Unicode ✅
-HOW TO DATE WITH SINGLE FATHER-
“ဒယ်ဒီ တော်ပြီ”
ပြန်ရောက်ကတည်း တစ်ချက်ကလေးမှ မနားဘဲ ဆက်တိုက် အရက်တွေ ထိုင်သောက်နေသည့် ကိုးလ်ကြောင့် ယူကို သည်းမခံနိုင်တော့ပေ။ ဒါတင်မကသေး။ သောက်လိုက် ငိုလိုက် လုပ်နေသည့် အဖေလုပ်သူကြောင့် ကလေးလုပ်သူမှာလည်း စိတ်မကောင်းဖြစ်နေသည်ထင်။ မျက်ရည်တွေဝဲနေပြီး သူ့ဒယ်ဒီဘေး၌ ငြိမ်ငြိမ်ကလေး ထိုင်နေရှာ၏။
“ဒယ်ဒီ ဆက်သောက်နေမယ်ဆို ယူကို ဒယ်ဒီကို မခေါ်တော့ဘူး”
ယူကိုစကားကြောင့် ဖန်ခွက်အား ကိုင်ထားသည့် ကိုးလ်လက်တွေဟာ ခဏရပ်သွားပြီး ဟက်ခနဲ တစ်ချက်ရယ်ကာ အရက်အား ပြန်သောက်လေ၏။
ပြီးသည်နှင့် ခပ်တိုးတိုး ထွက်လာသည်မှာ ။
“ဒယ်ဒီကို ဒယ်ဒီသားကတောင် နားလည်မပေးနိုင်ဘူးပဲ”
ကိုးလ်စကားကြောင့် ယူကိုဟာ ထိုင်ရာကနေ ထရပ်လိုက်ပြီး ငိုယိုကာ စကားတွေ ဆက်တိုက်ဆိုတော့၏။
“ဒယ်ဒီကို စိတ်ပူလို့လေ ဟင့်! ဒယ်ဒီ ဒီလိုဖြစ်နေတာကို ယူကိုက အင့်! ဘယ်လိုလုပ်ပြီး ကြည့်နေနိုင်မှာလဲလို့! ဟင့်! ယူကိုဒါတွေသောက်တတ်ရင် ဒယ်ဒီနဲ့ အတူတူ သောက်ပေးမှာပေါ့ ဟင့်! အင့်! ဒယ်ဒီမကောင်းဘူး! ယူကို့ကို နားလည်မပေးဘူးလို့ပြောတယ်! ဟင့်! ဒယ်ဒီ မကောင်းဘူး!”
အသံကျယ်ကျယ်နှင့် ငိုယိုကာ စကားတွေဆက်တိုက် ဆိုနေသည့် သားလုပ်သူကိုကြည့်ပြီး ကိုးလ်သည် အသက်မရှိတော့သည့်သူလို ဘာစကားမှမထွက်လာတော့ဘဲ ငြိမ်ကျနေလေသည်။
ယူကိုမှာတော့ တောက်လျှောက် ငိုလိုက် သူ့စိတ်ထဲရှိရာတွေ အော်ပြောလိုက်နှင့် ကလေးမှာလည်း အရွယ်နှင့်မလိုက်အောင်ပင် သူ့ဒယ်ဒီကိုးလ်ကြောင့် အတော်လေး ဝမ်းနည်းနေသည့်ပုံပါပင်။
*ခွမ်း!*
ရုတ်တရက်ဆိုသလို လက်ထဲက ဖန်ခွက်အား နံရံထက်ပြစ်ပေါက်လိုက်သည့် ကိုးလ်။
ကိုးလ်လုပ်ရက်ကြောင့် ယူကိုလေး လန့်ကာ ကြောက်လန့်နေတုန်း သူ့အနား ပြေးလာသည့် ကိုးလ်ဟာ ယူကိုအနားရောက်သည်နှင့် ယူကိုအား သူ့ရင်ခွင်ထဲ ခပ်တင်းတင်း ဖက်ထားရင်း ရှိုက်ကြီးတငင် ငိုတော့၏။
“ဒယ်ဒီမှားပါတယ် ဒယ်ဒီတောင်းပန်ပါတယ် ယူကိုရယ် ဒယ်ဒီတောင်းပန်ပါတယ်”
သူ့လောက် အသုံးမကျသည့်သူဟာ ဒီကမ္ဘာမှာ ရှိလောက်တော့မည် မဟုတ်ပင်။ သားလုပ်သူရှေ့မှာတောင် စိတ်ခံစားချက်အား ရှေ့တန်းတင်ပြီး ကိုယ့်ကြောင့်နှင့် ကိုယ့်သားကိုတောင် ငိုခိုင်းရက်သည့် သူ့လိုဖခင်လောက် ဆိုးရွားတာ ထပ်ရှိနိုင်မည် မထင်ပါပေ။
ဘယ်ကစနေပြီး ဘာတွေ ဘယ်လို ဖြစ်ကုန်လဲ သူသတိမထားမိလိုက်ခင်မှာပင် သူဟာ ဖင်လ်အပေါ် စိတ်ခံစားချက်တွေ နစ်မြှုပ်ခဲ့လေသည်။ ဖင်လ်ကို စချစ်ခဲ့ကတည်းက ဒဏ်ယာပေးလိုက် ဆေးပေးလိုက်နဲ့ ကစားခံနေရတဲ့ သူ့နှလုံးသားလေးဟာ ဘယ်အချိန်ကတည်းများ ကွဲအက်နေခဲ့သလဲ သူမသိတော့ချေ။
သူသည်လည်း ဒီလို ဖြစ်ချင်တာမှ မဟုတ်ဘဲ။ ဖင်လ်အား ချစ်ပေးချင်သည်။ ထပ်တူညီသည့် ချစ်ခြင်းမေတ္တာကိုလည်း ပိုင်ဆိုင်ချင်မိသည်။ ဒီအတွက်ကြောင့် တိကျသည့် အဖြေတစ်ခုတော့ ထွက်မှာပဲ ဆိုသည့် စိတ်ကူးလေးနှင့် ဖွင့်ပြောခဲ့မိကာမှ အရာအားလုံးက အဆုံးသ-တ်သွားခဲ့လေပြီ။
အခုတော့ ဖင်လ်နှင့် သူ၏ ဆက်ဆံရေးသည်လည်း ပျက်ဆီးခဲ့ရသလို သားလေးနှင့် ဖင်လ်တို့ ဆက်ဆံရေးမှာလည်း ပျက်ဆီးခဲ့ချေပြီ။ ဒါဟာ သူ့အမှားတွေပါပင်။
“ဒယ်ဒီ မငိုပါနဲ့ ယူကိုလည်း မငိုတော့ဘူးနော်”
သူ့မျက်နှာပေါ်က မျက်ရည်တွေအား လက်ဖြင့်ဖိသုတ်ကာ ကိုယ့်ပါးပေါ်က မျက်ရည်တွေကိုလည်း သုတ်ပေးလာတဲ့ ယူကိုလေးကိုကြည့်ပြီး နာကျင်ရသည့်ကြားမှ ပြုံးလိုက်မိသည်။ ဘာပဲဖြစ်ဖြစ် အရာအားလုံးကို ဆုံးရှုံးလိုက်ရရင်တောင်မှာ သူ့အနားမှာ သူ့သားလေး ရှိနေသေးသည် မဟုတ်လား။
“ဒယ်ဒီမငိုတော့ဘူးနော် ဒီအရက်တွေလည်း မသောက်တော့ဘူး အခုကစပြီး ဒယ်ဒီသားနဲ့အတူတူ အရင်လို ပျော်ပျော်ပဲ နေကြမယ် ဟုတ်ပြီလား”
“အွန်း! ယူကို့ကို ကတိပေးပါ ဒယ်ဒီ”
လက်သန်းပိစိလေးအား ရှေ့သို့ထုတ်ပေးကာ ကတိတောင်းနေသည့် သားလေးကြောင့် သူ့မှာ စိတ်လွတ်ကိုယ်လွတ်ရယ်မိပါ၏။
ဒီကလေးပေါက်စက သူ့နှလုံးသားကို အဲ့ဒီလောက်တောင် ကုစားပေးနိုင်ပါရောလား။
“ဒယ်ဒီ ကတိပေးတယ် ဟုတ်ပြီလား”
“Hai! Dai Suki Daddy!”
သူ့အားဖက်ထားကာ ချစ်တယ်ဟု တဖွဖွဆိုနေသည့် သားလေးကြောင့် သူရယ်ရင်းသာ ငြိမ်နေမိလေ၏။ နှုတ်ကနေ သူလည်းချစ်ကြောင်း ပြောချင်ပေမဲ့ သားလေးဆီကနေ ကြားနေရသည့် ချစ်ကြောင်းတွေကိုသာ ငြိမ်နေရင်း နားထောင်ချင်မိလေသည်။
တစ်ခစ်ခစ်ရယ်သံလေးနောက် စကားတွေ အများကြီး ပြောပြီးချိန်မှာတော့ ပင်ပန်းသွာပြီထင်။ သူ့ပေါင်ပေါ်ထက် ကွေးကွေးကလေး အိပ်ပျော်သွားလေရဲ့။
အိပ်မောကျနေသည့် သာလေးအား မွေ့ယာထက် နေရာချပေးပြီး သူလည်းဘေး၌ ဝင်လှဲလိုက်ကာ မြင်နေရသည့် ပါးဖောင်းဖောင်းလေးတွေအာ အသားလေး တစ်ချက်မွှေးကြူးလိုက်သည်။ သူ့အနမ်းကြောင့် အင်းအဲနှင့် လှုပ်ရွလာသည့် သားလေးအား သူပြန်ချော့လိုက်တော့ ချက်ချင်းဆိုသလို ပြန်ပြီး အိပ်မောကျသွားလေ၏။
ဘာပဲဖြစ်ဖြစ် မိဘဟာမိဘပါပဲ။ သူသည်လည်း မိဘတစ်ယောက်ဖြစ်သည်မို့ ဘယ်လောက်ပဲ သေလောက်အောင် စိတ်ညစ်နေပါစေဦး။ သူ့သားလေး မျက်နှာ ကြည့်လိုက်ရုံနဲ့ စိတ်ညစ်တာမှန်သမျှ ပျောက်သွားသလို အပူတွေကြားထဲမှ သူ့စိတ်ကလေး အေးချမ်းရပါသည်။
သားမျက်နှာကို ငေးကြည့်လေ။ ကိုယ့်ကိုယ်ကို ဒေါသထွက်လေလေပါပဲ။ ဒီလောက် သူ့အပေါ်မှာ အရွယ်နှင့် မလိုက်အောင်ပင် သူငယ်ချင်း တစ်ယောက်လို အလိုက်သိသိနဲ့ အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးခဲ့တဲ့ သားလေး မေတ္တာတွေအား သူလျစ်လျူပြုထားမိသလို သားလုပ်သူကိုလည်း သူ့ကြောင့် မျက်ရည်ကျစေမိလေသည်။
ဒီအတွက်ကြောင့် အခုကစပြီး သူ့အမှားတွေအား ဖြေးဖြေးချင်း ပြုပြင်သွားမှာဖြစ်သလို။ သူ့သားလေးအား ထပ်ပြီး စိတ်ပင်ပန်းအောင် သူမလုပ်တော့ဘဲ ရှေ့လျှောက် သားလေးအား အတက်နိုင်ဆုံး စိတ်ချမ်းသာအောင် သူထားမည်။
“အခုကစပြီး ဒယ်ဒီတို့အတူတူ ပျော်စရာတွေပဲ ဖန်တီးရအောင်နော် သားလေး ဒယ်ဒီက မင်းကို အများကြီး ချစ်တာ သိတယ်မဟုတ်လား ဒယ်ဒီ ထပ်ပြီးတော့ တောင်းပန်ပါတယ် ဒယ်ဒီ အမှားတွေ ထပ်မလုပ်မိအောင်လည်း ကြိုးစားပါ့မယ် ဒယ်ဒီကလေးလေး”
ယူကိုလေး ဆံနွယ်တွေအား ထိုးဖွရင်း ကိုးလ်ဟာ ခပ်ပြုံးပြုံးနှင့်ဆိုလေသည်။ အခုချိန်မှာ ကိုးလ်ရဲ့စိတ်ထဲ၌ ဖင်လ်နှင့် ပတ်သတ်သည့် စိတ်ခံစားချက်တွေမှာ ဗလာဖြစ်နေပြီး သားလေးနှင့်ပတ်သတ်သည့် စိတ်ခံစားချက်တွေသာ သူ့နှလုံးသားထဲမှာရော ဦးနှောက်ထဲမှာပါ နေရာအပြည့်ယူထားလေသည်။
နောက်ရက်တွေမှာ သူ့ဘဝကြီးထဲ ဖင်လ်အား ဖြေးဖြေးချင်း ဆွဲထုတ်တော့မှာ ဖြစ်သလို နောက်လတွေမှာတော့ သူဟာ ဖင်လ်ကို အပြီးတိုင် မေ့ပြစ်နိုင်ဖို့ မျှော်လင့်မိသည်။
အရာအားလုံးက နေသားကျသွားတော့မှာပါ။ အချိန်တွေတစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားတာနဲ့အတူ။
.
.
.
“Konnichiwa”
ဂျပန်လိုနှုတ်ဆက်လာတဲ့ အဒေးကြောင့် ကိုးလ်တို့သားအဖမှာ ခပ်ဟဟရယ်တော့၏။
“မင်းက ဂျပန်လိုလည်း ပြောတတ်တာပဲလား”
“နည်းနည်းတော့ရပါတယ် အစ်ကိုရဲ့ ဒါနဲ့ အခုကဘယ်သွားကြမှာတုန်း”
“ဂိုဏ်းချုပ်ကိုမေးလေ ဘယ်သွားမှာလဲလို့”
ဒီနေ့က ကိုးလ်တို့သားအဖရယ် အဒေးရယ် သုံးယောက်သား အပြင်အတူတူ ထွက်ဖြစ်သည့်နေ့ပင်။ ဒီအကြံကို ယူကိုလေးက ပေးတာဖြစ်ပြီး ကိုးလ်သည်လည်း စိတ်ပြေလက်ပျောက် အဒေးနှင့် လျှောက်သွားဖို့ လက်ခံလိုက်လေ၏။
အခုချိန်မှာ သူ့စိတ်နှလုံးသားက အရှင်း သက်သာသေးတာ မဟုတ်သော်လည်း ပျော်မယ်ထင်တဲ့အရာတွေ ကြိုးစားလုပ်ယူရင်း သူအတက်နိုင်ဆုံး စိတ်ပင်ပန်းရမဲ့ ကိစ္စရပ်တွေကိုမေ့ထားပြီး ပျော်အောင်နေဖို့ လိုသည်မဟုတ်လား။
“ကိုကိုဒေး ယူကို ဗိုက်ဆာတယ်”
“ဟော ယူကိုလေးက ဗိုက်ဆာနေပြီလား ဒါဆို ကိုကိုတို့ မုန့်အရင်သွားစားကြမလား ပြီးတော့မှ ယူကိုလေးသွားချင်တဲ့နေရာ ကိုကိုလိုက်ပို့ပေးမယ်လေ ဟုတ်ပြီလား”
“ဟိုက်! ကိုကိုဒေးအကောင်းဆုံးပဲ”
“ဟုတ်ပါပြီဗျာ လာ ကိုကို့ဆီ”
ယူကိုလေးအား ပွေ့ချီကာ နှစ်ယောက်သား စကားတွေပြောရင်း ရှေ့ကနေ ထွက်သွားသည့် အဒေးတို့ကိုကြည့်ရင်း ကိုးလ်ဟာ အနောက်ကနေ ငြိမ်ပြီးလိုက်လာလေသည်။
သူ့မျက်စိထဲ၌ မြင်နေရသည့် ပုံရိပ်တွေဟာ တစ်ချိန်က သူသဘောကျခဲ့ရသည့် ပုံရိပ်တွေနှင့် ထပ်တူညီသည့် အနေအထားသို့ ရောက်နေသည်မို့ လမ်းလျှောက်နေရင်း သူ့စိတ်တွေလေးလံလာလေ၏။
“အစ်ကိုရော ဘာစားချင်လဲ ဒီဆိုင် အဆင်ပြေလား အစ်ကို”
“ပြေပါတယ် အဒေးတို့ အဆင်ပြေတာမှာလိုက်လေ”
“ကောင်းပြီ အစ်ကို ကျွန်တော် ဒီဆိုင်မှာ ထိုင်ဖူးတော့ ဒီဆိုင်က အစားအသောက်တွေကောင်းတာ-”
“အဒေး”
နှစ်ယောက်သား အစားအသောက်အကြောင်း ပြောနေတုန်း ရုတ်တရက်ကြားလိုက်ရသည့် အသံကြောင့် အဒေးဟာ သူ့နောက်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ထိုအချိန်မှာပဲ သူ့အား ခပ်အေးအေး စိုက်ကြည့်နေသည့် ဒန်တီအား တွေ့လိုက်ရလေ၏။
ထို့အပြင် ဒန်တီဘေး၌ ဖင်လ်ကိုပါ တွဲမြင်လိုက်ရသည်မို့ အဒေးဟာ ချက်ချင်းဆိုသလို ကိုးလ်ဘက် မျက်နှာပြန်လှည့်လိုက်ပြီး ကိုးလ်လက်အားဆွဲကာ ဆိုင်ထဲကထွက်သွားဖို့ ပြင်လေရဲ့။
“အဒေး ဒါကဘယ်လဲ”
ဒန်တီဆီက ထပ်ပြီး စကားသံထွက်လာတော့ အဒေးဟာ သူ့ခြေလှမ်းတွေကို ရပ်ပြစ်လိုက်ပြီး ဒန်တီဘက်လှည့်လာကာ ဖင်လ်မျက်နှာအား စိုက်ကြည့်ပြီး ခပ်ပြုံးပြုံးနှင့် စကားတချို့ဆိုတော့၏။
“စားချင်စိတ်မရှ်ိတော့လို့ ပြန်တော့မလို့လေ ဘာများ ပြောစရာရှိသေးလို့လဲဗျ”
အဒေး စကားကြောင့် ဒန်တီ မျက်နှာမှာတင်းခနဲ။ နောက်တော့မှ ဒန်တီဟာ တစ်ခုခုကို သတိထားမိသွားဟန် သူ့စိတ်သူလျှော့ချလိုက်လေရဲ့။
“အတူတူစားကြမယ် မင်းတို့လည်း ဒီမှာပဲ စားလိုက်တော့”
“ကျွန်တော်တို့ မစားချင်-”
“အဒေး ကိုယ်ပြောမယ်”
အဒေးလက်မောင်းအား အသာကိုင်ကာ သူပြောမည်ဟု ဆိုလာသည့် ကိုးလ်ကြောင့် ဖင်လ် မျက်လုံးတွေမှာ အဒေးလက်မောင်းပေါ်က ကိုးလ်ရဲ့လက်တွေဆီ တန်းခနဲ။
“အခုလို အတူတူစားဖို့ တောင်းဆိုလာတော့လည်း စားကြတာပေါ့ သူစိမ်းတွေမှမဟုတ်ဘဲလေ ဟုတ်တယ်မလား ဒီတော့ အဒေး ကိုယ်တို့ ဒီမှာ အတူတူစားသင့်တယ် မဟုတ်လား”
အဒေးမျက်နှာအားပြုံးပြီး မျက်လုံးချင်း စကားပြောသလို ဆိုလာသည့် ကိုးလ်ကြောင့် အဒေးဟာ သဘောပေါက်သွားဟန် ခပ်ထေးထေးပြုံးတော့၏။
“ကောင်းပြီ အစ်ကို ဒါဆိုလည်း အတူတူစားကြတာပေါ့”
ဒီလိုနှင့် တစ်ဝိုင်းတည်း အတူတူ ထိုင်ပြီးချိန်မှာတော့ ဒန်တီတို့ဟာ ကော်ဖီ တစ်ခွက်ဆီသာ မှာလိုက်ပြီး ငြိမ်နေပေမဲ့ ကိုးလ်တို့ကတော့ သုံးယောက်သား သူတို့စားချင်တာတွေ ပတ်မှာကာ ရယ်မောနေကြလေ၏။
“ယူကိုလေးက CEO Griffin ကိုတောင် စကားမပြောတော့ဘူးလား ဘာလို့လဲ နှစ်ယောက်သား စကားများထားလို့လား”
ဒန်တီဟာ ကိုးလ်တို့ကြားထဲ၌ ဖြစ်ထားသည့် ကိစ္စရပ်တွေအား အလုံးစုံသိသော်ငြားလည်း ဘာမှမသိထားသည့်သူလို ရည်ရွယ်ချက်ရှိရှိ မေးခွန်းထုတ်လာလေရဲ့။
ဒန်တီ အမေးကြောင့် အဒေးဟာ မျက်နှာပျက်သွားပေမဲ့ ကိုးလ်ကတော့ ဘာခံစားချက်မှ မရှိသည့်သူလို့ ခပ်ပြုံးပြုံးနှင့်သာ သူ့သားအား မျက်လုံးချင်း စကားပြောနေလေ၏။
ဒီတော့မှ ယူကိုလေးဟာ သူ့ဒယ်ဒီအား ပြုံးပြပြီး ဒန်တီမေးခွန်းအား ပြန်ဖြေဖို့ ကြိုးစားလေရဲ့။
“ယူကိုတို့က ဘာလို့ စကားများရမှာလဲ အန်ကယ်ဒန်တီကို Brother ffin က ယူကိုတို့ စကားများထားတယ်လို့ ပြောထားလို့လား”
ကလေးပီပီ ယူကိုလေးက ထိုသို့ပြန်မေးလေတော့ ဖင်လ်ဟာ ပျာယာခက်သွားဟန်။ တစ်လျှောက်လုံး ငြိမ်နေရာမှ စကားထပြောတော့၏။
“ကိုယ်မပြောထားပါဘူး ဘေဘီလေး ဒန်တီက ဒီတိုင်းမေးလိုက်တာ နေမှာပါ”
“ဟိုက်ဟိုက်”
ထို့နောက် စားစရာတွေ ယူလာပေးတဲ့ ဝိတ်တာကောင်မလေးကြောင့် အဒေးဟာ သူ့ပေါင်ပေါ်ထက် ယူကိုလေးအား ကောက်ပွေ့လိုက်ပြီး စားစရာတွေအား ခွံ့ကျွေးဖို့ပြင်တော့၏။
ထိုအချိန်မှာပဲ လက်ထဲက ကော််ဖီခွက်အား စာပွဲဝိုင်းထက် ခပ်ပြင်းပြင်းချလိုက်တဲ့ ဖင်လ်ကြောင့် ကိုးလ်တို့ အားလုံး လန့်သွားလေသည်။ ဒီထက် ပိုလန့်ဖို့ ကောင်းသည်မှာ ယူကိုအား မုန့်ခွံ့ကျွေးနေသည့် အဒေးအား ကျောချမ်းစရာကောင်းအောင် ခပ်စူးစူးစိုက်ကြည့်နေသည့် ဖင်လ်အကြည့်တွေကြောင့်ပင်။
“ဘေဘီလေး ကိုယ့်ဆီလာ ကိုယ်ခွံ့ကျွေးမယ်”
“မလိုပါဘူး ကျွန်တော်ကျွေးနေတာကို ကလေးက အေးဆေးစားနေတာပဲ အလုပ်မရှုပ်ချင်စမ်းပါနဲ့ဗျာ”
“မင်းကဘယ်လောက်များ-”
ဆက်ပြောမည့် စကားတွေမှာ ခုံးအောက်ကနေ သူ့ခြေထောက်အား ကန်လိုက်သည့် ဒန်တီကြောင့် ဖင်လ်ဟာ ဘာစကားမှ ဆက်မပြောဖြစ်တော့။
“ဟို... Hello”
ရုတ်တရက်ဆိုသလို သူတို့ဝိုင်းအနား ရောက်လာသည့် ကောင်မလေး နှစ်ယောက်ကြောင့် အားလုံး ကြောင်တောင်တောင်ဖြစ်နေတုန်းမှာပဲ ထိုကောင်မလေး နှစ်ယောက်ထဲက တစ်ယောက်မှာ လက်ထဲကဖုန်းအား ကိုးလ်ရှေ့သို့ထုတ်ပေးလေ၏။
“ညီမကို အစ်ကို့ဖုန်းနံပါတ်လေး ပေးလို့ရမလားဟင်”
မျက်နှာတစ်ခုလုံးလည်းနီနေသလို တုန်ရီနေသည့်အသံနှင့် ကိုးလ်ဆီ ဖုန်းနံပါတ်တောင်းနေသည့် ထိုကောင်မလေးဟာ အတော်လေး စိတ်လှုပ်ရှားနေသည့်ဟန်ပါပင်။
“ဟို အစ်ကို အဆင်ပြေမှ ပေးပါနော် ညီမ အတင်းမတောင်းဆိုပါဘူး”
ထပ်ပြီး ဆိုလာသည့် ထိုကလေးမ၏ စကားအဆုံးမှာတော့ ကိုးလ်ဟာ ခပ်ယေးယေးပြုံးလိုက်ပြီး ။
“ကိုယ်က ကလေးအဖေနော် ဘယ်လိုလဲ ကိုယ့်ဖုန်းနံပါတ် လိုချင်သေးလား”
ကိုးလ် စကားကြောင့် ထိုကောင်မလေးက မယုံနိုင်ဖြစ်သွားသည်ထင်။ ကိုးလ်မျက်နှာအား ကြောင်တောင်တောင်လေး ကြည့်နေလေ၏။ ကောင်မလေး မယုံလည်း မယုံချင်စရာကောင်းလောက်အောင် ဘယ်နေရာကနေပဲကြည့်ကြည့် ကိုးလ်ဟာ ကလေးအဖေနှင့် တစ်စက်ကလေးမှ တူမနေပါပင်။
ရုပ်ရည်ဟာ အပြစ်ပြောစရာ မရှိအောင်ပင် ချောမောသလို။ ပုခုံးအနာထိ ရှည်နေသည့် ဆံနွယ်တွေမှာ မိန်းကလေးတွေ ကြွေလောက်သည်အထိ ကိုးလ် ဝတ်စားပုံမှာလည်း အတော်လေး Fashion ကျလေ၏။
“အစ်ကို အိမ်ထောင်ဘက်ကရောဟင်”
ကြောင်တောင်တောင်ဖြစ်နေသော်လည်း ထပ်ပြီးမေးခွန်းထုတ်လာသည့် ကောင်မလေးကြောင့် ကိုးလ်ဟာ မနိုင်ဟန် ခေါင်းခါရယ်တော့၏။
“ကိုယ့်ဇနီးက ဆုံးသွားတာကြာပြီ”
“ဒါဆို ညီမက အစ်ကိုရဲ့ နောက်ထပ် အမျိုးသမီး ဖြစ်လာနိုင်ပါတယ်!”
လက်သီးအား ခပ်ကျစ်ကျစ်ဆုပ်ထားပြီး မျက်ဝန်းတွေမှိတ်ထားကာ အော်ပြောလာသည့် ကောင်မလေးကြောင့် ကိုးလ်ဟာ တစ်ခစ်ခစ်ရယ်တော့ပြီး အဒေးမှာလည်း သဘောတကျ ရယ်နေတော့၏။
သို့သော် သူတို့ကြားထဲ အသာလွတ်ကြီး ဒေါသထွက်နေသူတစ်ဦး ရှိလေသည်။ ထိုသူမှာတော့ ခုံအောက်က လက်တွေအား လက်သီးခပ်တင်းတင်းဆုပ်ထားကာ သူ့စိတ်သူထိန်းထားရင်း ဒေါသမီးတွေတောက်လောင်နေသည့် ဖင်လ်ပါပင်။
“Ara Ara တော်ပြီ ကလေးမ မင်းလိုချင်တာ ကိုယ့်ဖုန်းနံပါတ် မဟုတ်လား ကိုယ်ပေးမယ်”
“ဟုတ်ကဲ့!”
ဖုန်းကြီးအား ကိုးလ်လက်ထဲ ထိုးပေးလာသည့် ကောင်မလေးဟာ သေချာကြည့်ရင် အပြစ်ပြောစရာ မရှိလောက်အောင် ချောမောသလို သူပြုမှုနေသည့် အပြုမှုတွေဟာလည်း ချစ်စရာကောင်းလေသည်။
ကိုးလ်ဟာ ကောင်မလေး ဖုန်းထဲ၌ သူနံပါတ်အားမှတ်ပေးကာ ဖုန်းပြန်ပေးလိုက်တော့ ကောင်မလေးမှာ အတော်ပျော်သွားသည်ထင်။ လက်ထဲကဖုန်းအား ခပ်ကျစ်ကျစ်ဆုပ်ကိုင်းထားရင် ကိုးလ်ကိုသာ ပြုံးရင်းစိုက်ကြည့်နေတော့၏။
“ညီမရော အစ်ကို နံပါတ်ရနိုင်မလား”
ဒီတစ်ခါအလှည့်ကျသူမှာ အဒေးဖြစ်တာကြောင့် အဒေးနှင့်ကိုးလ်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခပ်ဟဟရယ်တော့သည်။ ဘာကြောင့်များ သူတို့အသဲကိုခွဲထားသည့် လူတွေအရှေ့မှာမှ ဒီလို ကံဇာတာတက်ပြနေရသလဲ ဆိုသည့် မေးခွန်းကိုယ်စီနှင့် ကိုးလ်တို့မှာ အရယ်မရပ်နိုင် ဖြစ်နေရှာ၏။
“ကိုယ်ကတော့ လူပျိုနော် ကလေးမ But ကိုယ်က Gay”
မျက်စိတစ်ဖက်မှိတ်ပြကာ ပြောချလိုက်သည့် အဒေးကြောင့် ကိုးလ်နှင့် ယူကိုဟာ တစ်ခစ်ခစ်ရယ်တော့၏။ အဒေးမှာလည်း ခပ်ပြုံးပြုံးဖြစ်နေသလို ကောင်မလေးတွေမှာတော့ အံ့ဩသလို မျက်ဝန်းတွေ ဝိုင်းစက်နေကြလေရဲ့။
“တကယ်ကြီး! တကယ်ကြီး အစ်ကိုက Gay!”
“ဒီကိစ္စက အကျယ်ကြီး အော်ပြောလို့ ကောင်းတာ မဟုတ်ဘူး ကလေးမ”
“Oh! sorry ဆိုတော့ အစ်ကို စိတ်ဝင်စားရင် ညီမ အစ်ကိုနဲ့ ချိတ်ပေးမယ်လေ”
ဒီကလေးမ နှစ်ယောက်ကြောင့် ကိုးလ်တို့ တကယ်ကို ပါးစပ်မပိတ်ရတော့ဘူး။ တစ်နည်းမဟုတ် တစ်နည်းနဲ့ကို တောင်းဆိုတာတွေ များနေတာမဟုတ်လား။ ကိုးလ်တုန်းကလည်းတစ်ခါ။ အခု အဒေးအလှည့်ကျတော့လည်း တစ်မျိုး ထပ်တောင်းဆိုလာပြန်ပါရောလား။
“ဖုန်းနံပါတ်”
“HaHa Okay ဒါဆိုလည်း မင်းသဘောပါပဲ”
အဒေးလည်း မနိုင်တဲ့အဆုံး ဖုန်းနံပါတ်ပေးလိုက်တော့မှ ထိုကောင်မလေးနှစ်ယောက်လည်း သူတို့ဝိုင်းကနေ ထွက်သွားလေရဲ့။
“မင်းက အဲ့ဒီကောင်မလေး အစ်ကိုနဲ့ ဒိတ်မလို့လား”
“လန်းရင်ပေါ့ဗျာ ဟားဟား”
ကိုးလ်တို့ကသာ ပြောချင်ရာတွေပြောပြီး လုပ်ချင်ရာတွေ လုပ်နေကြတာ။ ကိုးလ်တို့ လုပ်ပုံတွေအား အစဆုံး ထိုင်ကြည့်နေသည့် ဖင်လ်နှင့် ဒန်တီ၏ မျက်နှာမှာတော့ ပေါက်ကွဲထွက်တော့မည့်အလား။ ဒေါသတွေထွက်နေသည့်ပုံပါပင်။
“အဒေး ငါ Toilet ခဏဝင်လိုက်ဦးမယ်”
ရုတ်တရက်ဆိုသလို Toilet ဘက် ထွက်သွားသည့် ကိုးလ်ကြောင့် ဝိုင်းထက် အဒေးတို့သာ ကျန်ခဲ့လေသည်။ အဒေးမှာတော့ သူ့ပေါင်ပေါ်က ယူကိုလေးအား မုန့်ခွံ့ကျွေးရင်း တမင် ဒန်တီအား အဖတ်မလုပ်ဘဲနေလေ၏။
ဖင်လ်မှာတော့ ခုံ၌အငြိမ်မထိုင်နိုင်။ Toilet ဘက် ထွက်သွားသည့် ကိုးလ်နောက်သို့ လိုက်သွားချင်စိတ်မှာ ထိန်းမရဖြစ်နေလေရဲ့။ ဒါကိုရိပ်မိသည့် ဒန်တီဟာလည်း သူ့ဆရာအဖြစ်ကိုကြည့်ပြီး တစ်ခုခု ကူညီပေးဖို့ ကြံနေတော့၏။
“Ugh!”
“တောင်းပန်ပါတယ် ဆရာ လက်ကချော်သွားလို့ ဆရာအင်္ကျီတွေ အရင်သွားဆေးလိုက်ပါလား ပြီးမှ ကျွန်တော် အင်္ကျီအသစ် ဝယ်ပေးပါ့မယ်”
တမင်သူ့အပေါ် ကော်ဖီတွေဖိတ်ကျအောင် လုပ်လိုက်တဲ့ ဒန်တီကြောင့် ဖင်လ်အစက ဒေါသထွက်သွားပေမဲ့ နောက်တော့မှ သူ့အား ကိုးလ်နှင့် စကားပြောခွင့်ရအောင် ကူညီပေးမှန်း သဘောပေါက်သွားတာမို့ ဖင်လ်ဟာ ဒန်တီအား ကျေးဇူးတင်သလို မသိမသာပြုံးပြပြီး ဝိုင်းကနေ ထသွားတော့၏။
“ခင်ဗျားမဟုတ်တဲ့အတိုင်း တခြားသူတစ်ယောက်လို ဘာလို့များ သူများကိစ္စကို ကူညီချင်နေရတာလဲ”
ဖင်လ်ထသွားတော့မှ အဒေးဆီက ထွက်လာကျသည့် စကားကြောင့် ဒန်တီဟာ ဘာပြန်ပြောရမလဲ မသိအောင် ဖြစ်နေလေရဲ့။ သူကူညီလိုက်တာကို အဒေးက ဘာကြောင့်များ သိသွားတာလဲ ဆိုသည့် အတွေးနှင့် ဒန်တီဟာ ဘယ်လိုတုံ့ပြန်ရမလဲမသိ ဖြစ်နေလေရဲ့။
“ကိုကို ခင်ဗျား ကျွန်တော်ကို လိမ်လို့မရဘူးဆိုတာ သိတယ်မဟုတ်လား”
“မင်းဘာတွေပြောနေတာလဲ”
စိတ်မကြည်တော့ဟန်။ အမြင်မကြည်တော့သည့် မျက်ဝန်းတွေနှင့် မေးလာတဲ့ ဒန်တီကြောင့်
အဒေးဟာ ခပ်ထေးထေးပြုံးလိုက်ပြီး ။
“ထားပါလေ ဘာပဲဖြစ်ဖြစ် သူများကိစ္စကို ဝင်မပါနဲ့ ကိုကို လူတစ်ယောက်ရဲ့ စိတ်ခံစားချက်နဲ့ ချစ်ခြင်းမေတ္တာဆိုတာ အနာပေးလိုက် ဆေးပေးလိုက်နဲ့ ကစားချင်တိုင်း ကစားလို့ရတဲ့အရာ မဟုတ်ဘူး”
“မင်း-”
“ယူကို ဗိုက်ဝပြီ ကိုကိုဒေး”
“ဟုတ်ပါပြီဗျာ ဒါဆို ကိုကိုတို့ ယူကိုဒယ်ဒီ ပြန်လာရင် ကစားကွင်းသွားကြတာပေါ့”
“ဟိုက်! ကိုကိုဒေးနဲ့ အတူတူဆော့မယ်”
“ဟိုက် ဟိုက်”
TBC✓
တန်းလန်းမဟုတ်ပါဘူး။ ရှည်လည်းရှည်နေပြီဖြစ်သလို လူလည်းပင်ပန်းနေလို့ ဒီနားမှာပဲ ရပ်လိုက်ရအောင်လား။ နောက်အပိုင်းကျ ကိုးလ်တို့အဆက်လာမယ်နော်။
______________________________________________________
Zawgyi ✅
-HOW TO DATE WITH SINGLE FATHER-
“ဒယ္ဒီ ေတာ္ၿပီ”
ျပန္ေရာက္ကတည္း တစ္ခ်က္ကေလးမွ မနားဘဲ ဆက္တိုက္ အရက္ေတြ ထိုင္ေသာက္ေနသည့္ ကိုးလ္ေၾကာင့္ ယူကို သည္းမခံႏိုင္ေတာ့ေပ။ ဒါတင္မကေသး။ ေသာက္လိုက္ ငိုလိုက္ လုပ္ေနသည့္ အေဖလုပ္သူေၾကာင့္ ကေလးလုပ္သူမွာလည္း စိတ္မေကာင္းျဖစ္ေနသည္ထင္။ မ်က္ရည္ေတြဝဲေနၿပီး သူ႔ဒယ္ဒီေဘး၌ ၿငိမ္ၿငိမ္ကေလး ထိုင္ေနရွာ၏။
“ဒယ္ဒီ ဆက္ေသာက္ေနမယ္ဆို ယူကို ဒယ္ဒီကို မေခၚေတာ့ဘူး”
ယူကိုစကားေၾကာင့္ ဖန္ခြက္အား ကိုင္ထားသည့္ ကိုးလ္လက္ေတြဟာ ခဏရပ္သြားၿပီး ဟက္ခနဲ တစ္ခ်က္ရယ္ကာ အရက္အား ျပန္ေသာက္ေလ၏။
ၿပီးသည္ႏွင့္ ခပ္တိုးတိုး ထြက္လာသည္မွာ ။
“ဒယ္ဒီကို ဒယ္ဒီသားကေတာင္ နားလည္မေပးႏိုင္ဘူးပဲ”
ကိုးလ္စကားေၾကာင့္ ယူကိုဟာ ထိုင္ရာကေန ထရပ္လိုက္ၿပီး ငိုယိုကာ စကားေတြ ဆက္တိုက္ဆိုေတာ့၏။
“ဒယ္ဒီကို စိတ္ပူလို႔ေလ ဟင့္! ဒယ္ဒီ ဒီလိုျဖစ္ေနတာကို ယူကိုက အင့္! ဘယ္လိုလုပ္ၿပီး ၾကည့္ေနႏိုင္မွာလဲလို႔! ဟင့္! ယူကိုဒါေတြေသာက္တတ္ရင္ ဒယ္ဒီနဲ႔ အတူတူ ေသာက္ေပးမွာေပါ့ ဟင့္! အင့္! ဒယ္ဒီမေကာင္းဘူး! ယူကို႔ကို နားလည္မေပးဘူးလို႔ေျပာတယ္! ဟင့္! ဒယ္ဒီ မေကာင္းဘူး!”
အသံက်ယ္က်ယ္ႏွင့္ ငိုယိုကာ စကားေတြဆက္တိုက္ ဆိုေနသည့္ သားလုပ္သူကိုၾကည့္ၿပီး ကိုးလ္သည္ အသက္မရွိေတာ့သည့္သူလို ဘာစကားမွမထြက္လာေတာ့ဘဲ ၿငိမ္က်ေနေလသည္။
ယူကိုမွာေတာ့ ေတာက္ေလွ်ာက္ ငိုလိုက္ သူ႔စိတ္ထဲရွိရာေတြ ေအာ္ေျပာလိုက္ႏွင့္ ကေလးမွာလည္း အ႐ြယ္ႏွင့္မလိုက္ေအာင္ပင္ သူ႔ဒယ္ဒီကိုးလ္ေၾကာင့္ အေတာ္ေလး ဝမ္းနည္းေနသည့္ပုံပါပင္။
*ခြမ္း!*
႐ုတ္တရက္ဆိုသလို လက္ထဲက ဖန္ခြက္အား နံရံထက္ျပစ္ေပါက္လိုက္သည့္ ကိုးလ္။
ကိုးလ္လုပ္ရက္ေၾကာင့္ ယူကိုေလး လန႔္ကာ ေၾကာက္လန႔္ေနတုန္း သူ႔အနား ေျပးလာသည့္ ကိုးလ္ဟာ ယူကိုအနားေရာက္သည္ႏွင့္ ယူကိုအား သူ႔ရင္ခြင္ထဲ ခပ္တင္းတင္း ဖက္ထားရင္း ရႈိက္ႀကီးတငင္ ငိုေတာ့၏။
“ဒယ္ဒီမွားပါတယ္ ဒယ္ဒီေတာင္းပန္ပါတယ္ ယူကိုရယ္ ဒယ္ဒီေတာင္းပန္ပါတယ္”
သူ႔ေလာက္ အသုံးမက်သည့္သူဟာ ဒီကမာၻမွာ ရွိေလာက္ေတာ့မည္ မဟုတ္ပင္။ သားလုပ္သူေရွ႕မွာေတာင္ စိတ္ခံစားခ်က္အား ေရွ႕တန္းတင္ၿပီး ကိုယ့္ေၾကာင့္ႏွင့္ ကိုယ့္သားကိုေတာင္ ငိုခိုင္းရက္သည့္ သူ႔လိုဖခင္ေလာက္ ဆိုး႐ြားတာ ထပ္ရွိႏိုင္မည္ မထင္ပါေပ။
ဘယ္ကစေနၿပီး ဘာေတြ ဘယ္လို ျဖစ္ကုန္လဲ သူသတိမထားမိလိုက္ခင္မွာပင္ သူဟာ ဖင္လ္အေပၚ စိတ္ခံစားခ်က္ေတြ နစ္ျမႇဳပ္ခဲ့ေလသည္။ ဖင္လ္ကို စခ်စ္ခဲ့ကတည္းက ဒဏ္ယာေပးလိုက္ ေဆးေပးလိုက္နဲ႔ ကစားခံေနရတဲ့ သူ႔ႏွလုံးသားေလးဟာ ဘယ္အခ်ိန္ကတည္းမ်ား ကြဲအက္ေနခဲ့သလဲ သူမသိေတာ့ေခ်။
သူသည္လည္း ဒီလို ျဖစ္ခ်င္တာမွ မဟုတ္ဘဲ။ ဖင္လ္အား ခ်စ္ေပးခ်င္သည္။ ထပ္တူညီသည့္ ခ်စ္ျခင္းေမတၱာကိုလည္း ပိုင္ဆိုင္ခ်င္မိသည္။ ဒီအတြက္ေၾကာင့္ တိက်သည့္ အေျဖတစ္ခုေတာ့ ထြက္မွာပဲ ဆိုသည့္ စိတ္ကူးေလးႏွင့္ ဖြင့္ေျပာခဲ့မိကာမွ အရာအားလုံးက အဆုံးသ-တ္သြားခဲ့ေလၿပီ။
အခုေတာ့ ဖင္လ္ႏွင့္ သူ၏ ဆက္ဆံေရးသည္လည္း ပ်က္ဆီးခဲ့ရသလို သားေလးႏွင့္ ဖင္လ္တို႔ ဆက္ဆံေရးမွာလည္း ပ်က္ဆီးခဲ့ေခ်ၿပီ။ ဒါဟာ သူ႔အမွားေတြပါပင္။
“ဒယ္ဒီ မငိုပါနဲ႔ ယူကိုလည္း မငိုေတာ့ဘူးေနာ္”
သူ႔မ်က္ႏွာေပၚက မ်က္ရည္ေတြအား လက္ျဖင့္ဖိသုတ္ကာ ကိုယ့္ပါးေပၚက မ်က္ရည္ေတြကိုလည္း သုတ္ေပးလာတဲ့ ယူကိုေလးကိုၾကည့္ၿပီး နာက်င္ရသည့္ၾကားမွ ၿပဳံးလိုက္မိသည္။ ဘာပဲျဖစ္ျဖစ္ အရာအားလုံးကို ဆုံးရႈံးလိုက္ရရင္ေတာင္မွာ သူ႔အနားမွာ သူ႔သားေလး ရွိေနေသးသည္ မဟုတ္လား။
“ဒယ္ဒီမငိုေတာ့ဘူးေနာ္ ဒီအရက္ေတြလည္း မေသာက္ေတာ့ဘူး အခုကစၿပီး ဒယ္ဒီသားနဲ႔အတူတူ အရင္လို ေပ်ာ္ေပ်ာ္ပဲ ေနၾကမယ္ ဟုတ္ၿပီလား”
“အြန္း! ယူကို႔ကို ကတိေပးပါ ဒယ္ဒီ”
လက္သန္းပိစိေလးအား ေရွ႕သို႔ထုတ္ေပးကာ ကတိေတာင္းေနသည့္ သားေလးေၾကာင့္ သူ႔မွာ စိတ္လြတ္ကိုယ္လြတ္ရယ္မိပါ၏။
ဒီကေလးေပါက္စက သူ႔ႏွလုံးသားကို အဲ့ဒီေလာက္ေတာင္ ကုစားေပးႏိုင္ပါေရာလား။
“ဒယ္ဒီ ကတိေပးတယ္ ဟုတ္ၿပီလား”
“Hai! Dai Suki Daddy!”
သူ႔အားဖက္ထားကာ ခ်စ္တယ္ဟု တဖြဖြဆိုေနသည့္ သားေလးေၾကာင့္ သူရယ္ရင္းသာ ၿငိမ္ေနမိေလ၏။ ႏႈတ္ကေန သူလည္းခ်စ္ေၾကာင္း ေျပာခ်င္ေပမဲ့ သားေလးဆီကေန ၾကားေနရသည့္ ခ်စ္ေၾကာင္းေတြကိုသာ ၿငိမ္ေနရင္း နားေထာင္ခ်င္မိေလသည္။
တစ္ခစ္ခစ္ရယ္သံေလးေနာက္ စကားေတြ အမ်ားႀကီး ေျပာၿပီးခ်ိန္မွာေတာ့ ပင္ပန္းသြာၿပီထင္။ သူ႔ေပါင္ေပၚထက္ ေကြးေကြးကေလး အိပ္ေပ်ာ္သြားေလရဲ႕။
အိပ္ေမာက်ေနသည့္ သာေလးအား ေမြ႕ယာထက္ ေနရာခ်ေပးၿပီး သူလည္းေဘး၌ ဝင္လွဲလိုက္ကာ ျမင္ေနရသည့္ ပါးေဖာင္းေဖာင္းေလးေတြအာ အသားေလး တစ္ခ်က္ေမႊးၾကဴးလိုက္သည္။ သူ႔အနမ္းေၾကာင့္ အင္းအဲႏွင့္ လႈပ္႐ြလာသည့္ သားေလးအား သူျပန္ေခ်ာ့လိုက္ေတာ့ ခ်က္ခ်င္းဆိုသလို ျပန္ၿပီး အိပ္ေမာက်သြားေလ၏။
ဘာပဲျဖစ္ျဖစ္ မိဘဟာမိဘပါပဲ။ သူသည္လည္း မိဘတစ္ေယာက္ျဖစ္သည္မို႔ ဘယ္ေလာက္ပဲ ေသေလာက္ေအာင္ စိတ္ညစ္ေနပါေစဦး။ သူ႔သားေလး မ်က္ႏွာ ၾကည့္လိုက္႐ုံနဲ႔ စိတ္ညစ္တာမွန္သမွ် ေပ်ာက္သြားသလို အပူေတြၾကားထဲမွ သူ႔စိတ္ကေလး ေအးခ်မ္းရပါသည္။
သားမ်က္ႏွာကို ေငးၾကည့္ေလ။ ကိုယ့္ကိုယ္ကို ေဒါသထြက္ေလေလပါပဲ။ ဒီေလာက္ သူ႔အေပၚမွာ အ႐ြယ္ႏွင့္ မလိုက္ေအာင္ပင္ သူငယ္ခ်င္း တစ္ေယာက္လို အလိုက္သိသိနဲ႔ အရိပ္တၾကည့္ၾကည့္ ဂ႐ုစိုက္ေပးခဲ့တဲ့ သားေလး ေမတၱာေတြအား သူလ်စ္လ်ဴျပဳထားမိသလို သားလုပ္သူကိုလည္း သူ႔ေၾကာင့္ မ်က္ရည္က်ေစမိေလသည္။
ဒီအတြက္ေၾကာင့္ အခုကစၿပီး သူ႔အမွားေတြအား ေျဖးေျဖးခ်င္း ျပဳျပင္သြားမွာျဖစ္သလို။ သူ႔သားေလးအား ထပ္ၿပီး စိတ္ပင္ပန္းေအာင္ သူမလုပ္ေတာ့ဘဲ ေရွ႕ေလွ်ာက္ သားေလးအား အတက္ႏိုင္ဆုံး စိတ္ခ်မ္းသာေအာင္ သူထားမည္။
“အခုကစၿပီး ဒယ္ဒီတို႔အတူတူ ေပ်ာ္စရာေတြပဲ ဖန္တီးရေအာင္ေနာ္ သားေလး ဒယ္ဒီက မင္းကို အမ်ားႀကီး ခ်စ္တာ သိတယ္မဟုတ္လား ဒယ္ဒီ ထပ္ၿပီးေတာ့ ေတာင္းပန္ပါတယ္ ဒယ္ဒီ အမွားေတြ ထပ္မလုပ္မိေအာင္လည္း ႀကိဳးစားပါ့မယ္ ဒယ္ဒီကေလးေလး”
ယူကိုေလး ဆံႏြယ္ေတြအား ထိုးဖြရင္း ကိုးလ္ဟာ ခပ္ၿပဳံးၿပဳံးႏွင့္ဆိုေလသည္။ အခုခ်ိန္မွာ ကိုးလ္ရဲ႕စိတ္ထဲ၌ ဖင္လ္ႏွင့္ ပတ္သတ္သည့္ စိတ္ခံစားခ်က္ေတြမွာ ဗလာျဖစ္ေနၿပီး သားေလးႏွင့္ပတ္သတ္သည့္ စိတ္ခံစားခ်က္ေတြသာ သူ႔ႏွလုံးသားထဲမွာေရာ ဦးေႏွာက္ထဲမွာပါ ေနရာအျပည့္ယူထားေလသည္။
ေနာက္ရက္ေတြမွာ သူ႔ဘဝႀကီးထဲ ဖင္လ္အား ေျဖးေျဖးခ်င္း ဆြဲထုတ္ေတာ့မွာ ျဖစ္သလို ေနာက္လေတြမွာေတာ့ သူဟာ ဖင္လ္ကို အၿပီးတိုင္ ေမ့ျပစ္ႏိုင္ဖို႔ ေမွ်ာ္လင့္မိသည္။
အရာအားလုံးက ေနသားက်သြားေတာ့မွာပါ။ အခ်ိန္ေတြတစ္ရက္ၿပီးတစ္ရက္ ကုန္ဆုံးသြားတာနဲ႔အတူ။
.
.
.
“Konnichiwa”
ဂ်ပန္လိုႏႈတ္ဆက္လာတဲ့ အေဒးေၾကာင့္ ကိုးလ္တို႔သားအဖမွာ ခပ္ဟဟရယ္ေတာ့၏။
“မင္းက ဂ်ပန္လိုလည္း ေျပာတတ္တာပဲလား”
“နည္းနည္းေတာ့ရပါတယ္ အစ္ကိုရဲ႕ ဒါနဲ႔ အခုကဘယ္သြားၾကမွာတုန္း”
“ဂိုဏ္းခ်ဳပ္ကိုေမးေလ ဘယ္သြားမွာလဲလို႔”
ဒီေန႔က ကိုးလ္တို႔သားအဖရယ္ အေဒးရယ္ သုံးေယာက္သား အျပင္အတူတူ ထြက္ျဖစ္သည့္ေန႔ပင္။ ဒီအႀကံကို ယူကိုေလးက ေပးတာျဖစ္ၿပီး ကိုးလ္သည္လည္း စိတ္ေျပလက္ေပ်ာက္ အေဒးႏွင့္ ေလွ်ာက္သြားဖို႔ လက္ခံလိုက္ေလ၏။
အခုခ်ိန္မွာ သူ႔စိတ္ႏွလုံးသားက အရွင္း သက္သာေသးတာ မဟုတ္ေသာ္လည္း ေပ်ာ္မယ္ထင္တဲ့အရာေတြ ႀကိဳးစားလုပ္ယူရင္း သူအတက္ႏိုင္ဆုံး စိတ္ပင္ပန္းရမဲ့ ကိစၥရပ္ေတြကိုေမ့ထားၿပီး ေပ်ာ္ေအာင္ေနဖို႔ လိုသည္မဟုတ္လား။
“ကိုကိုေဒး ယူကို ဗိုက္ဆာတယ္”
“ေဟာ ယူကိုေလးက ဗိုက္ဆာေနၿပီလား ဒါဆို ကိုကိုတို႔ မုန႔္အရင္သြားစားၾကမလား ၿပီးေတာ့မွ ယူကိုေလးသြားခ်င္တဲ့ေနရာ ကိုကိုလိုက္ပို႔ေပးမယ္ေလ ဟုတ္ၿပီလား”
“ဟိုက္! ကိုကိုေဒးအေကာင္းဆုံးပဲ”
“ဟုတ္ပါၿပီဗ်ာ လာ ကိုကို႔ဆီ”
ယူကိုေလးအား ေပြ႕ခ်ီကာ ႏွစ္ေယာက္သား စကားေတြေျပာရင္း ေရွ႕ကေန ထြက္သြားသည့္ အေဒးတို႔ကိုၾကည့္ရင္း ကိုးလ္ဟာ အေနာက္ကေန ၿငိမ္ၿပီးလိုက္လာေလသည္။
သူ႔မ်က္စိထဲ၌ ျမင္ေနရသည့္ ပုံရိပ္ေတြဟာ တစ္ခ်ိန္က သူသေဘာက်ခဲ့ရသည့္ ပုံရိပ္ေတြႏွင့္ ထပ္တူညီသည့္ အေနအထားသို႔ ေရာက္ေနသည္မို႔ လမ္းေလွ်ာက္ေနရင္း သူ႔စိတ္ေတြေလးလံလာေလ၏။
“အစ္ကိုေရာ ဘာစားခ်င္လဲ ဒီဆိုင္ အဆင္ေျပလား အစ္ကို”
“ေျပပါတယ္ အေဒးတို႔ အဆင္ေျပတာမွာလိုက္ေလ”
“ေကာင္းၿပီ အစ္ကို ကြၽန္ေတာ္ ဒီဆိုင္မွာ ထိုင္ဖူးေတာ့ ဒီဆိုင္က အစားအေသာက္ေတြေကာင္းတာ-”
“အေဒး”
ႏွစ္ေယာက္သား အစားအေသာက္အေၾကာင္း ေျပာေနတုန္း ႐ုတ္တရက္ၾကားလိုက္ရသည့္ အသံေၾကာင့္ အေဒးဟာ သူ႔ေနာက္ဘက္သို႔ လွည့္ၾကည့္လိုက္ေလသည္။ ထိုအခ်ိန္မွာပဲ သူ႔အား ခပ္ေအးေအး စိုက္ၾကည့္ေနသည့္ ဒန္တီအား ေတြ႕လိုက္ရေလ၏။
ထို႔အျပင္ ဒန္တီေဘး၌ ဖင္လ္ကိုပါ တြဲျမင္လိုက္ရသည္မို႔ အေဒးဟာ ခ်က္ခ်င္းဆိုသလို ကိုးလ္ဘက္ မ်က္ႏွာျပန္လွည့္လိုက္ၿပီး ကိုးလ္လက္အားဆြဲကာ ဆိုင္ထဲကထြက္သြားဖို႔ ျပင္ေလရဲ႕။
“အေဒး ဒါကဘယ္လဲ”
ဒန္တီဆီက ထပ္ၿပီး စကားသံထြက္လာေတာ့ အေဒးဟာ သူ႔ေျခလွမ္းေတြကို ရပ္ျပစ္လိုက္ၿပီး ဒန္တီဘက္လွည့္လာကာ ဖင္လ္မ်က္ႏွာအား စိုက္ၾကည့္ၿပီး ခပ္ၿပဳံးၿပဳံးႏွင့္ စကားတခ်ိဳ႕ဆိုေတာ့၏။
“စားခ်င္စိတ္မရွ္ိေတာ့လို႔ ျပန္ေတာ့မလို႔ေလ ဘာမ်ား ေျပာစရာရွိေသးလို႔လဲဗ်”
အေဒး စကားေၾကာင့္ ဒန္တီ မ်က္ႏွာမွာတင္းခနဲ။ ေနာက္ေတာ့မွ ဒန္တီဟာ တစ္ခုခုကို သတိထားမိသြားဟန္ သူ႔စိတ္သူေလွ်ာ့ခ်လိုက္ေလရဲ႕။
“အတူတူစားၾကမယ္ မင္းတို႔လည္း ဒီမွာပဲ စားလိုက္ေတာ့”
“ကြၽန္ေတာ္တို႔ မစားခ်င္-”
“အေဒး ကိုယ္ေျပာမယ္”
အေဒးလက္ေမာင္းအား အသာကိုင္ကာ သူေျပာမည္ဟု ဆိုလာသည့္ ကိုးလ္ေၾကာင့္ ဖင္လ္ မ်က္လုံးေတြမွာ အေဒးလက္ေမာင္းေပၚက ကိုးလ္ရဲ႕လက္ေတြဆီ တန္းခနဲ။
“အခုလို အတူတူစားဖို႔ ေတာင္းဆိုလာေတာ့လည္း စားၾကတာေပါ့ သူစိမ္းေတြမွမဟုတ္ဘဲေလ ဟုတ္တယ္မလား ဒီေတာ့ အေဒး ကိုယ္တို႔ ဒီမွာ အတူတူစားသင့္တယ္ မဟုတ္လား”
အေဒးမ်က္ႏွာအားၿပဳံးၿပီး မ်က္လုံးခ်င္း စကားေျပာသလို ဆိုလာသည့္ ကိုးလ္ေၾကာင့္ အေဒးဟာ သေဘာေပါက္သြားဟန္ ခပ္ေထးေထးၿပဳံးေတာ့၏။
“ေကာင္းၿပီ အစ္ကို ဒါဆိုလည္း အတူတူစားၾကတာေပါ့”
ဒီလိုႏွင့္ တစ္ဝိုင္းတည္း အတူတူ ထိုင္ၿပီးခ်ိန္မွာေတာ့ ဒန္တီတို႔ဟာ ေကာ္ဖီ တစ္ခြက္ဆီသာ မွာလိုက္ၿပီး ၿငိမ္ေနေပမဲ့ ကိုးလ္တို႔ကေတာ့ သုံးေယာက္သား သူတို႔စားခ်င္တာေတြ ပတ္မွာကာ ရယ္ေမာေနၾကေလ၏။
“ယူကိုေလးက CEO Griffin ကိုေတာင္ စကားမေျပာေတာ့ဘူးလား ဘာလို႔လဲ ႏွစ္ေယာက္သား စကားမ်ားထားလို႔လား”
ဒန္တီဟာ ကိုးလ္တို႔ၾကားထဲ၌ ျဖစ္ထားသည့္ ကိစၥရပ္ေတြအား အလုံးစုံသိေသာ္ျငားလည္း ဘာမွမသိထားသည့္သူလို ရည္႐ြယ္ခ်က္ရွိရွိ ေမးခြန္းထုတ္လာေလရဲ႕။
ဒန္တီ အေမးေၾကာင့္ အေဒးဟာ မ်က္ႏွာပ်က္သြားေပမဲ့ ကိုးလ္ကေတာ့ ဘာခံစားခ်က္မွ မရွိသည့္သူလို႔ ခပ္ၿပဳံးၿပဳံးႏွင့္သာ သူ႔သားအား မ်က္လုံးခ်င္း စကားေျပာေနေလ၏။
ဒီေတာ့မွ ယူကိုေလးဟာ သူ႔ဒယ္ဒီအား ၿပဳံးျပၿပီး ဒန္တီေမးခြန္းအား ျပန္ေျဖဖို႔ ႀကိဳးစားေလရဲ႕။
“ယူကိုတို႔က ဘာလို႔ စကားမ်ားရမွာလဲ အန္ကယ္ဒန္တီကို Brother ffin က ယူကိုတို႔ စကားမ်ားထားတယ္လို႔ ေျပာထားလို႔လား”
ကေလးပီပီ ယူကိုေလးက ထိုသို႔ျပန္ေမးေလေတာ့ ဖင္လ္ဟာ ပ်ာယာခက္သြားဟန္။ တစ္ေလွ်ာက္လုံး ၿငိမ္ေနရာမွ စကားထေျပာေတာ့၏။
“ကိုယ္မေျပာထားပါဘူး ေဘဘီေလး ဒန္တီက ဒီတိုင္းေမးလိုက္တာ ေနမွာပါ”
“ဟိုက္ဟိုက္”
ထို႔ေနာက္ စားစရာေတြ ယူလာေပးတဲ့ ဝိတ္တာေကာင္မေလးေၾကာင့္ အေဒးဟာ သူ႔ေပါင္ေပၚထက္ ယူကိုေလးအား ေကာက္ေပြ႕လိုက္ၿပီး စားစရာေတြအား ခြံ႕ေကြၽးဖို႔ျပင္ေတာ့၏။
ထိုအခ်ိန္မွာပဲ လက္ထဲက ေကာ္္ဖီခြက္အား စာပြဲဝိုင္းထက္ ခပ္ျပင္းျပင္းခ်လိုက္တဲ့ ဖင္လ္ေၾကာင့္ ကိုးလ္တို႔ အားလုံး လန႔္သြားေလသည္။ ဒီထက္ ပိုလန႔္ဖို႔ ေကာင္းသည္မွာ ယူကိုအား မုန႔္ခြံ႕ေကြၽးေနသည့္ အေဒးအား ေက်ာခ်မ္းစရာေကာင္းေအာင္ ခပ္စူးစူးစိုက္ၾကည့္ေနသည့္ ဖင္လ္အၾကည့္ေတြေၾကာင့္ပင္။
“ေဘဘီေလး ကိုယ့္ဆီလာ ကိုယ္ခြံ႕ေကြၽးမယ္”
“မလိုပါဘူး ကြၽန္ေတာ္ေကြၽးေနတာကို ကေလးက ေအးေဆးစားေနတာပဲ အလုပ္မရႈပ္ခ်င္စမ္းပါနဲ႔ဗ်ာ”
“မင္းကဘယ္ေလာက္မ်ား-”
ဆက္ေျပာမည့္ စကားေတြမွာ ခုံးေအာက္ကေန သူ႔ေျခေထာက္အား ကန္လိုက္သည့္ ဒန္တီေၾကာင့္ ဖင္လ္ဟာ ဘာစကားမွ ဆက္မေျပာျဖစ္ေတာ့။
“ဟို... Hello”
႐ုတ္တရက္ဆိုသလို သူတို႔ဝိုင္းအနား ေရာက္လာသည့္ ေကာင္မေလး ႏွစ္ေယာက္ေၾကာင့္ အားလုံး ေၾကာင္ေတာင္ေတာင္ျဖစ္ေနတုန္းမွာပဲ ထိုေကာင္မေလး ႏွစ္ေယာက္ထဲက တစ္ေယာက္မွာ လက္ထဲကဖုန္းအား ကိုးလ္ေရွ႕သို႔ထုတ္ေပးေလ၏။
“ညီမကို အစ္ကို႔ဖုန္းနံပါတ္ေလး ေပးလို႔ရမလားဟင္”
မ်က္ႏွာတစ္ခုလုံးလည္းနီေနသလို တုန္ရီေနသည့္အသံႏွင့္ ကိုးလ္ဆီ ဖုန္းနံပါတ္ေတာင္းေနသည့္ ထိုေကာင္မေလးဟာ အေတာ္ေလး စိတ္လႈပ္ရွားေနသည့္ဟန္ပါပင္။
“ဟို အစ္ကို အဆင္ေျပမွ ေပးပါေနာ္ ညီမ အတင္းမေတာင္းဆိုပါဘူး”
ထပ္ၿပီး ဆိုလာသည့္ ထိုကေလးမ၏ စကားအဆုံးမွာေတာ့ ကိုးလ္ဟာ ခပ္ေယးေယးၿပဳံးလိုက္ၿပီး ။
“ကိုယ္က ကေလးအေဖေနာ္ ဘယ္လိုလဲ ကိုယ့္ဖုန္းနံပါတ္ လိုခ်င္ေသးလား”
ကိုးလ္ စကားေၾကာင့္ ထိုေကာင္မေလးက မယုံႏိုင္ျဖစ္သြားသည္ထင္။ ကိုးလ္မ်က္ႏွာအား ေၾကာင္ေတာင္ေတာင္ေလး ၾကည့္ေနေလ၏။ ေကာင္မေလး မယုံလည္း မယုံခ်င္စရာေကာင္းေလာက္ေအာင္ ဘယ္ေနရာကေနပဲၾကည့္ၾကည့္ ကိုးလ္ဟာ ကေလးအေဖႏွင့္ တစ္စက္ကေလးမွ တူမေနပါပင္။
႐ုပ္ရည္ဟာ အျပစ္ေျပာစရာ မရွိေအာင္ပင္ ေခ်ာေမာသလို။ ပုခုံးအနာထိ ရွည္ေနသည့္ ဆံႏြယ္ေတြမွာ မိန္းကေလးေတြ ေႂကြေလာက္သည္အထိ ကိုးလ္ ဝတ္စားပုံမွာလည္း အေတာ္ေလး Fashion က်ေလ၏။
“အစ္ကို အိမ္ေထာင္ဘက္ကေရာဟင္”
ေၾကာင္ေတာင္ေတာင္ျဖစ္ေနေသာ္လည္း ထပ္ၿပီးေမးခြန္းထုတ္လာသည့္ ေကာင္မေလးေၾကာင့္ ကိုးလ္ဟာ မႏိုင္ဟန္ ေခါင္းခါရယ္ေတာ့၏။
“ကိုယ့္ဇနီးက ဆုံးသြားတာၾကာၿပီ”
“ဒါဆို ညီမက အစ္ကိုရဲ႕ ေနာက္ထပ္ အမ်ိဳးသမီး ျဖစ္လာႏိုင္ပါတယ္!”
လက္သီးအား ခပ္က်စ္က်စ္ဆုပ္ထားၿပီး မ်က္ဝန္းေတြမွိတ္ထားကာ ေအာ္ေျပာလာသည့္ ေကာင္မေလးေၾကာင့္ ကိုးလ္ဟာ တစ္ခစ္ခစ္ရယ္ေတာ့ၿပီး အေဒးမွာလည္း သေဘာတက် ရယ္ေနေတာ့၏။
သို႔ေသာ္ သူတို႔ၾကားထဲ အသာလြတ္ႀကီး ေဒါသထြက္ေနသူတစ္ဦး ရွိေလသည္။ ထိုသူမွာေတာ့ ခုံေအာက္က လက္ေတြအား လက္သီးခပ္တင္းတင္းဆုပ္ထားကာ သူ႔စိတ္သူထိန္းထားရင္း ေဒါသမီးေတြေတာက္ေလာင္ေနသည့္ ဖင္လ္ပါပင္။
“Ara Ara ေတာ္ၿပီ ကေလးမ မင္းလိုခ်င္တာ ကိုယ့္ဖုန္းနံပါတ္ မဟုတ္လား ကိုယ္ေပးမယ္”
“ဟုတ္ကဲ့!”
ဖုန္းႀကီးအား ကိုးလ္လက္ထဲ ထိုးေပးလာသည့္ ေကာင္မေလးဟာ ေသခ်ာၾကည့္ရင္ အျပစ္ေျပာစရာ မရွိေလာက္ေအာင္ ေခ်ာေမာသလို သူျပဳမႈေနသည့္ အျပဳမႈေတြဟာလည္း ခ်စ္စရာေကာင္းေလသည္။
ကိုးလ္ဟာ ေကာင္မေလး ဖုန္းထဲ၌ သူနံပါတ္အားမွတ္ေပးကာ ဖုန္းျပန္ေပးလိုက္ေတာ့ ေကာင္မေလးမွာ အေတာ္ေပ်ာ္သြားသည္ထင္။ လက္ထဲကဖုန္းအား ခပ္က်စ္က်စ္ဆုပ္ကိုင္းထားရင္ ကိုးလ္ကိုသာ ၿပဳံးရင္းစိုက္ၾကည့္ေနေတာ့၏။
“ညီမေရာ အစ္ကို နံပါတ္ရႏိုင္မလား”
ဒီတစ္ခါအလွည့္က်သူမွာ အေဒးျဖစ္တာေၾကာင့္ အေဒးႏွင့္ကိုးလ္ဟာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး ခပ္ဟဟရယ္ေတာ့သည္။ ဘာေၾကာင့္မ်ား သူတို႔အသဲကိုခြဲထားသည့္ လူေတြအေရွ႕မွာမွ ဒီလို ကံဇာတာတက္ျပေနရသလဲ ဆိုသည့္ ေမးခြန္းကိုယ္စီႏွင့္ ကိုးလ္တို႔မွာ အရယ္မရပ္ႏိုင္ ျဖစ္ေနရွာ၏။
“ကိုယ္ကေတာ့ လူပ်ိဳေနာ္ ကေလးမ But ကိုယ္က Gay”
မ်က္စိတစ္ဖက္မွိတ္ျပကာ ေျပာခ်လိုက္သည့္ အေဒးေၾကာင့္ ကိုးလ္ႏွင့္ ယူကိုဟာ တစ္ခစ္ခစ္ရယ္ေတာ့၏။ အေဒးမွာလည္း ခပ္ၿပဳံးၿပဳံးျဖစ္ေနသလို ေကာင္မေလးေတြမွာေတာ့ အံ့ဩသလို မ်က္ဝန္းေတြ ဝိုင္းစက္ေနၾကေလရဲ႕။
“တကယ္ႀကီး! တကယ္ႀကီး အစ္ကိုက Gay!”
“ဒီကိစၥက အက်ယ္ႀကီး ေအာ္ေျပာလို႔ ေကာင္းတာ မဟုတ္ဘူး ကေလးမ”
“Oh! sorry ဆိုေတာ့ အစ္ကို စိတ္ဝင္စားရင္ ညီမ အစ္ကိုနဲ႔ ခ်ိတ္ေပးမယ္ေလ”
ဒီကေလးမ ႏွစ္ေယာက္ေၾကာင့္ ကိုးလ္တို႔ တကယ္ကို ပါးစပ္မပိတ္ရေတာ့ဘူး။ တစ္နည္းမဟုတ္ တစ္နည္းနဲ႔ကို ေတာင္းဆိုတာေတြ မ်ားေနတာမဟုတ္လား။ ကိုးလ္တုန္းကလည္းတစ္ခါ။ အခု အေဒးအလွည့္က်ေတာ့လည္း တစ္မ်ိဳး ထပ္ေတာင္းဆိုလာျပန္ပါေရာလား။
“ဖုန္းနံပါတ္”
“HaHa Okay ဒါဆိုလည္း မင္းသေဘာပါပဲ”
အေဒးလည္း မႏိုင္တဲ့အဆုံး ဖုန္းနံပါတ္ေပးလိုက္ေတာ့မွ ထိုေကာင္မေလးႏွစ္ေယာက္လည္း သူတို႔ဝိုင္းကေန ထြက္သြားေလရဲ႕။
“မင္းက အဲ့ဒီေကာင္မေလး အစ္ကိုနဲ႔ ဒိတ္မလို႔လား”
“လန္းရင္ေပါ့ဗ်ာ ဟားဟား”
ကိုးလ္တို႔ကသာ ေျပာခ်င္ရာေတြေျပာၿပီး လုပ္ခ်င္ရာေတြ လုပ္ေနၾကတာ။ ကိုးလ္တို႔ လုပ္ပုံေတြအား အစဆုံး ထိုင္ၾကည့္ေနသည့္ ဖင္လ္ႏွင့္ ဒန္တီ၏ မ်က္ႏွာမွာေတာ့ ေပါက္ကြဲထြက္ေတာ့မည့္အလား။ ေဒါသေတြထြက္ေနသည့္ပုံပါပင္။
“အေဒး ငါ Toilet ခဏဝင္လိုက္ဦးမယ္”
႐ုတ္တရက္ဆိုသလို Toilet ဘက္ ထြက္သြားသည့္ ကိုးလ္ေၾကာင့္ ဝိုင္းထက္ အေဒးတို႔သာ က်န္ခဲ့ေလသည္။ အေဒးမွာေတာ့ သူ႔ေပါင္ေပၚက ယူကိုေလးအား မုန႔္ခြံ႕ေကြၽးရင္း တမင္ ဒန္တီအား အဖတ္မလုပ္ဘဲေနေလ၏။
ဖင္လ္မွာေတာ့ ခုံ၌အၿငိမ္မထိုင္ႏိုင္။ Toilet ဘက္ ထြက္သြားသည့္ ကိုးလ္ေနာက္သို႔ လိုက္သြားခ်င္စိတ္မွာ ထိန္းမရျဖစ္ေနေလရဲ႕။ ဒါကိုရိပ္မိသည့္ ဒန္တီဟာလည္း သူ႔ဆရာအျဖစ္ကိုၾကည့္ၿပီး တစ္ခုခု ကူညီေပးဖို႔ ႀကံေနေတာ့၏။
“Ugh!”
“ေတာင္းပန္ပါတယ္ ဆရာ လက္ကေခ်ာ္သြားလို႔ ဆရာအက်ႌေတြ အရင္သြားေဆးလိုက္ပါလား ၿပီးမွ ကြၽန္ေတာ္ အက်ႌအသစ္ ဝယ္ေပးပါ့မယ္”
တမင္သူ႔အေပၚ ေကာ္ဖီေတြဖိတ္က်ေအာင္ လုပ္လိုက္တဲ့ ဒန္တီေၾကာင့္ ဖင္လ္အစက ေဒါသထြက္သြားေပမဲ့ ေနာက္ေတာ့မွ သူ႔အား ကိုးလ္ႏွင့္ စကားေျပာခြင့္ရေအာင္ ကူညီေပးမွန္း သေဘာေပါက္သြားတာမို႔ ဖင္လ္ဟာ ဒန္တီအား ေက်းဇူးတင္သလို မသိမသာၿပဳံးျပၿပီး ဝိုင္းကေန ထသြားေတာ့၏။
“ခင္ဗ်ားမဟုတ္တဲ့အတိုင္း တျခားသူတစ္ေယာက္လို ဘာလို႔မ်ား သူမ်ားကိစၥကို ကူညီခ်င္ေနရတာလဲ”
ဖင္လ္ထသြားေတာ့မွ အေဒးဆီက ထြက္လာက်သည့္ စကားေၾကာင့္ ဒန္တီဟာ ဘာျပန္ေျပာရမလဲ မသိေအာင္ ျဖစ္ေနေလရဲ႕။ သူကူညီလိုက္တာကို အေဒးက ဘာေၾကာင့္မ်ား သိသြားတာလဲ ဆိုသည့္ အေတြးႏွင့္ ဒန္တီဟာ ဘယ္လိုတုံ႔ျပန္ရမလဲမသိ ျဖစ္ေနေလရဲ႕။
“ကိုကို ခင္ဗ်ား ကြၽန္ေတာ္ကို လိမ္လို႔မရဘူးဆိုတာ သိတယ္မဟုတ္လား”
“မင္းဘာေတြေျပာေနတာလဲ”
စိတ္မၾကည္ေတာ့ဟန္။ အျမင္မၾကည္ေတာ့သည့္ မ်က္ဝန္းေတြႏွင့္ ေမးလာတဲ့ ဒန္တီေၾကာင့္
အေဒးဟာ ခပ္ေထးေထးၿပဳံးလိုက္ၿပီး ။
“ထားပါေလ ဘာပဲျဖစ္ျဖစ္ သူမ်ားကိစၥကို ဝင္မပါနဲ႔ ကိုကို လူတစ္ေယာက္ရဲ႕ စိတ္ခံစားခ်က္နဲ႔ ခ်စ္ျခင္းေမတၱာဆိုတာ အနာေပးလိုက္ ေဆးေပးလိုက္နဲ႔ ကစားခ်င္တိုင္း ကစားလို႔ရတဲ့အရာ မဟုတ္ဘူး”
“မင္း-”
“ယူကို ဗိုက္ဝၿပီ ကိုကိုေဒး”
“ဟုတ္ပါၿပီဗ်ာ ဒါဆို ကိုကိုတို႔ ယူကိုဒယ္ဒီ ျပန္လာရင္ ကစားကြင္းသြားၾကတာေပါ့”
“ဟိုက္! ကိုကိုေဒးနဲ႔ အတူတူေဆာ့မယ္”
“ဟိုက္ ဟိုက္”
TBC✓
တန္းလန္းမဟုတ္ပါဘူး။ ရွည္လည္းရွည္ေနၿပီျဖစ္သလို လူလည္းပင္ပန္းေနလို႔ ဒီနားမွာပဲ ရပ္လိုက္ရေအာင္လား။ ေနာက္အပိုင္းက် ကိုးလ္တို႔အဆက္လာမယ္ေနာ္။