နတ်နဂါးစစ်သည်

By purefeather199

17.1K 1.5K 21

နတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရ... More

အခန်း 1+2 (ငါ ပြန်လာခဲ့မယ်)
အခန်း 3+4 (အရင်းနှီးဆုံး သူစိမ်း)
အခန်း 5+6(အခန်းဖော်)
အခန်း 7+8(အလှနတ်သမီး၏အခြွေံအရံများ)
အခန်း 9+10(ရှောင်ဖို့ပဲတတ်တာလား)
အခန်း 11+12(အဓိပ္ပါယ်မရှိတဲ့ အောက်ဆုံးစည်း)
အခန်း 13+14(အားလုံးကို ထိန်းသိမ်း)
အခန်း 15+16(ရှေ့နေများ၏အဝိုင်းခံရခြင်း)
အခန်း 17+18(ပျားရည်ထောင်ချောက်များပင် အလုပ်မဖြစ်)
အခန်း 19+20(ဒီခန္ဓာကတော့တစ်ခုခုမှားနေပြီ)
အခန်း 21+22(ချောင်ပိတ်မိခြင်း)
အခန်း 23+24(လိမ္မာပါးနပ်တဲ့ရဲ)
အခန်း 25+26(ရုတ်တရက်ရောက်လာသောသတင်းထောက်များ)
အခန်း 27+28(အနည်းငယ်ခံစားသွားရခြင်း)
အခန်း 29+30(မထိန်းချုပ်နိုင်သောစွမ်းအားများ)
အခန်း 31+32(ဂိုဏ်းလေးဂိုဏ်း၏နောက်ခံ)
အခန်း 33+34(၅ မိနစ်တည်းနဲ့ အမှောက်သိပ်မယ်)
အခန်း 35+36 (သူ့ကို ခေါ်သွားချင်ရင် ငါတို့ စည်းကမ်းအတိုင်း လုပ် ))
အခန်း 37+38( ပြဿနာဒုတ်ထိုးရှာသူ )
အခန်း 39+40(အကြီးအကဲများ)
အခန်း 41+42(ခွန်အား စမ်းသပ်မှု )
အခန်း 43+44(အမှတ်မထင် တိုက်ပွဲတခု )
အခန်း 45+46(အမျိုးသမီး နှစ်ဦးကြားမှ အလောင်းအစား )
အခန်း 47+48 (ငါ မဖမ်းရဲတဲ့သူ မရှိဘူး )
အခန်း 49+50 ( ပန်းကလေး၏ စောင့်ရှောက်သူများ ဒေါသထွက်ခြင်း )
အခန်း 51+52( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )
အခန်း 53+54 (သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )
55+56 (သေမင်းတမန် ထိုးသတ်ပွဲအား လက်ခံခြင်း )
57+58( ကြိုတင်ပြင်ဆင်ခြင်း )
59+60( အကဲဖြတ်မှု ( ၁ ) ( တုံ့ပြန်မှု အမြန်နှုန်း )
61+62(မျက်လုံးအုပ်၍ ပစ်ခတ်ခြင်း )
63+64(အားကုန်သုံးပြီး ငါ့ကို ထိုးစမ်းပါ...)
65+66(လုံးဝ အကြံပြုတယ်...)
67+68( စောင့်နေရတာ တန်ရဲ့လား.... )
69+70(အခြေအနေ)
71+72(သူ ငါ့ရည်းစားဖြစ်လာရစေမယ်)
73+74( မတူညီသော အတွေးကိုယ်စီ )
75+76(မခူးဆွတ်ရက်သောပန်းတစ်ပွင့်)
77+78(ဒီအရူးကောင်ကတော့)
79+80(ကြောက်မက်ဖွယ်ရာတို့၏အစ)
အခန်း ၈၁ (ငါတို့ မစ်ရှင်ကို နင်ဘယ်လိုသိတာလဲ)
အခန်း ၈၂ (ငါမင်းနဲ့ကစားမယ်)
အခန်း ၈၃ (လှည့်စားမှု)
အခန်း ၈၄ - ငါ့မှာ သဘောကျတဲ့သူ ရှိပြီးသား
အခန်း ၈၅ ( ရှုချန်း လုပွဲ )
အခန်း ၈၆( လင်ချူရွယ်အား ပိုးပန်းနေသူ )
အခန်း ၈၇ ( တဲဗက်စ် မိသားစုပိုင် ကာစီနိုသို့ အလည်တခေါက် )
အခန်း ၈၈( လောင်းကစားဟူသည် အနုပညာတမျိုး...)
အခန်း ၈၉(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )
အခန်း ၉၀ (အလောင်းအစား)
အခန်း ၉၁ ( ဒီကောင်လေး ပြောင်းလဲသွားပြီ )
အခန်း ၉၂ (စာစဥ် ၇) (အချစ်လေး... ကိုယ့်ကို ဖဲဆော့ဖို့ ပိုက်ဆံ နည်းနည်းချေး )
အခန်း ၉၃ (မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )
အခန်း ၉၄ ( အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု )
အခန်း ၉၅(ဒီခံစားချက်ကို လွမ်းတာ ကြာပြီ )
အခန်း ၉၆(ခေါင်းဆောင် ရဲ့ အမိန့်ကို နာခံ )
အခန်း ၉၇
အခန်း ၉၈ +၉၉
အခန်း ၁၀၀+၁၀၁
102+103
104+105
106+107
108+109
110+111
112+113
114+115
116+117
118+119
120+121
122+123
124+125
126+127
128+129
131+132
133+134
အခန်း ၁၃၅ ( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )
အခန်း ၁၃၆ ( ပုန်းလျှိုးကွယ်လျှိုး )
အခန်း ၁၃၇ ( မယုံနိုင်ဖွယ် ဖြစ်ရပ် )
အခန်း ၁၃၈ ( ရှန်ဝမ်ဆန်း )
အခန်း ၁၃၉ ( အဲဒီ ရှုချန်း အစစ်ပဲ... )
အခန်း ၁၄၀
အခန်း ၁၄၁
၁၄၂( အထီးဖြစ်ဖြစ် အမ ဖြစ်ဖြစ် ဂရုမစိုက်ဘူး )
၁၄၃( ဒီကလေးက ငယ်လွန်းသေးပါတယ်... )
၁၄၄( အသန်မာဆုံး B အဆင့် )
၁၄၅( လင်လဲ့ နေထိုင်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက် )
၁၄၆( လီတ့ဟွမ်၏ အဆုံးသတ် )
၁၄၇( ကျုပ်မသွားခင် တံခါးဝဂိုဏ်း လေးခုလုံးကို ရှင်းသွားမယ်...)
၁၄၈( လုပ်ရိုးလုပ်စဥ် အတိုင်း စစ်ဆေးမယ် )
၁၄၉( ဟဲထျန်း ၏ ဗျူဟာ )
၁၅၀( အားလုံးကို ဖမ်းဆီးထိန်းသိမ်းခြင်း )
၁၅၁( ကျုပ်တို့ သူဌေးက ခင်ဗျားကို စကား တစ်ခွန်းလောက် ပြောချင်လို့တဲ့... )
၁၅၂( ကျုပ်ကို ခြိမ်းခြောက်ခဲ့တဲ့သူတွေ အခု ဘာဖြစ်နေလဲ သိလား... )
၁၅၃( ညီလေး... စားနော်...)
၁၅၄( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )
၁၅၅( တကယ်ကို ထိုက်တန်ပါတယ်... )
၁၅၆(နောက်ယောင်ခံ လိုက်ခြင်း )
၁၅၇( ကျုပ် ရှာဖွေရေး ဝရမ်း လိုတယ် )
၁၅၈(ဖော်ထုတ်ခံရပြီ )
၁၅၉(အင်အားသုံး )
၁၆၀( ဟာကွက် အပြည့်နှင့် )
၁၆၁( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )
၁၆၂( အနာဂတ်မှာ မင်းဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ငါ တကယ်ကိုမြင်ချင်ပါတယ်...)
၁၆၃( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )
၁၆၄
၁၆၅( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)
၁၆၆( နင့်သူငယ်ချင်းက နင့် ယောက်ျားကို ဖွင့်ပြောလိုက်ပြီ...
၁၆၇( ရှန်ယောင် ချန်ခဲ့သော စာတစ်စောင် )
၁၆၈( ကတိ )
၁၆၉( ငါပြန်လာပြီ )
၁၇၀( မောက်မာသော လူသစ် )
၁၇၁( စီနီယာများနှင့် ဂျူနီယာများ အကြားမှ စစ်ရေးလေ့ကျင့်မှု )
၁၇၂( တစ်ကိုယ်တော် အစွမ်း )
၁၇၃( ဒီကောင် ဘာ အခွင့်အရေးမှ မရစေရဘူး )
၁၇၄( ပြည့်စုံသော လမ်းကြောင်း )
၁၇၅( မခုတ်တတ်တဲ့ကြောင် )
၁၇၆( စိတ်လှုပ်ရှားစရာ မရှိသလောက်ပါပဲ... )
၁၇၇( ငါတို့ TV အစီအစဥ် တစ်ခုမှ ပါရမယ် )
၁၇၈( ငါ လုပ်နိုင်တယ် )
၁၇၉( လင်ချူရွယ် )
၁၈၀( လေးလေးနက်နက် တွေးတောခြင်း )
အခန်း ၁၈၁( ထပ်ပြီးတော့ ရှုချန်းပဲလား... )
၁၈၂ + ၁၈၃( စစ်ဒေသ ငါးတွင် လူသစ်ကလေး ထင်တိုင်းကြဲရမည့် အလှည့် မရောက်သေးချေ...)
အခန်း ၁၈၄( အသက်တွေလည်း ကြီးပါပြီ... လှေကားက ဆင်းတာပဲ ကောင်းပါတယ်...)
အခန်း ၁၈၅ + ၁၈၆( မင်း မျက်ခွက် )
အခန်း ၁၈၇ + ၁၈၈(တစ်လောကလုံး နဲ့ စစ်ပြိုင်မယ် )
အခန်း ၁၈၉ + ၁၉၀( အရှက်မရှိ... )
အခန်း ၁၉၁ + ၁၉၂ + ၁၉၃( အမျိုးသမီး စစ်ယူနီဖောင်း )
အခန်း ၁၉၄ + ၁၉၅( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)
၁၉၆ + ၁၉၇( ခင်ဗျား ရုပ်ရှင် ရိုက်ရင်လည်း ဒီလို အက်ရှင်ကားမျိုး ရိုက်စမ်းဗျာ... )
အခန်း ၁၉၈+၁၉၉( နဖူးပြင်ထက်မှ အနမ်းပန်း တစ်ပွင့် )
အခန်း ၂၀၀+၂၀၁( ခေါင်းမာသူ )
အခန်း ၂၀၂ + ၂၀၃( အဲဒါ ငါ့အိပ်မက်ပဲ... )
အခန်း ၂၀၄ (မင်းက ဆရာကြီးပဲ... )
အခန်း ၂၀၅+၂၀၆( ပြင်းထန်သော ပြိုင်ဆိုင်မှု )
အခန်း ၂၀၇+၂၀၈( ပြည့်စုံသော အစပြုခြင်း တစ်ခု )
အခန်း ၂၀၉+၂၁၀(ပစ်ချက် )
၂၁၁ + ၂၁၂( အသံမထွက်အောင် ဘယ်လို လျှောက်လာတာလဲ... )
အခန်း ၂၁၃ + ၂၁၄( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)
အခန်း ၂၁၅ + ၂၁၆( သောက်ရမ်း မိုက်ချက်ပဲ )
အခန်း ၂၁၇ + ၂၁၈( ဒါဆို ငါ စ လှုပ်ရှားပြီ )
အခန်း ၂၁၉ + ၂၂၀( လူယုတ်မာ )
အခန်း ၂၂၁ + ၂၂၂(ခက်ခဲတဲ့ ပြိုင်ဘက် )
အခန်း ၂၂၃ + ၂၂၄(အရှက်မရှိ )
အခန်း ၂၂၅(မင်း ထပ်ပစ်ချင်သေးရင် ပစ်လေ )
အခန်း ၂၂၆ + ၂၂၇(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )
အခန်း ၂၂၈ + ၂၂၉(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ခြင်း )
အခန်း ၂၃၀ + ၂၃၁(ထိပ်တန်းအထူးအဖွဲ့ )
အခန်း ၂၃၂ + ၂၃၃(အဖွဲ့ နှစ်ခု အကြား ကွာြခားချက် )
အခန်း ၂၃၄ +​၂၃၅(ဆုပေးပွဲ )
အခန်း ၂၃၆ +​၂၃၇(ကျွန်မရဲ့ သခင်ကြီး ကာနယ် )
အခန်း ၂၃၈ +​၂၃၉ + ၂၄၀(ရည်ရွယ်ချက် ရှိရှိ )
အခန်း ၂၄၁ + ၂၄၂(ငါ သူ့ကို ယုံတယ် )
အပိုင်း - ၂၄၃ +၂၄၄(ဖယ်ရှားပစ်မယ် ( ၂ )
အပိုင်း - ၂၄၅ + ၂၄၆ + ၂၄၇( ငါ တောင်းပန်ဖို့ ရွေးချယ်တယ် )
အပိုင်း - ၂၄၈ + ၁၄၉(ငြင်းပယ်ခြင်း )
အပိုင်း - ၂၅၀ + ၂၅၁(ဒီကောင်လေး မဆိုးဘူးပဲ )
အပိုင်း ၂၅၂ + ၂၅၃( ကျုပ်က နဂါးတပ်ဖွဲ့ကို ကိုယ်စားပြုတယ် )
အပိုင်း ၂၅၄ + ၂၅၅( အရိပ်လက်သီး )
စာရေးသူ မှ ပြန်ကြားလွှာ
အပိုင်း ၂၅၆ + ၂၅၇( နှစ်လေး )
အခန်း ၂၅၈ + ၂၅၉( ငါ့ဇနီးလောင်းနဲ့ တစ်ခြားလူ လက်ထပ်သွားတော့ ငါဘယ်လို ခံစားရမလဲ )
အပိုင်း ၂၆၀ + ၂၆၁( တတိယမင်းသား၏ မဖြစ်စလောက် အကြံ )
အပိုင်း ၂၆၂ + ၂၆၃( စစ်ဆင်ရေးအောင်မြင်ခြင်း )
အပိုင်း ၂၆၄ + ၂၆၅( ကြားဖြတ်ခံရခြင်း )
အပိုင်း ၂၆၆ +​၂၆၇( ငါ ဒီမြို့က မပြန်တော့ဘူး )
အပိုင်း ၂၆၈ +​၂၆၉ + ၂၇၀( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )
အပိုင်း ၂၇၃ + ၂၇၄ + ၂၇၅( အဘိုးကြီးတောင် မင်းလောက် ချော့မသွင်းတတ်ဘူး )
အပိုင်း ၂၇၆ + ၂၇၇ + ၂၇၈(သူ့ကို ဒီမှာ ထိန်းသိမ်းထား )
အပိုင်း ၂၇၉ + ၂၈၀ + ၂၈၁( ညစာစားပွဲ )
အခန်း ၂၈၂ + ၂၈၃( ခင်ဗျားတို့ ဘယ်လောက်ရောင်းမှာလဲ... ကျုပ် အကုန်ဝယ်မယ်... )
အခန်း ၂၈၄ + ၂၈၅( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)
အခန်း ၂၈၆ + ၂၈၇ + ၂၈၈(နောက်ဆုံး )
အခန်း ၂၈၉ + ၂၉၀( သူမကိုယ်သူမ အပြစ်တင်ခြင်း )
အခန်း ၂၉၁ + ၂၉၂(မင်း သန္ဓေပြောင်းလူသား ဖြစ်လာလိမ့်မယ် )
အခန်း ၂၉၃ + ၂၉၄ + ၂၉၅( ကျုပ်လက်သီး တွေကို လုံးဝ ရပ်မရတော့ဘူး... )
အခန်း ၂၉၆ + ၂၉၇ + ၂၉၈( ချောက်ချခြင်း.... )
အခန်း ၂၉၉ + ၃၀၀( လျှိုထားမယ်.... )
အခန်း ၃၀၁+၃၀၂( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )
အခန်း ၃၀၃ + ၃၀၄( ရင်ဆိုင်ရန် မဖြစ်နိုင်သော )
အခန်း ၃၀၅+၃၀၆( ရှုချန်း ခြေရာ လိုက်နင်းဖို့ဆိုတာ...)
အခန်း ၃၀၇+၃၀၈( ခြိမ်းခြောက်ခြင်း )
အခန်း ၃၀၉+၃၁၀( ပွဲပြီးသွားပြီ )
၃၁၁+၃၁၂+၃၁၃( ရှုံးသူ ချီးစားကြေး )
အခန်း ၃၁၄+၃၁၅( ကျေးဇူးနော် ချူရွယ် )

အပိုင်း ၂၇၁ + ၂၇၂( ငါ့ကို သောက်ရှက်ခွဲနေတာလား )

52 3 0
By purefeather199

နတ်နဂါးစစ်သည်

အပိုင်း ၂၇၁

( ငါ့ကို သောက်ရှက်ခွဲနေတာလား )

လင်လဲ့က စုစုပေါင်း သန်း ၁၀၀ တန်ကြေးရှိသည့် ချပ်စ်ပြားအပုံလိုက်ကြီးအား စားပွဲပေါ် တင်ပေးလိုက်သည်။

ယခုတခေါက် မေးခွန်းခက်ခက်အား ဖြေဆိုရန် အလှည့်ကျလာသူမှာ စတီဗင် ဖြစ်လေ၏။ အကြောင်းက ကာစီနိုဘက်မှ ကိုယ်စားလှယ် (ဒိုင်) သည် ရှုချန်းဘက်တွင် ရှိနေသောကြောင့် ဖြစ်သည်။ ပြောရလျှင် ရှုချန်းမှာ ၎င်းတို့ ကာစီနိုရုံအတွက် ငွေမည်းခဝါချသည့် ဖောက်သည်တစ်ဦး ဖြစ်နေသည်။

ကိုယ်စားလှယ်အနေဖြင့် လက်ခံနိုင်သည့် ပမာဏ နည်းသည် ဖြစ်စေ၊ များသည် ဖြစ်စေ ရှုချန်းအား ကျိန်းသေပေါက် အလျော်ပေးကာ အရှုံးပေးမည် ဖြစ်၏။ စတီဗင်သာ ပေါ်မလာပါက ငွေကြေးခဝါချမှု မပြီးမချင်း ရှုချန်းအနေဖြင့် အပျော်အနေဖြင့်သာ ကာစီနိုရုံတွင်း လှည့်လည် ကစားနေရပေမည်။

ယင်းမှာ ကာစီနိုရုံ၏ နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ဖောက်သည်ကြီး ရှုချန်း ခဝါချမည့် ငွေပမာဏအား ကာစီနိုရုံတွင်း အနိုင်ရသွားသည့် ငွေများအဖြစ် ဟန်ဆောင်ရင်း ရှုချန်း၏ ဘဏ်အကောင့်ထဲ ကာစီနိုရုံမှ ထည့်သွင်းပေးလိုက်မည်လည်း ဖြစ်သည်။ ငွေလွှဲပြောင်းသည့် ဖြစ်စဉ်အား စတီဗင်က တစ်ဝက်တပျက်မှ ချီးထုပ်ပမာ ဝင်ရောက်နှောင့်ယှက်နေမှန်း သိသာလှ၏။

ဖောက်သည်၏ သဘောဆန္ဒအတိုင်း ဆော့ကစားသည့် ငွေပမာဏကို ကာစီနိုရုံဘက်မှ တာဝန်ယူစရာလည်း မလိုချေ။ ထို့ကြောင့် ဖောက်သည်များ ငွေမည်းခဝါချသည့် အကြိမ်တိုင်း ကာစီနိုရုံမှ အထူး ဧည့်သည်တော်ခန်း အတွင်း ဝင်ရောက်စေကာ လောင်းကစားခွင့် ပြုနေခြင်း ဖြစ်သည်။ ထိုသို့ ဆော့ကစားနေစဉ်အတွင်း မျက်နှာစိမ်းဧည့်သည်များကို လုံးဝ အဝင်မခံခဲ့ချေ။

မှန်ပေသည်။ ငွေကြေးခဝါချရန်အတွက် လောင်းကစားနေမှန်း မသိဘဲ မတော်တဆ ဝင်လာသူများကို ငြင်းလွှတ်ရသည်မှာ ခက်ခဲပေသည်။ ဖောက်သည်တစ်ဦးတလေ သံသယဝင်ပြီး သတင်းပျံ့နှံ့သွားပါက ကာစီနိုရုံမှာ ငွေကြေးခဝါချမှုအတွက် စောင့်ကြည့် စစ်ဆေးခံရတော့မည် ဖြစ်သည်။

သို့သော် ယခုလောလောဆယ်၌ မည်သူတစ်ဦးတစ်ယောက်မျှ မလာလျှင်ပင် မျက်စိမှိတ် အနိုင်ပေးနေသော ကိုယ်စားလှယ်အား ရှုချန်းမှာ မျက်နှာပြောင်တိုက်၍ ကြေးတိုး ဆော့ကစားနေဦးမည် ဖြစ်သည်။

အကြောင်းမှာ ယူရို ၁.၀၅ ဘီလီယံသည် သူ့ယောက္ခထီး ကုမ္ပဏီလိုအပ်နေသော ယူရို ၃ ဘီလီယံ ပမာဏအား ပြည့်မှီရန် အပုံကြီး လိုသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကစားဝိုင်းသို့ လူမပြောနှင့် ပိုက်ဆံပိုက်ထားသည့် ခွေးပင်လာလာ ရှုချန်းက ဝမ်းပန်းတသာနှင့် လက်ဆန့်တန်း၍ ကြိုဆိုနေဦးမည် ဖြစ်၏။

'ပိုက်ဆံသာ ပါလို့ကတော့ လူမပြောနဲ့ ခွေးပဲလာလာ ... ကြိုက်တဲ့သူလာစမ်းကွာ'

ရှုချန်း၏ အမြင်၌ စတီဗင်ကဲ့သို့သော လူများသည် ကာစီနိုရုံတကာ လှည့်၍ အလှူပေးနေသော ဇောတိက သူဌေးလောင်းလျာကြီး ဖြစ်ကြလေ၏။

ထိုအချိန်၌ နောက်ထပ် လောင်းကစား ကဝေတစ်ဦး ထပ်မံ ဝင်ရောက်လာပြန်သည်။ ထိုသူသည်လည်း ခေါင်းကိုအတွင်းသို့ ပြူကြည့်လိုက်သည်နှင့် ကစားရန်ဟန်ပြင်နေသော ရှုချန်းတို့ လူတစ်သိုက်ကို မြင်တွေ့သွားသည်။ တွန်းလှည်းပေါ်မှ ချပ်စ်ပြား အမို့အမောက်ကြီးကို ကြည့်ရင်း သူ အားရပါးရ ရယ်မောကာ ပြောလိုက်သည်။

"နောက်ဆုံးတော့ ကြေးကြီးတဲ့ ဝိုင်းကို တွေ့ပြီဟေ့"

ထို့နောက် ဆေးပြင်းလိပ်ကြီးတစ်လိပ်ကို ခဲလျက် အခန်းတွင်းသို့ ဝင်လာလေသည်။

ရှုချန်းမှာ သရုပ်ဆောင်ကောင်းလှသော ထိုသူနှစ်ဦး၏ အက်တင်များကို ကြည့်ရင်း အောချမိလေ၏။ ထိုသူနှစ်ဦး၏ သရုပ်ဆောင် အရည်အသွေးမှာ အနည်းဆုံး ရှန်ယောင်ထက် သာလေသည်။

"ရှန်ချန်းမြို့မှာ သူ လုပ်ပြခဲ့တဲ့ စွမ်းဆောင်ရည်တွေကို ကြုံတွေ့ပြီးတဲ့နောက် သူ့ကို အထူးသတိထား စောင့်ကြည့်ခဲ့တယ်။ ရှန်ချန်းမြို့က မြေအောက်ငွေတိုက်ခွဲတစ်ခုဟာ သူ့ကြောင့် ဒေါ်လာ ၂ ဘီလီယံကျော် ဆုံးရှုံးဖူးတယ်။ ဒါကြောင့် သူ့ကို လုံးဝ အထင်သေးလို့ မရဘူး။ စောနကတင် စတီဗင်ရဲ့လက်ကို ကြည့်ပြီး ဖဲကဝေတစ်ဦးလို့ သံသယဝင်ခဲ့တယ် မဟုတ်လား။ ဒီတော့ လောင်းကစား ကဝေနှစ်ဦးနဲ့မှ စိတ်ချရမှာပေါ့။ ဒါပေမဲ့ ခင်ဗျားဆီက လောင်းကစား ကဝေနှစ်ဦးက အစွမ်းရော ထက်ရဲ့လား"

မန်နေဂျာက ခေါင်းညိတ်ပြလိုက်သည်။

"စိတ်မပူပါနဲ့ ... သူတို့နှစ်ယောက်က ရုံရဲ့ အတော်ဆုံး လောင်းကစားကဝေနှစ်ဦးပါ။ နှစ်ယောက်စလုံးက ဖဲချပ်တွေနဲ့ ပတ်သက်ရင် မှော်အောင်ကြတဲ့လူတွေချည်းပဲ။ မစ္စတာရှု ကို မပြောဘဲ ဒီဝိုင်းမှာ တစ်ခြား နာမည်ကျော် လောင်းကစားကဝေ တစ်ယောက်ယောက်နဲ့ ယှဉ်ပြိုင်ရမယ် ဆိုရင်တောင် သူတို့နှစ်ဦးကို အသာစီးရဖို့ လုံးဝ မဖြစ်နိုင်ဘူး"

ပိုင်ရီ က "လိမ်လည်လှည့်ဖြားတဲ့ နေရာမှာရော သူတို့နှစ်ယောက်က စိတ်ချရရဲ့လား"

မန်နေဂျာ၏ မျက်နှာ မည်းနက်သွားသည်။

"မစ္စတာ ပိုင်ရီ ... တကယ်လို့ အခုရောက်နေတဲ့ ကဝေနှစ်ဦး လိမ်ညာနေတာ ပေါ်သွားမယ်ဆိုရင် သူတို့ရဲ့ နာမည်ဂုဏ်သတင်းလည်း ပျက်စီးသွားမှာပါ။ လက်ဗီးဂတ်စ်မှာ ကျုပ်တို့နဲ့ ပြိုင်နေတဲ့ ကာစီနိုရုံတွေ အများကြီး ရှိတယ်။ ဒီလို လက်တလုံးခြား ဖျံကျတဲ့ကိစ္စသာ ပေါ်သွားလို့ကတော့ ကျုပ်တို့ စီးပွားရေး ဒုတ်နဲ့အထိုးခံရသလို ဒုက္ခရောက်သွားမှာပေါ့"

လိမ်လည်လှည့်ဖြားခြင်းသည် လောင်းကစားလောက၌ အယုတ်မာဆုံး အပြုအမူ ဖြစ်၍ လိမ်လည်လှည့်ခြားခြင်း အရာ၌ ပိုမို ကျွမ်းကျင်လေ တစ်ဖက်လူအား လိမ်နေမှန်း မသိအောင် လှည့်ဖြားနိုင်လေပင် ဖြစ်သည်။

လောင်းကစား ဆိုသည်မှာ လိမ်လည်လှည့်ဖြားသူ (လူလိမ်) တို့နှင့် တနေ့မဟုတ်တနေ့ တွေ့နိုင်သည့် နေရာ ဖြစ်သည်။ ထိုသို့ ဆုံတွေ့လာပါက လောင်းကစား ကဝေတစ်ဦးသည် လူလိမ်တစ်ဦးအား အသာကလေး အနိုင်ယူနိုင်၏။ သို့မဟုတ်လျှင်လည်း ထိုလူလိမ်၏ လှည့်ကွက်များကို အသာကလေး ထွင်းဖောက်မြင်နိုင်လေသည်။

လက်ဗီးဂတ်စ်ကဲ့သို့ လောင်းကစားရုံ အမြောက်အမြား ရှိ၍ လောင်းကစားသမားများသာ မင်းမူသော နေရာမျိုး၌ ကစားသမားများသည် လူလိမ်များအား ပိုပို မုန်းတီးလာကြ၏။ လူလိမ်များမှာ တစ်ကြိမ်တစ်ခါ ကံကောင်းလျှင် ငွေအမြောက်အမြားနှင့် ပွပေါက်တိုးနိုင်သော်လည်း လူလိမ်မှန်း သိသွားသည်နှင့် စွန့်ပစ်ခံ အလောင်းတလောင်းအဖြစ်သာ အဆုံးသတ်သွားရမည် ဖြစ်သည်။

ထိုအချိန်၌ နောက်ထပ်လူတစ်ဦးက တည်ငြိမ်သော အမူအရာနှင့် သူတို့အခန်းရှိရာသို့ လျှောက်လာပြန်၏။ ထိုသူက လက်သီးခပ်ဖွဖွ ဆုပ်ထားသော်လည်း ရှုချန်း၏ ဖောက်ထွင်းမြင်နိုင်သော စွမ်းရည်ကြောင့် လက်ဖဝါးမှ အသားမာများကို မြင်တွေ့လိုက်ရသည်။

"နောက်တယောက် ရောက်လာပြန်ပြီ"

ရှုချန်းမှာ တစ်ကိုယ်တည်း ကြားရုံ ရေရွတ်မိလိုက်သည်။

ပိုင်ရှန်းက စူးစမ်းလိုဟန်နှင့် မေးလိုက်သည်၊။

"မင်း ဘာပြောလိုက်တာလဲ"

"ဘာမှမဟုတ်ပါဘူး"

ရှုချန်းက ဘာမှမဖြစ်သလိုနှင့် ပြုံးပြရင်း ပြန်ဖြေလိုက်၏။

"တံခါးကို တစ်ယောက်ယောက်က ပိတ်ပြီး ခွေးတွေ စီခနဲ လွှတ်လိုက်လို့ပါ"

ပိုင်ရှန်းမှာ ရှုချန်း ပြောလိုသည့် စကားအဓိပ္ပါယ်ကို နားမလည်ချေ။ သူ စိတ်ဝင်စားသည်မှာ တစ်ခုတည်း ရှိ၏။

"မင်း ငါ့ကို ပေးစရာအကြွေး ၁ သောင်း ရှိသေးတယ်နော် ... မှတ်မိလား"

သူ စကားမဆုံးခင်မှာပင် ရှုချန်းက ၂ သောင်းတန် ချပ်စ်ပြားများကို သူ့လက်ထဲသို့ ထည့်ပေးပြီး ပြောလိုက်သည်။

"မနေ့ညက ကျွန်တော့်အတွက် အကောင်းဆုံး ကားမောင်းဆရာကြီး ဖြစ်ခဲ့တဲ့ ခင်ဗျားရဲ့ စွမ်းဆောင်မှုအတွက် အကြွေးအပြင် ဘော်ဒါကြေး ... ဟောဒီမှာ စုစုပေါင်း ၂ သောင်းဗျာ"

ပိုင်ရှန်း "မင်းလုပ်ပုံက ငါ့ကို သောက်ရှက်ခွဲနေသလိုပဲနော် ... ဟေ့ကောင်"

ရှုချန်းက နောက်ထပ် ၅ သောင်းတန် ချပ်စ်ပြားများကို ယူရင်း သူ့လက်ထဲ ထပ်ထည့်ပေးလိုက်ပြန်သည်။

"ကဲ ... ဒီလောက်ဆို အရှက်ကွဲဖို့ လုံလောက်ပြီလား"

ပိုင်ရှန်း

"မလောက်သေးဘူး။ ကျေးဇူးပြုပြီး သောက်ရှက် ပိုများများ ခွဲပေးစမ်းပါကွာ"

ရှုချန်း "..."

"သောက်ကျိုးနည်း ... ငါ့ထက် သောက်ရှိပိုမရှိတဲ့လူပါလားဟ"

ထိုအချိန်၌ လင်လဲ့က နောက်ဆုံးဝင်လာသည့် လူသစ်၏မျက်နှာကို ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေဟန်နှင့် မေးလိုက်သည်။

"ငါ မင်းကို တွေ့ဖူးသလိုပဲ"

ထိုလူ၏ မျက်နှာ မသိမသာ ပြောင်းလဲသွား၏။ ကာစီနိုရုံသို့ မကြာခဏ လာရောက် ဆော့ကစားတတ်သည့် ပုံမှန်ဖောက်သည်မျိုး ဆိုပါက ထိုသူအား အလွယ်ကလေး မှတ်မိပေမည်။

ထို့ကြောင့် ကာစီနိုရုံ၏ လောင်းကစားကဝေတစ်ဦးမှန်း ရိပ်မိသွားမည်ကို စိုးရိမ်သွားသော ထိုလူက လင်လဲ့အား ပြောလိုက်သည်။

"ခင်ဗျားကိုတော့ မမြင်ဖူးဘူးဗျ။ တစ်ယောက်ယောက်နဲ့ လူမှားနေပြီနဲ့ တူတယ်။ ကျုပ်နာမည်က ဂျက်ပါ"

လင်လဲ့မှာ သူ့မှတ်ဉာဏ်များကို ပြန်လည် ပုံဖော်ကြည့်လေ၏။

ထိုသူ့အကြောင်း ဆက်လက် မစဉ်းစားစေလိုသောကြောင့် ရှုချန်းက ရယ်မောပြီး ရုတ်တရက် ဝင်ပြောလိုက်သည်။

"မင်း တစ်ယောက်ယောက်နဲ့ လူမှားနေတာ နေမှာပါ။ ကဲ လာ ... ကစားရအောင်"

စတီဗင်နှင့်ဂျက်တို့ အကြည့်ချင်း ဖလှယ်မိကြသည်နှင့် အနေအထားကို မပြောဘဲ နားလည်သွားကြလေသည်။

ဘွင်းဘွင်းကြီး အကြည့်ချင်း ဖလှယ်နေကြသည့် ထိုသူနှစ်ဦးကို ကြည့်ရင်း ရှုချန်းမှာ ဘာမှမပြောနိုင်တော့ဘဲ ပြုံးရုံသာ ပြုံးနေလိုက်တော့၏။

ဂျက်လည်း ဝိုင်းထဲသို့ ဝင်ထိုင်ပြီး မေးလိုက်သည်။

"ခင်ဗျားတို့ ဘာကစားကြမှာလဲ"

ရှုချန်းက ပခုံးတွန့်ရင်း "ဘာဖြစ်ဖြစ်ပါ ... ပိုပျော်ဖို့ကောင်းတဲ့ ကစားနည်းတစ်ခုခုပေါ့ဗျာ"

ဂျက် "ကျုပ်လည်း ဘာဖြစ်ဖြစ်ပါပဲ"

ဂျက်၏ လေသံက လုံးဝ ပုံမှန်ဆန်လွန်းသည်။ မိမိ၏ စွမ်းဆောင်ရည်အပေါ် လုံးဝဥဿုံ ယုံကြည်မှုရှိသော လူမျိုးသာ ထိုလေသံမျိုးနှင့် ပြောထွက်ကြမည် ဖြစ်၏။ သူစကားကြောင့် သူ့အကြောင်း ပေါ်သွားမှန်း ဂျက်တစ်ယောက် မရိပ်မိချေ။ သို့သော် ဝင်လာကတည်းက သံသယရှိသော ရှုချန်းမှာ ဂျက်အား လောင်းကစား ကဝေတစ်ဦးမှန်း အသေအချာ အတည်ပြုလိုက်လေတော့၏။

"ဒါဆိုရင်လည်း မြေရှင်ကို တိုက်ခိုက်ခြင်း ကစားကြတာပေါ့"

ရှုချန်းက ဝင်ပြောလိုက်၏။

စတီဗင်နှင့်ဂျက်တို့နှစ်ဦးစလုံး ဘာပြောရမှန်း မသိ၍ ဆွံ့အသွားကြသည်။

"ဘာ ... မြေရှင်အား တိုက်ခိုက်ခြင်း ဟုတ်လား။ အဲဒါ ဘာဂိမ်းလဲဗျ"

ရှုချန်းက အားရပါးရ ရယ်မောရင်း "ကျုပ်တိုင်းပြည်မှာတုန်းက ကစားနေကျ ဂိမ်းလေးတစ်ခုပါ"

စတီဗင်တို့နှစ်ဦးမှာ ကြောင်နနနှင့် ပြန်ပြောလိုက်၏။

"ကျုပ်တို့ အဲဒီကစားနည်းကို မဆော့တာ ပိုကောင်းမယ်နဲ့ တူတယ်"

ရှုချန်း ...

"ဒါဖြင့်လည်း ရွှေပန်းကြော်ဂိမ်းပဲ ကစားကြမလား"

လောင်းကစားကဝေနှစ်ဦးစလုံး နောက်တစ်ကြိမ် ရင်ထိတ်သွားပြန်၏။

"ဘာကြော် ... ခင်ဗျား ဘာတွေ ပြောနေတာလဲ"

ရှုချန်းက "ဒါဖြင့်လည်း ၁၀ ... ၃၀ ဆိုရင်ကော"

ဂျက်နှင့်စတီဗင်တို့နှစ်ယောက်မှာ ရှုချန်းအား တကယ်ကြီး ပါးထရိုက်ချင်နေလေပြီ။

ပါးစပ်အဟောင်းသားနှင့် သူ့အား ကြောင်ငေးကြည့်နေသော ဂျက်တို့နှစ်ဦးကို ကြည့်ရင်း ရှုချန်းက သက်ပြင်းချကာ ပြောလိုက်သည်။

"လက်ဗီးဂတ်စ်မှာ ကစားစရာဂိမ်း များများစားစား မရှိတဲ့ ပုံပါလား။ ကျုပ်က အပီ အားခဲထားတာ"

ယခုတစ်ချိန် ရှုချန်းအား ပါးတကယ် ထရိုက်ချင်သူမှာ ကာစီနိုရုံမှ ဒိုင်ကိုယ်တိုင် ဖြစ်လေတော့၏။

"ကောင်းပါပြီ ... ကောင်းပါပြီဗျာ ... ကျုပ်က ခင်ဗျားတို့ကို သက်သက်နောက်နေတာပါ။ ကဲ ... 'တက်ဆက် ဖမ်းဆုပ်ခြင်း' ကစားကြစို့။ ဒါပေမဲ့ ကျုပ်က အလျင်လိုနေတော့ လောင်းကြေးကို အနည်းဆုံး ၂၀ မီလီယံ ထားဆော့မယ်။ တစ်ကြိမ် လောင်းကြေးတိုးရင် အနည်းဆုံး ၅၀ မီလီယံ တိုးကြေး။ တကယ်လို့ အခုကျုပ်ပြောသလို ကစားမယ်ဆိုရင် ကျုပ် ဆက်ဆော့မယ်။ မဟုတ်ရင်တော့ အခုပဲ ထွက်သွားတော့မယ်"

ရှုချန်းက မျက်နှာပေါ်မှ အပြုံးကို ပြန်ရုတ်သိမ်းပြီး လွန်စွာ လေးနက်သော အမူအရာနှင့် ပြောလိုက်၏။

စတီဗင်နှင့်ဂျက်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြန်၏။ ပြီးလျှင် သူတို့နှင့်အတူ ဝင်လာသော အစောင့်အား မသိမသာ ခိုးကြည့်လိုက်သည်။ သူတို့ခန္ဓာကိုယ်တွင် စကားပြောစက် မိုက်များ မတပ်လာသည့်အပြင် မြင့်မားလှသော လောင်းကြေးအတွက် ပိုင်ရီ ၏ ခွင့်ပြုချက်ကို တောင်းခံရန်လည်း လိုအပ်နေသေး၏။

တခြားတစ်ဖက်မှ ပိုင်ရီ က မိုက်ခ်အနားကပ်ကာ ပြောလိုက်သည်။

"လုပ်စမ်းကွာ။ ချကြတာပေါ့"

ပေးလိုက်သည့် အမိန့်ကို ရသည်နှင့် အစောင့်က သူ့အား မသိမသာ အကဲခတ်ကြည့်နေသော စတီဗင်တို့နှစ်ဦးအား ခေါင်းညိတ်ပြလိုက်လေသည်။

ထိုအခါမှ စတီဗင်နှင့်ဂျက်တို့လည်း ပခုံးတွန့်ရင်း ဟန်ပါပါနှင့် ပြန်ဖြေလိုက်လေတော့သည်။

"ရတယ်လေ ... ကစားကြတာပေါ့"

အခန်း ၂၇၁ ပြီး

နတ်နဂါးစစ်သည်

အပိုင်း ၂၇၂

( မေးမေးပြီးရိုက် )

ကာစီနိုရုံမှဒိုင် က ကဒ်များ စတင် ကိုင်တွယ်လိုက်ချိန် လင်လဲ့မှာ တစ်စုံတရာကို ရုတ်တရက် သတိရသွားလေ၏။ သူက ရှုချန်းအနားကပ်ပြီး တိုးတိုးကလေး ပြောလိုက်သည်။

"ယောက်ဖ ... ငါ အခုမှတ်မိပြီ။ အဲဒီလူနာမည်က ဂျက် မဟုတ်ဘူး။ သူက ဒီကာစီနိုရုံက ထိပ်တန်း လောင်းကစား ကဝေတစ်ဦးပဲ"

သူတို့နှစ်ဦးမှာ တရုတ်ဘာသာနှင့် အချင်းချင်း ပြောဆိုနေကြသည် ဖြစ်၍ ကျန်လူများမှာ ဘာမှ နားမလည်ကြချေ။ ရှုချန်းက သူ့ဆီရောက်လာသည့် ကဒ်နှစ်ကဒ်ကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။

"ငါ သိတယ်"

"သိရင် ဘာဖြစ်လို့ သူတို့နဲ့ ဆက်ဆော့နေရသေးသလဲ။ သူက လောင်းကစား ကဝေတစ်ယောက်ဗျ သိလား"

လင်လဲ့မှာ ဘာပြောရမှန်း မသိအောင် ဖြစ်သွား၏။

"ဒီလူတွေက ကဝေဘဝ မရောက်သေးပါဘူး။ ပြီးတော့ သူတို့ လိမ်လို့လည်း ရမှမရတာ။ ဒီတော့ ဘာကြောက်စရာ ရှိလို့လဲ"

လင်လဲ့မှာ ရယ်ရမလား၊ ငိုရမလားပင် မသိတော့ချေ။

"ယောက်ဖ ... မင်းဆိုတဲ့ကောင်က ချီးထုပ်ကျလွန်းတော့ ငါ အတော် လန့်နေပြီနော်"

ရှုချန်းက ရယ်မောလိုက်သည်။

"မင်းကို ငါနဲ့အတူ လိုက်ခိုင်းတဲ့အကြောင်းရင်းက ရလာတဲ့ငွေတွေကို ကုမ္ပဏီအကောင့်ထဲ လွှဲပြောင်းပေးဖို့ပဲလေ။ တစ်ခြား ဘာမှ လုပ်စရာမှ မလိုတာ"

လင်လဲ့မှာ အံ့ကိုတင်းတင်းကြိတ်ရင်း ပြောလိုက်၏။

"ယောက်ဖ ... မင်းသာ ပိုက်ဆံ ၃ ဘီလီယံ တကယ် ရှာနိုင်လို့ကတော့ ငါ့အစ်မ လင်ချူရွယ်က မင်းကို မယူဘူးဆိုရင်တောင်ကွာ ... ကုန်ကုန်ပြောမယ်။ ငါ့အစ်မနဲ့ မောင်နှမဘဝကို ဖြတ်ပြီး မင်းရဲ့ ညီလေး လုပ်ပေးမယ် ဟုတ်ပြီလား"

ရှုချန်း "မင်းရဲ့ ဒီစကားက လုံးဝ ဟက်ထိတယ်ကွာ"

ပိုင်ရှန်းက ရှုချန်း၏ ခေါင်းကို ဖျတ်ရိုက်ရင်း "ဟေ့ကောင် ... ဖဲကို အာရုံစိုက်"

ဒိုင်ဖြစ်သူက လူတိုင်း၏လက်မှ ပထမဆုံးကဒ်ကို လှန်ပြလိုက်သည်။

ရှုချန်းလည်း ရထားသည့် နှစ်ကဒ်ကို ကြည့်ပြီး ဘာမှမထူးဆန်းသလို ဟန်ဆောင်နေလိုက်သည်။ ထိုလောင်းကစား ကဝေဆိုသူနှစ်ဦး၏ သရုပ်ဆောင်ပုံမှာ ပြစ်ချက်များစွာနှင့် သိသာလွန်းနေ၏။

သူတို့ပုံစံက ရှုချန်းအား သူငယ်နှပ်စားလေးပမာ ဆက်ဆံနေလေသည်။ စီမံခန့်ခွဲရေး ဌာနက သူတို့အား လာခေါ်စဉ် လောင်းကစား ကဝေတစ်ချို့ သို့မဟုတ် ဆရာကျသော ပရိုများနှင့် ယှဉ်ပြိုင် ဆော့ကစားရလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ ဆရာကျလွန်းသော ပြိုင်ဘက်ကြောင့် ဆရာကျလွန်းသော သူတို့နှစ်ဦးကို ရုံက ပွဲထုတ်ခဲ့သည်။

သို့သော် ယခုတော့ ...

အာရှသားတဲ့လား ...။

ရှုချန်းက ကဒ်များကို ကြည့်လိုက်၏။ စပိတ် ၁ နှင့် ထောင့် ၂ ...။

ထောင့် ၂ ဖဲကဒ်ကို မြင်လိုက်ရချိန် ရှုချန်းမှာ တံတွေးပင် နင်လုမတတ် ဖြစ်သွား၏။

ထို့နောက် ကျန်လူနှစ်ဦးအား သူ တလှည့်စီ အကဲခတ်ကြည့်လိုက်သည်။ စတီဗင်တွင် ဟက် ဂျက်နှင့် ထောင့် ၆ တို့ ရှိနေပြီး ဂျက်မှာ ၅ နှစ်ကဒ်အပူးနှင့် ဖဲကောင်းနေသည်။

ကစားသမားတစ်ယောက်ချင်းစီအတွက် ပထမဆုံးကဒ်အား ဒိုင် လှန်ပေးလိုက်၏။ ရှုချန်းက ဟက် ၂ ကို ရပြီး စတီဗင်က စပိတ် ဂျက်ကို ရသွားသည်။ ဂျက်မှာမူ ဟက် ၆ ကို ရသွားလေ၏။

ဒိုင်က ဖဲအပွင့်များကို ကြည့်ရင်း စတီဗင်အား လှမ်းပြောလိုက်သည်။

"စပိတ် ဂျက် ... စခေါ်ပါ"

စတီဗင်တွင် ဂျက်နှစ်ကဒ်နှင့် ၆ တစ်ကဒ် ရှိနေပြီ ဖြစ်၏။ ၎င်းမှာ ပါဝါမြင့်ပြီး လွန်စွာ ကောင်းသည့် ဖဲကဒ်များ ဖြစ်သည်။

"သန်း ၅၀"

ဂျက် လိုက်ရမည့် အလှည့် ဖြစ်သည်။ သူ့တွင် ၅ ပူးနှစ်ကဒ် ရှိနေပြီ ဖြစ်ရာ လုံးဝ ကျော်ပေးစရာ အကြောင်း မရှိချေ။ သို့နှင့် သန်း ၅၀ တန် ချပ်စ်ပြားများကို စားပွဲပေါ် ပစ်တင်ပြီး ပြောလိုက်၏။

"လိုက်တယ်"

ရှုချန်းမှာ ဒိုင်ဖြစ်သူ၏ စားပွဲကို အကဲခတ်ရင်း နောင်ကျလာမည့် ဖဲကဒ်များကို တွက်ဆကြည့်လိုက်သည်။

နောက်အလှည့်များတွင် ရှုချန်းမှာ ဟက် ၇ နှင့် ၁ ကဒ်များ ရလာမည် ဖြစ်သည်။ ထိုအခါ သူ့တွင် ၁ နှစ်ကဒ်ပူး၊ ၂ နှစ်ကဒ်ပူးနှင့် ဟက် ၇ တစ်ကဒ် ရှိနေလိမ့်မည်။

စတီဗင်မှာ ထောင့် ဂျက်နှင့် ဟက် ၃ ရလာမည် ဖြစ်ရာ ဂျက်သုံးလုံး ဖြစ်သွားပေမည်။ ၎င်းမှာ အတော်အတန် ပါဝါကြီးသည့် ဖဲကဒ် ဖြစ်၏။

သို့သော် ပို၍ စိတ်ဝင်စားစရာ ကောင်းသည်က ဂျက်လက်ထဲမှ ဖဲကဒ်များ ဖြစ်သည်။ သူက ၇ တစ်ကဒ်နှင့် ၈ တစ်ကဒ် ရလာမည် ဖြစ်ရာ သူ့တွင် ၅,၅,၆,၇ နှင့် ၈ ကဒ်များ ဖြစ်နေမည် ဖြစ်၏။

ထိုအချိန် ရောက်လျှင် ဂျက်မှာ ဟန်ဆောင်ကြေးခေါ်လိမ့်မည်။ အကယ်၍ အပေါ်ယံ လှန်ပြရသည့် ကဒ်သုံးကဒ်မှာ ၆,၇ နှင့် ၈ တို့ ဖြစ်နေပါက ဂျက်အတွက် စထရိန့် (စီနီယာ) ဖြစ်နိုင်ချေ လွန်စွာ မြင့်မားသည်ဟု ကျန်လူများ တွက်ဆမိပေမည်။ ထိုအခါ ဂျက်သုံးလုံး ကိုင်ထားသည့် စတီဗင်မှာ ဂျက်၏ လှည့်ကွက်ကို ယုံပြီး နောက်ပြန်ဆုတ်လေ မလားဟု ရှုချန်း သိချင်လာမိ၏။

သို့ဆိုလျှင် ၅ ပူးနှစ်ကဒ်သာ ရှိသည့် ဂျက်အား ၁ ပူးနှစ်ကဒ်နှင့် ရှုချန်းက အသာအယာ နိုင်သွားပေမည်။ သူ တွေးသည့်အတိုင်း ဖြစ်မဖြစ် ရှုချန်း အတော်ကလေး သိချင်လာမိ၏။

သူက မျက်ခုံးပင့်ရင်း "ကျုပ်လည်း လိုက်တယ်"

ဒိုင်က အားလုံးအတွက် ဒုတိယကဒ်ကို လှန်ပြလိုက်၏။

ရှုချန်း ကြိုတင်ခန့်မှန်းထားသည့် အတိုင်းပင်။ သူက ၇ ကဒ်ကို ရပြီး စတီဗင်က ဂျက်ကဒ်ကို ရသွား၏။

ဂျက်မှာမူ ၇ ကဒ်ကို ရသွားလေသည်။

ဒိုင်က စတီဗင်ကို ကြည့်ပြီး ပြောလိုက်၏။

"ဂျက် ... စခေါ်ပါ"

ဖင်ခေါင်းပေါက်ကြီးတမျှ ပြုံးဖြီးနေသော ပါးစပ်ပေါက်ကြီးနှင့် စတီဗင်၏ ပုံစံမှာ လွန်စွာ စိတ်လှုပ်ရှားနေမှန်း သိသာလှပေသည်။ သူက ချပ်စ်ပြားတစ်ပုံကို ထပ်မံ ရှေ့တိုးလိုက်၏။

"ကြေးမြင့်တယ်။ နောက်ထပ် သန်း ၅၀"

သူသာ နောက်တစ်ကြိမ် ဂျက်တစ်ကဒ် ထပ်ရလာပါက သောက်ကျိုးနည်းအောင် လန်းတော့မည် ဖြစ်၏။

ဂျက်၏အလှည့်သို့ ရောက်သည့်အခါ တစ်စက္ကန့်မျှကြာအောင် စဉ်းစားနေလေ၏။ ယခု သူ့တွင် ၅ ပူးနှစ်ကဒ်၊ ၆ တစ်ကဒ်နှင့် ၈ တစ်ကဒ် ရှိနေပြီ ဖြစ်၏။ အကယ်၍ နောက်ဆုံး လှန်ပြရမည့် ကဒ်သာ ၅ ကဒ် ဖြစ်ခဲ့ပါက ၅ သုံးလုံး ဖြစ်သွားပေမည်။ အကယ်၍ ၅ မကျလာလျှင်လည်း ၆ သို့မဟုတ် ၇ တစ်ကဒ်ကဒ် ကျလာပါက နှစ်ပယ် ဖြစ်နိုင်သေးသည်။ သူ ကျန်လူနှစ်ဦး၏ ကဒ်များကို အကဲခတ်ကြည့်လိုက်၏။

ရှုချန်းရော စတီဗင်တွင်ပါ စီနီယာကျနိုင်ခြေ မရှိချေ။ အများဆုံး နှစ်ပယ်သာ ကျနိုင်ခြေ ရှိ၏။ သို့ဆိုလျှင် သူ့အတွက် အနိုင်ရနိုင်‌ခြေ မြင့်မားနေသေးသည်။

ထို့ကြောင့် ချပ်စ်ပြားအပုံတစ်ပုံကို ရှေ့သို့ တွန်းထိုးရင်း‌ ပြောလိုက်သည်။

"ကျုပ် လိုက်တယ်"

ရှုချန်းလည်း လိုက်လေ၏။

"ကဲ ဆက်ဆွဲကြတာပေါ့"

ထို့နောက် သူက လင်လဲ့အား ပြောလိုက်၏။

"ငါ့အကောင့်ထဲကို ငွေတွေ ဝင်၊ မဝင် တစ်ချက် ကြည့်ပေးပါဦး။ တကယ်လို့ ဝင်နေရင် ချပ်စ်ပြားတွေနဲ့ လဲလာခဲ့လိုက်"

လင်လဲ့လည်း ခေါင်းညိတ်ပြပြီး အပြင်ထွက်သွားလေ၏။ သိပ်မကြာခင် ချပ်စ်ပြား အပြည့်တင်လာသော လှည်းတစ်စီးကို တွန်းကာ အခန်းထဲသို့ ဝင်လာလေ၏။ များပြားလှသော ချပ်စ်ပြားများကို ကြည့်ရင်း လောင်းကစားကဝေနှစ်ဦးမှာ ဟန်ပင်မဆောင်နိုင်ဘဲ တံတွေးများကို အသီးသီး မြိုချလိုက်လေ၏။ ယခုတစ်ကြိမ် အနိုင်ရခဲ့ပါက ပညာကြေးအပြင် ဘောက်ဆူးပါ အမြောက်အမြား ထပ်ရနိုင်လေသည်။

ဒိုင်က နောက်ဆုံး ဖဲချပ်ကို ဝေပြီး လှန်လှောပြလိုက်၏။

ရှုချန်း "၁" (မှောက်ဖဲများ - ၁ နှင့် ၂၊ လှန်ဖဲများ - ၂၊ ၇ နှင့် ၁)

စတီဗင် "၃" (မှောက်ဖဲများ - ဂျက်နှင့် ၆၊ လှန်ဖဲများ - ဂျက်၊ ဂျက် နှင့် ၃)

ဂျက် "၈" (မှောက်ဖဲများ - ၅နှစ်ကဒ်၊ လှန်ဖဲများ - ၆,၇ နှင့် ၈)

နောက်ဆုံးကဒ်ကို ကြည့်ရင်း ဂျက်တစ်ယောက် စိတ်ထဲတွင် ကျိန်ဆဲနေလိုက်၏။ ယခု သူ့တွင် စီနီယာ မဖြစ်တော့သလို သုံးလုံးလည်း မပူးတော့ချေ။ အပွင့်အကြီးဆုံး ဆို၍ ၅ ပူးသာ ရှိ၏။ သူ့မှာ တကယ်ကြီး သွေးတပွက်ပွက် အန်ထွက်ချင်နေလေပြီ။

သို့သော် ဘာပဲပြောပြော သူသည် လောင်းကစား ကဝေတစ်ဦး ဖြစ်၏။ ယခုလို အခြေအနေမျိုး၌ တည်ငြိမ်သော ဟန်ပန်ကို ပြသထားရန် လိုအပ်သည်။ သို့သော် သူ့အတွက် နောက်ဆုံး လုပ်စရာဆို၍ လှန်ပြထားသည့် အပေါ်ဖဲ ၆,၇ နှင့် ၈ ကဒ်များကို ပြရင်း ဟိတ်လုံးထုတ်ဖို့သာ ရှိတော့သည်။

အနည်းဆုံးတော့ ၈ ရသွားသော ဂျက်အတွက် ပျော်ပေးမည့်သူဆို၍ စတီဗင် ရှိပေသေးသည်။ အကယ်၍ ဂျက်တွင် စီနီယာစဉ် ရှိပါက သူ၏ ဂျက်သုံးလုံးမှာ အနိုင်ရနိုင်ခြေ မရှိတော့ချေ။

ဒိုင်က ရှုချန်းအား ကြည့်ကာ မေးလိုက်၏။

"၁ ဖဲသမား၊ ခေါ်ပါ"

ရှုချန်းက သန်း ၅၀ တန် ချပ်စ်ပြားပုံကြီးကို ရှေ့တိုးရင်း ပြောလိုက်သည်။

"ကြေးတိုးတယ်"

ဂျက်၏အလှည့်သို့ ရောက်သောအခါ ဂျက်က သိသာအောင် ရယ်မောရင်း ရှုချန်းအား ပြောလိုက်သည်။

"ခင်ဗျားနေရာမှာ ကျုပ်သာဆိုလို့ကတော့ မခေါ်ဘဲ တန်းပြေးမှာ။ ခင်ဗျားမှာက အများဆုံး ၁ နှစ်ကဒ် ... ၁ ပူးပေါ့။ ဘာတွေ ကြိုးစားကြည့်ချင်နေတာလဲ ကိုယ့်လူ"

ရှုချန်းလည်း ပခုံးတွန့်ရင်း "ကျုပ် ပိုက်ဆံတွေလေ။ ဒီတော့ ကျုပ် ကြိုက်တာ လုပ်မှာပေါ့"

ဂျက်က သန်း ၅၀ တန် ချပ်စ်ပြားများကို ပစ်တင်ရင်း‌ ပြောလိုက်သည်။

"ကျုပ် လိုက်တယ်"

စတီဗင်လည်း ရယ်မောကာ ပြောလိုက်လေ၏။

"သူ့မှာ ၁ ပူးပဲ ရှိတယ်လို့တော့ ကျုပ် မထင်ဘူး။ လောလောဆယ် အပေါ်မှာ လှန်ပြထားတဲ့ ဂျက်ပူးနှစ်ကဒ်နဲ့တင် (အမြင်နဲ့တင်) သူ့ဖဲကို ကျုပ် နိုင်နေပြီ။ ဒီတော့ ကျုပ်လည်း လိုက်တယ်"

'ချီးထုပ်ပဲ'

ရှုချန်းက လင်လဲ့အား မေးလိုက်၏။

"အခု ဝိုင်းထဲမှာ ဘယ်လောက် ဝင်နေပြီလဲ"

လင်လဲ့က "သန်း ၅၁၀"

ရှုချန်းက ခေါင်းညိတ်လိုက်၏။

"ဒါဖြင့်လည်း မစ္စတာဂျက်ရဲ့ ဖဲတစ်ကဒ်ကို ကြည့်ဖို့ နောက်ထပ် သန်း ၁၀၀ ထပ်ထည့်လိုက်တာပေါ့"

ဂျက်၏စိတ်ထဲတွင်တော့ ပျော်လွန်း၍ ထပင် ကခုန်ချင်လာ၏။

"ဟား ဟား ဟား ... ကျုပ်က ဖောနေတယ်ပေါ့ ဟုတ်လား။ ခင်ဗျား ကြေးမမြင့်လည်း ကျုပ်ရဲ့ ကဒ်ကို ခင်ဗျားမြင်ရအောင် လှန်ပြမှာပါဗျ"

ရှုချန်းတစ်ယောက် သန်း ၁၀၀ တန် ချပ်စ်ပြားများ ပစ်တင်လိုက်သည်ကို ကြည့်ရင်း သူက ပြုံးကာ အောက်ဖဲတစ်ချပ်ကို လှန်ပြလိုက်၏။ (လက်ရှိလှန်ဖဲ - ၅,၆,၇ နှင့် ၈)

သူက အလွန်ပျော်ရွှင်နေဟန်နှင့် "မစ္စတာရှုက တကယ့် လောင်းကစားသမားကောင်း တစ်ယောက်ပဲ"

ရှုချန်း၏ စိတ်ထဲတွင်တော့ 'မင်း သောက်ပိုတွေ လုပ်ပြနေမှန်း ငါသိတယ်။ ငါက တမင်တကာ ပိုက်ဆံများများ နိုင်အောင် ကြေးမြင့်နေတာ။ မင်းမှာ ၅ ပူးပဲ ရှိတယ်။ စီနီယာစဉ် မရှိဘူး။ ဒါပေမဲ့ မင်းရဲ့ အောက်ဖဲတစ်ကဒ်ကို လှန်မပြရင် စတီဗင်ဆိုတဲ့ ငနဲသား ထွက်ပြေးအောင် ဘယ်ဖိမ့်လို့ ရတော့မလဲ။ ငါက မင်းရဲ့ ဖဲနဲ့ မင်းဘော်ဒါကို ကန်ထုတ်လိုက်တာကွ ... သိလား သောက်ရူးရဲ့'

စတီဗင် လိုက်ရမည့် အလှည့်သို့ ရောက်လာသည်။ ဂျက်၏ ၅,၆,၇ နှင့် ၈ ဖဲများကို ကြည့်ရင်း ဂျက်တစ်ယောက် ဟန်ဆောင်နေခြင်း မဟုတ်ဟု တွေးမိလိုက်သည်။ သို့မဟုတ်ပါက ဂျက်သုံးလုံး ရထားသည့် သူ့အား နောက်ဆုတ်ရန် အောက်ဖဲကို လှန်ပြီး အချက်ပြလိမ့်မည် မဟုတ်ချေ။

စတီဗင် နောက်ဆုတ်သည်ကို မြင်သည်နှင့် ရှုချန်းမှာ ဟန်မဆောင်နိုင်ဘဲ ရယ်မောလိုက်လေတော့၏။

ဂျက်က သူ့အား ကြည့်ရင်း မေးလိုက်သည်။

"မင်းက ဘာဖြစ်လို့ ရယ်ရတာလဲ"

ရှုချန်းမှာ စီးကရက်ကို မီးညှိလိုက်၏။ သို့တိုင် သူ့မှာ အရယ် မရပ်နိုင်သေးချေ။ ရယ်ရင်းနှင့် ဆေးလိပ်ငွေ့သီးပြီး ချောင်းပင် တဟွတ်ဟွတ် ဆိုးလာတော့၏။

"အရမ်း ဆရာကျလို့ပါ။ တကယ့် ဆရာကြီးတွေမို့ပါဗျ"

ရှုချန်းတစ်ယောက် သူ့အား စိတ်လိုလက်ရ ချီးကျူးသည်ဟု ထင်မြင်မိ၍ ဂျက်မှာ မသိမသာ ခေါင်းပင် မော့သွား၏။

"မစ္စတာရှု ကရော လိုက်ဦးမှာလား"

ရှုချန်းမှာ အူများပင် တဆတ်ဆတ် နာကျင်သည့်အထိ အားပါးတရ ရယ်မောနေတော့၏။ စတီဗင်အား စိတ်ထဲတွင် 'အမျှ' ဝေနေမိသည်။ ဂျက်သာ ၅ ပူးနှင့် သူ့အား ကန်ထုတ်လိုက်မှန်း သိပါက စတီဗင်တစ်ယောက် ဂျက်အား ထပင် သတ်မလား မပြောတတ်ချေ။

"နောက်ထပ် သန်း ၁၀၀ ထပ်တိုးတယ်"

ရှုချန်းက စီးကရက်တစ်ဖွာ ရှိုက်ရင်း ပြောလိုက်၏။

ဂျက်၏ မျက်လုံးအစုံ ကျဉ်းမြောင်းသွားသည်။ သူ့ဖဲက စီနီယာကျနိုင်ခြေ ရှိမှန်း ရှေ့က ရှုချန်းဆိုသော သကောင့်သား သိမှသိပါလေစဟု တွေးနေမိ၏။ ပုံမှန်အားဖြင့် အပေါ်ဖဲ ၅,၆,၇ နှင့် ၈ ကို မြင်လျှင် လောင်းကစားကဝေများပင် စတီဗင်ကဲ့သို့ စွန့်စားပြီး လိုက်မကြည့်ဘဲ နောက်ဆုတ်ကြမည်သာ ဖြစ်၏။

ထိုအချိန်၌ ရှုချန်းက နလပိန်းတုံး ပိုပီသစေရန် အားလုံးရှေ့၌ပင် လင်လဲ့အား အင်္ဂလိပ်လို မေးမြန်းလိုက်လေ၏။

"အဲဒီ ၅,၆,၇ နဲ့ ၈ က ဖဲအပွင့်ကြီးတွေလား"

လင်လဲ့မှာ ဆွံ့အသွားတော့၏။

"သူ့မှာ ၄ ဒါမှမဟုတ် ၉ တစ်ကဒ်,ကဒ် ရှိနေရင် စီနီယာစဉ် (စထရိတ်) ပဲ။ အဲဒါဆို မင်းမှာ ၁ သုံးလုံးပူး ရှိနေရင်တောင် မနိုင်ဘူး"

ရှုချန်း

"ငါလူးမ ... အဲဒီလောက်တောင်လားဟ"

ရှုချန်း၏ စကားကြောင့် ဂျက်မှာ ပို၍ပင် စိတ်လှုပ်ရှားသွားတော့သည်။ ရှုချန်းဆိုသော ချာတိတ်သည် ဖဲအကြောင်း နကန်းတစ်လုံးမှ နားမလည်ချေ။ သူ ဖိမ့်နေမှန်း သိသောကြောင့်လားဟု တွေးနေမိသေးသည်။ ယခုတော့ ယုံကြည်မှုအပြည့်နှင့် ချပ်စ်ပြားပုံပေါ်သို့ လက်ကို တင်ရင်း ဆရာကြီး တစ်ပါး၏ လေသံမျိုးဖြင့် ပြောလိုက်လေတော့သည်။

ဂျက် "ကဲ ဒီလိုဆိုတော့လည်း ကျုပ်ဘက်က နောက်ထပ် သန်း ၂၀၀ တပ်တိုးတာပေါ့ ဟုတ်ပြီလား"

အခန်း ၂၇၂ ပြီး

Continue Reading

You'll Also Like

281K 13.6K 61
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
306K 4.6K 59
Harley James lived on the Ark, put in jail for stealing mechanical parts. Harley's 18th birthday was coming up and she knew what that meant. She had...
18.3K 2.2K 133
သင့်ကိုအစားထိုးသင်ခိုင်းရုံနဲ့ဘာလို့တစ်ခန်းလုံးဗြောင်းဆန်ကုန်တာလဲ
2.6K 64 21
"Catching me again, huh?" "Only because you keep falling for me~" I DO NOT OWN MAGI; I DO OWN THE COVER FOR THIS PIECE.