သူကြီးသားကကျွန်တော့်အပိုင်[ပု...

By Shinn-0813

302K 14.1K 677

ပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြ... More

intro
1(Unicode)
1(ZawGyi)
2(Unicode)
2(ZawGyi)
3(Unicode)
3(ZawGyi)
4(Unicode)
4(ZawGyi)
5(Unicode)
5(ZawGyi)
6(Unicode)
6(ZawGyi)
7(Unicode)
7(ZawGyi)
8(Unicode)
8(ZawGyi)
9(Unicode)
9(ZawGyi)
10(Unicode)
10(ZawGyi)
11(Unicode)
11(ZawGyi)
12(Unicode)
12(ZawGyi)
13(Unicode)
13(ZawGyi)
14(Unicode)
14(ZawGyi)
15(Unicode)
15(ZawGyi)
16(Unicode)
16(ZawGyi)
17(Unicode)
17(ZawGyi)
18(Unicode)
18(ZawGyi)
19(Unicode)
19(ZawGyi)
20(Unicode)
20(ZawGyi)
21(Unicode)
21(ZawGyi)
22(Unicode)
22(ZawGyi)
23(Unicode)
23(ZawGyi)
24(Unicode)
24(ZawGyi)
25(Unicode)
25(ZawGyi)
26(Unicode)
26(ZawGyi)
27(Unicode)
27(ZawGyi)
28(Unicode)
28(ZawGyi)
29(Unicode)
29(ZawGyi)
Final Part (ZawGyi)
အသိပေးခြင်း

Final part(Unicode)

7.3K 341 50
By Shinn-0813

မင်္ဂလာဆောင်ပြီးတဲ့ နောက်မှာတော့ ရာချီရဲ့ပုံစံက အရင်တုန်းကနဲ့မတူဘဲ တိတ်ဆိတ်သွားခဲ့၏ အကြည့်တွေကလည်း အသက်မပါတော့ခဲ့ပေ။

ဘယ်သူ့နဲ့မှ ပြိုင်မငြင်းတော့ဘဲ ဖြစ်လာမယ့်အရာကိုသာ ဆက်သွားဖို့စိတ်ကူးလိုက်မိ၏

"ဒါဆို ကျွန်မတို့ကိုပြန်ခွင့်ပြုပါအုန်း "

"ဟုတ်ကဲ့ ဒီလင်ဒီမယားအိုအောင်မင်းအောင်ပေါင်းနိုင်ပါစေဗျာ "

သူကြီးရဲ့ ဆုတောင်းသံသာ ဒီစကားကြားတော့ ကျွန်တော် အဖေ့ကို ရွံရှာတဲ့အကြည့်တွေနဲ့ ကြည့်မိခဲ့တယ် အဲ့နေ့မှာဘဲ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့တာပေါ့
ရာချီဒွေးဆိုတဲ့ ငါက မိဘမဲ့ ဆိုတာဘဲ။

မြပိုးနွယ်တို့ မိသားစုက လာခေါ်သည်မို့ ကားနဲ့သာ လိုက်သွားရ၏
မိသားစုက ဘယ်လိုပျိုးထောင်ခဲ့လဲမသိပေမယ့် သူတစ်ယောက်ထဲသာ ကျွန်တော့်အမြင်မှာသိက္ခာမဲ့နေတဲ့လို့ ခံစားရ၏
သူတို့သည် ဂုဏ်သရေရှိအသိုင်းအဝိုင်းကဆိုပေမယ့် မျက်နှာတွေက အေးချမ်းကြ၏

"ရှင်ပျော်နေတယ်မလား ကျွန်မလို့သူငှေးသမီးက ရှင့်ကိုရွေးချယ်လို့လေ "

"ရီစရာဘဲ ဒါပေမယ့် ပြောပြလိုက်အုန်းမယ် အမှန်တရားဆိုတာ တနေ့ပေါ်လာမှာ ခင်များရင်ဆိုင်နိုင်အောင်ကြိုးစားထားပေါ့"

သူ့ဘေးမှာလာနိုင်တဲ့ မြပိုးနွယ်ကို ရွံရှာသည်မို့ သူ၏အသားနဲ့မထိအောင် ဘေးကိုကပ်လိုက်ပြီး စကားတစ်ခွန်းကိုလည်းသေသေချာချာလေးသူ‌ကြားအောင်ပြောလိုက်တာကြောင့် မြပိုးနွယ်၏ မျက်နှာသည် ပိုလို့တောင်တင်းမာလာခဲ့၏

<><><>
အချိန်အားကလည်း ကြာလွန်နေခဲ့ပြီး
လွမ်းလိုက်စဲလိုက်နဲ့ဘဲ ဖြတ်သန်းလာခဲ့မိတာပေါ့ နေတဲ့နေရာမသိတာမို့ အစ်ကိုပုံတိုင်းဘယ်ရောက်နေလဲဆိုတာလည်းမသိခဲ့သလို သတင်းလဲမကြားခဲ့ပါ ရွာကိုမေးတော့လည်းစာမလာ ဘာမလာဖြစ်နေခဲ့တာတဲ့

"အာ့...မေမေ ဗိုက် ဗိုက်က အစ်ပြီးနာလာပြီ"

"ဟဲ့ နင့်ယောင်္ကျားရော ဘယ်မလဲ "

"မေမေတို့ဘဲ လိုက်ပို့ပေးလို့မရဘူးလား"

"ရမလား နေအုန်းနေအုန်း ငါသွားခေါ်ပေမယ်"

မြပိုးနွယ်သိနေတာပေါ့ သူ့ယုတ်မာခဲ့တာမို့
ဒီတစ်ယောက်က သူနဲ့ပတ်သတ်တာကိုလည်းဂရုစိုက်မှာမဟုတ်ဘူး မိဘတွေရှေ့မှာတော့
ကိုယ်ဝန်အပ်တဲ့အချိန်တွေအတူတူရှိတယ်လို့ လိမ်ညာ‌ခဲ့ပေမယ့် တကယ်တမ်းတော့ တစ်ယောက်ဘဲ သွားလာခဲ့ရတာ။

ခလေးမွေးတဲ့ အချိန်မှာလည်းခလေးက သူနဲ့သွေးတွေကပါလာတူနေတာကြောင့် ဘာမှဝေခွဲ၍ မရနိုင်ခဲ့ပေ။

မွေးတာကလည်း သားလေးဖြစ်တဲ့အပြင် သူနဲ့လည်း မရင်းနှီးခဲ့ပေ။
ဒါပေမယ့် ထူးဆန်းစွာဘဲ ခလေးက အာရုံကြောတွေမကောင်းတာမို့ တစ်ချက်တစ်ချက် ထအော်ပြီး စိတ်ရူးဖောက်တက်သေးတာ။ပြောရမယ်ဆိုရင် အာရုံကြော်ချို့တဲ့နေတာပါ။

"အား အင်း ဖယ် ဖယ် "

"ဇွဲ သား မဆိုးရဘူးလေကွာ မေမေပြောနေတယ်လေ "

"အင့် အဟင့် ဖယ်လို့ ဒီမှာမဆော့ချင်ဘူး အီးဟီး "

"ရှင်နည်းနည်းပါးပါးဝင်ကူဖို့မစဉ်းစားဖူးလား"

"နေပါအုန်းကျုပ်ကမင်းခလေးရဲ့အဖေလား မင်းခလေးကရော ကျုပ်ကိုချစ်ရဲ့လား"

အမြဲ ဒီစကားတစ်ခွန်းနဲ့ဘဲ အချိန်ယူလာတာ ခလေးသုံးနှစ်ပြည့်တဲ့အချိန်အထိပေါ့။

"အခုချိန်မှာ ရှင်ဒါတွေပြောနေလို့ ဘာထူးမှာလဲ ရှင်ပြောတဲ့ အမှန်တရားကလည်းဘယ်အချိန်မှပေါ်မာမို့လို့လဲ ကောင်းကောင်းနေလို့ရတဲ့ဘဝမှာကောင်းကောင်းနေစမ်းပါ "

"နေပါအုန်း ကျုပ်ကအရင်က သူတောင်းစားဖြစ်နေခဲ့လို့လား ကျုပ်ဘာသာ သာယာနေတဲ့နေရာမှာ ခင်များကြောင့်သာ ဘဝပျက်ခဲ့တာဗျ ခင်များကသာ ကျုပ်မရှိရင် သူခိုးဂျပိုးနဲ့ညားမယ့်သူလေ"

"ရှင်တော်တော့နော် ကျွန်မအရှက်ကိုဒီအထိဘဲခွဲ ကျွန်မသည်းမခံနိုင်ဘူး"

"အရှက်ခွဲရအောင် ခင်များက အရှက်ရောရှိရဲ့လား "

"ဒီ!!"

လက်ရွယ်လာတဲ့ မြပိုးနွယ်ရဲ့လက်ကို အမြန်‌ဖမ်းလိုက်ပြီး သူ့ဘက်က ထပ်ရွယ်လိုက်ပေမယ့် ဘယ်လောက်ဘဲ စိတ်တိုတို မိန်းကလေးတစ်ယောက်ကို ရိုက်ရလောက်အောင်အထိ သူသတ္တိမရှိဘူး။

"အဲ အင်း တော်ပါတော့ မေမေကိုလုပ်ပါနဲ့ "

"တော်စမ်းပါ မင်းအမေကိုငါရွံလွန်းလို့ ထိကိုမထိနိုင်တာ "

ဒီအခြေအနေကို မြင်ခဲ့တဲ့ တစ်ဦးတစ်ယောက်ရှိနေတယ်ဆိုတာ သူတို့တွေ သတိမထားမိခဲ့ပါ။

"မြပိုးနွယ်!!!ဒါဘာတွေလဲ "

မိခင်ဖြစ်သူချထားတဲ့ စာရွက်စာတမ်းကြောင့် သူလိပ်ပြာသူမလုံသလောက်ခံစားခဲ့ရ၏

"မေ‌ မေမေ ဒါ ဒါက "

ဖြန်း!!!!

ခပ်ပျင်းပျင်းရိုက်ခံရတဲ့ ရိုက်ချက်ကြောင့်
ကုတင်ပေါ်၌ ပစ်လဲသွားခဲ့၍

"နင့်ခလေးရဲ့ အဖေကဘယ်သူလဲမှန်မှန်ပြောစမ်း နင်တို့ရဲ့အခြေအနေကိုရိပ်မိနေတာကြောင့် ဆေးသွားစစ်လိုက်မိတာ ထင်တဲ့ အတိုင်းပါဘဲလား "

"သ သမီးတောင်းပန်ပါတယ် သမီးဒီတိုင်းမေမေရဲ့အရှက်နဲ့သိက္ခာကို ကာကွယ်ရင်းလုပ်မိလုပ်ရာလုပ်လိုက်ရတာပါ "

"ဒါဆို ခလေးအဖေက တကယ်ဘဲ ရာချီဒွေးဆိုတဲ့ ကောင်လေးမဟုတ်ဘူးပေါ့ နင်အရှက်နဲ့ သိက္ခာကို ကာကွယ်ချင်တာနဲ့ တစ်ဖက်သူကိုပါချောက်ချခဲ့တာပေါ့ ဟုတ်လား"

"မေမေ ဒါတွေပါ သိနေခဲ့တာလား"

"ငါ နင့်သူငယ်ချင်း ဧကရီကိုယ်တိုင်ပြောလို့သိခဲ့ပြီးပြီ ဘယ်လိုတောင်လူမဆန်ရတာလဲ "

ခေါင်းကိုလည်း ခါနေရင်း မျက်စံပြူးပြောနေတဲ့ပုံက အကြောက်လွန်နေသလိုနဲ့ ကြောင်အအဖြစ်နေခဲ့၏

"သမီးမှန်တယ်လေ မေမေရဲ့ သမီးသာ ဒီလမ်းကိုမရွေးရင် မေမေတို့ရဲ့သိက္ခာတွေကအလုံးလိူက်ကျနေမှာ သမီးမှန်တယ် "

ဖြန်!!!!

"လူစကားကိုပြောစမ်းပါ နင့်အမေဖြစ်ရတာငါရှက်တယ်ဟဲ့ "

"ဒါကြောင့် မေမေမရှက်ရအောင်သမီးဒီးလမ်းကို ရွေးခဲ့တာပေါ့ အတ္တတွေ ဘာတွေကဘာလုပ်မှာလဲ ထားဖို့ဘဲပေါ့ မေမေ သမီးမမှားဘူးလေ အခုဆို သမီးတို့ အရှက်မရတော့ဘူး ဟုတ်တယ် ဟုတ်တယ်မလားလို့ အားးးးမေမေ သမီးကိုပြန်ဖြေပါအုန်း"

"နင်ရူးနေပြီဘဲမြပိုးနွယ်ရဲ့"

"ဟုတ်တယ်သမီးသာ သူခိုးဂျပိုးကောင်နဲ့ရခဲ့မှန်းသိရင် သမီးရှက်စိတ်ကြောင့် ရူးသွားရလိမ့်မယ် သမီးရူးသွားလိမ့်မယ်လို့ အဟင့် အဟင့် "

"မိဖြူ နင့်မမလေးကို တံခါးလာပိတ်ထားစမ်း"

ပုံမမှန်တော့တဲ့သူသမီးရဲ့ အခြေအနေက အရူးတစ်ယောက်လို့ မိဘတွေကို အကြောင်းပြုပြီး ကိုယ်ချင်းစာတရားလုံးဝမရှိအောင်နေခဲ့ပါလေရောလား။

ထိုနေ့ကစပြီးတစ်ပတ်အတွင်းမှာဘဲ
ရာချီတောင်းဆိုတဲ့အတိုင်းသူ့အမေကပြုလုပ်ပေးခဲ့၏ သတင်းစာထဲမှာရော ရွာမှာပါ မြပိုးနွယ်ရဲ့ မိဘတွေကိုလွတ်၍ တောင်းပန်ခိုင်းထားခဲ့၏ ဒါကြောင့် ရွာထဲမှာတော့ ရာချီအပြစ်မရှိကြောင်း အာလုံးပေါ်ခဲ့တော့၏

မြပိုးနွယ်ကတော့ သူ့ထိုက်နဲ့သူ့ကံခံရပြီး
အိမ်အတွင်း၌ အခန်းတံခါးပိတ်ထားခံရ၍
အသားကုန်အော်ဟစ်ငိုကြွေးနေခဲ့ရ၏
အတ္တစိတ် တစ်ကိုယ်ကောင်းဆန်မှုတွေကို ရှေ့ထားပြီး ဖြေရှင်းခဲ့တဲ့ သူမ၏ နောက်ဆက်တွဲကဒီလ်ိုဘဲ အဆုံးသတ်သွားခဲ့၏ တကယ်ဘဲသူကတော့ စကားနဲ့လက်တွေ့ပါဘဲ အသက်နဲ့လူလုပ်တာမဟုတ်ဘဲ အရှက်နဲ့လူလုပ်တာမို့ အရှက်မဲ့သွားလျှင်ဘဝကြီးမှာနေရတာလဲ အလင်းရောင်တွေပျောက်ဆုံးသွားခဲ့တော့၏။

<><><>
တကယ်ဆို စောစော ပြန်လာခဲ့လို့ရပေမယ့်
ဒီမြို့ကြီးထဲမှာ သူပုံတိုင်းကို ရှာနေ‌ခဲ့တယ်
မတွေ့ခဲ့ပေမယ့် မျှော်လင့်ချက်တော့ ထားချက်သေးသည်လေ။

ဂွတ်ထော်ရွာလေးဟာ ရုတ်တရက်ဆိုသလို တိတ်ဆိတ်နေခဲ့တာလဲကြာလောက်ရောပေါ့
ဒီရွာက အပေါင်ဆိုင်လေးရယ် အပေါင်ဆိုင်ပိုင်ရှင်လေးရယ်နဲ့။
ဂေါ်ဖီစိုက်ခင်းရယ် ဂေါ်ဖီစိုက်ခင်းကိုပိုင်တဲ့ကောင်လေးရှိမှ ပြည့်စုံတာလေ။

"ကျန်စစ် သာလှ "

"မင်း!"

"အကိုလေး"

ရာချီကိုမြင်တာနဲ့ နှစ်ယောက်သာ ‌ပြုံးပျော်ပြီးပြေးဖက်လိုက်တော့၏

"ငါကွာရှင်းခဲ့ပြီ "

"ငါတို့ကြားပါတယ် ရွာထဲကသူတွေရဲ့စောက်ကျင့်ကြောင့် ငါပညာတောင်နည်းနည်းပေးလိုက်သေးတယ် သူတို့အိမ်ကကြက်တွေကိုရိုက်သတ်ပြီးချက်စားလိုက်တယ်လေ"

"မင်းကတော့... ထားပါ အိမ်ထောင်ရေးအဆင်ပြေရဲ့လား "

"အစ်ကိုကျန်စစ်ကတော့ လင်ကြောက်တောင်ဖြစ်နေပြီလေ "

"ဒီကောင်!"

သာလှပြောတာက မှန်နေတာကြောင့် ဘာမှတော့ ပြန်မလုပ်နိုင်တော့ပေ။
ရာချီလည်းလာပြီဆိုတော့ သူတို့မျှော်ရမှာက တစ်ယောက်သောသူဘဲ ကျန်ပါတော့သည်။

"ဒါနဲ့ငါညီမရော "

"နှင်းရည်ကလည်းအစ်ကိုလ်ိုဘဲ မိဘတွေရဲ့အိမ်ဦးတောင်မလှည့်တော့ဘဲ တစ်ယောက်ထဲ မင်းပေးခဲ့တဲ့အိမ်မှာလုပ်ကိုင်စားသောက်နေရတာပေါ့ "

"ဒါဆိုငါ့ညီမကတစ်ယောက်ထဲနေနေရတာပေါ့ "

"နှင်းရည်ကသတ္တိရှိတဲ့ မိန်းကလေးတစ်ယောက်ပါ "

ဒီရွာမှာ သူကိုနားလည်ပေးဆုံးလူက နှင်းရည်တစ်ယောက်သာရှိတာကြောင့် သူနှင်းရည်ဆီအရောက်သွားခဲ့၏။

"နှင်းရည် "

"ဟင်ကိုကိုကြီး ....လွမ်းနေခဲ့တာလို့ "

အကိုဖြစ်သူကိုမြင်တာနဲ့ပြေးဖတ်တာများ အထီးကျန်နေတယ်ဆိုတာ ပြောစရာကိုမလိုပင်။
ဒီအိမ်ကိုမြင်တော့ရုတ်တရက်ပုံတိုင်းဆောင်ကိုသတိရမိသည် ။သူ့နဲ့အမှတ်တ‌ရတွေက ဒီအိမ်မှာရှိနေခဲ့တာလေ။
ဘယ်တွေကိုများရောက်နေခဲ့လဲဗျာ။

<><><>
ရက်တစ်ပတ်လောက်ကြာတော့ ဆရာတော်ကို တောင်းဆိုပြီးရွာကျောင်းလေးတွေဘဲ ကျောင်းဆရာလုပ်ဖို့ကို ဆရာတော်ကလည်းခွင့်ပြုခဲ့၏

ဒီကျောင်းဆရာလုပ်တာကလည်း အစ်ကို ဖြစ်စေချင်တဲ့ ဆန္ဒလေ အစ်ကိုသာပြန်လာရင် ဘယ်လောက်တောင်ပျော်နေမလဲ။

"ဘုန်းဘုန်း ဒီရွာလေးကို စာကြည့်တိုက်လေးတစ်ခုလောက်ဆောက်လှူချင်တယ် "

"ဒါကတော့ဘုန်းဘုန်းလည်းစဉ်းစားထားပါတယ်အကောင်အထည်မဖော်နိုင်သေးတာလေ အခု ဒကာလေးကပါတောင်းဆိုနေတော့ အကောင်အထည်ဖော်ကြတာပေါ့ "

"ကျေးဇူးပါဗျ"

‌စာဖတ်တာ ကြိုက်တဲ့သူအတွက်
စာကြည့်တိုက်ကြီးတစ်ခုကလည်း ဒီရွာလေးကနေ ကြိုဆိုနေတော့မည်။

<><><>

"ဒီနေ့တော့ ဒီလောက်ဘဲ My self ကိုရေးထားကြဟုတ်ပြီလား"

"ဟုတ်ကဲ့ပါဆရာ "

"ဒါဆိုဆရာပြန်ပြီ "

"နူတ်ဆက်ပါတယ်ဆရာ "

ခလေးတွေကိုစာသင်ရတာ ပီတိဖြစ်မှန်းသိခဲ့လျှင် အစ်ကိုပြောထဲက ကျွန်တော်လုပ်ခဲ့ရမှာ
အခုတော့ ကျွန်တော်ဆရာလေးဖြစ်တဲ့အချိန်မှာ ကြိုဆိုပေးဖို့အစ်ကိုက ရှိမနေခဲ့ပါလား။

အချစ်ကလူတစ်ယောက်ကိုပြောင်းလဲစေတာအမှန်ပါဘဲလား ။
ရွာရဲ့အဆိုးအပေလေးကလည်းအချစ်နဲ့တွေ့မှ ဆရာလေးတစ်ယောက်ကိုဖြစ်လို့။

<><><>
ရာချီကတော့သူရဲ့ ဂေါ်ဖီစိုက်ခင်းလေးကို အရမ်းနှစ်သက်သည် ဆိုတာထက် ဒီနေရာလေးကိုဘဲ သဘောကျရ၏

ဒီနေရာလေးရောက်တိုင်းလဲ အစ်ကိုရဲ့ ပုံရိပ်တွေကိုလွမ်းဆွေးမိတာကြောင့် သူပြန်လာမယ့်အချိန်ကို နေ့တိုငးလာမျှော်နေခဲ့ရတာပေါ့။

"ရာချီ ပြန်တော့လေကွာ "

"ငါစောင့်ချင်သေးတယ် "

"ဒါပေမယ့် "

"သူပြန်လာမှာငါယုံတယ် "

ကျန်စစ်ကတားနေပေမယ့်ရာချီကတော့ အဝေးကိုသာမျှော်နေလျှက်။

"ကိုကို ပြန်ကြရအောင် သူ့ကိုတစ်ယောက်ထဲပေးနေလိုက်ပါ "

ဒေါက်တာရန်ရှင်းစွာကိုယ်တိုင်ကပင် တားမရတဲ့အထိ ရာချီကဒီနေရာလေးကိုခနခနလာနေခဲ့တာ။

"အင်းဒါဆိုငါတို့ပြန်ပြီ"

"ဒါနဲ့ကျန်စစ် ငါဒီနေရာလေးကို ရေအိုးစင်ဆောက်ချင်တယ် "

"ဘယ်လို "

"ဟုတ်တယ် ဒီနေရာကိုလာတဲ့သူတိုင်း အပူတွေကင်းပြီးအေးချမ်းစေချင်တယ်"

"ဟုတ်ပြီ ငါတို့ဆောက်ပေးပါ့မယ် "

ကျန်စစ်တို့ပြန်သွားတာနဲ့ သူမနည်းနင်းကန်မငိုမိအောင်အောင့်ထားတဲ့ မျက်ရည်တွေကလည်းဝဲစပြုနေခဲ့၏

"အစ်ကို ဘယ်တွေရောက်နေလဲဗျာ "

"ကျွန်တော်ဘယ်အချိန်ထိစောင့်ရေအုန်းမှာလဲ"

"ဒါပေမယ့်ရပါတယ်လေ ကျွန်တော်ကတော့ အမြဲစောင့်နေအုန်းမယ် "

ထွက်ကျလာတဲ့ မျက်ရည်တွေကြောင့် မျက်စိ၌ ဝါးတားတားဖြစ်နေခဲ့၏

"ရာချီ.."

ထိုနူးနူးညံ့ညံ့အသံလေးက ဘာလဲ
မဟုတ်မှ..

"အစ်ကို "

"အင်းကိုယ်ပါ "

"ခင်များ!"

သူလွမ်းနေတဲ့ အငွေ့အသက်
သူတောင်းတနေတဲ့ပုံရိပ်တွေက တည့်တည့်မက်မက် သူ့ဆီကျရောက်လာတာကြောင့် သူ့ရင်ခွင်မှာ အရင်ကထက်ပိုပြီးငိုကြွေးနေမိခဲ့၏

"အင့် အဟင့် ကျွန်တော်လွမ်းနေခဲ့တာ"

"...."

"ကျွန်တော်တကယ်လွမ်းနေခဲ့တာ "

ခလေးတစ်‌ယောက်လို အော်ဟစ်ငိုကြွေးနေတဲ့ကောင်ကလေးကို နှစ်သိမ့်ပေးချင်ပါသည်
သို့ပေမယ့်...

"ဖေဖေ!"

ဘေးကနေ စိမ်းသက်သက်ခလေးတစ်ယာက်သံကိုကြားလိုက်မိ၏ မဟုတ်မှ

"ဒါကိုယ့်သမီးပါ"

"ခင်ဗျာ.."

"ဘရဏီသမီး နူတ်ဆက်လိုက်ဒါဖေဖေ့သူငယ်ချင်း"

"ဟုတ်ကဲ့ဦးဦးမင်္ဂလာပါရှင့်သမီးကဘရဏီမောင်ပါရှင့်"

"ဪအင်း "

"တိုင်းသွားကြရအောင်လေ နောက်ကျနေပြီ"

"အစ်ကိုသွားတော့မယ်ရာချီ"

"...."

ထိုအချိန်မှာဘဲထပ်ပြီးရောက်တာတဲ့ အမျိုးသမီးတစ်ယောက် ဒါက အစ်ကိုရဲ့ဇနီးလား သိပ်ကိုလှပတင့်တယ်လွန်းသည်။

အစ်ကို အိမ်ထောင်ပါ ပြုလိုက်တာလား
အင်းပေါ့လေ အချိန်ကလည်းသိပ်ကိုကြာခဲ့တာကို။

သူတို့မိသားစု ပြန်သွားတာနဲ့ ရာချီအရူးတစ်ယောက်လို ကိုယ်ခေါင်းကိုယ်ထုပြီးရီနေခဲ့၏

"ဟားဟား ငါရူးနေတာဘဲ "

"သွားမဖက်လိုက်သင့်ဘူးဘဲ"

"ငါ့တကယ်အရူးဘဲ "

ထိုကောင်လေးရဲ့ နာကျင်စရာတွေကဘယ်တော့မှကင်းဝေးနိုင်တော့မလဲကွယ်။

<><><>

"တိုင်း မောင်လေး မင်းမဖွင့်ပြောသေးဘူးလား"

"ကျွန်တော်လွမ်းတယ် ဒါပေမယ့် ကျွန်တော့်သူနဲ့မရင်းနှီးချင်တော့ဘူး အခုလည်းကျွန်တော်ကြောင့်နဲ့သူ "

"လိမ်မာလာတယ်မလား မင်းချစ်တဲ့ရာချီလေးကအခု ကျောင်းဆရာဖြစ်နေပြီဆို"

ပုံတိုင်းမသိမသာလေး တစ်ချက်ပြုံးမိလိုက်၏ ဟုတ်ပါရဲ့လေ သူကတော့ ကျောင်းဆရာလေးကိုဖြစ်လာခဲ့ပေမယ့်
ကိုယ်က ကတိမတည်ခဲ့တဲ့သူဖြစ်သွားခဲ့တာဘဲ။

ပထမအချစ်က သူ့ကိုနာကျင်စေမှန်းသိရင်
အစကထဲက ရှေ့ဆက်မတိုးဘဲနောက်ဆုတ်မိပါလိမ့်မယ်။

<><><>

"ဟိုနေကဟာ ရေးလာခဲ့လား "

"ဟုတ်ကဲ့ရေးလာပါတယ်"

"ဟုတ်ပြီ ဒါဆို စာအုပ်လာထပ် ဆရာစစ်ထားပေးမယ် "

စာသင်ပြီးတာနဲ့ အပြင်ထွက်လာခဲ့တော့ မိန်းကလေးတစ်ယောက်လာဆွဲတာနဲ့ တွန့်သွားခဲ့၏

"ဒီကအမျိုးသမီးက?"

"စကားပြောကြရအောင် "

"ခင်မျာ"

"ဟိုအပင်အောက်နေရိပ်တယ်စကားပြောခို့အဆင်ပြေမလား"

"ဟုတ်ကဲ့ရပါတယ် "

ထိုအမျိုးသမီးကခေါ်ရာနောက်ကိုလိုက်သွားခဲ့ပေမယ့် ဟိုရောက်တာနဲ့ အဲ့ဒီလူက သူ့ရဲ့မျက်နှာကိုဘဲ စိုက်ကြည့်နေလျက်။

"ပုံတိုင်းကြိုက်ချင်လည်းကြိုက်ချင်စရာလားမင်းကချစ်စရာလေးဘဲ "

"ဗျာ.."

"တို့က ပုံတိုင်းရဲ့အမပါ အမရာမောင်လေ
သမီးလေးကလည်း တို့ရဲ့သမီးဖြစ်ပြီးပုံတိုင်းရဲ့တူမလေးလေ သမီးလေးက ဖေမရှိတော့အားငယ်နေမှာဆိုးလို့သူကဘဲမွေးစားလိုက်တာလေ "

"အာ ကျွန်တော်အထင်လွဲခဲ့တာဘဲ"

အနည်းဆုံးတော့ အစ်ကိုက ကျွန်တော့်ကို ငဲ့ညာ‌ခဲ့သေးတာဘဲ။

"ပုံတိုင်းက မင်းကိုချစ်ပါတယ် မင်းမမြင်နိုင်ခဲ့တာ"

"ဟုတ်ကဲ့ "

"ပုံတိုင်းငယ်ငယ်ထဲရိုးအေးပြီးစကားလည်းအရမ်းနည်းတာ သူ့ကစာအုပ်လေးတွေနဲ့ဘဲအဖော်ပြုခဲ့တာလေ ဒါပေမယ့်အချိန်တစ်ခုရောက်တော့ပြုံးရွင်လာခဲ့တယ်ဒါက သူ့အချစ်ကိုတွေ့နေခဲ့လို့ပေါ့ အဲ့အချစ်ကလည်းမင်းဖြစ်နေခဲ့တာလေ ပြီးတော့သူရဲ့စာအုပ်နောက်ဆုံးရွက်မှာဆိုရင်တောင်မင်းနာမည်လေးရေးဖို့သူမမေ့ခဲ့ဘူး"

"..."

"သူက မင်းကိုအရမ်းမြတ်နိုးခဲ့တာ မြို့‌မှာတုန်းကလည်း မင်းအကြောင်းဘဲအမြဲပြောနေခဲ့တာခနခနပေါ့ မပိုင်ဆိုင်ရသေးတာတောင်ဒီလောက်ပျော်ရွင်ခဲ့တဲ့သူက ပိုင်ဆိုင်သွားခဲ့ရင် ဘယ်လောက်တောင်မြတ်နိုးနေတော့မလဲ ဒါနဲ့မင်းသိလားပုံတိုင်းက ဘွဲ့မယူခဲ့ဘူး"

"ဘယ်လို"

"ဟုတ်တယ် စိတ်ထဲမှာတစ်ချိန်လုံးမင်းကိုဘဲတွေးနေခဲ့တဲ့သူက ဘယ်လိုလုပ်စာကိုခေါင်းထဲထည့်နိုင်မလဲဒါကြောင့်ဘဲကျောင်းမပြီးသေးဘဲပြန်ခဲ့တာပေါ့ ပြီးတော့ ပုံတိုင်းကလေ အရင်ရက်တွေက တော်တော်ပင်ပန်းခဲ့တာ အဖေ့ရဲ့ကျန်းမာရေးကိုဘဲကြည့်ပြီး ကိုယ်ကိုတိုင်နေမကောင်းတာတောင် သတိမထားမိဘဲ ဘုန်းဘုန်းလဲတဲ့အထိ ဒါတောင်ယောင်ပြီးမင်းကိုလွမ်းတယ်တဲ့ ထုတ်ပြောသေးတာ"

"ကျွန်တော်မမြင်နိုင်ခဲ့ဘူးဘဲ"

"အင်းပုံတိုင်းကမင်းကိုချစ်တာထက်ကိုပိုချစ်နေခဲ့တာ အခုတော့ ပုံတိုင်းမင်းကိုစောင့်နေတယ် အမြန်ဆုံးသွားတွေ့ပေတော့ နေရာတော့မင်းအသိစိတ်နဲ့ရောက်အောင်သွားပေါ့"

ထိုအချိန်မှာပြုံးပျော်သွားတဲ့ကောင်လေးကိုကြည့်ရင်းသူပါ ပျော်ရွှင်မိခဲ့၏
အချစ်ကြောင့်ဝမ်းနည်းခဲ့ပေမယ့်
အချစ်ကြောင့် ဘဲပျော်ရွှင်ချင်တော့သည်။

<><><>

ဒီတခါရာချီကတစ်နေရာကိုဦးတည်ပြီးပြေးလာခဲ့၏ ဒါကဟိုအရင်ကလို ပုံတိုင်းပြေးလာသလိုခံစားချက်ဘဲ..

သူတို့ကို ဦးနှောက်ကလမ်းပြနေတာမဟုတ်ဘဲ နှလုံးသားကဘဲကိုယ်စီလမ်းပြနေခဲ့ကြတာပေါ့ ။
ချစ်ရသူ‌အကုန်လုံးက ဘယ်လောက်ဘဲဝေးနေပါစေ နှ‌လုံးသားကတော့နီးစပ်နေအုန်းမှာပါ။

ရောက်လာတဲ့နေရာလေးက သူစောင့်မျှော်နေခဲ့တဲ့ နေရာလေးပင်။

"ရာချီ.."

"ခင်များ!"

ဘာကိုမှ မကြည့်တော့ဘဲ ပြေးဖက်လိုက်ပေမယ့် ဒီတစ်ခါပွေးဖက်မှုတွင် စိတ်လုံခြုံမှုတွေကိုခံစားမိတော့၏

"ကိုယ်တို့အစကပြန်စကြမလား "

"ကျွန်တော့်ကိုစိတ်ပျက်နေလား"

နှစ်ယောက်သားစကားသံက ကိုယ်စီထွက်လာခဲ့ပြီး တိုက်ဆိုင်မှုကြောင့်ရပ်တန့်ခဲ့ပေမယ့်

"ကိုယ်မင်းကိုချစ်တယ် "

ဒီစကားလေး ဒီစကားလေးက လေထုထဲမှာ ဝဲပြဲလာတော့၏
ဒီစကားလေးကို ကြားရဖို့ သူအချိန်အကြာကြီးကြိုးစားခဲ့ဖူးတာလေ အခုကြားရတော့လည်းသိပ်ကို တန်ဖိုးရှိနေပါလား။

"ကျွန်တော် ရူးတော့မယ် "

"ကိုယ်မင်းကိုအမြဲချစ်နေခဲ့တာပါရာချီ"

"ကျွန်တော်ပျော်လွန်းလို့ရူးတော့မယ်လို့"

"ဒီစကားတွေက မင်းအတွက်တန်ဖိုးရှိမှန်းသိရင် ကိုယ်အချိန်တိုင်းပြောပြခဲ့ပါတယ်ရာချီ"

"တော်ပါတော့လို့အဟင့် "

"ကိုယ်မင်းကိုချစ်တယ်"

"...."

"ကိုယ်မင်းကိုမြတ်နိုးတယ်"

"...."

"ကိုယ်မင်းကိုပိုင်ဆိုင်ချင်တယ်"

"အင့်ခင်ဗျားကလူဆိုးဘဲ"

မျက်ရည်တွေဆက်တိုက်ကျနေတဲ့ကောင်လေးရဲ့ ပုခုံးနှစ်ဖက်ကို ငြင်သာစွာ ဆုတ်ကိုင်ထားလျက်။

"အချစ်ဆိုတဲ့ခေါင်းစဉ်နှစ်ခုထဲက ပေးဆပ်ခြင်းနဲ့ ရယူခြင်းဆီမှာ ကိုယ်ကတော့မင်းကိုပေးဆပ်ခြင်းနဲ့ချစ်ပါ့မယ် ကိုယ့်အချစ်တွေအားလုံးမင်းကိုအပိုင်ပေးပါမယ်ရာချီ"

"ဒါဆိုကျွန်တော်ကရယူခြင်းနဲ့ချစ်ပါတော့မယ့် အစ်ကိုအချစ်တွေအားလုံးကျွန်တော်ယူတော့မှာ "

ဒီနှစ်ယောက်ရဲ့ ချစ်ခြင်းက သက်ဆုံးတိုင်ရှည်ပါတော့မလား။
အခုကျွန်တော်တို့နှစ်ယောက်ရဲ့အချစ်ကနောက်မကျသေးဘူးဗျ ဝမ်းနည်းမှုတွေကိုမေ့ပြီးပျော်ရွှင်မှုတွေနဲ့သာ အသစ်စတင်တော့မှာ။

[ပုံတိုင်းဆောင်]

ချစ်တယ်ဆိုတဲ့စကားက ဒီတိုင်းစကာလုံးလေးနှစ်လုံးထဲပါ ဒါကိုမြင်အောင်ပြနိုင်မှသာအချစ်လို့ခေါ်တာ ကိုယ်ကစာပေကိုမြတ်နိုးပေမယ့် လက်တွေ့ဆန်တယ်လေ ဒါကြောင့် လက်တွေ့မှာဘဲပြေးချင်တယ်

[ရာချီဒွေး]

ဒီရွာလေးကို သတ်သေတည်၍ အစ်ကို့ကိုဘဲသက်ဆုံးတိုင်ချစ်ပါမည်လို့ကတိပြုပါသည်

~~~~ပြီးပါပြီ~~~~

Continue Reading

You'll Also Like

368 54 9
နှင်းဆီနီတွေကို သိပ်မုန်းတဲ့ကောင်လေးရယ် နှင်းဆီနီတွေကို သိပ်မြတ်နိုးတဲ့ကောင်ငယ်လေးရယ် ဘယ်လိုတွေများတွေ့ဆုံကြမလဲ။
5.2M 46.1K 57
Welcome to The Wattpad HQ Community Happenings story! We are so glad you're part of our global community. This is the place for readers and writers...
33.4K 1.4K 200
book 2 to kpop quotes :) just more dumbass crackhead shit ;) (it's mostly NCT but that's not a surprise) ⚠️I DO NOT GIVE CONSENT TO TEENFIC.NET TO ST...