ကြည့်ရှုနေသူများလည်း အူအသည်း တုန်လှုပ်သည်အထိ ထိတ်လန့် ကြောက်ရွံ့လာခဲ့သည်။

နောက်ထပ် ကိုယ်ရံတော် ၁၃ ဦးခန့်ကို အနိုင်ယူပြီးချိန်တွင်တော့ ရှုချန်း မျက်နှာတစ်ခုလုံး သွေးများ စွန်းပေနေလေပြီ။ ထို့နောက် တံခါးစောင့် ၁၀ ဦးကို ခပ်မာမာကြည့်လိုက်ပြီး ...

"လာစမ်းပါ..."

အစောင့်များ တွန့်ဆုတ်နေကြ၏။ သို့သော် အစောင့်တစ်ဦးက ...

"သိပ်မစိုးရိမ်နဲ့... ဒီကောင်‌ သွေးထွက်လွန်နေပြီ... သိပ်မကြာခင် သေတော့မှာ..."

နန်းတော်ထွက်ပေါက်ဆီသို့ ဦးတည်နေသော သွေးစီးကြောင်းကြီးကို မြင်လိုက်သောအခါ ဘုရင်မကြီး မတ်တပ်ထရပ်ပြီး ထို ထွက်ပေါက်ဆီသို့သွားရန် တစ်ဦးကို အကူအညီတောင်းလိုက်၏။ ထို့နောက် နန်းတော်အစောင့် ၁၀ ဦးကို ကြည့်၍ ...

"ငါ့ရဲ့ ပလက်တီနမ်နန်းတော်ကို ကျူးကျော်ဝင်ရောက်ပြီး ငါ့မွေးနေ့ကို နှောင့်ယှက်ဖျက်ဆီး... အစောင့်တွေကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ကောင်ကို သတ်ပစ်စမ်း..."

လင်ချူရွယ်မျက်နှာတစ်ခုလုံး ဖြူဖျော့သွား၏။ ထို့နောက် ဘုရင်မကြီးရှေ့ ပြေးလာ၍ ဒူးထောက်ချပြီး ငိုကြီးချက်မဖြင့် ...

"ဘုရင်မကြီး... ကျွန်မ မင်းသား ဝေလ် ကို လက်ထပ်ပါ့မယ်... ကျေးဇူးပြုပြီး သူ့ကို အသက်ချမ်းသာပေးပါနော်... တောင်းပန်ပါတယ်..."

အခန်း ၂၈၅ ပြီး

Continue Reading

You'll Also Like

302K 40.2K 20
လက်တွေ့ဘဝနှင့် နီးစပ်ချင်ယောင်ဆောင်ခြင်း
23.7K 539 15
what happens when the queen dies, causing tension within the royal family? HE becomes king [ ALL CHARACTERS BELONG TO CASEY MCQUISTON ]
2.6K 64 21
"Catching me again, huh?" "Only because you keep falling for me~" I DO NOT OWN MAGI; I DO OWN THE COVER FOR THIS PIECE.
24.8K 935 25
Sykkuno moved to a new school, which means new friends and being bullied. It was his first day but nobody wanted to be his friend, Sykkuno was alone...