နတ်နဂါးစစ်သည်

By purefeather199

17.1K 1.5K 21

နတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရ... More

အခန်း 1+2 (ငါ ပြန်လာခဲ့မယ်)
အခန်း 3+4 (အရင်းနှီးဆုံး သူစိမ်း)
အခန်း 5+6(အခန်းဖော်)
အခန်း 7+8(အလှနတ်သမီး၏အခြွေံအရံများ)
အခန်း 9+10(ရှောင်ဖို့ပဲတတ်တာလား)
အခန်း 11+12(အဓိပ္ပါယ်မရှိတဲ့ အောက်ဆုံးစည်း)
အခန်း 13+14(အားလုံးကို ထိန်းသိမ်း)
အခန်း 15+16(ရှေ့နေများ၏အဝိုင်းခံရခြင်း)
အခန်း 17+18(ပျားရည်ထောင်ချောက်များပင် အလုပ်မဖြစ်)
အခန်း 19+20(ဒီခန္ဓာကတော့တစ်ခုခုမှားနေပြီ)
အခန်း 21+22(ချောင်ပိတ်မိခြင်း)
အခန်း 23+24(လိမ္မာပါးနပ်တဲ့ရဲ)
အခန်း 25+26(ရုတ်တရက်ရောက်လာသောသတင်းထောက်များ)
အခန်း 27+28(အနည်းငယ်ခံစားသွားရခြင်း)
အခန်း 29+30(မထိန်းချုပ်နိုင်သောစွမ်းအားများ)
အခန်း 31+32(ဂိုဏ်းလေးဂိုဏ်း၏နောက်ခံ)
အခန်း 33+34(၅ မိနစ်တည်းနဲ့ အမှောက်သိပ်မယ်)
အခန်း 35+36 (သူ့ကို ခေါ်သွားချင်ရင် ငါတို့ စည်းကမ်းအတိုင်း လုပ် ))
အခန်း 37+38( ပြဿနာဒုတ်ထိုးရှာသူ )
အခန်း 39+40(အကြီးအကဲများ)
အခန်း 41+42(ခွန်အား စမ်းသပ်မှု )
အခန်း 43+44(အမှတ်မထင် တိုက်ပွဲတခု )
အခန်း 45+46(အမျိုးသမီး နှစ်ဦးကြားမှ အလောင်းအစား )
အခန်း 47+48 (ငါ မဖမ်းရဲတဲ့သူ မရှိဘူး )
အခန်း 49+50 ( ပန်းကလေး၏ စောင့်ရှောက်သူများ ဒေါသထွက်ခြင်း )
အခန်း 51+52( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )
အခန်း 53+54 (သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )
55+56 (သေမင်းတမန် ထိုးသတ်ပွဲအား လက်ခံခြင်း )
57+58( ကြိုတင်ပြင်ဆင်ခြင်း )
59+60( အကဲဖြတ်မှု ( ၁ ) ( တုံ့ပြန်မှု အမြန်နှုန်း )
61+62(မျက်လုံးအုပ်၍ ပစ်ခတ်ခြင်း )
63+64(အားကုန်သုံးပြီး ငါ့ကို ထိုးစမ်းပါ...)
65+66(လုံးဝ အကြံပြုတယ်...)
67+68( စောင့်နေရတာ တန်ရဲ့လား.... )
69+70(အခြေအနေ)
71+72(သူ ငါ့ရည်းစားဖြစ်လာရစေမယ်)
73+74( မတူညီသော အတွေးကိုယ်စီ )
75+76(မခူးဆွတ်ရက်သောပန်းတစ်ပွင့်)
77+78(ဒီအရူးကောင်ကတော့)
79+80(ကြောက်မက်ဖွယ်ရာတို့၏အစ)
အခန်း ၈၁ (ငါတို့ မစ်ရှင်ကို နင်ဘယ်လိုသိတာလဲ)
အခန်း ၈၂ (ငါမင်းနဲ့ကစားမယ်)
အခန်း ၈၃ (လှည့်စားမှု)
အခန်း ၈၄ - ငါ့မှာ သဘောကျတဲ့သူ ရှိပြီးသား
အခန်း ၈၅ ( ရှုချန်း လုပွဲ )
အခန်း ၈၆( လင်ချူရွယ်အား ပိုးပန်းနေသူ )
အခန်း ၈၇ ( တဲဗက်စ် မိသားစုပိုင် ကာစီနိုသို့ အလည်တခေါက် )
အခန်း ၈၈( လောင်းကစားဟူသည် အနုပညာတမျိုး...)
အခန်း ၈၉(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )
အခန်း ၉၀ (အလောင်းအစား)
အခန်း ၉၁ ( ဒီကောင်လေး ပြောင်းလဲသွားပြီ )
အခန်း ၉၂ (စာစဥ် ၇) (အချစ်လေး... ကိုယ့်ကို ဖဲဆော့ဖို့ ပိုက်ဆံ နည်းနည်းချေး )
အခန်း ၉၃ (မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )
အခန်း ၉၄ ( အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု )
အခန်း ၉၅(ဒီခံစားချက်ကို လွမ်းတာ ကြာပြီ )
အခန်း ၉၆(ခေါင်းဆောင် ရဲ့ အမိန့်ကို နာခံ )
အခန်း ၉၇
အခန်း ၉၈ +၉၉
အခန်း ၁၀၀+၁၀၁
102+103
104+105
106+107
108+109
110+111
112+113
114+115
116+117
118+119
120+121
122+123
124+125
126+127
128+129
131+132
133+134
အခန်း ၁၃၅ ( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )
အခန်း ၁၃၆ ( ပုန်းလျှိုးကွယ်လျှိုး )
အခန်း ၁၃၇ ( မယုံနိုင်ဖွယ် ဖြစ်ရပ် )
အခန်း ၁၃၈ ( ရှန်ဝမ်ဆန်း )
အခန်း ၁၃၉ ( အဲဒီ ရှုချန်း အစစ်ပဲ... )
အခန်း ၁၄၀
အခန်း ၁၄၁
၁၄၂( အထီးဖြစ်ဖြစ် အမ ဖြစ်ဖြစ် ဂရုမစိုက်ဘူး )
၁၄၃( ဒီကလေးက ငယ်လွန်းသေးပါတယ်... )
၁၄၄( အသန်မာဆုံး B အဆင့် )
၁၄၅( လင်လဲ့ နေထိုင်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက် )
၁၄၆( လီတ့ဟွမ်၏ အဆုံးသတ် )
၁၄၇( ကျုပ်မသွားခင် တံခါးဝဂိုဏ်း လေးခုလုံးကို ရှင်းသွားမယ်...)
၁၄၈( လုပ်ရိုးလုပ်စဥ် အတိုင်း စစ်ဆေးမယ် )
၁၄၉( ဟဲထျန်း ၏ ဗျူဟာ )
၁၅၀( အားလုံးကို ဖမ်းဆီးထိန်းသိမ်းခြင်း )
၁၅၁( ကျုပ်တို့ သူဌေးက ခင်ဗျားကို စကား တစ်ခွန်းလောက် ပြောချင်လို့တဲ့... )
၁၅၂( ကျုပ်ကို ခြိမ်းခြောက်ခဲ့တဲ့သူတွေ အခု ဘာဖြစ်နေလဲ သိလား... )
၁၅၃( ညီလေး... စားနော်...)
၁၅၄( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )
၁၅၅( တကယ်ကို ထိုက်တန်ပါတယ်... )
၁၅၆(နောက်ယောင်ခံ လိုက်ခြင်း )
၁၅၇( ကျုပ် ရှာဖွေရေး ဝရမ်း လိုတယ် )
၁၅၈(ဖော်ထုတ်ခံရပြီ )
၁၅၉(အင်အားသုံး )
၁၆၀( ဟာကွက် အပြည့်နှင့် )
၁၆၁( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )
၁၆၂( အနာဂတ်မှာ မင်းဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ငါ တကယ်ကိုမြင်ချင်ပါတယ်...)
၁၆၃( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )
၁၆၄
၁၆၅( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)
၁၆၆( နင့်သူငယ်ချင်းက နင့် ယောက်ျားကို ဖွင့်ပြောလိုက်ပြီ...
၁၆၇( ရှန်ယောင် ချန်ခဲ့သော စာတစ်စောင် )
၁၆၈( ကတိ )
၁၆၉( ငါပြန်လာပြီ )
၁၇၀( မောက်မာသော လူသစ် )
၁၇၁( စီနီယာများနှင့် ဂျူနီယာများ အကြားမှ စစ်ရေးလေ့ကျင့်မှု )
၁၇၂( တစ်ကိုယ်တော် အစွမ်း )
၁၇၃( ဒီကောင် ဘာ အခွင့်အရေးမှ မရစေရဘူး )
၁၇၄( ပြည့်စုံသော လမ်းကြောင်း )
၁၇၅( မခုတ်တတ်တဲ့ကြောင် )
၁၇၆( စိတ်လှုပ်ရှားစရာ မရှိသလောက်ပါပဲ... )
၁၇၇( ငါတို့ TV အစီအစဥ် တစ်ခုမှ ပါရမယ် )
၁၇၈( ငါ လုပ်နိုင်တယ် )
၁၇၉( လင်ချူရွယ် )
၁၈၀( လေးလေးနက်နက် တွေးတောခြင်း )
အခန်း ၁၈၁( ထပ်ပြီးတော့ ရှုချန်းပဲလား... )
၁၈၂ + ၁၈၃( စစ်ဒေသ ငါးတွင် လူသစ်ကလေး ထင်တိုင်းကြဲရမည့် အလှည့် မရောက်သေးချေ...)
အခန်း ၁၈၄( အသက်တွေလည်း ကြီးပါပြီ... လှေကားက ဆင်းတာပဲ ကောင်းပါတယ်...)
အခန်း ၁၈၅ + ၁၈၆( မင်း မျက်ခွက် )
အခန်း ၁၈၇ + ၁၈၈(တစ်လောကလုံး နဲ့ စစ်ပြိုင်မယ် )
အခန်း ၁၈၉ + ၁၉၀( အရှက်မရှိ... )
အခန်း ၁၉၁ + ၁၉၂ + ၁၉၃( အမျိုးသမီး စစ်ယူနီဖောင်း )
အခန်း ၁၉၄ + ၁၉၅( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)
၁၉၆ + ၁၉၇( ခင်ဗျား ရုပ်ရှင် ရိုက်ရင်လည်း ဒီလို အက်ရှင်ကားမျိုး ရိုက်စမ်းဗျာ... )
အခန်း ၁၉၈+၁၉၉( နဖူးပြင်ထက်မှ အနမ်းပန်း တစ်ပွင့် )
အခန်း ၂၀၀+၂၀၁( ခေါင်းမာသူ )
အခန်း ၂၀၂ + ၂၀၃( အဲဒါ ငါ့အိပ်မက်ပဲ... )
အခန်း ၂၀၄ (မင်းက ဆရာကြီးပဲ... )
အခန်း ၂၀၅+၂၀၆( ပြင်းထန်သော ပြိုင်ဆိုင်မှု )
အခန်း ၂၀၇+၂၀၈( ပြည့်စုံသော အစပြုခြင်း တစ်ခု )
အခန်း ၂၀၉+၂၁၀(ပစ်ချက် )
၂၁၁ + ၂၁၂( အသံမထွက်အောင် ဘယ်လို လျှောက်လာတာလဲ... )
အခန်း ၂၁၃ + ၂၁၄( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)
အခန်း ၂၁၅ + ၂၁၆( သောက်ရမ်း မိုက်ချက်ပဲ )
အခန်း ၂၁၇ + ၂၁၈( ဒါဆို ငါ စ လှုပ်ရှားပြီ )
အခန်း ၂၁၉ + ၂၂၀( လူယုတ်မာ )
အခန်း ၂၂၁ + ၂၂၂(ခက်ခဲတဲ့ ပြိုင်ဘက် )
အခန်း ၂၂၃ + ၂၂၄(အရှက်မရှိ )
အခန်း ၂၂၅(မင်း ထပ်ပစ်ချင်သေးရင် ပစ်လေ )
အခန်း ၂၂၆ + ၂၂၇(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )
အခန်း ၂၂၈ + ၂၂၉(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ခြင်း )
အခန်း ၂၃၀ + ၂၃၁(ထိပ်တန်းအထူးအဖွဲ့ )
အခန်း ၂၃၂ + ၂၃၃(အဖွဲ့ နှစ်ခု အကြား ကွာြခားချက် )
အခန်း ၂၃၄ +​၂၃၅(ဆုပေးပွဲ )
အခန်း ၂၃၆ +​၂၃၇(ကျွန်မရဲ့ သခင်ကြီး ကာနယ် )
အခန်း ၂၃၈ +​၂၃၉ + ၂၄၀(ရည်ရွယ်ချက် ရှိရှိ )
အခန်း ၂၄၁ + ၂၄၂(ငါ သူ့ကို ယုံတယ် )
အပိုင်း - ၂၄၃ +၂၄၄(ဖယ်ရှားပစ်မယ် ( ၂ )
အပိုင်း - ၂၄၅ + ၂၄၆ + ၂၄၇( ငါ တောင်းပန်ဖို့ ရွေးချယ်တယ် )
အပိုင်း - ၂၄၈ + ၁၄၉(ငြင်းပယ်ခြင်း )
အပိုင်း - ၂၅၀ + ၂၅၁(ဒီကောင်လေး မဆိုးဘူးပဲ )
အပိုင်း ၂၅၂ + ၂၅၃( ကျုပ်က နဂါးတပ်ဖွဲ့ကို ကိုယ်စားပြုတယ် )
အပိုင်း ၂၅၄ + ၂၅၅( အရိပ်လက်သီး )
စာရေးသူ မှ ပြန်ကြားလွှာ
အပိုင်း ၂၅၆ + ၂၅၇( နှစ်လေး )
အခန်း ၂၅၈ + ၂၅၉( ငါ့ဇနီးလောင်းနဲ့ တစ်ခြားလူ လက်ထပ်သွားတော့ ငါဘယ်လို ခံစားရမလဲ )
အပိုင်း ၂၆၀ + ၂၆၁( တတိယမင်းသား၏ မဖြစ်စလောက် အကြံ )
အပိုင်း ၂၆၂ + ၂၆၃( စစ်ဆင်ရေးအောင်မြင်ခြင်း )
အပိုင်း ၂၆၄ + ၂၆၅( ကြားဖြတ်ခံရခြင်း )
အပိုင်း ၂၆၆ +​၂၆၇( ငါ ဒီမြို့က မပြန်တော့ဘူး )
အပိုင်း ၂၆၈ +​၂၆၉ + ၂၇၀( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )
အပိုင်း ၂၇၁ + ၂၇၂( ငါ့ကို သောက်ရှက်ခွဲနေတာလား )
အပိုင်း ၂၇၃ + ၂၇၄ + ၂၇၅( အဘိုးကြီးတောင် မင်းလောက် ချော့မသွင်းတတ်ဘူး )
အပိုင်း ၂၇၆ + ၂၇၇ + ၂၇၈(သူ့ကို ဒီမှာ ထိန်းသိမ်းထား )
အပိုင်း ၂၇၉ + ၂၈၀ + ၂၈၁( ညစာစားပွဲ )
အခန်း ၂၈၄ + ၂၈၅( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)
အခန်း ၂၈၆ + ၂၈၇ + ၂၈၈(နောက်ဆုံး )
အခန်း ၂၈၉ + ၂၉၀( သူမကိုယ်သူမ အပြစ်တင်ခြင်း )
အခန်း ၂၉၁ + ၂၉၂(မင်း သန္ဓေပြောင်းလူသား ဖြစ်လာလိမ့်မယ် )
အခန်း ၂၉၃ + ၂၉၄ + ၂၉၅( ကျုပ်လက်သီး တွေကို လုံးဝ ရပ်မရတော့ဘူး... )
အခန်း ၂၉၆ + ၂၉၇ + ၂၉၈( ချောက်ချခြင်း.... )
အခန်း ၂၉၉ + ၃၀၀( လျှိုထားမယ်.... )
အခန်း ၃၀၁+၃၀၂( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )
အခန်း ၃၀၃ + ၃၀၄( ရင်ဆိုင်ရန် မဖြစ်နိုင်သော )
အခန်း ၃၀၅+၃၀၆( ရှုချန်း ခြေရာ လိုက်နင်းဖို့ဆိုတာ...)
အခန်း ၃၀၇+၃၀၈( ခြိမ်းခြောက်ခြင်း )
အခန်း ၃၀၉+၃၁၀( ပွဲပြီးသွားပြီ )
၃၁၁+၃၁၂+၃၁၃( ရှုံးသူ ချီးစားကြေး )
အခန်း ၃၁၄+၃၁၅( ကျေးဇူးနော် ချူရွယ် )

အခန်း ၂၈၂ + ၂၈၃( ခင်ဗျားတို့ ဘယ်လောက်ရောင်းမှာလဲ... ကျုပ် အကုန်ဝယ်မယ်... )

54 4 0
By purefeather199

နတ်နဂါးစစ်သည်

အခန်း ၂၈၂

( ခင်ဗျားတို့ ဘယ်လောက်ရောင်းမှာလဲ... ကျုပ် အကုန်ဝယ်မယ်... )

"ကျုပ်က သူ့ရဲ့ခင်ပွန်းပါ..."

ခန်းမအတွင်း ဟိန်းထွက်လာသော အသံမှာ လင်ချူရွယ်ကို လက်ထပ်လိုသူ အပေါင်းအား ဦးနှိမ်လိုက်သည့် သဘောပင်။

ကိုယ်ရံတော်များက အစတွင် ရှုချန်းကို ဆွဲထုတ်ရန် ကြိုးစားသော်လည်း ဘုရင်မကြီးက လက်ဝှေ့ယမ်း တားလိုက်သည့်အတွက် အားလုံး နောက်ပြန်ဆုတ်သွားကြသည်။

ရှုချန်း အရှေ့သို့ လျှောက်လာ၏။ လင်ချူရွယ်၏ မိဘဆွေမျိုးများ အားလုံး ချက်ချင်းပင် စိုးရိမ်ပူပန်လာကြသည်။ အထူးသဖြင့် လင်ချူရွယ်၏ အဒေါ်။

"နင် ဘယ်သူလဲ... မဟုတ်တာတွေ လျှောက်ပြောပြီး ဘာဖြစ်လို့ အရှက်ခွဲနေတာလဲ..."

ရှုချန်းရှေ့သို့ လျှောက်လာရင်း ...

"တကယ်တမ်း အရှက်ခွဲနေတာက ခင်ဗျား ကိုယ်တိုင်ပဲလေ... ခင်ဗျားက အမြတ်ရဖို့ဆို မိသားစုကိုတောင် ရောင်းစားပစ်တဲ့သူပဲ... ပိုပြီး ရှက်ဖို့ကောင်းတာက နီကိုးလ်က ခင်ဗျားသမီးတောင် မဟုတ်ဘူး... ခင်ဗျားအနေနဲ့ နီကိုးလ်ကို ရောင်းစားမယ်ဆိုရင်လည်း ကျုပ်ကို ဘာဖြစ်လို့ အရင်မမေးတာလဲ... ကျုပ်က သူ့ရဲ့အမျိုးသားပဲ... ပြီးတော့ ဟွာရှမှာလည်း ကျုပ်တို့က တရားဝင် လက်ထပ်ထားတာ... အခု ခင်ဗျားက ဘုရင်မကြီးကို လှည့်စားဖို့ ကြိုးစားနေတာလား..."

လင်ချူရွယ်၏ အဒေါ် ချက်ချင်း မျက်နှာ ပြောင်းလဲသွား၏။

"နင် အတော်မိုက်ရိုင်းတာပဲ... နင်က နီကိုးလ်နဲ့ လက်ထပ်ထားတယ် ဟုတ်လား... ဘယ်မှာလဲ လက်ထပ်စာချုပ်နဲ့ မင်္ဂလာဓာတ်ပုံ... ပြစမ်း... ဘယ်မှာလဲ အိမ်ထောင်ရေး လက်ဆောင်... ဟမ်... ဘယ်မှာလဲ... သက်သေ... လက်ဆုပ်လက်ကိုင် တစ်ခုမှလည်း မပြနိုင်ဘူးမလား..."

( အိမ်ထောင်ရေး လက်ဆောင် ဆိုသည်မှာ တင်တောင်းငွေနှင့် သဘောဆင်တူသည်။ )

လင်ချူရွယ်၏ အဒေါ်က ထိုကဲ့သို့ ခပ်စွာစွာ ပြောလိုက်သည့်အတွက် ခန်းမအတွင်းမှ သူများ အားလုံး ယုံကြည်သွားကြပြန်သည်။

လူအများ၏ အခြေအနေကို အကဲခတ်တတ်သော လင်ချူရွယ့်အဒေါ်က အခွင့်ရတုန်း ပိုပိုသာသာနှက်ရန် ...

"ဒီကောင်က ဘယ်သူလဲဆိုတာ... အားလုံး မသိကြဘူး... တကယ်တော့ သူက ကျေးဇူးကန်းတဲ့ မြွေတစ်ကောင်ပဲ... သားရေပေါ်အိပ် သားရေပေါ်စားဆိုတာ ဒီလိုကောင်စားမျိုးပေါ့... လင်မိသားစုရဲ့ မွေးစားသားလေးကို အားလုံး မှတ်မိကြတယ် မဟုတ်လား..."

အမှန်တော့ မိသားစု အတော်များများ၏ မျိုးဆက်သစ်ကလေးများ အားလုံးက ရှုချန်းကို သိပြီးသားဖြစ်ပေသည်။ သို့သော် ရုတ်တရက် တွေ့လိုက်သည့်အတွက် မသေမချာ ဖြစ်နေခြင်းပင်။ သို့သော် လင်ချူရွယ်၏အဒေါ်က ဤကဲ့သို့ အတည်ပြုလိုက်သည့်အတွက် အားလုံးလည်း အမြင်များ ပြောင်းလဲသွားကာ ...

"ဒါ ဟိုမိဘမဲ့ကောင်လေး မဟုတ်ဘူးလား... လင်ချူရွယ်နောက်ကို အမြဲတမ်း တကောက်ကောက် လိုက်နေတဲ့ကောင်လေ..."

"ဪ... ငါ မှတ်မိပြီ... လင်မိသားစုက သနားလို့ မွေးစားထားတဲ့ ကောင်လေးပဲ... နောက်ခံမရှိ ပိုက်ဆံမရှိပေမဲ့ တော်ဝင်မျိုးနွယ်တွေ တက်တဲ့ကျောင်းမှာ စာသင်ခွင့်ရခဲ့တယ်လို့ ကြားတယ်... ဒီကောင်က ဒီလောက်တောင် ကျေးဇူးကန်းတာလား..."

"တော်တော် မျက်နှာပြောင်တိုက်တဲ့ ကောင်နော်... မွေးစားထားတဲ့ မိသားစုရဲ့ မျက်နှာကိုမှမထောက်... သူတို့သမီးကိုတောင် အပိုင်ယူသွားသေးတယ်... သူ့ကိုယ်သူ နီကိုးလ်ရဲ့ အမျိုးသား ဖြစ်သင့်လားဆိုတာ ကိုယ့်ရုပ်ကိုယ် မှန်ထဲ ပြန်ကြည့်မိလားတောင် မသိဘူး..."

"ဟုတ်တာပေါ့... သူက အရှေ့တိုင်းက စုန်းအတတ် တစ်မျိုးမျိုး သုံးပြီး နီကိုးလ်ကို ဖျားယောင်းခဲ့တာ ဖြစ်မယ်... နီကိုးလ်က ဘယ်သူ့ကိုမှ သဘောမကျပေမဲ့ အဲဒီလယ်သမား တောသားကိုတော့ ရွေးခဲ့တာပဲ... ရှင်းရှင်းပြောရရင် ဒီကောင်က နီကိုးလ်ရဲ့ ကျွန်ဖြစ်ဖို့တောင် မတန်ဘူး..."

"မစ္စတာလင်အတွက်တော့ စိတ်မကောင်းစရာပဲ... သူက သနားလို့ မွေးစားခဲ့တဲ့ ကောင်လေးက သူ့သမီးကို အပိုင်သိမ်းသွားတယ်... ကိုယ်မွေးတဲ့မျောက်က ကိုယ့်ကိုပြန်ခြောက်တယ် ဆိုတာ ဒါမျိုးပေါ့... ဒီသတင်းသာ ကြားရင် နောက်ဆို ဘယ်သူမှ မိဘမဲ့တွေကို မွေးစားရဲမှာ မဟုတ်တော့ဘူး..."

ထိုသို့ လှောင်ပြောင် ဝေဖန်နေသည့်အတွက် လင်ချူရွယ် ခေါင်းကလေး ငုံ့သွား၏။

"ခင်ဗျားတို့ ထင်ရာမြင်ရာတွေ လျှောက်ပြောမနေနဲ့... အခြေအနေကို သေချာမသိဘဲ ရမ်းသမ်း စွပ်စွဲနေကြတယ်..."

သို့သော် ဇတ်ဇတ်ကြဲ လင်ချူရွယ့်အဒေါ်က ရှုချန်းကို စိမ်းစိမ်း စိုက်ကြည့်ပြီး ...

"ဒါတောင် မှားနေတယ်ဟုတ်လား... သူတို့ပြောတာ တစ်ခုမှ မမှားဘူး... ရှုချန်းက ကျေးဇူး မသိတတ်တဲ့ ဝံပုလွေတစ်ကောင်ပဲ... မိဘမဲ့ကလေး တစ်ယောက်မို့လို့ လင်မိသားစုက သနားပြီး မွေးစားခဲ့တာ... ဒါပေမဲ့ သူ ကျေးဇူး ပြန်ဆပ်လိုက်တဲ့ပုံက အားလုံး မြင်တဲ့အတိုင်းပဲ..."

သည်းမခံနိုင်တော့သော လင်ကွေ့ရန်က ...

"ခင်ဗျား ပြောလို့ပြီးပြီလား... နီကိုးလ်က ကျုပ် မွေးစားသား ရှုချန်းနဲ့ လက်ထပ်ခဲ့တာ... ပြီးတော့ သူက သူစိမ်းလည်း မဟုတ်ဘူး... ကလေးတွေ မမွေးခင်ကတည်းက ရှုချန်းအဖေနဲ့ ကျုပ်က ဒီမင်္ဂလာပွဲကို ကြိုစီစဉ်ထားခဲ့တာ... ဟုတ်တယ်... ရှုချန်းက ကျုပ်မိသားစုမှာ ကြီးပြင်းခဲ့တယ်... ကျုပ် ပိုက်ဆံကိုသုံးတယ်... ကျုပ် ကျွေးတဲ့ထမင်းကို စားတယ်... ဒါပေမဲ့ ကျုပ်တို့မိသားစုတွေအားလုံး အဆင်ပြေနေတာပဲ... အပြင်လူတွေဝင်ပြီး မစွက်ဖက်ကြပါနဲ့... သူတို့ လက်ထပ်တယ်ဆိုတာလည်း ကျုပ်သမီးရဲ့ ရွေးချယ်မှုပဲ... သမီးအနေနဲ့ သူချစ်တဲ့သူကို လက်ထပ်ဖို့ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိတယ်... အခုလည်း တော်ဝင်မိသားစုကို ကျုပ် မညာချင်ဘူး... ဒါ့ကြောင့် မင်းသား ဝေလ်နဲ့ သမီးကို လက်ထပ်ခွင့်မပြုဘူးလို့ ကျုပ်အစောကတည်းက ပြောခဲ့တာ..."

ဒေါသကြောင့် မျက်နှာတစ်ခုလုံး ရဲရဲနီနေသော ဝေလ်က ...

"အခု ခင်ဗျားပြောတဲ့စကားတွေက တော်ဝင်မိသားစုကို လိမ်တာထက်တောင်မှ ပိုပြီး ဆိုးနေသေးတယ်..."

ထို့နောက် ရှုချန်းကို အစိမ်းလိုက် ဝါးစားတော့မတတ် စိုက်ကြည့်လိုက်ပြီး ...

"ရှုချန်း... မင်းက နီကိုးလ်နဲ့ မတန်ဘူးဆိုတာ မင်းကိုယ်မင်း သိရဲ့လား.... မင်းအဖေနဲ့ မစ္စတာလင်တို့သာ မစီစဉ်ခဲ့ရင် မင်းအနေနဲ့ နီကိုးလ်ရဲ့ဘဝမှာ တစိတ်တပိုင်း ပါဝင် ပတ်သက်ဖို့တောင် အရည်အချင်း မရှိဘူး... မင်းမှာ ပိုက်ဆံလည်း မရှိဘူး... အာဏာလည်း မရှိဘူး... မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး... နီကိုးလ်ကို ဘာပျော်ရွှင်မှုတွေ ပေးနိုင်လို့လဲ..."

ထိုစဉ် လင်ချူရွယ်၏ အဒေါ်က ထပ်ဝင်ပြောပြန်သည်။

"စိတ်ချပါ... တော်ဝင်မင်းသား... မိသားစုရဲ့ လူကြီးတွေအနေနဲ့တော့ ဒီအိမ်ထောင်ရေးကို လုံးဝ သဘောမတူပါဘူး... ပြီးတော့ နီကိုးလ်က အခုချိန်အထိ အပျိုစင်ဖြစ်နေဆဲပါ... ရှုချန်းက နီကိုးလ်ကို ဟွာရှကို လိမ်ပြီး ခေါ်သွားခဲ့ပေမဲ့ ကျွန်မတို့ စုံစမ်းကြည့်လိုက်တော့ နီကိုးလ်က ဟွာရှမှာ သူ့ဘာသာသူ တစ်ယောက်တည်းနေပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့ရပါတယ် ... ရှုချန်းက ခင်ပွန်းတစ်ယောက်ရဲ့ တာဝန် လုံးဝ မကျေပွန်ခဲ့ပါဘူး... နှစ်ယောက်လုံး အတူတူလည်း မနေခဲ့ဖူးဘူး... တရားဝင် လက်ထပ်ပွဲ တစ်ခါမှ မကျင်းပဖူးသလို လင်မိသားစုကိုလည်း အိမ်ထောင်ရေး လက်ဆောင် မပေးခဲ့ဖူးပါဘူး..."

ထို့အပြင် လင်ချူရွယ်၏ မိခင်ဘက်မှ ဆွေမျိုးများကလည်း ထပ်မံ မြေနိမ့်ရာ လှံစိုက်ပြန်သည်။

"ဟုတ်တယ်... ဒီကောင်က ဆင်းရဲတယ်... အရည်အချင်း မရှိဘူး... မိန်းမ ရချင်တာပဲ ရှိတာ... ကျုပ်တို့အားလုံး သူ့ကို မိသားစုဝင်အဖြစ် အသိအမှတ် မပြုဘူး..."

လင်ကွေ့ရန်က လေသံမာမာဖြင့် ...

"ချူရွယ်က ကျုပ်သမီး... ကျုပ်ရဲ့ အသိအမှတ်ပြုမှုပဲ လိုတယ်... ခင်ဗျားတို့ဆီက အသိအမှတ် ပြုခံစရာ တစ်စက်မှ မလိုဘူး..."

လင်ကွေ့ရန်၏ယောက္ခမက ဒေါသတကြီးဖြင့် လက်ညှိုးငေါက်ငေါက်ထိုးပြီး ...

"မင်း... မင်း... ငါတို့ အားလုံး ရှယ်ယာတွေ ရောင်းပြီး ကုမ္ပဏီက ထွက်သွားတာ မြင်ချင်နေပြီလား..."

ထိုစကားကိုကြားသောအခါ လင်ကွေ့ရန် အနည်းငယ် အံ့အားသင့်သွားပြီး ဘဝင်မကျဟန် ပေါ်လာသည်။ ယခုအချိန်တွင် ကုမ္ပဏီ၏အဓိက ရှယ်ယာရှင်များက ရှယ်ယာများကို စတင် ရောင်းချမည် ဆိုပါက ကုမ္ပဏီအား အဆင်းဘီး တပ်ပေးသကဲ့သို့ ဖြစ်သွားလိမ့်မည်။ ထိုသူများကို ကူညီပေးခဲ့သည့် အပေါ်လည်း အမှန်တကယ် နောင်တရမိ၏။

သူ့အမျိုးသမီး၏ မိသားစုဝင်များဖြစ်သောကြောင့် သူ ထူထောင်ထားသော ကုမ္ပဏီမှ ရှယ်ယာများကို ရောင်းချပေးခဲ့သော်လည်း နောက်ပိုင်းတွင် ထိုသူများမှာ ကုမ္ပဏီအား ပြဿနာမျိုးစုံ မီးထွန်းရှာ ဖန်တီးပေးရုံမှလွဲ၍ ဘာဆိုဘာမှ မလုပ်တတ်သော အရှုပ်ထုပ်ပြဿနာအိုးများ ဖြစ်လာနေခဲ့သည်။ ယခုတစ်ခေါက် ထုတ်ကုန်အရည်အသွေး ပြဿနာမှာလည်း ထိုသူများ၏ ပေါ့ဆမှုကြောင့်ပင်။

ယောက်ျားဖြစ်သူ အကျပ်ရိုက်သွားသည်ကို တွေ့သောအခါ မေမေလင်က ချက်ချင်းရှေ့ထွက်လာပြီး ...

"ဘယ်သူရှယ်ယာ ရောင်းမှာလဲ... ရောင်းချင်ရင် အခုချက်ချင်း ရောင်းလိုက်စမ်း... ဥက္ကဌရဲ့ဇနီးအနေနဲ့ နင်တို့ကို ပြောလိုက်မယ်... ကုမ္ပဏီကနေ ထွက်သွားချင်ရင် အခုချက်ချင်း ထွက်သွားလိုက်..."

ထိုစကားကြောင့် မေမေလင်၏ မိသားစုများအားလုံး လုံးဝ အံ့အားသင့်သွားကြသည်။ အမြဲလိုလို ကြင်နာ ဖော်ရွေတတ်သော မေမေလင် ဤမျှ ဒေါသူပုန်ထမည်ဟု မထင်ခဲ့ကြပေ။

"ကောင်းတယ်... ကောင်းတယ်... နင်တို့ နှစ်ယောက်ပေါင်းပြီး ဒီလို လုပ်ချင်တယ်ပေါ့... နင့်ကို ကျွေးမွေးပြုစုခဲ့တာ တကယ်ရှက်မိတယ်..."

မေမေလင်၏ ဖခင်မှာ ဒေါသကြောင့် တုန်ရီလာ၏။

သို့သော် မေမေလင်က ခံစားချက်မရှိ အေးစက်စက်မျက်နှာပေးဖြင့် ...

"တော်သင့်ပြီထင်တယ် အဖေ... ကွေ့ရန်သာ မရှိခဲ့ရင် အဖေတို့အားလုံး လန်ဒန်လို မြို့ကြီးပြကြီးမှာ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမယ့်အစား မြို့ငယ် ဇနပုဒ်တွေမှာပဲ ခက်ခက်ခဲခဲ ရုန်းကန်နေရဦးမှာ... လူဆိုတာ ကျေးဇူးသိတတ်ဖို့ လိုတယ်... အဖေတို့အားလုံး ကွေ့ရန်ကို နှစ်တွေ ဒီလောက်ကြာတဲ့အထိ ဘယ်လို ဆက်ဆံခဲ့လဲဆိုတာ သမီးအမြင်ပဲ... ဒီလောက်ဆိုရင် လုံလောက်နေပါပြီ..."

"ကောင်းပြီလေ... ခင်ဗျားတို့ ရှယ်ယာတွေ ရောင်းချင်သပါ့ ဆိုလည်း ရောင်းလိုက်... ကျုပ် အကုန်ဝယ်မယ်..."

ရှုချန်းက လေးနက်သော လေသံဖြင့် ဝင်ပြောလိုက်၏။

"မင်း..."

မေမေလင်၏ အဖေ ဒေါသူပုန်ထသွား၏။

"မင်းက သူတောင်းစားလိုကောင်ပဲ... လင်မိသားစုက မင်းကို မုန့်ဖိုးပဲဖိုး ပေးပြီး ကျွေးမွေးထားရတာလေ... ငါတို့ရှယ်ယာတွေကို မင်း တကယ်ဝယ်နိုင်မယ် ထင်နေတာလား... မင်းမှာ ပိုက်ဆံရှိလို့လား ငမွဲကောင်..."

"အိမ်ထောင်ရေး လက်ဆောင်တောင် မပေးနိုင်ဘဲ မိန်းမကို ဟွာရှ ခေါ်သွားတဲ့ ယောက်ျားက ပိုက်ဆံ ဘယ်က ရမှာလဲ... အဟက်"

လင်ချူရွယ်၏ အဒေါ်က ဝင်လှောင်လိုက်သည်။

ရှုချန်းက လှောင်ပြုံး ပြုံးလိုက်ပြီး ...

"နေစမ်းပါဦး... ခင်ဗျားတို့ရှယ်ယာတွေက ဘယ်လောက်တန်ကြေး ရှိလို့လဲ..."

လင်ချူရွယ်၏ အဒေါ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ...

"လယ်သမားကောင်... ကုမ္ပဏီရှယ်ယာတွေ ဘယ်လောက်တန်ဖိုး ရှိတယ်ဆိုတာတောင် သိရဲ့လား... ရှယ်ယာတွေက ဈေးကျသွားတယ်ဆိုပေမဲ့ လေးဘီလီယံ ပေါက်ဈေးရှိနေတုန်းပဲ... ငါတို့အားလုံး ပိုင်ဆိုင်တဲ့ရှယ်ယာ ၃၅ ရာခိုင်နှုန်းရှိတယ်... ငါတို့လို အဓိကရှယ်ယာရှင်တွေ ရောင်းလိုက်ရင် လက်ရှိ ပေါက်ဈေးထက် ၃၀ ရာခိုင်နှုန်းလောက် ကျသွားလိမ့်မယ်..."

" ငါတို့ ပိုင်ဆိုင်တဲ့ထဲက ၂၀ ရာခိုင်နှုန်းပဲ ရောင်းမယ်ဆိုရင်တောင် ယူရို ၁.၄ ဘီလီယံရှိတယ်... သေသေချာချာနားထောင်... ဒါ ယူရို ၁.၄ ဘီလီယံနော်... နင်တို့သုံးတဲ့ ယွမ် မဟုတ်ဘူး... ယူရို ၁.၄ ဘီလီယံ မပြောနဲ့ဦး... ယွမ် သန်း ၁၀၀ တောင် လက်ဆုပ်လက်ကိုင် ရှိလို့လား... ငါ နင့်ကို ဈေးလျှော့ ရောင်းပေးမယ်ဆိုရင်တောင် ဝယ်နိုင်လို့လား..."

"ရတယ်လေ... ကျုပ် ဝယ်လိုက်မယ်..."

ရှုချန်း ခပ်အေးအေးပင် ပြောလိုက်သည်။

အခန်း ၂၈၂ ပြီး

နတ်နဂါးစစ်သည်

အခန်း ၂၈၃

( သူမကို ထားခဲ့...)

( သတိပေးချက် - ဤအခန်းတွင် ရှေးအတိတ်ဆီမှ လူမျိုးရေး ရန်ငြိုးရန်စတို့ အနည်းငယ် ပါဝင်သည်။ သို့သော်လည်း ဇာတ်လမ်းကို ဇာတ်လမ်းကဲ့သို့သာ သဘောထား၍ ခံစားဖတ်ရှုပါရန်။ )

ရှုချန်းပြောလိုက်သည်မှာ ရိုးရိုးရှင်းရှင်း ဖြစ်သော်လည်း လင်မိသားစုဝင်အားလုံး အံ့အားသင့်သွားခဲ့သည်။

သို့သော် ရှုချန်းပုံစံမှာ နောက်ပြောင်နေဟန် အလျဉ်းမရှိပေ။

"ခုနက ကျုပ်က အိမ်ထောင်ရေး လက်ဆောင် မပေးဘူးလို့ ခင်ဗျားတို့ ပြောတယ်မဟုတ်လား... ရော့ ဒီမှာ... ပိုက်ဆံ... ဒီညတော့ ခင်ဗျားတို့ လင်မိသားစုကို ပေးမယ်..."

ရှုချန်းက အိတ်ထဲမှ လင်လဲ့၏ကတ်ကို ထုတ်ယူပြီး အားလုံးမြင်သာအောင် ဝှေ့ယမ်းပြပြီးမှ ...

"ဒီကတ်ထဲမှာ အမ်နိုင်ငံ က လွှဲထားတဲ့ ယူရို ၃.၃ ဘီလီယံရှိတယ်... ခင်ဗျားရဲ့ ယူရို ၁.၄ ဘီလီယံ တန်တဲ့ ရှယ်ယာတွေကို ဝယ်ဖို့ လုံလောက်တယ် ဆိုတာထက်တောင် ပိုနေသေးတယ်..."

ရှုချန်းက ပြောပြောဆိုဆိုဖြင့် လင်ချူရွယ်၏ လက်ထဲသို့ ဘဏ်ကတ်ထည့်ပေးပြီး ယုံကြည်မှုရှိရှိ ပြုံးပြလိုက်၏။

ရှုချန်းကို ကြည့်ရင်း လင်ချူရွယ်တစ်ယောက် ပြုံးလိုက်သလို နှလုံးသားမှာလည်း အနည်းငယ် နာကျင်သွား၏။

"နင် လုပ်ခဲ့တာလား..."

ရှုချန်း ခေါင်းညိတ်ပြလိုက်သည်။

"ငယ်ငယ်လေးကတည်းက နင်က ငါ့ကို အမြဲယုံကြည်ခဲ့တယ်... အခုလည်း ဒီလိုပဲ ငါတို့နှစ်ယောက်က ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး... ဟုတ်တယ်မလား..."

ရှုချန်း နွေးထွေးစွာ ပြုံးပြရင်း လင်ချူရွယ်ကို ညင်သာစွာ ကြည့်လိုက်၏။

တစ်ချိန်လုံး မျက်နှာငယ်နေရှာသော လင်ချူရွယ် ပြုံးလိုက်ပြီး ခေါင်းညိတ်ပြ၏။

"ငါ လုံးဝ မပြောင်းလဲဘူး... ငါ မင်းကို နည်းနည်းလေးတောင် မယုံမကြည် မဖြစ်ခဲ့ဖူးဘူး..."

"နင်က တကယ်တော်ပါတယ်... ပြီးတော့ ဒီကတ်က ငါ့ရဲ့အဖိုးတန်ဇနီးအတွက် ဆုလာဒ်တစ်ခုပဲ..."

ရှုချန်း ပြုံးရင်း ပြောလိုက်၏။

ထိုအချိန်တွင် မေမေလင်ဘက်မှ မိသားစုများ မယုံကြည်နိုင်ဖြစ်နေ၏။

"မင်းမှာ ၃.၃ ဘီလီယံရှိတယ် ဟုတ်လား... ငွေရှာရတာ ဒီလောက်လွယ်တယ်ထင်နေလား..."

ရှုချန်း ထိုသူများကို လှမ်းကြည့်လိုက်ပြီး ...

"ကျုပ်အမြင်မှာ ပိုက်ဆံဆိုတာ ကိန်းဂဏန်းတစ်ခုပါ... ဒီ ၃.၃ ဘီလီယံဆိုတာလည်း နီကိုးလ်ကိုပေးတဲ့ မင်္ဂလာ လက်ဆောင် မဟုတ်သေးဘူး... နီကိုးလ်အတွက်ဆို တစ်ကမ္ဘာလုံးကိုတောင် ကျုပ် ရအောင်လုပ်ပေးမယ်..."

လင်ချူရွယ် တစ်ယောက် ရှုချန်းကို မှင်သက်စွာ ကြည့်နေမိ၏။ ကြွားဝါတတ်သော ယောက်ျားများကို ယခင်ကလည်း သူမ မြင်ဖူးသည့်တိုင် ဤကဲ့သို့ တော်ဝင်မိသားစုနှင့် တိုင်းပြည် အကြီးအကဲများရှေ့တွင် ကြွားဝါနေသူတစ်ဦးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သို့သော်လည်း ရှုချန်းသည် ပေးထားသော ကတိများကို အမြဲ တည်တတ်သူ ဖြစ်၏။

လင်ချူရွယ်၏ မျက်ဝန်းများ အနည်းငယ် နီရဲလာ၏။

လင်ချူရွယ့် အဒေါ်က လူအုပ်ထဲ၌ရှိသော ဗြိတိန်၏ အကြီးဆုံး ဘဏ်အမှုဆောင် အရာရှိကို လှမ်းကြည့်၍ ...

"ဒီဘဏ်ကတ်ထဲမှာ ၃.၃ ဘီလီယံ ရှိမရှိ စစ်ကြည့်ပေးပါဦး..."

အရာရှိက ခေါင်းညိတ်လိုက်ပြီး လင်ချူရွယ်လက်ထဲမှ ဘဏ်ကတ်ကို ယဉ်ကျေးစွာယူပြီး တာဝန်ရှိသူထံ ဖုန်းဆက်လိုက်၏။

ဖုန်းခေါ်ဆိုမှု...

"ဆရာ... လွန်ခဲ့တဲ့နာရီပိုင်းအတွင်းက အမ်နိုင်ငံ က ဒီဘဏ်ကတ်ထဲကို ၃.၃ ဘီလီယံ လွှဲထားပေးပါတယ်... တရားဝင် ငွေကြေးတွေပါ..."

ထိုစကားကြောင့် မေမေလင်ဘက်မှ မိသားစုဝင်များအားလုံး အံ့အားသင့်သွားကြသည်။

ရှုချန်း ထိုမျှလောက်သော ငွေပမာဏ ရှိမည်ဟု မင်းသား ဝေလ် မထင်ခဲ့ချေ။

အမှုဆောင်အရာရှိက ဘဏ်ကတ်ကို လင်ချူရွယ်ထံ ပြန်ပေးခဲ့၏။ လင်ချူရွယ်က ထိုကတ်ကို သူမအဖေထံသို့ ပေးလိုက်ပြီး ...

"အဖေ... ဒါ အဖေ့သမက်က ပေးတဲ့ မင်္ဂလာ လက်ဆောင်ပဲ..."

လင်ကွေ့ရန်က ဘဏ်ကတ်ကိုယူကာ ခေါင်းတဆတ်ဆတ်ညိတ်ရင်း အားပါးတရ ရယ်မောလိုက်၏။ ထို့နောက် သူ့မိန်းမဘက်မှ အမျိုးများကို လှောင်ပြောင်သည့်အကြည့်ဖြင့် ကြည့်ရင်း ...

"ခင်ဗျားတို့ရှယ်ယာ ရောင်းမယ်ဆို ကျုပ် အကုန် ဝယ်မယ်..."

ဤမျှလောက်သော ငွေများရှိနေပါက လင်ကွေ့ရန်အနေဖြင့် မိမိခြေထောက်ပေါ်မိမိ ပြန်လည်ရပ်တည်နိုင်ရန် မည်သည်တို့ကို ကြောက်ရွံ့စရာ လိုသေးတော့သနည်း။ ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ကုမ္ပဏီအား ဒုက္ခပေး ပြဿနာရှာ၍ ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့်သူများ အားလုံးကို ဖယ်ရှားနိုင်ခဲ့လေပြီ။ အမှန်တော့ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် ပစ်လိုက်နိုင်ခြင်းပင်။

ထိုအချိန်တွင် မေမေလင်မှ ရင်ဘတ်ကို လက်ဖြင့် အသာဖိကာ အံ့အားသင့်နေ၏။ စိတ်လှုပ်ရှားလွန်းသဖြင့် နှလုံးခုန်သည်မှာ ရင်ဘတ်တစ်ခုလုံး ပေါက်ထွက်တော့မတတ်ပင်။ လင်ချူရွယ်၏ အဒေါ်လည်း ဘာပြန်ပြောရမှန်းမသိ ကြောင်အနေပေသည်။

သူ့အား နှိမ့်ချခဲ့သော ဆွေမျိုးများကို အနိုင်ယူပြီးနောက် နိုင်ငံတော် အကြီးအကဲများနှင့် တော်ဝင်မိသားစုများဘက်သို့ လှည့်ပတ်ကြည့်ရှုလိုက်ပြီး ရှုချန်းက ယုံကြည်မှုအပြည့်ဖြင့် ...

"ခုနက ခင်ဗျားတို့ပြောခဲ့သမျှ ကျုပ်အကြောင်းတွေ အားလုံး မှန်တယ်ဆိုတာ ဝန်ခံပါတယ်... အတိတ်တုန်းက ကျုပ်ရဲ့ အရည်အချင်းပဲဖြစ်ဖြစ် နောက်ခံကိုပဲဖြစ်ဖြစ် ဘာကိုပဲကြည့်ကြည့် နီကိုးလ်နဲ့ မတန်ပါဘူး... ဒါပေမဲ့ ဒီနေ့ ဒီအချိန်ကစပြီး နီကိုးလ်က ကျုပ်အမျိုးသမီးဆိုတာ တရားဝင် အားလုံးကို ကြေညာလိုက်ပြီ... ကျုပ်အမျိုးသမီးကို အနှောင့်အယှက်ပေးဖို့ တွေးရင် ဒါမှမဟုတ် ကျုပ်တို့အိမ်ထောင်ရေးကို ဖျက်လိုဖျက်ဆီး လုပ်မယ်ဆိုရင် ကျုပ် ဒီတိုင်း ငြိမ်နေမှာမဟုတ်ဘူး..."

ထိုစဉ် လူအုပ်ထဲမှ အသံတစ်ခု ထွက်ပေါ်လာ၏။

"မင်းလို ဟွာရှက လယ်သမား အသားဝါကောင်က ဗြိတိန်ရဲ့ နှင်းဆီပွင့်ကို အတင်းအဓမ္မလည်း ယူသွားသေးတယ်... စကားကြီးစကားကျယ်ပြောရဲသေးတယ်ပေါ့... ဒီနေရာမှာရှိတဲ့ မြင့်မြတ်တဲ့သူတွေအားလုံးကို တကယ်စိန်ခေါ်ချင်တာလား... မင်းက ဘာဆိုဘာမှမသိတဲ့ တောသားပဲ..."

ရှုချန်း ဒေါသထွက်သွားပြီး သူ့အားပြောသူကို လှမ်းကြည့်လိုက်၏။

"မြင့်မြတ်တဲ့သူဆိုတာ ဘာကိုပြောတာလဲ... ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပြောရရင်လည်း ခုနက မင်းပြောလိုက်တဲ့ လယ်သမားဆိုတဲ့ကောင်နဲ့ ယှဉ်နိုင်လို့လား... မင်းကိုယ်တိုင်ရှာထားတဲ့ ယူရို ဘယ်နှစ်ပြားရှိလို့လဲ... မေးဦးမယ်... မင်းကိုယ်မင်း ဘာလို့ မြင့်မြတ်တဲ့သူလို့ ပြောတာလဲ... မင်းမိသားစုနဲ့ လူ့အဖွဲ့အစည်းအတွက် ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲ... မင်းက သာမန်လူတွေထက် ဘာကိစ္စ ပိုပြီး မြင့်မြတ်နေရတာလဲ.... မင်းရဲ့ စိတ်နေစိတ်ထားပုံစံကြောင့်လား... ဟား ဟား..."

"မင်း..."

လူငယ်ဒေါသထွက်သွားသော်လည်း ပြန်လည်မချေပနိုင်ချေ။

မင်းသား ဝေလ်မျက်မှောင်ကြုတ်လိုက်ပြီး ...

"မြင့်မြတ်သူဆိုတဲ့ဘွဲ့က နိုင်ငံရဲ့တော်ဝင်မိသားစုက တရားဝင်ပေးထားတာ... မင်းက တော်ဝင်မိသားစုကို မေးခွန်းထုတ်ချင်တာလား... ဘာလဲ... တော်ဝင်မိသားစုကို မထီလေးစား လုပ်တာလား..."

ရှုချန်းက လေသံတိုးတိုးဖြင့် ...

"ငါ့ကို လာမထိတဲ့သူကို ကျုပ်မနှောင့်ယှက်ဘူး... ဒါပေမဲ့ ကျုပ်ကို လာထိရင်တော့ ကျုပ်ဒီတိုင်း ငြိမ်ခံနေမှာ မဟုတ်ဘူး... မီးပွင့်သွားမယ်..."

ထိုစဉ် အိမ်ရှေ့မင်းသားပါ ပြဿနာထဲ ဝင်လာ၏။

"ဒါ့ကြောင့် ဘုရင်မကြီးကို တွေ့တုန်းက မနှုတ်ဆက်ခဲ့တာလား... မစ္စတာရှု... မင်း နန်းတော်နဲ့ ဘုရင်မကို တကယ်ပဲ အရိုအသေမပေးချင်တာလား..."

အမြင့်တစ်နေရာတွင် ရှိနေသော အဘွားအိုကို ရှုချန်း မော့ကြည့်လိုက်၏။ စူးရှရှမျက်ဝန်းများဖြင့် ကြည့်နေသော ဘုရင်မကြီးကို ရှုချန်းကလည်း စူးရဲစွာ ပြန်စိုက်ကြည့်ပြီး ...

"စိတ်မကောင်းပါဘူး... ကျုပ်က ဟွာရှနိုင်ငံသားပါ... တခြားနိုင်ငံရဲ့ မင်းမျိုးမင်းနွယ်တွေရှေ့မှာ လုံးဝ ဒူးမထောက်ဘူး..."

"ဟွာရှ... ဟုတ်လား...."

ဘုရင်မကြီး မသိမသာ ရေရွတ်လိုက်မိသည်။

"မင်းပြောတဲ့ ဟွာရှဆိုတာ အာရှတိုက်ရဲ့ အနိမ့်ဆုံးနိုင်ငံတွေထဲက တစ်ခု မဟုတ်လား... ပွင့်ပွင့်လင်းလင်းပြောရရင် ဒုတိယကမ္ဘာစစ်ခေတ်တုန်းက မင်းတို့အားလုံးက ငါတို့ရဲ့အကျဉ်းသားတွေပဲ..."

သို့သော် ရှုချန်းက နည်းနည်းလေးပင် ခေါင်းငုံ့မခံဘဲ ဝံ့ကြွားသည့်လေသံဖြင့် ...

"ဒီလို သမိုင်းလှန်ရကြေးဆို လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀ လောက်က ကျုပ်တို့ ထန် မင်းဆက် တန်ခိုးထွားနေတဲ့အချိန်မှာ ခင်ဗျားတို့က စာမတတ် ပေမတတ် လူရိုင်းတွေပဲ ဖြစ်နေဦးမှာ... အလွန်ဆုံးဖြစ်လှမှ လယ်သမားအဆင့်ပေါ့..."

ရှုချန်းစကားကြောင့် ဗြိတိန်၏တော် ဝင်မိသားစုများနှင့် အကြီးအကဲများအားလုံး ဒေါသထွက်သွားကြ၏။

သို့သော် ရှုချန်း လုံးဝမကြောက်ပေ။

"ဟွာရှလူမျိုးတွေရဲ့ ခက်ခဲခဲ့တဲ့အချိန်တွေကို အမှတ်ရအောင်လုပ်ပေးတဲ့အတွက် ခင်ဗျားတို့အားလုံးကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျုပ်တို့ဟွာရှက အမြဲတမ်း တိုးတက်အားကောင်းလာဖို့ ကြိုးစားနေတဲ့ နိုင်ငံပါ... သမိုင်းကိုလည်း ရင်ဆိုင်ရဲတယ်... ဝေ့လူမျိုးတွေလို သမိုင်းကို ရင်မဆိုင်ရဲတဲ့သူတွေ မဟုတ်ဘူး... ဒါပေမဲ့ ဟွာရှရဲ့ နှစ်ပေါင်း ၅၀၀၀ သမိုင်းနဲ့ယှဉ်ရင်တော့ ခင်ဗျားတို့အားလုံးက ယဉ်ကျေးမှုမရှိတဲ့သူတွေပါ... ဒီလိုပြောရတဲ့အတွက် စိတ်မကောင်းပါဘူး... ကျုပ်တို့က ယဉ်ကျေးတဲ့နိုင်ငံမို့လို့ ခင်ဗျားတို့ပြောနေသလို တခြားတိုင်းတပါးသားတွေကို ငတုံးတွေ ငအ လယ်သမား တွေလို့ မခေါ်တတ်ပါဘူး... ဒါပေမဲ့ ကျုပ်တို့ကို ဒီလိုလာခေါ်ရင် စိတ်မဆိုးဘူးလို့ ပြောတာတော့ မဟုတ်ဘူးနော်..."

လင်ချူရွယ်ရော လင်ကွေ့ရန်ပါ ရှုချန်းကို ထိတ်လန့်တကြား ကြည့်နေမိ၏။ ဤကဲ့သို့ တော်ဝင်မိသားစုနှင့် အကြီးအကဲများရှေ့တွင် ရှုချန်း ရဲရဲတောက်ပြောဝံ့မည်ဟု သူတို့လုံးဝ ထင်မထားကြချေ။

ဤနေရာမှ ရှုချန်းတစ်ယောက် အသက်နှင့်ခန္ဓာမြဲလျှက် ထွက်သွားနိုင်ရေးကိုသာ လင်ကွေ့ရန် တွေးပူနေမိသည်။ အမှန်တော့ ပွင့်ပွင့်လင်းလင်းဆိုရလျှင် ရှုချန်း ဤကဲ့သို့ပြောသည်ကို သူ နှစ်ထောင်းအားရဖြစ်မိ၏။ သူသာ ဗြိတိန်တွင် အခြေချပြီး နိုင်ငံသား မခံယူခဲ့ပါက ရှုချန်းကဲ့သို့ ရဲရဲဝံ့ဝံ့ ပြောလျှင်ပြောနေပေလိမ့်မည်။

"ကိုယ်ရံတော်တွေ... တော်ဝင်မိသားစုကို မထီလေးစားလုပ်နေတဲ့ ဒီကောင့်ကို ဖမ်းပြီး သေဒဏ်ပေးပစ်စမ်း..."

မင်းသား ဝေလ်က ရှုချန်းကို လက်ညှိုးထိုးပြပြီး ကိုယ်ရံတော်များကို အမိန့်ပေးလိုက်၏။

လင်ချူရွယ်က ရှုချန်းရှေ့သို့ ချက်ချင်းပြေးဝင်လာပြီး ...

"သူ့ကို သတ်ချင်ရင် ငါ့ကိုအရင် သတ်လိုက်စမ်း..."

ထိုအချိန်တွင် ဘုရင်မကြီးက လက်မြှောက်လိုက်ပြီး ...

"နေဦး..."

ကိုယ်ရံတော်များအားလုံး တုံ့ခနဲ ရပ်သွား၏။

ဘုရင်မက ရှုချန်းကို ကြည့်၍ ပြုံးလိုက်ပြီး ...

"မင်းက သွေးဆူလွယ်တဲ့လူငယ်တစ်ယောက်ပဲ... မင်းတို့ဟွာရှကို တခြားနိုင်ငံတွေက နှိမ်တော့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတဲ့ မင်းလိုလူငယ်တွေ ရှိခဲ့တာပဲ... ဒါပေမဲ့ နောက်ဆုံးရလာဒ်က ဘာလဲ... အခုချိန်အထိ တခြားနိုင်ငံတွေရဲ့ အထင်သေးခြင်းကို ခံနေရတုန်းပဲ... မျိုးချစ်စိတ်ရှိတာ ကောင်းပေမဲ့ ဦးနှောက်ကိုသုံးဖို့လည်း မမေ့နဲ့ဦး... ဒီနေ့ ငါ့မွေးနေ့ဆိုတော့ သွေးထွက်သံယိုဖြစ်တာ မမြင်ချင်ဘူး... အခု မင်း ထွက်သွားလို့ရပြီ..."

ရှုချန်းကလည်း ခပ်ပြတ်ပြတ်ပင်။

"ခင်ဗျားရဲ့မွေးနေ့ကို ကျုပ်လာတာ မဟုတ်ဘူး... ကျုပ်မိန်းမကို အိမ်ပြန်ညစာစားဖို့ လာခေါ်တာ... စိတ်မကောင်းပါဘူး..."

ရှုချန်းက လင်ချူရွယ်ကို လက်ဆွဲ၍ ချာခနဲ လှည့်ထွက်သွား၏။

ထိုစဉ် ဘုရင်မ၏အမိန့်ပေးသံ ထွက်ပေါ်လာသည်။

"သူမကို ထားခဲ့..."

အခန်း ၂၈၃ ပြီး

Continue Reading

You'll Also Like

33.3K 490 16
Heidi Calvin hasn't had a fun Christmas since she was 10. She tries to act like Christmas was fun for her little brother Charlie. But then, one night...
264K 10.3K 32
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚
281K 13.6K 61
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
911K 31K 110
When Grace returns home from college, it doesn't go like she thought it would. With her past still haunting her everyday choices, she discovers a sid...