ပြတင်းပေါက်ကိုဖြတ်၍ အလင်းရောင်တစ်ခု အေးရိပ်ကိုမျက်နှာပေါ်သို့ဖြာကျလာသည်။ ဟိုဖက်ခြမ်းနံရံ ငှက်ကြီး တောင်ဓါးပေါ်က နာရီကိုကြည့်လိုက်မိတော့ ၁၁ချက်ပင်ထိုးလုနီးနေပြီ။ ကုန်းရုန်းထဖို့ပြင်လိုက်တော့ ထလို့မရောက် ဒဏ်ရာအရှိန်ကြောင့် ဖျားပြီထင်သည်။ပြတင်းပေါက်ကိုကြည့်မိတော့ ပွင့်လျက်သားဖြစ်တာကြောင့် အမေလာဖွင့်ထားဟန်ရှိသည်။
သို့နဲ့ထနိုင်သမျှထပြီး အိမ်အောက်ကိုမျက်နှာသစ်ရန် ဆင်းလာရသည်။ ပုံမုန်ဆို အေးရိပ်ကိုကမနက်၇နာရီဆိုထပါပြီ။ ဒါမဲ့သူထသည့်အချိန်ဟာ ရွာကလူတွေထသည့် အချိန်နဲ့ဆိုအလွန်ပင်နောက်ကျနေသည်။ ရွာမှာက ထန်းတောထဲမှာ ထန်းရည်ချတဲ့သူကချ အလုပ်ခွင်ဝင်သူကဝင်နဲ့ မနက်ငါးနာရီလောက်ဆိုတာနဲ့ထကြသည်။ အေးရိပ်ကိုကတော့အလုပ်မရှိ အဘအလုပ်တွေကို ကူလုပ်ဖို့တော့စိတ်ကူးရှိပင်မဲ့ ခုမလိုသေးထင်တာကြောင့် မလုပ်သေးတာပင်။ အဘကတော့ မြို့မှာပွဲရုံထောင်ပြီး ရွာမှာတော့ ငွေတိုးချေးသည်ဟုဆိုရမည်။ ငွေတိုးဆိုပင်မဲ့ နေ့ပြန်တိုးမဟုတ်တော့ နေ့တိုင်းသွားတောင်းနေစရာမလို။တစ်လတစ်ခါအတိုးပေးရသည်မျိုးပင်။
နောက်ဖေးက ကန်ဆိုသလိုလုပ်ထားသည့်နေရာတွင် အေးရိပ်ကိုမျက်နှာသစ်သွားတိုက်လိုက်ပြီး မျက်နှာသုတ်သစ်ပုဝါကို ပုခုံးပေါ်တင်ကာ အိမ်ရှေ့ထွက်လာတော့ မြနဲ့တိုက်တိုက်ဆ်ိုင်ဆိုင်ပင် တွေ့သည်။
မြကအေးရိပ်ကိုကိုမြင်သည်နှင့်ပင် မျက်နှာချက်ချင်းလွှဲသွားသည်။ ညကကိစ္စ စိတ်ဆိုးမပြေသေးဘူးနဲ့တူသည်။
"မြ"
မြကစက်ခုံပေါ်တွင်ထိုင်နေပြီး အေးရိပ်ကိုခေါ်နေသည်ကိုတုတ်တုတ်ပင်မလှုပ်ချေ။
"မြ"
အေးရိပ်ကိုအိမ်ရှေ့ခန်းက ထိုင်ခုံတစ်ခုပေါ်တွင်ဝင်ထိုင်လိုက်ပင်မဲ့ ဒီတစ်ကြိမ်လည်းထိုနည်းတူစွာပါပဲ။
"ရိပ် နေမကောင်းဘူးဆိုလို့ ဆန်ပြုတ်လာပို့တာ။ "
ထွက်ပေါ်လာသည့်အသံကို အေးရိပ်ကိုရင်းနှီးကျွမ်းဝင်စွာပင်သိသည်။ အေးရိပ်ကိုရဲ့ငယ်သူငယ်ချင်းဆိုလည်းဟုတ်။ အရင်းနှီးဆုံးဆိုတဲ့ သူလည်းဟုတ်သည့် ညိုလှသက်ပင်။ငကြည် ၊အေးရိပ်ကို၊ညိုလှသက်တို့မှာ ငယ်ငယ်လေးတည်းကသွားအတူလာအတူ သူငယ်ချင်းသုံယောက်ပင်။ဒါမဲ့ ငကြည်နှင့် ညိုလှသက်ကတော့ အသက်ကြီးလာတာနဲ့အမျှ နည်းနည်းခပ်ခွာခွာဆက်ဆံကြသည်ဟုဆိုရမည်။
"လာထိုင်လေသက်။ ကျုပ်တောင်ကျုပ်နေမကောင်းတာ
ခုမနက်မှသိတာ သက်ကသိတာမြန်လိုက်တာကွာ။ "
သက်ဟာငယ်ငယ်တည်းက သူ့ကိုဂရုတစိုက်ရှိသည်။
ခုလည်းကြည့် နေမကောင်းဆိုတာနဲ့တန်းပြီး သူ့အိမ်ကိုရောက်ချလာတာတဲ့လေ။
"ဒေါ်ဒေါ်မနက်ကအိမ်လာရင်း ပြောသွားတာရယ်။"
သက်က အေးရိပ်ကိုဘေးမှာဝင်ထိုင်ရင်း အေးရိပ်ကိုမျက်နှာပေါ်က ရေစက်တွေကို ပုခုံးကပဝါနဲ့ သုတ်ပေးနေသည်။
"ရိပ်ကလေ အရင်အတိုင်းပဲ။ မျက်နှာသစ်ရင်မျက်နှာလေးတော့သုတ်ပါလား။ "
"သူ့ဘာသာခြောက်သွားမဲ့ဟာကို သက်ကလည်း။ "
"အဲကြောင့်ကြည့်ခုနေမကောင်းဘူးမလား။ မနေ့ကလည်း ရန်ဖြစ်သေးတယ်ဆို ဘယ်နားထိသွားသေးလဲ။ "
"လက်ကိုပါသက်ရဲ့ ခုတော့သက်သာနေပြီ။ "
ပြောရင်းညိုလှသက်က မြဖက်ကြည့်မိသွားပုံရသည်။
သူတို့အချင်းချင်းသိနှင့်ပြီးသားမို့ထင်သည် နှစ်ယောက်လုံးပြုံးပြပြီး ညိုလှသက်မှအေးရိပ်ကိုဖက် စကားဆိုလာပြန်သည်။
"နောက်ခါဆို ရန်မဖြစ်နဲ့နော်။ ရန်ဖြစ်ရင်တော့
သက်ကိုလာဖို့ခေါ်မကြိုးစားနဲ့တော့။ "
"သက်ကလည်းကွာ။ သူတို့ကရိပ်ကို အရင်လာစတာကို။ "
အေးရိပ်ကိုမှလေသံကို ခပ်ချွဲချွဲနဲ့ဆိုသည်။ကျန်တဲ့သူတွေဆီမနူးညံ့သလောက် အေးရိပ်ကိုကအမေ၊ညိုလှသက်၊ပြီးတော့တက္ကသိုလ်မှာခင်တဲ့ ဆုကုဋေတို့နဲ့ဆိုလျှင်တော့ချွဲတတ်သည်။
"မပြောတော့ဘူး။ပြောလည်းရှင်လေးက
နိုင်မှာမှမဟုတ်တာ။ "
သက်မှာဘယ်လောက်ပဲဆိုးဆိုး ရိပ်ကိုတော့စိတ်မဆိုးနိုင်ပေ။ ငယ်ငယ်တုန်းကတည်းက သက်ဘယ်လိုပဲပြောပြော
ရိပ်စကားတစ်ခွန်းနှစ်ခွန်းနဲ့တင် ရိပ်စိတ်ဆိုးပြေတတ်သည်မလား။ သက်က အေးရိပ်ကို နဖူးကို အသာစမ်းကြည့်ပြီး
"အင်းအပူတော့ကျသွားပြီ။ ခုဆန်ပြုတ်သောက်ပြီးဆေးသောက်လိုက်ပါလား။ သက်ခုပြင်လိုက်မယ်။လာအိမ်နောက်ဖေးလိုက်ခဲ့။ "
အေးရိပ်ကိုလက်ကို ဆွဲခေါ်သွားတာကြောင့်အသာတကြည်လိုက်ပါသွားသည်။
အိမ်ရှေ့ကခန်းက စက်ခုံပေါ်တွင် ငါ့ကိုကျအော်ဖို့ငေါ်ဖို့စော်ကားဖို့ပဲသိတဲ့သူက တစ်ခြားသူနဲ့ကျ ပျော်ပျော်ရွှင်ရွှင်နဲ့ပြောသမျှ စကားနားထောင်နေတဲ့သူဟု ခပ်ဆတ်ဆတ်တွေးနေသူကိုတော့ အနောက်ခန်းမှမီးဖိုချောင်ထဲဝင်သွားသည့် နှစ်ယောက်သိမည်မဟုတ်။
ညိုသက်လှက ရှစ်တန်းအောင်ပြီးတာနဲ့ ကျောင်းဆက်မတတ်တော့ပဲ ရွာကိုလာခေါ်သည့်သူနာပြုအကူတတ်ကာ ရွာမှာပင် ဆေးခန်းသေးသေးလေးဖွင့်ထားသည်။ ညိုလှသက်က ငယ်ငယ်ကနှင့်မတူ ကြီးလာတာနဲအမျှ လှသွေးပိုကြွေလာသည်။ ရွာမှာလည်း ညိုလှသက်ကိုသဘောကျနေသည့် ယောကျာ်းကခပ်များများရယ်။ဒါမဲ့ ညိုလှသက်ကအဲအထဲမှတစ်ယောက်ကိုမှမရွေးသေးပေ။
"ရိပ်စားလေ ဘာတွေတွေးနေတာလဲ။ "
ကြက်သားဆန်ပြုတ်ရှေ့မှာ ချထားသည့်တိုင် ငေးနေသည့် ရိပ်ကို သက်မေးလိုက်ခြင်းပင်။
"ဟို... သက်ကိုသဘောကျတဲ့သူတွေ ရှိတဲ့တိုင်သက်ကတစ်ယောက်မှ မရွေးသေးတာကိုတွေးမိလို့ပါ။ ဘာလို့မရွေးသေးတာလဲ။ "
"အဲဆိုရိပ်ကကော ရိပ်ကိုသဘောကျတဲ့ မိန်းခလေးရော
ယောက်ျားလေးရောရှိသည့်တိုင် ဘာလို့မရွေးတာလဲပြောပါအုန်း။ "
"တစ်ယောက်မှသဘောကျစရာမမြင်လို့ပေါ့သက်ရယ်။ "
"သက်ကတော့အဲလိုမဟုတ်ပါဘူး။ တစ်ယောက်ယောက်
ဖွင့်ပြောလာမလားလို့စောင့်နေတာ။ "
ဒီစကားကိုညိုလှသက်က အေးရိပ်ကိုမျက်လုံးကို
အဓိပ္ပါယ်ပါသည့်မျက်ဝန်းတို့ဖြင့်ကြည့်ကာဆိုသည်။
"အဲဆို သက်မှာသဘောကျတဲ့သူရှိတယ်ပေါ့။ "
"အတိအကျပေါ့ ရိပ်ရဲ့။ "
စကားဝိုင်းအနည်းငယ်ဆိတ်ငြိမ်သွားသည်။
တကယ်ပဲမသိတာလားရိပ်ရယ်။
သိရဲ့သားနဲ့များမသိချင်ယောင်ဆောင်နေတာလား။
"ဟေ သမီးရောက်နေပါလား။ "
မီးဖိုခန်းထဲဝင်လာသည့်ဒေါ်ဒေါ့်အသံ။
"ဟုတ်တယ်ဒေါ်ဒေါ်။"
"သမီးသူငယ်ချင်းကိုလည်း ပြောအုန်းကွယ်။
သူကလူကသာကြီးလာတာ ဆိုးတဲ့အကျင့်ကပျောက်သေးတာမဟုတ်ဘူး။ "
ဒေါ်ဒေါ်က ညိုလှသက်ထိုင်နေသည့် ခုံရဲ့နောက်မှီကိုကိုင်ရင်းဆိုသည်။
"သမီးလည်းမနိုင်ဘူးဒေါ်ဒေါ်ရယ်။ပြောတော့ပြောတာပါပဲ။"
"အမေနဲ့သက်ပြောပုံအရဆို ကျုပ်ကဆိုးနေသလိုပဲ။"
အေးရိပ်ကိုအမေမှရင်ဖတ်ခတ်လိုက်ပြီး
"ဆိုးများသာဆိုးရင်တော့ မတွေးရဲစရာပဲ။မိရိပ်ရယ်။ "
"မေမေကလည်း။ "
"ကဲဟုတ်ပါပြီ။ ဒီသားအမိတွေ ရိပ်စားပြီးရင်
ဆေးသောက်နော်။ "
အေးရိပ်ကိုကဆန်ပြုတ်ကိုတစ်ဇွန်းချင်း
ခပ်သောက်နေရာမှ
"သက်ပြန်တော့မလို့လား။ "
"အင်းရိပ်ရဲ့။သက်အလုပ်လေးတွေရှိသေးလို့။ "
"အော်။ "
"တွေ့လားသက်တို့များ အလုပ်နဲ့အကိုင်နဲ့
နင်သာအလုပ်လေးဘာလေး လုပ်ဖို့စဥ်းစားအုန်း။"
အမေ့မှာတစ်ခုခုဆိုလျှင် အေးရိပ်ကိုကိုနှိပ်ကွက်ဖို့ပဲတွေးနေတာများသည်။သူတို့ရွာမှာသူတစ်ယောက်ပဲ ရန်ကုန်တက္ကသိုလ်မှာ တတ်နေတာကျဘယ်သောအခါမှ ထည့်မပြောချေ။
"ဟူးမေမေကလည်းလုပ်မှာပေါ့။"
သက်ချိုင့်ကိုယူပြီးပြန်သွားလေပြီ။ မေမေလည်းအိမ်ရှေ့ခန်းကိုထွက်ပြီး မြကိုစက်ချုပ်သင်အောင်သွားပုံရသည်။
မြကိုဘယ်လိုဘယ်ပုံ ချော့ရမည်ဆိုတာကိုအေးရိပ်ကို
စဥ်းစား၍မရပါ။မနေ့ကစကားလွန်သွားတာသိပင်မဲ့။အေးရိပ်ကိုက ဒီအတိုင်းခပ်ပြောင်ပြောင်ပြောလိုက်ခြင်းသာ။
အေးရိပ်ကိုအိမ်ရှေ့ခန်းကိုဖြတ်ပြီး အိမ်ပေါ်ထပ်ကိုတတ်တော့ အမေနဲ့မြအပ်ချုပ်သင်နေသည်။ မြကသူ့ကိုရှိမှန်းတောင်သိပုံမရချေ။
"သမီးဆေးသောက်ပြီးပြီလား။ "
အိမ်ရှေ့ခန်းကအမေ့အော်သံ
"သောက်ပြီးပြီမေမေ။ ခုသွားအိပ်မို့။ "
"အေးအေးအနားယူအုန်း။အပြင်တွေလျှောက်မသွားနဲ့။ဒီတစ်ရက်နှစ်ရက်တော့။ "
"ဟုတ်။ "
သူအိမ်ပေါ်ထပ်ကို တတ်လာပြီး။ဘာမှစဥ်းစားမနေတော့ပဲ အိပ်ချလိုက်သည်။
မြမှာမနေ့ကစိတ်ဆိုးနေပင်မဲ့ ဒီနေ့နေမကောင်းဘူးဆို၍ အနည်းငယ်စိတ်ပူသွားသည်။ဒါမဲ့မျက်စိနောက်တာ
တစ်ခုက အစ်မအိမ်ကိုဒီနေ့လူဝင်လူထွက်တော်တော်များသည်။ လာတဲ့သူကလည်းမိန်းခလေးတွေချည်း
ဆန်ပြုတ်လာပို့ရတဲ့သူနဲ့ ဒီဟင်းလေးစားချက်မလားဆိုပြီးလာပို့ရတဲ့သူနဲ့။ မိန်းခလေးအချင်းချင်းအဲလောက်ပိုးပန်းစရာလိုလို့လား။
📎
နောက်နေ့မနက် ...
အေးရိပ်ကိုဒီနေ့တော့အတော်ပင်နေကောင်းနေပြီ သို့ပင်မဲ့ မနေ့ကလိုပဲ ၁၁ချက်ထိုးမှနိုးသည်။ လက်ကဒဏ်ရာကိုကြည့်တော့ မနေ့ကဆေးမထည့်ဖြစ် ဒီနေ့မျက်နှာသစ်အကျီလဲပြီး သက်ဆီဆေးသွားထည့်ရမည်။ မနေ့ကညနေကလည်း မေမေကသက်ရောက်လာသည်ပြောသည်။ မထချင်တာရောညောင်းတာရောကြောင့် အိပ်မြဲတိုင်းသာအိပ်နေခဲ့သည်။အောက်ထဆင်းပြီး မျက်နှာသစ်ကာ ထမင်းစားခန်းထဲဝင်လာတော့ မုန့်ဟင်းခါးကိုစားပွဲပေါ်တွင် ဒေါ်အေးပြင်ပေးထားသည်။ ဘယ်ကရလာလဲတော့မမေးဖြစ်ပါ ရွာထဲက လုံမတစ်ယောက်လာပို့လာဖြစ်လိမ့်မည်ဆိုတာ မှန်းစရာပင်မလိုတိတိကျကျပင်သိသည်။ အိမ်မှာတစ်ခါတစ်လေချက်တတ်ပင်မဲ့ ဒါကဒေါ်အေးလက်ရာမဟုတ်တာကောင်းကောင်းသိသည်။ အိမ်အပေါ်ထပ်တတ်ကာ အကျီအဝတ်အစားလဲပြီးပြန်ဆင်းလာသည်။ဧည့်ခန်းမှာထိုင်ပြီး စက်ခုံကိုဝေ့ဝဲကြည့်တော့ မြကရှိမနေချေ။ နာရီကြည့်လိုက်တော့ ဆယ့်နှစ်ချက်ပင်ထိုးနေပြီ။ပုံမှန်ဆိုမြဒီအချိန်ကိုရောက်နေကျပါလေ။ သူဒီနေ့တော့မရရအောင် ချော့မည်ဟုတွေးထားသည်။ဘာလို့မှန်းမသိပင်မဲ့ မြမခေါ်မပြောတော့ စိတ်ထဲတွင်မတင်မကျဖြစ်နေသည်။ မေမေ့ကိုလိုက်ရှာတော့ မေမေအိမ်ရှေ့ကစံပယ်ရုံတွင်ကုတ်ကုတ်ကုတ်ကုတ်နဲ့ဘာတွေလုပ်နေသည်မသိချေ။
"မေမေ။ဒီနေ့မြလည်းမတွေ့ပါလား။ "
မြေဆွဟန်ရှိသော အမေကအေးရိပ်ကိုဖက်လှည့်လာပြီး
"မြလေးကသင်လို့ပြီပြီလေ။မနေ့ကတောင်
ချုပ်စရာအထည်လေးတစ်ထည်ရှိလို့လာတာ။ "
အဲဆိုမြလေးက အိမ်ကိုမလာတော့ဘူး ဆိုသည့်သဘောပင်။ အမေ့ဆီစက်ချုပ်မလာတော့ဘူးဆိုလျှင် မြလေးနဲ့တွေ့ဖို့ကခဲယင်းသည်။ ထင်းခွေမကြုံရေခတ်ကြုံရအောင်လည်း တစ်ရွာတည်းကသူတွေမဟုတ်။
"သက်အိမ်ခဏသွားမို့။ "
"အေးသွားလေ။ ကျန်တဲ့နေရာသာလျှောက်သွားမနေနဲ့အုန်း။နေကကောင်းသေးတာမဟုတ်ပဲ။ "
ဒီနေ့တော့စက်ဘီးကိုထုတ်မလာပါ။ခြေကျင်သာညိုလှသက်တို့အိမ်ဖက်ကိုရောက်ချလာသည်။ညိုလှသက်၏အိမ်မလှမ်းမကမ်းတွင် ထန်းနောင်းပင်ကြီးတပင်ရှိသည်။ထိုအပင်ကားသူတို့ငယ်ငယ်တုန်းက ဆော့ကစားနေကျအပင်မလား။အသက်တွေကြီးလာရင် လွမ်းမောစရာတွေများတတ်တယ်တဲ့။သူအသက် 24 နှစ်ရောက်ခါနီးနီးမှာတင် လွမ်းမောစရာတွေကရှိနေပြီမလား။ ထိုထနောင်းပင်ကြီးကို ခတ္တကြာငေးမောရင်း ထနောင်းတောရွာနားက ထနောင်းတန်းအရှည်ကြီးကိုသတိရမိသည်။အရိပ်ကောင်းသည့်အပြင် ရွာအဝင်လမ်းတစ်လျှောက် ထနောင်းပင်တွေစီစီရီရီရှိနေကြသည်မှာအပင်နှစ်ဆယ်လောက်ပင်ရှိမည်ဟုဆိုရမည်။
"ရိပ်ရောက်နေတယ်ဆိုလည်း အိမ်ထဲဝင်လာပါလား။ဘာလို့အဲလောက်တောင်ငေးနေတာလဲ။ "
သက်ခေါ်လိုက်မှ အသိပြန်ဝင်လာပြီး သက်တို့အိမ်ဖက်ပြန်လျှောက်လာမိသည်။သက်ကအိမ်အောက်ထပ်တွင် ထိုင်နေသည်။ သက်တို့အိမ်ကဟိုးအငယ်ကတည်းက လာနေကျမို့တံခါးမရှိဓားမရှိဆိုသလို ဝင်နေလို့ရသည့်အိမ်မျိုးပင်။သက်ထိုင်နေသည့်နေရာနားတွင်ဝင်ထိုင်လိုက်ပြီး
"ထနောင်းပင်မြင်တော့ ငယ်ငယ်ကအကြောင်းတွေပြန်တွေးမိလို့လေ။ "
"ရိပ်ကလွမ်းလို့လား။ "
"ဆိုပါတော့။ဒါနဲ့ဆေးထည့်မို့လာတာသက်ဆီကို။ "
အေးရိပ်ကိုပြောပြောဆိုဆိုနဲ့ သူ့လက်ကိုသက်ရှေ့တိုးလိုက်သည်။
"ရှင်လေးကလေ။ရန်မဖြစ်ရမနေနိုင်ဘူးလား။ "
ထိုစကားအဆုံးမှာအေးရိပ်ကိုထရပ်လိုက်ပြီး
"ဘာလဲသက်က ကျုပ်ကိုဆေးမထည့်ပေးချင်ဘူးလား။"
အေးရိပ်ကိုရဲ့ဒဏ်ရာမရှိတဲ့လက်ကိုဆွဲလိုက်ပြီးသက်မှထိုင်စေစေသည်။
"ခက်ပါလား။ရိပ်ရယ်ခုထိဂျစ်ကန်ကန်လေးပဲနင်က။"
"သိလည်းပြီးတာပဲ။ခုတော့ဆေးထည့်ပေး။ "
အေးရိပ်ကိုလက်ကိုထပ်မံတစ်ခါပေးလိုက်တော့။
မနေ့ကမြစည်းပေးထားသည့် ပတ်တီးဖြူဖြူလေးကို
ခွာကာ သက်ကဆေးအချို့ထပ်မှာထည့်ပေးနေသည်။
"ရိပ်"
ဒဏ်ရာကိုဆေးထည့်ပြီး လေမှုတ်ပေးနေရင်းမှသက်ရဲ့ခေါ်သံ။
"ဟင်"
"..."
"သက်ပြောမယ်ဆိုပြောလေကွာ။ "
ညိုလှသက်ခေါ်ပြီးဘာမှမပြောတာကြောင့် အေးရိပ်ကိုဆီမှမကြေမချမ်းထွက်ပေါ်လာသောအသံ။
"သက်ပြောသင့်မပြောသင့်စဥ်းစားနေတာ။ "
"ပြောစရာရှိရင်ဖြင့်ပြောပါသက်ရဲ့။အားနာရမဲ့သူမှမဟုတ်ပဲ။"
"ရိပ်ကို..."
" ညိုလှသက်ရေ ဒီမှာဟိုဖက်ရွာကအမဲပေါ်လို့ အဘပေးခိုင်းလိုက်တာ။ "
ခြံဝမှနှီးယက်ခမောက်ကိုဆောင်းကာ ပုဆိုးကိုဒူးလောက်ခပ်တိုတိုဝတ်ထားသည့် ဘကြည်၏အော်ပြောသံ ညိုလှသက်ပါးစပ်က ဘာမှမပြောပင်မဲ့ စိတ်ထဲတွင်တော့ ကျစ်တစ်ချက်သတ်လိုက်မိသည်။
နှောင်းသက်ဝေ
17.3.2024